We Stand With Karenni -SG

We Stand With Karenni -SG We are there for our people �

ယနေ့ညနေမှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက အမျိုးသမီးတဦး ပြင်းထန် ဒဏ်ရာရ။- မတ် ၁၄ ရက် ၂၀၂၃စစ်ကောင်...
14/03/2023

ယနေ့ညနေမှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက အမျိုးသမီးတဦး ပြင်းထန် ဒဏ်ရာရ။

- မတ် ၁၄ ရက် ၂၀၂၃

စစ်ကောင်စီဟာ ယနေ့ ညနေ ၅ နာရီ ဝန်းကျင်က ဒီးမော့ဆို အနောက်ခြမ်းကို လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ထိမှန်တာကြောင့် အမျိုးသမီး (၁) ဦးနဲ့ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"နှစ်ယောက်စလုံးက အသက် ၄၀ ဝန်းကျင်ပါ၊ အမျိုးသမီးက ကားမောင်းနေရင်းထိတာ၊ လက်နက်ကြီးကျတော့ သူကားကိုဖြေးဖြေးပဲမောင်းနေရင်း တည့်တည့်ထိသွားတာ၊ သူ့ခြေသလုံးကျေသွားတယ်၊ ဒဏ်ရာက တော်တော်ပြင်းထန်တယ်" လို့ DMO PDF ပြန်ကြားရေးတာဝန်ခံက Karenni's Voice ကို ပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့နေရာကို လက်နက်ကြီးနဲ့ ၉ ကြိမ်ခန့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ယနေ့ ညနေမှာ ဒီးမော့ဆို အနောက်ခြမ်းကို လက်နက်ကြီးများ ပစ်ခတ်ခဲ့သလို အရှေ့ခြမ်းကိုလည်း လေယာဉ်နဲ့ အကြိမ်ကြိမ် ပစ်ခတ်နေပါတယ်။

▪️Karenni's Voice (People's Radio Myanmar)
Photo - DMO-PDF

လေယာဉ်ဗုံးသံတွေကြား...ခေါ်ထုတ်လာရတဲ့ စစ်ဘေးရှောင်များ။ဒီနေ့လည်း တိုက်ပွဲကြား ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေကို သွားရောက်...
14/03/2023

လေယာဉ်ဗုံးသံတွေကြား...ခေါ်ထုတ်လာရတဲ့ စစ်ဘေးရှောင်များ။

ဒီနေ့လည်း တိုက်ပွဲကြား ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေကို သွားရောက် ခေါ်ထုတ်ခဲ့ပါတယ်။
ခေါ်ထုတ်နေရင်း လေယာဉ်နဲ့ ဗုံးလာချလို့ စစ်ရှောင်တွေလန့်ပြီး တကွဲတပြား ထွက်ပြေးကုန်သေးတယ်🥺

လူဦးရေ (၂၀၀)နီးပါးကို လမ်းခရီးအခက်အခဲတွေကြား
ဘေးလွတ်ရာကို ခေါ်ထုတ်နေပါတယ်။
(အခုထိ ကျွန်တော်တို့ကော ၊စစ်ရှောင်တွေကော တောထဲမှာပဲ ရှိနေသေး)

အကုန်နီးပါး ခေါ်ထုတ်လာနိုင်ခဲ့လို့ သက်ပြင်းချနိုင်ပေမဲ့
တချို့ အိမ်ထောင်စုတွေ ကျန်ရှိနေပါတယ်။

ဒါနဲ့ပဲ မပြီး‌သေးပါဘူး။
ထောင်ကျော်သော စစ်ဘေးရှောင်အသစ်တွေအတွက်..
နေစရာတွေ ၊ရိက္ခာတွေ ထပ်စီစဉ်ရဦးမယ်ဗျာ။
အားလုံးဝိုင်းကူကြပါ။

အတော် ပင်ပန်းခဲ့တဲ့ နေ့ပါပဲဗျာ။

ဒီနေ့ ခေါ်ထုတ်လာတဲ့ စစ်ရှောင်ကလေးတွေထဲမှာ အခုလို အရေပြားရောဂါများ ဖြစ်ပွားနေတာ တွေ့ရတယ်ဗျ။တောထဲမှာ ပုန်းအောင်းနေရတာ (၅)ရ...
14/03/2023

ဒီနေ့ ခေါ်ထုတ်လာတဲ့ စစ်ရှောင်ကလေးတွေထဲမှာ
အခုလို အရေပြားရောဂါများ ဖြစ်ပွားနေတာ တွေ့ရတယ်ဗျ။

တောထဲမှာ ပုန်းအောင်းနေရတာ (၅)ရက်ခန့်ရှိပြီမို့ ရေလည်းမချိုးရတော့ ...
ကလေးတွေအခုလို အနာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
Edit, အစော ကလေးမျက်နှာတွေကို မဝါးမိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။

အာဏာသိမ်း ၂ နှစ်ပြည့် လွိုင်ကော်မြင်ကွင်းတချို့ကန္တာရဝတီတိုင်း( မ် )စစ်ကောင်စီအာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့မှာ ကရင်နီပြည် ...
01/02/2023

အာဏာသိမ်း ၂ နှစ်ပြည့် လွိုင်ကော်မြင်ကွင်းတချို့

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီအာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့မှာတော့ လမ်းသွားပြည်သူအနည်းငယ်သာရှိနေပါတယ်။ လူစည်ကားရာနေရာဖြစ်တဲ့ သီရိမင်္ဂလာတောင်ဈေးဖွင့်လှစ်တာရှိပေမယ့် ရောင်းသူဝယ်သူအနည်းငယ်သာ တွေ့ရပါတယ်။

တချို့ဆိုင်တွေပိတ်ထားတာရှိပေမယ့်လည်း စားသောက်ဆိုင်၊ အထည်ဆိုင်၊ လူသုံးကုန် ရောင်းချတဲ့ဆိုင်တွေတော့ ပုံမှန်အတိုင်းရောင်းချနေပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက မြို့တွင်း ကားနဲ့ လှည့်လည်တာရှိတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနက် ၁၀နာရီကနေ ညနေ ၃နာရီအထိ ရှိတဲ့နေရာကနေ အပြင်မထွက်ပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အသံတိတ်သပိတ်ပြုလုပ်ကြဖို့ တိုက်တွန်းထားကြပါတယ်။

စစ်ကောင်စီအာဏာသိမ်း ၂ နှစ်ကြာမြှင့်တဲ့အထိ ကရင်နီပြည်မှာတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာ အားကောင်းနေဆဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူအများစုရှိရာ ဒီးမော့ဆိုမြို့နယ်မှာလည်း အာဏာသိမ်းမှု ၂ နှစ်ပြည့်မှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂ၊ ကျောင်းသားလူငယ်တွေကနေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီတော်လှန်ရေးမှာ ခြေနှစ်ဖက်တောင်ပေးဆပ်ခဲ့ရတဲ့ ကရင်နီသူရဲကောင်းလေး     ရဲဘော်တစ်ဦးအတွက်    အလှူငွေလေးပါရှင့် 🙏🙏ရဲဘော်လေး...
31/01/2023

ဒီတော်လှန်ရေးမှာ ခြေနှစ်ဖက်တောင်ပေးဆပ်ခဲ့ရတဲ့ ကရင်နီသူရဲကောင်းလေး ရဲဘော်တစ်ဦးအတွက် အလှူငွေလေးပါရှင့် 🙏🙏
ရဲဘော်လေးအားတင်းထားပါနော် နိုင်ငံအတွက်သူရဲကောင်းလေးတစ်ဦးပါ 🥰

ဖြစ်ချင်ရာဖြစ် ဒီတစ်ခါတော့ မရှောင်တော့ဘူး။စစ်ရှောင်ရတာ လွယ်တယ်များ မှတ်လို့လားဇာတ်ကားထဲမှာပဲ မြင်ဖူးခဲ့သမျှတွေ ကယားမှာတက...
06/01/2023

