Mara TV Channel

Mara TV Channel Vidoes

မရာနယ်မြေတစ်စမ်းမှ ပျောက်မှမဟုတ်---------------------------------------------------မနက်တစ်နေ့ကစပြီး မရာနယ်မြေတစ်နေရာဖြစ်...
15/07/2024

မရာနယ်မြေတစ်စမ်းမှ ပျောက်မှမဟုတ်
---------------------------------------------------

မနက်တစ်နေ့ကစပြီး မရာနယ်မြေတစ်နေရာဖြစ်တဲ့ (Chapy) စပေါ်ရွာ ကိစ္စနှင့်ပတ်သက်ပြီး Lai Medial တချို့မှာ (Chapy) စပေါ်ရွာ ကိစ္စနှင့် ပတ်သက်ပြီး ပျံနံ့နေရတာကို အားလုံးမြင်ပြီးသာ ဖြစ်ပါတယ်။

အထူးသဖြင့် CDF- Lautu ခေါင်းဆောင်ပိုင်းတွေ ခုလို့မျိုးနယ်မြေအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့သမိုင်းကို လေ့လာကြပါ။ ကမ္ဘာမှာ စစ်ပွဲဆိုတာ နယ်မြေကိစ္စကနေစပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်ဆို ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်ဆိုတာ နားလည်စေချင်ပါတယ်။

ဉပမာ- ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄/၂၀၂၄ ခုနှစ်ကစပြီ ယူကရိန်းနယ်မြေပိုင်တချို့ကို သိမ်းပိုက်ချင်လို့ ရုရှားက စစ်မျက်နှာဖွင့်လာတယ် ဒါမယ့်လည်း ဒီနေ့ဒီအချိန်ထိမအောင်မြင်နိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူ့နယ်မြေမှမဟုတ်တာ ယူကရိန်းက သူ့နယ်မြေအတွက် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်သွားဖို့က ယူကရိန်အတွက် အကြီးမားဆုံးစိန်ခေါ်မူတစ်ခုလို့ပါ။ ကမ္ဘာတစ်ဝှမ်းမှာ ကြည့်မယ်ဆိုရင် နယ်မြေအရေးနှင့် ပတ်သက်ပီး
ပဋပခကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား စစ်ရေးတင်းမာမူတွေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

(Chapy) စပေါ်ရွာ ကိစ္စနှင့် ပတ်သက်ပြီး မရာလူမျိုးနှင့် မရာတစ်မျိုးသားလုံးရဲ့ အားလုံးနှလုံးသားထဲမှာ စပေါ်ရွာဟာ မရာနယ်မြေဖြစ်ကြောင်း ငယ်စဥ်ဘဝကတည်က ဒီနေ့ဒီချိန်နှင့် ကမ္ဘာမြေကြီးရှိနေသရွေ့က (Chapy)စပေါ်ရွာဟာ (Mara)မရာနယ်မြေမှအပ ဘယ်လူမျိုးရဲ့ နယ်မြေဖြစ်မှာ မဟုတ်ပါဘူး။သမိုင်းဆိုတာ ဘယ်လို့ ပုံစံပဲ့ပြောင်းလဲ၊ဘယ်လို့ပုံစံပဲရေးရေး သမိုင်းဆိုတာ ဘယ်တော့ လှည့်ဖြားပိုသွင်းလို့မရပါဘူး။

ယခင်က(CJDC) အစည်းဝေးမှာ (Mara)မရာ နယ်မြေဖြစ်တဲ့ (Chapy)စပေါ်ရွာ ကိစ္စနှင့် ပတ်သက်ပြီး CDF-Lautu ခေါင်းဆောင်တွေ ကိုယ်တိုင် စပေါ်ရွာဟာ (Mara)မရာ နယ်မြေဖြစ်ကြောင်းနှင့် ဝန်ခံခဲ့ဖူးပါတယ်။

ပြီးတော့ ယခင်က (Mara)မရာ နယ်မြေဖြစ်တဲ့ စပေါ်ရွာ ကိစ္စနှင့် ပတ်သက်ပြီး MDF စစ်ချုပ်ဟောင်း Thomas Chozah နှင့် စပေါ်ရွာ လူကြီးဆန်းမောင်နှင့် ဆွေးနွေးတဲ့ Video file အပေါ်မှာလည်း အားလုံးကြည့်ပြီးသာ ဖြစ်မှာပါ။ (Chapy) ရွာဆိုတာ လောင်တူလူမျိုးဖြစတဲ့ ဦးဆန်းမောင် ကိုယ်တိုင် ပါးစပ်ကနေ ပြောခဲ့တယ်။ (Chapy)စပေါ်ရွာဟာ ယခင် ဖိုးဖွားခေတ်တုန်းက (Mara)နယ်မြေထဲ ကျောင်လောင်ရွာဟာ တကယ်နာမည်ကြီးရွာတစ်ရွာဖြစ်သလို့ (Mara)မရာ နယ်မြေဒေသ ကျယ်ကျယ်ပြန့်ပြန့်ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ယခင်က ကျောင်လောင်ရွာဟာ (ယခုခေတ်အခါ် ဆတူး -မရာ )နယ်မြေဖြစ်ပြီး ယခုခေါ် လောင်တူလူမျိုးညီးအစ်ကိုများအား ဆတူး နယ်မြေဒေသ အုပ်ချုပ်သူ( တစ်နည်းအားဖြင့် ဆတူးဘုရင် စော်ဘွားကြီး)ဆီမှာ မရာဒေသခေါ် (ကျောင်လောင်ရွာ)မှာ လောင်တူလူကြီးများက နေထိုင်ခွင့်ပေးရန်တောင်းဆိုပြီး (ဆတူး-ခေါ် ကျောင်​လောင် ဘုရင်စော်ဘွားက ယခုခေါ်(Chapy) စပေါ်ရွာမှာ နေထိုင်ခွင့်ပေးရတာဖြစ်ပါတယ်။ဒါပေမယ့် (ကျောင်လောင် ဘုရင်စော်ဘွား)က စပေါ်ရွာဟာ လောင်တူနယ်မြေဒေသအဖြစ်ပေးတာမဟုတ်ပဲ့ နေထိုင်ခွင့်သာပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့် (Chapy)စပေါ်ရွာဆိုတာ (Mara)မရာ နယ်မြေထဲမှာ မရာလူမျိုးနှင့် လောင်တူလူမျိုး နှစ်အတော်ကြာ အတူတူနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

CDF-Lautu တွေကြောင့် စပေါ်ရွာနေ (MEC )အသင်းတော်ဖြစ်တဲ့ မရာလူမျိုးများအား CDF- Lautu ရဲ့ လူမျိုးခွဲ့ခြားဆက်ဆံရေးကြောင့်နှင့် ပြသနာကြောင့် မရာလူမျိုးများဟာ စစ်ရှောင်ထွက်ပြေးကြတာ သုံးနှစ်နည်းပါးရှိပါပြီး။ပြီးတော့ညီအစ်ကို​ဖြစ်တဲ့ CDF-Lautu တွေရဲ့ Mara လူမျိုးအပေါ် အမျိုးမျိုးဆက်ဆံရေးမပြေလည်မူတွေများစွာတွေ့ခဲ့ရပါတယ်။မရာလူမျိုးများဟာ ညီအစ်ကိုဆိုပြီးတုံ့ပြန်မူမလုပ်ရတာများစွာရှိခဲ့ပါတယ်။ဘယ်လို့ပဲ့ဖြစ်ဖြစ် သမိုင်းဆိုတာ ဘယ်တော့မှပျောက်ဆုံးမှာမဟုတ်ဘူး ။မရာလူမျိုးများဟာ ကိုယ့်နယ်မြေဒေသအတွက် ကာကွယ်စောင့်ရှောက်ဖို့ ကိုယ်စီ တာဝန်ရှိကြောင့် ဒီစာကို ရပ်နားလိုက်ပါမယ်။

"For Maraland and Mara Peoples"

MEC ပိုင် ကားတစ်နှင့် CNA ကားတစ်စီကို MDF မှ သိမ်းပိုက်ထား။မတ်လ ၁၄ရက်နေ့က မရာနယ်ကို ကျူးကျော်လာသာ့် CNA အပေါင်းပါနှင့် M...
16/03/2024

