Digital News Wave

  • Home
  • Digital News Wave

Digital News Wave Digital News Wave သည် ပြည်သူတို့အတွက် သတင်းမှန?

အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ဆော်ဒီနှင့် ယူအေအီးကို သမ္မတ ဗလာဒီမာပူတင် သွားရောက်မည်၄/၁၂အိုင်စီစီအပြည်ပြည်ဆိုင်ရာရာဇ...
04/12/2023

အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ဆော်ဒီနှင့် ယူအေအီးကို သမ္မတ ဗလာဒီမာပူတင် သွားရောက်မည်
၄/၁၂
အိုင်စီစီအပြည်ပြည်ဆိုင်ရာရာဇတ်မှုခုံရုံးနဲ့ သဘောတူညီချက်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ဆော်ဒီနဲ့ ယူအေအီး အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတွေကို သမ္မတ ဗလာဒီမာပူတင် သွားရောက်မယ်လို့ ရုရှားသတင်းတွေက ဖော်ပြပါတယ်။
အခုအပတ်ထဲမှာ သွားရောက်မှာဖြစ်ပြီး ရေနံစျေးနူံးတွေ ကျဆင်းနေတဲ့အပေါ်နဲ့ ရေနံထုတ်လုပ်မှု လျှော့ချရေးအတွက် ဆွေးနွေးဖို့ဖြစ်တယ်ဆိုပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ ဟားမတ်စ် အစ္စရေးစစ်ပွဲအခြေအနေနဲ့ အနောက်နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေးအရပိတ်ဆို့ထားမှုတွေကိုပါ ဆွေးနွေးဖွယ်ရှိတယ်လို့ ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အခုနှစ် မတ်လထဲမှာ အိုင်စီစီရာဇဝတ်မှုခုံရုံးက ဖမ်းဝရမ်းထုတ်ပြန်ပြီးချိန်ကစပြီး ပြည်ပခရီးစဥ်အဖြစ် ဆိုဗီယက်နိုင်ငံဟောင်းတွေနဲ့ တရုတ်နိုင်ငံကိုပဲ သွားရောက်ခဲ့တာဖြစ်ပါတယ်။ အခုသွားရောက်မဲ့ ပင်လယ်ကွေ့နှစ်နိုင်ငံကလည်း အိုင်စီစီအဖွဲ့ဝင်နိုင်ငံတွေမဟုတ်တဲ့အတွက် သမ္မတ ဗလာဒီမာပူတင် အနေနဲ့ စိတ်ချလက်ချ သွားရောက်နိုင်တယ်လို့ ရုရှားသတင်းတွေက ဖော်ပြပါတယ်။

မြောက်ကိုရီးယားမိခင်များ ကလေးများများမွေးဖွားကြဖို့ ကင်ဂျုံအန်းက တောင်းဆို၄/၁၂မြောက်ကိုရီးယားမိခင်တွေအနေနဲ့ ကလေးများများ...
04/12/2023

မြောက်ကိုရီးယားမိခင်များ ကလေးများများမွေးဖွားကြဖို့ ကင်ဂျုံအန်းက တောင်းဆို
၄/၁၂
မြောက်ကိုရီးယားမိခင်တွေအနေနဲ့ ကလေးများများမွေးဖွားကြဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ မိခင်တွေအနေနဲ့ တက်ကြွစွာပါဝင်ကြဖို့ ကင်ဂျုံအန်းက ပြောပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပတဲ့ မြောက်ကိုရီးယားမိခင်များညီလာခံမှာ ကင်ဂျုံအန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်းကျဆင်းလာနေတာကို မိခင်တွေက ဦးဆောင် ကိုင်တွယ်ဖြေရှင်းကြဖို့ တောင်းဆိုကြောင်းလည်း ကင်ဂျုံအန်းက ပြောပါတယ်။ နိုင်ငံတော်က လူမှုဖူလုံရေးစနစ်ကောင်းကောင်းဖန်တီးပေးထားတာဖြစ်လို့ ကလေးမွေးဖွားနှုန်းတိုးမြှင့်လာအောင် လူတိုင်းကြိုးစားကြရမယ်လို့လည်း ကင်ဂျုံအန်းက ဆိုပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုရေးအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်နေတဲ့ မိခင်တွေကို ကျေးဇူးတင်ကြောင်းလည်း ကင်ဂျုံအန်းက ပြောသွားပါတယ်။
နိုင်ငံတော်အင်အားတောင့်တင်းပြီးလုံခြုံစိတ်ချမှုရဖို့ဆိုရင် နိုင်ငံ့လူဦးရေး တိုးတက်များပြားလာဖို့ လိုအပ်တာမို့ အမျိုးသမီးတွေ ကလေးများများမွေးဖွားကြဖို့ ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ မော်စကိုလူငယ်များဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ပြောခဲ့ပါသေးတယ်။

ရှေ့တန်းကို သွားရောက်ဖြော်ဖြေသည့် ရုရှားရုပ်ရှင်မင်းသမီး စစ်သားများနှင့်အတူ ဟိုင်းမားစ်ထိမှန်သေဆုံး၂၁/၁၁ရုရှားရုပ်ရှင်မင...
21/11/2023

ရှေ့တန်းကို သွားရောက်ဖြော်ဖြေသည့် ရုရှားရုပ်ရှင်မင်းသမီး စစ်သားများနှင့်အတူ ဟိုင်းမားစ်ထိမှန်သေဆုံး
၂၁/၁၁
ရုရှားရုပ်ရှင်မင်းသမီးနဲ့ ဒါရိုက်တာ ပိုလီနာ မန်ရှီဟာ ဒိုးနက်စ်ဒေသက ရုရှားစစ်တပ်ကို သွားရောက်ဖြော်ဖြေအားပေးရင်း ယူကရိန်းဟိုင်းမားစ်ထိမှန်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အသက် ၄၀ အရွယ် မင်းသမီး ပိုလီနာဟာ တခြားရုပ်ရှင် ဂီတပညာရှင်တွေနဲ့အတူ ရုရှားလက်နက်ကြီးတပ်ဖွဲ့များနေ့ သူရဲကောင်းဆုပေးပွဲအခမ်းအနားကို သွားရောက်ဖြော်ဖြေခဲ့တာလို့ ဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရုရှား မရိန်းအထူးတပ်ဖွဲ့အခြေစိုက်ရာ စတာရိုဘက်ရှ် အထက်တန်းကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ပိုလီနာ သီချင်းဆိုဖြော်ဖြေနေချိန်မှာပဲ ယူကရိန်းက ပစ်ခတ်တဲ့ ဟိုင်းမားစ်ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။
ဒုံးကျည်တစ်စင်းက ဖြော်ဖြေပွဲကျင်းပနေတဲ့ ကျောင်းပြဇာတ်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ကျန်ဒုံးကျည် တစ်စင်းကတော့ ပြဇာတ်ရုံဘေးက ကားတွေကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် မင်းသမီးပိုလီနာနဲ့အတူ ဂီတပညာရှင်တချို့နဲ့ မရိန်းတပ်သားအနည်းဆုံး ၃၀ နေရာမှာတင် သေဆုံးခဲ့ရ တယ်လို့လည်း စစ်တပ်လူမှုကွန်ယက်သတင်းတွေကို အခြေခံပြီး ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာ မရှိဘူးဆိုပါတယ်။ မင်းသမီးပိုလီနာရဲ့ ဆွေမျိုးတွေ အနုပညာအသိုင်းအဝိုင်းတွေနဲ့ စစ်တပ်လူမှုကွန်ယက်တွေက ဓါတ်ပုံ ဗီဒီယိုကလစ်တွေနဲ့ ဖော်ပြမှ သိရတာလို့လည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

အစ္စရေးဟားမတ်စ်စစ်ပွဲအပေါ် ထိပ်တိုက်တွေ့ကြသည့် တူရကီသမ္မတ နှင့် ဂျာမန်ဝန်ကြီးချုပ် သတင်းစာရှင်းပွဲ၁၇/၁၁တူရကီနဲ့ ဂျာမနီကြ...
17/11/2023

