Daily Arakan News

  • Home
  • Daily Arakan News

Daily Arakan News If you love the truth, fight for it.The truth can not be hidden!
(1)

06/02/2023
Three allied brothers make a joined statement!
02/01/2023

Three allied brothers make a joined statement!

တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းနေကြောင်း BPLA ကြေညာ___________________ဒီဇင်ဘာ ၂၀၊ ၂၀၂၂ဂျာမုန်းကရင်ပြည်နယ်၊ KNU ထိန်းချုပ်...
20/12/2022

တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းနေကြောင်း BPLA ကြေညာ
___________________
ဒီဇင်ဘာ ၂၀၊ ၂၀၂၂
ဂျာမုန်း

ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ အခြေစိုက် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA မှ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းအတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

BPLA တပ်တော်၌ ဗမာတိုင်းရင်းသားရဲဘော် ၉၅ ရာခိုင်နှုန်းထိရှိကာ အများစုမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ လာရောက်သူများဖြစ်ကြောင်းသိရသည်။ အမျိုးသမီးစစ်မေ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး တပ်၏ဦးဆောင်မှုပိုင်းများတွင်လည်း အမျိုးသမီးများကိုပါ နေရာပေးထားခြင်းများရှိကြောင်း BPLA တာဝန်ခံ မောင်ဆောင်းခထံမှ သိရသည်။

"လူမျိုးစုတိုင်းအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်တွေ သဟဇာတဖြစ်ဖြစ်ရပ်တည်လာနိုင်ဖို့နဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီတွေပြည့်ဝတဲ့နိုင်ငံတော်သစ်တည်ဆောက်ဖို့ BPLA က တော်လှန်ရေးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ တော်လှန်ရေးအလွန်ကာလမှာထွက်ပေါ်လာမယ့် ဖက်ဒရယ်အစိုးရရဲ့ အမိန့်အတိုင်းပဲ ကျနော်တို့တပ် က ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု BPLA တာဝန်ခံ မောင်ဆောင်းခက သံလွင်ခက်ကိုပြောသည်။

လက်ရှိတွင် မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ EROs များ၏ကူညီမှုဖြင့် ရဲဘော် များအတွက် အတိုင်းအတာတစ်ခုထိ လက်နက် တပ်ဆင်ထားပေးနိုင်ပြီဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပြီး “ရှေ့တန်းစစ်မြေပြင်သွားရမယ့် ရဲဘော်တိုင်းအတွက် လက်နက်ရရှိပါတယ်" ဟု ၎င်းက ဆက်ပြောထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) သို့ ဝင်ရောက်လိုသူများသည် ကျန်းမာရေးအထူးကောင်းမွန်ရန်၊ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရန်၊ မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်ရန်၊ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ရန်နှင့် အာဏာရှင်ပြုတ် ကျသည်အထိ စစ်မှုထမ်းနိုင်ရန် စသည့်အချက် များနှင့်ပြည့်စုံရမည် ဖြစ်သည်။

"ဒီတပ်က စနစ်တကျရှိတယ်။ နိုင်ငံရေးရည်မှန်းချက်အရ တိကျပြတ်သားမှုရှိတယ်။ အများကြီးစဉ်းစားပြီးမှ ကိုယ်နှစ်သက်လို့ ယုံကြည်လို့ ဝင်ရောက် လာတယ်။ ဝင်လာပြီးတဲ့နောက် ကျွန်တော်ဂုဏ်ယူမိရတဲ့အချက်တွေအများကြီးရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့တပ်ကို မဟာမိတ်ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်း ယုံကြည်ကြတယ်။ တပ်ရဲ့ဦးဆောင်သူတွေကလည်း ပြောထားတဲ့ကိစ္စကို မဖြစ်ဖြစ်အောင်လုပ်တယ်"ဟု ရဲဘော် အောင်ပိုင်က ပြောသည်။