MEC ပိုင် ကားတစ်နှင့် CNA ကားတစ်စီကို MDF မှ သိမ်းပိုက်ထား။

မတ်လ ၁၄ရက်နေ့က မရာနယ်ကို ကျူးကျော်လာသာ့် CNA အပေါင်းပါနှင့် MDF တို့ ဖြစ်ပွားသည့် တိုက်ပွဲမှာ ကားနှစ်စီးကို MDF က သိမ်းဆည်းထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

စင်လီနှင့် လိုက်ဝတ်ကျေးရွာအကြား ဖြစ်ပွားသောတိုက်ပွဲ၌ အကြမ်းဖက် CNAနှင့် တပ်ပေါင်းစုထံမှ MDF သူရဲကောင်းများက မော်တော်ယာဥ်တစ်စီး သိမ်းဆည်းထားကြောင်းတချို့မီဒီယာများက ဖော်ပြမှုများရှိသော်လည်း တကယ့်မြေပြင်လက်တွေ့တွင်မူ မော်တော်ယာဥ် တစ်စီးမဟုတ်ဘဲ ၂ စီးဖြစ်ကြောင်း သိရှိရ။

မော်တော်ယာဥ်များနှင့် ပတ်သက်၍ စိစစ်မှုများ ပြုလုပ်ခဲ့ရာ တစ်စီးမှာ CNAနှင့် တပ်ပေါင်းစုပိုင် ဖြစ်ပြီး ကျန်တစ်စီးမူက MEC အသင်းတော်ပိုင် မော်တော်ယာဥ်ဖြစ်ကြောင်း ဝမ်းနည်းစွာ စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင်း CNAနှင့် တပ်ပေါင်းစုများ၏ မရာပြည်သူများ အပါ်သာမကဘဲ မရာပြည်သူများ၏ အထွဠ်အမြတ်ထားရာ သာသနာတော်အပေါ်ထင်တိုင်းကြဲပြီး ဘာသာရေးပိုင် မော်တော်ယာဥ်အား ၎င်းတို့အဖွဲ့အစည်းပိုင်ပစ္စည်းသဖွယ် စစ်မြေပြင်၌ အသုံးပြုနေမှုများသည် မရာလူမျိုးအပေါ်ကြီးမားတဲ့ လူ့အခွင့်အရးချိုးဖောက်မှုကြီး ကျုးလွန်သူများသည် CNA သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ပေးပါတယ်

"Chinland council ပေါ်ပေါက်ခြင်းသည် MDF အတွက် မဟာ အခွင့်အရေးကြီး ဖြစ်သွားလေသတည်း"=====================================CN...
07/03/2024

"Chinland council ပေါ်ပေါက်ခြင်းသည် MDF အတွက် မဟာ အခွင့်အရေးကြီး ဖြစ်သွားလေသတည်း"
=====================================

CNF ရဲ အတွင်းရေးမှု Thla Hei ရဲ Veto power နဲ့ အကြောင်းပြချက်မရှိပဲ MDF ကို CJDC ကနေ ပတ်ထုတ်ခဲ့သည်။ ချင်း အတိုင်းဝိုင်းမှ မတရား ဖယ်ကျင် ခြင်းခံရသော MDF သည် မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင်တွေထထဲက အင်အား အကြီးဆုံး AA နဲ ရင်းနှီးပြီး မဟာမိတ်ဖြစ်သွားစေသတည်း။ တကယ်တော့ နိုင်ငံအနှံ့တော်လှန်ရေး အဖွဲစည်းရာပေါင်းများစွာ AA နဲ မဟာမိတ်ဖွဲဖို့ရာ အသည်းအသန်ကြိုးစားကြသော်လည်း ဂုဏ်သိက္ခရှိသော AA ဟာ လွယ်လွင့်တကူ လက်ခံလေ့ မရှိပေ။

မှားပြီးရင် ထားမှားဖို့ ဝန်မလေးတဲ CNF ဟာ CJDC ကို ဖျက်သိမ်းပြီး မတရား အာဏာလုကာ Chinland council ဖွဲလိုက်တဲ့ချိန်မှာတော့ မတရားမှုကို လက်မခံတဲ့ ချင်း လက်နက်ကိုင် အင်အားကြီးတွေ ဖြစ်တဲ့ PDF-Zoland, CNDF, CDF-Mindat တို့ဟာ ချင်းညီနောင် ကို ဖွဲ့ကာ MDF နဲ မဟာမိတ်ပြန်ဖြစ်လာပြီး ချင်း အတိုင်းဝုင်းကနေ မတရား ဖယ်ကျင် ခြင်းခံရသော MDF ဟာ ပြန်လည်ပေါင်းစည်းလာကြသည်။ CDF-Kapetlet ပါ မဟာမိတ်ပြန်ဖြစ်လာပြီး မကြာခင် CDF-Matupi လည်း ပါဝင်နိုင်ခြေရှိနေလေသတည်း။

အရှက်ကွဲပြီးရင် ထပ်ကွဲနေတဲ့ CNF ဟာ မခံမရပ် ဖြစ်သွားတဲ့အဆုံး စကစ ကို မတိုက်တော့ပဲ အင်အား အလုံးရင်းသုံးကာ မရာနယ်ကို အကြမ်းဖက် ကျုးကျော်တိုက်ခိုက်လေပါတော့၏။ မတရားကျူးကျော်စစ်ကို ခုခံကာကွယ်တိုက်ခိုက်နေသော MDF နဲ ၁လ အတွင်း ၁၀ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ကာ CNA ဒုဗိုလ် ဗသိန်း အပါအဝင် ၁၁ ယောက် သေဆုံးပြီး၊ CNA ဗျူဟာမှူး ဒုဗိုလ်မှူးကြီး Lal Bik အပါအဝင် ၃၀ ထက်မနည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့၏။

နှစ်ပေါင်း ၃၀ ကျော် တော်လှန်ရေးအမည်ခံ CNF ဟာ ၃ နှစ်သားလေး MDF နဲ နင်လာ၊ငါလာ တိုက်ပြီး အရှုံးနဲ ရင်ဆိုင်နေရကာ ပြည်တွင်း၊ပြည်ပ ချင်းအတိုင်းဝိုင်းသော်လည်းကောင်း၊ မြန်မာပြည် တော်လှန်ရေး အဖွဲစည်းတွေသော်လည်းကောင်း CNF ရဲ ရှက်ဖွယ်ရာ လုပ်ရပ်ကို ကန့်ကွဲနေကြလေသတည်း။ မတရားကျူးကျော်စစ်ကို တွန်းလှန်နေရသော MDF အင်အားဟာ တစ်လ အတွင်း ရာ နဲချင် တိုးပွားလျက်ရှိကြောင်းသိရှိရ၏။ နိုင်ငံရေး၊စစ်ရေး ပြိုလဲ ပျက်စီးနေသော CNF ဟာ အချိန်မှီ ပြုပြင်ပြောင်းလဲမှုမရှိပါက မကြာခင် ပျက်သုတ်တော့မယ့် ဆိုက် ရောက်နေပြီဖြစ်ကြောင်း စေတနာဖြင့် အသိပေးရေးသားအပ်ပါသည်။

Credit ပေးပါသည် # #

Share ခွင့်ပြုပါ....Chin knowledge Media.
28/02/2024

Share ခွင့်ပြုပါ....Chin knowledge Media.

လက်ရှိ မရာနယ်မြေအရေးနှင့် CNA အမှားများစွာ =================================ချင်းပြည်နယ်တောင်ပိုင်း လက်ရှိ MTC/MDF ထိမ်း...
24/02/2024

လက်ရှိ မရာနယ်မြေအရေးနှင့် CNA အမှားများစွာ
=================================

ချင်းပြည်နယ်တောင်ပိုင်း လက်ရှိ MTC/MDF ထိမ်းချုပ်နယ်မြေဖြစ်တဲ့ မရာနယ်မြေအတွင်း MDFနှင့် CNA +Alliance 7 အပေါင်းပါများအကြား စစ်ရေးတင်းမှာမူဖြစ်ပွားရခြင်းဟာ အဓိက CNA ခေါင်ဆောင်များကြောင်း ခုလို့ မရာနယ်မှာ တစ်နေ့ထက်တစ်နေ့ ပြသနာအကြီးကြီး ဖြစ်နေရတာဖြစ်ပါတယ်။

MTC/MDF ကလည်း သူ့နယ်မြေအတွင်း သူ့မဟာမိတ်တွေကလွဲပြီး ဘယ်သူလက်နက်ကိုင်မဆို ဝင်ရောက်ဆွဲဖဲ့ပိုင်းခွင့်၊ဝင်ခွင့်မပြုတာဟာ သူတာဝန်ကျလွန်းပါတယ်ဆိုတာ ဘယ်သူမှ အပြစ်ပြောလို့မရဘူး။

