San Thit Media

San Thit Media Media News@ General Knowlege

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားညနေခင်းချိန်၌ လှူဒါန်းပူဇော်သော💐ရေတော်ပန်းကလာပ်တော်များ💐               8.    1.    2023
08/01/2023

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား
ညနေခင်းချိန်၌ လှူဒါန်းပူဇော်သော
💐ရေတော်ပန်းကလာပ်တော်များ💐
8. 1. 2023

🍱 ထမင်းကြော်နည်းလျို့ဝှက်ချက် ထမင်းကြော်ဖို့ဆို ပေါင်းအိုးထမင်းထက် ရေငဲ့ချက်ထားတဲ့ထမင်းက ပိုစားလို့ကောင်းပါတယ်။ ချက်ထားတ...
06/01/2023

🍱 ထမင်းကြော်နည်းလျို့ဝှက်ချက်

ထမင်းကြော်ဖို့ဆို ပေါင်းအိုးထမင်းထက် ရေငဲ့ချက်ထားတဲ့ထမင်းက ပိုစားလို့ကောင်းပါတယ်။ ချက်ထားတဲ့ထမင်းအိုးကို ယူ၊ ထမင်းကို လက်နဲ့အသာဖွဖွလေး ကျေအောင်ချေ၊ ခရုဆီ သကြား ဆား ပဲငံပြာရည်လေးထည့် ပြီး အသာလေးထပ်နယ်၊ ကြက်သွန်နီပါးပါးလှီးထားတာကို ဆီပူပူမှာဆီသတ်၊ ဘဲဥထည့်ကြော်ပြီး နှံစပ်အောင်မွှေ၊ အရွက်တွေထည့်၊ နွမ်းပြီဆိုမှ ထမင်းထည့်ပြီးကြော်၊ အဆက်မပြတ် အထက်အောက်နှံအောင် မျှတစွာကြော်ပေးမှ တူးနံ့မထွက်တဲ့ထမင်းကြော်အိအိလေးရမှာပါ။ အသားနဲ့ဘဲကြော်ကြော် ငပိထမင်းဘဲကြေည်ကြော် အသားချောင်းတွေနဲ့ဘဲ ကြော်ကြော် ထမင်းကြော်ဖို့အတွက် အဓိကကျတာ ထမင်းရယ် ထမင်းနယ်တဲ့အခါ အသာယာလေးနယ်ပေးခြင်းရယ် မီးအပူရှိန်ညှိတက်ဖို့ရယ်က အဓိကမို့ သိသလောက်လေးရေးပေးလိုက်ပါတယ်နော်။

C. R. D T၀
May Moe Phyu

မုံညှင်းဖူးသုပ်************        အဆာပြေစားမလား ထမင်းဖြူလေးနဲ့စွဲမလားအဟာရဓာတ်အပြည့်အဝပါတဲ့ မုံညှင်းဖူးသုပ်လေးကရှယ်ပဲဗျာ...
02/01/2023

မုံညှင်းဖူးသုပ်
************
အဆာပြေစားမလား ထမင်းဖြူလေးနဲ့စွဲမလား
အဟာရဓာတ်အပြည့်အဝပါတဲ့ မုံညှင်းဖူးသုပ်လေးက
ရှယ်ပဲဗျာ

အစားတစ်လိုင်းကွီး
credit Ko Aung Aung

အကြော်စုံ ကြော်ကြမယ်ဟေ့  ကောင်း...ကောင်း 😍😍 #အကြော်ကြော်နည်းအလွယ်နည်းလမ်းလေးပဲမို့ မုံမုံ လိုစားလဲစားချင်တယ် အပျင်းလဲတစ်...
21/12/2022

အကြော်စုံ ကြော်ကြမယ်ဟေ့ ကောင်း...ကောင်း 😍😍
#အကြော်ကြော်နည်း

အလွယ်နည်းလမ်းလေးပဲမို့ မုံမုံ လိုစားလဲစားချင်တယ် အပျင်းလဲတစ်တယ်ဆို ဒီနည်းလေးက အ၇မ်းအဆင်ပြေပါတယ်

ပါ၀င်ပစ္စည်းများ

ယိုးဒယားမယ် ၃ထုပ်
ကြက်သွန်နီအလုံးကြီး ၂လုံး
အားလူးအလုံးကြီး ၁လုံး
ဘူးသီး ၁စိတ်
ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း

ယိုးဒယားမယ် အမှုန့်ထဲကို အရင်ဆုံးဆားထည့်ပါ ပြီးလျှင် ေ၇ အနည်းထည့်ရ်ျ သမအောင်မွှေပါ မုန့်နှစ်ရည်ကို မပစ်မကျဲလေးဖျော်ပါ

ကြက်သွန်ကို ပါးပါးလှီးပာ ပြီးလျှင် လက်ဖြင့် မွနေအောင် ခြေပေးပာ
အားလူးကို ခွာပြီးရင် ဆား၇ည် ခန စိမ်ထားလိုက်ပါ
နှစ်သက်သလိုလှီးပါ
ဘူးသီးကို မထူမပါးလေးတွေ လှီးပါ