၎င်းမှာ BPLA တပ်တော်သို့ ၂၀၂၁ ခုနစ် ၉ လပိုင်းကရောက်ရှိလာကာ စစ်သင်တန်းဆင်းပြီး ရှေ့တန်းစစ်မြေပြင်သို့လိုက်ပါခဲ့သည်။ ထို့နောက် မကြာမှီအချိန်၌ မိုင်းထိမှန်၍ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်သည်။ သို့သော် BPLA တပ်တော်၏ သတင်းနှင့်ပြန်ကြားရေးဌာန၌ ဆက်လက်တာဝန်ထမ်းဆောင်ကာ တော်လှန်ဝန်ကို ထမ်းရွက်နေဆဲဖြစ်သည်။

"တော်လှန်ရေးဆိုတာ တော်လှန်ရေးပါပဲ။ ကိုယ် ကြားဖူးတာထက် အဆပေါင်း ၁၀၀ လောက်ကို ပိုတွေးပြီးတော့ စဉ်းစားစေချင်တယ်။ ဒါမှသာတော်လှန်ရေးမှာ ကိုယ်ကြုံရမှာနဲ့ယှဉ်ရင် ကွက်တိလောက်ဖြစ်မှာ။ ကိုယ့်ရဲ့ခက်ခဲပင်ပန်းမှုတွေက ဒီတော်လှန်ရေးက သေကြေပျက်စီးမှုတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ ကျွန်တော့အတွက်လည်းဒီလိုပဲယူဆတယ်"ဟု ရဲဘော် အောင်ပိုင်က ဆိုသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖိုးဝသိမ်နှင့် ညောင်ထောက်ရွာကြား စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြားဖြစ်ပွားသည့်ပစ်ခတ်မှုအတွင်း BPLA တပ်တော်လည်းပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံးခဲ့သည်။

သံလွင်ခက် - Than Lwin Khet News

တိုက်ရဲရင်ထွက်ခဲ့သူရဲကောင်းရဲဘော်များကြိုဆိုမဲ့တပ်တော်များ
20/12/2022

တိုက်ရဲရင်ထွက်ခဲ့သူရဲကောင်းရဲဘော်များကြိုဆိုမဲ့တပ်တော်များ

14/12/2022

သဘောကျလို့

ယမန်နေ့က ဖော်ပြခဲ့သော ယခုဆောင်းပါးတွင် TNLA တပ်စခန်းကို အလစ်အငိုက်ဝင်စီးသော စကစ စစ်သားများထဲမှ အယောက် ၂၀ သာ ကျန်ပြီး ပလေ...
13/12/2022

ယမန်နေ့က ဖော်ပြခဲ့သော ယခုဆောင်းပါးတွင် TNLA တပ်စခန်းကို အလစ်အငိုက်ဝင်စီးသော စကစ စစ်သားများထဲမှ အယောက် ၂၀ သာ ကျန်ပြီး ပလောင်တပ်၏ ဝိုင်းပတ်ပိတ်ဆို့မှုအား လေကြောင်းပစ်ကူ အကြီးအကျယ်သုံးပြီး ဖောက်ထွက်ရန် ကြိုးပမ်းနေရကြောင်း သတင်းပို့ခဲ့သည်။ သို့သော် ထိုကျန် ၂၀ ပါ သေဆုံးသွားကြောင်း ဧရာဝတီက ဒီမနက် သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန် -

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နမ့်ဆန်ဒေသတွင်း ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် TNLA ခေါ် တအာင်းအမျိုးသား လွ...

