Hrang Bik Lian

Hrang Bik Lian I love helping people set up Digital Business. Feel free to ask.

Good morning! "Wishing you a peaceful and joyful Sunday filled with love, laughter, and relaxation. May your day be as b...
02/02/2025

Good morning!
"Wishing you a peaceful and joyful Sunday filled with love, laughter, and relaxation. May your day be as bright and beautiful as the morning sun! ☀️✨ "

ကိုယ်တို့ဟာကိုယ်တိုင်တောင် မပြည့်ဘဲသူများကို ဖြည့်ဖို့ပဲ ဦးစားပေးခဲ့ကြတယ် ။ကိုယ်တိုင်တောင် မတည်ဆောက်နိုင်သေးဘဲသူများရဲ့...
31/01/2025

ကိုယ်တို့ဟာ
ကိုယ်တိုင်တောင် မပြည့်ဘဲ
သူများကို ဖြည့်ဖို့ပဲ ဦးစားပေးခဲ့ကြတယ် ။

ကိုယ်တိုင်တောင် မတည်ဆောက်နိုင်သေးဘဲ
သူများရဲ့ ပြိုလဲကျမှုတွေ ကာကွယ်ပေးခဲ့ကြတယ် ။

ကိုယ်တိုင်တောင် လမ်းမှန်အောင် မလျှောက်နိုင်သေးဘဲ
သူများလမ်းမှားရောက်မှာကိုပဲ စိုးရိမ်နေခဲ့မိကြတယ် ။

ဒီချစ်ခြင်းမေတ္တာနဲ့ စာနာမှုတွေကြောင့်
ကိုယ်တို့ဟာ
စိတ်ရော လူရော ပင်ပန်းနေတုန်းပါပဲ ။

တစ်နေ့နေ့တော့....
ပင်ပန်းခဲ့ရသမျှ အမောတွေ ပြေနိုင်ကောင်းပါရဲ့....,

31/01/2025

Good morning all.

🚣‍♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။

** တခုကိုလိုချင်ရင် ...တခုကိုတော့ ... စွန့်လွတ်ရလိမ့်မယ် **+++++++++++++++++++အေးမြတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်ပူလောင်မှုက...
30/01/2025

** တခုကိုလိုချင်ရင် ...
တခုကိုတော့ ... စွန့်လွတ်ရလိမ့်မယ် **
+++++++++++++++++++

အေးမြတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်
ပူလောင်မှုကို ဖြစ်စေတဲ့အရာတွေကို
စွန့်လွတ်ရလိမ့်မယ် ...သူငယ်ချင်း။

တန်ဖိုးရှိတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်
တန်ဖိုးမဲ့စေတဲ့ လုပ်ရပ်တွေကို
စွန့်လွတ်ရလိမ့်မယ် ...သူငယ်ချင်း။

မြင့်မြတ်တဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်
နိမ့်ကျနေတဲ့ စိတ်ဓာတ်တွေကို
စွန့်လွတ်ရလိမ့်မယ် ... သူငယ်ချင်း။

ပျော်ရွှင်ရတဲ့ မိသားစုဘဝကို
ပိုင်ဆိုင်ချင်ရင်
အနစ်နာမခံ မပေးဆပ်တတ်တဲ့
နှလုံးသားကို
စွန့်လွတ်ရလိမ့်မယ် ...သူငယ်ချင်း။

ကောင်းတဲ့ဘဝကို လိုချင်ရင်
မကောင်းတဲ့ဘဝကိုတော့ စွန့်လွတ်ရမယ်။

အချစ်ကို လိုချင်ရင်
အမုန်းကိုတော့ စွန့်လွတ်ရမယ် ။

ဘယ်အရာမဆို ...

တခုကိုလိုချင်ရင် ...
တခုကိုတော့ ... စွန့်လွတ်ရတာ
သဘာဝပါ ...သူငယ်ချင်း....