ဘာဖြစ်လို့လဲဆိုတော့ MTC/MDF ဟာ မရာလူမျိုး မရာနယ် 90% ရာခိုင်နှုန်းထောက်ခံပြီး ဖွဲ့စည်းခြင်းကြောင်းပါ။ဒါဟာ တချို့သောပြည်ပရောက် မရာလူမျိုးဟာ Online Social Media က မဟုတ်မမှန်တဲ့ ဝါဒဖြန့်နေမူကြောင့် ခုချိန်ထိ MDF က ဘာမဟုတ်တဲ့အဖွဲ့ (စကစ)ကို မတိုက်ချင်တဲ့အဖွဲ့ဆိုပြီး ခံယူနေရတဲ့သူတွေ နားမလည်သေးတဲ့သူတွေ ရှိနေ​သေးလို့ တကယ့်ပဲ့ မရာအချင်းချင်းအကြား ပြသနာတွေ အသက်ဆုံးရှုံးမူတွေထိ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။အဲဒါဟာ တကယ်ပဲ့ အင်မတန်မှာ ရုပ်ညစ်တဲ့ မရာသမိုင်းအဆိုးကြီး ဖြစ်သွားရတာ ဝမ်းနည်စရာပါ။

CNA/CNF ကနေ့ ပေါက်ဖွားတဲ့ (CC)ကနေ စပြီးမရာနယ်မှာ ခုလို့ပြသနာဖြစ်နေရတယ်။CNA ခေါင်းဆောင် Pu.Solomon က သူ့တို့ Lai Media မှာ MTC/MDF အဖွဲ့စည်းက ချင်းပြည်နယ်ကနေ မောက်ထုတ်မယ်တိုက်ထုတ်မယ်ဆိုတဲ့ဆိုတဲ့ (စကစ)ဆန်ဆန် ဆိုးဝါးတဲ့ ဝါဒကြီးဖြန့်နေတာကြောင်း CNA +Alliance (7)ဖွဲ့ပေါင်းများဟာ မရာနယ်မြေမှာ လာပြီး MDF ကို စစ်မျက်နှာ လာဖွင့်နေရတာဖြစ်ပါတယ်။

CNA /CNF ဟာ သူ့နယ်မြေမှာ (စကစ)တွေကို တိုက်ဖို့ စစ်စခန်းတွေများစွာ ရှိနေရတာ တွေ့နေရပါတယ်။သူတို့နယ်မြေမှာ (စကစ)ကို မတိုက်ပဲ့ MDF လာတိုက်နေတာ သူသွားလမ်းကရော မှန်လာမှားလာဆိုတာပေါ့ လက်ရှိမရာ နယ်မြေမှာ အင်အားအလုံးရင်းသုံးပြီး မရာနယ်မြေမှာ စစ်ရေးလှုပ်ရှားမူတွေ လုပ်နေရတာ အားလုံးသိတဲ့အတိုင်းပါ။CNA ကသာ ဒီလို့မျိုးမလုပ်ရင် ဒီလောက်ထိချင်းလူမျိုးအချင်းချင်းအကြား အငြင်းပွားမူ အမုန်းပွားမူရှိမှာမဟုတ်ဘူး။

CNA က MDF ကို ချင်းပြည်နယ်ကနေ တိုက်ထုတ်ဖို့ လာတိုက်နေတာကို AA အပေါ်အပြစ်​ပြောနေရတာတွေ Online မှာ တွေ့ရတယ်။ဒါဟာ နိုင်ငံရေးအရရော စစ်ရေးအရရော CNA နှင့် AA အကြား ပြသနာအကြီးကြီးဖြစ်လာနိုင်တယ်။ခုပြသနာဟာ MDF နှင့် CNA အကြားပြသနာ တစ်ခုလို့ ပြောလို့ရပါတယ်။ CNA ဟာ ခုလက်ရှိ မရာနယ်မြေမှာ MDF စစ်လာတိုက်နေတာ MDF တစ်ခုသာ မဖော်ဆောင်ပဲ့ မရာပြည်သူပိုင် ပစ္စည်းဥစ္စာယူ​ခြင်း၊ မရာပြည်သူလူထုအပေါ် နှိပ်စက်ခြင်း၊မရာလူမျိုးဘာသာရေး စော်ကားခြင်းအမျိုးမျိုးတို့ လုပ်ဆောင်နေရပါတယ်။ဒါဟာ ဘယ်လို့နဲ့မှ မရာပြည်သူလူထုရော MTC/MDF ကရော လက်ခံလို့မရဘူး။

ဒီနေ့လည်း စစ်ရေးတင်းမာမူတွေဆက်တိုင်း ဖြစ်နေရတယ်။သတင်းမှာ တက်လာတာ CNA+Alliance (7)ပေါင်းများဘက်က အထိနာနေရတယ်လို့လည်း သိရတယ်။ဒါဟာ (Lai)လူမျိုး Social Medial မှာ AA ကို ချင်းပြည်နယ်အထိပါ စစ်လာတိုက်နေတယ်လို့ ဝါဒဖြန့် ရေးချင်သလို့ရေး သတင်းမှန်အမှားမခွဲ့ခြားတော့ပဲ့ သူ့တို့ CNAဘက်က အမှန်ဖြစ်တယ်ဆိုတဲ့ အရာရောက်ဘက်ပဲ့ Medial မှာရေးနေကြတယ်။

ဒါကြောင်း ဒီလို့မျိုးပြသာနာက မဟုတ်မှန် Social Medial ကနေ ဝါဒဖြန့်နေတာဟာ ပြသာနာထဲက ပြသနာပိုပြီး ဖန်တီးနေရတယ်ဆိုတာ စာဖတ်သူအားလုံးကို နားလည်စေချင်တယ်။.

နောက်ဆုံးရေးချင်တာ CNA+ Alliance (7) ကိုယ့်နယ်ကိုယ်လမ်းကို ပြန်ပြီး စကစကိုသွားတိုက်ပါနော်။
ပုံထဲက MTC/MDF နောက်ဆုံး Statementထဲကအချက်(၈)အတိုင်းပဲ့ တောင်းဆိုမူကို လက်မခံရင် MDF အနေနဲ့ မရာနယ် ကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

For Maraland.

CNA ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့(၇)ဖွဲ့က MDF တို့ကြား ယနေ့တစ်နာရီဝန်းကျင် တိုက်ပွဲထပ်မံ ဖြစ်ပွား။ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄။ ...
17/02/2024

CNA ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့(၇)ဖွဲ့က MDF တို့ကြား ယနေ့တစ်နာရီဝန်းကျင် တိုက်ပွဲထပ်မံ ဖြစ်ပွား။

ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄။

CNA အပေါင်းပါများနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ကြား ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း ၂နာရီဝန်းကျင်လောက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ အနီးနားရွားခံများထံမှာ သတင်းအတိကျရရှိထားပါတယ်။

တိုက်ပွဲဖြစ်ပွားသည့် နေရာက ပလက်ဝမြို့နယ် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီထဲက ပတိန်တလန်ရွာနားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံများ၏ ပြောကြားချက်ချက်အရ ဗုံးလာကြဲသည့် CNA Drone ၃စင်း ကို MDF က ပစ်ချထားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း သေဆုံးသူ CNA ဘက်ကတစ်ယောက်/ဒဏ်ရာရသူ အများအပြားရရှိတယ်လို့ သိရ။

ဒီနေ့ သတင်းက ဒီမှာ အဆုံး။

CNA/ CNF ဘာကြောင်း မရာနယ်မှာ စစ်လာတိုက်နေတာလဲ?

CNA/CNF ဟာ ဟားခါးမြို့နယ်ဘက် Victoria Campမှာ ဌာနာချုပ်တည်ရှိပြီး Chin ပြည်နယ်ဖခင်ကြီးလက်နက်ကိုင်အဖွဲ့စည်းတစ်ခုလည်းဖြစ်ပါတယ်။

CNA ကို တစ်ခုပြောချင်တယ် ခုလက်ရှိမြန်မာတစ်ပြည်လုံး မအလကို တော်လှန်ရေးလုပ်နေကြတယ် အဆုံးထိပေါ့ အာဏာရူးမအလကို အဆုံးထိ တိုက်ထုတ်ဖို့က အရေးမပါဘူးလား CNAလည်း မအလကို မတိုက်ဘူးလို့ မပြောပါဘူး တိုက်ပါတယ် ဒါပေမယ့် ဘာလို့ ခရီးမဆုံးခင်မှာ တော်လှန်ရေးလမ်းကြောင်းက လွဲနေတာလဲ?