သီခြင်းအနုပညာတဲချေမှာကိမ်းအောင်းစံပျော်နီစဉ်နီစဉ်မထင်မှတ်ပဲသီမင်ကလမ်းမှားလာ၍ရုပ်တရသူ့ကိုတွဲလိုက်ခါမင်းဘဝကြမ်းတမ်းပါရေဆို...
02/12/2022

သီခြင်းအနုပညာတဲချေမှာကိမ်းအောင်းစံပျော်နီစဉ်နီစဉ်မထင်မှတ်ပဲသီမင်ကလမ်းမှားလာ၍ရုပ်တရသူ့ကိုတွဲလိုက်ခါမင်းဘဝကြမ်းတမ်းပါရေဆိုပနာတတိုးချေခေါ်ဆောင်လားနီရာမလေးရှား

Sushi ၏စွမ်းအားက stunningပဲ congratulations on Japan!
02/12/2022

Sushi ၏စွမ်းအားက stunningပဲ congratulations on Japan!

02/12/2022
You can not be stronger alone,but together!
02/12/2022

You can not be stronger alone,but together!

See what will happen!
11/11/2022

See what will happen!

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၄) နှစ်ပြည့် မွေးနေ့အတွက် ရခိ...
07/11/2022

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၄) နှစ်ပြည့် မွေးနေ့အတွက် ရခိုင်ပြည်သူလူထု၏မွေးနေ့ ဆုတောင်းစကားသံများ


ယနေ့ နိုဝင်ဘာ (၇) ရက်နေ့သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၄) နှစ်ပြည့် မွေးနေ့ဖြစ်ပါသည်။

ယနေ့ကျရောက်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏မွေးနေ့တွင် ရခိုင်ပြည်သူလူထု၏ မွေးနေ့ဆုတောင်းသံတချို့ကို နိရဉ္စရာက မေးမြန်း စုစည်းတင်ဆက်ပေးလိုက်ပါသည်။

ဦးဇင်း နန္ဒော(ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် ရခိုင်ရဟန်းတော်)

" ၇ ရက်၊ ၁၁ လပိုင်း ၂၀၂၂ မှာ ကျရောက်တဲ့ ဗိုလ်ချုပ်ရဲ့ အသက်(၄၄) နှစ်ပြည့်မွေးနေ့ကစပြီး အသက် (၁၂၀)တိုင် ကာယသုခ ကိုယ်ကျန်းမာခြင်း၊ စိတ္တသုခ စိတ်ချမ်းသာခြင်းဆိုတဲ့ သုခ(၂)ဖြာနဲ့ပြည့်စုံပြီး ဗိုလ်ချုပ်မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်။ လက်ရှိ ရခိုင်တွေကြုံနေရတဲ့ အကျပ်အတည်းတွေကိုလည်း အမြန်ဆုံး ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဗိုလ်ချုပ်မျှော်မှန်းထားတဲ့ ရခိုင့်အနာဂတ်၊ ရခိုင့်ကံကြမ္မာကို ရခိုင်တွေ ကိုယ့်လက်နဲ့ကိုယ်တိုင်ဖန်တီးနိုင်ခွင့်ကိုလည်း ပြည်သူလူထုနဲ့ တစ်သားတည်း၊ တစ်ထပ်တည်း အမြန်ဆုံးဆောင်ရွတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ Happy Birthday ပါ ဗိုလ်ချုပ်။"

---------

ဦးထွန်းမြခိုင်(ဥက္ကဌ/ ရက္ခိုင်အစည်းအရုံး-ဂျပန်)

"ကျနော်တို့တစ်မျိုးသားလုံး နေရာမှန်၊ လူမှန်ပြန်ရဖို့အတွက် ခိုင်မာတဲ့အမျိုးသားရေးလမ်းစဉ်တွေနဲ့ ချမှတ်ပြီးဆောင်ရွတ်နေတဲ့ခေါင်းဆောင်ကြီး (၄၄) နှစ်ပြည့်မွေးနေ့အတွက် ကျနော်တို့ ပြည်တွင်းပြည်ပက ရခိုင်တွေနဲ့ထပ်တူ ကျနော်လည်း အများကြီးဂုဏ်ယူပါတယ်။ Happy Birthday ပါ ဗိုလ်ချုပ်။ နောက်နှစ်ပေါင်း အများကြီး ကျန်းကျန်းမာမာနဲ့ လွတ်လပ်ပြီးတော့ အဆင့်အတန်းမြင့်မားတဲ့ အာရက္ခနိုင်ငံတော်ကြီးကို အမြန်ဆုံးပုံဖော်ထုဆစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုပါတယ်။"