Good morning all.    ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး ကိုယ်မြင်ချင်တာပဲ မြင်တော့ အဆိုးကို အကောင်းထင် အကောင်းကို အဆိုးလို့မြ...
28/01/2025

Good morning all.

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး
ကိုယ်မြင်ချင်တာပဲ မြင်တော့

အဆိုးကို အကောင်းထင်
အကောင်းကို အဆိုးလို့မြင်ပြီး
ကောင်းသူတွေကိုဖယ် မကောင်းသူတွေကို
ဖက်တွယ်တာတွေ လုပ်မိကြတယ်။
ခွဲခြားတတ်ကြပါစေ။
28/1/2025
9:44 am

သူတစ်ပါး၏ကိုယ်ကျင့်သိက္ခာကို..... အပုတ်ချလိုသည့် သဘောဖြင့် မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်.. သူတစ်ပါးမကောင်းကြ...
27/01/2025

သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို.....
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..

သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ ....
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...

နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...

ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...

ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ ...
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..

ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ.....
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..

မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ ...
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ....
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...

အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေ
တတ်သော စိတ်ဓာတ်..

ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ ....
အကောင်းမမြင် အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
အရင်ပြင်ကြဖိုလို၏

ဝေဖန်ခံရတဲ့အခါ ဝေဖန်နေသူရဲ့Brain Level ကို ကြည့်ရတယ်။သူက ကိုယ့်ကို ဝေဖန်ဖို့အရည်အချင်းပြည့်မီသူလား၊ဒါမှမဟုတ် မပြည့်မီသူလ...
27/01/2025

ဝေဖန်ခံရတဲ့အခါ ဝေဖန်နေသူရဲ့
Brain Level ကို ကြည့်ရတယ်။
သူက ကိုယ့်ကို ဝေဖန်ဖို့
အရည်အချင်းပြည့်မီသူလား၊
ဒါမှမဟုတ် မပြည့်မီသူလား။
ဝေဖန်ပန်းခြားတတ်ပါစေ။

ကိုယ်ဘာလုပ်လုပ် အကောင်းဆုံးလုပ်နေရင်တောင်
ကိုယ့်အပြစ်ကို ရှာနေသူက သက်သက်ရှိတယ်။ ဝေဖန်ဖို့က သူတို့အလုပ်လို့ မှတ်ယူပေးလိုက်ပါ။
တချို့ကိစ္စတွေက ကိုယ်လိုက်လိုက်ခံစားနေလို့
ကိုယ့်စိတ်ထဲ အဆင်မပြေတာမျိုးတွေ ဖြစ်တာမို့
ဘဝတစ်ခုရပ်တည်တဲ့အခါ ကိုယ့်ဖြစ်တည်မှုနဲ့
ကိုယ်ပိုင်ဘဝတစ်ခု တည်ဆောက်ဖို့ အရေးကြီးတယ်။
သူတို့ဝေဖန်တိုင်း လဲကျနေမယ်ဆိုရင် အောင်မြင်မှု ပန်းတိုင်နဲ့ ဝေးသွားမှာပေါ့။

သူတို့လက်ညိုးထိုးရင် သင်လက်မထောင်နိုင်ဖို့သာ အဓိကပါ။
27/1/2025
8:00am (Monday)

**အောင်မြင်မှုတံခါးကို ဖွင့်ဟနိုင်မယ့် သော့ချက်များ**-------------------------------------------------------------------...
26/01/2025

**အောင်မြင်မှုတံခါးကို ဖွင့်ဟနိုင်မယ့် သော့ချက်များ**
--------------------------------------------------------------------

