The Storyteller

The Storyteller What we talk about when we talk about music.

မျိုးကြီးရဲ့ ဘဝခရီးလမ်း (သို့) ညီလေး 2.0၂၀၂၄ ရဲ့ အကောင်းဆုံးတေး ဘာညာ စာရင်းမပြုစုခင် ဒီနှစ်ထဲ ကျနော် နားထောင်ဖြစ်ခဲ့သမျှ...
02/01/2025

မျိုးကြီးရဲ့ ဘဝခရီးလမ်း (သို့) ညီလေး 2.0

၂၀၂၄ ရဲ့ အကောင်းဆုံးတေး ဘာညာ စာရင်းမပြုစုခင် ဒီနှစ်ထဲ ကျနော် နားထောင်ဖြစ်ခဲ့သမျှ အဂွမ်းဆုံး သီချင်းတစ်ပုဒ်အကြောင်း ပြောချင်ပါတယ်။ ခင်ဗျားက မျိုးကြီးရဲ့ "ညီလေး" သီချင်းကို အရူးအမူး ကြိုက်တဲ့သူဆိုရင်တော့ အောက်က စာကို ဆက်မဖတ်ဖို့ တိုက်တွန်းပါရစေ။

ပွင့်ပွင့်လင်းလင်း ပြောရရင် မျိုးကြီးက ဒီနိုင်ငံက vocalist တွေထဲမှာ ကျနော် အကြိုက်ဆုံး တစ်ယောက်ပါ။ ဒါကြောင့် သူ့သီချင်းတွေနဲ့ ပတ်သက်ရင် expectation ပိုမြင့်တယ်။ ဒါပေမဲ့ I.C မှာ သီချင်းရွေးတာ အညံ့ဆုံးကလည်း မျိုးကြီးပဲ ဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့သီချင်းဆို သူတကာထက် တစ်မျိုးတစ်ဘာသာ ကွဲထွက်နေတတ်သလို ဂွမ်းမိရင်လည်း တော်တော်ဆိုးဆိုး။

ဒီဖက်နှစ်တွေမှာ မျိုးကြီး သီချင်းသစ်တွေ တော်တော် ထွက်တယ်။ ထွက်သလောက်လည်း မှတ်မှတ်ရရ မရှိတာများပါတယ်။ အဲဒီထဲ စွဲစွဲထင်ထင် ဖြစ်ရတဲ့ သီချင်းက "ဘဝခရီးလမ်း" ဆိုတဲ့ အပုဒ်။ ကြိုက်လို့တော့ မဟုတ်။ စာသားတွေ နားထောင်ပြီး ရယ်ရလို့။ (တေးရေးကိုတော့ အားနာပါရဲ့)။

"လူ့ရဲ့ဘဝ အလွန်ဆန်းကြယ်တယ်" ဆိုတဲ့ စကားလုံးနဲ့ ဘဝခရီးလမ်း ကို ဖွင့်ထားတယ်။

ဒုတိယ verse..

လူ့ဘဝ မတည်မြဲဘူးလေ
အနိမ့်အမြင့် အတက်အကျ ရှိတယ်
အရာအားလုံး ဆုံးရှုံးချိန်လည်း ဘဝနိဂုံး မဟုတ်ပါ

အဲဒီကနေ chorus ကို တက်သွားတယ်။

မရှုံးနိမ့်ဖူးတဲ့သူ မရှိဘူး
မလဲကျဖူးတဲ့သူ မရှိဘူး
ကြုံနေတဲ့အရာတိုင်း ဘဝရဲ့ သင်ခန်းစာ

လဲကျသွားလည်း ပြန်ထလိုက်
ရှူံးနိမ့်သွားလည်း ဆက်ခရီးလျှောက်
ယုံကြည်ခြင်းနဲ့ အဆုံးထိလျှောက်မယ် ဘဝခရီးလမ်း
. . . . . . . . . . .

ခင်ဗျားတို့တော့ မသိဘူး၊ ကျနော်တော့ ဒီလို စကားလုံးတွေကနေ စိတ်ဓာတ်ခွန်အား ရစရာ တစ်ခုတစ်လေတောင် မမြင်ဘူး။ နံရံကပ် နီတိဆန်တဲ့ စာသားမျိုးကြီးဗျာ။

တေးရေးက Kim Pau ၊ ဂစ်တာ အောင်အောင်၊ ဒရမ် မွန်ဘွဲ့ပါ။ အောင်အောင်က အတော်လေး talent ရှိတဲ့ ဂစ်တာသမား ဖြစ်ပြီး မွန်ဘွဲ့က The Ants, Blaze တို့လို အထင်ကရ band တွေမှာ တီးခဲ့ဖူးသူ။ လက်ရှိ Big Bag ရဲ့ drummer ပါ။

တစ်ဖက်က တွေးကြည့်ရင် ဒါက လူတွေကို စိတ်ဓာတ်ခွန်အားပေးတဲ့ ဓမ္မတေး ပုံစံမျိုး။ အပြုသဘောဆောင်တဲ့ theme မျိုးပါ။ ဒါပေမဲ့ ဖန်တရာတေ အရေးအသားမျိုးတွေ တော်လောက်ပြီလေ။ သီချင်းတစ်ပုဒ်က ဒီ့ထက် မပိုသင့်ဘူးလား။ အထူးသဖြင့် မျိုးကြီး ဖြစ်နေလို့ ပြောရတာ။ ဒီသီချင်းကို တခြားတစ်ယောက်ဆိုပြီး နာမည်ကြီးသွားခဲ့ရင် ထူးထူးထွေထွေ သိပ်ပြောနေမှာ မဟုတ်ဘူး။

လူတွေ သီချင်းနားထောင်တာ ရည်ရွယ်ချက် အမျိုးမျိုး၊ အာသီသ အဖုံဖုံ ရှိနိုင်ပါတယ်။ ဘဝအမော ပြေချင်လို့၊ အပျင်းပြေ၊ ပေါ့ပါးချင်လို့၊ ဒီတိုင်း သီချင်းကို ရူးသွပ်လို့ ..မျိုးစုံ ရှိနိုင်တာပဲ။ ချဥ်းကပ်တဲ့ ပုံစံ မတူရင် သီချင်းတစ်ပုဒ်အပေါ် နှစ်ခြိုက်မှု၊ ခံတွင်းတွေ့မှုလည်း တူနိုင်မှာမဟုတ်ဘူး။

ကျနော်ကတော့ လူတွေကြိုက်လှပါတယ် ဆိုတဲ့ "ဘာလိုနေသေးလဲ" လို သီချင်းမျိုးကိုတောင် Idiots ဖန်တီးခဲ့တာတွေထဲမှာ second class လောက်ပဲ သဘောထားတာ။ "မင်းအတွက်မင်း" တို့၊ "ဒီလိုပဲ" တို့နဲ့ အဝေးကြီးမှာလို့ မှတ်ယူတဲ့ သူမျိုး။ အဲဒါကြောင့်လည်း ပုံမှန် သူသူငါငါ နှစ်ခြိုက်ကြတဲ့ ခွန်အားပေးသီချင်းတွေ၊ စာတွေကို သိပ်နားမထောင်တတ်ဘူး။