အစ္စရေးဟားမတ်စ်စစ်ပွဲအပေါ် ထိပ်တိုက်တွေ့ကြသည့် တူရကီသမ္မတ နှင့် ဂျာမန်ဝန်ကြီးချုပ် သတင်းစာရှင်းပွဲ
၁၇/၁၁
တူရကီနဲ့ ဂျာမနီကြားမှာ လက်ရှိဖြစ်နေတဲ့ အစ္စရေးဟားမတ်စ်စစ်ပွဲအပေါ် အလွန်ကွဲပြားတဲ့ သဘောထား အမြင်တွေရှိနေတယ်လို့ ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ် ရှို့လ်ဇ်က ပြောပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က ဘာလင်မြို့မှာ တူရကီ သမ္မတ အာဒိုဝမ်နဲ့ အတူးပူးတွဲကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ဂျာမန်ဝန်ကြီးချုပ်က ပြောလိုက်တာဖြစ်ပါတယ်။
အစ္စရေးရဲ့တည်ရှိခွင့်ဟာ ဂျာမနီအတွက် ငြင်းလို့မရတဲ့အချက်ဖြစ်သလို ဂျာမန်မြေပေါ်မှာ ဂျူးဝါဒကို ဆန့်ကျင်ဖို့ နေရာမရှိဘူးလို့ အိုလက်ဖ် ရှို့လ်ဇ်က ဆိုပါတယ်။ အလားတူ ဟားမတ်စ်ဟာ အကြမ်းဖက်အဖွဲ့မဟုတ်ဘူးဆိုတဲ့ တူရကီသမ္မတရဲ့ ပြောဆိုမှုကို လက်မခံနိုင်ကြောင်းလည်း ဂျာမန်ဝန်ကြီးချုပ်က ပြောပါတယ်။ သဘောထားအမြင်တွေ အရမ်းကွာဟနေတဲ့အတွက် တူရကီ သမ္မတနဲ့ တိုက်ရိုက်တွေ့ဆုံစကားပြောတာလို့လည်း ဂျာမန်ဝန်ကြီးချုပ်က ဆိုပါတယ်။ ဂျာမနီအနေနဲ့ အစ္စရေးပါလက်စတိုင်း အားလုံးရဲ့ အသက်တွေ ဘဝတွေကို တန်းတူ တန်ဖိုးထားကြောင်းနဲ့ လက်ရှိ ပါလက်စတိုင်းတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးတဲ့ အကြီးဆုံးအလှူရှင်များနိုင်ငံထဲမှာ ဂျာမနီပါဝင်ပါတယ်လို့ ပြောသွားပါတယ်။
အလားတူ သမ္မတ အာဒိုဝမ်ကလည်း ဂျူးဆန့်ကျင်ရေးကို လက်မခံဘူးဆိုတာ စတင်ပြောခဲ့တာ တူရကီဖြစ်သလို ထပ်တလဲလဲလည်း ပြောခဲ့ပြီးဖြစ်တယ်ဆိုပါတယ်။ ဒါပေမဲ့ ကလေးတွေကို သတ်ဖြတ်တာ ဆေးရုံတွေကို တိုက်ခိုက်တာကို ဘယ်သူမှ လက်မခံနိုင်သလို အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှု သက်သက်သာဖြစ်တယ်လို့ဆိုပါတယ်။ တူရကီအနေနဲ့ အစ္စရေးအပေါ် သမိုင်းကြွေးဘာမှ မရှိတဲ့အတွက် အနောက်နိုင်ငံတွေလို ထိမ်းထိမ်းသိမ်းသိမ်းပြောစရာမလိုပဲ ပွင့်ပွင်းလင်းလင်း ပြောဆိုနိုင် တယ်လို့လည်း တူရကီ သမ္မတက ဆိုပါတယ်။
သတင်းစာရှင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ ဟားမတ်စ်အဖွဲ့ကို ဘာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်တာလဲဆိုတဲ့အမေးကိုတော့ တူရကီ သမ္မတကတိုက်ရိုက်ဖြေဆိုခြင်းမရှိပဲ “အစ္စရေးတွေက လည်း ပါလက်စတိုင်းထောင်ချီကို သတ်ဖြတ်ခဲ့သလို ဘုရားကျောင်းတွေ ဗလီတွေကိုပါ တိုက်ခိုက်ခဲ့ တယ်မဟုတ်လားလို့” ပြန်လှန်မေးခွန်းထုတ်ခဲ့သလို မွတ်ဆလင်တစ်ဦးအနေနဲ့ အဆိုပါ တိုက်ခိုက် မှုတွေအပေါ် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်လို့ ဖြေပါတယ်။ ဟားမတ်စ်ကိုပဲ ပြောနေလို့ ပြီးမှာမဟုတ်ပဲ အခြေခံကျတဲ့ ပါလက်စတိုင်းအရေးကို ဖြေရှင်းရမှာဖြစ်တယ်လို့လည် အာဒိုဝမ်က ပြောပါတယ်။
တူရကီက မှာယူထားတဲ့ တိုက်လေယာဥ်တွေနဲ့ပတ်သက်လို့ ဂျာမန်အစိုးရက လက်ခံသဘော တူမယ်ထင်ပါသလားဆိုတဲ့အမေးကိုတော့ ဂျာမန်အစိုးရက မရောင်းလည်း တခြား ရောင်းတဲ့ နိုင်ငံတွေကနေ ဝယ်ယူမယ်လို့ တူရကီသမ္မတ က ဖြေဆိုပါတယ်။ လက်ရှိမှာ တူရကီဟာ ဒရုန်းထုတ်လုပ်ရေးနဲ့ပတ်သက်လို့ ရှေ့တန်းရောက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် သတင်းထောက်အနေနဲ့ ရန်စခြိမ်းခြောက်တဲ့မေးခွန်းတွေမမေးဖို့လည်း တူရကီသမ္မတ အာဒိုဝမ်က ပြောဆိုသွားတာ တွေ့ရ ပါတယ်။

ဂါဇာစီတီးက ရှီဖာဆေးရုံကို လာရောက်စစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို အစ္စရေးက ပယ်ချ၁၇/၁၁ဂါဇာစီတီးက ရှီဖာဆေးရု...
17/11/2023

ဂါဇာစီတီးက ရှီဖာဆေးရုံကို လာရောက်စစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို အစ္စရေးက ပယ်ချ
၁၇/၁၁
ဂါဇာစီတီးက ရှီဖာဆေးရုံဝန်းထဲမှာ စစ်ရေးဆိုင်ရာ မြေအောက်လှိုဏ်ခေါင်းတွေ့ရှိထားတယ်ဆိုတဲ့ အစ္စရေးစစ်တပ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ လာရောက်ကြည့်ရှုစစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲရဲ့ တောင်းဆိုချက်ကို အစ္စရေးအစိုးရက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
မြေအောက်လှိုဏ်ခေါင်းကို ဝင်ရောက်နိုင်ဖို့ အစ္စရေးစစ်အင်ဂျင်နီယာတပ်ဖွဲ့က လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် ဟာဂါရီက ပြောပါတယ်။ ရှီဖာဆေးရုံဝန်းအနီးမှာပဲ ဒုတိယမြောက် အစ္စရေးအမျိုးသမီးစစ်သည်ရဲ့ ရုပ်အလောင်းကို ရှာဖွေ့တွေ့ရှိထားတဲ့အတွက် ဆေးရုံနဲ့ အနီးအနားကို အရေးပေါ်နေရာသတ်မှတ်ပြီး အသေးစိတ်စစ်ဆေးနေဆဲလို့လည်း ဗိုလ်ချုပ် ဟာဂါရီက ဆိုပါတယ်။
ရှီဖာဆေးရုံထဲမှာ လက်နက်တွေနဲ့ မြေအောက်လှိုဏ်ခေါင်းအဝ တွေ့ရှိထားတယ်ဆိုတဲ့ အစ္စရေးစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ ရီစရာကောင်းတဲ့ လုပ်ကြံဖန်တီးမှုသာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့နဲ့ ဟားမတ်စ်ခန့် ရှီဖာဆေးရုံတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
အစ္စရေးစစ်တပ်အနေနဲ့ ရှီဖာဆေးရုံကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုဟာ မှန်ကန်ကြောင်း သက်သေ ပြနိုင်ဖို့ နိုင်ငံတကာဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် မြေအောက်မှာရှိနေတယ်ဆိုတဲ့ ဟားမတ်စ်စစ်ဌာနချုပ်ကို မဖြစ်မနေပြသနိုင်ဖို့ လိုနေကြောင်း ပါလက်စတိုင်းနဲ့ အစ္စရေး သတင်းတွေက ဖော်ပြနေပါတယ်။

ယူကရိန်းစစ်တပ်အတွက် ယူရို သန်း နှစ်ထောင်ကျော် ကူညီပေးဖို့ နယ်သာလန်က ဆုံးဖြတ်၁၇/၁၁ယူကရိန်းတပ်မတော်အတွက်  ၂၀၂၄ ခုနှစ်မှာလိ...
17/11/2023

