Seven Star Media

  • Home
  • Seven Star Media

Seven Star Media Update News @ Knowledge

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ(2.12.2024).......................................               2.12.2024.ရက်နေ့ ညအချိန် ဖူး...
02/12/2024

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ(2.12.2024).......................................
2.12.2024.ရက်နေ့ ညအချိန် ဖူးမြင်ရသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ မြင်ကွင်းလေးပါ။
ဆံတော်ရှင်ဖူး ကုသိုလ်ထူးကြောင့် ကပ်ဘေးလည်းကင်း ဘေးရန်ရှင်း၍ ကောင်းကျိုးသုခ အဖြာဖြာတို့ ပြည့်စုံကြပါစေသတည်း။
Crd.....ဦးနန္ဒသာမိ စခန်းလေးဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်

02/12/2024
၂-၁၂-၂၀၂၄ နံက် ၆:၂၀ရွှေပြည်သာမြို့နယ်အမှတ် (၁၃)ရပ်ကွက်အိမ်စီးကားမီးလောင်မှု့ သွားရောက်ကူညီဦးထူး(ကန္တာရမိုးစက်)ရွှေပြည်သာ...
02/12/2024

၂-၁၂-၂၀၂၄ နံက် ၆:၂၀

ရွှေပြည်သာမြို့နယ်
အမှတ် (၁၃)ရပ်ကွက်
အိမ်စီးကားမီးလောင်မှု့ သွားရောက်ကူညီ

ဦးထူး(ကန္တာရမိုးစက်)
ရွှေပြည်သာ
၀၉၂၅၃၂၉၂၈၀၁
Crd......

အသားဟင်းလေးနဲ့… ထမင်း ဝယ်စားမယ် 🥺အဖိုးရေ… အဖိုးဟေ… ဘာဖြစ်လို့လဲ ဟင် 🥺ဘာတွေနဲ့ ထမင်းစားနေတာတုန်း အဖိုး ??သူများပေးသွားတာလ...
02/12/2024

အသားဟင်းလေးနဲ့… ထမင်း ဝယ်စားမယ် 🥺

အဖိုးရေ… အဖိုး

ဟေ… ဘာဖြစ်လို့လဲ ဟင် 🥺

ဘာတွေနဲ့ ထမင်းစားနေတာတုန်း အဖိုး ??

သူများပေးသွားတာလေးပါ သားရယ် 🥺

ဟုတ် အဖိုး… ဘယ်မှာနေလဲ ဗျ ??

ဒီဘက် အနောက်ရပ်ထဲမှာပါ သား

(မြို့ခံ ညီလေးပြောတာတော့… တစ်ရက်ကို (၂)ထောင်နဲ့ တဲလေး ငှါးနေရတယ်တဲ့ 😢)

အဖိုး အသက် ဘယ်လောက်ရှိပြီလဲ ဗျ??

(၆၀)ကျော်ပါပြီ 🥺

အဖိုး ဘာဟင်းနဲ့ ထမင်းစားချင်လဲ ဗျ??

အသားဟင်းလေးတော့ စားချင်တယ် 😢

ဟုတ် အဖိုး… ရော့ (100,000) KS 🙏🏻🙏🏻🙏🏻

(အံ့ဩသွားတယ်)

ပိုက်ဆံတွေ အများကြီးပါလား 😢

ဟုတ်တယ် အဖိုး… လိုရာသုံးဖို့ပါ 🙏🏻

ကျေးဇူးတင်ပါတယ်… အသားဟင်းလေးနဲ့ ထမင်းဝယ်စားလို့ရပြီ 😢

ဟုတ် အဖိုး… အာဟာရရှိတာလဲ စားနော်…သေချာလဲ သိမ်းအုံးနော် 🙏🏻

•အော… တခါတလေ ထမင်းဆိုင်မှာ ဟင်းပိုရင် ထားခဲ့တတ်တဲ့ ကျနော်တို့… အသားဟင်း စားရဖို့ မခက်ခဲခဲ့ဘူးတော့ ဒီလိုအခြေအနေကို မသိခဲ့ကြဘူး 😢

(ကျနော် ပြည်မြို့ ရောက်ရင်း အဖိုးကိုတွေ့ပြီ သနားလို့ ကူညီပေးခဲ့တာပါ 🙏🏻)

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက်အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက…..

