Streaming by GINA

  • Home
  • Streaming by GINA

Streaming by GINA Like and Follow Guys!🫶🏻

05/02/2024

ဟာ မင်းတို့ကအဲ့လိုမပြောနဲ့လေကွာ😆

New era of mlbb(mm) eSports-Phase 1 eraမြန်မာနိုင်ငံရဲ့ ml eSports လောကရဲ့ phase 1 ကာလကို MPL s1 မှ MPL S5  ထိသတ်မှတ်လို...
02/02/2024

New era of mlbb(mm) eSports

-Phase 1 era
မြန်မာနိုင်ငံရဲ့ ml eSports လောကရဲ့ phase 1 ကာလကို MPL s1 မှ MPL S5 ထိသတ်မှတ်လို့ရတယ် အကြောင်းကတော့ MPL seasons ၅ ခုမှာ Burmese ghoul က champion လေးကြိမ်ထိ ယူထားနိုင်ခဲ့ပြီး မင်းမူ အုပ်ချုပ်ခဲ့တယ် ပြည်တွင်းမှာတင် အောင်မြင်မှု ရတာမဟုတ်ပဲ ပြည်ပထိ ‌အောင်မြင်ခဲ့တယ် ပြည်ပ official tournament မှာ champion ထိ မဖြစ်ခဲ့ပေမဲ့ m2 မှာ 1st runner ups ထိရောက်ခဲ့တယ် BG အနေနဲ့ MSC မှာတော့ အရမ်းကြီး မစွမ်းဆောင်နိုင်ခဲ့ဘူး BG အကြောင်းအားလုံးလည်း အသေးစိတ် သိပြီးသားမလို့ ထပ်ပြီးမဖော်ပြတော့ပါဘူး phase 2 ကိုဆက်ရအောင်