၁။ အငြိုးအတေးတွေကို ဆုပ်ကိုင်မထားပါနဲ့။
ခွင့်လွှတ်လိုက်ပါ။

၂။ တခြားသူအပေါ် အပြစ်မတင်ပါနဲ့။
တာဝန်ယူလိုက်ပါ။

၃။ လူတွေကို အာရုံမစိုက်ပါနဲ့။
စိတ်ကူးကိုပဲ အာရုံစိုက်ပါ။

၄။ အပြောင်းအလဲကို မကြောက်ပါနဲ့။
ဖြစ်လာမယ့်အကျိုးကျေးဇူးကိုသာ တွေးပါ။

၅။ ချီးမွမ်းခံရဖို့ အာရုံမစိုက်ပါနဲ့။
တခြားသူတွေကိုသာ ချီးမွမ်းပါ။

၆။ အချိန်မဆွဲပါနဲ့။
လုပ်စရာရှိတဲ့အလုပ်ကို ချက်ချင်းလုပ်ပါ။

၇။ ရည်ရွယ်ချက်မဲ့ လျှောက်မလုပ်ပါနဲ့။
ပန်းတိုင်အတည်တကျ ချမှတ်ထားပါ။

၈။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့။
မျှဝေစာနာမှုရှိပါ။

၉။ ဝေဖန်မှုတွေကို မမုန်းတီးပါနဲ့။
လက်ခံပါ။

၁ဝ။ မာနမထားပါနဲ့။
မသိတာတွေကို အမြဲသင်ယူပါ။

🌿   မိတ်ဆွေ.........သင့်ရဲ့ အနာဂတ်မှာ ဝင်ငွေအတွက် စိတ်ပူပန်မှု မရှိဘဲ ကိုယ်ပိုင်အချိန် ၊ ကိုယ်ပိုင်လွတ်လပ်မှုနှင့် ​ငွေက...
26/01/2025

🌿 မိတ်ဆွေ.........

သင့်ရဲ့ အနာဂတ်မှာ ဝင်ငွေအတွက် စိတ်ပူပန်မှု မရှိဘဲ ကိုယ်ပိုင်အချိန် ၊ ကိုယ်ပိုင်လွတ်လပ်မှုနှင့် ​ငွေကြေးလွတ်မြောက်မှု ရရှိရေးဟာ
လူအများစုရဲ့အကြီးမားဆုံးသော အိမ်မက်တစ်ခုဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ်။

System အရမ်းကောင်းမွန်ပြီး လူတိုင်းအတွက်အဆင်ပြေတဲ့Online Digital Business နဲ့ မိတ်ဆွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။

မိတ်ဆွေက............
🌺တစ်ရက်ကိုအချိန်အနည်းငယ်ပေးရုံနဲ့လုပ်လို့ရတဲ့စီးပွါးရေးမျိုးကိုရှာနေပါသလား....

🌺 အိမ်ရှင်မတစ်ယောက် ဖြစ်နေရင် အိမ်မှာပဲ ကိုယ့်ရဲ့ကလေးတွေ/အသက်ရွယ်ကြီးလာတဲ့ကိုယ့်ရဲ့မိဘတွေကိုစောက်ရှောက်ရင်းနဲ့ဝင်ငွေရှာချင်ပါသလား.....

🌺လက်ရှိလုပ်နေတဲ့အလုပ်ကို မထိခိုက်ဘဲ နောက်ထပ်ဝင်ငွေလမ်းကြောင်းကိုဖန်တီးနိုင်မယ့်စီးပွါးရေးလုပ်ငန်းမျိုးကိုပိုင်ဆိုင်ချင်ပါသလား.....

🌺 အစစအာရာအားလုံး စျေးတွေမြင့်တက်လာတဲ့ ယခုခေတ်မှာ ဝင်ငွေလမ်းကြောင်း တစ်ခုထဲနဲ့ မိသားစုစားဝတ်နေရေး သားသမီးတွေပညာသင်စရိတ်အတွက် မလုံလောက်တော့တာကတော့ အမှန်ပါပဲ....