CNA/CNF က ICNCC ကနေ နုတ်ထွက်ပြီး Chinland Council ကို ဖွဲ့စည်းခဲ့လိုက်တယ်။CC ဖွဲ့စည်းပြီးနောက်ပိုင်း ခုလက်ရှိ CNA/CNF လှုပ်ရှားမူဟာ သူ့နယ်မှာ မအလ စစ်စခန်းတွေကို တိုက်ထုတ်ဖို့က အများကြီးရှိသေးတယ်မဟုတ်ဘူးလား? မအလ စစ်စခန်းတွေကို တိုက်ဖို့က ကုန်သွားလို့လား?

ဘာလို့ မရာနယ်မှာ အင်အားအလုံးရင်းသုံးပြီး MDF ကို လာတိုက်နေရတာလဲ?CNA က လူကြီးတွေ ခဗျာတို့ လုပ်စရာရှိတာအရင်ပြီးအောင် လုပ်ပါလား။ဟားခါးမြို့က စစ်စခန်းကြီးရော Falam စခန်းရော မတူပီမြို့က စခန်းကြီးကြီးရောကျန်တဲ့ စစ်စခန်းတွေရော အကုန်တိုက်ထုတ်သွားပြီးလား.?

ခုလို့ မရာနယ်မှာ လာပြီးစစ်လာတိုက်နေရတာ မရာတမျိုးသားလုံးကို စိန်ခေါ်နေရတာ မဟုတ်ဘူးလား။MDF ဆိုတာ မရာနယ်ကိုယ်စား မရာလူမျိုးကိုယ်စား မရာတမျိုးသားလုံးကိုယ်စား ၉၅% ရာခိုင်နှုန်း ထောက်ခံဖွဲ့စည်းခဲ့တဲ့ အဖွဲ့စည်းဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ မရာနယ်ဟာ CC မဖွဲ့စည်းကတည်းက Maraland Territory Council (MTC)လက်အောက်မှာ စနစ်တကျ ဖွဲ့စည်းပြီးသားဖြစ်ပါတယ်။မရာနယ် ၉၅% ရာခိုင်နှုန်းက MTC နှင့်အတူ ရပ်တည်ပေးပါတယ်။

CNAက လူကြီးများ ခုလို့ CNA နှင့် CDF အဖွဲ့ပေါင်းများကို ဦးဆောင်ပြီးခုလို့မရာနယ်မှာ မအလ အာဏာရူးလိုလို အင်အားအားလုံးရင်းသုံးပြီး CC ရဲ့ political နိုင်ငံရေး လှည့်ကွက်အောက်မှာ ကျရောက်အောင် စနစ်တကျလမ်းစဥ်ဖန်တီးနေတာ မဟုတ်ဘူးလား။CNA က လူကြီးတွေ ခုလို့ မရာနယ်မှာ အင်တိုက်အားတိုက်နဲ့ ဆက်လက်လုပ်ဆောင်နေရတာထက် အကောင်းဆုံး နိုင်ငံရေးလမ်းကြောင်းနှင့် MTC/MDF ကို လာဆွေးနွေးလို့ရပါတယ်။ ခုလို့အင်အားသုံးပြီး MDF အဖွဲ့စည်းကို ချင်းပြည်နယ်ကနေ မောက်ထုတ်မယ်တိုက်ထုတ်မယ်ဆိုတဲ့ မကောင်းတဲ့အပြုမူတွေ ဆက်လက်လှုပ်ရှားမှုဖြစ်နေပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြားမှာ ဘယ်တော့မှ ငြိမ်းချမ်းရေးဆိုတာရောက်လာမှာမဟုတ်ဘူး။

CNA /CNF က လူကြီးတို့ ခဗျာတို့ သေသေချာချာ ပြန်လည်သုံးသပ်ပြီး စဥ်းစားကြပါ။CNA လည်း ကိုယ့်နယ် ကိုယ့်ဒေသမှာ ပြန်ပြီး မအလကို သွားတိုက်ကြပါလို့ ထပ်ပြီး ပြောချင်ပါတယ် ။ခုလို့ မရာနယ်မှာကိုယ့်အချင်းချင်း နိုင်ငံရေးမပြေလည်မူတွေကြောင်း CNAက CDF -Mara နောက်ခံယူပြီး စစ်ရေးအရရော မပါဝင်ဖို့က အကောင်းဆုံးဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာ ကိုယ်နယ်ဒေသမှာ ပြန်သွားပြီး စစ်တပ်ကို သွားတိုက်ပါလို့ နောက်ဆုံးပြောချင်ပါတယ်။

မှတ်ချက်:

CNA ဦးဆောင်အပေါင်းပါများက မရာနယ်ဒေသနှင့် တချို့သော ရွာတွေမှာ အာဏာရူး မအလလို့ လုပ်ရပ် Drone နှင့် Bomb ကျက်ထားတာရှိသလို့ လုံးဝအပြစ်မရှိ ပြည်သူတွေကို ခြိမ်းခြောက်ခြင်း၊ဖုန်း Sim Card ကို အကုန်သိမ်းယူခြင်း၊လူသတ်ဒိုင်အဖြစ်အသုံးပြုခြင်း၊ပြည်သူတွေကို စာထမင်း၊ဟင်း ချက်ပေးဖို့ ပြောဆိုခြင်း၊
လုပ်နေပါတယ်။

Reply #တိုပ်ပွဲဖြစ်ပွားသည့် နေရာက ပလက်ဝမြို့နယ် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီထဲက ပတိန်တလန်ရွာနားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံများ၏ ပြောကြားချက်ချက်အရ ဗုံးလာကြဲသည့် CNA Drone ၃စင်း ကို MDF က ပစ်ချထားတယ်လို့ သိရပါတယ်။

ကြေညာချက်အမှတ် (၄/၂၀၂၄)Maraland Defense Force (MDF) စခန်းတစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် “ချင်းညီနောင်” ၏ ထုတ်ပြ...
03/02/2024

ကြေညာချက်အမှတ် (၄/၂၀၂၄)
Maraland Defense Force (MDF) စခန်းတစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် “ချင်းညီနောင်” ၏ ထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်

To Mara Thyutlia zydua, Marasaw khito nata kaoki liata apahrpa zydua, Maraland Territorial Council. Athtih : 2nd Batch B...
29/01/2024

To
Mara Thyutlia zydua,
Marasaw khito nata kaoki liata apahrpa zydua,
Maraland Territorial Council.

Athtih : 2nd Batch Basic Military Training awpa ta hruana

Dear, Zachhipa Mara thyutlia y,

Maraland Territorial Council, President vyuhpa ta atlhna samaw ei cha hl chyu ei.

Ach thtih nata azaopa ta Marapa rh, chipho nata khih zy taihta vai ta pabohsa lym thei nawpa ta Mara Thyutlia achpa nma nata keima he eima peimawh khaina daiti ta a ch. Marapa Rh nata Chipho vai tah paduana nawpa he a daiti (daiti) ta a hneipa a ch. Eima khohna daiti liata tao chakhyh thai awpa hmo ta ch vei.

Chavata atahm daiti he Marapa chta daiti rypaoh chaina daiti a chpa vta 2nd Batch Basic Military Training he nainysona nata hawsahna rairai hnei leipa ta na vaw kia cheingei ha hra awpa ta pahnosapa na ch.
Remark:
Achatlie thei chaina hawh ta, he ary liata palsapa Contact Number zy liata Moh List vaw pangia patoh chyu awpa ta a cha aw.

Asu : Maraland chhoh liata a ch aw.
Adaihti : 01/ 02/ 2024 noh tawta Moh List zydua pie pathao chyu awpa a ch aw.

General Secretary
Maraland Territorial Council.