ဖြစ်ချင်ရာဖြစ် ဒီတစ်ခါတော့ မရှောင်တော့ဘူး။
စစ်ရှောင်ရတာ လွယ်တယ်များ မှတ်လို့လား
ဇာတ်ကားထဲမှာပဲ မြင်ဖူးခဲ့သမျှတွေ ကယားမှာ
တကယ် ကိုယ်တွေ့ကြုံခဲ့ရတာ။

စစ်ဘေးရှောင်ပါပြီတဲ့

ဘယ်သူက ကားစီစဥ်ပေးမှာလဲ
ဘယ်သူက ငှားပေးမှာလဲ
ကုန်ကျစရိတ်ကကော ဘယ်သူက ပေးမှာလဲ

စစ်ဘေးရှောင်စခန်းရှိတာပဲလို့ ပြောလို့ရတယ်။
မှန်တယ်။
စစ်ဘေးရှောင်စခန်းကကော လုံခြုံလို့လား

ကျန်းမာရေးဖြစ်လာရင် ဘယ်လိုသွားရပါ့။

အထုပ်ပိုးတွေ ပြင်ရ ဆင်ရပြီ။
အိမ်ကြီးကို ထားခဲ့ရပြန်ပြီ။
ဘေးအိမ်နဲ့ မှာခဲ့ရအောင်လည်း ဘေးအိမ်ကလည်း
စစ်ရှောင်နေပြီ။

အဲ့မှာ သူခိုးက ဝင်ခိုးချင်တိုင်း ခိုးတော့တာပဲ။

ဘယ်မှလည်း သွားတ်ိုင်လို့မရဘူး။

ထိုင်ပြီး ဆုတောင်နေရုံမှတပါး အခြားမရှိ။

စစ်ရှောင်ပါပြီတဲ့

ဘာနဲ့ ထိုင်စားရမတုန်း
ကုန်ပြီလေ စုထားဆောင်းထားတာတွေ
သမီးနားကပ်လည်း ကုန်ပြီ
အမေ့ဆွဲကြိုးလည်း ပြောင်ပြီ
အဲ့လိုလူတွေအတွက် ဘယ်လိုလုပ်မလဲ?

ဘုရားစူး မိုးကြိုးပစ်

စစ်ဖြစ်နေလို့ အိမ်နောက်ဖေး မီးဖိုချောင်ထဲ
ဝင်ပုန်းကာမှ လက်နက်ကြီးက
တည့်တည့် မတ်မတ်ကို လာကျလို့ ပွဲချင်းပြီး
ဖြစ်သွားရတဲ့မိသားစု။
ဘယ်လောက်ရင်နာစရာကောင်းသလဲ။

မမြင်ဖူးရင် လာကြည့်
ကယားမှာ ရှိတယ်။

ငယ်ငယ်တုန်းကလို လေယာဥ်ပျံလာရင် မိုးပေါ်မော့ကြည့်ပြီး တာ့တာ ပြ။
အမြင့်ကြောက်ပေမယ့် Pilot ဖြသ်ချင်ခဲ့တယ်။
ဒါပေမယ့် ဗုံးကြဲတဲ့ ပိုက်လော့တော့မဖြစ်ချင်ဘူး။

တချို့တွေခဗျာ
ပြန်စရာအိမ်လည်း မရှိတော့ဘူး
ပိုင်ဆိုင်တာတွေလည်း မရှိတော့ဘူး
ရတဲ့အလုပ်လုပ်ဖို့ ထွက်ခွာသွားကြပြီ။
ရှင်ကွဲတွေကော သေကွဲတွေကော
ကွဲကုန်ကြပြီ။

ဇာတ်ကားထဲမှာ မြင်ဖူးတယ်မှတ်လား

လေယာဥ်နဲ့ လာကြဲတာလေ

ကြည့်လို့ကောင်းတယ်မှတ်လား

ကယားမှာလည်း အခု အဲ့လိုပဲ။

ရိုက်ကွင်းမဟုတ်ဘူးနော်

တကယ်ဖြစ်နေတာ။

တစ်ရက်တစ်လေမှ မဟုတ်ဘူး
တခါတစ်လေမှမဟုတ်ဘူး

မကှာခဏပဲ ခဏခဏပဲ။

ပြေးရပေါင်းလည်းများပြီ

ရှောင်ရပေါင်းလည်း များပြီ

ဒီ့ထက်လည်း မပြေးနိုင် မရှောင်နိုင်တော့ဘူး။

အိမ်တစ်လုံးဖြစ်ဖို့ လွယ်တာမှတ်လို့
ချွေးနဲ့ သွေးနဲ့ ရင်းပြီး ဆောက်ထားရတဲ့အိမ်
ငှက်ပျောခွံပစ်သလို လွယ်လွယ်တော့ မပစ်ခဲ့နိုင်ဘူး။

ဝန်ထုပ်ဝန်ပိုး အိမ်ထောင်လည်းမရှိပဲနဲ့လို့တော့ မပြောနဲ့။

အိမ်ထောင်သည်ဆိုတာ မိန်းမကို ရှာကျွေးတာ။

လူပျိုဆိုတာ မိဘကို ရှာကျွေးတာ

မတူဘူး။

သက်ရှိထင်ရှားရှိတုန်းလေး

တတ်နိုင်တာ ဝယ်ပေးချင်သေးတယ်

စားချင်တာလေး ဝယ်ကျွေးချင်သေးတယ်။

မိဘဗျ မိဘ

အမေ့ကို ရွှေတစ်ကျပ်သား ကန်တော့တုန်းက
ပြုံးတဲ့အပြုံးနဲ့

အလုပ်ကအပြန် အာပူလျှာပူလေးဝယ်သွားပေးတော့
ပြုံးတဲ့အပြုံးက

တူတူပဲ။

ရွှေမို့လို့ ငွေမို့လို့ အာပူလျှာပူမို့လို့ဆိုပြီး
ခွဲပြီးပြုံးတဲ့အပြုံး မိဘမှာ မရှိခဲ့ဘူး။

သားသမီးဆီက ပေးတဲ့အရာ တန်းတူအပြုံးပဲ။

ဒုက္ခ အခက်ခဲကြုံနေတဲ့အချိန်
ဆယ်သိန်းပေးလည်း အမေ မလို
သိိန်းတစ်ရာပေးလည်း အမေ မမက်မော။

မိဘဆိုတာ သားသမီး ဘေးမှာရှိနေတာကို
အလိုချင်ဆုံးပဲ။

ခင်များတို့ လက်တွေ့ကြုံဖူးတဲ်အခါ သိလာလိမ့်မယ်။

အဲ့တော့

ကယားမှာတော့ အကြီးကျယ် ဆော်နေပြီ

ငါတို့မြို့လည်း ထကြွသင့်ပြီ ဆိုတဲ့ နှိုးဆော်စာတွေ
စကားတွေကြားရရင် တကယ်စိတ်မကောင်းဘူး။

စစ်ဆိုတာ ခင်ဗျားတို့ထင်သလို
ခရီးဆောင်အိတ်လေးထဲ ထည့်ပြီး သာသာယာယာ
ပျော်ပွဲစားထွက်သလို သွားနေလို့မရဘူးဗျ။

လူနေတဲ့မြို့ကြီးမှာ လူတွေမရှိတော့ဘူး

ချုံနွယ်ပိတ်ပေါင်းတွေ အုံ့ဆိုင်းလွှမ်းမိုးပြီး
မဟာမြိုင်ကြီးလို အူထူနေပြီ။

ဒုက္ခပေါင်းစုံ ခါးစည်းခံရရုံတင်မက နဖူးထိပါ တက်စည်းထားခဲ့ရပေါင်းလည်း များပြီ။

အဲ့တော့ ဖြစ်ချင်ရာဖြစ်
ဒီတစ်ခါတော့ မရှောင်တော့ဘူး။

သဗ္ဗေသတ္တာ ကမ္မသကာ ရှိစေတော့ ------။

Credit မင်းစျာန်ဖြိုး (လွိုင်ကော်)