ဒါကြောင့် ကျွန်တော်လည်း ယခုလက်ရှိလုပ်နေတဲ့ full time အလုပ်မရှိတော့ရင်လည်း အိမ်မှာနေရင်းအချိန်အနည်းငယ်ပေးရုံနဲ့ဝင်ငွေလမ်းကြောင်းရရှိနိုင်တဲ့ Digital Business ကို Plan B အနေနဲ့ ရွေးချယ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီDigital Businessကို ​ကျွန်တော် ဘာကြောင့် ရွေးချယ်ပီး လုပ်ကိုင်ခဲ့သလဲဆိုရင်......

✅နိုင်ငံပေါင်းစုံကလူတွေ လုပ်လို့ရတဲ့ တရားဝင် စီးပွားရေးဖြစ်တယ်။
✅အလုပ်ချိန်/နေရာ သတ်မှတ်ထားတာမရှိဘူး
✅အလုပ်လို့ရတဲ့တရားဝင်စီးပွါးရေးဖြစ်တယ်။ရမ်းကောင်းမွန်တဲ့systemရှိတယ်။
✅လေ့လာရလွယ်ကူတဲ့ training site ရှိတယ်
✅ မိသားစုနှင့်အတူအိမ်မှာနေပြီးလုပ်ကိုင်လို့ရတယ။
✅ခရီးသွားရင်းနဲ့လည်းလုပ်ကိုင်လို့ရတယ်။
✅ ကျွန်တော်တို့ကို ကူညီမယ့် Coach နဲ့ Mentor ရှိတယ်။

ဘာတွေလုပ်ရသလဲ..........

📣ဒီစီးပွါးရေးက Social media platforms တွေကိုအသုံးပြုပြီး စီးပွါးရေးအခွင့်အလမ်းကိုကြော်ငြာ လုပ်ပေးရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

💯 Training ကနေ တစ်ဆင့်ချင်းဆီသင်ပေးသွားမှာဖြစ်တဲ့အတွက် ဘာမှမသိလည်းစိတ်ပူစရာမလိုပါ။

😊 ဘေးကနေ ဖေးမပေးမယ့် Coach နဲ့ Mentor လည်းပေးထားပါတယ်။

ဘာတွေလိုအပ်သလဲ......

♻👉ကိုယ်ပိုင်စီးပွါးရေးဖြစ်တဲ့အတွက်မတည််ရင်းနှီးငွေ လိုအပ်ပါတယ်။

♻Phone / Internet / Laptop နှင့်သင်ယူလိုစိတ်၊ ကြိုးစားလေ့လာလိုစိတ်ရှိဖို့လိုအပ်ပါတယ်။

♻Computer skill , English skill (25%)
အခြေခံသိရင်လုပ်ဆောင်လို့ရပါတယ်။

🚫ကုန်ပစ္စည်းရောင်းစရာမလို ၊သိုလှောင်စရာမလို၊
🚫လူခေါ်စရာမလိုပါ၊system နဲ့အလုပ်လုပ်သွားမှာပါ။

အခုဆိုရင်ကျွန်တော်က ဒီDigital business ကြောင့် Personal Development, Positive mindset တိုးတက်မှုရှိလာပီး social media နှင့်ပတ်သက်တဲ့ Business knowledge တွေလည်း အရင်ကထက်အများကြီးပိုသိခွင့်ရရှိပါတယ်။

မိတ်ဆွေက ကိုယ့်ဘဝရဲ့အချိန်တွေကိုလွတ်လပ်စွာဖြတ်သန်းဖို့ဆန္ဒရှိတယ်၊ကိုယ်ပိုင်လုပ်ငန်းကိုပိုင်ဆိုင်ချင်တယ်၊
ဒီလိုကောင်းမွန်တဲ့system နှင့်ချိတ်ဆက်ထားတဲ့စီးပွါးရေးကို စိတ်ဝင်စားလို့လေ့လာချင်တယ်ဆိုရင်.......