-----------

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

"နှစ်ပေါင်းများစွာ သူတပါးလက်အောက်မှာ မိဘမဲ့ဖြစ်နေတဲ့ ရခိုင်သူ၊ ရခိုင်သားတွေအတွက် ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တစ်ယောက်ရဲ့မွေးနေ့ကို သူ့ရဲ့ရည်ရွယ်ချက် ရက္ခိတလမ်းစဉ် အောင်မြင်ပါစေလို့ပဲ ကျနော်ဆန္ဒပြုလိုက်ပါတယ်။"

----------

ညိုချေ(ရန်ကုန်မှ ရက္ခိုင်လူမှုရေးလှုပ်ရှားသူ)

"ကျမတို့ ဗိုလ်ချုပ်ကို ဒီထက်မကအောင်မြင်အောင်ဆုတောင်းပေးချင်ပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း ဗိုလ်ချုပ်အတွက်ဆုတောင်းပေးနေပါတယ်။ ဗိုလ်ချုပ်ဟာ ကိုယ့်ရခိုင်သူ၊ ရခိုင်သားတွေအတွက် အခုလိုကြိုးပမ်းနေတာတွေ အတွက်လည်း လေးစားဂုဏ်ယူပါတယ်။ ကျမတို့ရဲ့ မျှော်လင့်ချက် ပန်းတိုင်ကိုလည်း အမြန်ဆုံးရောက်ပါစေလို့လည်း ဆုတောင်းချင်ပါတယ်။ ကျမတို့ဟာ ဗိုလ်ချုပ်အတွက် အမြဲတမ်းအားပီးနေပြီး အမြဲကြိုးစားနေပြီး တက်နိုင်တဲ့ဘက်က ကျမတို့ ပါဝင်ကူညီပြီး ဆုတောင်းပေးနေပါတယ်။ ဗိုလ်ချုပ်ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဒီထက်မက အောင်မြင်ပါစေ။ ကျမတို့ ရက္ခိုင်နိုင်ငံတော်လွတ်လပ်ရေးရတဲ့အထိ ကျမတို့ကို ကူညီ စောင့်ရှောက်ပြီးတော့ အားလုံးဘက်က အစစအရာရာကျမတို့တွေ အတွက်လုပ်ဆောင်ပေးနေတဲ့ ဗိုလ်ချုပ်အတွက် နှစ်တစ်ရာတိုင်အောင်အထိ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဗိုလ်ချုပ်အောင်မြင်နိုင်ပါစေလို့ ကျမဆုတောင်းပေးပါတယ်။"

---------

ဦးထွန်းညို(ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖလောင်းချိတ်မြို့သား /ကော့စ်ဘဇားမြို့)