Credit #

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ နယ်မြေအတွင်း၊ စစ်ရေးတင်းမာမှုနှင့် လှုပ်ရှားမှုအခြေအနေများ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ...
26/01/2024

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ နယ်မြေအတွင်း၊ စစ်ရေးတင်းမာမှုနှင့် လှုပ်ရှားမှုအခြေအနေများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ ည (၁၀:၁၅) အချိန်တွင် ထုတ်ပြန်လိုက်သည်။

မရာနယ်မြေအတွင်း မရာတော်လှန်ရေးလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် MPC/CDF-Mara နှင့် MNP/MA တို့ အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခမဖြစ်စေရန်နှင့် ဒီမိုကရေစီစံနှုန်းကို အခြေပြု၍ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးကို ရှေ့ရှုသောအားဖြင့် မရာသမိုင်း၌ ကိုယ်စားပြုမှုခိုင်မာစွာဖြင့် ပထမဆုံးသော မရာပြည်သူ့ညီလာခံကို ခေါ်ယူကျင်းပနိုင်ခဲ့ပါသည်။

MTC/MDF ကို အရှေ့မရာကျေးရွာပေါင်း (၄၄) ရွာမှလူထူကိုယ်စားလှယ်များ ၈၆ % အပါအ၀င် ပြည်တွင်းပြည်ပမှ မရာဦး​ဆောင်လူကြီး (၂၇၅) ဦးမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉-၃၀ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ်မရာပြည်သူ့ညီလာခံတွင် ဒီမိုကရေစီအခြေခံမူ (Social Contract) အစဉ်အလာနှင့်အညီ CRPH နှင့် NUG မူဝါဒအတိုင်း Mara Charter ကို အတည်ပြုပြဌာန်းခဲ့ပြီး၊ မရာနယ်မြေ ပြည်သူ့အုပ်ချုပ်ရေးကို တာ၀န်ယူရန် MTC နှင့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို စုပေါင်းတော်လှန်ရန် CDF-Mara နှင့် Mara Army တို့ကို‌ ပေါင်းစည်း၍ Maraland Defense Force - MDF ကို ဖွဲ့စည်းခဲ့သည်။ MTC/MDF သည် မရာနယ်မြေအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တာ၀န်များအပ်နှင်းခံထားရသည့် တစ်ခုတည်းသော တရား၀င် မရာလူမျိုးနွယ်စု ကိုယ်စားပြု တော်လှန်ရေးအဖွဲ့ ဖြစ်သည်။ မရာနယ်မြေ၏ အချုပ်အခြာအာဏာနှင့် လုပ်ပိုင်ခွင့်များကို မရာပြည်သူလူထုသာလျင် ပိုင်ရှင်ဖြစ်ပြီး မရာနယ်မြေအုပ်ချုပ်ရေးကို တည်ဆောက်ရာတွင် စစ်မှန်သောမရာပြည်သူလူထု ဆန္ဒ၌သာ အခြေပြုရမည်ဖြစ်သည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ ပထမအကြိမ် မရာပြည်သူ့ညီလာခံ၏ ထုတ်ပြန်ချက် အပိုဒ် ၄၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၈-၂၉)ရက်နေ့တွင် ပြုလုပ်သည့် အရေးပေါ်‌ကောင်စီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက် ၄၊ ၂၀၂၂ အပိုဒ် ၄ (ဂ)၊ ၂၀၂၃ခုနှစ် ဧပြီလ (၂၄)ရက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အမှတ် ၃/၂၀၂၂ ၊ အပိုဒ် J နှင့် နောက်ဆုံးအကြိမ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အသိပေးထုတ်ပြန်ချက် (၂/၂၀၂၄) တို့အရ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) အနေဖြင့် မလိုလားအပ်သည့် ပြသနာများကို မဖြစ်ပွားစေလိုသည့်အတွက် အကြိမ်ကြိမ် သတိ​ပေး ထုတ်ပြန်ခဲ့သော်လည်း မရာနယ်မြေအတွင်း MTC/MDF ကို ကြိုတင်အသိပေးထားခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှားခြင်း၊ တပ်စွဲခြင်းများနှင့် ရန်ပြုခြင်းများကို အောက်ပါအတိုင်း ထပ်မံကျူးလွန်ခဲ့ကြပါသည်။

၁။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့၊ မနက် (၀၆:၃၀) အချိန်တွင်
MDF တပ်ဖွဲ့များ၏ မရာနယ်မြေအတွင်း ရှင်းလင်းရေးစစ်ကြောင်းသွားနေချိန် CDF-Mara အမည်ခံတပ်များမှ CNA နှင့် တခြား CDFs တပ်များကို စစ်ကူခေါ်၍ လိုင်လင်းပီမြို့နှင့် ကိုးမိုင်ကြား လိုစိန်တောင်အနီး၌ အသင့်အနေထားဖြင့် ခြုံခိုကာ စတင်တိုက်ခိုက်သဖြင့် နှစ်ဖက် မိနစ်အနည်းငယ်မျှ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပါသည်။ တဖက်တပ်ဖွဲ့များ အရေးနိမ့်ကာ ဆုတ်ခွာသွားကြပြီး၊ လိုက်လံရှင်းလင်းရာ တပ်ဖွဲ့၀င်နှစ်ဦး၏ ရုပ်အလောင်းနှလောင်းကို စိတ်မကောင်းစွာ ကောက်ရခဲ့ပြီး၊ လိုင်လင်းပီပြည်သူများ၏ တောင်းဆိုချက်အရ ပြည်သူများထံ လွှဲပြောင်းပေးခဲ့ရသည်။

၂။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေပိုင်းတွင် CDF-Mara အမည်ခံနှင့် CNA များကို စစ်ကူလာသော CNA နှင့် CDF-Paletwa ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာတရွာ၌ ၀င်ရောက်ကာ ပြည်သူများကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး၊ မရာနယ်မြေ၌ မရာစကားမကြားချင်ကြောင်း၊ မင်းတို့မရာတွေက ငါတို့ကိုပစ်သတ်တယ် စသဖြင့် ကြုံးဝါးခြောက်လှန့် ခြိမ်းခြောက်ခဲ့ကြသည်။

၃။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် CDF-Mara အမည်ခံတပ်များမှ နေရာတကာ၌ အမျိုးမျိုးလိမ်ညာလှည့်ဖြားပြီး စစ်ကူတောင်းကာ CNA တပ်များ၊ CNA လက်အောက်ခံ CDF တပ်အများအပြားသည် မရာနယ်မြေ၊ စော်မှိုတိုက်နယ်သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုတပ်ဖွဲ့များသည် MDF စခန်းတခုကို သိမ်းပိုက်ရန်ပြင်ဆင်နေကြကြောင်းကြားသိရသည်။

၄။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ တစ်ရက်တည်းတွင် ထိုပူးပေါင်းတပ်ဖွဲ့များသည် MDF တခုတည်းကို ပစ်မှတ်မထားဘဲ၊ လူ့အခွင့်အရေးကို ချိုး‌ဖောက်ကာ MTC/MDF Supporter များဖြစ်ကြသော ငဖိုင်ပီးကျေးရွာမှ ပြည်သူ (၃) ဦး၊ ဖန်တလန်ကျေးရွာမှ အသက် ၇၀ ကျော် အဖိုးအို တစ်ဦးအပါအ၀င် (၆) ဦး၊ ခွါပီလုံကျေးရွာမှ ပြည်သူ (၂) ဦး နှင့် ဒါရ်လင်းကျေးရွားမှ ခရီးသွားပြည်သူ (၇)ဦး၊ စုစုပေါင်း (၁၈) ဦးတို့ကို ယနေ့အထိ ရည်ရွယ်ချက်ရှိရှိဖမ်းဆီးထိန်းသိမ်းထားပါသည်။

၅။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၊ ညနေပိုင်းတွင် CNA နှင့် CDF-Paletwa တပ်ဖွဲ့ (၃၀) ဦး ၀န်းကျင်သည်လည်း လိုင်လင်းပီမြို့ကို ဦးတည်ကာ စစ်ကူသွားခဲ့ကြောင်း သတင်းအတိအကျ ကြားသိရသည်။

၆။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅-၂၆) ရက်နေ့တို့တွင် CDF-Mara အမည်ခံတပ်များမှ ကျေးရွာတချို့တွင် ပြည်သူများ၏ လွတ်လပ်စွာနေထိုင်မှုကို ချိုးဖောက်ကာCNA ၏ အမိန့်အာဏာကို ခံယူကျင့်သုံး၍ Mobile Simcard များလိုက်လံသိမ်းဆည်းခြင်း၊ ကျေးရွာအတွင်းရှိ တူမီးသေနတ်များကို လိုက်လံသိမ်းဆည်းခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