ကျွန်ုပ်ရဲ့ တရားဝင်ဝက်ဆိုဒ်ဖြစ်ဲတဲ့

🌐 www.hrangbiklian.com
မှာနာမည်နဲ့ Email ကို register လုပ်ပြီးမိနစ်(90)စာရှိတဲ့ Webinar Video ကြည့်ပြီးစတင်လေ့လာပါလို့ အကြံပေးချင်ပါတယ်။

👉 လုပ်ငန်းနဲ့ ပတ်သက်ပြီး ပိုမိုသိချင်တာရှိရင် Email , Page messenger & WhatsApp မှ အချိန်မရွေး ဆက်သွယ်မေးမြန်းလို့ရပါတယ်။

💟 မေတ္တာဖြင့်
Hrang Bik Lian
Business Mentor.

🙏သူတပါးကို ဒုက္ခပေးလိုတဲ့စိတ် ကိုယ့်မှာ မဖြစ်ပါစေနှင့်၊ ကိုယ့်ကိုဒုက္ခပေးမယ့်သူနှင့် ဘဝမှာ မည်သည့်အခါမှ မဆုံပါရစေနှင့်🙏သ...
26/01/2025

🙏သူတပါးကို ဒုက္ခပေးလိုတဲ့စိတ် ကိုယ့်မှာ
မဖြစ်ပါစေနှင့်၊ ကိုယ့်ကိုဒုက္ခပေးမယ့်သူနှင့်
ဘဝမှာ မည်သည့်အခါမှ မဆုံပါရစေနှင့်

🙏သူလည်းဝမ်းသာ ကိုယ်လည်းရွှင်ပြုံး
နှစ်ဦးလုံး ငြိမ်းချမ်းကြပါစေ၊ သူလည်းပြုံး
ကိုယ်လည်းပြုံး နှစ်ဦးလုံး ပြုံးနိုင်ကြပါစေ

🙏သူ့ကိုမချစ်သော်မှ မုန်းသူ မဖြစ်ပါရစေနှင့်
သူ့ကိုမုန်းသော်မှ ရန်သူတော့ မဖြစ်ပါရစေနှင့်
သူ့ရဲ့ရန်သူဖြစ်သော်မှ သူ့ကိုဒုက္ခပေးသူ
မဖြစ်ပါစေနှင့်
တစ်ဦးပေါ်တစ်ဦး မေတ္တာ
ထားနိုင်ကြပါစေ🌿

မှားနေတာ ရှက်စရာမဟုတ်ပါဘူး။အမှားကို ရှောင်ပုန်းနေတာကသာ ရှက်စရာပါ။မသိတာရှက်စရာ မဟုတ်ပါဘူး။မသိတာကို သိဟန်‌ဆောင်နေတာကသာ ရှက...
25/01/2025

မှားနေတာ ရှက်စရာမဟုတ်ပါဘူး။
အမှားကို ရှောင်ပုန်းနေတာကသာ ရှက်စရာပါ။

မသိတာရှက်စရာ မဟုတ်ပါဘူး။
မသိတာကို သိဟန်‌ဆောင်နေတာကသာ ရှက်စရာပါ။

ရှုံးနိမ့်နေတာက ရှက်စရာမဟုတ်ပါဘူး။
အရှုံးကို ‌ကြောတ်လို့ ဆင်ခြေမျိုးစုံပေးပြီး
မကြိုးစားတာကသာ ရှက်စရာပါ။

ကိုယ့်ကိုယ်ကို လူကောင်း
တစ်ယောက်ရယ်ပါလို့
နုတ်ကနေ ဖွင့်ဟမပြောခဲ့ပါဘူး ။

အဆိုးနဲ့အကောင်းဆိုတဲ့
နိယာမတွေကြားမှာ အကောင်းဆုံး
ဆိုတာဖြစ်အောင် ကြိုးစားပြီးတော့
ရှင်သန်နေထိုင်သူပါ ။