-Phase 2 era
Phase 2 မှာတော့ ml eSports community တစ်ခုလုံးတိုင်ပတ်ခဲ့တယ် နိုင်ငံရေးအခြေအနေကြောင့် အသင်းတော်တော်များ disband ဖြစ်သွားခဲ့တယ် ပြန်လည်စတင် အသက်ဝင်လာတာကတော့ cloud chaser ပွဲမှာပဲ။ Organization အကြီးတွေ လည်း players အသစ်ပြန်စုပြီး ပြန်လည်ပြိုင်ဆိုင်ခဲ့တယ် အဲချိန်မှာ Old school နဲ့ New school players တော်တော်များဝင်ပြိုင်ခဲ့ကျပေမဲ့ old school players အများစုပါဝင်တဲ့ Falcon ကပဲ champion ဖြစ်သွားခဲ့တယ် အဲချိန်ကစပြီးတော့ Falcon era ကြီးစတင်လာခဲ့တယ် Lod ပွဲကလွဲရင် ကျန်သည့် third party ပွဲ နှင့် local qualifier ပွဲတော်တော် များများ Falcon ကပဲ champion ဖြစ်ခဲ့တယ် Falcon အသင်းရဲ့ ထူးခြားတာကတော့ international third party ပွဲ ထိ champion ဖြစ်ခဲ့တယ် international official tournamentပွဲတွေတော့ ရလဒ်က ကျွန်တော်သိပ်ပြီး အားမရခဲ့ပါ ခုတော့ phase 2 မှာ အုပ်စိုးခဲ့တယ် Falcon အသင်းလည်း တဖြည်းဖြည်း ကျဆင်းလာတာကိုတွေ့ရပြီ Falcon အသင်း ဘယ်ကစပြီး ကျဆင်းလာရသလဲ? ကျွန်တော်ထင်တာကတော့ M4 အပြီး လို့ပြောလို့ရတယ် M 4 အပြီးမှာ ထင်သလောက်ရလဒ် မကောင်းခဲ့တဲ့အပြင် zippy နဲ့ silent ပြဿနာလည်းရှိခဲ့ပြန်တယ် Feb လ တုန်းက tournament တစ်ခုမှာနိုင်ခဲ့တဲ့အတွက် ပြဿနာ သိပ်ပြီး မထင်ပေါ်ခဲ့ဘူး ယခု MSC qualifier မှာရှုံးခဲ့တဲ့အတွက် players တွေရဲ့ စိတ်ပင်ပန်းမှုတွေကို အထင်းသား တွေ့မြင်နိုင်တယ် Naomi, Justin, YF စတဲ့ players တွေရဲ့ personal အကောင့်မှာ pro life ကိုအနားယူရင်ကောင်းမလား စတဲ့ post တွေတင်ထားတာကိုတွေ့ရတယ်(ပြိုင်ပွဲအပြီး တင်ထားတာနော်) နောက်ပြီး IASI ပြိုင်ပွဲကနေပဲ တရားဝင် Falcon ကနှုတ်ထွက်သွားပြန်တယ် သိပ်မကြာတော့တဲ့အချိန်မှာ Falcon အသင်းဟာလည်း လူဟောင်း လူသစ် coach အသစ်နဲ့ ပြန်လည်ဖွဲ့စည်းသွားဖို့ရှိတယ်
Old school players တော်တော်များခု အနားယူကုန်သလဲဆိုတော့ အဓိကတော့ MPL မရှိလို့ဖြစ်တယ် MPL နဲ့ third party ပွဲတွေမတူတဲ့အချက်ကတော့ (၁) ပြိုင်ပွဲကျင်းပတဲ့အချိန် တော်တော်ကွာတယ် third party ပွဲတွေက တစ်ပတ် နှစ်ပတ် အတွင်း အပြီးဖြတ်တာဆိုတော့ fan တွေနဲ့ ထိတွေ့တဲ့အချိန်နည်းတဲ့အပြင် team တစ်ခုနဲ့တစ်ခု အကဲခတ်ချိန်လည်း နည်းပြန်တယ် MPL မှာတော့ regular season ပဲ လေးပတ်တိတိ ကစားရတဲ့အပြင် group state မှာတင် အသင်းအားလုံး တစ်သင်းနဲ့တစ်သင်း သေချာပေါက် တွေ့စုံရမှာဖြစ်တယ် အမှားတွေရှိခဲ့ရင်လည်း ပြင်ဖို့အချိန်လုံလောက်ခဲ့တယ် ပွဲတွေလည်းအများကြီးကစားရတော့ စွမ်းဆောင်ရည်လည်းပိုတက်တာပေါ့
(၂) prize pool လည်း အကြီးအကျယ်ကွာတယ်ဗျ MPL seasons 5 တုန်းကဆိုရင် $ 50000 ထိပေးထားတယ်ဗျ ဒါတောင်မပြီးသေးဘူး ကစားတဲ့ အပတ်စဉ်တိုင်းမှာ weekly salary ပေးသေးတယ် $100 လားသိမမှတ်မိတော့ဘူး ပြီးရင် ပွဲတစ်ပွဲနိုင်တာနဲ့ ငွေဆု ထပ်ချပေးသေးတယ် MPL ဝင်တာနဲ့ weekly salary စတင်ခံစားရပြီ များများနိုင်လေလေ များများ $ ရလေလေပေါ့။
ခု MPL မရှိတော့ ရှိတုန်းကလိုပဲ ကြိုးစားရတာချင်းအတူတူ ခံစားခွင့်တော့ ကွာသွားတာပေါ့ old school players တချို့တွေ pro life ကနားပြီး streaming ဘက်ကူးပြီး sponsor တွေရ အဆင်ပြေနေချိန် pro life မှာကျန်ခဲ့တဲ့လူတွေကတော့ ရတဲ့ prize pool နည်းနည်းနဲ့ ရပ်တည်နေရတယ် ရှုံးရင်လည်း blame ခံရတယ် နောက်ပြီး pro life လူတွေက streamer တွေထက် အများကြီးကြိုးစားရပြန်တယ် ရတဲ့ငွေရေးကြေးကတော့ တဝက်လောက်ကွာပြန်တယ် ဒီတော့ကြာလာတော့ စိတ်ပင်ပန်းကုန်တာပေါ့။ MPL မလာရင် old school players လူတွေ တဖြည်းဖြည်းနဲ့ နားကုန်ကျမှာပဲ မထူးဆန်းတော့ပါဘူး ဒါကြောင့် Falcon ကလူတွေ သိပ်မကြာခင်မှာ လူသစ်နဲ့ပြန်တွေ့ရလောက်မယ် phase 3 မှာ falcon အသင်း ဆက်လက်မင်းမူနိုင်အုံးမလား စောင့်ကြည့်ရမယ်။