"ဒီနေ့ဟာ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (၄၄) နှစ်မြောက် မွေးရက်နေ့ဖြစ်ပါတယ်။ ကျနော် ဒီနေရာကနေ ဗိုလ်ချုပ်ကို ကျန်းမာစေဖို့၊ ရခိုင်ပြည်အတွက် ရခိုင်လူမျိုးအတွက် အများကြီး အလုပ် လုပ်ပေးနိုင်ဖို့ကိုလည်း ကျနော်ဆုတောင်းပေးပါတယ်။ ပြီးတော့ ဒီမတရားအုပ်ချုပ်နေတဲ့ တပ်မတော်ကို ရခိုင်ပြည်ထဲက မကြာခင်အချိန်မှာ လိုက်ထုတ်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုလည်း Leadership တစ်ခုတည်ဆောက်နိုင်ဖို့ ဒီကနေ ဆုတောင်း လိုက်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်သမိုင်းကို ကြည့်ရင် ရခိုင်တော်လှန်ရေးဟာ (၁၇၈၄) ခုနှစ် ဗမာသိမ်းကတည်းကနေ ပထမဆုံးဗိုလ်ချင်းပျံခေါင်းဆောင်းခေါင်ကတည်းကနေ အဆုံးမှာ ရမလ၊ ရကပတို့ အမျိုးမျိုးခေါင်းဆောင်ခဲ့ကြပေမယ့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်လောက် အောင်မြင်အောင် တစ်ယောက်မှမလုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ကမ္ဘာမှာရှိတဲ့ ရခိုင်သူ၊ ရခိုင်သားအားလုံး မှန်ကန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အားလုံးအကူအညီပေးဖို့ ထောက်ခံဖို့ကို ဒီကနေလည်း တောင်းပန်ပါတယ်။"

(NN-7)

  နိရဉ္စရာ၊ နိုဝင်ဘာ ၇/၂၀၂၂   ယနေ့ နိုဝင်ဘာ (၇) ရက်နေ့သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA) စစ....

14/10/2022

AA&ULA မှာအသားထဲကလောက်ကောင်တိကိုနှင်ထုပ်သင့်နှင်ထုပ်ဖမ်းသင့်ကေဖမ်းကျွမ်စိတ်ပျောက်လားအောင်

ULA&AAမှဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်း
11/10/2022

ULA&AAမှဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်း

သက်ဆိုင်သူများသိစေရန်
30/09/2022

သက်ဆိုင်သူများသိစေရန်

29/09/2022

ရင်မှာခံစားသူမမြင်တယ်အသည်းထဲ......ကအတွင်းကြေ🤭

ရက္ခိုင်ပြည်နှင့်ရက္ခိုင်လူမျိုးကိုရိုးရိုးသားသားချစ်ကတ်မယ်🤗
25/09/2022

ရက္ခိုင်ပြည်နှင့်ရက္ခိုင်လူမျိုးကိုရိုးရိုးသားသားချစ်ကတ်မယ်🤗

ကျောက်တောင်ကဗျာ🤣🤣🤣
20/09/2022

ကျောက်တောင်ကဗျာ🤣🤣🤣

သတိပီးချက်ထုပ်ပြန်
14/09/2022

သတိပီးချက်ထုပ်ပြန်

12/09/2022

သစ္စာဖောက်တကောင်ပါရေ

Breaking news! အင်ဂလန်ဘုရင်မနှစ်၇၀ဘုရင်ဘဝနှင့်အသက်96နှစ်မှာဆုံးလားပါကြောင်း
08/09/2022

Breaking news! အင်ဂလန်ဘုရင်မနှစ်၇၀ဘုရင်ဘဝနှင့်အသက်96နှစ်မှာဆုံးလားပါကြောင်း

08/09/2022

ငရို့လည်းဗိုလ်ချုပ်ပြောပိုင်ခံယူရေနှလုံးသားမှာအပြည့်ရှိရေတယောက်မပြောလည်းအလိုလိုခံယူပြီးသားရာ

05/09/2022

ဗမာပြည်လွှတ်တော်ကပီးရေနို့ချိုနည်နည်းစို့မိသောရက္ခိုင်တချို့ကသူ့ရဲ့အရသာပြန်ခံစားချင်စိတ်နဲ့ရက္ခိတလမ်းစဉ်ကိုတိုက်ခိုက်ဝံမလီးကတ်ပါတီရူးတိနှင့်ALVအုပ်စုသတိထားကိုင်တွယ်ကတ်ရဖို့

အဂတိအကြီးစား/ စစ်တွေလူမှုအသိုင်းအဝိုင်းမှတဆင့် သိရသော "Luminous/ Livguard" ဆိုင်ရှင်နှင့် မန်နေဂျာတို့၏ အကြောင်းအရာများ ...
04/09/2022