ယူကရိန်းစစ်တပ်အတွက် ယူရို သန်း နှစ်ထောင်ကျော် ကူညီပေးဖို့ နယ်သာလန်က ဆုံးဖြတ်
၁၇/၁၁
ယူကရိန်းတပ်မတော်အတွက် ၂၀၂၄ ခုနှစ်မှာလိုအပ်တဲ့ စစ်လက်နက်ခဲယမ်းအလုံ အလောက် ရရှိဖို့အတွက် ယူရိုငွေ သန်း နှစ်ထောင်ကျော် ပိုမိုကူညီပေးဖို့ ဆုံးဖြတ်ကြောင်း နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
ပေးပို့ကူညီပြီးဖြစ်တဲ့ လက်နက်တွေ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် ထပ်မံလိုအပ်မဲ့ ခဲယမ်းတွေ ပြုပြင်မွန်းမံရေးတွေအတွက်ဖြစ်သလို အဆင့်မြင့်စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ ဖြစ်တယ်ဆိုပါတယ်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်တွေအရ ယူရိုငွေ သန်းနှစ် ထောင်ကျော်ဟာ လုံလောက်တဲ့ ငွေကြေးပမာဏဖြစ်တယ်လို့ နယ်သာလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
နယ်သာလန်စစ်တပ်မှာ ရှိတဲ့ လက်နက်ခဲယမ်းတွေထဲက တိုက်ရိုက်ကူညီပို့ပေးမှာဖြစ်သလို တခြား နိုင်ငံတွေဆီက ဝယ်ယူရေးအတွက် အသုံးပြုဖို့ဖြစ်တယ်ဆိုပါတယ်။ ယူကရိန်းပိုင်းလော့တွေအတွက် F 16 တိုက်လေယာဥ်မောင်းနှင်လေ့ကျင့်မှုတွေကို ဆက်လက် ကူညီပေးမှာဖြစ်သလို မဟာမိတ် နိုင်ငံတွေနဲ့အတူ လေယာဥ်တွေ ပေးပို့ကူညီသွားမှာဖြစ်တယ်လို့လည်း နယ်သာလန်ကာကွယ်ရေး ဝန်ကြီးက ပြောဆိုထားပါတယ်။
ရုရှားကျူးကျော်စစ်စတင်ချိန်ကစပြီး ယူကရိန်းကို နယ်သာလန်အစိုးရက ယူရိုငွေ သန်း ငါးထောင်နီးပါး ကူညီပေးခဲ့ပြီးဖြစ်ပေမဲ့ အဆိုပါငွေတွေဟာ စစ်ရေးသက်သက်မဟုတ်ပဲ လူသားချင်းစာနာတဲ့အကူအညီတွေအတွက်ပါ ပါဝင်တယ်ဆိုပါတယ်။ အခု အပိုကူညီပေးမဲ့ငွေကတော့ စစ်ရေးအကူညီအတွက်ပဲဖြစ်တယ်လို့ နယ်သာလန်သတင်းတွေက ဖော်ပြပါတယ်။
နယ်သာလန်နဲ့ ဒိန်းမတ် နှစ်နိုင်ငံပေါင်းပြီး ကူညီပေးပို့မဲ့ F 16 တိုက်လေယာဥ်တွေရဲ့ တန်ဖိုးဟာ ယူရို သန်းတစ်ထောင်ကျော်ဖိုးခန့်ရှိပြီး အခုကူညီပေးမဲ့ ငွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း နယ်သာလန်သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန် မဟာဗျူဟာဗုံးကြဲလေယာဥ်အသစ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း၁၀/၁၁အမေရိကန်လေတပ်ရဲ့  B-21 "Raider" မဟာဗျူဟာ ကိုယ်ပျောက်...
10/11/2023

အမေရိကန် မဟာဗျူဟာဗုံးကြဲလေယာဥ်အသစ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း
၁၀/၁၁

အမေရိကန်လေတပ်ရဲ့ B-21 "Raider" မဟာဗျူဟာ ကိုယ်ပျောက် တာဝေးဗုံးကြဲလေယာဉ်ကို နိုဝင်ဘာ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် အမေရိကန်လေတပ် စက်ရုံဝန်းအတွင်းက B-21 "Raider" လေယာဥ် ထွက်ခွာပျံသန်းသွားတာကို ဗီဒီယိုတွေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။
အမေရိကန်လေတပ်ပြောခွင့်ရသူအဆိုအရ စမ်းသပ်ပျံသန်းနေဆဲအဆင့်ဖြစ်ပြီး ဒီဇင်ဘာလထဲမှာ လူသိ ထင်ရှား ထုတ်ဖော် ပျံသန်းပြမယ်ဆိုပါတယ်။ လောလောဆယ် စမ်းသပ်လေယာဥ် ခြောက်စင်း ထုတ်လုပ်နေတယ်လို့လည်း အမေရိကန်လေတပ်တာဝန်ရှိသူက ပြောပါတယ်။

လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ Northrop Grumman ကုမ္ပဏီကတီထွင်ထုတ်လုပ်ခဲ့တဲ့ အဆိုပါ လေယာဥ်ဟာ နျူကလီးယားနဲ့ သမရိုးကျလက်နက် နှစ်မျိုးစလုံးအသုံးပြုနိုင်ပြီး စုစုပေါင်း ကုန်ကျစားရိတ်ဟာ လက်ရှိငွေစျေးနူံးအရ တစင်းကို ဒေါ်လာ သန်း ၇၅၀ ကုန်ကျတယ်ဆိုပါတယ်။ အမေရိကန် လေတပ်အတွက် အစင်းရေ ၁၀၀ ထုတ်လုပ်ဖို့ စီစဥ်ထားကြောင်းလည်း အမေရိကန်လေတပ်တာဝန်ရှိသူက ပြောဆိုထားပါတယ်။

ရုရှား ကမ်းတက် စစ်ရေယာဥ် နှစ်စီးကို ယူကရိန်းက ရေပေါ်ဒရုန်းများဖြင့်် တိုက်ခိုက်ဖျက်ဆီး၁၀/၁၁ရုရှား ပင်လယ်နက် ရေတပ်အုပ်စုက...
10/11/2023

ရုရှား ကမ်းတက် စစ်ရေယာဥ် နှစ်စီးကို ယူကရိန်းက ရေပေါ်ဒရုန်းများဖြင့်် တိုက်ခိုက်ဖျက်ဆီး
၁၀/၁၁

ရုရှား ပင်လယ်နက် ရေတပ်အုပ်စုက ကမ်းတက် သယ်ယူပို့ဆောင်ရေး စစ်ရေယာဥ် နှစ်စီးကို နိုဝင်ဘာ ၁၀ ရက် မနက်အစောပိုင်းက ရေပေါ်ဒရုန်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက ဗီဒီယိုအထောက်အထားနဲ့ သတင်းထုတ်ပြန်ပါတယ်။
BTR 82 သံချပ်ကာ တိုက်ခိုက်ရေးယာဥ်တွေနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ အဆိုပါ ကမ်းတက် ပို့ဆောင်ရေး စစ်ရေယာဥ်တွေကို ခရိုင်းမီးယား ရေပြင်မှာ ယူကရိန်း ကွန်မန်ဒိုတွေက ပစ်ခတ်ဖျက်ဆီးလိုက်တာလို့ ဗီဒီယို သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ် ကျူးကျော်စစ် အစက ယူကရိန်းပိုင် မြွေကျွန်းကို တက်ရောက်သိမ်းပိုက်စဥ်က ရုရှား တပ်တွေက အဆိုပါ ကမ်းတက်ရေယာဥ်တွေကို အသုံးပြုခဲ့တာလို့လည်း ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောဆိုထားပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကမ်းတက် စစ်ရေယာဥ်တွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ ကာဇက်စတန်နိုင်ငံက ပြန်လာတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း စစ်ဆင်ရေးအတွက် ဌာနချုပ်ပြုလုပ်ထားတဲ့ ရော့စ်တော့ဗ်ပြည်နယ် မြို့တော်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ရိုက် သွားရောက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂရာဆီမော့ဗ်တို့နဲ့ အရေးပေါ် တွေ့ ဆုံဆွေးနွေးတာ တွေ့ရပါတယ်။

ပါလက်စတိုင်းတွေ သေဆုံးရတာ အရမ်းများနေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြော၁၀/၁၁လက်ရှိဖြစ်ပျက်နေတဲ့ အစ္စရေး-ဟားမတ်စ်စ...
10/11/2023

ပါလက်စတိုင်းတွေ သေဆုံးရတာ အရမ်းများနေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြော
၁၀/၁၁

