Htwe

Htwe Success is not your happiness. If you love what you do, happiness is your true success 👸👸👑

ပူလို့ရေထဲခုန်ချမယ်ဆို ဆွဲပေးထားသူလေး😍😍🥰😘😘
18/02/2024

ပူလို့ရေထဲခုန်ချမယ်ဆို ဆွဲပေးထားသူလေး😍😍🥰😘😘

13/02/2024

ရောက်လေရာအရပ်က အမှတ်တရ

 #လူတစ်ယောက် တော်တာကသူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။ အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင် အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မ...
12/02/2024

#လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။

အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာ
လူတစ်ယောက်က တော်တယ်ဆိုရင် အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား”
ဆိုပြီး တချို့ကမေးကျတယ်။
အဖြေက “မဟုတ်ပါဘူး။”

တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်း လေ့ကျင့်လို့၊
* အရာမှန်သမျှ သင်ယူလေ့လာလို့၊
* သူများထက် ပိုဖတ်လို့ ၊
* သူများထက် ပိုကြည့်လို့၊
* သူများထက် ပိုကြုံတွေ့ရလို့၊
* သူများထက် ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကို သူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။
ဒါဆိုရင် နောက်မေးခွန်းတစ်ခုက
“ပါရမီက တကယ်ရှိလား”လို့ မေးလိမ့်မယ်။
အဖြေက “တကယ်ရှိပါတယ်။”
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကို
အကြောင်းပြချက်မရှိပဲ အရာတစ်ခုကို
နှစ်သက်အောင် လုပ်ပေးရုံပဲရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီအရာကိုအာရုံစိုက်ပြီး
လုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို
ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။

ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။

ဒါကြောင့် ဘယ်အရာမဆို ကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်မှ အဲ့ဒီအရာအပေါ် တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။
လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။

ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။

အဲ့ဒီကနေ ကျွန်တော်တို့လူတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာ လျှောက်ရမှာပါ။

သူများလို မလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
“ “ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။” ”
ဒါကြောင့်
တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။

ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ
"သူဘာဖြစ်လို့ တော်တာလဲ?”
ဆိုတဲ့မေးခွန်းကို ထုတ်ထားလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အဖြေကတစ်ခုပဲရှိပါတယ်။

“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

credit ,နည်စနစ်ကျကျ အတွေးအခေါ်

11/02/2024
10/02/2024

ရုတ်တစ်ရက်အခြားတယောက်အတွက်နဲ့များ ဒီတိုင်းလမ်းခွဲကျတာ တန်ရဲ့လားးးး

06/02/2024

I made this amazing video 😍😍🥰

I want to live my life among these flowers forever🌸🌺🌺💐💐🌷
28/01/2024

I want to live my life among these flowers forever🌸🌺🌺💐💐🌷

28/01/2024

လျောက်လည်မယ် ဒီနေ့

24/01/2024

Watch, follow, and discover more trending content.

24/01/2024

သာသာယာယာလေးပါပဲ😍😍တရုတ်အဖိုးကြီးစိုက်ထားတဲ့ငရုပ် ရှယ်သီးနေတာ 😄😄

❝ အချစ်ပျောက်ရှာသူ ဖြစ်နေရင်…❞ လူတွေက… အချစ်ဆိုတာ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ခံစားချက်လို့ ပြောကြတယ်။💛ဒါပေမဲ့ ကိုယ်ချစ်တဲ့...
22/01/2024

❝ အချစ်ပျောက်ရှာသူ ဖြစ်နေရင်…❞

လူတွေက… အချစ်ဆိုတာ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ခံစားချက်လို့ ပြောကြတယ်။💛

ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကိုရဖို့ဆိုရင်တော့
သူ့ဘက်က ခံစားချက်တွေ ယိုဖိတ်လာမဲ့အချိန်ကို
ထိုင်စောင့်နေရုံနဲ့ မရဘူး။
ကိုယ့်ဘက်ကလဲ နည်းနည်းလေးတော့ ကြိုးစားအားထုတ်မယ်မလား။