ကိုယ့်ကိုယ်ကို ရိုးသား
ဖြူစင်သူ တစ်ယောက်ရယ်ပါလို့
နုတ်ကနေ ဖွင့်ဟမပြောဆိုခဲ့ပါဘူး ။

လူတိုင်း လူတိုင်း
နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက်
လျှောက်လှမ်း ရှာဖွေရတဲ့ အခါ
လောဘ ဒေါသ မောဟ ဆိုတဲ့ အပူမီး တွေကို
တိုးမိတာ မဆန်ပါဘူး

ဒါပေမယ့် လျှောက်လှမ်းတဲ့ ခြေလှမ်းတွေ အောက်မှာ
သူတစ်ပါး မျက်ရည်တွေ ဘဝတွေ မပါစေဖို့
ကောက်ကျစ်ယုတ်မာမှု့ ကိုတော့ အမြဲရှောင်ပါတယ်။

မတောက်ပချင်နေပါ
သူတပါးမျက်ရည်စတွေနဲ့တော့
ကိုယ့်အနာဂတ်ကို ဆေးမချယ်ချင်ဘူး ။

မမြဲချင် သဘောဆောင်တဲ့
လောကကြီးမှာ

ကိုယ့်သုဿာန်တံခါးကို
လိပ်ပြာလုံလုံနဲ့ဖွင့်သွားချင်ပါတယ် ။

ကိုယ့်ရဲ့ဖြစ်တည်မှုကြောင့်တော့
တပါးသူရဲ့ ပစ္စုပ္ပန်လေးကို
အထိအခိုက်မဖြစ်စေချင်ဘူး ။

မအောင်မြင်ခင်မှာ 🌱 သင်အထင်လွဲ ခံရလိမ့်မယ်။🌹 ဒါပေမယ့် အောင်မြင်သွားရင်တော့ 🌹 အတုယူတာ ခံရပါလိမ့်မယ်။🌱 မပြီးမြောက်ခင်မှာ 🌱 ...
25/01/2025

မအောင်မြင်ခင်မှာ
🌱 သင်အထင်လွဲ ခံရလိမ့်မယ်။

🌹 ဒါပေမယ့် အောင်မြင်သွားရင်တော့
🌹 အတုယူတာ ခံရပါလိမ့်မယ်။

🌱 မပြီးမြောက်ခင်မှာ
🌱 သင်အဝေဖန် ခံရလိမ့်မယ်။

🌹 ဒါပေမယ့် လမ်းဆုံးသွားရင်တော့
🌹 ဝန်းရံ ခံရပါလိမ့်မယ်။

🌱 အမြင့်ကို တက်နေချိန်မှာ
🌱 သင်ဆွဲချတာခံရလိမ့်မယ်။

🌹 ဒါပေမယ့် ထိပ်ဆုံးရောက်ရင်တော့ ဆွဲတင်ဖို့
🌹 လက်ကမ်းကြပါလိမ့်မယ်။

🌱 တည်ဆောက်နေချိန်မှာ
🌱 ဖျက်ဆီးတာ သင်ခံရလိမ့်မယ်။

🌹 ဒါပေမယ့် လုံခြုံသွားရင်တော့
🌹 ခိုနားဖို့တောင်းပန်ကြပါလိမ့်မယ်။

🌱 ချမ်းခိုက်နေတဲ့ အချိန်မှာ
🌱 သင်ရေလောင်းတာ ခံရလိမ့်မယ်။

🌹 ဒါပေမယ့် နွေးထွေးသွားရင်တော့
🌹 သင်ထွေးပွေ့ဖို့သူတို့တောင့်တကြပါလိမ့်မယ်။

🌱 အားနည်းနေချိန်မှာ
🌱 သင်တိုက်ခိုက်တာ ခံရလိမ့်မယ်။

🌹 ဒါပေမယ့် သန်မာသွားရင်တော့
🌹 ကာကွယ်ပေးဖ်ို့အသနားခံကြပါလိမ့်မယ်။

🌱 ဘာပဲ ဖြစ်ဖြစ် ကိုယ်ရဲ့ပန်းတိုင်ကို
🌱 မယိုင်မလဲပဲ လျှောက်လှမ်းနေဖို့ပဲလိုပါတယ်။

Good morning! 🌞 "Embrace the calm and beauty of this Saturday morning. Let’s make today amazing!"
24/01/2025

Good morning!