အခု မျိုးကြီးရဲ့ ဘဝခရီးလမ်း အကြောင်း ပြန်ဆက်ရရင် ကျနော့်တစ်ဦးတည်းအတွက်တော့ နားထောင်ဖို့လိုအပ်တယ်လို့ မထင်တဲ့ သီချင်းမျိုးပါ။ ဘော်ဒါတွေကို နားလည်စေချင်တာက ဒီလိုပြောရတာ ပုဂ္ဂိုလ်ရေး ချစ်ခြင်း မုန်းခြင်း အလျဥ်း မရှိ၊ no offense ပါ။ စိတ်ခွန်အားပေးတဲ့ ဓမ္မတေး သီချင်းပုံစံကို လှောင်သလိုဖြစ်သွားရင်လည်း ဆောရီးပါ။ မကြိုက်တာကို မကြိုက်ကြောင်း ပြောရုံ၊ ပြီးတော့ ဒီနေ့ခေတ်မှာ အခုလို ဖန်တရာတေ စကားလုံးမျိုးတွေက လူတွေကို စိတ်ခွန်အားပေးနိုင်တုန်းလား ဆိုတာ မေးခွန်းထုတ်ကြည့်ခြင်းလောက်ပါပဲ။

အထူးသဖြင့်တော့ ကျနော်တို့ သိထားခဲ့တဲ့ မျိူးကြီးကို နှမြောမိတာပါပဲ။

"ပင်လယ်ပြင်ကျယ်ကြီးတစ်ဘက်ဆီ
နံရံကြီးတစ်ဘက်ဆီ
လွင်ပြင်ကြီးတစ်ဘက်ဆီ ဝေး "

ဒီလောက် ဂေါ်တဲ့ သီချင်းမျိုးတွေ ဆိုခဲ့တဲ့သူ။

''မဖြစ်နိုင်တဲ့ဘဝမှာ
အရှူံးသာနောက်ဆုံးပဲ မဟုတ်လား"
အဲလိုစာသားတွေ။

ပင်လယ်နက်ဆီကို ရောက်ရှိဖို့
ငါ ပြေးထွက်ခဲ့ပါမယ်"

ဒီလို စကားလုံးတွေနဲ့ပဲ မျိုးကြီးကို တွဲမြင်ခဲ့တာမို့
ကျနော် လောဘကြီးတာလည်း ဖြစ်နိုင်ပါတယ်။

ရှေ့မှာလည်း မျိုးကြီးက ရယ်ဂျီရေးတဲ့ သကြားဗူးတို့ ဘာတို့တောင် ဆိုခဲ့ဖူးတာပဲ။ အများကြီး မျှော်လင့်မိတာ ကိုယ့်အလွန်ပေါ့။

( ဒီသီချင်းကို ဖန်တီးခဲ့သူတွေ၊ ဘဝခရီးလမ်း နားထောင်ပြီး ခွန်အားယူနေတဲ့သူတွေကိုတော့ အားနာပါတယ်။ အနုပညာဟာ ဘယ်သူ့အတွက်မဆို ဖြစ်နိုင်သလို ပုံစံမျိုးစုံ လယ်ဗယ်မျိုးစုံနဲ့ ရှိနိုင်ပါတယ်။ တင်ဆက်နိုင်ပါတယ်။ ဒါပေမဲ့ နားထောင်သူမှာလည်း စောဒကတက်ခွင့်၊ လောဘကြီးခွင့်ရှိတယ် ယူဆလို့ ဒီစာကို ရေးရပါတယ်။ )

- ချစ်ခင်စွာဖြင့် (The Storyteller)

#မျိုးကြီး #ဘဝခရီးလမ်း #ညီလေး

Happy Karen New Yearကရင်ရော၊ ဗမာရော၊ တစ်ကမ္ဘာလုံးပါ ငြိမ်းချမ်းနိုင်ပါစေ။ လွတ်မြောက်နိုင်ကြပါစေ။ပုံ - စောဘွဲ့မှူး၊ ချစ်စ...
30/12/2024

Happy Karen New Year

ကရင်ရော၊ ဗမာရော၊ တစ်ကမ္ဘာလုံးပါ ငြိမ်းချမ်းနိုင်ပါစေ။ လွတ်မြောက်နိုင်ကြပါစေ။

ပုံ - စောဘွဲ့မှူး၊ ချစ်စမ်းမောင်။

28/12/2024

သီချင်းတွေနဲ့ပဲ သာယာမနေနဲ့ နိုင်ငံရေးအခြေအနေ၊ ပတ်ဝန်းကျင်ကိုလည်း နားစွင့်ဦးလို့ မိတ်ဆွေတစ်ဦးက ဆိုလာပါတယ်။ ဘော်ဒါချင်း အားမနာတမ်း သတိပေးဖော်ရလို့ ကျေးဇူးတောင်တင်ပါသေးတယ်။ အမှန်တော့ လက်ရှိ ဖြစ်ပျက်နေတာတွေအပေါ် မျက်ခြေမပြတ်ရလေအောင် အနည်းဆုံး တစ်နေ့ တစ်ကြိမ်တော့ သတင်းတွေ ဖတ်ဖြစ်ပါတယ်။ လူတွေနဲ့ ဆွေးနွေးတာမျိုးသာ မလုပ်ဖြစ်တော့တာ။

အခု ခက်ခဲပါတယ် ဆိုတဲ့ အခြေအနေထက် ပိုဆိုးတာတွေ ၂၀၂၅ မှာ ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။ သတင်းတွေက အကောင်းရော၊ အဆိုးရော ရှုပ်ထွေးစွာ ရောပြွန်း။ အဲတော့ ပတ်ဝန်းကျင် နဲ့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ရုံပဲ ရှိပါတယ်။

လူတိုင်းကတော့ ကိုယ့်လမ်းညွှန်ချက်နဲ့ ကိုယ်၊ လမ်းပြမြေပုံကိုယ်စီနဲ့ ဒိုးနေကြတာပဲ။ လမ်းတူသူချင်း ဒီခရီးမှာ ဆုံမိရင်တော့ အတိုင်းထက်အလွန်ပေါ့။ အခုထက်ပိုပြီး သီချင်းတွေအကြောင်း လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့ တစ်နေ့ဆီ ကျနော်လည်း မျှော်မိပါတယ်။ ရောက်မယ်လို့လည်း ယုံကြည်တယ်။

ဒီကြားထဲတော့ အစစအရာရာ ဂရုစိုက်ကြပါ မိတ်ဆွေများ။

~ ချစ်ခင်စွာဖြင့် (The Storyteller)

Eternal Gosh ရဲ့ Emoji ၊ ကျော်ဇင်မင်းရဲ့ သတိမရဘူးလားခုခေတ်စားနေတဲ့ Eternal Gosh တို့ရဲ့ Emoji သီချင်းကို အရင် ဆိုခဲ့တာ က...
27/12/2024

Eternal Gosh ရဲ့ Emoji ၊ ကျော်ဇင်မင်းရဲ့ သတိမရဘူးလား

ခုခေတ်စားနေတဲ့ Eternal Gosh တို့ရဲ့ Emoji သီချင်းကို အရင် ဆိုခဲ့တာ ကျော်ဇင်မင်း ပါ။ Melody World နဲ့ လူတွေတွဲသိတဲ့ ကျော်ဇင်မင်းက ဟန်နေတာ ရေးတဲ့ သီချင်း ၃ ပုဒ်တောင် ဆိုဖူးတယ်။

M United က ထုတ်တဲ့ အတွဲခွေထဲမှာ ကျော်ဇင်မင်းက ဟန်နေတာရေးတဲ့ သတိမရဘူးလား သီချင်း နဲ့ ပါဝင်ခဲ့တယ်။ အဲဒီသီချင်းက ခု လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ Emoji ဖြစ်လာပါတယ်။ စာသား အနည်းငယ် ပြောင်းလဲထားပြီး အတီးပိုင်းမှာ အများကြီး ပြောင်းလဲသွားပါတယ်။ Emoji ကို arrange နဲ့ produce လုပ်ခဲ့သူက ဂစ်တာသမားအသစ် J x T လို့ ထင်ပါတယ်။ ဂစ်တာဆိုလိုလေး သိပ်ချစ်ဖို့ကောင်း။ recording နဲ့ mixing ကွာလတီးလည်း အတော် ကောင်းပါတယ်။