တကယ်လို့ စာဖတ်ချစ်သူက အချစ်ကို စိတ်မဝင်စားလို့
တစ်သက်လုံး single ဘဝနဲ့ နေမယ်ဆိုရင်တော့
နေကြပါ…။ ဒါကကိုယ့်ရွေးချယ်မှုပဲ။

ဒါပေမဲ့ ချစ်သူရချင်ပါလျက်နဲ့
ချစ်သူမရနိုင်ဖြစ်နေတယ်၊
ဒါမှမဟုတ် အခုချစ်သူနဲ့အဆင်မပြေလို့
နောက်ချစ်သူပြောင်းထားဖို့ စဉ်းစားနေတယ်ဆိုရင်တော့
အခု ပြောတာလေးတွေကို လိုက်လုပ်ကြည့်ပါ။

တကယ်တော့…
အချစ်ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးတည်ဆောက်ယူလို့ ရပါတယ်။
အဲဒီလို ဖန်တီးထားတဲ့အချစ်ကို Intentional love လို့ခေါ်ပြီး
ဒီလိုအချစ်မျိုးက ရေရှည်မှာလဲ မြဲတယ်။

ဒါဆို အဲဒီ Intentional love ကို ဘယ်လိုတည်ဆောက်ကြမလဲ❓

အချစ်ကိုတည်ဆောက်ဖို့…
ပထမဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ maximizer နဲ့ satisficer ဆိုပြီး နှစ်မျိုးရှိပါတယ်။

ကိုယ်ကအရာရာကို perfect ဖြစ်ချင်တဲ့ maximizer လား❓
ကိုယ့်အတွက်အဆင်ပြေတယ်ဆိုရင် လက်ခံလိုက်တဲ့ satisficer လား❓
ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေဖို့ လိုပါတယ်။

Maximizer တွေက ချစ်သူကို ပေတံအမျိုးမျိုးနဲ့တိုင်းပြီး ရွေးချယ်တတ်ကြတယ်ဗျ။
ဒါပေမဲ့ satisficer တွေကျတော့ ကိုယ့်ချစ်သူက
စင်းလုံးချောဖြစ်မနေလဲ ချစ်သူကို အပြည့်အဝလက်ခံနိုင်ကြတယ်။

ဒါကြောင့် ကျွန်တော်အကြံပေးချင်တာက
ကိုယ်တိုင်က maximizer ဖြစ်နေရင် satisficer ဖြစ်သွားအောင်
ကိုယ့်ကိုယ်ကိုယ် အသွင်ပြောင်းပေးလိုက်ဖို့ပါပဲ။

အသွင်ပြောင်းဖို့ကိုတော့ ၃၇ ရာခိုင်နှုန်းနည်းကို သုံးရမယ်။
၃၇ ရာခိုင်နှုန်းက ဘယ်လိုလဲဆိုတော့…
ကိုယ့်ဘဝမှာ ပထမဆုံးတွဲခဲ့တဲ့ ချစ်သူတွေရဲ့ ၃၇ ရာခိုင်နှုန်းကို အတည်မကြံဘဲ
အဲဒီနောက်ပိုင်းမှတွေ့တဲ့ လူတွေထဲကနေ အကောင်းဆုံးကိုရွေးတဲ့နည်းပါ။

၃၇ ရာခိုင်နှုန်းတွက်နည်းကို တစ်ခါတည်းပြောပြလိုက်မယ်။

ဥပမာ ကိုယ်က အသက် ၂၈ နှစ်မှာ အိမ်ထောင်ပြုချင်တယ်ဆိုပါတော့…
ချစ်သူစထားတဲ့အရွယ်က အသက် ၁၈၊
ဒါဆိုရင် အိမ်ထောင်ပြုမဲ့အရွယ် ၂၈ ကနေ ချစ်သူစထားတဲ့အရွယ် ၁၈ ကိုနုတ်လိုက်ပါ။
ပြီးရင် ၀.၃၇ နဲ့မြှောက်ပါ။
အဖြေက ၂၁.၇ ရတယ်။
အဲဒီ ၂၁ နှစ်နဲ့ ၇ လဟာ ကိုယ်ချစ်သူအတည်စပြီး ရွေးရမဲ့အသက်အရွယ်ဖြစ်ပါတယ်။