အမြန် ပြီးဆုံးငြိမ်းချမ်းပါစေ ကယားမြေ 🙏🙏🙏

ရန်ကုန်လှိုင်သာယာ-တွံ့တေးလမ်းတွင် လူသတ်ကားလု အမှုတစ်ခုဖြစ်ပွါး▪️ရက်စက်စွာ လက်နောက်ပြန်ကြိုးတုတ်ကာအလောင်းစွန့်ပစ်ထားခဲ့၂၀...
06/01/2023

ရန်ကုန်လှိုင်သာယာ-တွံ့တေးလမ်းတွင် လူသတ်ကားလု အမှုတစ်ခုဖြစ်ပွါး
▪️ရက်စက်စွာ လက်နောက်ပြန်ကြိုးတုတ်ကာအလောင်းစွန့်ပစ်ထားခဲ့

၂၀၂၃ဇန်နဝါရီ၅ရက်ညက ရန်ကုန်တိုင်း တွံတေးမြို့နယ် ခလောက်ချိုက် ခထ္ထိလမ်းတွင် လက်နောက်ပြန်ကြိုးတုတ်ကာစွန့်ပစ်ထားသည့်အလောင်းတစ်လောင်းအား ပရဟိတအသင်းများက ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအလောင်းမှာ ဇန်နဝါရီလ၄ရက်နေ့ကတည်းက ပျောက်ဆုံးနေသော တက္ကစီယာဉ်မောင်း၏ အ
လောင်းဖြစ်နေသည်။

ရှာဖွေမှုထဲပါသည့် ပရဟိတအမျိုးသမီးတစ်ဦးက “သူဝတ်သွားတဲ့ ပုဆိုးနဲ့သူ့ကို ကြိုးတုပ် အသက်ရှုကြပ်ပြီး သေဆုံးသွားတယ်..နောက်ဘဝဒီလို အဖြစ်ဆိုးနဲ့မကြုံပါစေနဲ့ မောင်လေးရေ”ဟု လူမှုကွန်ရက်ပေါ်မျှဝေထားသည်ကိုတွေ့ရသည်။

အသတ်ခံရသူမှာ တက္ကစီမောင်းတာမှ ၂ ပတ်ပဲရှိသေးသည်ဟုသိရသည်။

တောင်ဒဂုံ ၂၂ရပ်ကွက်စွယ်တော်ပတ်လမ်းတွင် နေထိုင်သူဟုလည်းသိရသည်။

“ကြောက်စရာကောင်းနေပြီ။ယာဉ်မောင်းက ခရီးသည်ကိုမယုံ၊ခရီးသည်ကယာဉ်မောင်းကိုမယုံဖြစ်နေကြတာ။ခုလိုအသတ်ခံရတော့ ပိုဆိုးပြီပေါ့”ဟု ရန်ကုန်နေသူတစ်ဦးကမှတ်ချက်ပြုသည်။

၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး RNA_ဇန်နဝါရ...
05/01/2023

၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး

RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။

Federal Wings ​ဒရုန်းတပ်ဖွဲ့၏ ၂၀၂၂ ခုနှစ် (၁) နှစ်တာအတွင်း ဒရုန်းစစ်ဆင်ရေး ပျံသန်းမှု (၃၄၇) ကြိမ်ပျံသန်းပြီး စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင် သေဆုံးကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်း တိုက်ပွဲတို့တွင်လည်း မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

"၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း၌ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့် ခြင်းကျားမြေဩဇာအသွင်ပြောင်းလဲမှုများရှိခဲ့ပြီး ရာပေါင်းများစွာထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရသည်။ ၂၀၂၂ ခုနှစ် တိုက်ပွဲများအတွင်း Federal Wings တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုအနည်းငယ်ရရှိခဲ့သော်လည်း ပြည်သူ့လူထုမေတ္တာကြောင့် သက်သာပျောက်ကင်းခဲ့ကြပြီး သက်ဆိုင်ရာတော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြဆဲဖြစ်ပါသည်" ဟု Federal Wings ​က ယနေ့ ထုတ်ပြန်ထားသည်။

NUG သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) ၏ ဦးဆောင်မှုဖြင့် Federal Wings Fundraise များမှ ကောက်ခံရရှိငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၆၅ ၂၄၂ ရရှိခဲ့ကြောင်း၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ချိတ်ဆက်ကာ တော်လှန်ရေးကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency
https://rednewsagency.com/news/9372
https://t.me/rednewsagency/1084
https://www.youtube.com//community

လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိRNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်...
04/01/2023

လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာကို ယနေ့ လွတ်လပ်ရေးနေ့တွင် ဒေသခံရွာသူ ရွာသားများထွက်ပြေးနေရာမှ ပြန်အရောက်တွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားချိန်တွင် အမျိုးသမီး (၂) ဦးအပါအဝင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်သွားခဲ့သည်။

စစ်ကောင်စီ၏ ရွှေဘိုလေ့ကျင်ရေး တပ်နှင့် ပျူစောထီများ ပါဝင်သည့် အဖွဲ့ဝင် ၁၀၀ ကျော်တို့သည် အလယ်ရှိုကျေးရွာအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ တပ်စွဲအထိုင်ချနေခဲ့ချိန်တွင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်ပြီး အိမ်မွေးတိရိစ္ဆာန်များနှင့် နေအိမ် ၁၀၀ ကျော်ကို် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

အလယ်ရှိုရွာမှ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူများမှာ ဦးချစ်ခင် (အသက်-၆၅နှစ်)၊ ကိုအောင်ကို (အသက်-၃၅နှစ်)၊ ကိုဆန်းနိုင် (အသက်-၂၁နှစ်)၊ မောင်နေမျိုးအောင် (အသက်-၁၇နှစ်)၊ ဦးထွန်းမင်း( အသက်-၄၈နှစ်)၊ ကိုကျော်စိုးအောင်(အသက်-၄၃နှစ်)၊ ကိုအောင်မြင့်သန်း (အသက်-၃၈နှစ်)၊ဒေါ်ဝင်းဌေး (အသက်-၄၅နှစ်)၊ ဒေါ်ချောပို (အသက်-၄၈နှစ်) တို့ဖြစ်ဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က လွတ်လပ်ရေးနေ့ အလယ်ရှိုရွာ မြင်ကွင်းဟုဆိုကာ သေဆုံးသူအလောင်းများနှင့်အတူ ထုတ်ပြန်ကြေညာထားသည်။

Red News Agency
https://rednewsagency.com/news/9294
ဓာတ်ပုံများကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်
https://t.me/rednewsagency/1066

ထွီးဆိုစစ်ရှောင်စခန်းကို လက်နက်ကြီး ကျတာကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံး။- Karenni's Voiceယမန်နေ့ (ဇန်နဝါရီ ၃ ရ...
04/01/2023

ထွီးဆိုစစ်ရှောင်စခန်းကို လက်နက်ကြီး ကျတာကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံး။
- Karenni's Voice

ယမန်နေ့ (ဇန်နဝါရီ ၃ ရက်) ည ၇ နာရီခန့်က ဒီးမော့ဆိုအနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်ကို စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ လက်နက်ကြီးစဟာ စစ်ရှောင်စခန်းအတွင်းက တဲရဲ့ မိုးကာခေါင်မိုးပေါ်ကို ဖောက်ဝင်ကာ တဲအတွင်း အိပ်နေတဲ့ အမျိုးသမီးရဲ့ ညာဘက် ပေါင်ကို ဖောက်ထွက်သွားခဲ့ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