ကွဲကွဲပြားပြား ခံစားသွားနိုင်အောင် youtube မှာ ရှာနားထောင်ကြည့်ကြပါ။

Eternal Gosh ရဲ့ " Emoji " ၊ ကျော်ဇင်မင်းရဲ့ "သတိမရဘူးလား" ဒီနှစ်ပုဒ်။

ထပ်လောင်း ပြောရရင် ကျနော်က ဟန်နေတာတို့ EG ကို မအောင်မြင်ခင် အချိန်တွေထဲက နားထောင်လာခဲ့သူပါ။ အရင်ထဲက EG သီချင်း၊ ဟန်နေတာ ရေးပြီး တခြားအဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေကို လက်လှမ်းမီသလောက် နားထောင်ကြည့်ဖြစ်ခဲ့တယ်။

တကယ်တော့ ဟန်နေတာ ရေးပြီး ကျော်ဇင်မင်း ဆိုတဲ့ ၃ ပုဒ်ထဲမှာ သတိမရဘူးလား သီချင်းထက် ကျန်တဲ့ ၂ ပုဒ်ကို ပိုကြိုက်ပါတယ်။ "မုန်းပါ" ဆိုတဲ့ သီချင်းကို တော်တော်ကြိုက်တာ။ ဟန်နေတာ အသံနဲ့ မုန်းပါ ကို ကြားရရင် ဘယ်လိုနေမလဲဆိုပြီး စိတ်ကူးယဥ်ဖူးတယ်။ မထင်ခဲ့သော ဆိုတဲ့ နောက်တစ်ပုဒ်လည်း ကောင်းတယ်။

Emoji သီချင်းအပေါ် ကျနော့် အမြင်ကတော့ စောနကပြောခဲ့သလို မြူးဇစ်ကို ပိုကြိုက်ပါတယ်။ စာသားတွေက နူးညံ့ပြီး နားထောင်လို့ကောင်းပေမဲ့ EG လို band အနေနဲ့ ပျော့ပျောင်းလွန်းနေတယ်။ ကလေးဆန်လွန်းနေတယ်လို့ မြင်ပါတယ်။ ခြုံကြည့်ရင်တော့ recommend ပေးလို့ရတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။

အချိန် ထပ်ရသေးရင် ကျော်ဇင်မင်း ဆိုထားတဲ့ 'မုန်းပါ' ဆိုတဲ့ သီချင်းပါ ဆက်နားထောင်ကြည့်ပါ။ တစ်ခုခု ခံစားရရင် ပြန်လာပြောပါ။ ကျနော်နဲ့ ရင်ဘတ်ချင်း နီးမလား စောင့်ကြည့်ချင်ပါတယ်။

ps: မှတ်တမ်းမှတ်ရာ တစ်ခုအနေနဲ့ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။

- မုဒိတာဖြင့် (The Storyteller)

#ကျော်ဇင်မင်း #သတိမရဘူးလား

စိုးလွင်လွင် ရေးတဲ့ "ငယ်သူမို့ "ကျွန်တော် (သီချင်း)ရေးတတ်စ ငယ်ငယ်တုန်းက ကလေးတုန်းက ၉ တန်း၊ ၁၀ တန်းလောက်တုန်းက ကျွန်တော့်...
26/12/2024

စိုးလွင်လွင် ရေးတဲ့ "ငယ်သူမို့ "

ကျွန်တော် (သီချင်း)ရေးတတ်စ ငယ်ငယ်တုန်းက ကလေးတုန်းက ၉ တန်း၊ ၁၀ တန်းလောက်တုန်းက ကျွန်တော့်ရဲ့ ငယ်ချစ်အတွက် ကျွန်တော် ခံစားပြီးရေးတယ်။ အသက်က ၁၆ နှစ် ပတ်ဝန်းကျင်မှာ အမှား အမှန်ဆိုတာ ဘာကိုမှ မချင့်ချိန်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ နှစ်ယောက် ဝေးခဲ့ရတယ်။ ဒါပေမဲ့ ရင်ထဲမှာ အမြဲတမ်း ရှိနေမယ်။

သူ့အတွက် ဘယ်တော့မှ မေ့မရတဲ့အတွက် သည်သီချင်းကို ရေးပါတယ်။

ဘယ်တော့မှ မေ့မရတဲ့ ငယ်ချစ်ဆိုတာ လူတိုင်းမှာ ရှိကြမယ်လို့ ကျွန်တော် ယုံကြည်တယ်။

အမ ရီရီထွန်းမှာကော ရှိမယ်မဟုတ်လား။ (ကန်တော့နော်) အမ။

ငယ်ချစ် ရှိခဲ့ဖူးတဲ့ ယောကျ်ားလေး၊ မိန်းကလေးတိုင်းအတွက် ရည်ရွယ်ပြီး ကျွန်တော် ရေးတယ်။ အားလုံး ခံစားတတ်မယ်လို့ ယုံကြည်တယ်။

_ _ _ _ _

( ချစ်လူမိုက် စီးရီးအတွက် စိုးလွင်လွင် နှင့် ရီရီထွန်း (ပညာရေး) တို့ အင်တာဗျူးမှ..)

- ( စိုးလွင်လွင်ရဲ့ သားဖြစ်သူ ဒေဝ ရေးသားတဲ့ "စိုးလွင်လွင် (သို့မဟုတ်) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ" စာအုပ်မှ ပြန်လည် ဖော်ပြပါသည်။)
~ မုဒိတာဖြင့် ( The Storyteller )

#စိုးလွင်လွင် #ငယ်သူမို့ #ချစ်လူမိုက်

ကျနော့်မိတ်ဆွေ The Edge တို့ရဲ့ "ဆက်သွား" Album မိတ်ဆက်The Edge က အမွှာ ညီအစ်ကိုနဲ့ ခင်မင်တာ တော်တော် ကြာပါပြီ။ ဟိုးကျော...
21/12/2024

ကျနော့်မိတ်ဆွေ The Edge တို့ရဲ့ "ဆက်သွား" Album မိတ်ဆက်

The Edge က အမွှာ ညီအစ်ကိုနဲ့ ခင်မင်တာ တော်တော် ကြာပါပြီ။ ဟိုးကျောင်းသားဘဝတည်းက "ဂီတအကြောင်းသောင်းပြောင်းထွေလာ" ကနေ သူတို့ band သူတို့ သီချင်းတွေနဲ့ စရင်းနှီးခဲ့တယ်။ fb မှာ မိတ်ဆွေဖြစ်တော့လည်း တခြားသူတွေထက် ထူးကဲစွာ ကိုယ်တွေနဲ့ ရင်ဘတ်ချင်း နီးသူတွေမှန်း ရိပ်မိခဲ့တယ်။ ကိုယ်က အညာသား၊ သူတို့က မန္တလေးကဆိုတော့ တသီးတသန့်ကြီး ကီးချိန်နေစရာ မလို။

အယ်ဖြူ၊ လင်းလင်းနဲ့ ကျားပေါက်ကို inspire ဖြစ်တာကစလို့ မောင်ချောနွယ်၊ မင်းလူ၊ ဂျက်(ကွမ်းခြံကုန်း)နဲ့ နန္ဒဝန်ငြိမ်းချမ်း ကြိုက်တာအဆုံး အကြိုက်တွေ တူကြတယ်။ ပြီးတော့ The Beatles နဲ့ လီဗာပူးလ်။