ထွေးအသိနဲနဲနောက်ကျသွားတယ်နော် 😂
အဲအရွယ်ကတည်းက ချစ်သူရည်းစားထားတတ်ရမှန်းမသိခဲ့ဘူး🤫🤫အသက်23မှ အစင်လေးတွေချောမှန်းငေးကြည့်တတ်မိတယ်🤣🤣

အဲတော့… နောက်ထပ်ခွဲခြားပြရမဲ့ အမျိုးအစားတွေက
Romanticizer နဲ့ Hesitater…

Romanticizer တွေကိုတော့ သတိပေးချင်တယ်။
Romanticizer ဆိုတာ ကြည်နူးစရာကောင်းတဲ့ ရိုမန့်တစ်အချစ်ကိုပဲ သဘောကျပြီး
အချစ်ရှိရင် အရာရာပြည့်စုံတယ်လို့ ထင်နေကြသူတွေပါ။
ပြီးတော့ ပြတ်ရင်လဲ သူတို့ထိပ်ဆုံးကပဲဖြစ်ပါတယ်။
အဆင်မပြေလို့ပြတ် နောက်တစ်ယောက်နဲ့တွဲ
နောက်တစ်ယောက်နဲ့လဲ ပြတ်တာပဲ။
သူတို့က အချစ်ဆီက ကြည်နူးမှုပဲ လိုချင်ကြတာ
တကယ်တော့ အချစ်ဆိုတာ ကြည်နူးမှုပဲ ရှိနေတာ မဟုတ်ဘူးလေ။
အရာရာမှာ အတက်အကျရှိပါတယ် ဒါကို ပြန်ပြီးချိန်ညှိဖို့လိုပါတယ်။

ဒီကြားတဲ့ အရာရာကို တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတဲ့ hesitater တွေကလဲ ရှိသေးတယ်။

အားလုံးကို တစ်ခုသတိပေးချင်တာက
ဘယ်လောက်ခိုင်မာတဲ့ relationship ပဲ ဖြစ်နေပါစေ၊
ပြည်လည်ချိန်ညှိမှုလုပ်ဖို့ လိုကိုလိုပါတယ်။
အဲဒီလိုမှမလုပ်ရင် တစ်ချိန်ချိန်မှာ ပြတ်သွားမှာပါပဲ။

ဒီတော့ ကိုယ့်ရဲ့အနာဂတ်ဖူးစာဖက်ကို ဘယ်လိုရှာဖွေမှာလဲ❓
ဘယ်လိုလူမျိုးက ကိုယ်နဲ့သင့်တော်မလဲ❓
အဲဒီလူတွေနဲ့ ဘယ်လိုတွေ့ဆုံမှာလဲ❓
အချစ်ရေးအပြောင်းအလဲတွေနဲ့ လှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်ရမလဲ❓
ရေရှည်ပျော်ရွှင်ရမဲ့အချစ်ရေးကို ဘယ်လိုတည်ဆောက်မလဲ❓
ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့လူနဲ့ ဘယ်လိုလမ်းခွဲမလဲ❓
မေးခွန်းတွေ အများကြီးဖြစ်လာပါပြီ။