Phase 3 era
ခု AI , Fenix, BG စတဲ့ အသင်းတွေရဲ့ players အားလုံးနီးပါး New players တွေဖြစ်ကုန်ပြီ လက်ရည်လည်း တစ်သင်းနဲ့တစ်သင်း အရမ်းကြီးမကွာတော့ဘူး နောက်ပိုင်းတွေမှာတော့ တစ်သင်းတည်း ဦးဆောင်တဲ့ ပုံစံမျိုးထက် သူနိုင်လိုက်ကိုယ်နိုင်လိုက် champion လည်းတယောက်တလှည့်စီ ကိုင်တဲ့ ပုံစံမျိုးဖြစ်လာမှာကိုမြင်ယောင်မိပါတယ် ပရိတ်သတ်တွေလည်း တစ်သင်းထဲမှာပုံမနေတော့ပဲ ညီညီမျှမျှ ဖြစ်သွားဖို့လည်းမျှော်လင့်မိပါတယ်

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် copy & paste မလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ် ✌️

Riot(LOL) က Moonton (MLBB) ကိုတရားစွဲတဲ့ကိစ္စ ပတ်သတ်ပြီး ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်ခြင်းအားလုံးလဲသိတဲ့အ‌တိုင်း rio...
02/02/2024

Riot(LOL) က Moonton (MLBB) ကိုတရားစွဲတဲ့ကိစ္စ ပတ်သတ်ပြီး ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်ခြင်း

အားလုံးလဲသိတဲ့အ‌တိုင်း riot (lol) က mlbb ကို may 9 ရက်နေ့မှာ California တရားရုံးမှာ copy right နဲ့ပတ်သက်ပြီးတရားစွဲဆိုခံရခဲ့တယ် Moonton (MLBB) အနေနဲ့ အခုအကြိမ်နဲ့ဆို 3 ကြိမ်ရှိပြီ တရားစွဲဆိုခံရတာ။ ‌တရားစွဲခြင်းနဲ့ ပတ်သက်လို့အောက်မှာ အသေးစိတ် ဖော်ပြပေးမှာပါ

(1) riot ကတရားစွဲဆိုခြင်း

2017 မှာ riot (LOL) က Moonton ကို သူတို့ game ကို ကူးချတယ်ဆိုပြီးတရားစွဲခဲ့တယ် အဲ့တုန်းက mlbb က mlbb ဆိုတဲ့နာမည်မဟုတ်သေးပဲ mobile legends 5 vs 5 MOBA ဆိုတဲ့နာမည်နဲ့။ တဆက်တည်း play store နဲ့ Apple app store ကိုလည်းတိုင်စာပို့ခဲ့တယ် တရားစွဲဆိုမှုက မအောင်မြင်ခဲ့ဘူး California တရားရုံးကပယ်ချခဲ့တယ် play stores. နဲ့ Apple app store ကဖြုတ်မချခင် Moonton ကအရင်လက်ဦးပြီး သူတို့ game ကိုသူတို့ဘာသာသူတို့ ဖြုတ်ချခဲ့တယ် Moonton က game နာမည်ကို MLBB ဆိုပြီးပြောင်းလိုက်ရုံမက map, heroes တွေပါ ပြင်ဆင်ပြီး ပြန်တင်ခဲ့တယ် အခုထိကျွန်တော်တို့ ဆော့နေတဲ့ game ဖြစ်နေပြီ ဆိုပါတော့