ဆီအိုးကိုပူလာအောင်တည်ပြီးလျှင် မီးအေးအေးဖြင့် ဟိုဘက် ဒီဘက် လှန့်ရ်ျ ကြော်ပေးပါ

အချဉ်ဖျော်နည်း

ready made အချဉ်ထုပ်ကို ရေထည့် ဆားအနည်းငယ် သကြားအနည်းငယ် ထညက်အနည်းငယ်ဖြင့် ကြိုပါ မိမိနှစ်သက်ရာ အပစ်အကျဲရောက်လျှင် အအေးခံပြီး ငရုတ်သီးစိမ်း ညှက်ထည့် နံနံပင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ

ကျေးဇူးပါ
လွယ်ကူလျှင်မြန် အရသာရှိပါစေ

Crd
Credit All photos

သကြားကြိုက်သူများသတိ။     တရက်လျှင် သကြား တစ်ဇွန်းကို လိုအပ်သည်ထက် ပို၍စားလျှင် တစ်နှစ်ပြည့်သောအခါ သင်၏ ခန္ဓာကိုယ်ထဲတွင်...
14/12/2022

သကြားကြိုက်သူများသတိ။
တရက်လျှင် သကြား တစ်ဇွန်းကို လိုအပ်သည်ထက်
ပို၍စားလျှင် တစ်နှစ်ပြည့်သောအခါ သင်၏ ခန္ဓာကိုယ်
ထဲတွင် ၃၆၅ ဇွန်းစာမျှသော သကြားများစုမိသွားပါ
မည်။
ဒီသကြားတွေက အခြားအစားအစာတွေလို ကိုယ်ထဲကပြန်ထွက်မသွားပါ။
ထရိုင်ဂလစ်စရိုက် ဆိုသော အဆီတစ်မျိုးအဖြစ် ကိုယ်ခန္ဓာထဲတွင် ကိန်းအောင်းနေတတ်တဲ့အနေအထားတစ်ခုဖြစ်ပါတယ်
ကိုယ်ခန္ဓာ နေရာတကာတွင် စုနေပါတယ်။
သွေးကြော နှလုံး စတဲ့နေရာတွေရဲ့ နံယံတွေမှာလဲ
တဖြည်းဖြည်း စုပုံလာပါတော့တယ်။
အဲဒီအခါ သွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ သွေကြောမှ
သွေးခဲများ ဖြစ်စေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲဟာ
သွေးစီးကြောင်းမှာ ပါသွားပြီး ဦးနှောက် တွင်းသို့
ရောက်လျှင် သွေးကြောပိတ်တတ်ပါတယ်။ လေဖြတ်တယ်လို့ ခေါ်ကြပါတယ်။
သွေးကြောဆိုတာ ကိုယ်ခန္ဓာ နေရာတကာမှာ ရှိလို့
ခန္ဓကိုယ် နေရာတကာမှာ ဖြစ်နိုင်ပါတယ်။
သွေးကြောကိုလဲ ကျဉ်းစေပါတယ်
ခြေထောက်မှာ သွေးကြောပိတ်ရင် ခြေထောက် ပုတ်ပါ
တယ်။
နှလုံးမှာ ပိတ်ရင် နှလုံး ရောဂါရပါတယ်။
အဲဒီ အဆီတွေကို ခန္ဓာကိုယ်ထဲက ထုတ်ချင်ရင်
လမ်းလျှောက်ခြင်း ရေကူးခြင်း စက်ဘီးစီးခြင်း စတဲ့
ချွေးထွက်စေမဲ့ ကိုယ်ကာယ လေ့ကျင်းခန်း တခုခု
သော်၎င်း ကာယခွန်အားစိုက်ထုတ်ရတဲ့ အလုပ်ကြမ်းကို
သော်၎င်း လုပ်ရပါတယ်။
အချိုရည်သံဘူး (330ml) တစ်ဘူးလျှင် သကြား ၁၀ ဇွန်းစာမျှ ပါဝင်ပါသည်။

ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ခုရက်ထဲ ဓာတ်ကြနေပါသောဇီးဖြူသီးထောင်းလေးပါရှင့်...ဇီးဖြူသီးဖုတ် ငရုပ်သီးစိမ်းလှော် ငပိလေးနည်းနည်းမီးကင်..ဆားလေးထည့် အချို...
31/10/2022

ခုရက်ထဲ ဓာတ်ကြနေပါသော
ဇီးဖြူသီးထောင်းလေးပါရှင့်...

ဇီးဖြူသီးဖုတ် ငရုပ်သီးစိမ်းလှော် ငပိလေးနည်းနည်းမီးကင်..

ဆားလေးထည့် အချိုမှုန့်စားရင်နည်းနည်းထည့်
အကုန်ရောပြီးထောင်းတာပါ လိုက်လုပ်ကြည့်နော်
ခံတွင်းတွေ့စေရမယ်...

Credit .....