၇။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ ညနေပိုင်းတွင် စစ်ကူဟု ယူဆရသော CNA နှင့် သူ့သြဇာခံ CDF ပူးပေါင်းတပ်ဖွဲ့များသည် မရာနယ်မြေကို ကျူးကျော်ပြီး၊ မရာပြည်သူကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသော MDF တပ်ဖွဲ့များကို တိုက်ခိုက်ရန်ပြင်ဆင်လျှက် ရှိကြပါသည်။

၈။ ယနေ့လိုကာလ အခြေအ​နေမျိုး မရာအချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခဖြစ်လာနိုင်သည်ကို မရာဦးဆောင်လူကြီးများ၊ ပြည်သူများ၊ တော်လှန်ရေးဦးဆောင်ခဲ့သူများက ကြိုတင်သဘောပေါက်နားလည်ခဲ့သဖြင့် အားလုံးစုံပါဝင်သော မရာညီလာခံကို ကျင်းပကာ ပြည်သူ၏ သဘောထားနှင့် အဆုံးအဖြတ်ကို ခံယူခဲ့ခြင်း ဖြစ်သော်လည်း တော်လှန်ရေးနှင့် နိုင်ငံရေးကို သဘောမပေါက် နားမလည်ရုံမက နေရာအာဏာတပ်မက်သော လူတစ်စုကြောင့် ယနေ့ မရာနယ်တွင် သွေးချောင်းစီး
မည့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မရာနယ်မြေအတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိကို အမြင့်ဆုံးထားကြရန်နှင့်၊ မရာလူထုကိုယ်စား​ပြု ဖွဲ့စည်းထားသည့် MTC/MDF အနေဖြင့် ကိုယ့်မရာနယ်မြေသို့ရောက်လာသည့် မည်သို့​သော ကျူးကျော်စစ်ကိုမဆို အဆုံးထိ အသက်ပေးတိုက်ခိုက် ကာကွယ်သွားမည်ဖြစ်ကြောင်း၊ လွန်ကဲသောစိုးရိမ်မှုများ မထားကြရန် အနူးအညွတ်တောင်းဆို အသိပေးလိုက်ပါသည်။

"FOR GOD, MARALAND AND MARA PEOPLE"

Alliance Affairs, Information & Publicity Department
Maraland Territorial Council

Credit ပေးပါသည်.

MDF လုပ်စရာရှိတာ ဆက်လုပ်ပါ=======================အဖွဲ့အစည်းတစ်ခုမှာ ကောင်းတာမကောင်းတာဆိုတာ အမြဲရှိမှာပါ။ခုတလော မရာနယ်အုပ...
20/01/2024

MDF လုပ်စရာရှိတာ ဆက်လုပ်ပါ
=======================

အဖွဲ့အစည်းတစ်ခုမှာ ကောင်းတာမကောင်းတာဆိုတာ အမြဲရှိမှာပါ။ခုတလော မရာနယ်အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး online မှာ တော်တော်လေး ရှုပ်ထွေးပျံနှံနေရတာ တွေ့ကြမှာ ဖြစ်ပါသည်။အဲတာဟာ ဘယ်သူကြောင်းလဲဆိုတာ (Chinland Council) ဖွဲ့စည်းပြီးတဲ့နောက်ဆက်တဲ့ နိုင်ငံရေးပြသနာတစ်ခုလို့ ​ပြောရရင် မမှားပါဘူး။

ဘာလို့လဲဆိုတော့ မရာနယ်မှာ MTC/MDF 90% ရာခိုင်နှုန်း ထောင်ခံထားတဲ့အချိန်မျိုးမှာ MTC အုပ်ချုပ်ရေးအောက်မှာသွား​နေတဲ့ချိန်မှာ CDF-Mara မှ (CC)ရဲ့ နိုင်ငံရေးလှည့်ကွက်ထဲမှာ မျောပါသွားနေတဲ့ CDF-Mara အဖွဲ့အစည်းမှ အမည်ခံတစ်ခုသာပေးပြီး မကြာသေးခင်က လိုင်လင်းပီးမြို့မှာ Maraland Council ဖွဲ့စည်းပြီးနောက် ခုလို့ MDF နှင့် ပြသနာအကြီးကြီးဖြစ်လာတာသိရပါသည်။

MTC ဟာ (CC) မဖွဲ့စည်းကတည်းက မရာနယ်တစ်ခုလုံးကို ထိန်းချုပ်နေချိန်မှာ ခုလို့ (CC ) လက်အောက်ခံအဖွဲ့စည်းက မရာနယ်မှာ Council လာဖွဲ့တော့ နိုင်ငံရေးအရရော စစ်ရေးအရရော MDF နှင့် CDF -Mara အကြားအဆင်မပြေမူတွေ ဖန်တီးနေရသလို့ ဖြစ်သွားပါသည်။

ဒါကြောင့် MDF အနေဖြင့် လုပ်စရာ လုပ်ထိုက်တာ ဆက်လုပ်ဖို့က သူ့တာဝန်တစ်ခုဖြစ်နေရပါသည်။နိုင်ငံရေးမှာ ဘယ်သူမှ မျက်နှာထောက်စရာမလို့ပဲ့ ဆက်လုပ်နေဖို့က MDF တာဝန်တစ်ခုလို့ မြင့်နေရပါသည်။

အောင်မြင်တစ်ခုမှာ တိုက်ခိုက်မူဆိုတာရှိနေမည်ဆိုတာ MTC/MDF အဖွဲ့အစည်းများအားလုံးနှင့် တစ်ဦးချင်းစီမှာ ပြောကြားလိုပါသည်။ Online ကနေဖြစ်ဖြစ် ဘယ်လောက်ပဲ့တိုက်ခိုက်ပါစေ စိတ်ဓာတ်မကျပဲ့ မရာလူမျိုးအတွက် Destination က ဘာလဲဆိုတာ စိတ်ထဲမွေးရင်း အားပေးရင်း နိဂုံးချုပ်လိုက်ပါမည်။

"For God and Mara peoples"
By

Counstitution of Maralandမရာနယ်အုပ်ချုပ်ရေးတည်ဆောက်ပုံ========================CDF- Mara မှဖွဲ့စည်းလိုက်သော Counstitution...
19/01/2024

Counstitution of Maraland
မရာနယ်အုပ်ချုပ်ရေးတည်ဆောက်ပုံ
========================

CDF- Mara မှဖွဲ့စည်းလိုက်သော
Counstitutionကို ​ကြည့်ခြင်းအားဖြင့် သိပ်ရင်နာစရာကောင်းလှပါသည်။ဘာလို့လဲဆိုတော့ CNF/CNA ဟာ
ချင်းတစ်မျိုးသားလုံးကို အ​ခြေခံမထားပဲ့ (Lai)လူမျိုး ဟားခါးကို အခြေပြုပြီး တည်ဆောက်ရသလို့မျို့ သဘောမျိုးရောက်သွားပါသည်။ CNF/CNA ရဲ့ နောက်ကွယ် (Secret) လျို့ဝှုက်ချက်ဟာ တချို့ CDF -Mara/ CDF-Lautu /CDF -Senthang တို့ဟာ လုံးဝမသိခဲ့ပါဘူး။ ချင်းပြည်နယ်မှာ ဒီလောက်ရှုပ်ထွေးစေတဲ့ နိုင်ငံရေးအခင်းကျင်းဖြစ်လာရခြင်းဟာ CNF/CNA ရဲ့ လုပ်ရပ်လို့ နိုင်ငံရေးအမြင်နဲ့ ပြောရရင် မမှားသလောက်ပါ။အများကြီးပြောစရာမလိုတော့ဘူး ခုလက်ရှိ ချင်းပြည်နယ်မှာနိုင်ငံရေးမှာ CJDC အချိန်တုန်းက ခုလက်ရှိ CC (Chiland Council) ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာလည်း ပိုပြီး ချင်းပြည်နယ်နိုင်ငံရေးပိုပြီး ရှုပ်ထွေးရမည့် အခြေနေရောက်နေရသည်။ဘာကြောင်း (CC) ထဲမှာ တချို့သော CDF များ မနေချင်တော့တာလဲဆိုတာ စဥ်းစားကြပါ CDF -Mara ခေါင်းဆောင်များ ကိုယ့် မရာလူမျိုး ကိုယ့်ရဲ့ identity ကို တခြားလူမျိုးစီမှာ မျောဝင်ပပျောက်သွားအောင် လိုက်သွားနေရတယ်ဆိုတာ နားလည်လိုက်ကြပါ.