ပထမအခွေ "ဇာတ်နာ" ထွက်ပြီး ၈နှစ်လောက် ကြာမှ ဒုတိယအခွေ "ဆက်သွား" ကို ပရိသတ်တွေရှေ့မှောက် တင်သွင်းလာပါတယ်။ တေးရေးအနေနဲ့ လင်းလင်း၊ သွန်းပူ၊ နာနို၊ ကိုဝိုင်း၊ ခွန်ခန့်၊ သားသူ၊ ဖြဲကြီး၊ ကြီးပတ်၊ မောင်ပိ (၉) ယောက်တောင် အားကောင်းမောင်းသန် ပါဝင်ထားတယ်။ The Edge မှာ vocal အနေနဲ့ ကြီးပတ်၊ မောင်ပိ အမွှာညီအကို၊ lead guitar အနေနဲ့ သူတို့ရဲ့ အကို ဖြဲကြီး၊ drummer ကိုဝေဖြိုး၊ bass က ကဗျာဆရာ ဟိန်း၊ keyboard ပိုင်ကြီး ပါ။

စိတ်မကောင်းစရာ တစ်ခုက အခွေထွက်ပြီး သိပ်မကြာခင်ပဲ သူတို့ရဲ့ guitar သမား ဖြဲကြီး ကွယ်လွန်သွားခဲ့တာပါ။ ပိုပြီး စိတ်မကောင်းစရာက The Edge နဲ့ ကျနော့် အင်တာဗျူးမှာ ပရိသတ်တွေကို နားထောင်အကြည့်စေချင်ဆုံး သီချင်း ညွှန်းပါဆိုတော့ ဖြဲကြီး ရေးခဲ့တဲ့ "သေမင်းခေါ်ဆောင်ရာ" ကို ညီအစ်ကိုနှစ်ယောက်က ညွှန်းပေးခဲ့တာ။ သူတို့အတွက် သေရာပါအမှတ်တရ ဖြစ်သွားတော့မှာ။ Rest In Peace ပါ ဖြဲကြီး။

ကျနော့် တစ်ဦးထဲအတွက်တော့ ဆက်သွား အယ်လ်ဘမ်ထဲမှာ သွန်းပူ ရေးတဲ့ "ခန်းစီးနောက်ကွယ်" ကို အကြိုက်ဆုံးပါ။

ဒီဘဲတွေက ကိုယ်တိုင် သီချင်းဆိုရုံတင်မဟုတ်၊ ရူးရူးသွပ်သွပ် နားထောင် ခံစားသူတွေလည်း ဖြစ်တယ်။ စာဖတ်နာပြီး ဝမ်းစာပြည့်တဲ့သူတွေမှန်း သိသာတယ်။ အခုလို သူတို့အကြောင်း အထူးတလည် ညွှန်းပေးရတာက ဘော်ဒါချင်း support လုပ်ရုံသက်သက် မဟုတ်ဘူး။ ဒီသီချင်းတွေက သူတို့ရဲ့ ဘဝပဲလို့ တိတိကျကျ ခံစားမိလို့။

အရင် စာနယ်ဇင်းခေတ်က မဂ္ဂဇင်းတွေမှာ ပါတဲ့ အင်တာဗျူးပုံစံမျိုး လုပ်ထားပါတယ်။ The Edge တို့ရဲ့ ရင်ခုန်သံကို နားစွင့်ကြည့်ပါဦး။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

The Edge နဲ့ အမေးအဖြေ။ ။

The Storyteller - ဆေးထိုးအပ်ကိုင်တဲ့လက်နဲ့ ဂစ်တာတီးမယ့်လက် နှစ်ခုကြားက သဟဇာတဖြစ်မှုကို ဘယ်လို ရှာဖွေသလဲ။ ဘယ်ပုံ ဝင်စားသလဲ။ ပြီးတော့ ခင်ဗျားတို့ ညီအစ်ကိုက ဘောလုံးကိုလည်း အရူးအမူး ကန်ခဲ့ဖူးတယ်ဆို..။

The Edge - နှစ်ဖက် ချိန်ခွင်လျှာ ညှိရတာပေါ့ဗျာ။ ဆရာဝန် life က အသိုင်းဝိုင်း(မိဘဆွေမျိုး)တွေကျ အေးဆေး ဒီCarrer နဲ့ပဲ သွားလို့ရရက် ဘာကိစ္စ သီချင်းတွေလဲ ပေါ့။ အဲဒီ Music ဘက်ကကျလည်း ဆရာဝန်တွေ ဘာလာယောင်ကြတာလဲပေါ့(အစပဲ ထင်ကြတာပါ။ ခုတော့ ကိုယ်တွေရူးသွပ်မှုရော ဝမ်းစာရော သိသွားကြပြီး အဲဒီ့ပြဿနာ သိပ်မရှိတော့ပါဘူး)။ အဲဒီ ၂ခုကြား Balance ဖြစ်အောင် ရွေ့နေရတာပေါ့။

ဘောလုံးသမား ဖြစ်ဖို့က ကျတော်တို့ ညီအကိုရဲ့ နံပါတ် တစ် အိပ်မက်ပါ။ ဆေးကျောင်းတက် ဘာညာနဲ့ အဲဒီအိပ်မက်တွေ မဖြစ်နိုင်တော့လို့ နောက်ဝါသနာ Musicဘက်လှည့်ခဲ့တာပါ။ ကြုံလို့ ကြွားရရင် MNL ရွှေဖိနပ် ၂နှစ်ဆက် ပိုင်ရှင် မြန်မာ့လက်ရွေးစင် ဝင်းနိုင်စိုးက ငယ်ငယ်တုန်းက ကျောင်းပွဲတွေမှာ ကျတော်တို့ရဲ့အရံဗျ (ပီချေးရေ စိတ်မဆိုးကြေး ha ha)

The Storyteller - ခေတ်ပျက်ကြီးထဲမှာ စီးရီးအခွေထုတ်တဲ့ စိတ်ကူးက ဘယ်လောက်ရဲတင်းတဲ့ ဆုံးဖြတ်ချက်ပါလဲ။

The Edge - သိပ်ကို မိုက်ရူးရဲဆန်တယ် လို့ပဲ ပြောရမှာပေါ့။ လူတိုင်းက မပျော်ကြတဲ့ချိန်မှာ ကျတော်တို့ Album ကို ဘယ်လောက်များ attention ပေးမှာမို့လဲ။ ဆဲခံရဖို့တောင် များသေး။ But ဒီခွေ တည်ခဲ့တာကိုက ၇ နှစ်ကျော်ပြီလေဗျာ။ ဒီချိန်မှ ဒါကို အပြီးမသတ်ရင် နောက်ထပ် နောက်ထပ်တွေလဲ ထပ်လာမှာမဟုတ်ဘူး။ ပြီးတော့ ကျတော်တို့အသက်ရွယ်လည်း ရလာတဲ့ချိန်မှာ ကိုယ့်မှတ်တိုင်လေးတွေ စိုက်သွားချင်တယ်။ ကိုယ့်ကလေးတွေအတွက်လည်း Legacy တခု ချန်သွားချင်တယ်။ အဲဒါကြောင့်ပဲ စုံလုံကန်းပြီး မိုက်မဲခဲ့တာပေါ့။

The Storyteller - ဘယ်ကနေ ဖြန့်မယ်၊ လူတွေဆီ ဘယ်လို အရောက် ပို့မယ် စသဖြင့် သတင်းစကားလေး ကမ်းပါဦး။

The Edge - ခေတ်အခြေနေအရ Physical CD ချပ်တော့ မထုတ်နိုင်တော့ဘူး(အဲတချက်က ခုချိန်ထိ ကျတော်တို့စိတ်တွေကို ကိုက်နေတုန်းပဲ) ။ လောလောဆယ်တော့ ကျတော်တို့နဲ့ သီချင်းနားထောင်မယ့်သူတွေကြား တိုက်ရိုက်ပဲ ကျတော်တို့ page ကနေဖြစ်ဖြစ် personal acc ကနေဖြစ်ဖြစ် လှမ်းဆက်သွယ်၊ ငွေချေတာနဲ့ ကျတော်တို့က သီချင်း ၁၃ ပုဒ်နဲ့ cover art ရယ် သီချင်းစာအုပ်ရယ် ပါတဲ့ link တခု လှမ်းပို့မယ်ပေါ့။ နောက်ပိုင်းကျရင်တော့ Youtube ကနေ MV တွေ လွှတ်မယ်။ ပြီးရင် International ရော local platform တွေကနေရော ဖြန့်မယ်တော့စိတ်ကူးထားပါတယ်။