💎 မုန့်ဟင်းခါး ချက်နည်းတစ်နည်း 💎************************************မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ပထမဆုံးကုလားပ...
26/10/2022

💎 မုန့်ဟင်းခါး ချက်နည်းတစ်နည်း 💎
************************************
မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ပထမဆုံး
ကုလားပဲဆန်နဲ့ မုန့်ဟင်းခါး ချက်နည်းတစ်မျိုးကိုရေးပေးပါ့မယ်။

ဒီ မုန့်ဟင်းခါး ချက်နည်းကတော့
ဆန်လှော်, ရွှေကြည်, မြေပဲဆန်မပါပါဘူး။
ကုလားပဲဆန်သီးသန့်တစ်မျိုးတည်းနဲ့ ချက်ပြထားပါတယ်။
ကျမ ဒီချက်နည်းအတိုင်း စားချင်စိတ်ဖြစ်နေလို့ပါ။

နောက်တစ်ခါ တော့
ဆန်လှော်ငရုတ်ကောင်းမုန့်ဟင်းခါးချက်နည်း တင်ပေးပါ့မယ်။

ကဲ ခုစချက်ပါတော့မယ်။
ခုစားမယ့်မုန့်ဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက

၁။ ငါးဆီသတ်
၂။ ကုလားပဲဆန်ပြုတ်ထောင်းပါ။

______________________________________________________

၁။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။

ငါး ငါးဆယ်သားကို ( မိမိ နှစ်သက်ရာ ငါး သုံးပါ )
👉 မုန့်လုပ်ထညက်အသေး ၂ ခဲ,
👉 စပါးလင် ၅ ပင် ထုထောင်းခွေထည့်
👉 ငရုတ်ပွ ၅ တောင့်,
👉 ငံပြာရည်ထည့်နယ်ပီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။
ငါးပြုတ်ရည်နဲ့ စပါးလင်ခွေကို ချက်မည့်အိုးထဲ စစ်ထည့်ထားပါ။

ကြက်သွန်ဖြူ, နီ , ဂျင်းထောင်း၍ ငရုတ်သီးအစိမ်းမှုန့်နဲ့
ရွနေအောင်ဆီသတ်ပီး နွှင်ထားတဲ့ငါးအသားကို ထည့်မွှေပါ။

ငါးအသားနဲ့ ဆီသတ်များရောသွားလျှင်
ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။

ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာချထားပါ။
မကြွတ်ပါစေနှင့်။

_____________________________________________________

၂။ ကုလားပဲဆန် ငါးဆယ်သားကို
( ဆီ၁ ဇွန်း, နနွင်းအနဲငယ်, ဂျင်းလက်ငါးလုံးခန့် ) နဲ့
နူးအိနေအောင်ပြုတ်ပီး ညက်နေအောင်ထောင်းပါ။

_____________________________________________________

ကဲ မုန့်ဟင်းခါး စ ချက်ပါတော့မယ်။
ကုလားပဲဆန် ပြုတ်ရည်ကိုတော့ ငါးပြုတ်ရည်ထဲ ရောထည့်ပါ။
ကျမကတော့ စပါးလင်အရသာကြိုက်တာမို့
စပါးလင်ထုခွေပီး ၂ ပင် ထပ်ထည့်ပါတယ်။

ထိုအရည်ထဲကို ငါးဆီသတ်နှင့် ပဲထောင်းထည့်၍ မီးဖိုပေါ်တင်မွှေပါ။
ဘဲဥပြုတ်ကို အိုးဘဲဥလုပ်ရန်ထည့်ပါ။

ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိတည်ပါ။

အရသာကို
ထညက်ရည်, အချိုမှုန့်, ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။

ရေ အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။
အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်သောကြောင့်ပါ။

ငပျောအူထည့်ပါ။
( ငပျောအူကတော့ လှီးပီး မချက်ခင် ရေထဲ နနွင်းထည့်၍
အနည်းဆုံး တစ်နာရီခန့် စိမ်ထားရပါမယ်။ )

ကြက်သွန်နီဥလေးများထည့်ပါ။

ချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။

_____________________________________________________

မုန့်ဟင်းခါးကျက်လျှင်တော့ မိမိ နှစ်သက်ရာ
နံနံပင်, သံပုရာသီး , ပဲသီး,
အကြော်, ငါးဖယ် , ငရုတ်သီးမှုန့်ပြင်ပီး စားသုံးနိုင်ပါပြီရှင်။

____________________________________________________

တစ်ကယ်လို့ မိသားစု လေးငါး ယောက်စာပဲချက်မယ်ဆိုရင်တော့
ကုလားပဲဆန် ၁၀ သား
ငါး ၁၅ ကျပ်သား
စပါးလင် ၂ပင် ( သို့ ) ၃ ပင်
ဂျင်း လက် ၂ ဆစ်ခန့်
မုန့်လုပ် ထညက်အသေး ၁ ခဲ
ငရုတ်ပွ ၂ ခုဆိုရင် ရပါပြီ။

_______________________________________________________________

" နာမည်ကြီး ဝက်ထမင်းပေါင်း ချက်နည်း "ဝက်သားအတုံးလိုက်ကို ရေနွေးဆူဆူမှာ ၄မိနစ်လောက်ပြုတ်ပြီး ပြန်ဆယ်ထား ခရင်းနဲ့ နေရာအနှံ...
25/10/2022

" နာမည်ကြီး ဝက်ထမင်းပေါင်း ချက်နည်း "