လက်ရှိဖြစ်ပျက်နေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ ပါလက်စတိုင်းတွေ သေဆုံးနေရတာ အရမ်းများနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ဘလန်ကန်က ပြောလိုက်တာပါ။ အစ္စရေးဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ပါလက်စတိုင်းတွေ များနေပြီဆိုတာကို အမေရိကန်အစိုးရက ပထမဆုံး ဝေဖန်ပြောဆိုခြင်းလည်းဖြစ်ပါတယ်။
အရပ်သားပါလက်စတိုင်းတွေကို အတတ်နိုင်ဆုံးကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာတဲ့ အကူ အညီတွေ အမြန်ရောက်အောင် အစ္စရေးအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။
ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းတွေကို နေရာပြောင်းရွှေ့တာမျိုးမလုပ်ဖို့လိုသလို ဂါဇာက ပါလက်စတိုင်းတွေကို အသုံးချပြီး အစ္စရေးကို အကြမ်းဖက်တာမျိုး တိုက်ခိုက်တာမျိုး မလုပ် ဖို့လည်း အရေးကြီးတယ်လို့ ဘလင်ကန်ကပြောပါတယ်။ အမေရိကန်အနေနဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်ရေးနဲ့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာမဲ့အရေးကို ဟန့်တားဖို့ကို အဓိက အာရုံ စိုက်လုပ်နေကြောင်းလည်း ဘလင်ကန်က ပြောသွားပါတယ်။
ပါလက်စတိုင်းသတင်းတွေမှာတော့ နှစ်ခြမ်းကွဲနေတဲ့ ဟားမတ်စ်အဖွဲ့ထိမ်းချုပ်ထားတဲ့ ဂါဇာနဲ့ ဖာတာအဖွဲ့ထိမ်းချုပ်ထားတဲ့ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့အခြေစိုက်ရာ အနောက်ဘက် ကမ်းဒေသကို ပြန်လည်ပေါင်းစည်းပြီး ဟားမတ်စ်မပါမဲ့ ပါလက်စတိုင်းအစိုးရ အောက်ပြန်လည်ရောက်ရှိဖို့ကို အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတချို့ကြားမှာ ဆွေးနွေး မူ တွေရှိ နေပြီလို့ ဖော်ပြနေပါတယ်။
အစ္စရေးအစိုးရကတော့ ဟားမတ်စ်တွေကိုအနိုင်ယူပြီးရင် ဂါဇာရဲ့ လုံခြုံရေးကို အစ္စရေးကပဲ တာဝန်ယူမယ်လို့ ပြောဆိုထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ဟားမတ်စ်တွေမရှိတော့မဲ့ဂါဇာဒေသကို ပါလက်စတိုင်းတွေကပဲ အုပ်ချုပ်တာဝန်ယူရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဟားမတ်စ်စစ်စခန်းနဲ့ ဂါဇာလေ့ကျင့်ရေးစခန်းတွေကို အစ္စရေးက ဝင်ရောက် စီးနင်းခဲ့ဟုဆို၁၀/၁၁ဂါဇာမှာ ရှိတဲ့ ဟားမတ်စ် စစ်စခန်းတွေ...
10/11/2023

ဟားမတ်စ်စစ်စခန်းနဲ့ ဂါဇာလေ့ကျင့်ရေးစခန်းတွေကို အစ္စရေးက ဝင်ရောက် စီးနင်းခဲ့ဟုဆို
၁၀/၁၁
ဂါဇာမှာ ရှိတဲ့ ဟားမတ်စ် စစ်စခန်းတွေနဲ့ လေ့ကျင့်ရေးစခန်းတွေကို အစ္စရေးတပ်တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးမှာ ဟားမစ်စ်စစ်ရေးခေါင်းဆောင် Yahya Sinwar ရဲ့ အစ်ကိုဖြစ်သူရုံးခန်းနဲ့ နေအိမ်တွေကိုပါ ရှာဖွေစီးနင်းခဲ့ပြီး အရေးကြီးစာရွက်စာတမ်းတွေနဲ့အတူ ဒုံးကျည်တွေ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ စစ်ရေးမြေပုံတွေ ဆက်သွယ်ရေးကရိယာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

- အီရန်က အမေရိကန်ကို ခြိမ်းခြောက်- အမေရိကန်က ဆီးရီးယားထဲက အီရန် စစ်လက်နက်ဂိုဒေါင်တွေကို တိုက်ခိုက်၂၇/၁၀ဆီးရီးယားနိုင်ငံ ...
27/10/2023

- အီရန်က အမေရိကန်ကို ခြိမ်းခြောက်
- အမေရိကန်က ဆီးရီးယားထဲက အီရန် စစ်လက်နက်ဂိုဒေါင်တွေကို တိုက်ခိုက်
၂၇/၁၀
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အီရန်အားပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စခန်းနှစ်ခုနဲ့ လက်နက်ဂိုဒေါင်တွေကို အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။
အမေရိကန်စခန်းတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ မကြာခဏ တိုက်ခိုက်နေတာကို သတိပေးတုံ့ပြန်တဲ့အနေနဲ့ F 16 တိုက်လေယာဥ်တွေစေလွှတ်ပြီး တိုက်ခိုက်လိုက်တာလို့ အော်စတင်က ပြောပါတယ်။
အခုပစ်ခတ်ခဲ့တဲ့ စခန်းနဲ့ ဂိုဒေါင်တွေကို အီရန်စစ်တပ်က သွယ်ဝိုက် အသုံးပြုနေတာပါလို့လည်း အော်စတင်က ဆိုပါတယ်။
အမေရိကန်တပ်တွေကို ပစ်ခတ်တိုက်ခိုက်နေမှုမှာ မပါဝင် မပတ်သက်ကြောင်း အီရန်က ငြင်းဆို ဖုံးကွယ်နေပေမဲ့ ဒီငြင်းဆိုဖုံးကွယ်မှုတွေကို လက်မခံဘူးဆိုတာကို ပြသတာဖြစ် တယ်လို့လည်း အော်စတင်က ပြောပါတယ်။
အမေရိကန်စခန်းတွေကို ဆက်ပြီး တိုက်လာဦးမယ်ဆိုရင် နောက်ထပ် စစ်ရေးစီမံချက်တွေကို အကောင်အထည်ဖော်ဖို့ အသင့်ပဲလို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောသွားပါတယ်။
အောက်တိုဘာ ၂၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အီရန် နိုင်ငံခြားရေးဝန်ကြီးက “အစ္စရေးရဲ့ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ အပြစ်မဲ့ ပါလက်စတိုင်းတွေ သေဆုံးနေရတာကို အမေရိကန်က ဝင်မတားဘဲ ကူညီအားပေးနေမယ်ဆိုရင် စစ်မီးတောက်လောင်မှုဟာ အမေရိကန်ကိုပါ ကူးစက်ခံရမယ်” လို့ သတိပေးသွားပါသေးတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး ပြောအပြီး နာရီပိုင်းမှာ အမေရိကန်က ဆီးရီးယားနိုင်ငံထဲက အီရန်အားပေး လက်နက်ကိုင်တပ်တွေနဲ့ လက်နက်ဂိုဒေါင်တွေကို တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန် F-16 တိုက်လေယာဥ်တွေကို အနီးကပ် စောင့်ကြည့်နေဟု ရုရှားက ပြော၂၇/၁၀အစ္စရေး-ပါလက်စတို...
27/10/2023

အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန် F-16 တိုက်လေယာဥ်တွေကို အနီးကပ် စောင့်ကြည့်နေဟု ရုရှားက ပြော
၂၇/၁၀
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဇုန်ကို အမေရိကန် F-16 တိုက်လေယာဥ်အုပ်တွေ တိုးမြှင့်ချ ထားနေတဲ့အပေါ် သတိထားပြီး အာရုံစိုက် စောင့်ကြည့်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က အောက်တိုဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ ဒေသကို အမေရိကနရေတပ်သာမက လေတပ်ကိုပါ အင်အားတွေ တိုးမြှင့်ချထားနေတာဟာ အလေးအနက်ထား စဥ်းစားရမဲ့ အခြေအနေဖြစ်တယ်လို့လည်း ပက်စကော့ဗ်က ဆိုပါတယ်။
အထူးသဖြင့် ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးနေတဲ့ F 16 တိုက်လေယာဥ်တွေကို ပဋိပက္ခဇုန်ဆီ တိုးမြှင့်စေလွှတ်နေတာကို ရုရှားအတွက် ပိုပြီး သတိထားစောင့်ကြည့်ရမယ်လို့လည်း ပက်စကော့ဗ်က ပြောပါတယ်။
ပဋိပက္ခဇုန်ကို စစ်အင်အား တိုးချဲ့ချထားတာ၊ စစ်လက်နက် ကူညီပေးတာတွေဟာ ငြိမ်းချမ်းရေးထက် ပဋိပက္ခတွေကို ပိုဆိုးရွားစေမယ်လို့လည်း ပက်စကော့ဗ်က ဆိုပါတယ်။
ပက်စကော့ဗ်ပြောအပြီး နောက်ရက်မှာပဲ အမေရိကန် F 16 တွေက ဆီးရီးယားနိုင်ငံထဲက အီရန်အားပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်စခန်းနဲ့ လက်နက်ခဲယမ်း ဂိုဒေါင်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။

အီရန်ကလည်း စစ်ရေးလေ့ကျင့်ပြီး အင်အားပြ၂၇/၁၀ဒေသတွင်းလုံခြုံရေးအခြေအနေတွေကြောင့် အီရန်မြေပြင်တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်မ...
27/10/2023