(2) Tencent က Shanghai တရားရုံးစွဲဆိုခြင်း

Riot ကပထမ တရားစွဲဆိုခြင်းမအောင်မြင်တော့ Tencent ( Riot company ရဲ့ parent company, riot ရဲ့ shares 100% ပိုင်ဆိုင်ထားတဲ့ company)က riot ကိုယ်စား Tencent က Shanghai တရားရုံးမှာ တရားထပ်စွဲခဲ့တယ် ဒီတကြိမ်မှာတော့ Moonton က ရှုံးနိမ့်ခဲ့ပြီး လျော်ကြေးငွေ 2.9 million လျော်ကြေးနဲ့ညီမျှတဲ့ ယွမ်ငွေနဲ့ ပေးရတယ် ဒါတင်မကသေးဘဲ တရုတ်ပြည်တွင်း ဖြန့်ချီခွင့်ပါ ban ခံရတယ်။ အခုဘာကြောင့် beta version နဲ့ တရုတ်ပြည်တွင်း ပြန်ဝင်နေလဲဆိုတာ မေးစရာရှိပါတယ် အဖြေက Tencent တရားစွဲတုန်းက mlbb ရဲ့ game ရဲ့ name နဲ့ map, heroes စတာတွေမပြင်ရသေးလို့ အခုတရုတ်မှာပြန်ဖြန့်တာလည်း mlbb ရဲ့ တရုတ်နာမည် ပြောင်းထားတယ် သွေးထိုးပြန်စမ်းကြည့်တဲ့သဘောပေါ့ တရုတ်အစိုးရလည်း Alibaba, Tencent စတဲ့ company ကြီးတွေကို ဈေးကွက်လက်ဝါးကြီး အုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေပြီ တလောက Tencent ပိုင်တဲ့ ပြည်တွင်းသုံး streaming platform တစ်ခုပိတ်ပစ်ပေးရတယ် နောက်ပြီး Tencent share ပါတဲ့ Nimo TV လည်း indo မှာ Aprilလမှာ service ပိတ်ခဲ့သေးတယ် Nimo TV က indo နိုင်ငံထဲမှာ အ‌ေအာင်မြင်ဆုံး streaming platform ထဲမှာ တစ်ခုပါတယ် ဒီတခါမှာ Tencent က Moonton ကိုတရုတ်တရားထပ်စွဲရင် မနိုင်လောက်တော့ဘူး ဒီအခြေနေကို နားလည်တဲ့ Moonton လည်းတရုတ်ပြည်တွင်းဈေးကွက်ကို ပြန်ဝင်ဖို့ချောင်းနေတယ်

(3) Riot က ဒုတိယ အကြိမ်တရားစွဲဆိုခြင်း

Riot အနေ့နဲ့ ဒုတိယအကြိမ် တရားစွဲဆိုတာဖြစ်ပြီး Moonton အနေနဲ့ တတိယအကြိမ် တရားရုံးသို့ရောက်ခဲ့ခြင်းဖြစ်တယ် Riot က စာမျက်နှာ 36 မျက်နှာပါသက်သေနဲ့ may 9 ရက်နေ့မှာ တရားစွဲဆိုခဲ့တယ် စာတမ်းတွေဖတ်ရသလောက်က lol pc ကို copy လို့တရားစွဲတဲ့ပုံစံမဟုတ်ပဲ beta version ဖြစ်တဲ့ lol wr ကို အခြေတည်ပြီး တရားစွဲတာဖြစ်တယ် တကယ်လို့ riot ကနိုင်ခဲ့ရင်တောင် Moonton အနေနဲ့ ပြစ်ဒဏ်ကျခံရတာ နှစ်ခုဖြစ်နိုင်ခြေရှိတယ် ပထမဆုံးဖြစ်နိုင်ခြေကတော့ တူနေတဲ့ logo, skins, theme, background စတာတွေဖြတ်ပေးရမှာဖြစ်ပြီး လျော်ကြေးလည်းပေးရဖွယ်ရှိတယ် ဒါပေမယ့် စိတ်တော့အရမ်းမပူပါနဲ့ ဖြတ်ပေးလိုက်ရတာတွေ Moonton အကုန် rework ပြန်ပြင်ပြီး မိမိမှာရှိတဲ့ skins,.. စတာတွေအစားထိုးပေးသွားမှာပါ skins အသစ် skill အသစ်တောင်ဖြစ်သွားနိုင်ပါတယ် players တွေအတွက်တော့မနှစ်နာနိုင်ဘူး ဒုတိယ ဖြစ်နိုင်ချေပြစ်ဒဏ်ကတော့ လျော်ကြေးပေးရပြီး US နိုင်ငံမှာ Ban ခံရတာပါ အဲတာကတော့ US က players တွေအတွက်တော့ စိုးရိမ်စရာပါ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ play store ကဖြုတ်ချတာတော့ ဖြစ်နိုင်ချေ အလွန်အလွန်နည်းပါတယ် ဒါကြောင့် SEA က players များအရင်အတိုင်း စိတ်အေးလက်အေးနဲ့ ကစားနိုင်ပါတယ် ကျတော့အနေနဲ့ LoL fan base(အထူးသဖြင့် Lol Wr) များနဲ့ ရန်ဖြစ်မနေပဲ အရင်ကအတိုင်း သူတို့ကို အဖတ်မလုပ်ပဲ ထားလိုက်ကျရအောင် rating တွေလည်း အပြိုင်အဆိုင်မချပါနဲ့တော့ company အချင်းချင်း ဖြစ်တဲ့ကိစ္စက တရားရုံးက ဆုံးဖြတ်‌‌ေပးသွားလိမ့်မယ်
Moonton ကိုဖြည့်စွက်ပြီးပြောချင်တာက game စထွက်ကတည်းက ခုချိန်ထိ lol ရဲ့ လွမ်းမိုးချင်းခံခဲ့ရတာ ခုထိပဲ ယခုအချိန်မှာတော့ ကိုယ်ပိုင် ဒီဇိုင်း မတူညီတဲ့ color, style တွေနဲ့ ထိုးဖောက်သင့်ပြီ