ဝက်သားအတုံးလိုက်ကို ရေနွေးဆူဆူမှာ ၄မိနစ်လောက်ပြုတ်ပြီး ပြန်ဆယ်ထား ခရင်းနဲ့ နေရာအနှံအပေါက်ဖြစ်အောင်လိုက်ထိုး ဆား သကြား ပဲငံပြာရည် အရသာမှုန့် ငရုတ်ကောင်း ( မဖြစ်မနေမထည့်ပစ္စည်းများမဟုတ်ပါ 👉 ဟင်းချက်ဝိုင် ပျားရည် red food colour ) တို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲမှာ ၅နာရီလောက်ကြာအောင် အသားနှပ်ပေးထားပါ။

အသားနှပ်ပြီးရင် ပေါင်းမှာလား oven ထဲထည့်ကင်မလား လှီးပြီးထည့်ကြော်မလား ကိုယ့်ဘာသာအဆင်ပြေရာလုပ်ပါ။ ပေါင်းမယ်ဆို ပေါင်းအိုးအလယ်ကန့်သုံးပြီး အသားကျက်တဲ့ထိပေါင်းပြီး အပြားလေးတွေလှီးပြီးစားလို့ရပြီ။ ထွက်လာတဲ့ အရည်ကိုမလွင့်ပစ်နဲ့ အောက်မှာသုံးရမယ့်နေရာတွေပေါ်လာလိမ့်မယ်။ ကင်မယ်ဆိုသေချာကျက်အောင်ကင်ပြီး စားလို့ရပြီ။ ခုကတော့ လှီးပြီး ချက်မယ်။

{ မူရင်းစာသားများအားမိမိဘာသာပြုပြင်ခြင်း Copyယူ Linkပြုလုပ်စီးပွားရှာခြင်းသည်းခံပါ }

ဘဲဥ ငုံးဥ ဝက်ဥချောင်းကြော် သခွားသီး နံနံပင် အသင့်ပြင်ထားပါ။

ကြက်သွန်ဖြူ တစ်ဥကိုအခွံခွာ ဓားပြားရိုက်ပြီး ဆီသပ် အရောင်ပြောင်းသွားရင် ပဲငပိအချိုထည့်ပြီးမွှေ ရေ ပဲငံပြာရည်အကြည် အရသာမှုန့် ထည့် လှီးထားတဲ့ ဝက်သားပြားထည့်ပြီးချက်။ ရေခမ်းခြောက်နေအောင် မချက်ရ ရေကျန်နေရပါမယ်။ ကော်ရည်ကြိုက်တယ်ဆို ကော်ရည်လေးဖျော်ထည့်ပြီး ခဏလောက် မီးအပူပေးလိုက်ဦး။ ပြီးမှ ထမင်းပေါ်ကနေ ဆမ်းချလိုက်ပြီး အစာပလာတွေနဲ့ စားရုံပါဘဲ ☺ မုန်ညှင်းရွက်တွေ မှိုတွေ ဘာတွေထည့်ချင်လည်း ဝက်ပြုတ်ရည်ထဲ ခနထည့်ပြုတ်ပြီး ပြန်ဆယ်ပြီး တွဲစားလို့ရပါတယ်။

ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ဝက်အသားပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။

{ မူရင်းစာသားများအားမိမိဘာသာပြုပြင်ခြင်း Copyယူ Linkပြုလုပ်စီးပွားရှာခြင်းသည်းခံပါ }

Credit : Ma May Moe Phyu

PhotoCredit

ညီအကိုနှစ်ဦး ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံး~~~~~~~~~~~~~~~မန္တလေးမြို့ မဟာအောင်မြေမြို့နယ် 36လမ်း/ 87×88လမ်းကြားတွင် နေထိုင...
25/10/2022