ဒါပေမဲ့ တစ်ခုကောင်းတာက…
မေးခွန်းတွေ များလွန်းပေမဲ့
ဒီမေးခွန်းအားလုံးရဲ့အဖြေကို
ပြည့်ပြည့်စုံစုံရေးသားဖော်ပြထားတဲ့ မြန်မာဘာသာပြန်ထားပြီး စာရေးသူ Logan Ury ရေးသားထားတဲ့
How to Not Die Alone ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ခဲ့ရပါတယ်။
ထွေးစာအုပ်ဖတ်ပြီးအခုမျှဝေပေးလိုက်တဲ့စာတွေစိတ်၀င်စားတယ်ဆိုရင် အဲအဖြေကို သိချင်သူတွေရှိခဲ့ရင် comments မှာ အဖြေ လို့ ရေးခဲ့ပေးပါ ထွေးထပ်မျှဝေပေးပါ့မယ်ရှင့်။ အားလုံးကိုကျေးဇူးတင်ပါတယ် ။
ယခုစာဖတ်နေတဲ့မိတ်ဆွေဟော ☺️FAတွေများဖြစ်ခဲ့သေးရင် ကိုယ့်ဖူးစာရှင်ကို မှန်အောင်ရွေးချယ်နိုင်ကျပါစေ။💝💝💝💞💞

21/01/2024

သူတို့လေးတွေနဲ့ပဲတနေ့ပြီးတနေ့ဖြတ်သန်းနေရတာပေါ့းးးသူတို့လေးတွေရှိလို့ ကိုယ့်ရဲ့မွေးရပ်မြေရဲ့သဘာ၀ခံစားချက်လေး ရစေပါတယ် 🥰🥰😍😍😘😘

21/01/2024

တ၀်းလားလား
ထာရက်ခရား တငဲးနားတ၀်းဒွုမ် သေလို့လဲဥ်းတဲ့ရို🤣🤣🤣🤣

❝ ကြိုးစားမကြည့်ဘဲနဲ့ အကြောင်းပြချက်တွေ မပေးစမ်းပါနဲ့❞ “ငါကတော့ ဘာဖြစ်ချင်တာ၊ ဒါပေမဲ့ …” ဆိုတဲ့စကားကိုသူများပြောတာ ကြားဖ...
18/01/2024

❝ ကြိုးစားမကြည့်ဘဲနဲ့ အကြောင်းပြချက်တွေ မပေးစမ်းပါနဲ့❞

“ငါကတော့ ဘာဖြစ်ချင်တာ၊ ဒါပေမဲ့ …” ဆိုတဲ့စကားကို
သူများပြောတာ ကြားဖူးကျမှာပါ။
“ဒါပေမဲ့…” ရဲ့နောက်မှာ မပြည့်စုံမှုတွေ တန်းစီပြောမှာကိုလဲ
ကြိုသိနေတယ်မလား။
ဒီတော့ ကိုယ့်အလှည့်ကျ သူတို့နဲ့မတူဘဲ
“ငါကတော့ ဘာဖြစ်ချင်တာ၊ အဲဒါကြောင့်…” လို့
ပြန်ပြောနိုင်အောင် ကြိုးစားပါ။

ရေကူးချန်ပီယံဖြစ်ချင်ရင် ရေကူးတတ်အောင်လုပ်ပြီး
ချန်ပီယံဖြစ်အောင် ကြိုးစားရပါ့မယ်။
ကိုယ်က ဘာမှမလုပ်ဘဲနဲ့တော့ ဘယ်သူကမှ
ချန်ပီယံဆုတံဆိပ်ကြီး လာကပ်မပေးဘူး
ချန်ပီယံဆိုတာ ‘မင်းပြီးရင် ငါ့အလှည့်’ ဆိုပြီး
အလှည့်ကျနဲ့ရတဲ့အရာ မဟုတ်ဘူး။

အလုပ်လိုချင်ရင်လဲ အလုပ်ခေါ်စာတွေ ဖတ်ပြီး
အလုပ်လျှောက်ရမယ်။
အိမ်မှာငုတ်တုတ်ထိုင်နေရုံနဲ့ ကိုယ့်အရည်အချင်းကို ဘယ်သူကမှ မသိသလို
ဘယ်အလုပ်ရှင်ကမှလဲ အိမ်ထိလာခေါ်မှာ မဟုတ်ဘူး။