အီရန်ကလည်း စစ်ရေးလေ့ကျင့်ပြီး အင်အားပြ
၂၇/၁၀
ဒေသတွင်းလုံခြုံရေးအခြေအနေတွေကြောင့် အီရန်မြေပြင်တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပြီး နှစ်ရက်ကြာ ပြုလုပ်မယ်လို့ အီရန်အစိုးရသတင်းဌာနက ဖော်ပြပါတယ်။
မြေပြင်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးရဟတ်ယာဉ် အစီး ၂၀၀ ကျော်နဲ့ လေကြောင်းချီတပ်ဖွဲ့ပါ ပါဝင်လေ့ကျင့်နေပြီး နိုင်ငံ့အလယ်ပိုင်း Isfahan ပြည်နယ်က Nasr Abad ဒေသမှာ ပြုလုပ်နေတာလို့ အီရန်စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် Amir Cheshak က ပြောပါတယ်။
အစ္စလမ္မစ်သမ္မတနိုင်ငံအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပြင် ဆင်နေကြောင်းလည်း အီရန်စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ အီရန်ရဲ့ နာမည်ကျော်တင့်ကားတွေ အဝေးပစ်လက်နက်ကြီးတွေပါ ပါဝင်တယ်လို့ အီရန်စစ်တပ်ပြောခွင့် ရသူက ပြောဆိုထားပါတယ်။

ဗြိတိန် စစ်လေယာဥ်တွေကို လေပိုင်နက်ထဲ မဝင်နိုင်အောင် တားဆီးနိုင်ခဲ့ဟု ရုရှားက ပြော၁၉/၁၀ပင်လယ်နက် ရုရှားလေပိုင်နက် အနီးကို...
19/10/2023

ဗြိတိန် စစ်လေယာဥ်တွေကို လေပိုင်နက်ထဲ မဝင်နိုင်အောင် တားဆီးနိုင်ခဲ့ဟု ရုရှားက ပြော
၁၉/၁၀
ပင်လယ်နက် ရုရှားလေပိုင်နက် အနီးကို ချဉ်းကပ်လာတဲ့ ဗြိတိန် စစ်လေယာဥ် သုံးစင်းကို အောက်တိုဘာ ၁၉ ရက်က တားတီးနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လေပိုင်နက် အနီးကို ချဉ်းကပ်လာတဲ့ လေကြောင်းပစ်မှတ် သုံးခုကို လေကြောင်းရန် ကာကွယ်ရေးတပ်က တွေ့ရှိတဲ့အတွက် ဟန့်တားတားဆီးဖို့ Su 27 တိုက်လေယာဥ်တွေ စေလွှတ်ရာမှာ ဗြိတိန် RC-135 ထောက်လှမ်းရေး လေယာဥ်နဲ့ လုံခြုံရေး လိုက်ပါလာတဲ့ တိုင်ဖွန်း တိုက်လေယာဥ် နှစ်စင်းကို တွေ့ရှိတာလို့ ဆိုပါတယ်။
ရုရှား တိုက်လေယာဥ်တွေ ပျံသန်းလာမှန်း သိချိန်မှာ ဗြိတိန်လေယာဥ် အားလုံး ရုရှားလေပိုင် နက် အနီးကနေ နောက်ကြောင်းပြန်လှည့်သွားတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမေရိကန် ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို ရုရှား လေပိုင်နက်ထဲ မဝင်အောင် တားဆီးခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန်အားပေး ယီမင်သူပုန်တွေပစ်ခတ်သည့် ဒုံးကျည်တွေကို အမေရိကန် ရေတပ်က  ပစ်ချခဲ့ဟုဆို၁၉/၁၀အီရန်ထောက်ခံထားတဲ့ ယီမင်နိုင်ငံ ဟ...
19/10/2023

အီရန်အားပေး ယီမင်သူပုန်တွေပစ်ခတ်သည့် ဒုံးကျည်တွေကို အမေရိကန် ရေတပ်က ပစ်ချခဲ့ဟုဆို
၁၉/၁၀
အီရန်ထောက်ခံထားတဲ့ ယီမင်နိုင်ငံ ဟူသီသူပုန်တွေပစ်ခတ်တဲ့ ခရုစ်ဒုံးကျည်သုံးစင်းနဲ့ ဒရုန်းတွေကို မြေထဲပင်လယ်ဒေသရေကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ အမေရိကန် USS Carney ဖျက်သင်္ဘောက ကြားဖြတ် ပစ်ချခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါ က ပြောပါတယ်။
ယီမင်ကမ်းရိုးတန်းအနီးမှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၉ ရက်နေ့မနက်ပိုင်းက ပစ်ချခဲ့တာဖြစ်ပြီး အဆိုပါ ဒရုန်းနဲ့ ခရုစ်ဒုံးကျည်တွေဟာ USS Carney ဖျက်သင်္ဘောကို ပစ်ခတ်တာမဟုတ်ပဲ အစ္စရေးနိုင်ငံဘက်ကို ရည်ရွယ်ပစ်ခတ်တာလို့ ယူဆရကြောင်းလည်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရသူက ဆိုပါတယ်။
ပစ်ချခံရတဲ့ ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းအပျက်အစီးတွေကြောင့် မြေပြင်နဲ့ ရေပြင်မှာ တစုံတရာထိခိုက်မှုတွေ မရှိဘူးလို့ဆိုပါတယ်။ကိ ဖြစ်စဥ်အသေးစိတ်နဲ့ နောက်ဆက်တွဲတွေကို ဆက်လက်သတင်းထုတ်ပြန်ပေးမယ်လို့လည်း ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါ က ပြောသွားပါတယ်။
အစ္စရေးဟားမတ်စ်စစ်ပွဲမှာ အမေရိကန်ပါဝင်ပတ်သက်လာရင် ဟားမတ်စ်အဖွဲ့ ဘက်ကနေ ကူညီတိုက်ခိုက်ရမယ်လို့ အီရန်အားပေးထားတဲ့ ဟူသီသူပုန်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အစ္စရေးဟားမတ်စ် ပဋိပက္ခဖြေရှင်းရေးအတွက် ရုရှားရဲ့ အဆိုပြုချက်ကို လုံခြုံရေး ကောင်စီက ပယ်ချ၁၇/၁၀အစ္စရေးနဲ့ဟားမတ်စ်ဖြစ်ပျက...
17/10/2023

အစ္စရေးဟားမတ်စ် ပဋိပက္ခဖြေရှင်းရေးအတွက် ရုရှားရဲ့ အဆိုပြုချက်ကို လုံခြုံရေး ကောင်စီက ပယ်ချ
၁၇/၁၀
အစ္စရေးနဲ့ဟားမတ်စ်ဖြစ်ပျက်နေတဲ့ စစ်ပွဲနဲ့ အစ္စရေးနဲ့ပါလက်စတိုင်းကြား ပဋိပက္ခဖြေရှင်းရေးအတွက် အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် နီဗန်းညားက အောက်တိုဘာ ၁၇ နေ့မှာ ပြောလိုက် ပါတယ်။
ဗုံးကြဲတာတွေရပ်ဆိုင်းပြီး ဂါဇာကို ပိတ်ဆို့ထားတွေဖယ်ရှားဖို့နဲ့ လူသားချင်းစာနာထောက် ထားတဲ့အကူ အညီတွေပေးခွင့်ပြုဖို့ ရုရှားက ဦးဆောင်ပြီး တရုတ်ရဲ့ထောက်ခံမှုနဲ့ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။
အဆိုပါအဆိုပြုချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက်က ရုရှား တရုတ် ယူအေအီး ဂါဘွန် နဲ့ မိုဇမ်ဘစ် ၅ နိုင်ငံကပဲ ထောက်ခံခဲ့တာပါ။ ဗြိတိန် အမေရိကန် ပြင်သစ်နဲ့ ဂျပန်တို့က ကန့်ကွက်ခဲ့ပြီး အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ဂါနာ၊ မော်လ်တာ၊ ဆွစ်ဇာလန်၊ နဲ့ အီကွေဒေါတို့က ကြားနေခဲ့တဲ့အတွက် လုံလောက်တဲ့ထောက်ခံမဲမရပဲ အဆိုကို ပယ်ချခံခဲ့ရတာလို့ နီဗန်းညားက ပြောပါတယ်။
အပြစ်မဲ့အရပ်သားတွေေသေဆုံးဒဏ်ရာရမှာကို မလိုလားတဲ့ ရုရှားရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ပယ်ချတာဟာ ငြိမ်းချမ်းရေးမလိုလားတဲ့ အနောက်နိုင်ငံတွေရဲ့ သဘောထားကို ပေါ်လွင်စေသလို လုံခြုံရေးကောင်စီကို အနောက်နိုင်ငံတွေ လွှမ်းမိုးထားတယ်ဆိုတာ ထင်ရှားနေတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် နီဗန်းညားက ပြောသွားပါတယ်။
လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ဗြိတိန်နဲ့ ပြင်သစ်ကိုယ်စား လှယ်တွေကတော့ ရုရှားရဲ့အဆိုပြုချက်မှာ အကြမ်းဖက်မှုကို စတင်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို ပြစ်တင်ရှုတ်ချတာမပါတဲ့အတွက် ကန့်ကွက်မဲပေးတာလို့ ပြောဆိုပါတယ်။
ရုရှားအမြဲတမ်းကိုယ်စားလှယ် နီဗန်းညားကတော့ ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူညီတွေပေးနိုင်ရေးကို အဓိက အာရုံစိုက်တာဖြစ်လို့ ဟားမတ်စ်အဖွဲ့ကို အဆိုပြုချက်မှာ ထည့်သွင်းမဖေါ်ပြခဲ့တာလို့ ပြောဆိုထားပါတယ်။