" အဖေနဲ့အမေက နေ့ဘက်ဆို ရွာမှာ အလုပ်လုပ်တယ်၊ ညဘက်ကျ စစ်ရှောင်စခန်းမှာ ပြန်အိပ်တာပေါ့၊ ကျတော်ကလည်း အိမ်ထောင်ကျပြီဆိုတော့ အိမ်ခွဲနေတယ်၊ ကျတော့်ညီကလည်း ရဲဘော်ဆိုတော့ အတူမရှိဘူးလေ၊ အဲ့မှာ သူတို့ ၂ ယောက်ပဲ တဲထဲ ရှိနေတုန်း လက်နက်ကြီး ကျတာပေါ့၊ ပထမတလုံးကျပြီးတော့ အဖေက အမေ့ကို ဆင်းဝပ်ဖို့ခေါ်နေတုန်း တဲတည့်တည့်ကို ကျပြီး ပေါင်ကိုထိသွားတာ၊ ဆေးကုချိန်တောင်မရဘူး၊ ဆုံးသွားတာပဲ" လို့ သေဆုံးသူရဲ့ သားဖြစ်သူက Karenni's Voice ကို ပြောပြခဲ့ပါတယ်။

သေဆုံးခဲ့သူမှာ ဒေါနိုကူးရွာခံ အသက် ၅၅ နှစ်အရွယ် ဒေါ်စူးမြာ ဖြစ်ပြီး သား ၂ ဦးအနက် သားအငယ်မှာ KNDF တပ်ရင်း ၁၉ က ရဲဘော်တဦး ဖြစ်ပါတယ်။

"တောင်အပေါ်နားမှာ တလုံးကျသေးတယ်၊ သူ့ကိုထိတာတော့ ဒုတိယအလုံးပေါ့၊ ထိသွားပြီးပြီးချင်း ကျတော်တို့ကလည်း ဝပ်နေရတုန်းဆိုတော့ သူ့ဆီချက်ချင်း မသွားနိုင်ဘူးလေ၊ နောက်တော့ ပေါင်လဲကျိုးနေပြီ၊ ၁၀ မိနစ်လောက်နေတော့ ဆုံးတာပဲ" လို့ စခန်းတခုထဲနေတဲ့ စစ်ရှောင်အမျိုးသားတဦးကလည်း ဆက်လက်ပြောပြခဲ့ပါတယ်။

ယမန်နေ့ မနက် ၁၁ နာရီခန့်ကလည်း လွိုင်ကော်ကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာလည်း အဆိုပါဒေါနိုကူးရွာအတွင်းက မူကြိုကျောင်းပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါသေးတယ်။ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှု အနည်းဆုံး ၃၇ ဦးရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုဒဏ်ကြောင့် နှလုံးရပ်သေဆုံးတဲ့ သက်ကြီးရွယ်အို ၄ ဦး ရှိခဲ့ပါတယ်။

- ဇန်နဝါရီ ၄ ရက်၊ ၂၀၂၃။
Photo - Karenni's Voice

လွိုင်ကော်မှာ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ။- Karenni's Voiceယနေ့ (ဇန်နဝါရီ ၃ ရက်) နေ့လည် ၁၁ နာရီဝ...
03/01/2023

လွိုင်ကော်မှာ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ။
- Karenni's Voice

ယနေ့ (ဇန်နဝါရီ ၃ ရက်) နေ့လည် ၁၁ နာရီဝန်းကျင်က လွိုင်ကော်မြို့၊ ချိကယ်အုပ်စုအနောက်ဘက်ခြမ်း၊ ဒေါမူကလားရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီး ယမ်းစ ထိမှန်မှုများကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း ထံက သိရပါတယ်။

"ရွာထဲကို လက်နက်ကြီးက စုစုပေါင်း ၄ လုံး ကျတာဗျ၊ အဲ့ဒီအချိန် တိုက်ပွဲဖြစ်နေတဲ့အသံတော့ မကြားဘူး၊ အစောပိုင်းက ထိတဲ့ လူနာကတော့ ရွာသားတွေပဲ ဆေးရုံပို့လိုက်ကြတယ်၊ ကျတော်တို့ သွားခေါ်တဲ့လူနာကတော့ ခြေသလုံးကို ထိထားတာ၊ နှစ်ယောက်လုံး အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။" လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူက Karenni's Voice ကို ပြောပြခဲ့ပါတယ်။

ညာဘက်ခြေသလုံးကို လက်နက်ကြီးစ ထိမှန်ခဲ့သူဟာ အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်တဲ့ ဦးဦးရယ် ဖြစ်ပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားနေအိမ် တလုံး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

"ဒီလူနာကတော့ သူ့ရဲ့ခြံဝင်းထဲကျတာပေါ့၊ ရွာသားတွေအပြောအရတော့ အစောပိုင်းက လက်နက်ကြီးတွေကြောင့် နေအိမ်တလုံး ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်" လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှု အနည်းဆုံး ၃၇ ဦးရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုဒဏ်ကြောင့် နှလုံးရပ်သေဆုံးတဲ့ သက်ကြီးရွယ်အို ၄ ဦး ရှိခဲ့ပါတယ်။

ဓာတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း
#အရပ်သားထိခိုက်မှု #လက်နက်ကြီး

၂.၁.၂၀၂၂ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး ရှိ တိုက်ပွဲတွင် ကျဆုံးသွားသော လွိုင်ကော် PDF မှ သူရဲကောင်း" ပေါလ...
03/01/2023

၂.၁.၂၀၂၂ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး ရှိ တိုက်ပွဲတွင် ကျဆုံးသွားသော လွိုင်ကော် PDF မှ သူရဲကောင်း

" ပေါလူ (ခ) ကြာဦး "

၏ အသုဘ အခန်းအနားကို ၃ ရက်နေ့ ဇန်နဝါရီ လ မနက်ခင်းအချိန်တွင် ညိုးငယ်သော စိတ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

သူရဲကောင်း ပေါလူ (ခ) ကြာဦးသည် ကျဆုံးချိန်တွင် အသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး အရေးတော်ပုံအတွက် အသက်ပေးအပ်ကာ ​နောက်ဆုံးချိန်ထိ တော်လှန်ခဲ့သော ရဲဘော်တစ်ဦး ဖြစ်သည်။

ရဲဘော် ပေါလူ (ခ) ကြာဦး အပါအဝင် တောင်တန်း ပြည်ပ နိုင်ငံအဝန်းတွင် စစ်အာဏာရူးများကို တွန်းလှန်ရင်း ကျဆုံးသွားကြ​သော အာဇာနည်သူရဲကောင်းများအားလုံးအား အလေးပြု ဦးညွှတ်အလေးပြုရင်း အရေးတော်ပုံ ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လွိုင်ကော် PDF မှ ဂတိသစ္စာပြုအပ်ပါသည်။

အရေးတော်ပုံ အောင်ရမည်။

----------

ပြည်သူ့ကာကွယ်ရေးတပ် - လွိုင်ကော်




#အရေးတော်ပုံ_အောင်ရမည်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP)  ပါတီဥက္ကဌ ခူဦးရယ် ၏ ၂၀၂၃ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်သဝဏ်လွှာ။၂၀၂၃ခုနှစ် ၊ ဇန်နဝါ...
03/01/2023

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) ပါတီဥက္ကဌ ခူဦးရယ် ၏ ၂၀၂၃ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်သဝဏ်လွှာ။

၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ(၁)ရက် ။

#

မိုဆို​​ကျေးရွာအတွင်း အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရခြင်း (၁)နှစ်ပြည့် ​အောက်​မေ့သတိရခြင်း။၂၀၂...
03/01/2023

မိုဆို​​ကျေးရွာအတွင်း အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရခြင်း (၁)နှစ်ပြည့် ​အောက်​မေ့သတိရခြင်း။

၂၀၂၂ခုနှစ် ၊ ဒီဇင်ဘာလ (၂၄) ရက်​နေ့။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာ ၌၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်​နေ့ ခရစ္စမတ် အကြို​နေ့တွင် ဖြစ်ပွားခဲ့​သော အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရပ်သားပြည်သူများအား အစုလ်ိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်စဥ်မှာ ယ​နေ့ ဒီဇင်ဘာလ( ၂၄) ရက်​နေ့တွင် (၁)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာ သို့ စစ်​ကြောင်းထိုးလာ​သော တပ်မ (၆၆) ​လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်​ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအားဖမ်းဆီးပြီး က​လေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများအား ​သွေး​အေး​အေးဖြင့် မီးရှို့သတ်ဖြတ်ခဲ့သလို အခင်းဖြစ်ပွားစဥ် လာ​ရောက် ဖြန်​ဖြေတားဆီး​ ရန်​ရောက်လာ​သော နယ်ခြား​စောင့်တပ် တပ်ဖွဲ့ဝင် (၄)ဦး ကို​လည်း လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့ပါသည်။