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် ကူးယူပြီး မဖော်ပြရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်

, , , ,

MSC 22 Falcon eSports ရဲ့ အခြေနေ အားလုံးလည်းသိတဲ့အတိုင်း msc 22 qualifiers မှာ falcon eSports ကအခက်ခဲမရှိ ကျော်ဖြတ်နိုင်...
02/02/2024

MSC 22 Falcon eSports ရဲ့ အခြေနေ

အားလုံးလည်းသိတဲ့အတိုင်း msc 22 qualifiers မှာ falcon eSports ကအခက်ခဲမရှိ ကျော်ဖြတ်နိုင်ခဲ့တယ် interview တခုမှာ Justin ကနိုင်ငံခြားမှာ မြန်မာကိုယ်စားပြုပြီး ယှည်ပြိုင်ချင်တယ်လို့ ဖွင့်ဟဖူးတယ် ဖြစ်ချင်တဲ့စိတ်ကို အရင်းတည်ပြီး အစွမ်းကုန်ကြိုးပမ်းမှုကြောင့် ယခုအိမ်မက်ကိုလက်တွေ့ အကောင်ထည်ပေါ်သွားခဲ့ပြီ falcon အသင်းသားအာလုံးကို congratulations ပါ ယခုအချိန်မှာ falcon eSports က အခု meta မှာstrongest အဖြစ်ဆုံးဆိုတာ ရှေ့က Local tournament ပွဲ‌ေတွကသက်သေပါပဲ MSC 22 ကို June လမှာ Malaysia နိုင်ငံ Kuala Lumpur မြို့မှာ offline ပွဲကျင်းပမှာဖြစ်ပါတယ် လက်ရှိ meta အတိုင်း သို့ meta အနည်းငယ်သာပြောင်းသွားရင် Falcon eSports အတွက်အခက်အခဲ မရှိနိုင်ပေမဲ့ ရုတ်တရက် meta major update ဖြစ်ခဲ့ရင် ဘယ်သူက ဆက်ပြီး meta အတိုင်းလိုက်နိုင်မလဲ ဆိုတာ players တယောက်ချင်းစီ သုံးသပ်ပေးပါ့မယ်။

-Naomi
Local tournament စတင်ခဲ့အချိန်ကစပြီး tank role ကိုစွဲစွဲမြဲမြဲ ကစားခဲ့တဲ့ players တယောက်အနေနဲ့ အကောင်းဆုံးထဲကတယောက် tank player ဖြစ်နေတာပါ ပြောရမယ်ဆိုရင် tank role ကျမ်းကျေနေတဲ့ဆရာကြီးတပါးပါပဲ တကယ်လို့ meta ပြောင်းသွားခဲ့ရင် Naomi တယောက် ဆက်လက် strong နိုင်ဦးမလားသုံးသပ်ကြည့်ရအောင် ဒီနေရာမှာ မြင်သာအောင် Maybe နဲ့ နိုင်းယှဉ်ချင်ပါတယ် အကြောင်းက သူတို့နှစ်ယောက်က ကြာရှည်စွာ ပြိုင်ဘက်အဖြစ် အချိန်များစွာ ရပ်တည်လာသည့်အပြင် လူတွေလည်း သတိထားမိတဲ့သူတွေ ဖြစ်တဲ့အတွက် ပိုမိုမြင်သာလာမယ်ထင်တယ် tank နဲ့ tank ခြင်းယှဉ်ရင် Naomi က သိသိသာသာ သာနေမှာ ဒါပေမဲ့ support hero နဲ့ mage hero မှာ Maybe ကပိုသာမယ်ထင်တယ် naomi က YAT ရဲ့ LOD ပွဲမှာ support hero ကသိပ်မလုပ်မဖြစ်သာတွေ့ရတယ် ဒါပေမဲ့ ခုနောက်ဆုံးပွဲမှာတော့ သိသိသာသာတိုးတက်လာကိုတွေ့ရတယ် mage hero နဲ့ support hero တွေထပ်ပြီး upgrade လုပ်နိုင်ရင် ဘယ် meta လာလာ ကြမ်းဖို့အဆင်သင့်ပါပဲ