အမေရိကန်အဆင့်မြင့် ဗိုလ်ချုပ် အစ္စရေးကို ရောက်ရှိနေ၁၇/၁၀အမေရိကန်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒု ဗိုလ်ချုပ်...
17/10/2023

အမေရိကန်အဆင့်မြင့် ဗိုလ်ချုပ် အစ္စရေးကို ရောက်ရှိနေ
၁၇/၁၀
အမေရိကန်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ် ကာရီလာဟာ အစ္စရေးနိုင်ငံကိုရောက်ရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
မြေထဲပင်လယ် အာရပ်အာဖရိကနဲ့ တောင်အာရှဒေသတွေကို တာဝန်ယူထားတဲ့ စစ်တိုင်းမှူးဗိုလ်ချုပ် ကာရီလာဟာ အစ္စရေး ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သွားရောက်တာလို့ဆိုပါတယ်။
အစ္စရေးတပ်မှာ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်တဲ့ အရည်အချင်းအရေအတွက်တွေ ရှိ မရှိ ကို သေချာစေဖို့ နဲ့ အစ္စရေးလိုအပ်ချက်ကို နားလည်သဘောပေါက်ဖို့ ကိုယ်တိုင်သွားရောက်တာလို့ ကာရီလာက ပြောဆိုထားပါတယ်။ ဟားမတ်စ်နဲ့ဖြစ်နေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး အစ္စရေးအပေါ် ရန်ပြုလာနိုင်သူတွေကို ဟန့်တားနိုင်ရေးကို အဓိက ဦးစားပေးဆွေးနွေးဖို့ဖြစ်တယ်လို့လည်း ကာရီလာ က ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မှာ လာရောက်မဲ့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ရဲ့ အစ္စရေး ခရီးစဥ် မတိုင်ခင်မှာ အမေရိကန်အဆင့်မြင့်ဗိုလ်ချုပ်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ အမေရိကန်မရိန်း တပ်သား နှစ်ထောင်နဲ့ နည်းပညာကျွမ်းကျင်သူတွေကို အစ္စရေးကို စေလွှတ်ဖို့ ပင်တဂွန်က စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာချိန်နဲ့ အမေရိကန်အဆင့်မြင့်ဗိုလ်ချုပ်ရဲ့ ခရီးစဥ် တိုက်ဆိုင်နေတယ်လို့လည်း နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာကို ဗုံးကြဲတာတွေမရပ်ရင် ပါလက်စတိုင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်မျက်နှာမျိုးစုံကနေ အစ္စရေးကို အပြင်းအထန်တိုက်ခိုက်ဖို့ အသင့်ရှိနေပြီလို့ အောက်တိုဘာ ၁၆ ရက်နေ့က ပြောဆိုထားပြီး အစ္စရေးအစိုးရကတော့ ဟားမတ်စ်တွေကိ အပြီးအနိုင်ယူပြီးမှ စစ်ပွဲပြီးမယ်လို့ ပြောဆိုထားပါတယ်။

ယူကရိန်းတပ်တွေ အခြေအနေမကောင်းတော့ဟု ရုရှားကာကွယ်ရေးဝန်ကြီးက သမ္မတပူတင်ကို တင်ပြ၁၆/၁၀အထူးစစ်ဆင်ရေးနယ်မြေ ရှေ့တန်းစစ်မြေပြ...
16/10/2023

ယူကရိန်းတပ်တွေ အခြေအနေမကောင်းတော့ဟု ရုရှားကာကွယ်ရေးဝန်ကြီးက သမ္မတပူတင်ကို တင်ပြ
၁၆/၁၀
အထူးစစ်ဆင်ရေးနယ်မြေ ရှေ့တန်းစစ်မြေပြင်အားလုံးကို တည်ငြိမ်အောင် ထိမ်းချုပ်ထားသလို နည်းဗျူဟာပိုင်းမှာ ရုရှားတပ်တွေက အရာရာသာလွန်ကောင်းမွန်နေပြီလို့ ကာကွယ်ရေးဝန်ကြိး ဆာဂေး ရှိုးဂူက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ရုရှားလုံခြုံရေးကောင်စီအဆင့်မြင့်ဆွေးနွေးပွဲမှာ ရှိုးဂူက သမ္မတဗလာဒီမာ ပူတင်ကို တင်ပြခဲ့တာဖြစ်ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်အားလုံး အကျအဆုံးများစွာနဲ့ ပြီးဆုံးသွားပြီလို့လည်း ရှိုးဂူက ပြောပါတယ်။ ယူကရိန်းတပ်တွေမှာ လူအင်အား စစ်လက်နက်အင်အား ဆုံးရှုံးမှုတွေ မပြောနိုင်လောက်များပြားနေပြီး ရုရှားတပ်တွေက နေရာတိုင်းမှာ အသာစီးရနေပါပြီလို့ ရှိုးဂူက ဆိုပါတယ်။ သမ္မတပူတင် ချမှတ်ထားတဲ့ အထူးစစ်ဆင်ရေးရည်မှန်းချက်တွေပြည့်ဝအောင် အကောင်အထည်ဖော်ဖို့ ရုရှားတပ်တွေမှာ ယုံကြည်မှု ပိုမိုခိုင်မာလာနေပြီး အသင့်ဖြစ်နေကြပြီလို့လည်း ဆာဂေးရှိုးဂူက တင်ပြသွားပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဘေ့ဂျင်းမြို့မှာ ကျင်းပမဲ့ Belt and Road ဖိုရမ်ကို သွားရောက်တက်ရောက်မဲ့ ဗလာဒီမာပူတင်ဟာ မသွားခင် အရေးပေါ် လုံခြုံရေးကောင်စီဆွေးနွေးပွဲခေါ်ယူကျင်းပခဲ့တာဖြစ်ပါတယ်။
ထူးခြားတာကတော့ခါတိုင်းလို အွန်လိုင်းက ပြုလုပ်တာမဟုတ်ပဲ လူချင်းတွေ့ဆုံပြုလုပ်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ရှိုးဂူ ပြည်တွင်းထောက်လှမ်းရေးအကြီးအကဲ အလက်ဇန်ဒါ ဘော်တနီကောဗ် ပြည်ပထောက်လှမ်းရေးတာဝန်ခံ ဆာဂေး နာရီရှကင် ရုရှားမြို့စောင့်တပ်တပ်မှူး ဗိုလ်ချုပ်ကြီး ဗစ်တာ ဇိုလိုတောဗ်နဲ့ မဟာဗျူဟာလက်နက်ညှိနိူင်းရေး တာဝန်ခံနဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရာဘ်ကောဗ်တို့ပဲ တက်ရောက် ခဲ့တာဖြစ်ပါတယ်။
အစ္စရေးနဲ့ ဂါဇာမှာ ပိတ်မိနေတဲ့ ရုရှားနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း အဆိုပါ ဆွေးနွေးပွဲမှာ ဗလာဒီမာပူတင်က အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

သွေးတိုးလာမစမ်းဖို့ ဟစ်ဇ်ဘိုလာကို အစ္စရေးက သတိပေး၁၆/၁၀ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ အစ္စရေးအပေါ်ကို သွေးတိုးစမ်းတဲ့လုပ်ရပ်တွေမလု...
16/10/2023