အထက်ပါ ဖြစ်စဥ်အတွင်း ​​မြေစာပင်ဖြစ်ခဲ့ရ​သော ပြည်သူများနှင့် နယ်ခြား​စောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူ ပူ​ဆွေး​ကြေကွဲရပါသည်။

KNDF အ​နေဖြစ် မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင်ပါသည်။

KNDF မှ ယခုဖြစ်စဥ်တွင် အစုအလိုက်အပြုံလိုက်သတ်ဖြတ်ကာ လူမဆန်သော စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆) လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းအပါအဝင် အကြမ်းဖက်စစ်​​ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ပြီး လွတ်လပ်၊ ငြိမ်းချမ်း၊မျှတ​စွာ ​နေ​ထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​ပေါ်ထွန်းသည်အထိ မဆုတ်မနှစ် ကြိုးပမ်းသွားရန် အဓိဌာန်ကို ကိုင်စွဲလျက်ရှိပါသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရှင်လတ်လတ် မီရှို့သတ်ဖြတ်ခဲ့​သော အရပ်သားပြည်သူ (၄၀) ​ကျော် နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရ​သော (၁၀၀၄) တပ်ရင်းမှ နယ်ခြား​စောင့်တပ်သား (၄) ဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများဖြစ်သဖြင့် မိမိတို့ KNDF မှ ယခုဖြစ်စဥ်အား အစဥ်အမြဲ ​အောက့်​မေ့ သတိရပြီး တရားမျှတမှုရရှိသည်အထိ လုပ်​ဆောင်သွားမည်ဖြစ်​သည်။

KNDF ဗဟိုနှင့်သတင်းနှင့်ပြန်ကြား​ရေးဌာန။

November လအတွင်းအလှူလေးပါ ❤️အရေးတော်အောင်ဖို့ တစ်ထောင့်တနေရာကနေ အမြဲပါဝင်ပါမယ်ရှင့် 💪
02/11/2022

November လအတွင်းအလှူလေးပါ ❤️
အရေးတော်အောင်ဖို့ တစ်ထောင့်တနေရာကနေ အမြဲပါဝင်ပါမယ်ရှင့် 💪

စကစရဲ့ ရည်ရွယ်ချက်ရှိရှိ ကရင်နီပြည် ကုန်းသာကျေးရွာ စစ်ဘေးရှောင် တစ်နေရာ က်ို လက်နက်ကြီး ဖြစ် ပါစ်ခတ်သောကြောင့် အမျိုးသား...
25/10/2022

စကစရဲ့ ရည်ရွယ်ချက်ရှိရှိ ကရင်နီပြည် ကုန်းသာကျေးရွာ စစ်ဘေးရှောင် တစ်နေရာ က်ို လက်နက်ကြီး ဖြစ် ပါစ်ခတ်သောကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦး ဆုံးသွားပါသည်။
ထို အမျိုးသားနှင့် အမျိုးသမီး မှာ လင်မယားဖြစ်ပြီး ကလေး အသက် ၈ နှစ် တစ်ဦးနှင့် ၆ လ သား ကလေးငယ်တစ်ဦး ရှိ😥💔

ဓာတ်ပုံ...​ကျန်ရှိခဲ့သော ကလေးအသက်သည် ၈ နှစ် တစ်ဦး နှင့် ၆လသားကလေးငယ်တစ်ဦး ဖြစ်သည်။


ဖရူဆိုတိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကန္တာရဝတီတိုင်း(မ်)Website တွင်...
25/10/2022

ဖရူဆိုတိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့

ကန္တာရဝတီတိုင်း(မ်)

Website တွင်ဖတ်ရန် - https://bit.ly/3zdbVlr

ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ် နဲ့ ထီးကလူဒေါ ကျေးရွာမှာ အင်အား ၃၀ ကျော် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၂ရက်နေ့ ညနေပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း - ၁၅ က အောက်တိုဘာလ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထိတွေ့တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ထဲက ဝံပုလွေပျောက်ကျားတပ်ဖွဲ့မှ အသက်၂၀ ဝန်းကျင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်ဖက်ကနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့ပြီး သီးနှံရိတ်သိမ်းနေရတဲ့ ကာလဖြစ်တဲ့အတွက် ဒေသခံ ပြည်သူလူတွေအနေနဲ့ လက်နက်ကြီးထိမှန်မှာကို စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဖရူဆိုမြို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေကနေပြီး ပြည်သူပိုင် ကျွဲ၊ နွား၊ ကြက်တွေကို ခိုးယူ သတ်ဖြတ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အောက်တိုဘာလ ၂၂ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KNDF B (15) ၊ B (04) ၊ KA နဲ့ ဝံပုလွေပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလအတွင်း ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော၊ မိုးဗြဲမြို့တွေမှာ နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

၁၇-၁၀-၂၀၂၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ် ၊ တပ်ရင်း၂ သို့ မိုးဗြဲ တွင်စစ်ဆင်ရေးပြုလုပ်နေသော ခလရ- ၁၄တပ်မှရ...
19/10/2022

၁၇-၁၀-၂၀၂၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ် ၊ တပ်ရင်း၂ သို့ မိုးဗြဲ တွင်စစ်ဆင်ရေးပြုလုပ်နေသော ခလရ- ၁၄တပ်မှရဲဘော်နှစ်ဦး CDM ပြုလုပ်လာခဲ့ပါသည်။

၎င်းတို့နှစ်ဦလုံးသည် သင်တန်းဆင်းပြီး လုပ်သက် တစ်လကျော်သာရှိသေးသော ရဲဘော်သစ်များဖြစ်ပြီး ဖယ်ခုံ
ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း၂ က ကောင်းမွန်စွာ
စောင့်ရှောက်ထားပါသည်။ ပီကင်းကောခူကျေးရွာတွင်
တာဝန်ထမ်းဆောင်နေစဥ် လွန်ခဲ့သော ၁၅ ရက်ခန့်က ခလရ-၁၄ တပ်မှဒုတပ်ရင်းမှူးကို တပ်သားတစ်ဦးကပစ်
သတ်ပြီး ပစ်ခတ်ခဲ့သည့်တပ်သားလည်း ကိုယ့်ကိုယ်ကို
သေနတ်ဖြင့်ပစ်သေသွားသောကြောင့် ဒုတပ်ရင်းမှူး၏
အလောင်းကို မိုးဗြဲ ၄၂၂ တပ် သရက်တောကင်းမှ ပြည်သူ့စစ်နှင့်စကစတို့ကတဆင့်လာသယ်ပေးပြီး နေပြည်တော်သို့သယ်ယူသွားကြောင်း အုပ်ချုပ်မှု့လျော့
နည်းဖြစ်စဥ်များဖြစ်ပြီး ထွက်ပြေးနေသူများပြားကြောင်း
၎င်းတို့မပြေးခင်နာရီပိုင်းအတွင်းပင် တစ်ဦးအရင်ပြေး
ခဲ့ကြောင်း သိရပါသည်။

၁၆-၁၀-၂၀၂၂ရက်နေ့ နံနက် ၃နာရီက ဖယ်ခုံ -မိုးဗြဲ -
လွိုင်ကော် လမ်းမကြီးပေါ် ဖယ်ခုံမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်၊တပ်ရင်း၂၊kndf b-03 ပူးပေါင်း အဖွဲ့
က စစ်ကြောင်း ထိုးလာသောစကစတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး အများအပြား
ဒဏ်ရာ ရရှိသွားပြီး အမ်အေ1 တစ်လက်နှင့်လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ပါသည်။

