
07/02/2024
မင်္ဂလာပါရှင့်။
Do Microfinance ဖြင့်လက်တွဲထားသူများနှင့် လက်တွဲလိုသူများအားလုံးသို့အသိပေးကြေငြာခြင်း။
DOMFI ချေးငွေလုပ်ငန်းနှင့်လက်တွဲလုပ်ကိုင်သူများအားလုံး 28.2.2024ရက်နေ့တွင်ထွက်ရှိမည့် ဆော့ဝဲလ်တွင် လိုက်နာရမည့်စည်းကမ်းချက်အနည်းငယ်ထုတ်ပြန်လိုပါသည်။
ယင်း စည်းကမ်းချက်များမှာ-
(1)ပုံအမှန်တင်ထားသောအကောင့်များကိုသာ ချေးငွေနှင့်ပတ်သက်သောအကြောင်းအရာများအားရှင်းပြ၍ဆောင်ရွက်ပေးပါမည်။
(ပုံအမှန်မတင်သော်လည်း မှတ်ပုံတင်ကိုင်၍ ရိုက်ပြခိုင်းသောမည်သည့်ပုံစံအနေအထားမဆိုရိုက်ပြနိုင်ပါက ချေးငွေအကြောင်းရှင်းပြ၍ ကူညီဆောင်ရွက်ပေးပါမည်။
(2)ငွေချေးမည့်သူဘက်မှ ပြောသောစကားကိုတိကျသေချာ လိုက်နာနိုင်မှသာ ပြောဆိုရမည်။
စကားအမျိုးမျိုးပြောဆို၍ နေ့ရက်များခဏခဏချိန်းဆိုသူများအား ချေးငွေချထားပေးမည်မဟုတ်ပါ။
(3)DOMFI သည် Covid-19 နှင့် နိုင်ငံရေးအခြေအနေများကြောင့် ရုံးချုပ်နှင့် ရုံးခွဲများအားပိတ်ထားခဲ့ရပြီး ဆော့ဝဲလ်မှသာချေးပေးသည့်အတွက် ဆော့ဝဲလ်မှချေးမည့်သူများသာဆက်သွယ်ပေးပါရန်။
(4)ငွေကြေးမှန်ကန်စွာချထားပေးသည့်အတွက် ကျသင့်မည့်အတိုးအား မှန်ကန်စွာမပျက်မကွက်ပေးနိုင်မှသာ ချေးငွေလျှောက်ထားကြပါရန်။
(5)DOMFI မှ ချေးငွေချပေးသည့်အချိန်တွင် လူကြီးမင်းတို့၏ ချေးငွေလက်ခံမည့် အကောင့်များသည် Lock ကျခြင်း၊ အကောင့်ပိတ်ခံထားရခြင်းများဖြစ်ပေါ်နေပါက ကြိုတင်၍အသိအကြောင်းကြားပေးပါရန်။ချေးငွေချထားပြီးနောက်မှအကြောင်းကြားပါကတာဝန်ယူမည်မဟုတ်ပါ။
(6)လစဥ်ချေးငွေအားပြန်လည်ပေးဆပ်ရမည့်အချိန်ကို တိတိကျကျပြန်လည်ပေးဆပ်ရမည်။
အထက်ပါအချက်များအား လိုက်နာနိုင်မှသာ လျှောက်ထားပေးကြပါရန်နှင့်ဆက်သွယ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင့်။