သွေးတိုးလာမစမ်းဖို့ ဟစ်ဇ်ဘိုလာကို အစ္စရေးက သတိပေး
၁၆/၁၀

ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ အစ္စရေးအပေါ်ကို သွေးတိုးစမ်းတဲ့လုပ်ရပ်တွေမလုပ်ဖို့နဲ့ ဆက်လုပ်လာရင် ဆိုးဝါးတဲ့နောက်ဆက်တွဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်နေ့မှာ သတိပေးပြောဆိုပါတယ်။
ဟားမတ်စ်တွေအပေါ်ကို စစ်ဆင်ရေးဆင်နွဲဖို့ ပြင်ဆင်နေတာကို အာရုံလွဲပြောင်းဖို့ ကြိုးစားတဲ့အနေနဲ့ လက်ဘနွန်နယ်စပ်က အစ္စရေးတပ်တွေကို ဟစ်ဇ်ဘိုလာတွေက သွေးတိုးစမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ အစ္စရေးစစ်ဦးစီးချုပ်ရုံး ပြောခွင့်ရသူ ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီ က ဆိုပါတယ်။
အီရန်အစိုးရရဲ့ အကြံပေးလမ်းညွှန်မှုအတိုင်း အစ္စရေးအပေါ်ကို လက်တည့်စမ်းလိုချင် စိတ်ရှိနေရင်တော့ ထွက်လာမဲ့အဖြေဟာ ဟစ်ဇ်ဘိုလာ တွေအတွက် ဆိုးဝါးတဲ့နိဂုံးချုပ် မှုပဲဖြစ်မယ်လို့ ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီ က သတိပေးပါတယ်။ အစ္စရေးတပ်မတော်အနေနဲ့ ဂါဇာစစ်ဆင်ရေးဆင်နွဲနေချိန်မှာ နောက်ထပ်ဖြစ်ပေါ်လာနိုင်မဲ့ စစ်မြေပြင်နဲ့ စစ်ဆင်ရေးတွေအတွက် အသင့်ပြင်ထားပြီးဖြစ်တယ်လို့ အစ္စရေးစစ်ဦးစီးချုပ်ရုံး ပြောခွင့်ရသူက ဆိုပါတယ်။
ဂါဇာစီတီးက ပါလက်စတိုင်းတွေအနေနဲ့လည်း အစ္စရေးစစ်တပ်ရဲ့ သတိပေးချက်အတိုင်း နေအိမ်တွေကနေ သတ်မှတ်လမ်းကြောင်းတွေကတဆင့် ဂါဇာကမ်းမြှောင် တောင်ပိုင်းကို ထွက်ခွာပြောင်းရွှေ့သွားကြဖို့လည်း ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီ က ထပ်မံသတိ ပေးပါတယ်။
လောလောဆယ်အတည်ပြုလို့ရတဲ့သတင်းအချက်အလက်တွေအရ အစ္စရေးနိုင်ငံ သား ၁၉၉ ဦးကို ဟားမတ်စ်တွေက ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ဖမ်းဆီးထားသူအားလုံး ပြန်လွတ်မြောက်ရေးကို အစွမ်းကုန်ကြိုးစားနေတယ်လို့လည်း အစ္စရေးစစ်ဦးစီးချုပ်ရုံး ပြောခွင့်ရသူ ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီ က ပြောသွားပါတယ်။

လက်ဘနွန်နယ်စပ်က ပြည်သူတွေကို နေရာပြောင်းရွှေ့ဖို့ အစ္စရေးက အမိန့်ထုတ်၁၆/၁၀လက်ဘနွန်နယ်စပ်မှာ နေထိုင်တဲ့ အစ္စရေးပြည်သူတွေက...
16/10/2023

လက်ဘနွန်နယ်စပ်က ပြည်သူတွေကို နေရာပြောင်းရွှေ့ဖို့ အစ္စရေးက အမိန့်ထုတ်
၁၆/၁၀

လက်ဘနွန်နယ်စပ်မှာ နေထိုင်တဲ့ အစ္စရေးပြည်သူတွေကို သတ်မှတ်ထားတဲ့ နေရာတွေကို အမြန်ပြောင်းရွှေ့ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်နေ့မှာ အမိန့်ထုတ်ပြန်ပါတယ်။
နယ်စပ်နဲ့ ၂ ကီလိုမီတာအတွင်းမှာ နေထိုင်သူအားလုံး အရေး ပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက စီစဥ်ပေးထားတဲ့ ဧည့်ရိပ်သာတွေကို အမြန်ပြောင်းရွှေ့ရမယ်ဆိုပါတယ်။ နယ်စပ်နဲ့နီးစပ်နေတဲ့ ကျေးရွာ ၂၈ ရွာကိုလည်း ၂ ကီလိုမီတာအတွင်းမှာ ရွာပေါင်း ၂၈ ရွာရှိနေပြီး အားလုံးပြောင်းရွှေ့ပေးဖို့ စတင်နေပြီလို့လည်း အစ္စရေးအရေး ပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ကပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က စပြီး လက်ဘနွန်အခြေစိုက် အီရန်အားပေးထောက်ခံထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေနဲ့ အစ္စရေးနယ်ခြားစောင့်တပ်တွေကြား ပစ်ခတ်မှုတွေ စတင်ဖြစ်ခဲ့တာပါ။ ဟစ်ဇ်ဘိုလာတွေက စတင်ပစ်ခတ်ခဲ့တာလို့ အစ္စရေးက ပြောဆိုထားပြီး လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာစစ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးသတင်းတွေအဆိုအရ ဟစ်ဇ်ဘိုလာစခန်းတွေကို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေအပြီးမှာ အခုလို နေရာပြောင်းဖို့ အမိန့်ထုတ်ပြန်တာလို့လည်း အစ္စရေးသတင်းတွေက ဖော်ပြပါတယ်။
အစ္စရေးပြည်သူတွေကို နေရာပြောင်းရွှေ့မိန့်ထုတ်ပြန်ရုံသာမက လက်ဘနွန်နယ်စပ်ကို စစ်ဖြစ်ဇုန် အဖြစ်သတ်မှတ်ထားကြောင်းလည်း အစ္စရေးသတင်းတွေက ဆိုပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာအခြေစိုက် ဟားမတ်စ်နဲ့သာမက လက်ဘနွန်အခြေစိုက် အီရန်အားပေး ဟစ်ဇ်ဘိုလာအဖွဲ့တွေ နဲ့ပါ စစ်မျက်နှာအသစ် စတင်နေပြီလို့ ပြောနိုင်ကြောင်းလည်း အစ္စရေးသတင်းတွေက ဖော်ပြနေပါတယ်။

အစ္စရေးစစ်ဦးစီးချုပ်ကိုယ်တိုင် ဂါဇာစစ်မြေပြင်စခန်းတွေဆီရောက်လာ၉/၁၀စစ်ပွဲအစမှာ ဆိုးဆိုးဝါးဝါးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို သင...
09/10/2023

အစ္စရေးစစ်ဦးစီးချုပ်ကိုယ်တိုင် ဂါဇာစစ်မြေပြင်စခန်းတွေဆီရောက်လာ
၉/၁၀
စစ်ပွဲအစမှာ ဆိုးဆိုးဝါးဝါးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို သင်ခန်းစာယူပြီး စစ်ပွဲအဆုံးမှာ ရန်သူတွေကို ဆိုးဆိုးဝါးဝါးအဆုံးသတ်ပေးဖို့လိုမယ်လို့ အစ္စရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟာဇီ ဟယ်လာဗီ က ပြောလိုက်ပါတယ်။
အောက်တိုဘာ ၉ ရက်ညနေက ဂါဇာကမ်းမြောင်ဒေသပတ်လည်မှာ နေရာယူထားတဲ့ တပ်ရင်း တပ်ဖွဲ့တွေဆီကို ကိုယ်တိုင်လာရောက်တွေ့ဆုံစဥ်မှာ အစ္စရေးစစ်ဦးစီးချုပ် က ပြောကြားခဲ့တာပါ။
အစ္စရေးနယ်မြေနဲ့ အစ္စရေးတပ်ဖွဲ့တွေနားချည်းကပ်လာသူမှန်သမျှကို ပြတ်ပြတ်သားသားပစ်ခတ် နှိမ်နှင်းဖို့လည်း အစ္စရေးစစ်ဦးစီးချုပ် က အမိန့်ပေးသွားတယ်လို့ အစ္စရေး ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဂါဇာကမ်းမြှောင်တာဝန်ကျ စစ်ဆင်ရေးတပ်မှူး ဗိုလ်မှူး ဒိုရွန် စပေးလ်မန်း ကတော့ လက်ရှိအခြေအနေဟာ “ဟားမတ်စ်တွေကပဲ အစ္စရေးကို ဖျက်ဆီးနှောက်ယှက်နေမှာလား” ဒါမှမဟုတ် “ဟားမတ်စ်တွေကိုပဲ အစ္စရေးက အပြီးသတ် ချေမှုန်းမလား” ဆိုတဲ့ အထဲက တစ်ခုကိုပဲ ရွေးချယ်ရမဲ့ အချိန်ဆိုတာ နားလည်သဘောပေါက်ထားပြီးသားလို့ ပြောဆိုထားပါတယ်။

အမေရိကန်တိုက်ခိုက်ရေးရေယာဥ်အုပ်စုကို  အစ္စရေးနဲ့ အနီးဆုံးနေရာကို စေလွှတ်ထားဟုဆို၈/၁၀လေယာဉ်တင်သင်္ဘော USS Gerald R. Ford ...
08/10/2023