စစ်သားများသည် ကြားဖြတ် တိုက်ခိုက်ခံရခြင်း၊တိုက်ပွဲများစိပ်လာခြင်း၊စကစလက်အောက်တာဝန်မထမ်းဆောင်လိုခြင်းတို့ကြောင့် ထွက်ပြေးခြင်းများပြုလုပ်လျက်ရှိရာ တပ်ရင်း၂အနေဖြင့် CDM လုပ်လာသူများကို
လိုအပ်သည့်အကူအညီများပေးသွားမည်ဖြစ်ပြီး လက်နက်ယူလာနိုင်ပါက အနည်းဆုံး သိန်း၅၀ ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ပါသည်။

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂

R.I.P သူရဲကောင်းတို့ရေ💔💔💔မင်္ဂလာနံနက်ခင်းပါလို့ ဆိုနေကြချိန်မှာ ကျနော်တို့ရဲဘော်တွေ ထပ်ပြီးနှုတ်ဆက်ထွက်ခွာကြပြန်ပြီတဲ့လာ...
15/10/2022

R.I.P သူရဲကောင်းတို့ရေ💔💔💔
မင်္ဂလာနံနက်ခင်းပါလို့ ဆိုနေကြချိန်မှာ ကျနော်တို့ရဲဘော်တွေ ထပ်ပြီးနှုတ်ဆက်ထွက်ခွာကြပြန်ပြီတဲ့လား
အဖဘုရားရဲ့နိုင်ငံတော်သို့ မှာ ထာ၀ရအိပ်စက်အနားနိုင်ပါစေ🙏🙏🙏🙏ဝမ်းနည်းစွာဖြင့် မင်းတို့ တာ၀န်ကျေပါပြီနော် 😔

လွိုင်ကော်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး၊ အလောင်းပြန်မရသေးကန္တာရဝတီတိုင်း( မ် )website တွင်ဖတ်ရန်လင့် -...
14/10/2022

လွိုင်ကော်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး၊ အလောင်းပြန်မရသေး

ကန္တာရဝတီတိုင်း( မ် )
website တွင်ဖတ်ရန်လင့် - https://bit.ly/3MKWcjn

ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ အသက် ၂၁နှစ်အရွယ် မောင်ငယ်ဟာ လုံလောက်တဲ့ ကျန်းမာရေးဆေးကုသခွင့်မရရှိတဲ့အတွက် ယမန်နေ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ သေဆုံးခဲ့ရပြီး ဒီကနေ့ မနက်ပိုင်းအထိ အလောင်းပြန်မရရှိသေးဘူးလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မနေ့က မနက် ၇နာရီလောက်မှာ ဖုန်းဆက်လာတယ်ပေါ့နော။ သူ့သားထောင်ထဲမှာဆုံးသွားပြီဆိုတဲ့ဟာ ဖုန်းဆက်လာတော့ သွားကြည့်တာပေါ့။ အလောင်းပြန်လာယူလို့ ပြောတယ်။ သူတို့ကားနဲ့သွားတယ်။ ကားနဲ့သွားတော့ ဟိုးမှာရောက်တော့ မဟုတ်ဘူး။ အလောင်းယူလို့မရသေးဘူး။ ဆရာဝန်ပြရမယ်ဆိုပြီးတော့ ရင်ခွဲရုံမှာသွားပြပြီး ခွဲစိတ်တာ။ ခွဲစိတ်ပြီး လေပွန်လားမသိဘူး။ ဘာဖြစ်တယ်။ ဆရာဝန်က အဲလိုပြန်ပြောတယ်။ အဲဒါအိမ်ယူပြန်လိုက်တော့ ဆရာဝန်ပြောတော့ မဟုတ်ဘူး။ တရားရုံးမှာ သွားပို့ပေးရမယ် သူတို့ (စစ်ကောင်စီ) ပြောတယ်ပေါ့နော။ သေဆုံးသွားသူကို တရားရုံးမှာ သွားပြတော့ ထပ်သွားတယ်ပြောတယ်။ တရားရုံးရောက်တော့ တရားရုံးက ယူပြန်ပြောတော့ ရဲက ပေးမပြန်ဘူးပြောတော့ မနေ့ညကတစ်ညနေအထိ ပေးမပြန်တော့ ဒီရက်တော့ ရဲတွေက ဘယ်လိုသင်္ဂြိုလ်မလဲဆိုတာကိုတော့ မသိသေးဘူးပေါ့နော။ မနေ့ည ညနေက သူ့အမေကတော့ ဆံပင်နဲ့ လက်သည်း၊ ခြေသည်းတော့ နည်းနည်းညှပ်ပြန်လိုက်တော့ ဒီဘက်မှာ သူ့ဟာသူ ရိုးရာအရပေါ့နော။ ဝိညာဉ်ခေါ်ပြီးတော့ ပြန်သင်္ဂြိုလ်မယ်လို့တော့ လုပ်နေတယ်။” လို့ သူကပြောပါတယ်။

မောင်ငယ်က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်း လွိုင်ကော်မြို့စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရပြီး PDF နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ တရားစွဲပြီးနောက် မောင်ငယ်ဟာ ထောင်ဒဏ် ၅နှစ်ချမှတ်ထားခံရသူဖြစ်ပါတယ်။

သူဟာ ယခင်ကတည်းက အဆုတ်တီဘီရောဂါအခံရှိထားသူဖြစ်ပြီး အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ဆေးကုသမှု မရရှိတဲ့အတွက် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပြင် PDF နဲ့ဆက်နွယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီးနောက် ရဲချူပ်၊ စစ်ကြောရေး၊ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရပြီး သေဆုံးသူ ၇ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရပြီး အမိန့်ချခံရသူ ၁၄၀ဦးရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ဦးရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ဖမ်းဆီးခံရသူအထဲ အမျိုးသမီး ၂၈ဦးပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF )

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၄) တည်ထောင်ခြင်းတစ်နှစ်ပြည့် အခမ်းအနားပြုလုပ်ကန္တာရဝတီတိုင်း(မ်)Website တ...
12/10/2022

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၄) တည်ထောင်ခြင်းတစ်နှစ်ပြည့် အခမ်းအနားပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

Website တွင်ဖတ်ရန် - https://bit.ly/3erfTzQ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၄) တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ KNDF B-14 က သတင်းထုတ် ပြန်ထားပါတယ်။

"မိမိတို့ တပ်ရင်း ၁၄သည် လူငယ်များဖြင့်ဖွဲ့စည်းတည်ထောင်ထားတဲ့တပ်ရင်းဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရတဲ့အလုပ်ဟာ လူတိုင်းမလုပ်နိုင်တဲ့အရာ၊လုပ်ခွင့်မရတဲ့အရာတစ်ခုဖြစ်တဲ့အတွက် ပေးဆပ်နေရသည်ဟုမခံယူဘဲ ဂုဏ်ယူသင့်ကြောင်း နှင့် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ရသည်အထိ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများနှင့်အတူ တစ်သားတည်ရပ်ကာ အာဏာရှင်ကိုအမြစ်ပြတ်ချေးမှုန်းသွားမည်ဖြစ်သည်။" လို့ KNDF B-14 က ရေးသားဖော်ပြထားပါတယ်။

တပ်ရင်းအနေနဲ့ လိုအပ်ချက်များစွာရှိနေပေမယ့်လည်း ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်နိုင်ရန် ကရင်နီပြည်ရှိ ပြည်သူလူထုများသဘောတူညီပါက တခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း နဲ့ KNDF သစ္စာအဓိဌါန် ၅ချက်နဲ့အညီ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းတည်ထောင်ထားတဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တပ်ရင်းပေါင်း ၂၁ ရင်းရှိပြီး မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
Kantarawaddytimes

ရိုးရာဓလေ့  မင်္ဂလာ ချည် ပေးခြင်း နှင့် ဆုတောင်းပွဲကျင်းပခြင်း။အောက်တိုဘာလ , ၄, ၂၀၂၂။အောက်တိုဘာလ (၃)ရက်နေ့  ဒေသတွင်းတစ်န...
04/10/2022