ညီအကိုနှစ်ဦး ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံး
~~~~~~~~~~~~~~~

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် 36လမ်း/ 87×88လမ်းကြားတွင် နေထိုင်သော ညီအကိုနှစ်ဦးသည် 10:00AM အချိန်ခန့်က ရန်ဖြစ်ပွားခဲ့ရာ အကိုဖြစ်သူမှ ဓါးဖြင့်ထိုးလိုက်သဖြင့်-

အသက်27နှစ်အရွယ် ညီဖြစ်သူမှာ ထိုးသွင်းဒဏ်ရာဖြင့် ကွယ်လွန်သွားသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ကူညီ‌‌ ပေးခဲ့ပါသည်။

"မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး)

#သတင်းနှင့်ပြန်ကြားရေး 24.10.2022

ပြည်သူ့အလှူငွေသည်ပြည်သူအားကူညီဖို့သာဖြစ်သည်

K Pay- 09402611166

⏰ 24 Hours
🚨 အရေးပေါ်ကြုံတွေ့လာပါက
🙏 သင့်ဖုန်း(1)Callဖြင့်ကူညီပါ။
☎️09.402611166 ၊ 36လမ်း ၊ 86လမ်းထောင့်၊
☎️09.402611177 ၊ မြတောင်ကျောင်းတိုက်၊
☎️09.402611188 ၊ မဟာအောင်မြေမြို့နယ်။

ဝက်ပင်စိမ်းကြော်==========ဝက်ကြိတ်သားကိုဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။ပဲတောင့်ရှည်သီး၃တောင့်လှီးထ...
23/10/2022

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

#ဖိုးသက်Kitchen

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

Crd........

*** ကြာဇံကြော် ***ကြော်တတ်တဲ့သူတော့များမှာ မကြော်တတ်သူအတွက် တော့ အထောက်အကူ ဖြစ်အောင်ဖို့ပါဆီနည်းနည်းနဲ့ ဆိုင် ကြာဇံ ကြော...
23/10/2022

*** ကြာဇံကြော် ***

ကြော်တတ်တဲ့သူတော့များမှာ မကြော်တတ်သူအတွက် တော့ အထောက်အကူ ဖြစ်အောင်ဖို့ပါ
ဆီနည်းနည်းနဲ့ ဆိုင် ကြာဇံ ကြော် နည်း စား၇တာလဲမအီ ...ခုကြော်ထားတာ လူ၁၀ယောက်စာ ပါ
ပါ၀င်ပစ္စည်း
ဆန်ကြာဇံ
ဆန်အ၇က်
ခ၇ုဆီ
ကြက်သွန်ဖြူ
ကြက်ဥ
တ၇ုတ်ငံပြာ၇ည် အကြည်
Luncheon Meat
နှမ်းဆီ အနည်းငယ်
င၇ုတ်ကောင်း မှုန့်
၀က်သားသို့မဟုတ်ကြက်သား
ဆီ ထမင်းစားဇွန်း ၂ ဇွန်း သို့မဟုတ် ၃ဇွန်း
ဂေါ်ဖီ
ဗိုလ္​ စားပဲ
မုန်လာဥ နီ
(မိမိနစ်သက်၇ာအ၇ွက်ထည့်ပါ)

ပြုလုပ်နည်း
ဆန်ကြာဇံ ကို ၁နာ၇ီ ခန့် ေ၇စိမ်ထားပါ
ကြက်ဥ /Lunceon Meat ကို ဆီ အနယ်းငယ် ဖြင့်
ကြော်ပီး ပါးပါး လှီးထားပေးပါ ပီးလျှင်
မုန်လာဥ နီကို ေ၇နွေးဆူဆူထဲသို့ ဆားအနည်းငယ် ထည့်ပီး နူးသည့်ထိ ခန ပြုတ်လိုက်ပါ ပီးလျှင် ဗိုလ်စားပဲ
ထည့် ပီး သွန် ပြစ် ပါ ေ၇အေးဖြင့် ဆေးပီး ဇကာဖြင့်
ခန စစ်ထားပေးပါ

အိုးထဲ သို့ ဆီအနည်းငယ်ထည့်ပီး ကြက်သွန်ဖြူ
ဆီသတ် ၀က်သား သို့မဟုတ် ကြက်သား
ထည့် နှမ်းဆီ ဆန်အ၇က် အနည်းငယ် ထည့်
ေ၇အနည်းငယ် ထည့်ပီး ခန အုပ်ထားပေးပါ ပီးလျှင်
ကြာဇံ ထည့် ခ၇ုဆီ တ၇ုတ်ငံပြာ၇ည် ထည့်
ေ၇ အနည်းငယ် ထည့်ပီး ခနအုပ်ထား ကြက်ဥ အသားချောင်း ကြော် ထားတာ ထည့် ဂေါ်ဖီ ထည့်ပီး
လိမ့်ပေး ပါ ကြာဇံ ဂေါ်ဘီ အိသွားပီးဆိုလျှင် ေ၇နွေးဖျော ထားသော မုန်လာဥ နီ ဗိုလ်စားပဲ ထည့် င၇ုတ်ကောင်း အဖြူ မှုန့် ထည့်ပီး အဖုံး အုပ် မီးပိတ်၇ပီ

ဒီနည်းဖြင့် ကြော်ကြည့်ပါနော အ၇ွက်အေ၇ာင်အထားခံပီး လူအများစာ အတွက် အဆင်ပြေပါတယ်
ဆီလဲ မများ တော့ ကြာဇံ ကမအီ ပဲ အိအိလေးနဲ့ စားကောင်းတယ် ရှင့် အဓိကအိုးအပူ ငွေ့ နဲ့ ေ၇ကို လိမ့်
ပီး ကြော်ထားတာပါ
အများစာ အလှူ အတွက် တကယ်သင့်တော်ပါတယ် စားကောင်း ကြပါစေရှင့်
(ဂေါ်ဖီ ကိုလဲဆား၇ည်ဖြင့် တစ်နာ၇ီခန့် ေ၇စိမ်းထားပေးပါ)...