The Storyteller - ခင်ဗျားတို့ သီချင်းတွေက ကိုလေးနဲ့စာရင် ကိုငဲဆီက Influence ပိုများနေသလားလို့ ကျနော် မေးရင် ဘယ်လိုငြင်းချက်ထုတ်ချင်လဲ။ အထူးသဖြင့် ဒီအခွေမှာပေါ့။ ကျနော့် အမြင်အတွက် အံ့အားသင့်တာမျိုး ဖြစ်မသွားဘူးလား။

The Edge - ပြောရရင် ကိုလေးရော ကိုအငဲရောက ကျတော်တို့လို ဂီတကျောင်းမရှိ ဘာမရှိတဲ့ ဆီက ချာတိတ်တွေအတွက်တော့ မြင်ဆရာ ကြားဆရာတွေကိုး။ ကျတော်တို့လို ငို ရတာကြိုက်တဲ့ သူတွေအတွက်ရော အဆောင်တွေရှေ့မှာ ကောင်မလေးတွေ ကြားတဲ့ထိအော်ဖို့ လုံလောက်တဲ့ Chest voice မျိုး ထုတ်ရတဲ့ အပိုင်းမှာရော ကျ ကိုအငဲက ကိုလေးထက် ပိုလွှမ်းမိုးခဲ့တယ်။ အဲတော့ အရမ်းတော့ အံ့အားမသင့်တော့ပါဘူး။

The Storyteller - "လှမ်းခဲ့ပါ့မယ်" သီချင်းရဲ့ တေးရေးကို သိပ်သိချင်လှပြီ။ သိပ်လှတဲ့ composition မို့ သဘောခွေ့မိတဲ့အကြောင်း သတင်းစကား ပါးလိုက်ပါရစေဗျာ။

The Edge - အဲဒီသီချင်း တေးရေးက မောင်ပိပါ။ သဘောခွေ့တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ အဲသီချင်းရေးဖြစ်သွားတာ စလုံးက ရည်းစား(ခုတော့ ကလေး၂ယောက်ရ)ကို ငါကိုယ်တိုင် အတောင်ပံတွေဖြန့်ပြီး လာခဲ့မယ်ဆို လှမ်းပလီရတာမျိုးမို့ compositionလေးကလည်း ဆန်းပြီး လှသွားပုံရပါတယ်ဗျာ တကယ်တမ်းက လေယာဥ်လက်မှတ်ဖိုး စျေးအရမ်းကြီးပြီး မတတ်နိုင်လို့ဗျ (ဟားဟား)။

The Storyteller - အခွေထဲမှာ ခင်ဗျားတို့ကိုယ်တိုင် အကြိုက်ဆုံး သီချင်းတစ်ပုဒ်ရယ်၊ ပြီးတော့ လူတွေကို မဖြစ်မနေ နားထောင်စေ့ချင်တယ်၊ တစ်ခုခု ပေးချင်တယ်လို့ ခံစားရတဲ့ သီချင်းတစ်ပုဒ်..အဲဒါလေး ရွေးပေးလို့ရမလား။

The Edge - ဖြဲကြီး" ရေးထားတဲ့ ''သေမင်းခေါ်ဆောင်ရာ'' ကိုပဲ ညွှန်းချင်တယ်ဗျာ။ Player တယောက်ရေးထားတဲ့ သီချင်းဆိုတော့ Chord progression ကအစ သာမန် ကျတော်တို့လို တေးရေးတွေနဲ့ ကွဲတယ်။ ကိုဝေဖြိုးဆိုလဲ ကြားထဲက Interlude တွေမှာ တဘားနဲ့ တဘားမတူအာင် အာရုံစိုက် အချိန်ယူပီး တီးပေးထားတယ်။ ကျတော်တို့ ဆိုထားတာလဲ အားရတယ် ပြီးတော့ ကိုဟန်စိုင်း Mixing လဲ ကြွေ။ ကိုယ့်ဆရာတွေကိုလဲ အဲဒီတပုဒ် နားထောင်ကြည့်စေချင်တယ်။ The edge က ဒီလိုပါလား လို့ နည်းနည်းတော့ ဓာတ်သွားလိမ့်မယ် ထင်တယ်။

The Storyteller - Bass အထုအထောင်း ကောင်းတဲ့ Heinn ကိုလည်း ပြောလိုက်ပါဦး။ ကျနော်တို့ ကျောင်းသားဘဝက သူ့ကဗျာတွေ ရွတ်ပြီး ကြွယ်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်း..။

The Edge - ပြောလိုက်ပါ့မယ်ဗျာ။ ဒီကောင်က ကျတော်တို့ရဲ့ player ဆိုတာထက် ညီအကိုလို့ပဲ ပြောရမယ်။ ကျတော်တို့လည်း သူ့ကဗျာတွေကို တလေးတစား ကြွေခဲ့ရတဲ့သူတွေပါပဲ။ အခု ကဗျာတွေ သိပ်မထွက်တော့လို့ တွန်းနေရတယ်။

The Storyteller - ဂီတရဲ့အပြင်ကို ခဏလောက် ထွက်ကြည့်ရအောင်။ သောင်းပြောင်းထွေလာပေါ့ ၊ ဒီရာသီ The Beatles ရဲ့ လီဗာပူးလ်၊ ခင်ဗျားတို့ရဲ့ လီဗာပူးလ် ဘယ်လောက်ထိ အမြင့်ပျံနိုင်မှာတဲ့လဲ။

The Edge - ဒီရာသီ အာနေးဆလော့ နဲ့ liverpool ကို ကြည့်ရတာ The beatles တွေရဲ့ သီချင်းတွေ နားထောင်ရသလိုပဲဗျာ မြိန်ချက် မြိန်ချက်။ ဆိုတော့ ဒီနှစ် EPLကတော့ သေချာသလောက်ပဲလေ။ ကံပေးလို့ UCL နဲ့ တခြားဖလားတွေပါ ရရင်တော့ အတိုင်းထက်အလွန်၊ အလှပေါ် အယဥ်ဆင့်တာပေါ့ဗျာ။

The Storyteller - The Edge ကို ဟိုးအရင်ကတည်းက သိခဲ့တဲ့ မိတ်ဟောင်း၊ ဆွေဟောင်းတွေအတွက် စကားလက်ဆောင်..။

The Edge - တကယ်အံ့သြရပါတယ်။ ခုလို ဒုတိယAlbumကို ၈နှစ်ခွဲလောက်ကြာမှ ထွက်တာတောင် ကျတော်တို့ကို မမေ့မလျော့ တခုတ်တရ အားပေးနေတဲ့ လက်တဆုပ်စာ ဘော်ဒါတွေ ရှိနေသေးတယ် ဆိုတာ Social Media တွေ ကနေတဆင့်သိခဲ့ရလို့ တကယ် ရင်ဘတ်နဲ့ကို ကျေးဇူးတင်တယ်ဗျာ။ ဆက်ရွေ့ဖို့လည်း အားတွေအများကြီးဖြစ်ခဲ့တာပေါ့။ The edge တို့ သေတဲ့ထိ ''ဆက်သွား''နေပါ့မယ် ဆိုတဲ့အကြောင်း သူတို့ကို သတင်းပါးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