ရိုးရာဓလေ့ မင်္ဂလာ ချည် ပေးခြင်း နှင့် ဆုတောင်းပွဲကျင်းပခြင်း။

အောက်တိုဘာလ , ၄, ၂၀၂၂။

အောက်တိုဘာလ (၃)ရက်နေ့ ဒေသတွင်းတစ်နေရာတွင် ကျွန်တော်တို့ MBPDF B-02 တပ်ရင်း ရဲဘော်များအားလုံးစုစည်းကာ
ရိုးရာဓလေ့ မင်္ဂလာ ချည် ပေးခြင်း နှင့်
စုပေါင်းဆုတောင်းပွဲ ကျင်းပခြင်းပြုလုပ်ခဲ့ပါသည်။

မနက် ၉ နာရီအချိန်တွင် ရဲဘော်များအားလုံး စုပေါင်းကာ မီးစ္ဆားတရားဆုတောင်းပွဲများ ကျင်းပခဲ့ပါသည်။
ထိုနောက် ဓလေ့ရိုးရာ ချည်ပေးအပ်ရာတွင်
ခုနှစ်ရွှာရှိ အသက်ကြီးရွှယ်အို ခုနှစ်ပါးကို ပင့်ဆောင်ကာ ရဲဘော်များ ဘေးအန္တာရာယ် ကင်းဝေးလုံခြုံစေရန် နှင့် တိုက်ပွဲများ အောင်မြင်ခြင်း သီးပွင့်များရှိရန်အတွက် ကောင်းကြီးမင်္ဂလာ သြဝါဒ စကားများ မိတ်ကြားကာ ချည်ပေးအပ်ခြင်း အခမ်းအနား အစီအစဥ်များပြုလုပ်ခဲ့ပါသည်။

ကျွန်တော်တို့ MBPDF B-02 သည်
စစ်အာဏာရှင်ကို ချေမှုန်းရာတွင် ခေတ်သစ် နည်းစနစ်ပညာများကို အသုံးပြု တိုက်ပွဲဝင်သလို ၊ ဘိုးဘွားမျာ၏ ရှေးထုံး ရိုးရာ ဓလေ့ များကို မပယ်ပဲ ထိန်းသိမ်းတန်ဖိုးထားကာ တိုက်ပွဲဝင်လျှက်ရှိပါသည်။

ကျွန်တော်တို့ MBPDF B-02သည်ပြည်သူလူထုနှင့် ရပ်တည်ကာ စစ်အာဏာရှင်ကို အဆုံးတိုင်ချေးမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

MBPDF B-02
သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ

ဒီးမော့ဆို အရှေ့ဘက်တစ်နေရာမှာ စပါးနှံပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကန္တာရဝတီတိုင်း(မ်)Website တွင်ဖတ်ရန် - https://bit.ly/3E...
02/10/2022

ဒီးမော့ဆို အရှေ့ဘက်တစ်နေရာမှာ စပါးနှံပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

Website တွင်ဖတ်ရန် - https://bit.ly/3E7YeHO

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကယားလူမျိူးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စပါးနှံ ပူဇော်ပွဲကို အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အောက်တိုဘာလအတွင်း သီတင်းကျွတ်ကာလမှာ ပြုလုပ်ကြတာဖြစ်ပြီး ပေါ်ဦးပေါ်ဖြား သီးနှံတွေကို ရိုးရာနတ်ဖြစ်တဲ့ ဘျာစယ်ဒူ ဖီးသူးလူး ကို အရင်ဆုံး ပူဇော်ပသရတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ကျနော် တို့ ဒီစိုက်ပျိုးရာသီဟာ ဒီ နယုန်လ ကနေ ကျနော်တို့စပြီးတော့ စိုက်ပျိုးတယ်။အဲကနေ့ စိုက်ပျိုးပြီးတဲ့ ကျနော်တို့ ဒီအသီး စပါးတွေပေါ့နော်။ဒီသီးတင်းကျွတ်လကျရင် ကျနော့်ကို ဒီပြန်ပြီးတော့ ကေးထျိုးဘိုး စပါးနှံ ပူဇော်ပွဲဆိုတာ ကျနော်တို့ ပြန်လုပ်ရတယ်။ဘာလို့ လုပ်ရသလဲဆိုတာ ကျနော်တို့ ထွက်ပေါ်လာတဲ့ ဒီစပါးလေးတွေကို ကျနော်တို့ ဘျာစယ်ဒူ ဖီးသူးလူး ကနေပြီးတော့ ဦးစွာ ကျနော့်ကို တိုင်တည်ပြီးတော့ ပူဇော်ပသ ရခြင်းဖြစ်ပါတယ်" လို့ ကျေးရွာသားတစ်ဦး ကပြောပါတယ်။

စပါးနှံပူဇော်ပွဲဟာ ကြက် (၃) ကောင်နဲ့ ကြက်ရိုးထိုး ပူဇော်ကြပြီး ဝက်ထီး (၁) ကောင်လည်း ပါဝင်ပါတယ်။ ကယားရိုးရာအရ ထွက်လာတဲ့ ကြက်ရိုးကို ကြည့်ပြီးတော့မှ အနာဂတ်ကို ကြိုဖတ်ကြတာလို့ သိရပါတယ်။ ကြက်ရိုးရဲ့ အဖြေအရတော့ ရပ်ရေးရွာရေးအတွက် အနာဂတ်ဟာ အနည်းငယ် စိုးရိမ်ပူပန်မှုရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စပါးနှံ ပူဇော်ပွဲဟာ ကယားလူမျိူးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သီးတင်းကျွတ်လ ဆန်းကနေ လဆုတ် မတိုင်ခင်အထိ ကျင်းပ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။

-------------------------------------------------------
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times
Kantarawaddy Times App - https://play.google.com/store/apps/details?id=com.mmhash.kantarawaddytimesnews&fbclid=IwAR0v5dTTpwjHbWpfgxrdnHNd8Abq04Qv5RdG355asrSD5vkvPJHdmovUG6Q

စက်တင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းမှာ လွိုင်ကော်လေဆိပ်ကို ဆင်းသက်လာတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှုဟာ စစ်ကောင်စီမှ KNPP နဲ့...
01/10/2022

စက်တင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းမှာ လွိုင်ကော်လေဆိပ်ကို ဆင်းသက်လာတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှုဟာ စစ်ကောင်စီမှ KNPP နဲ့ PDF အဖွဲ့အစည်းအမည်ကို သက်သေမရှိဘဲ အမည်ဖျက်ရန် လုပ်ကြံမှုသက်သက်ဖြစ်တယ်လို့ KNPP သဘောထားထုတ်ပြန်။

"စက်တင်ဘာလအတွင်း ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံး၊ နေအိမ် ၁၀၀ ကျော်ပျက်စီးကာ အရပ်သား ၂၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရ...
01/10/2022

"စက်တင်ဘာလအတွင်း ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံး၊ နေအိမ် ၁၀၀ ကျော်ပျက်စီးကာ အရပ်သား ၂၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိ"

◼️စက်တင်ဘာလအတွင်း ကရင်နီပြည်နယ်၏ တိုက်ပွဲဆိုင်ရာ အချက်အလက်များ

🔸တိုက်ပွဲဖြစ်ပွားမှု
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်များမှာ တိုက်ပွဲများပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တလအတွင်း ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပြီး ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တလတာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀၀ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

🔸လေကြောင်းတိုက်ခိုက်မှု

စစ်ကောင်စီက စက်တင်ဘာ ၉ ရက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ စက်တင်ဘာ ၁၀ ရက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် အသီးသီးပြုလုပ်ခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုများအတွင်း မိုးဗြဲမြို့ပေါ်က လူနေအဆောက်အအုံ ၁၀၀ ထက်မနည်း ပျက်စီးခဲ့ရပါတယ်။