🌞 "Embrace the calm and beauty of this Saturday morning. Let’s make today amazing!"

တစ်ယောက်တည်းဖြစ်နေတာ တန်ဖိုးကြီးပါတယ် ။တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာတွေက တစ်ချိန်ချိန်မှာ မင်းရဲ့အနားမှာ အတုယောင်...
24/01/2025

တစ်ယောက်တည်းဖြစ်နေတာ တန်ဖိုးကြီးပါတယ် ။

တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာတွေက တစ်ချိန်ချိန်မှာ မင်းရဲ့အနားမှာ အတုယောင်တွေ နည်းနေမယ်ဆိုတာကို ပြောပြနေခြင်းနဲ့ အတူတူပါပဲ ။

ကိုယ့်မပြည့်စုံသေးခင် ကိုယ့်အနားလူတွေ အများကြီးကို ခေါ်မထားပါနဲ့ ။ ကိုယ့်မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်လို့ လုံလောက်တဲ့ ဂရုစိုက်ခြင်းတွေကို မလုပ်နိုင်သေးခင်မှာ တခြားသူကို ကိုယ့်ထက်ပိုပြီး ဂရုစိုက်ပေးတာတွေ မလုပ်မိပါစေနဲ့ ။ တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတဲ့ အချိန်တွေက မင်းကိုယ်မင်း ဒီထက်ပိုတိုးတက်နေ ၊ ပိုပြီး မင်းကိုယ်မင်း စိတ်တိုင်းကျနေအောင် တည်ဆောက်နေနော်လို့ ခနခန သတိပေးနေခြင်းပါပဲ ။

ဒါကြောင့်မို့ စိတ်ဓာတ်မကျပါနဲ့ ၊ ဘေးနားမှာ လူတွေ အများကြီးမရှိသေးခင် ၊ တစ်စုံတစ်ယောက်ကို မချစ်မိသေးခင် ကိုယ့်ကိုကိုယ် တည်ဆောက်နေပါ ။ ရိုးရိုးလေးပါပဲ ။ လူတွေ ကိုယ့်ဆီကိုမလာချင်ကြသေးတဲ့အချိန်မှာ ကိုယ်က အဲ့လူတွေ နောက်လိုက်နေရင်လည်း သူတို့က ထွက်ပြေးနေအုံးမှာပါပဲ ။

အဲ့တော့ လုပ်ရမှာကတစ်ခုတည်းပဲ ။ တစ်ယောက်တည်း ဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်း တည်ဆောက်နေပါ ။ တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာဖို့ကိုအာရုံစိုက်လိုက်ပါ ။

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပ...
24/01/2025

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"

ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။

"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။

တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။

တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။

ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။

ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ

- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်

တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ

- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်

တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။

ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။

- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ

တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။

ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။

တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။

မင်္ဂလာ နေ့သစ်လေးပါ ချစ်ခြင်း မေတ္တာတွေနဲ့ နိုးထတဲ့       မနက်ခင်းလေး ပိုင်ဆိုင်ကြပါစေ ...  ဒေါသ မောဟ လောဘ မာန်မာနကင်းပြ...
23/01/2025

မင်္ဂလာ နေ့သစ်လေးပါ

ချစ်ခြင်း မေတ္တာတွေနဲ့ နိုးထတဲ့
မနက်ခင်းလေး ပိုင်ဆိုင်ကြပါစေ ...