~ The Storyteller မှ မေးမြန်းသည်။

#ဆက်သွား

The Edge က ကျနော့် မိတ်ဆွေ၊ မန်းလေးသား ညီကိုနှစ်ယောက်ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် ''ဆက်သွား" တလောကပဲ ထွက်ထားပါတယ်။ သူတို့အခွ...
21/12/2024

The Edge က ကျနော့် မိတ်ဆွေ၊ မန်းလေးသား ညီကိုနှစ်ယောက်ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် ''ဆက်သွား" တလောကပဲ ထွက်ထားပါတယ်။ သူတို့အခွေအကြောင်း အင်တာဗျူး ဖီချာပုံစံလေး စီစဥ်ထားတာ ကြာပြီ။ ကြားထဲမှာ အခွေထွက်ပြီးမှ သူတို့ရဲ့ အစ်ကိုကြီးလည်းဖြစ် ၊ guitar သမားလည်း ဖြစ်တဲ့ ဖြဲကြီး ကွယ်လွန်သွားခဲ့လို့ အခွေအကြောင်း တင်ဖို့ နှောင့်နှေးနေခဲ့တာ။

စိတ်မကောင်းတာထက် ပိုပြီး ထိရှရတာတစ်ခု ရှိခဲ့ပါသေးတယ်။

The Edge နဲ့ ကျနော့် အင်တာဗျူးမှာ ပရိသတ်တွေကို နားထောင်အကြည့်စေချင်ဆုံး သီချင်း ညွှန်းပါဆိုတော့ ဖြဲကြီး ရေးခဲ့တဲ့ "သေမင်းခေါ်ဆောင်ရာ" ကို ညီအစ်ကိုနှစ်ယောက်က ညွှန်းပေးခဲ့တာ။ သီချင်းက chord အသွားအလာ ကြမ်းသလို စာသားအဓိပ္ပါယ်လည်း နက်ရှိုင်းတယ်။ System Of A Down ကို အမှတ်ရစေတဲ့ သီချင်းပုံစံမျိုး။ အခုတော့ The Edge ရဲ့ ဂစ်တာဆိုလိုတွေအကြောင်း ကျနော် ရေးပြနေလည်း ကိုဖြဲကြီး ကြားနိုင်တော့မှာ မဟုတ်ပါဘူး။ အမွှာညီအကိုအတွက်လည်း ဒါက သေရာပါအမှတ်တရ ဖြစ်သွားတော့မှာ။

ဒီညနေ The Storyteller ကနေ The Edge ရဲ့ ဆက်သွား အခွေအကြောင်း အင်တာဗျူး ဖီချာ ပုံစံလေး တင်ပါ့မယ်။ စောင့်မျှော်အားပေးကြပါဦး။

- မုဒိတာဖြင့် (The Storyteller)

Photo - The Edge

မေး - ဘဝရဲ့နေထိုင်ခြင်းအပေါ် တစ်ခါတစ်ရံ မွန်းကျပ်လာတဲ့အခါ (ကိုငှက်) ဘယ်လို ထွက်ပေါက် ရှာသလဲ။ဖြေ - ရွှေကြီး (ရွှေဂျော်ဂျေ...
19/12/2024

မေး - ဘဝရဲ့နေထိုင်ခြင်းအပေါ် တစ်ခါတစ်ရံ မွန်းကျပ်လာတဲ့အခါ (ကိုငှက်) ဘယ်လို ထွက်ပေါက် ရှာသလဲ။

ဖြေ - ရွှေကြီး (ရွှေဂျော်ဂျော်) အခန်းမှာ သွားအိပ်ပါတယ်။

~ ထူးအိမ်သင်

#ထူးအိမ်သင် #ကိုငှက် #ရွှေဂျော်ဂျော်

ကျော်ဟိန်းက ရုပ်ရှင်လောကမှာ ဒါရိုက်တာတွေကိုတောင် ကျော်ပြီး သြဇာလွှမ်းမိုးနိုင်တယ်လို့ နာမည်တွင်တဲ့သူ။ ခြွင်းချက်အနေနဲ့ ဥ...
19/12/2024

ကျော်ဟိန်းက ရုပ်ရှင်လောကမှာ ဒါရိုက်တာတွေကိုတောင် ကျော်ပြီး သြဇာလွှမ်းမိုးနိုင်တယ်လို့ နာမည်တွင်တဲ့သူ။ ခြွင်းချက်အနေနဲ့ ဦးသုခတို့၊ ဦးဝင်းဖေတို့ကိုတော့ အတော် ကျွတ်ကြဲခဲ့ရတယ်လို့ ကြားဖူးတယ်။

ဂီတမှာတော့ ကျော်ဟိန်း ဂါရတဲ့ ပုဂ္ဂိုလ်တွေ ပိုများခဲ့မယ်။ ဒီထဲမယ် သူ့ရဲ့ ဦးဆုံးအယ်လ်ဘမ် 'မျက်ရည်ငှက်များနားစေသတည်း' ကို ထုတ်ပေးခဲ့တဲ့ မင်းမင်းလတ်က ထိပ်ဆုံးက ရှိခဲ့တယ်။

အဲဒီအကြောင်းကို တေးရေးမောင်သစ်မင်းက ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ ကျနော်က podcast အနေနဲ့ ပြန်ပြောထားပါတယ်။

- The Storyteller

- ကျော်ဟိန်းက အဆိုတော် ကောင်းတစ်ယောက် ဖြစ်ခဲ့ရဲ့လား။- ဂီတလောကမှာ ကျော်ဟိန်း ဦးထိပ်ထားရသူ ဘယ်နှစ်ယောက်ရှိခဲ.....

ဟတ်ပီးဘတ်ဒေးပါ ဦးဒဲ ❤သက်ရှည် ကျန်းမာပြီး သီချင်းသစ်တွေ ဆက်လက် ဖန်တီးနိုင်ပါစေ။ ဦးဒဲနဲ့လည်း နောက်တစ်ကြိမ် ပြန်ဆုံခွင့်ရ...
14/12/2024

ဟတ်ပီးဘတ်ဒေးပါ ဦးဒဲ ❤

သက်ရှည် ကျန်းမာပြီး သီချင်းသစ်တွေ ဆက်လက် ဖန်တီးနိုင်ပါစေ။ ဦးဒဲနဲ့လည်း နောက်တစ်ကြိမ် ပြန်ဆုံခွင့်ရဖို့ မျှော်လင့်ပါတယ်။ မှော်ဝင်နေတဲ့ လက်ချောင်းတွေကို ထပ်မံ ငေးမောခွင့် ရချင်ပါသေးတယ်။

- The Storyteller

ဝင်းဦး ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်စွယ်စုံရ အနုပညာရှင်လို့ ထင်ရှားတဲ့ ဝင်းဦး ကွယ်လွန်ခဲ့တာ ၃၆ နှစ် ရှိခဲ့ပါပြီ။ ဒီနေ့မှ ...
14/12/2024

ဝင်းဦး ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်

စွယ်စုံရ အနုပညာရှင်လို့ ထင်ရှားတဲ့ ဝင်းဦး ကွယ်လွန်ခဲ့တာ ၃၆ နှစ် ရှိခဲ့ပါပြီ။ ဒီနေ့မှ ဝင်းဦးအကြောင်းတွေ ရှာဖတ်ကြည့်တော့ သူ့ဖခင်က "ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ" သီချင်းပိုင်ရှင် ဦးဘညွန့်မှန်း သိတော့တယ်။ မိခင်ဖြစ်သူ ဒေါ်သန်းဧ ကလည်း အဆိုတော်တစ်ယောက်လို့ သိရတယ်။

ဝင်းဦးက အနုပညာသက်တမ်းအတွင်း သရုပ်ဆောင်၊ ဒါရိုက်တာ၊ ရုပ်ရှင် company ပိုင်ရှင်၊ ဇာတ်လမ်းရေးသူ၊ စာရေးဆရာ၊ ထုတ်ဝေသူ၊ အဆိုတော် စတဲ့ ကဏ္ဍပေါင်းစုံမှာ ထွန်းတောက်ခဲ့သူ ဖြစ်ပါတယ်။