အမေရိကန်တိုက်ခိုက်ရေးရေယာဥ်အုပ်စုကို အစ္စရေးနဲ့ အနီးဆုံးနေရာကို စေလွှတ်ထားဟုဆို
၈/၁၀

လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဦးဆောင်တဲ့ တိုက်ခိုက်ရေးရေယာဥ်အုပ်စုကို မြေထဲပင်လယ်အရှေ့ပိုင်းကို စေလွှတ်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အစ္စရေးနဲ့ ဆော်ဒီအာရေးဗီးယား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအလားအလာကို နှောင့်ယှက်ဖို့ လှုံ့ဆော်ရည်ရွယ်သလို ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် အမေရိကန်စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်အများအပြားကို မြေထဲပင်လယ်အရှေ့ပိုင်းမှာ တာဝန်ယူနိုင်ဖို့ စေလွှတ်တာလို့ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ကို စစ်ကြေညာကြောင်း အောက်တိုဘာ ၈ ရက်နေ့မှာ အစ္စရေးအစိုးရကတရားဝင်ကြေညာပြီးနာရီပိုင်းမှာ အခုလို အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်ရေးရေယာဥ်အုပ်စုကို မြေထဲပင်လယ်ကို စေလွှတ်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာလည်းဖြစ်ပါတယ်။
အစ္စရေးကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ USS Gerald R. Ford ဦးဆောင်တဲ့ တိုက်ခိုက်ရေးရေယာဥ်အုပ်စုကို အစ္စရေးနဲ့အနီးဆုံးမှာ နေရာယူဖို့ သူကိုယ်တိုင် အမိန့်ပေးညွှန်ကြားတာလို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောထားပါတယ်။
လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးရေယာဥ်အုပ်စုမှာ ပဲ့ထိန်းဒုံးကျည်လက်နက်တွေတပ်ဆင်ထားတဲ့ ဖျက်သင်္ဘော လေးစင်းနဲ့ ထောက်ပံ့ရေး သင်္ဘောတွေ F 35, F-15, F-16 စတဲ့ တိုက်ခိုက်ရေးလေယာဥ်မျိုးစုံပါဝင်ကြောင်းလည်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုထားပါတယ်။

တချိန်ချိန်မှာရုရှားကနိုင်ပြီး ယူကရိန်းကျရှုံးမည်ဟု ဘယ်လာရုစ်အကြားအမြင်ရသူက ဟော၏၈/၁၀တချိန်ချိန်မှာ ရုရှားကပဲနိုင်ပြီး စစ...
08/10/2023

တချိန်ချိန်မှာရုရှားကနိုင်ပြီး ယူကရိန်းကျရှုံးမည်ဟု ဘယ်လာရုစ်အကြားအမြင်ရသူက ဟော၏
၈/၁၀
တချိန်ချိန်မှာ ရုရှားကပဲနိုင်ပြီး စစ်အာဏာရှင် ယူကရိန်း သမ္မတဇလန်စကီး ကျရှုံးမယ်လို့ ဘယ်လာရုစ်က အကြားအမြင်ဆရာမ ဖိုဒါ ဒယ်နီလိုဗနာက ရုရှားရုပ်မြင်သံကြားနဲ့တွေ့ဆုံခန်းမှာ ပြောသွားပါတယ်။
ဘယ်လာရုစ် အကြားအမြင်ဆရာမဆိုသူနဲ့ ရုရှားဝါဒဖြန့်ရုပ်သံတွေ တွေ့ဆုံမေးမြန်းခန်းကို အောက်တိုဘာ ၈ ရက်နေ့က ထုတ်လွှင့် သွားတာဖြစ်ပါတယ်။ ရုရှားရုပ်သံတွေအပြောအရ ဘယ်လာရုစ်က ရှေ့ဖြစ်ဟောအမျိုးသမီးကြီးဟာ စိတ်နဲ့ဆေးကုသပေးမှုမှာ အင်မတန် နာမည်ကြီးသလို အနာဂတ်ဖြစ်ပျက်မဲ့အရာတွေကို ကြိုတင်ဟောပြောရာမှာလည်း အားလုံး မှန်ကန် တယ်လို့ ဆိုပါတယ်။ ဘာတွေမှန်ခဲ့တာလဲဆိုတာတော့ သတင်း ထုတ်လွှင့်ချက်မှာ ဖော်ပြ မထားပါဘူး။
ဆိုဗီယက်ခေတ်က အာကာသလေယာဥ်မှူးအများစုဟာ အဆိုပါ ဘယ်လာရုစ်အမျိုးသမီးကြီးဆီကို လာရောက်ပြီး စိတ်ပိုင်းဆိုင်ရာဆေးကုသခံယူတာ ကြိုတင်ဟောပြောချက်တွေလာနားထာင်တာ လုပ်လေ့ရှိတယ် လို့လည်း ရုရှားရုပ်သံသတင်းတွေက ဆိုပါတယ်။
ရုရှားရုပ်သံသတင်းဌာနက ယူကရိန်းအထူးစစ်ဆင်ရေးနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ရုရှားတွေအနေနဲ့ ဘယ်လို အခက်အခဲပဲရှိရှိ နောက်ဆုံးမှာ အနိုင်ရမှာဖြစ်ပြီး စစ်အာဏာရှင်ဇလန်စကီးနဲ့အဖွဲ့ကျရှုံးမယ်လို့ အဆိုပါ ဘယ်လာရုစ်အမျိုးသမီးကြီးက ပြောသွားပါတယ်။
ရုရှားအစိုးရရုပ်သံသတင်းဌာနတွေဟာ အကြားအမြင်ရသူတွေ ဗေဒင်ဆရာတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေကို မကြာခန ထုတ်လွှင့်ပြသလေ့ရှိပြီး မေးမြန်းးခန်းအဆုံးသတ်မှာတော့ ဘယ်လို အခက်အခဲတွေရှိရှိ ဗလာဒီမာ ပူတင်ဦးဆောင်တဲ့ ရုရှားတွေကပဲအနိုင်ရမယ်ဆိုတာနဲ့ အဆုံးသတ်လေ့ရှိတာတွေ့ရပါတယ်။

သမ္မတရွေးကောက်ပွဲလုပ်ဖြစ်မယ်ဆိုရင် ပူတင်တစ်ဦးတည်းပဲ ဝင်ပြိုင်သင့်ဟု ချေချင်းညာ ခေါင်းဆောင်က အကြံပေး၈/၁၀ယူကရိန်းအထူးစစ်ဆ...
08/10/2023

သမ္မတရွေးကောက်ပွဲလုပ်ဖြစ်မယ်ဆိုရင် ပူတင်တစ်ဦးတည်းပဲ ဝင်ပြိုင်သင့်ဟု ချေချင်းညာ ခေါင်းဆောင်က အကြံပေး
၈/၁၀
ယူကရိန်းအထူးစစ်ဆင်ရေးမပြီးဆုံးသေးတဲ့အတွက် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို မလုပ်သင့်ကြောင်း ချေချင်းညာခေါင်းဆောင် ရမ်ဇန်ကာဒီရောဗ်က အောက်တိုဘာ ၇ ရက်နေ့ မှာ ပြောလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း သမ္မတဗလာဒီမာ ပူတင်တစ်ဦးတည်းပဲ ဝင်ပြိုင်ပြီး သမ္မတအဖြစ်ဆက်လက် ရွေးချယ်တာဝန်ပေးအပ်သင့်တယ်လို့ ကာဒီရောဗ်က ဆိုပါတယ်။ အထူးစစ်ဆင်ရေးနဲ့ အလုပ်တွေများ ငွေကုန်ကြေးကျများနေချိန်မှာ ရွေးကောက်ပွဲအတွက် အချိန် ငွေ လူအင်အားတွေ မဖြုံးတီးသင့်ဘူးလို့လည်း ကာဒီရောဗ်က ပြောပါတယ်။ လက်ရှိ ခေါင်းဆောင်အပေါ် ပြည်သူတွေက တခဲနက်ထောက်ခံပြီးသားဖြစ်တဲ့အတွက် အချိန်ကုန် ငွေကုန် မခံသင့်ဘူးလို့လည်း ကာဒီရောဗ်က ဆိုပါတယ်။
သမ္မတဗလာဒီမာ ပူတင်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့အဖြစ်ပြောကြားတဲ့ သူ့အကြံပေးချက်ကို ရုရှားနိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ ကြိုဆိုထောက်ခံကြလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ချေချင်းညာခေါင်းဆောင် ရမ်ဇန်ကာဒီရောဗ်က ပြောသွားပါတယ်။

Address


Telephone

+4746743616

Website

Alerts

Be the first to know and let us send you an email when Digital News Wave posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share