လုပ်ငန်းခွင်ဝင်ရပြီဆိုရင်လဲ
အလုပ်မှာ ရာထူးတက်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ?
ကိုယ့်အထက်ကလူ အလုပ်ထွက်သွားအောင် စောင့်နေမှာလား
မထွက်ဘူးဆိုလဲ ‘သူရာထူးတက်ရင် သူ့အောက်ကငါလဲ လိုက်တက်မှာပဲ’ လို့ တထစ်ချတွေးပြီး
အခွင့်အရေးကို ထိုင်စောင့်နေမှာလား။ .. လုံး၀ မထင်လိုက်ပါနဲ့ မင်းအတွေးမှားသွားမယ်
ကိုယ်က အခွင့်အရေးကို ထိုင်စောင့်နေတဲ့အချိန်မှာ
သူများက အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးနေပြီ။
နောက်ဆုံးမှာ ကိုယ့်အတွက် ဘာမှ ကျန်လိုက်မှာ မဟုတ်ဘူး။

အခွင့်အရေးရောက်လာမှသာ ထလုပ်ကြကြေးဆို
John Paul DeJoria က ဆံပင်နဲ့ဆိုင်တဲ့ ထုတ်ကုန်တွေထုတ်တဲ့
John Paul Mitchell Systems (JPMS) ရဲ့ တည်ထောင်သူ ဖြစ်လာမှာ မဟုတ်ဘူး

John Paul DeJoria ဆိုရင် ငယ်ငယ်က
ကလေးပြုစုစောင့်ရှောက်ရေးဂေဟာမှာ နေခဲ့ရပြီး
အသက် ၉ နှစ်ကျမှ အမေက အိမ်ပြန်ခေါ်ထားလို့
အဲဒီ အသက် ၉ နှစ်အရွယ်မှာကတည်းက မိသားစုကိုထောက်ပံ့ဖို့အတွက်
အစ်ကိုနဲ့အတူတူ တစ်အိမ်ဝင်တစ်အိမ်ထွက် ခရစ္စမတ်ကတ် လိုက်ရောင်းခဲ့ရတာပါ။
သူ့ဘဝမှာ ကုန်ကားလဲ မောင်းခဲ့ရသလို သန့်ရှင်းရေးလဲ လုပ်ခဲ့ရဖူးတယ်။
သူ့ဘဝက ဘာမှမရှိတဲ့ သုညကနေ စခဲ့ရတာပါ။

ပြီးတော့ ကျွန်မတို့အားလုံးနီးပါး သိကြတဲ့
နောက်ထပ်လူတစ်ယောက်လဲ ရှိပါသေးတယ်။
Apple ရဲ့ တည်ထောင်သူ Steve Jobs ပါ။
သူသာ အခွင့်အရေးကို ထိုင်စောင့်နေခဲ့ရင်
Apple ဆိုတာလဲ ရှိလာမှာ မဟုတ်ပါဘူး။

သူတို့တွေ ဒီလိုအောင်မြင်လာတာက
အခွင့်အရေးကို ထိုင်စောင့်မနေဘဲ
ကိုယ်တိုင် ဖန်တီးခဲ့ကြလို့ပါ။

အခွင့်အရေးကို ဖန်တီးတဲ့သူတွေမှာ
အားကောင်းတဲ့စွမ်းအားတစ်ခု ရှိပါတယ်။
အဲဒါဘာလဲဆိုတော့…
အခွင့်အရေးကို ဆွဲဆောင်နိုင်စွမ်းပါ။
အခွင့်အရေးဆိုတာ ကိုယ်က စပြီးဖန်တီးလိုက်တာနဲ့
သူတို့ကိုယ်တိုင်က ကိုယ့်ဆီကို လိုလိုလားလား လာချင်နေတော့တာပါပဲ။

ဒီတော့ စကားတွေအများကြီး မပြောချင်ဘူး။
တစ်ခွန်းပဲ ပြောမယ်။
"ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး"
ဟုတ်တယ်မလား။
➖➖➖➖➖➖➖
📌နှစ်သစ်မှာ Skills အသစ်တွေကို
လေ့လာရင်းကိုယ့်ရဲ့ ဘဝကို
တိုးတက်စေနိုင်မဲ့ စာတွေ ဖတ်ပါ