CNF/CNA ရဲ့ (Policy) မူဝါဒဟာ NUG နဲ့ ကိုက်ညီအောင်ဖွဲ့စည်းမည်ဆိုပြီး သူတို့ရဲ့ မဟာမိတ် CDF တချို့အဖွဲ့နှင့် နိုင်ငံရေးလမ်းကြောင်းနှင့် လှည့်ဖြားလုပ်ဆောင်နေရပါသည်။ တကယ်လို့များ CNF/CNA က NUG နှင့်အတူလက်တွဲ့လုပ်ဆောင်ချင်ရင် ICNCC မှာ နေရမှာဖြစ်ပါသည်။ဘာကြောင်း (CC)​ဘက် ရောက်သွားရတာလဲဆိုတာ နိုင်ငံရေးအမြင်နဲ့ ကြည့်ရရင် နားလည်လို့ရပါသည်။

CC ရဲ့ (Secret)လျို့ဝှက် Charter မှာပါတဲ့ မူဝါဒဟာ CJDC ရဲ့ ရုပ်သိမ်းပြီးတဲ့နောက်ပိုင်း CC ဖွဲ့စည်းပြီးနောက်မှာ (CC)ရဲ့ စနစ်တကျနိုင်ငံရေး လှည့်ကွက်မှာ CDF အားလုံး တဖြည်းဖြည်းနဲ့ ပပျောက်ပြီး CNF/CNA စစ်သားတစ်ခုသာ ဖြစ်လာအောင်ကြိုးပမ်းလုပ်ဆောင်နေရပါသည်။

ကဲ ဒါဆို တချို့သော CDF-Mara /CDF -Lautu လို့မျိုး အဖွဲ့စည်းငယ်ကရော?CDF များအားလုံး CNF/CNAမှာပဲ့ သွားနေကြရတော့မည်အခြေနေရောက်သွားရသည်။အဲလို့ဆိုလည်း မဆိုးပါဘူး မနေချင်ရင်ရော ကဗျာတို့ CDF ခေါင်းဆောင်တွေရော ဘယ်လို့ဆက်ဖြစ်ကြမလဲပေါ့...?

CDF-Mara မှ ဖွဲ့စည်းလိုက်သော မရာနယ်ဖွဲ့စည်းပုံမှာပါတဲ့ နံပါတ် (၄)မှာ ကြည့်မယ်ဆိုရင် (CC)ချင်းပြည်ကောင်စီကို တာဝန်ခံရမည် လို့ဖော်ပြထားပါသည်။

CDF -Mara မှဖွဲ့စည်းလိုက်သော မရာနယ်ဖွဲ့စည်းတည်ဆောက်ပုံဟာ ကိုယ့်မရာ လူမျိုးရဲ့ (Identity)ကိုလည်း အာရုံမစိုက်ပဲ့ ကိုယ့်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကိုပဲ့ လုပ်နေရသလို့ပဲ့ မြင်ပါသည်။ မကြာသေးခင်က CDF-Mara မှ မရာနယ် လိုင်းလင်ပီမြို့မှာ Maraland Council ဖွဲ့ပွဲ အခမ်းအနားကို လုပ်ခဲ့ရပါသည်။CDF-Mara ဟာ မရာနယ်မှာ ၅ရွာ ထောက်ခံခဲ့တဲ့ အဖွဲ့စည်းလို့ပြောလို့ရပါသည်။CDF -Mara မှ Maraland Council ဖွဲ့စည်းထဲမှာ နံပါတ် (၄၂)ထဲမှာ Chiland ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလုံခြုံရေး ဖွဲ့စည်းမည်လို့ ဖော်ပြထားပါသည်။ အခန်း(၂)မှာပါတဲ့ မရာနယ် ဖွဲ့စည်းတည်ဆောက်ပုံအရဆိုရင် (Circle) (၆)ခုနှင့် ဖွဲ့စည်းထားပါသည်။

ဒါဆို (MDF) နေရာရော ?

(MDF)လက်ရှိ မရာနယ်အုပ်ချုပ်ရေးအတိုင်းတာ အတိုချိုး အကြောင်း

Maraland Defense Force (MDF) ဟာ လက်ရှိ မရာနယ်တခုလုံးနှင့် မရာပြည်သူလူထုတစ်ရပ်လုံးထောင်ခံမူရရှိထားတဲ့ Defense မရာနယ်ကာကွယ်ရေးအဖွဲ့စည်းဖြစ်သော်လည်းကောင်း ထို့နည်းတူ (MTC) Maraland Territory Council ကို စနစ်တကျ မှန်မှန်ကန်ကန် ပညာရေး ကျန်းမာရေး စီပွားရေး အစ CC မတိုင်ခင်ကတည်းကဖွဲ့စည်းပြီးသား MTC လည်း ဖြစ်ပါသည်။

ထိတိုက်မူ ?

CDF-Mara နှင့် MDF အဖွဲ့ဟာ မရာလူမျိူးအချင်းချင်းဆိုပေမယ့် နိုင်ငံရေး (political) လမ်းကြောင်းမတူညီတော့ နှစ်ဖွဲ့ကွဲသွားရပါသည်။ ဒါဆို ထိတိုက်မူကရော ရှိမလား မရှိဘူးလား? သိပ်သေချာပါတယ် နှစ်ဖွဲ့နှစ်ဖက် ထိတိုက်မူရှိလာနိုင်ပါသည်။

မှတ်ချက် ။ ။ ကျန်တော်အမြင် သုံးသပ်ချက်တစ်ခုသာ

နောက်ဆက်တွဲ မနက်ဖြန် ဆက်ရေးပါမည်

30/11/2023

December လက်ဆောင်
=================

တစ်နှစ်ဆိုတာ တခဏလေးပါပဲ့ အရင်နှစ်က December /17/2022 Videos လေးကို ပြန်တင်ပေးလိုက်ပါတယ်.

Credit by- MTC
Including - Mara Young fellowship (Malaysia)

10/02/2023

ချစ်တယ် မေမေ
===========

မိဘကို လွမ်းနေတဲ့ သူအတွယ် ရည်ရွယ်ပြီး ဒီ Video တိုလေးကို လုပ်တာပါ.

'မိဘကို ဖုန်းခေါ်ပြီး 💝 ချစ်တယ်လို့​ပြောပြီးပြီလား?

Crd # Original

31/01/2023

Hi...
page ကောင်းမကောင်း check လုပ်တာပါ

10/10/2022
Stronge prepration
09/07/2022

Stronge prepration

မကြာခင်တိုက်ပွဲ ဝင်တော့မည့် မရာလဲန်းကာကွယ်ရေးတပ်

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာစစ်တပ်မှ ပြည်သူ့သဘောထားကို အလေးအနက်မထားဘဲ ပြည်သူ့အာဏာကို အလွဲသုံးစားပြုကာ အာဏာ...
27/04/2022

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာစစ်တပ်မှ ပြည်သူ့သဘောထားကို အလေးအနက်မထားဘဲ ပြည်သူ့အာဏာကို အလွဲသုံးစားပြုကာ အာဏာသိမ်းခဲ့သည်။ ထိုသို့အာဏာသိမ်းသည့်အတွက် ဗမာ ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်ခြင်း ၊ အစိုးရဝန်ထမ်းမှနှုတ် ထွက်ကာ CDM ပြုလုပ်ခြင်းနှင့် လက်နက်ကိုင်တော်လှန်ခြင်းနည်းလမ်းများကို ရွေးချယ်ခဲ့ကြသည်။
မြန်မာပြည် အာဏာသိမ်းမှုကြောင့် ပြည်သူလူထုသည် အိူအိမ်များကိုစွန့်ခွာကာ India(Mara) ဘက်သို့ တိမ်းရှောင်လာခဲ့ကြပြီး မိမိတို့အနေဖြင့် လူမျိုး၊ဘာသာမရွေးဘဲ တတ်စွမ်းသမျှကူညီစောင့်ရှောက် ပေးလျက်ရှိပါသည်။
သို့သော်လည်း နယ်စပ်ဂိတ်ကို ဖြတ်ကျော်လျက် အရက်၊ မူးယစ်ဆေးဝါးနှင့် အခြားတရားမ၀င် ပစ္စည်းများကို သယ်ယူလာသည်ကို မိမိတို့အနေဖြင့် များစွာစိတ်မကော
င်းဖြစ်ရပြီး မိမိတို့ ဒေသအတွက် ထိခိုက်မှုများစွာ ကြုံတွေ့ရပါသည်။ မိမိတို့ပြည်သူများအတွက်လည်း များစွာ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။
မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသအနှောင့်အယှက်ဖြစ်စေသည့် လက်နက်ခဲယမ်းဖမ်းဆီးခံရမှုလဲ ၃ ကြိမ်ခန့်ကြုံတွေ့ရပါသည်။ India အစိရမှခွင့်မပြုသည့် ပစ္စည်းသည် မိမိတို့အရပ်ဘက် အဖွဲ့အစည်းများမှ ခွင့်မပြုသည့် ပစ္စည်းဖြစ် သည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ MTP General Headquarters (Siaha) နှင့် MSO General Headquarters (Siaha) ပူးပေါင်း၍ Sub-Headquaters များနှင့် Branch များ မှ နယ်စပ်ဂိတ်များကို (Siasi,Chapi,Zyhno,Laki,Khaikhy,Lobo) ၂၄ နာရီ ဖွင့်လှစ်စစ်ဆေးမည် ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးလိုက်သည်။
ဂိတ်များကို ခွင့်မြပုထားသည့် တရားမ၀င် ပစ္စည်းများ သယ်ဆောင်ပါက မိမိတို့ အရပ်ဘက်အဖွဲ့စည်းများ၏ ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်သည်။

