28/09/2024
▪️" ကိုယ်ကျင့်တရားသည် အရာအားလုံးရဲ့ရေသောက်မြစ်"
တကယ်တော့ လူတစ်ယောက်ရဲ့တန်ဖိုးကို တော်ခြင်း/ မတော်ခြင်းဆိုတဲ့ စံနှုန်းတွေနဲ့ တိုင်းတာလို့ မရပါဘူး။ ကိုယ်ကျင့်သိက္ခာနဲ့သာ တိုင်းတာလို့ရပါတယ်။ ကိုယ်ကျင့်တရား (Morality) ဆိုတာ အရာအားလုံးရဲ့ရေသောက်မြစ်သဖွယ် ဖြစ်ပါတယ်။
လူတစ်ယောက်မှာ စည်းစိမ်ဥစ္စာဆုံးရှုံးရတဲ့အခါ ထွေထွေထူးထူး ဆုံးရှုံးရတာမျိုး မဟုတ်သေးပါဘူး။ ကျန်းမာရေး ဆုံးရှုံးတဲ့အခါမှာတော့ အနည်းငယ်သော ဆုံးရှုံးမှုတွေ ဖြစ်လာရပေမယ့်၊ ကိုယ်ကျင့်တရားဆုံးရှုံးပျက်စီးတဲ့အခါမှာတော့ ဘဝတစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာပါပဲ။ ဒါကြောင့် ကိုယ်ကျင့်တရားသည်သာ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးဖြစ်ပါတယ်။ ကိုယ်ကျင့်တရားမှ မကောင်းရင် အသက်ရှင်နေလျက်နဲ့ နာမည်ဂုဏ်သတင်း သေသွားတဲ့အဖြစ်ကို ရောက်ရှိသွားရပါလိမ့်မယ်။