🔸အရပ်သား သေဆုံးမှု

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကရင်နီပြည်နယ်မှာ အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့ ပဋိပက္ခများကြောင့် လက်နက်မဲ့ အရပ်သား ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ဖယ်ခုံမြို့နယ်မှာ အရပ်သား သေဆုံးမှု အများဆုံးဖြစ်ပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သား ၁၂ ဦး အနက် အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၃ ဦး ပါဝင်ပြီး ကျန် ၃ ဦးမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်များ ဖြစ်ကြပါတယ်။ အရပ်သား ၁၀ ဦးဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးများ ထိမှန်သေဆုံးခဲ့တာ ဖြစ်ပြီး ၂ ဦးကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ အရပ်သားသေဆုံးမှု အချက်အလက်အသေးစိတ်ကို ဖော်ပြပါ ဇယားမှာ အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါတယ်။

🔸အရပ်သားထိခိုက်မှု

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကရင်နီပြည်နယ်မှာ အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့ ပဋိပက္ခများကြောင့် လက်နက်မဲ့ အရပ်သား ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖယ်ခုံမြို့နယ်မှာ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားဦးရေ အများဆုံးဖြစ်ပြီး ၁၇ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ အရပ်သား ၄ ဦးနဲ့ လွိုင်ကော်မြို့နယ်မှာလည်း အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သား ၂၃ ဦးအနက် အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၄ ဦး ပါဝင်ပါတယ်။ ၂၃ ဦးအနက် ၃ ဦးဟာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းများ နင်းမိခဲ့တာ ဖြစ်ပြီး ကျန်သူများကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

🔸ရဲဘော်ကျဆုံးမှု

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း ကရင်နီပြည်နယ်မှာ တော်လှန်ရေးရဲဘော် ၁၉ ဦး ထက်မနည်း ကျဆုံးခဲ့ပါတယ်။ ဖယ်ခုံမြို့နယ်မှာ ရဲဘော် ၉ ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ ၈ ဦး နဲ့ လွိုင်ကော်မှာ ၂ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
▪️စက်တင်ဘာ ၈ ရက်က ဝါရီဆူးဖလိုင်ရွာကနေ အင်အား ၄၀၀ ခန့်နဲ့ ထွက်လာပြီး မိုးဗြဲမြို့ ကတ်သလစ် ဘုရားကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီရဲ့ တပ်မ ၆၆ နဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ စက်တင်ဘာ ၁၂ ရက်အထိ ၅ ရက်တိုင် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း URF က ရဲဘော် ၂ ဦး နဲ့ ဖယ်ခုံ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၁၉ ရက် မနက် ၂:၁၅ အချိန်ခန့်မှာ စစ်ကောင်စီဟာ မိုးဗြဲမြို့အတွင်း ပြန်လည်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်အထိ ၅ ရက်တိုင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိုးဗြဲ PDF က ရဲဘော် ၅ ဦး ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၂၆ ရက် ည ၆နာရီခန့်မှာ ဖယ်ခုံ PDF တပ်ရင်း၂ က ရဲမေတဦး ပစ္စည်းများသယ်ယူစဥ် မတော်တဆ လှေနစ်မြုပ်ကာရေနစ်သေဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာလအတွင်း DMO PDF က ရဲဘော် ၄ ဦး ကျဆုံးခဲ့လို့ ထုတ်ပြန်ထားပါတယ်။
▪️စက်တင်ဘာ ၉ ရက်က ဒီးမော့ဆို၊ ကုန်းသာမှာ စစ်ကောင်စီနဲ့ DMO PDF တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ညတိုက်ပွဲအတွင်း DMO PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီအချိန်ခန့်က DMO PDF ရဲမေတဦး ဖြစ်တဲ့ မဇယ်ရာမီးနာဟာ ဒီးမော့ဆိုရှေ့တန်းကို ဆေးကုသမှုပေးနိုင်ရန် သွားရောက်ခဲ့ပြီး ပြန်လာစဥ်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ကျဆုံးခဲ့ရပါတယ်။
▪️စက်တင်ဘာ ၂၄ ရက်မှာပဲ DMO PDF (၁၁၀၇ တပ်ရင်း စစ်ကြောင်းမှူး) ရဲဘော်တဦး ခေါက်ပလော့ ကျေးရွာအနီးမှာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၁၇ ရက်က လွိုင်ကော်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF B 02 ရဲဘော်တဦးဖြစ်တဲ့ ရဲဘော် မိုးဇက်ဟာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရပါတယ်။
▪️စက်တင်ဘာ ၁၈ ရက်က KNDF တပ်ရင်း ၁၄ က ရဲဘော်တဦးဖြစ်တဲ့ ခူးပေါလူညေးရယ်ဟာ လွိုင်ကော်ရှေ့တန်းတိုက်ပွဲတခုမှာ ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၂၂ ရက်က ဒီးမော့ဆိုရှေ့တန်း တိုက်ပွဲအတွင်း KNDF B 10 ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၂၄ ရက်က အို့ခူးရီ ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ KA KNDF PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဆိုပါတိုက်ပွဲအတွင်း KNDF B 01 ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။
▪️စက်တင်ဘာ ၂၆ ရက်က ဒီးမော့ဆို၊ ကုန်းသာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KRU နဲ့ DMO PDF တပ်ရင်း A တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ KRU ရဲဘော်တဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး စက်တင်ဘာ ၂၇ ရက် မနက် ၁၀း၂၅ နာရီမှာ ကျဆုံးခဲ့ပါတယ်။

🔸နေအိမ်ပျက်စီးမှု

စက်တင်ဘာ ၁ ရက်မှ ၃၀ ရင်အထိ အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခများကြောင့် ကရင်နီပြည်နယ်အတွင်း အရပ်သား နေအိမ် ၁၀၃ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။ ယင်းအနက် သာသနာရေးအဆောက်အဦ အနည်းဆုံး ၂ လုံး ပါဝင်ပါတယ်။
▪️စက်တင်ဘာ ၇ ရက်က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းဝန်းထဲက ကျောင်းဆရာမရဲ့ နေအိမ် ပျက်စီးခဲ့ပါတယ်။
▪️စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက လွိုင်ကော်မြို့နယ် စက်မှုဇုန်အတွင်းရှိ အရပ်သားနေအိမ် ၁ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့ပါတယ်။
▪️စစ်ကောင်စီက စက်တင်ဘာ ၉ ရက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ စက်တင်ဘာ ၁၀ ရက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် အသီးသီးပြုလုပ်ခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုများအတွင်း မိုးဗြဲမြို့ပေါ်က လူနေအဆောက်အအုံ ၁၀၀ ထက်မနည်း ပျက်စီးခဲ့ရပါတယ်။
▪️စက်တင်ဘာ ၂၈ ရက် ည ၉:၁၀ အချိန်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာတရွာကို စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကျေးရွာအတွင်းက နှစ်ခြင်းဘုရားကျောင်းထိခိုက်ပျက်စီးပြီး ၁၇ နှစ်အရွယ် ယောကျ်ားလေးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

🔸တိုးလာသော နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်

စက်တင်ဘာ ၈ ရက်က စတင်ပြီး စစ်ကောင်စီဟာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မိုးဗြဲဒေသခံ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

ယခုဖော်ပြပါအချက်အလက်များဟာ လွတ်လပ်သော သတင်းမီဒီယာများမှ ဖော်ပြထားတဲ့ အချက်အလက်များနဲ့ တပ်ရင်းတပ်ဖွဲ့များရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်များကို Karenni's Voice အဖွဲ့သားများက လက်လှမ်းမီသမျှ စုဆောင်းထားခြင်း ဖြစ်ပါတယ်။ မြေပြင်မှာ ယခုဖော်ပြချက်ထက်ပိုပြီး အရေအတွက် များပြားနိုင်ပါတယ်။

▪️Karenni's Voice

Address

Yishun

Telephone

+959754387557

Website

Alerts

Be the first to know and let us send you an email when We Stand With Karenni -SG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to We Stand With Karenni -SG:

Videos

Share


Other News & Media Websites in Yishun

Show All