ရင့်ကျက်သင့်တဲ့အသက်အရွယ်တစ်ခုကိုငါတို့ရောက်လာခဲ့ကြပြီ ။လက်ခံသင့်တဲ့အရာတွေရှိလာတယ် ။ငြင်းဆန်ရမယ့်အရာတွေလည်း သိလာတယ် ။ပြီး...
16/01/2024

ရင့်ကျက်သင့်တဲ့အသက်အရွယ်တစ်ခုကို
ငါတို့ရောက်လာခဲ့ကြပြီ ။
လက်ခံသင့်တဲ့အရာတွေရှိလာတယ် ။
ငြင်းဆန်ရမယ့်အရာတွေလည်း သိလာတယ် ။
ပြီးတော့ လက်လွှတ်ရမယ့်အရာတွေ ရှိလာတယ် ။

တချို့သောဖြစ်ရပ်တွေက မကြုံဆုံချင်ပေမယ့်
တကယ်ကို ဖြစ်ပျက်လာခဲ့ကြတယ် ။
ဖြစ်စဥ်တွေတိုင်းမှာ ငါတို့ လက်ခံရမယ့်
အမှန်တရားတစ်ခုတော့ ရှိနေတတ်တယ်လေ ။
အမှန်တရားဆိုတာ အမြဲတမ်းတော့ မချိုမြနိုင်ဘူးမို့လား ။

ဘဝဟာ တစ်နေရာထဲမှာ ရပ်နေတာမျိုးမဟုတ်ဘူး
နာကျင်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်
မပျော်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်
ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိနိုင်တယ်
လမ်းလွဲသွားတဲ့ ရေစက်တွေလည်း ရှိနိုင်တာပဲ ။
ဒါပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ကို ဆက်နေရဦးမှာမို့လေ ။

ချစ်ခြင်းပဲဖြစ်ဖြစ် ၊ မေတ္တာပဲဖြစ်ဖြစ်
နွေးထွေးမှု စစ်စစ်မှန်မှန်လေးတွေပဲ ပေးဖြစ်ခဲ့တယ်
မဆုံလို့ လမ်းလွဲရတဲ့အခါ
လိပ်ပြာသန့်စွာ နှုတ်ဆက်နိုင်သူဟာ
ကိုယ်ပဲ ဖြစ်ချင်တယ် ။

တစ်ယောက်တည်း မွေးဖွားလာပြီး
တစ်ယောက်တည်း လျှောက်လှမ်းလာတဲ့လမ်းတွေပဲ
ငါ တစ်ယောက်တည်းပါပဲ...
ဒါပေမယ့် ပျော်ရွှင်စရာတွေရှာဖွေရင်း
ရှေ့ဆက်လျှောက်လှမ်းသွားရမယ်လေ...။

#တစ်ယောက်ထဲလည်းပျော်ပါတယ်

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။👨‍👩‍👦‍👦👨‍👩‍👧‍👦👨‍👩‍👧👨‍👩‍👦👨‍👩‍👧‍👧👩‍👩‍👧‍👧👩‍👩‍👦👩‍👩‍👧👩‍👩‍👧‍👦👩‍👩‍👦‍👦👨‍👨‍👦‍👦👨‍👨‍👧‍👦👨‍👨‍👧ရုပ်ရည်...
16/01/2024

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။
👨‍👩‍👦‍👦👨‍👩‍👧‍👦👨‍👩‍👧👨‍👩‍👦👨‍👩‍👧‍👧👩‍👩‍👧‍👧👩‍👩‍👦👩‍👩‍👧👩‍👩‍👧‍👦👩‍👩‍👦‍👦👨‍👨‍👦‍👦👨‍👨‍👧‍👦👨‍👨‍👧
ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။

စည်းစိမ်နဲ့လည်း မဆိုင်ဘူး။

ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။

ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။

အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်ဘူး။

လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့
မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပဲ။