-Justin
122 meta တုန်းက claw အသင်းမှာ kid က mid mage role ဖြစ်ခဲ့ပြီး Justin က tank/support role ဆင်းပြီးဆော့ခဲ့ရဖူးတယ် ဒါပေမဲ့ အချိန်က ဘယ်တော့မှ ရပ်တန့်မနေပါဘူး ယခုချိန်မှာ Justin က mage hero အားလုံးနီးပါးကိုင်နိုင်တယ် kid က အလှုပ် hero(karkura,lunox,Selena) တွေတာ လုပ်ကွက်ထွက်ပြီး အထိုင် hero (Yve,Pharsa,cecillion) heroတွေမှာ ရှုံးကန်နေရတုန်းပဲ Justin ကတော့ ဘယ် meta လာလာအဆင်သင့်ပါပဲ

-Ken
Ken ကတော့ ass , fighters hero တွေ အပိုင်နိုင်ဆုံးပဲဗျ အားနည်းချက်ကတော့ haya နဲ့ mm hypers တွေပဲ ယခု meta မှာ tank တွေဝင်လာတာကလွဲရင် ထွေထွေထူးထူး မပြောင်းတာ 8 လ လောက်ကျော်နေပြီ meta တွေ ဘယ်လောက်ပြောင်းပြောင်း ယခု msc 22 မှာ Ken တယောက်အလုပ်ဖြစ်အုံးမှာပါ

-Silent
Silent ကတော့ MPL season 4 မှာ offlane fighter တဆာ့ခဲ့ပြီး S5 မှာ hypers ဆော့ခဲ့တယ် Falcon ရောက်သွားတဲ့အချိန်မှာတော့ gold lane ပြန်ဆော့တယ် MM hero ကိုင်တွယ်မှု သိသိသာသာတိုးတက် လာတာတေ‌ွ့ရတယ် gold lane mage တွေလည်း ကျွမ်းကျင်ပိုင်နိုင်တာကိုတွေ့ရတယ် fighter ရဲ့စွမ်းဆောင်ရည်လည်း S4 မှာ အကောင်းဆုံးပြသခဲ့တယ် meta တွေ ဘယ်လိုပြောင်းပြာင်း silent ကတော့ကြမ်းနေအုံးမှာပဲ

-Yellow Flash
122 meta မှာကတည်းက mm တလှည့် fighter တလှည့် ကစားထားတဲ့ old school ဘဲကြီးပါ ဘယ် meta မှာကြမ်းတဲ့ ဘယ် hero ဖြစ်ဖြစ် လက်စွမ်းပြကိုင်နိုင်ခဲ့တယ် ဘယ် meta ရောက်ရောက် YF66 အတွက် စိုးရိမ်စရာမလိုတဲ့အနေထားပါ