မူရင်းချက်ပြုတ်နည်းရေးသားသူ မနော်ဖြူဖြူ အား credit ပေးပါသည်။
လေးစားစွာဖြင့် မျှဝေသည်။

နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မှူးကြီး စောချစ်သူသမီးပိုင်ကုန်တိုက်မှာ မပေါက်ကွဲသေးတဲ့ ကားဗုံးတွေ့ရှိ+++++++++++++++++အော...
19/10/2022

နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မှူးကြီး စောချစ်သူသမီးပိုင်ကုန်တိုက်မှာ မပေါက်ကွဲသေးတဲ့ ကားဗုံးတွေ့ရှိ
+++++++++++++++++
အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)ရဲ့ ဗိုလ်မှူးကြီး စောချစ်သူသမီးပိုင် လင်းသီရိကုန်တိုက်(၁)အနီး မပေါက်ကွဲသေးတဲ့ ကားဗုံး ဒီနေ့အောက်တိုဘာလ ၁၈ ရက်နေ့၊ နေ့လည်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများဆီက သိရပါတယ်။

Pajero IO ကားပေါ်မှာ တပ်ဆင်ထားတဲ့ ဗုံးကို လင်းသီရိကုန်တိုက်ရှေ့အနီး ဘုရင့်နောင်လမ်းနဲ့ ဦးအောင်ဇေယျလမ်းထိပ်မှာ ရပ်ထားတာကို တွေ့ရှိပြီးနောက် စစ်ကောင်စီတပ်သားများက ညနေပိုင်းထိ ဖယ်ရှားရှင်းလင်းနေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းရှင်းလင်းချိန် စစ်ကောင်စီတပ်က ကားလမ်းများ ပိတ်ထားခဲ့ပြီး ဘယ်အဖွဲ့က မိုင်းထောင်ထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ငါးပိကောင်ချက်နည်းငါးပိကောင်ချက်နည်း🐟🐟🐟မချက်ခင် /မကြော်ခင်..ငါးဗိုက်ထဲက ဆားကုန်အောင်ဆေးပါ... #ငါးပိကောင် အငံလျော့အောင် လ...
13/10/2022

ငါးပိကောင်ချက်နည်းငါးပိကောင်ချက်နည်း🐟🐟🐟
မချက်ခင် /မကြော်ခင်..
ငါးဗိုက်ထဲက ဆားကုန်အောင်ဆေးပါ...

#ငါးပိကောင် အငံလျော့အောင် လို့...
ဆန်ဆေးရည်ထဲကို နာရီဝက် အနည်းဆုံး စိမ်ထားပါ...
(ပိုကြာကြာ စိမ်ထားလေ အငံ ပို လျော့လေပါပဲရှင်...)
ချက်ခါနီး မှ ရေသေချာထပ်ဆေးပြီး
အတုံးလေးတွေ တုံးထားပါ....

-အိုးပူရင် ဆီထည့်ပါ...ဆီပူရင် ဆနွင်းထည့်ပါ..
-ခရမ်းချဥ်သီးမှည့် ကိုပါးပါးလှီးပြီး
ဆီပူထဲထည့်..🍅🍅ကြေအောင်ခြေပါ..

-သကြားကော်ဖီဇွန်း 1ဇွန်း (သို့) 1 ဇွန်းခွဲ ထည့်ပြီးမွှေပါ..🥄🥄
-ကြက်သွန်ဖြူ/ နီထောင်းထားတာထည့်ပါ..🌰🌰
အရောင်ပိုလှအောင် ငရုတ်သီးအစိမ်းမှုန့်/
အရောင်တင်မှုန့်နည်းနည်းထည့် ပါ...
(ကြက်သွန်တွေ နွမ်းပျော့လာပြီးအနှစ်ရအောင်
သေချာ မွှေပါ..)

ငရုတ်သီးအစိမ်းမှုန့် အစိမ်းနံ့ပျောက်ပြီး
အနှစ်အရသာ အနေတော်ဖြစ်ရင်...
-ငါးပိကောင် တုံးထားတာထည့်ပါ..🦈
- ငရုတ်သီးစိမ်းခြမ်းထားတာထည့်ပါ...🌶🌶
- နှံအောင်မွှေပြီး ငါးအတုံး ရေမြုပ်ရုံလေးထည့်ပါ...
- ဟင်းခပ်မှုန့်အနည်းငယ်ထည့်ပါ...

- ရေခမ်း ဆီပြန်လာရင် မြည်းကြည့်ပြီး ပေါ့လွန်းနေရင်.. ငံပြာရည်လေးနည်းနည်းထည့်ပါ..
(တစ်ခါတစ်လေ ငါးပိကောင်ကို ဆန်ဆေးရည် စိမ်တာ ကြာသွားရင် အငံ အရမ်းပေါ့သွားတတ်လို့ပါ...)

-ငါးပိကောင် အသားကျက်သွားတဲ့ အခါ...
-ဆီပြန်ပြီး အနှစ်အရသာ စိတ်ကြိုက်ရ ရင်တော့..
ရှမ်းနံနံ(သို့) နံနံပင် ကြိုက်တာထည့်ပြီးရင်....☘️
ငါးပိကောင် ခရမ်းချဉ်သီးချက်လေး
ရပါပြီရှင်..🥘🥘
ထမင်းပူပူ ငါးပိကောင်ဟင်းလေးနဲ့
စားလို့မြိန်ကြပါစေရှင့်...😋🍛🍛🍛😋

နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ...❤️🙏❤️
credit

ပုစွန်ငံပြာရည်ခဲ အသုံးပြုနည်းများအချိူမှုန့် အစားထိုး အသုံးပြုလို့ရပါတယ်...အရမ်းကောင်းတယ်ရှင့် ကျွန်မကတော့ အသီးအရွက်ကြော...