11/04/2022

Maraland defense Force(MDF) မှ အများပြည်သူလူထု လမ်း​အား ရှင်းလင်း​ပေး​နေစဥ်

31/03/2022

Hello
နေကောင်းကြလား?

April လ ပထမပတ်စပြီး Videos
ပြန်လုပ်တော့မည်နော်..ပြန်ဆံုကြမယ်နော်
အားလံုးကို တောင်းပန်ပါတယ်နော်🙏🙏

Credit ...Own

27/12/2021

Mara Army(မရာ တပ်မတော်)
======================

22/12/2021

သေချာကြည့်ရင် နားလည်မှာပါ...

Videos Crd-woner

29/11/2021

ဒီဇင်ဘာ အလွမ်း
💒💒💒💒💒
Christmas ရောက်တော့မယ်ဆိုပေမယ့်လေး ကိုယ့်ချစ်ရသော မိသားစုနှင့် အနေဝေးသောသူများ "ဒီဇင်ဘာ အလွမ်း" သီချင်းလေးနဲ့ တစ်နေရာစီ ခံစားနားစဥ်ကြရအောင်နော်... Happy Christmas to you all ပါလို့ နှုတ်ဆက်စကားပြောပါတယ်နော်....

Cre Videos -Original.

Company အမည်အား Meta ဟုပြောင်းပြီးပြီးချင်း ပထမဦးဆုံး ထွက်ရှိလာတဲ့ Facebook နှင့် Messenger ဗားရှင်းအသစ်Faceboook ကော Me...
31/10/2021

Company အမည်အား Meta ဟုပြောင်းပြီးပြီးချင်း ပထမဦးဆုံး ထွက်ရှိလာတဲ့ Facebook နှင့် Messenger ဗားရှင်းအသစ်

Faceboook ကော Messenger ကော လက်ရှိအမည်တိုင်း အသုံးပြုရမှာဖြစ်ပြီး Setting ပိုင်းဆိုင်ရာ ပြောင်းလဲမူ့များနဲ့ တခြားပြောင်းလဲမူ့တွေလည်းရှိပါတယ်။
သုံးရတာ အရင်ကထပ်ပိုမိုက်လာပါပြီ။
Setting ပိုင်းဆိုင်ရာ အပြောင်းအလဲများအတွက် Facebook အသုံးပြုနည်းအသစ်တွေကို နောက်ပိုင်းတင်ပေးသွားပါမယ်။
ကုပ္မဏီအမည် ပြောင်းပြီးပြီးချင်း ထွက်ရှိလာတဲ့ Facebook v342 နဲ့ Messenger v336 တို့ဖြစ်ပါတယ်။

ဗားရှင်းအသစ်ကို အောက်ကလင့်ထဲဝင်ပြီး DOWNLOAD APK ကိုနှိပ်ပြီး ဒေါင်းနိုင်ပါတယ်။

Facebook ဗားရှင်းအသစ်ဒေါင်းရန်
https://www.amcshopping.club/2021/10/facebook-latest-version-342.html

Messenger ဗားရှင်းအသစ်ဒေါင်းရန်
https://www.amcshopping.club/2021/10/messenger-latest-version-336.html

အားလုံးအဆင်ပြေပါစေ
်းပညာ

-Star city

အသစ်ထွက်ရှိလာတဲ့ Facebook နဲ့ Messenger ဗားရှင်းထူးရှာချက်ကတော့ Version အသစ်မှာ Facebook က အရင်လို Menu တွေမှာ မရှုပ်တော...
21/10/2021

အသစ်ထွက်ရှိလာတဲ့ Facebook နဲ့ Messenger ဗားရှင်း

ထူးရှာချက်ကတော့ Version အသစ်မှာ Facebook က အရင်လို Menu တွေမှာ မရှုပ်တော့နဲ့ပဲရှင်းရှင်းလင်းလင်းလေးဖြစ်သွားပါတယ်။

Facebook ဗားရှင်းအသစ်ဒေါင်းရန်
https://bit.ly/2XBEtFS

Messenger ဗားရှင်းအသစ်ဒေါင်းရန်
https://bit.ly/3puNrQu

ထန်တလန်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် အိမ် ၁၀ လုံးမီးလောင်နေပါတယ်။ မီးသတ်ကားလည်းရောက်မလာပါ။ သတင်းအပြည့်အစုံကို...
18/09/2021

ထန်တလန်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် အိမ် ၁၀ လုံးမီးလောင်နေပါတယ်။

မီးသတ်ကားလည်းရောက်မလာပါ။

သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမယ်။
https://t.me/zalenmedia/3464?single
Crd-Zalen

15/09/2021

ပျော်ရွှင်မူ ဘယ်လို့ရနိုင်မလဲ
=====================

09/09/2021

Chinland Defense Force - Mara ဖွဲ့စည်းကြောင်း ကြေညာခြင်း

MAL ဘယ်နေရာပြေးမလဲ....အခုတော့ နေ့တိုင်းလိုလို လက်နက်သစ်တွေ ရောက်ရောက်လာပြီးနော် ခဗျားတို့အတွက် လွယ်မှာ မဟုတ်တော့ဘူး...အရ...
31/08/2021

MAL ဘယ်နေရာပြေးမလဲ....အခုတော့ နေ့တိုင်းလိုလို လက်နက်သစ်တွေ ရောက်ရောက်လာပြီးနော် ခဗျားတို့အတွက် လွယ်မှာ မဟုတ်တော့ဘူး...အရင်ခေတ်ကလို့ အာဏာသိမ်းတာ အဆုံးထိအောင်မြင်မယ်လို့ ထင်နေသေးရင် မင်းရဲ့ နောက်ဆုံးဇာတ်လမ်းမှာ ကြည့်ကောင်းမှာမဟုတ်တော့ဘူး...ခုခေတ်က ငါ့တို့ပြည်သူတွေ ညီတဲ့ခေတ် အမြဲအားမလျှောတတ်နဲ့ Generation Z ​ခေတ်ဆိုတာ မင်း ဦးနှောက်ထဲမှာ များများ မှတ်ထားပါ.......
လက်နက်တွေကတော့ ရောက်နေပီဆိုတာနဲ့ နေရာတကာမှာ
ကြမ်းတဲ့နေရာတွေလည်း ကြမ်းနေပီ
နားစွင့်ထားကြ ပြင်ဆင်ထားကြ အားတင်းထားကြ💣💣

Z
#အရေးတော်ပုံ အောင်တော့မယ်
ကြမယ်.

Original post-

ပြည်ပအလှူရှင်များပံပိုးမှုကြောင့်  တောတွင်းသင်တန်းသားဆီလက်နက်များထပ်မံရောက်ရှိမှတ်ချက်-လုံးဝ ဂျင်းမဟုတ်Crd-FAM
31/08/2021

ပြည်ပအလှူရှင်များပံပိုးမှုကြောင့် တောတွင်းသင်တန်းသားဆီလက်နက်များထပ်မံရောက်ရှိ
မှတ်ချက်-လုံးဝ ဂျင်းမဟုတ်

Crd-FAM

Address

360, Jalan Tun Razak
Kuala Lumpur
50400

Alerts

Be the first to know and let us send you an email when Mara TV Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mara TV Channel:

Videos

Share


Other Media/News Companies in Kuala Lumpur

Show All