မယူခင်က လူကောင်းဖြစ်ပြီး
ယူပြီးခါမှ သုံးစားမရတော့တာဟာ
အိမ်ထောင်ရေးကံ။

မယူခင်က ဆိုးသလောက်
ယူလည်းပြီးရော လူကောင်းဖြစ်လာတာ
အိမ်ထောင်ရေးကံ။

လူတစ်ယောက် ပြောင်းလဲလာဖို့
ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ဘူး။

ဘယ်သူမှ ဝင်မပြုပြင်နိုင်ဘူး။
ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊
အားထုတ်ခြင်း မရှိသ၍
ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့
နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲ
တွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။

ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို
အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါပဲ။

အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကိုလည်း
နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ
လုံးဝ မပြောသင့်ဘူးပေါ့။

သူကြိုးစားခဲ့ရတာ သူအသိဆုံး၊
သူနာကျင်ရတာလည်း သူသာ အသိဆုံးပါ။
လူသားစင်စစ် ကာယကံရှင် မပြောနဲ့
ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ
အိမ်ထောင်ရေးကံပါပဲ။

မျက်ရည်ကျတဲ့အခါ သုတ်ပေးပြီး
တုန်ရီနေတဲ့အခါ ထွေးပွေ့လို့
အထီးကျန်နေတဲ့အခါ
အတူရှိနေပေးရုံကလွဲရင်
ဘယ်အရာနဲ့မှ ထပ်မနာကျင်စေသင့်သူတွေပါ။

16/01/2024

အစ်မနဲ့သွားဆုံစလေး

ခုတလောဘာမှ သိပ်မစားဖြစ်ဘူး 🤣🤣🤣🤣🤣🤣
15/01/2024

ခုတလောဘာမှ သိပ်မစားဖြစ်ဘူး 🤣🤣🤣🤣🤣🤣

ဒီကနေ့ အ❣️တုံး အသဲကလီစာလေးတွေနဲ့ ဆုံတုန်းလေးတစ်ခဏသာဆိုပေမဲ့ Forever memories love you all
14/01/2024

ဒီကနေ့ အ❣️တုံး အသဲကလီစာလေးတွေနဲ့ ဆုံတုန်းလေးတစ်ခဏသာဆိုပေမဲ့ Forever memories love you all

ဘယ်နေရာ ဘယ်ဒေသကလာတယ် ဘယ်မိသားစုက မွေးဖွားတယ်ဆိုတာ ကိစ္စ မရှိ။ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ပေါ်မှာ ပြင်းထန်တဲ့ စိတ်သာရှိဖို့လိ...
13/01/2024

ဘယ်နေရာ ဘယ်ဒေသကလာတယ် ဘယ်မိသားစုက မွေးဖွားတယ်ဆိုတာ ကိစ္စ မရှိ။

ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ပေါ်မှာ ပြင်းထန်တဲ့ စိတ်သာရှိဖို့လိုတယ် ဆင်းရဲတာတွေ လူတွေလှောင်တာတွေ ရုပ်မလှတာတွေက ဘယ်တော့မှ အကြောင်းပြချက်တွေ ဖြစ်မလာဘူး။

ဘယ်အရာကမှ မရပ်တန့်နိုင်ဘူး။
အဲ့တော့ အကြောင်းပြချက်တွေနဲ့ သိမ်ငယ်ပြီးကျန်ခဲ့မလား အဆုံးထိ ဘဝကို ကြိုက်သလို ဖန်တီးမလား
မင်းကြိုက်တာရွေး မိတ်ဆွေ ။

သေချာတာ တစ်ခုကတော့ လက်မလျော့သူတို့အတွက် အဆုံးမှာ အကောင်းဆုံးအရာတွေရှိတယ်
အဲ့အရာကပဲ အကောင်းဆုံးတွေကို ဖန်တီးပေးလိမ့်မယ်။

ညီမလေးများသို့/“အချေနိုင်ဆုံးမိန်းမ”*******************👸မိန်းမတွေဆိုတာကိုယ့်အိပ်မက်တွေကိုအကောင်အထည်ဖော်တတ်ရမယ်ကိုယ့်အိပ်...
13/01/2024

ညီမလေးများသို့/

“အချေနိုင်ဆုံးမိန်းမ”
*******************
👸မိန်းမတွေဆိုတာ
ကိုယ့်အိပ်မက်တွေကို
အကောင်အထည်ဖော်တတ်ရမယ်
ကိုယ့်အိပ်မက်တွေရဲ့
ရည်ရွယ်ချက်တွေကို
လက်တွေ့ဖန်တီး တည်ဆောက်နိုင်ရမယ် ...