13/10/2022

ပုစွန်ငံပြာရည်ခဲ အသုံးပြုနည်းများ

အချိူမှုန့် အစားထိုး အသုံးပြုလို့ရပါတယ်...

အရမ်းကောင်းတယ်ရှင့် ကျွန်မကတော့ အသီးအရွက်ကြော်တာကလွဲလို့ ဘာဟင်းချက်ချက်ထည့်ဖြစ်တယ် အချိုမှုန့်သုံးစရာမလိုအောင်ချိုတယ်...

ချဉ်ရည်ဟင်း/ချဉ်ပေါင်ကြော်သုံးကြည့်အရမ်းကောင်းသောဟင်းချိုမှုန့် လွတ်လို့ရတယ်😊...

ငပိ၊ငံပြာရည် ထည့်ချက်ရတဲ့ ဟင်းတိုင်းမှာထည့်ချက်ပါရှင် ၊အရမ်းကောင်းသောငံပြာရည်ခဲပါ...

ငါး ပုစွန် ဆီသတ်ချက်ရင် ကြက်သွန် ဆီသတ်တဲ့ အချိန် ထည့်ပါတယ်။
ချဉ်ရည်ချက်ရင် အသားနယ်တဲ့ထဲ ထည့်နယ်ပါတယ်...

ငံပြာရည်ကိုခဲအောင်လုပ်ထားတာမဟုတ်ပါဘူးရှင် ရွှေပုဇွန်လုပ်ဖို့အတွက်ပုဇွန်ပြုတ်တဲ့အရည်တွေကို မီးအထပ်ထပ်နဲ့ပြန်ပြုတ်ပြီးခဲအောင်လုပ်ထားတာပါ ဘာchemicalမှမပါပဲနဲ့ ပုဇွန်ကထွက်တဲ့သဘာဝကော်လာဂျင်ကြောင့်ခဲနေတာပါ ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်သုံးတာမို့ပြောပြနိုင်တာပါရှင် ပုဇွန်ရဲ့အချိုဓာတ်ပါ​တဲ့အတွက် အချိုမှုန့်အစားထိုးသုံးနိုင်တယ် ငံပြာရည်/ငပိ အစားထိုးသုံးလို့ရပါတယ် ဟင်းသီးဟင်းရွက်ဟင်းချိုချက်တာတို့ ချဉ်ပေါင်ကြော်ထဲထည့်ကြော်တာတို့နဲ့အားကြီးလိုက်ပါတယ်...

Credit photo
Credit All

နွားနို့ခဲချက်♥~~~~~~♥အရင်ကနို့ခဲကို ဆီနဲ့ကြော် သကြားနဲ့တို့စားတယ် (ချက်မစားတတ်လို့) နောက်တခါကျတော့ နို့ခဲကို အစိမ်းကြော...
11/10/2022

နွားနို့ခဲချက်
♥~~~~~~♥
အရင်ကနို့ခဲကို ဆီနဲ့ကြော် သကြားနဲ့တို့စားတယ် (ချက်မစားတတ်လို့)
နောက်တခါကျတော့ နို့ခဲကို အစိမ်းကြော်လိုကြော်စားတယ် (သိပ်မလိုက်ဖက်ဘူး😒)
အခုမှအဆင်ပြေသွားတော့တယ်
ကျမတို့မြို့က နွားနို့ခဲစစ်စစ် ထွက်တယ်
မွှေးပြီးဆိမ့်နေရောပဲ
အနီဖြူ ဆနွင်း ခရမ်းချဥ်သီးများများနဲ့ ငရုတ်သီးစိမ်းကိုဆီသပ် ခရမ်းချဥ်သီး လိပ်ပြီဆိုမှ နို့ခဲလေးထည့် ရေလည်းနည်းနည်စီခံပြီး နွားနို့ခဲထဲအရသာဝင်မှ ဆီပြန်ရင် နံနံပင်ငရုတ်သီးတောင့်လေးအုပ်ပြီးချ
ငရုတ်သီးစိမ်းနံ့လေးမွှေးနေတဲ့
အနှစ်ကလေးကို ထမင်းနဲ့နယ် နို့ခဲဖတ်လေးဝါး
အိုး....လိုက်ဖက်နေတာ
လက်စသတ်တော့
နို့ခဲချက်မှာ
🍅ခရမ်းချဥ်သီးက🍅 ဆရာကြီးကိုး😁
Credit ......

ကြက်ကချင်ချက်-------------------------------------ဒီနေ့ ဝတ်ရည်အိမ်မှာ ကြက်ကချက်လေး ချက်စားဖြစ်လို့ ချက်နည်း ပြန်ရှဲပေးလိ...
25/09/2022

ကြက်ကချင်ချက်
-------------------------------------
ဒီနေ့ ဝတ်ရည်အိမ်မှာ ကြက်ကချက်လေး ချက်စားဖြစ်လို့ ချက်နည်း ပြန်ရှဲပေးလိုက်တယ်နေိာ
-------------------------------------
ပါဝင်ပစ္စည်များ

ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – စားပွဲတင်ဇွန်း တဝက်
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
ဖက်ဖယ်ရွက် – လက်တဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် Supermart တွင် ဝယ်ယူနိုင်သည်)
-------------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။

၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။

၃။ ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။
-------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။