#ကိုပူတူးနှင့်ဘော်ဒါများ

ကြက်သွန်က ၁၉၀၀၀ ဝန်းကျင် / အာလူးက ၂၃၀၀၀ ဝန်းကျင်မြန်မာငွေကြေးတန်ဖိုးထက် အများကြီးမြင့်တဲ့နိုင်ငံရဲ့ကုန်စျေးနှုန်းက မြန်မ...
02/12/2024

ကြက်သွန်က ၁၉၀၀၀ ဝန်းကျင် / အာလူးက ၂၃၀၀၀ ဝန်းကျင်

မြန်မာငွေကြေးတန်ဖိုးထက် အများကြီးမြင့်တဲ့နိုင်ငံရဲ့ကုန်စျေးနှုန်းက မြန်မာပြည်ရဲ့ကုန်စျေးနှုန်းနဲ့ သိပ်မကွာဘူး ..
မြန်မာ့ကုန်စျေးနှုန်းကဘယ်လောက်တက်နေလဲ မှန်းကြည့်လို့ရတယ် ..
Crd........
Nadi A Chan

ချစ်တို့ရေ နွားမကြီးတောင် ၄၅၀ ဖြစ်သွားပြီနော်
02/12/2024

ချစ်တို့ရေ
နွားမကြီးတောင် ၄၅၀ ဖြစ်သွားပြီနော်

သမီး နာမည်ကတော့ "ရွှေကြည်" ဖြစ်ပါတယ်။ ဆနွင်းမကင်းတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေက ခဏခဏ စကြလို့။  အသက်ကတော့ (၁၃) နှစ်ရှိပါ...
02/12/2024

သမီး နာမည်ကတော့ "ရွှေကြည်" ဖြစ်ပါတယ်။ ဆနွင်းမကင်းတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေက ခဏခဏ စကြလို့။ အသက်ကတော့ (၁၃) နှစ်ရှိပါပြီ။ ကျောင်းတက်နေပါတယ်၊ အခု (၄) တန်းမှာပါ။

သမီးတို့အိမ်မှာ မောင်နှမ စုစုပေါင်း (၄) ယောက်ရှိပါတယ်။ သမီးက ငယ်ငယ်က ဈေးရောင်းရတော့ ကျောင်းတက်တာနောက်ကျတော့ ညီမလေးနဲ့ (၄) တန်းမှာ အတူတူတက်နေရတာပါ။ အခုလည်း သမီး ကျောင်းတက်ရင်း ဒီ ကျောက်မြောင်း ဝန်းကျင် တစ်ဝှိုက်မှာ ဗာဒံစေ့လေးတွေ လိုက်ရောင်းပါတယ်။

ဖေဖေကကျ ပန်းရောင်းတယ်၊ မေမေကကျ စပါး ရောင်းတယ်ဆိုတော့ အိမ်အတွက် စားစရိတ်၊ နေစရိတ်တွေက လုံလောက်ပါတယ်။ အိမ်ကတော့ ကျောင်းတက်နေရင်း အလုပ်မလုပ်ခိုင်းပေမယ့်လည်း သမီးက အိမ်ကို ကူလုပ်ပေးချင်တော့ ဗာဒံစေ့လေးတွေ လိုက်ရောင်းတာပါ။ အများကြီးတော့ မရောင်းရပေမယ့် မုန့်လေး ဘာလေးဝယ်စားလို့ရတယ်၊ သမီး ကျောင်းအတွက် လိုအပ်တာလေးတွေ ဝယ်ဖို့ မုန့်ဖိုး အပိုရပါတယ်။

အသက်ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတော့ အလုပ်လုပ်ချင်ပါတယ်။ ဘယ်မှာ လုပ်ချင်တာလဲဆို ယုဇန ပလာဇာမှာပါ။ အဲ့မှာ အင်္ကျီတွေ အများကြီးပဲ၊ အင်္ကျီရောင်းတဲ့ အမကြီးတွေကလည်း မိတ်ကပ်တွေ ပြင်ထားတာ လှပနေတာပဲ။ သမီးကြီးလာရင်လည်း သူတို့လို အင်္ကျီ လှလှလေးတွေဝတ်ပြီး ယုဇန ပလာဇာမှာ အလုပ်လုပ်မယ်။ မောင်လေး၊ ညီမလေးတွေ အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးချင်ပါတယ်။

Disclaimer: ဖော်ပြပါပုံနှင့်စာများသည် ကာယကံရှင်ထံမှ ခွင့်ပြုချက်ရယူပြီးမှသာ ယခုစာမျက်နှာပေါ်သို့ တင်ဆက် ဖော်ပြထားပါသည်။
Crd........
#မြန်မာ့မျက်နှာဖုံး

Address


Telephone

+60103777949

Website

Alerts

Be the first to know and let us send you an email when Seven Star Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share