👸ယောင်္ကျားတစ်ယောက်ကို
အားကိုးမှီခိုဖို့စိတ်ကူးမျိုးမရှိပဲ
ကိုယ့်ဘဝကို
ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်တဲ့
မိန်းမတွေက
လေးစားစရာအကောင်းဆုံးပါပဲ ...

👸ယောင်္ကျားတစ်ကာ
စိတ်ဝင်စားလာရအောင်
အလှအပအတွက်ပဲ
အချိန်ကုန်နေတဲ့ မိန်းမမျိုးတွေကို
အားကျအတုယူပြီး
အချိန်တွေကို ဖြုန်းတီးမပစ်ဘဲ
တော်တဲ့၊ ထက်မြတ်တဲ့မိန်းမမျိုးတွေနဲ့သာ
ရင်ဘောင်တန်းနိုင်တဲ့
မိန်းမမျိုးဖြစ်အောင်ကြိုးစားရမယ် ...

👸ယောင်္ကျားတစ်ယောက်ကို
ခယအောက်ကျို့ရတဲ့
မိန်းမမျိုးအဖြစ်မခံပဲ
ယောင်္ကျားတစ်ကာက
လေးစားတန်ဖိုးထားရတဲ့
မိန်းမမျိုးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ...

👸ယောင်္ကျားတစ်ယောက်ရှိမှ
ဘဝကိုရပ်တည်ရှင်သန်နိုင်တဲ့
ခပ်ညံ့ညံ့မိန်းမမျိုးတွေကိုကြည့်ပြီး
ယောင်္ကျားမရှိလဲ ကိုယ့်ဘဝကို
အလှဆုံးတည်ဆောက်ပြနိုင်တဲ့
ထက်မြတ်တဲ့ မိန်းမတစ်ယောက်အဖြစ်
ရှိနေနိုင်ရမယ် ...

👸မိန်းမသားဘဝဆိုတာ
ကိုယ်ကိုယ်တိုင်မြင့်အောင်နေမှ
တခြားသူကအမြင့်မှာထားရမှန်းသိမှာပါ ...

👸ဒီတခေါက်မှာ
ဘယ်သူ့ကိုမှမှီခိုစရာမလို
ဘယ်သူ့မျက်နှာမှကြည့်စရာမလိုပဲ
တစ်ယောက်တည်းဘဝကို
ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့
မိန်းမတွေကလောကမှာ
အချေနိုင်ဆုံးပါပဲ ... 💝💝❣️

"  Ikigai "Ikigai ဆိုတာ ဂျပန်ဘာသာစကားက ဘ၀ရဲ့တန်ဖိုး(သို့မဟုတ်) ရှင်သန်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ် အဲတော့*လူဖြစ်တဲ့...
13/01/2024

" Ikigai "

Ikigai ဆိုတာ ဂျပန်ဘာသာစကားက ဘ၀ရဲ့တန်ဖိုး(သို့မဟုတ်) ရှင်သန်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ် အဲတော့

*လူဖြစ်တဲ့ အတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။ လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။

ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။

သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။

ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။ ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။
ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ် ဒါပေမယ့် ဝမ်းနည်းလျှက်နဲ့ရပ်နေလို့မရဘူး ရှေ့ဆက်နေရမယ် လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရပါ့မယ်။

အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက အောင်မြင်ဖို့ခက်တယ်။

အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို အာရုံစိုက်တဲ့သူတွေကပဲ အောင်မြင်သွားကြတာပါ 💪💪💪 Fighting

Address


Telephone

+6585867938

Website

Alerts

Be the first to know and let us send you an email when Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share