Who is she ?
ချောတဲ့တစ်ယောက်က ဘယ်သူလဲ❓
Mg Mg and A song from 90’s
Mg Mg and A song from 90’s "မောင်မောင်နှင့် ၉၀-ခုနှစ် သီချင်းတစ်ပုဒ်"
ဒီသီချင်းကို စကြားဖူးတော့ စိုးလွင်လွင် အခွေထဲကဖြစ်မယ်ထင်တယ်။ 'ကိုမှိုး' နဲ့ 'နောင်' ဆိုတဲ့အဆိုတော်နှစ်ယောက်ကို ခနခနမှားတယ်။ ကျွန်တော် သိပ်မမှီလိုက်တာလဲပါမယ်ထင်တယ်။ အခုတင်လိုက်တဲ့ ဗီဒီယိုကတော့ တီဗီကနေလွှင့်ခဲ့တာဖြစ်မယ်။ မင်းသမီးကိုလည်း ကျွန်တော်မသိပါဘူး။ ကြည့်ရတာ 90's vibe တော့အပြည့်ရပါတယ်။
#music #1990 ##90svibes #mgmg90s80s
1993 Myitkyina
𝟏𝟗𝟗𝟑 𝐌𝐲𝐢𝐭𝐤𝐲𝐢𝐧𝐚
" ၁၉၉၃ ခုနှစ် မြစ်ကြီးနား "
စက်ဘီးတွေများတယ် လိုင်ချီးသီးတွေလည်း တော်တော်ပေါတာတွေ့တယ် တစ်ဆယ်သား 'ငါးကျပ်' ဆိုလားကြားမိတယ်။ ၂၀၀၅ နောက်ပိုင်းမှ မြစ်ကြီးနားရောက်ဖူးတဲ့ ကျွန်တော်အတွက်တော့ ရထားဘူတာတစ်ခုပဲ တူတာရှိတယ်။
#Myitkyina #1993 #mgmg90s80s
𝐁𝐞𝐡𝐢𝐧𝐝 𝐭𝐡𝐞 𝐒𝐜𝐞𝐧𝐞
၁၉၉၀ က ဗီဒီယိုရိုက်ကွင်း၊ မင်းသမီးပိုးတု၊ ဒါရိုက်တာကြည်စိုးထွန်း၊ မတူး၊ သက္ကသိုလ်ဂွမ်းပုံ
#1990 #bts #movie #mgmg90s80s
မောင်မောင်နှင့်ငယ်ဘ၀ အမှတ်တရ တီဗီကြော်ငြာများ
📽 မောင်မောင်နှင့် ငယ်ဘ၀အမှတ်တရ တီဗီကြော်ငြာများ 📽
ဟိုတုန်းကတော့ တီဗီကလာတဲ့ကြော်ငြာတွေလည်း တစ်ခုတ်တရကြည့်ခဲ့ရတာပဲ။ ဒီအခွေတွေပြန်ကူးတော့ အဖွားအိမ်က တီဗီသေးသေးလေးရှေ့မှာ လူတွေအများကြီး ထိုင်ကြည့်ခဲ့တာကိုပြန်သတိရမိတယ်။
"သားကတော့ ဒီလိုပဲကော်စားပလိုက်တာပဲ" ဆိုလား အိုဗာတင်လား မိုင်လိုကြော်ငြာလား လာရင် အဖွားဆီကန်တော့ထားတဲ့ ဘူးတွေထဲက ခိုးစားဖို့ မျက်စောင်းထိုးတော့တာပဲ။ 😁😁
တီဗီကြော်ငြာတွေမှာလည်း ဆိုင်ရာဆိုင်ရာ အမှတ်တရတွေက အများသားမို့လား။
#oldmemories #1999 #2000 #mgmg90s80s
လမ်းမှာစားဖို့ ဘာဝယ်ကျဦးမလဲ❓
၁၉၈၉ က ရန်ကုန်-ပြည်လမ်းပိုင်းတစ်နေရာမှာပါ။ ရေအိုးလေးတွေရွက်ပြီး သောက်ရေရောင်းနေတာက ၁၉၈၀ ကျော်က ပုံစံထင်ပါတယ်။
#1989 #oldmemories #mgmg90s80s
1997 ခုနှစ်ကရန်ကုန်အိမ်ခြံမြေဈေးကွက်
#1997 #yangon #realestate #အိမ်ခြံမြေ
𝙁𝒆𝙢𝒂𝙡𝒆 𝒄𝙖𝒓𝙩𝒐𝙤𝒏𝙞𝒔𝙩
🩵 မြန်မာကာတွန်းလောကရဲ့ရှားရှားပါးပါး အမျိုးသမီးကာတွန်းဆရာမ 🩵
#cartoon #myanmarartist #1990
#mgmg90s80s
Behind the Scene
"ရဲကိုကို" ၊ "လင်းဇာနည်ဇော်"
ဒီမင်းသားကြီးရဲ့ကားတွေကိုတော့ ကျွန်တော်လည်း သိပ်မမှီလိုက်ပါဘူး။
🎞 ငရဲကလာသူ ပြာပူမကြောက် 🎞 ဆိုတဲ့ကားတော့ သိနေပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရွာက ဗီဒီယိုရုံလေးမှာ ရုံပွင့်တဲ့အထိ လူတွေကြည့်ကြတာ မှတ်မိနေလို့ပါ။ နောက်ပိုင်းပြန်အပိတ်ခံရ တယ်လို့သိရပါတယ်။ ဘာလို့လဲတော့မသိပါ။
#BTS #movieclips #behindthescenes #1993
#mgmg90s80s
ice water : ရင်ထဲကိုအေးမြသွားမယ့် ရေခဲရေ
#Yangon #water #1990
#mgmg90s80s
𝑴𝒆𝒎𝒐𝒓𝒊𝒆𝒔 𝒐𝒇 𝑼 𝑲𝒉𝒊𝒏𝒆 𝑯𝒕𝒐𝒐
#1990 #vintage #music #mgmg90s80s