မိန်းမလှအမုန်းက ဝင်းဦးရဲ့ အထင်ရှားဆုံး ဝတ္ထုဖြစ်ပြီး သူဟာ အလုပ်မအားတဲ့ကြားက ဝတ္ထုတွေကို တစ်သီးတစ်သန့် အားထုတ်စရာမလိုဘဲ ရေးဖွဲ့နိုင်သူလို့ ထင်ရှားပါတယ်။

သူကိုယ်တိုင် စီစဥ် ရေးသား ပါဝင် ရိုက်ကူးခဲ့တဲ့ ခိုင်မာလာနှင်းဆီ ရုပ်ရှင် ရိုက်ကူးနေတုန်းမှာပဲ အူမကြီးကင်ဆာကြောင့် ကွယ်လွန်ခဲ့ပါတယ်။

၁၉၈၈ ဒီဇင်ဘာ ၁၄ မှာ တိမ်းပါးခဲ့တဲ့ ဝင်းဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ် ရှိပြီဖြစ်ပါတယ်။

အပွင့်တွေဝေနေချိန်မှာ ကြွေချင်တဲ့ ချယ်ရီလို စိတ်ထားမျိုး၊ နာမည်ကြီးနေတုန်းမှာ ဘဝကို ရပ်တန့်ပစ်ချင်တဲ့ စိတ်ထားမျိုး ဝင်းဦးဆီမှာ ရှိနိုင်တယ်လို့ ရင်းနှီးတဲ့သူတွေက သုံးသပ်ကြပါတယ်။

Reference - BBC Burmese

#ဝင်းဦး #မောင်တို့ချယ်ရီမြေ #တိမ်လွှာမို့မို့လွင် #ဦးဘညွန့်

ဘယ်သူမှ မပိုင်တဲ့စကားတွေဘယ်သူမှ စိတ်တိုင်းမကျဘယ်သူမှ ပြန်မရောက်တော့တဲ့ ကမ္ဘာငါပဲ ရှုံးရရှာ.. - Choke // Big Bag
13/12/2024

ဘယ်သူမှ မပိုင်တဲ့စကားတွေ
ဘယ်သူမှ စိတ်တိုင်းမကျ

ဘယ်သူမှ ပြန်မရောက်တော့တဲ့ ကမ္ဘာ
ငါပဲ ရှုံးရရှာ..

- Choke // Big Bag

ဦးညီသွင် ရေးတဲ့ သီချင်းတပုဒ် တတိယစီးရီး "သူရဲကောင်းတို့ရဲ့နှလုံးသား" ထဲမှာ ပါတယ်၊ "သိလျက်နဲ့"။သူရဲကောင်းတို့ရဲ့ နှလုံးသာ...
10/12/2024

ဦးညီသွင် ရေးတဲ့ သီချင်းတပုဒ် တတိယစီးရီး "သူရဲကောင်းတို့ရဲ့နှလုံးသား" ထဲမှာ ပါတယ်၊ "သိလျက်နဲ့"။

သူရဲကောင်းတို့ရဲ့ နှလုံးသား စီးရီးက ချစ်လူမိုက်နဲ့ ယှဉ်လိုက်ရင် ငွေကြေးအရ မအောင်မြင်ပေမဲ့ အနုပညာအရတော့ အောင်မြင်တယ်လို့ ဆိုရမှာပါ။ ကျနော့်အဖေ ကိုယ်တိုင်လည်း ဒီစီးရီးကို အားအရဆုံးလို့ ပြောဘူးတယ်။

သူရဲကောင်းတို့ရဲ့ နှလုံးသားကို စံပါယ်ဦး တေးသံသွင်းက စထုတ်ပါတယ်။ ချစ်လူမိုက်" စီးရီးကို စံပယ်ဦး ဦးသန်းလွင်က ပရိုဂျူဆာ လုပ်ပြီးတော့ ဖြန့်ချီရေးက ရာမတေးသံသွင်း ပါ။

သူရဲကောင်းတို့ရဲ့ နှလုံးသားစီးရီးထဲမှာ သီချင်းကောင်းတွေ တော်တော်များများ ပါပါတယ်။ ဘာလို့ပရိတ်သတ်ကြားထဲ သိပ်မရောက်လဲဆိုတော့ အခြေအနေ၊ အချိန်ကာလနဲ့ စန်းနဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။

ကျနော့်အဖေကိုယ်တိုင် ပြောဘူးပါတယ်၊ သူသေချာအားထည့်ထားတဲ့ သီချင်းတွေကမပေါက်ပဲနဲ့ အခြားသီချင်းတွေက ထပေါက်သွားတာမျိုး။

- ဒေဝ (စိုးလွင်လွင် သို့မဟုတ် မိုးကောင်းကင်ကိုဖွင့်ခဲ့သူ)

#စိုးလွင်လွင် #ညီညီသွင် #သိလျက်နဲ့

" ကျနော် ဂစ်တာ စတီးတဲ့အချိန်မှာ ဘယ်သူထွက်လာလဲဆိုတော့ ကိုထူးအိမ်သင် ထွက်လာတယ်။ ကျနော့်အတွက် ဒါက တော်တော်လေးကို အရေးကြီးတဲ...
08/12/2024

" ကျနော် ဂစ်တာ စတီးတဲ့အချိန်မှာ ဘယ်သူထွက်လာလဲဆိုတော့ ကိုထူးအိမ်သင် ထွက်လာတယ်။ ကျနော့်အတွက် ဒါက တော်တော်လေးကို အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုလို့ ပြောရမှာပေါ့နော်။

သူ့(ထူးအိမ်သင်) သီချင်းတွေကျ ကျနော်က ချက်ချင်းနားထောင်ပြီး ချက်ချင်း တီးလို့ မရဘူး။ မရတော့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ်။ ဘာဖြစ်လို့လဲပေါ့နော်...။ "

🎙 ဓိရာမိုရ်

#ထူးအိမ်သင် #ဓီရာမိုရ်

ဓီရာမိုရ်ရဲ့ ဂီတသမားဘဝအပေါ် ထူးအိမ်သင် သြဇာလွှမ်းမိုးမှု။ဗီဒီယိုကို ကမာရွတ်မီဒီယာမှ ရယူထားခြင်း ဖြစ်ပါသည...

ဒီနောက်ပိုင်း သီချင်းတစ်ပုဒ် နားထောင်ဖြစ်ရင် ဒါနဲ့ ဆက်စပ်လို့ ဘာပြောရမလဲပဲ ခေါင်းထဲ အတွေး ဝင်ဝင်လာတော့တယ်။ စာဖတ်ဖြစ်ရင်လ...
04/12/2024

ဒီနောက်ပိုင်း သီချင်းတစ်ပုဒ် နားထောင်ဖြစ်ရင် ဒါနဲ့ ဆက်စပ်လို့ ဘာပြောရမလဲပဲ ခေါင်းထဲ အတွေး ဝင်ဝင်လာတော့တယ်။ စာဖတ်ဖြစ်ရင်လည်း အဲဒီအကြောင်း ဘာ content လုပ်ရင်ကောင်းမလဲ ဆိုတဲ့ အတွေးပဲ ဝင်လာတယ်။ တစ်ဖက်ကကြည့်ရင် page အတွက်၊ ကိုယ့်လူတွေအတွက် အကျိုးရှိတယ် ထင်ရပေမဲ့ ကျနော် ကိုယ်တိုင်အတွက်တော့ ဒါက ရေရှည်မှာ ကောင်းနိုင်တဲ့အရာလို့ မခံစားရတာ သေချာတယ်။