ဒေါသ မောဟ လောဘ မာန်မာနကင်းပြီး
မေတ္တာတရားနဲ့ ခွင့်လွှတ်တတ်ခြင်းတရားကို
လက်ကိုင်ထားနိုင်ကြပါစေ ...
နေ့သစ်တစ်ခုရဲ့ ယခု အချိန်အခါ ကောင်းကစပြီး

နေ့ရက်တိုင်း စိတ်အေးချမ်းကြည်လင်ခြင်းများနှင့်သာ ဖြတ်သန်းခွင့် ရကြပါစေ.....

အပူသောက မှန်သမျှ ကင်းဝေးပါစေ ....

စီးပွား ချမ်းသာတိုးတတ်ပါစေ..
လာဘ်ရွှင် လာဘ်ပေါဝင်သောငွေ တွေ ပေါများကြပါစေ

ဝင်လာသောငွေများလည်း မြဲပါစေ။

လောကမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်တဲ့ လူက အလှဆုံးပဲ ။ဘယ်သူ့ဆီက အကူအညီကိုမှ သိပ်မမျှော်လင့်တဲ့သူက စိတ်ချမ်းသာရဆုံးပဲ ။လူ...
23/01/2025

လောကမှာ ကိုယ့်ကိုယ်ကိုယ်
အားကိုးတတ်တဲ့ လူက အလှဆုံးပဲ ။

ဘယ်သူ့ဆီက အကူအညီကိုမှ
သိပ်မမျှော်လင့်တဲ့သူက စိတ်ချမ်းသာရဆုံးပဲ ။

လူတိုင်းက ကိုယ်နေတတ်သလို ၊
ကိုယ်အဆင်ပြေသလိုပဲ နေကြတာ ။

ကိုယ်တတ်နိုင်သလောက်ကို ကိုယ့်ခွန်အားကိုယ်သုံးပြီး တောက်ပနေတဲ့ ကြယ်ကမှ အလင်းလက်ဆုံး ။

တခါတလေ ကျွန်မတို့ တွေးတတ်ကြ ၊ တွေးမိတတ်ကြတယ်

ဒါလေးတောင် မကူညီဘူးလား
ဒါလေးတောင် မလုပ်ပေးချင်ဘူးလား အစရှိသဖြင့်ပေါ့

တကယ်တော့ ကိုယ့် အခက်အခဲ ၊
ကိုယ့် ဒုက္ခ ၊ ကိုယ့်မနိုင်နင်းမှုကို
ကူညီဖြေရှင်းပေးဖို့ ဘယ်သူ့မှာမှ တာဝန်မရှိလို့
သူများကို သွားအပြစ်တင်လို့မရဘူး ။

ကိုယ်ရုန်းမှ လွတ်မယ့် လွတ်မြောက်ခြင်း
ကိုယ်လုပ်မှ ပြီးမယ့် အလုပ်ကို
ဘယ်သူ့ဆီကိုမှ မမျှော်လင့်လေလေ အေးချမ်းလေလေ ပဲ ။

မဟုတ်ရင် အတွေးတွေနဲ့ သိပ်ပူလောင်ရတယ်

မနိုင်ရင် လွှတ်ချလိုက်
မလုပ်နိုင်ရင် နားနေလိုက်
သူစိမ်းဆီက သိတတ်မှုကို
တောင့်တမိတဲ့အခါ
ကျွန်မတို့ နှစ်ဆ ပိုပင်ပန်းရတယ် ။

22/01/2025

Good Morning All

နေ့သစ်နဲ့အတူ အတွေးသစ် ခွန်အားသစ်ဖြင့် ကြိုးစားကြစို့။
ဒီနေ့ဟာ သင့်အတွက် တန်ဖိုးအရှိဆုံး အချိန်။

Address

Kuala Lumpur

Alerts

Be the first to know and let us send you an email when Hrang Bik Lian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hrang Bik Lian:

Videos

Share