-Experience
နိုင်ငံခြား offline ပွဲမှာ YF တယောက်ထဲကစားဖူးတာပါ Ken ကလွဲရင် ကျန်တဲ့သူတွေ နိုင်ငံခြား official online ပွဲတွေကစားဖူးပြီး ရလဒ်လည်း ကောင်းခဲ့တယ် Local offline နဲ့ audience ပါတဲ့ play offs (on state) ပွဲမှာ ကို Naomi, Justin, yellow Flash ကပွဲပေါင်း များစွာကစားဖူးတဲ့သူတွေပါ silent လည်း MPL S4 မှစပြီး online ပွဲပေါင်းများစွာကစားဖူးတဲ့သူပါ Experience အတွက်ကတော့ ကောင်းတယ်လို့ပြောရမှာပါ ထုံးစံအတိုင်း international ပွဲတွေကတော့ ID အသင်းက overrated ဖြစ်မယ် PH အသင်းတွေက လက်စွမ်းပြမယ် Myanmar အသင်းတွေကတော့ underdog စာရင်းထဲသွင်းခံအုံးမှာဖြစ်ပြီး silent killer ပုံစံနဲ့ တသင်းပြီးတသင်း ဖြုတ်ပြတော့မှာပါ
ID အသင်းတွေ သူတို့အချင်းချင်းနောကျေနေလို့ လက်စွမ်းပြတတ်ပြီး နိုင်ငံခြားအသင်းတွေနဲ့တွေ့ ရင် ဒစ်လှည်တတ်တယ် ဥပမာ ONiC id ကိုကြည့် MPL မှာ champion ဖြစ်ခဲ့ပေမဲ့ M2 မှာ group state ကနေ upper bracket မတက်နိုင်ခဲ့ဘူး
PH မှ Blacklist လည်းအဲ့အတိုင်းပဲ BTK ကို upper မှာ မမျော်လင့်ပဲရှုံးခဲ့သေးတယ် ID,PH အသင်းတွေ local အသင်းတွေသာ နှောကျေပေမဲ့ နိုင်ငံခြားအသင်းတွေနိုင်ဖို့က flow နဲ့ play style သေချာပြန်လည်ပြင်ဆင်ရပြီးမှ နိုင်ရတတ်တယ် ပြောချင်တာက သူတို့အသင်းနိုင်ခဲ့ပြီး champion ဖြစ်ခဲ့တဲ့တိုင်အောင် တွေ့တွေ့ချင်း ပွဲမှာ မြန်မာအသင်းကိုအနိုင်ရဖို့ ရုန်းကန်ရမှာပဲ Falcon က international ပွဲဝေးနေတော့ hero တွေ လမ်းလျှောက်ပုံ(lane ပတ်roam) position hold ထားမှု,၊ decision making, strategy စတာတွေ ခန့်မှန်းရတာခက်တော့ ပြိုင်ဘက်တွေဖြစ်တဲ့ ID,PH ဒုက္ခရောက်စေမှာတော့အမှန်ပဲ
ပွဲထဲရောက်တော့မှပဲ အဖြေပေါ်တော့မယ် falcon အသင်းကိုအကောင်းဆုံးမျော်လင့်ထားပါတယ် MSC 22 ကို တပွဲမကျန် အားပေးဖို့ ကျတော်ကတော့ ready ဖြစ်နေပါပြီ
ဒါကကျတော့အမြင်ပါ မိတ်ဆွေတို့ရောဘယ်လိုမြင်လဲ comment မှာဆွေးနွေးကျပါအုံး

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် ကူးယူပြီး မဖော်ပြရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် 🙏

, ,

Ai eSports (Ex Bg)ရဲ့ကျန်းမာရေးပြဿနာများအားလုံးလည်းသိတဲ့အတိုင်း Cloud chaser S2 ပြိုင်ပွဲမတိုင်ခင်မှာ players တွေတော်တော...
02/02/2024

Ai eSports (Ex Bg)ရဲ့ကျန်းမာရေးပြဿနာများ

အားလုံးလည်းသိတဲ့အတိုင်း Cloud chaser S2 ပြိုင်ပွဲမတိုင်ခင်မှာ players တွေတော်တော်များများ အစာအဆိပ်သင့်ခဲ့တယ် ဒီနေ့တင်ဆက်ပေးမှာကတော့ AI players များပြိုင်ပွဲ သမိုင်းတလျောက် ကြုံတွေ့ခဲ့တဲ့ ကျန်းမာရေး ပြဿနာများ ကျတော်လက်လှမ်းမှီသလောက် ဖော်ပြပေးပါရစေ

-MPL S2
MPL S2 မှာ BG က grand final ထိရောက်ခဲ့ပေမဲ့ RSO ကို 3-0 နဲ့ရှုံးနိမ့်ခဲ့တယ် ဒါကို ice ice က interview တခုမှာ Panda ရဲ့ကျန်းမားရေးအတွက်အချိန်ပေးရလို့ team training time နည်းခဲ့တယ်လို့ပြောထားတာတွေ့ရတယ် အဲ့ season မှာ fighter player ဖြစ်တဲ့ Blank ကထွက်ခွာသွားပြီး သူ့နေရာ ruby dd အစားလို့ခါစ season ဖြစ်ခဲ့တယ် Ruby DD အနေနဲ့ season 1 မှာ Ronin နဲ့ season 2 မှာ BG နဲ့ grand final နှစ်ကြိမ်တက်ရောက်နိုင်ခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပေ

-M1
M1 မှာတော့ ကျန်းမာရေး ပြဿနာတော့မဟုတ်ပါဘူး Ruby DD ရဲ့ passport ပြဿနာကြောင့် M1 ကျင်းပတဲ့ Malaysia ကိုလိုက်မပါနိုင်ခဲ့ပေ သူ့နေရာကို Panda က အစားထိုးပြီးပြိုင်ပွဲဝင်ခဲ့တယ် Panda ဟာ team နဲ့ ကြိုတင် မ train ထားပေမဲ့ jawhead နဲ့ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တယ် အဲတုန်းက Panda ရဲ့ rank က legend မှာပဲရှိခဲ့တယ်

-MPL S3
S3 မှာတော့ ဘာပြဿနာအခက်ခဲမရှိ champion ဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့တယ်

-MPL S4/5
S4/5 မှာတော့ Ruby DD က တီဘီ စတင်ခံစားခဲ့ရတယ် ဒါပေမဲ့ BG ရဲ့ strongest အဖြစ်ဆုံးအချိန်ဖြစ်နေလို့ အသင်းပေါ် ဘာမှသက်ရောက်မှုမရှိခဲ့ပဲ နှစ်ကြိမ်လုံး champion ဘွဲ့ကိုသိမ်းပိုက်နိုင်ခဲ့တယ်

-Cloud chaser S1
Cloud chaser S1 မတိုင်ခင် Ace တယောက်ဆေးရုံတက်ခဲ့ရသေးတယ် အဲ့တုန်းက Ai အသင်းထောင်ခါစနဲ့ နိုင်ငံရေးအခြေနေကြောင့် training time မလုံလောက်ခဲ့လို့ grand final တက်ရောက်ပေမဲ့ အောင်မြင်မှုမရခဲ့ပေ

-YAT ရဲ့ LOD
LOD tournament မှာတော့ ဘာမှအခက်ခဲမရှိ champion ဘွဲ့ကိုပြန်လှည်သိမ်းပိုက်နိုင်ခဲ့တယ်

-Cloud chaser S2
Cloud chaser S2 group state ပွဲမတိုင်ခင်မှာ Ai တသင်းလုံးနီးပါး အစာအဆိပ်သင့်ခဲ့တယ် Maybe လည်း သူ့ girlfriend နဲ့ပြတ်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာမှာ အနည်းအများ သက်ရောက်မှုရှိခဲ့တယ် အဲ့ထက်ဆိုးတာက cloud chaser မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ MSC ပြဿနာကြောင့် players တွေအကုန်လုံး game အပေါ်အာရုံစိုက်မှုကို ထိခိုက်လာမှာတော့အမှန်ပဲဗျ နောက်ပြီး BG တုန်းက manager အဖြစ်လုပ်ကိုင်ခဲ့တဲ့ ကိုဇေကလည်း Ai ရဲ့ starryhope AOV အသင်းကို သွားရောက်ဦးဆောင်ပုံရတယ် ဘာကြောင့်လဲဆိုတော့ starryhope ရဲ့ players ပုံမှာ ကိုဇေပုံကိုတွေ့ရတယ် Ai players တွေကို manager အသစ်နဲ့ထားခဲ့ပြီး စည်းကမ်းပိုင်း လျော့နည်းလာပြီး training time ထိခိုက်သွားပုံရတယ် sponsor တွေလည်းယူထားတော့ ပုံမှန် streaming လုပ်ဖို့အတွက် အချိန်ထပ်ပေးရပြန်တယ် cloud chaser S2 မှာ Ai players တွေအကြောင်းအရာများစွာစုံလင်စွာ ကြုံတွေ့ရတာကြောင့် MESL နောက်ပိုင်းမှာ အဆိုးဆုံးအခြေနေထိရောက်ခဲ့တယ် ညည့်နက်သန်ခေါင်ယံကျော်ပြီးရင်တော့ ရောင်နီသာတဲ့နေရက်သစ်တွေ ပြန်ရောက်အုံးမှာပါလို့ ယုံကြည်ရင်း ဒီ content ကို ဒီမှာပဲ အဆုံးသတ်ပါရစေ

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် ကူးယူပြီးမဖော်ပြရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်🙏

နောက် content မှာတော့ MSC 22 Falcon eSports ရဲ့အကြောင်းသုံးသပ်ပေးဖို့ရှိတယ် So guys still tuned!

, , ,

Address

43000

Website

Alerts

Be the first to know and let us send you an email when Streaming by GINA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share