အဂတိအကြီးစား/ စစ်တွေလူမှုအသိုင်းအဝိုင်းမှတဆင့် သိရသော "Luminous/ Livguard" ဆိုင်ရှင်နှင့် မန်နေဂျာတို့၏ အကြောင်းအရာများ

#ကျော်ကျော်ဆန်း

ကျော်ကျော်ဆန်းသည် ရက္ခိုင့်တပ်တော် (ULA/AA) မှ ဒုဗိုလ်မှူးကြီးတဦး၏ သူငယ်ချင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်အထိ စစ်တွေမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ (မြို့မ)ဈေးကြီးတွင် ခေါင်းအုံး၊ စောင်၊ မွေ့ရာ၊ အခင်းများ ရောင်းချသူဖြစ်သည်။ လူသတ်မှုကို မီဒီယာများ၌ ဖော်ပြပြီးမှ သူ့အကြောင်းကို ထပ်မံ ကြားသိရသည်မှာ ဝေသာလီတိုက်တန်းတွင် တိုက်ခန်း (၆) ခန်းရှိပြီး ဝင်ငွေကောင်းသည့် မူးယစ်ဆေးဝါး လုပ်ငန်းကို ကြီးကြီးမားမားလုပ်ဆောင်ကာ NGO အဖွဲ့တချို့ကို ကာဗာယူပြီး "Luminous/ Livguard" ပလက်စတိတ်ပစ္စည်းအရောင်းဆိုင်ကို အရောင်ပြ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ စစ်တွေမြို့တွင် ပလက်စတိတ်ပစ္စည်းများကို လက်လီလက်ကားရောင်းချနေသည့် "ရွှေမြေ" ပလက်စတိတ်ပစ္စည်း အရောင်းဆိုင်နှင့် စီးပွားရေးဆက်စပ်မှုများ ရှိနေသည်ဟု သတင်းထွက်ပေါ်သည်။ {စကားချပ်_ ယခင်လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေသည့် လက်ကောက်မုန့်ရောင်းသည့် မိန်းခလေး အလောင်း တွေ့ရှိနေရာ ဇီဝက ဆေးခန်း၏ ပိုင်ရှင် "လူပျံရွှေမောင်၏ ဇနီးနှင့် "ရွှေမြေ" ပလပ်စတိတ်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တို့သည် ညီအစ်မအရင်းများ ဖြစ်သည်။}

ကျော်ကျော်ဆန်းသည် လူပျိုဘဝကပင် မိန်းမရှုပ်ပွေပြီး ယခုဇနီးမတိုင်မီ "မလတ်" ဆိုသည့် ရခိုင်သူနှင့် ကိုယ်ဝန်ရကာ သူတာဝန်မယူသည့်အတွက် ရခိုင့်လူ့အသိုက်အဝန်းနှင့်ဝေးရာသို့ ထွက်သွားခဲ့ရသည်။ ယခုဇနီးကို လက်ထပ်ရသည်မှာလည်း ကာမလိမ်လည်ရယူပြီး ငြင်းမလွတ်တဲ့အခါမှ ယူရခြင်း ဖြစ်ကြောင်း သူ့သူငယ်ချင်းများထံမှ သိရသည်။ သူ့ဇနီးက အထက်တန်းရှေ့နေတယောက်၏ တူမကာ ထိုရှေ့နေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်ပြီး သူ့ဇနီးဟာ ရသေ့တောင်မြို့မှဖြစ်ကာ သူ့ထက် အသက် တော်တော်ငယ်တယ်ဟု ပြောကြသည်။