သီချင်းတစ်ပုဒ် အနုပညာတစ်ခုကို ဘာအတွက်မှ မရည်ရွယ်ဘဲ မမျှော်ကိုးဘဲ ခံစားတာ အကောင်းဆုံးပါ။

ဘောပွဲ ကြည့်တာလည်း ဒီအတိုင်းပဲ။ အားကစားသတင်းမီဒီယာအလုပ်မှာ ၆ နှစ်လောက် လုပ်ခဲ့ဖူးတော့ ဘောလုံးပွဲကို အလုပ်သဘောဆန်ဆန် ကြည့်ရတာ ဟိုအရင် ကလေးဘဝက ကြည့်ခဲ့ရတာလောက် ရင်မခုန်ရတော့တာ အမှန်ပဲ။ ပရိသတ်စစ်စစ်ရဲ့ ရင်ခုန်သံလောက်တော့ ဘယ်ဆူညံနိုင်တော့မလဲ။

သီချင်း နားထောင်တဲ့ ကိစ္စကလည်း ဒီအတိုင်း ထပ်တူထပ်မျှ။

ဒီနေ့တော့ အယ်ဖြူ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးသလို တစ်ခန်းလုံး အမှောင်ချပြီး စီးကရက်တစ်လိပ်ကို မီးညှိ၊ သီချင်းတစ်ပုဒ် random ဖွင့် နားထောင်လိုက်တာ R ဇာနည် ပြန်ဆိုထားတဲ့ "တံခါးဖွင့်ပါ" ကို နားထောင်မိတယ်။

ဒီဗားရှင်းက ကျနော့်ဘဝမှာ အစောဆုံး နားထောင်ဖူးတဲ့ သီချင်းတွေထဲက တစ်ပုဒ်။ R ကြီးတို့ arrange ပြန်လုပ်ထားတဲ့ ဗားရှင်းကို နောက်ပိုင်းမှာ သိပ်မစွဲတော့ပေမဲ့ ငယ်ဘဝကို ပြန်သတိရမိတာတော့ အမှန်ပဲ။ အဲဒါနဲ့ တစ်ဆက်ထဲ သီချင်း ၄၊ ၅ ပုဒ် ဆက်တိုက် တဝကြီး နားထောင်ဖြစ်လိုက်တယ်။

ဒါပေမဲ့ အဲဒီ အကြောင်း တစ်ယောက်ယောက်ကို ပြန်ပြောချင်လာတော့ ဒီ page ကို သတိရပြန်ရော။ ငါ့မှာလည်း ဒုက္ခ အတော်များပါလားလို့ ရေရွတ်မိ။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးက အဲလိုပဲ ဒွန်တွဲနေတတ်တာ။ ဒါကပဲ သဘာဝမဟုတ်လား။

အရိုး သီချင်းတွေထဲမှာ ထူးထူးခြားခြား ကျားပေါက်နဲ့ duet ဆိုထားတဲ့ တစ်ပုဒ် ရှိတယ်။ ယိုင်တိုင်တိုင်မဟာပုရိသ" တဲ့။ ကိုယ့်လူတ...
02/12/2024

အရိုး သီချင်းတွေထဲမှာ ထူးထူးခြားခြား ကျားပေါက်နဲ့ duet ဆိုထားတဲ့ တစ်ပုဒ် ရှိတယ်။ ယိုင်တိုင်တိုင်မဟာပုရိသ" တဲ့။ ကိုယ့်လူတွေ ကြားဖူးပြီးသား ဖြစ်လောက်မှာပါ။ အရိုး ရေးပြီး ကျားပေါက် ဆိုခဲ့တဲ့ သီချင်းတွေ ကျနော်တို့ ငယ်ငယ်က အတော် ပေါက်ခဲ့တာ။

မယ်တင်၊ ပြဇာတ်မဟုတ်သောပြဇာတ်၊ ဒါဟာဘဝပါ၊ Thirty Three စသဖြင့်ပေါ့။ စတိုရီလိုင်းတွေ၊ တွေးခေါ်ပုံ အသစ်တွေ။

ကျားပေါက် ရေးပြီး အရိုး ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ရှိတယ်။ သီချင်းက သရော်တော်တော် ဟန်နဲ့ Satire သဘောမျိုးလေး၊ ချစ်စရာလည်း ကောင်း။ သူ့ခေတ်မှာတော့ ပေါက်ခဲ့တယ် ထင်တာပဲ။ alter သမားတွေ ပေါင်းပြီး ထုတ်ခဲ့တဲ့ အခွေမှာ ပါခဲ့တာ။ တစ်ခွေလုံး အတိုင်းအတာတစ်ခုအထိ နာမည်ရခဲ့တယ်။

အခု အဲဒီ သီချင်း နားထောင်ရင်း သတိရလာလို့။ ခင်ဗျားတို့ရော မှတ်မိလား။ ပြောကြည့်ပါဦး။

သီချင်း နာမည် ဘာလဲ။ ဘယ်အခွေထဲကလဲ။

ဘော်ဒါတွေ ဥာဏ်စမ်းအနေနဲ့ အပျင်းပြေ ဖြေကြည့်ပေါ့။

သီချင်း နာမည် သိပြီးသားဆိုလည်း အဲဒီခေတ်အခါက အမှတ်တရလေးဖြစ်ဖြစ် ရေးခဲ့လို့ရပါတယ်။ အရင်ခေတ်ကို ပြန် စမြုံ့ပြန်ရတာပေါ့။

( ps: အရိုး နဲ့ ကျားပေါက် နှစ်ယောက်လုံးက ကိုယ်တိုင်လည်း စာဖတ်၊ စာရေးကြတဲ့သူတွေ ဖြစ်တော့ ပုံပြောတဲ့ သီချင်း၊ ရုပ်ရှင်ဆန်တဲ့ သီချင်းတွေ ရေးရတာ အာတွေ့ပုံရတယ်။ သူတို့ သီချင်းတွေ နားထောင်ရတာ ကျနော် တစ်ယောက်ထဲအတွက်တော့ သစ္စာနီတို့ နီကိုရဲတို့ အရေးအသားမျိုးကို အမှတ်ရစေတယ်။)

- မုဒိတာဖြင့် (The Storyteller)

#အရိုး #ကျားပေါက် #မယ်တင် #ပြဇာတ်မဟုတ်သောပြဇာတ်

ကောင်းကင်မှာအဖြူရောင် ရေငွေ့များကိုယ့်ရင်မှာအကြင်နာစိုက်ခင်းများ- အကြင်နာစိုက်ခင်းများ // The Peacists   #အကြင်နာစိုက်ခင...
01/12/2024

ကောင်းကင်မှာ
အဖြူရောင် ရေငွေ့များ

ကိုယ့်ရင်မှာ
အကြင်နာစိုက်ခင်းများ

- အကြင်နာစိုက်ခင်းများ // The Peacists

#အကြင်နာစိုက်ခင်းများ

ရေမွန် အမှတ်တရအနေနဲ့ ကျနော် ရေးဖူးတဲ့ အက်ဆေးတစ်ပုဒ်ကို podcast အဖြစ် အသွင်ပြောင်းထားတာပါ။youtube မှာ vpn လေး ခံပြီး ကြည်...
27/11/2024

ရေမွန် အမှတ်တရအနေနဲ့ ကျနော် ရေးဖူးတဲ့ အက်ဆေးတစ်ပုဒ်ကို podcast အဖြစ် အသွင်ပြောင်းထားတာပါ။

youtube မှာ vpn လေး ခံပြီး ကြည့်ပေးရင်တော့ ကျေးဇူးတင်မိမှာ 😅

#ရေမွန်

ရေမွန် (သို့) တိုင်းပြည်ကို ကယ်ဖို့ ဂစ်တာကို လွှတ်ချခဲ့သူ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when The Storyteller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share