၂။ ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။

၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။

၄။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။

၅။ ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။

၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Credit : Wutyee Food House

ကြွပ်ကြွပ်ရွရွ ချိစ်အာလူးလုံးကြော် 😍😍😍ချိစ်အရသာ စိမ့်စိမ့်လေးနဲ့ အာလူးလုံးကြော်လေး ကိုယ်တိုင် မလုပ်စားချင်ဘူးလား ❓ကြွပ်က...
25/09/2022

ကြွပ်ကြွပ်ရွရွ ချိစ်အာလူးလုံးကြော် 😍😍😍
ချိစ်အရသာ စိမ့်စိမ့်လေးနဲ့ အာလူးလုံးကြော်လေး ကိုယ်တိုင် မလုပ်စားချင်ဘူးလား ❓ကြွပ်ကြွပ်ရွရွ၊ ပူပူနွေးနွေးလေး စားလို့ရအောင် ဘယ်လို ကြော်ရမလဲ ကြည့်ကြည့်ရအောင်ပါ။ ကိုယ့် Crush 😘 ကို ကြော်ကျွေးလို့ ရတာပေါ့ ❤❤❤ အရမ်းလွယ်ပါတယ်။

ပါဝင်ပစ္စည်း
😁😁😁😁
အာလူး-(၃) လုံး
သကြား- စားပွဲတင်ဇွန်း(၂) ဇွန်း
ဆား- အနည်းငယ်
ချိစ်အတုံးသေး- (၁၀) တုံးခန့်
ကြက်ဥ-(၁)လုံး
မုန့်ကြွပ်မှုန့်- ပန်းကန်လုံး(၁) လုံး

ချိစ်အာလူးလုံးကြော်နည်း
😋😋😋😋😋😋😋😋
၁။ ပထမဆုံး အာလူး(၃) လုံးကို အခွံနွှာပြီး ရေစင်အောင်ဆေးလို့ ပြုတ်လိုက်ပါ။ နူးအိလာပြီဆိုရင် ဆယ်ယူပြီး ကြိတ်ချေထားပါ။
၂။ အာလူးတွေ ကြေသွားပြီဆိုရင် သကြားလက်ဖက်စားဇွန်း (၂) ဇွန်း၊ ဆားအနည်းငယ် ထည့်ပြီး နယ်ပါ။
၃။ ကြက်ဥတစ်လုံး ခေါက်ထားပြီး ချိစ်အတုံးသေးလေးတွေနဲ့ မုန့်ကြော် ပြင်ဆင်ထားပါ။
၄။ အာလူးချေထားတာကို လက်ထဲမှာ အပြားလေးလုပ်ပြီး ချိစ်အသေးလေးတစ်တုံးထည့်ကာ အလုံးလေးတွေ လုံးပါ။ အာလူးတွေအကုန်
လုံးထားလိုက်ပါ။
၅။ ပြီးရင်တော့ အဲဒီ့အာလူးလုံးလေးတွေကို ခေါက်ထားတဲ့ ကြက်ဥထဲ ထည့်နှစ်ပြီး မုန့်ကြွပ်ကပ်ပါ။
၆။ အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် အာလူးလုံးလေးတွေ ထည့်ကြော်လို့ ရပါပြီ။ ရွှေရောင်သမ်းလာပြီဆိုရင်တော့ အရသာ Very Good တဲ့ ချိစ်အာလူးလုံးရပြီပေါ့ ❗

🙄🙄🙄 ချိစ်အတုံးသေးလေးတွေကို ဆိုင်တွေမှာအလွယ်တကူ ဝယ်လို့ရပါတယ်။ ကြော်တဲ့အခါမှာတော့ မတူးသွားအောင် ဂရုစိုက်ရပါမယ်။ မီးအေးအေး၊ ဆီများများနဲ့ အတွင်း၊အပြင် အကျက်ညီအောင် စိတ်ရှည်လက်ရှည်ကြော်ပေးပါ။

❌❌❌ မိမိနှင့် မိမိ၏မိသားစုကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။

Credit Original Uploader

ဟိုတယ်သွားလည်မယ်ဆိုတော့သူ့ပိုင်တဲ့ဟိုတယ်ကိုလိုက်ပြမယ်ထင်တာပေါ့ဘယ်ဟုတ်မလဲဟိုတယ်ထဲမှာပေါက်နေတဲ့မှိုသွားနူတ်တာ😁😁😁ဘယ်ရမလဲအိမ...
23/09/2022

ဟိုတယ်သွားလည်မယ်ဆိုတော့သူ့ပိုင်
တဲ့ဟိုတယ်ကိုလိုက်ပြမယ်ထင်တာပေါ့
ဘယ်ဟုတ်မလဲဟိုတယ်ထဲမှာပေါက်နေတဲ့မှိုသွားနူတ်တာ
😁😁😁ဘယ်ရမလဲအိမ်ပြန်ရောက်တော့
လက်စွမ်းကပြချင်ပြီလေမှိုကိုသေချာဆေးလှီးချွတ်ပြီး
ကြက်သွန်ဖြူငရုတ်သီးစိမ်းနဲ့လတ်လတ်ဆတ်ဆတ်ကြော်
စားလိုက်တယ်ဒါတင်မပြီးဘူးသူကလဲသူစားချင်တာ
မှိုတစ်ခွက်ထချက်တာမသိရင်မှိုချက်ပြိုင်ပွဲကျင်းပနေသလိုပဲ😁😁😁😁
Credit Aries Kin

Address

George Town
11060

Telephone

+601139408719

Website

Alerts

Be the first to know and let us send you an email when San Thit Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San Thit Media:

Videos

Share