မစန္ဒာဝင်း (သေဆုံးသူ မနွယ်သန္တာဝင်း၏ အဒေါ်) ၏ ပြောပြချက်အရ ခင်မြတ်ကျော် (ကျော်ကျော်ဆန်း၏ဇနီး) သည် သူတို့ဆယ်တန်းတုန်းက Guide လုပ်ခဲ့တဲ့ ဆရာမလေးဖြစ်သဖြင့် သူ့စကားကိုယုံပြီး သူတို့ပြောသလို ထွက်ဆိုပေးခဲ့ကာ သေမှုသေခင်းဖြစ်ပြီး ဆေးရုံ၊ ရဲစခန်း သွားခြင်းတို့ကို ကျော်ကျော်ဆန်းက ကိုယ်တိုင် ကားမောင်းလိုက်ပို့ပြီး ခင်မြတ်ကျော်နှင့်အတူ သွားခဲ့ကြောင်းကို ထပ်မံ ထွက်ဆိုသည်။ မစန္ဒာဝင်းမှ "ဆရာမချေ" ဟုခေါ်သည့် "မခင်မြတ်ကျော်" မှ "Khine Min Khine Min” ဆိုသည့် Facebook စာမျက်နှာ၌ သူတို့လင်မယားပုံကို တင်ပြီး ရေးသားနေကြကြောင်း၊ ထို့အတွက် မစန္ဒာဝင်းကို စာပြပေးခဲ့သူ ဆရာမတဦးဖြစ်ပြီး ကျေးဇူးရှိသူများဖြစ်ပြီး တရားခံ မဟုတ်ကြောင်းနှင့် Comment ဝင်ရေးသူ မစန္ဒာဝင်းသည်လည်း သေဆုံးသူ မနွယ်သန္တာဝင်းကို သမီးတော်စပ်သူ ဖြစ်ကြောင်း ကို ဝင်ရောက် Comment ရေးပေးဖို့ ခိုင်းစေခဲ့ကြောင်း မစန္ဒာဝင်း၏ ပြောပြချက်အရ သိရသည်။

ကျော်ကျော်ဆန်းသည် Facebook လူမှုကွန်ရက်၌ Phoelapyae နှင့် PhoeLa Pyae အမည်တို့ဖြင့် အကောင့် (၄)ခု သုံးသည်ကို တွေ့ရှိရသည်။ အနည်းဆုံးဖုန်း (၃) လုံးနှင့်အထက် ကိုင်ဆောင် အသုံးပြုလိမ့်မည်ဟု ခန့်မှန်းရသည်။ အကောင့်တခုတွင် ကမ်းခြေတစ်ခုတွင် ရိုက်ထားတဲ့ မိသားစု ဓါတ်ပုံနှင့် အကောင့်နှစ်ခုတွင် သူ့သား ဓါတ်ပုံများ၊ နောက်အကောင့်တခုတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဓါတ်ပုံတို့ဖြင့် Profile ပုံ အသီးသီး တင်လျှက်ရှိသည်။ ကျော်ကျော်ဆန်းအား ရက္ခိုင့်တပ်တော် (ULA/AA) ၏ Alpha1 စစ်ဒေသက ခေါ်ယူစစ်ဆေးနေသည်ဟု သတင်းထွက်ပေါပြီးနောက် ဩဂုတ်လ (၂၄) ရက်နေ့ထိ သူ့သား Profile ပုံပါ Phoelapyae အကောင့်တစ်ခုက ပို့စ်တခုကို Share လုပ်ထားသေးသည်။ ၄င်းပို့စ်ကို like လုပ်သူ (၃၁) ယောက်ထဲတွင် သူနှင့် မူးယစ်ဆေးဝါး လုပ်ဖော်ကိုင်ဖက်တချို့ ပါဝင်နေသည်။

ကျော်ကျော်ဆန်း၏ ဇနီး "ခင်မြတ်ကျော်" သည် Mrat Thu ဆိုသည့်အမည်ဖြင့် Facebook သုံးကာ Stand up and Speak up for Nwai Thandar Wong! စာတန်းနှင့်ပုံပါ Profileပုံကို ချိန်းထားပြီး Friendများမှအပ တခြားသူများ ဝင်မကြည့်နိုင်အောင် အကောင့်ကို ပိတ်ထားသည်။

#မျိုးမြင့်ဇော်

မျိုးမြင့်ဇော်သည် စစ်တွေထောင်မှ ဆေးမှူး "ဦးထွန်းကျော်" ၏သား ဖြစ်သည်။ စစ်တွေထောင်ဆေးမှူး ဦးထွန်းကျော်သည် ကျောက်တော်မြို့နယ်၊ ဝါးတောင်ရွာဇာတိဖြစ်ပြီး ယခုလက်ရှိအချိန်ထိ စစ်တွေ ထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မျိုးမြင့်ဇော် ဆယ်ကျော်သက် အရွယ်တွင် ရခိုင်နိုင်ငံရေး လောက၌ လူသိများသည့် ရွှေဂတ်စ် "ဝင်းအောင်"၏ အစ်မဖြစ်သူ ဒေါ်အမာကြည် (ခ) မာမာကျော်ဇော ဦးဆောင်သော ရခိုင့်အမျိုးသမီးအရေးကို ဆောင်ရွက်သည့် NGO တခုတွင် အဖွဲ့ခေါင်းဆောင် ဒေါ်အမာကြည် (ခ) မာမာကျော်ဇော၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထိုခုနှစ်များသည် မင်းပြားမြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်ထွန်းနှင့် ဒေါ်အမာကြည် တို့ ကွာရှင်းပြီးချိန် ဖြစ်သည်။

မျိုးမြင့်ဇော်သည် (၂၀၁၀) ခုနှစ်ကုန်ပိုင်းမှ (၂၀၁၃)ခုနှစ်ကုန်ပိုင်းထိ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ဖူးသည်။

"Luminous/ Livguard" ဆိုင်၌ ဝင်ရောက်လုပ်ကိုင်သည်မှာ သေဆုံးသူ မနွယ်သန္တာဝင်း မိခင်ညီမဖြစ်သူ "မစန္ဒာဝင်း" ထက် နောက်ကျသည်ဟု မစန္ဒာဝင်း၏ ပြောဆိုချက်အရ သိရသည်။

စုစုပေါင်း (၈) ဦးသာရှိသော "Luminous/ Livguard" ဆိုသည့် NGO အဖွဲ့အစည်းများအတွက် လိုအပ်သော ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းတွင် ဆိုင်ပိုင်ရှင် "ကျော်ကျော်ဆန်း" အတွက် အားကိုးရသည့် လူယုံတစ်ဦးဖြစ်လာသည်ဟု "Luminous/ Livguard" မှ ဝန်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။ မျိုးမြင့်ဇော်အား အလုပ်ဝင်ဝင်ချင်း မန်နေဂျာရာထူးကို တန်းပေးသည့် "Luminous/ Livguard" လုပ်ငန်းစု၏ ပိုင်ရှင် "ကျော်ကျော်ဆန်း" တို့အကြား မျက်ကွယ်တွင် လူအများ မသိရှိနိုင်သည့် ကိစ္စရပ်များရှိလိမ့်မည်ဟု စစ်တွေလူမှုအသိုင်းအဝိုင်းတွင် ပြောဆိုမှုများ ရှိနေသည်။

03/09/2022

အော် ဒီလူတွေကရက္ခိုင်တွေစိတ်ဓာတ်နားမလည်သေးဘူးကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာမှာပါတေလေEvery Arakan has a dream in their hearts. One day, we have to take our country back because the land of Arakan belongs to Arakanese people.It is our ancestor's land.AA grows so fast,and becomes strong.It is not because of risking our lives to do so,but because of heroic sprit of Arakanese people.What's more,It is all about leadership,well orgainized followers and of course cooperation with everyone who has the same interest as us.

Address


Telephone

+601139993844

Website

Alerts

Be the first to know and let us send you an email when Daily Arakan News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daily Arakan News:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share