Zigon ThaDin ဇီးကုန်းသတင်း

Zigon ThaDin ဇီးကုန်းသတင်း ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၏ သတင်းများကိုဖော်ပြပါသည်

02/02/2025

ဇီးကုန်းမြို့နယ်မှ ပြည်သူများ၏ ၂၀၂၁စစ်အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ (မှတ်တမ်းရုပ်သံ)

28/01/2025

သာယာဝတီခရိုင်ထဲက ကာမပိုင်မရှိသည့် အမျိုးသမီးများအား ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမည်

Tharyarwaddy 8 City / ဇန်နဝါရီ၂၈၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် နတ်တလင်းမြို့နယ်တို့တွင် ကာမပိုင်မရှိသည့် အမျိုးသမီးများအား စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်းအား လာမည့် ဖေဖော်ဝါရီလအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စစ်ကောင်စီမှ ပြဌာန်းထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ လတ်တလော ခေါ်ယူမည့် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ်(၁)အတွက်သာယာဝတီခရိုင်အတွင်း မကြာသေးခင်က ကောက်ယူထားသည့် လူဦးရေ (သန်းခေါင်စာရင်း)ကို အခြေခံကာ အသက် ၁၈နှစ် မှ အသက်၂၇နှစ်အတွင်း အကျုံးဝင်သည့် ကာမပိုင်မရှိသူ အမျိုးသမီးများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"၂လပိုင်းထဲမှာ စစ်မှုထမ်းရမယ့် အမျိုးသမီးတွေရဲ့ စာရင်းတွေ လုပ်ပါမယ်။ ကာမပိုင်မရှိတဲ့ အပျိုတွေနဲ့ ကလေးမရှိတဲ့ အိမ်ထောင်ကွဲတွေကို အဓိကထားပြီး စစ်မှုထမ်းဖို့ ခေါ်သွားမှာပါ။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေဆို ကာမပိုင်ရှိကြောင်း သက်သေအထောက်အထား ပြနိုင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရပါမယ်"ဟု သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေအုပ်)ဝန်ထမ်း တစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အရ စစ်မှုထမ်းဥပဒေပါ အသက်အရွယ်တွင် ရှိသော အိမ်ထောင်သည် အမျိုးသမီးများ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများနှင့် အခြားကင်းလွတ်ခွင့်ရရှိမည့်သူများကို ထုတ်ပြန်ထားသည်။

သတင်း/စာတည်း - ရာမန်

#သာယာ၀တီခရိုင်

"ရွာမှာ ကိုမြင့်ထွေး ပစ်သတ်ခံရတဲ့နေ့ကတည်းက PDFတွေ သတ်မှာကြောက်ပြီး အုပ်ကြီး ဦးသိန်းအောင်နဲ့ ကိုဦးတို့ တိမ်းရှောင်နေကြတ...
26/01/2025

"ရွာမှာ ကိုမြင့်ထွေး ပစ်သတ်ခံရတဲ့နေ့ကတည်းက PDFတွေ သတ်မှာကြောက်ပြီး အုပ်ကြီး ဦးသိန်းအောင်နဲ့ ကိုဦးတို့ တိမ်းရှောင်နေကြတာ။ သူတို့တွေ တိမ်းရှောင်နေတော့ ရွာမှာ အုပ်ကြီးမရှိ ဖြစ်နေတဲ့အတွက် ဦးသိန်းအောင်ကို ရွာမှာနေပြီး အုပ်ချုပ်ဖို့ စစ်တပ်ကပြောတယ်။ ဦးသိန်းအောင်က PDFတွေသတ်မှာကြောက်လို့ ရွာပြန်မလာရဲဘူးပြောတော့ သူ့ညီ ဦးသန်းအောင်ကို စစ်သားတွေ ဖမ်းခေါ်သွားတယ်။ အရင်ရက်ကတော့ သိန်း၂၀ပေးရင် ဦးသန်းအောင်ကို ပြန်လွှတ်ပေးမယ်ဆိုလို့ ပေးလိုက်တာလည်း ဦးသိန်းအောင် ရွာမှာ အုပ်ကြီးပြန်လုပ်မှ လွှတ်ပေးမယ်ပြောပြီး ငွေသာယူထားတာ ခုထိပြန်မလွှတ်ပေးဘူး"ဟု ဒေသခံတစ်ဦး မှ Tharyarwaddy 8 City ကို ​ရှင်းပြသည်။

ဇီးကုန်းမှာ PDFတွေ ပစ်ခတ်ရှင်းလင်းမှာကြောက်ပြီး အုပ်ချုပ်ရေးမှူး တိမ်းရှောင်နေလို့ တာဝန်ပြန်ထမ်းရန် ညီဖြစ်သူအား ဖမ်းဆီး၍ စစ်ကောင်စီတပ် ဖိအားပေး

Tharyarwaddy 8 City / ဇန်နဝါရီ၂၆၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သိန်းအောင်၊ တွဲဘက်အုပ်ချုပ်ရေးမှူး ကိုဦးနှင့် ပျူစောထီး မြင့်ထွေး တို့အား ဇန်နဝါရီလ ၁၀ရက်နေ့တွင် BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့)မှ ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပျူစောထီး မြင့်ထွေး သေဆုံးခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။

ပျူစောထီး မြင့်ထွေး သေဆုံးသွားပြီးနောက် အုပ်ချုပ်ရေးမှူး သိန်းအောင်နှင့် တွဲဘက်အုပ်ချုပ်ရေးမှူး ကိုဦးတို့မှာ PDFတွေ ပစ်ခတ်ရှင်းလင်းမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် မီးကောက်ပင်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး မရှိဖြစ်နေကြောင်း သိရသည်။

ထိုကဲ့သို့ အုပ်ချုပ်ရေးမှူး မရှိဖြစ်နေသည့်အတွက် ထွက်ပြေး တိမ်းရှောင်နေသည့် သိန်းအောင်အား ရွာမှာပြန်နေပြီး အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီတပ်မှ ပြောဆိုသည်ကို လက်မခံတာကြောင့် ဇန်နဝါရီလ ၁၃ရက်နေ့ မွန်းလွဲ ၄နာရီခန့် အချိန်တွင် ၄င်း၏ ညီဖြစ်သူ အသက်(၇၀)ကျော်အရွယ် ဦးသန်းအောင်အား လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရပါသည်။

"ရွာမှာ ကိုမြင့်ထွေး ပစ်သတ်ခံရတဲ့နေ့ကတည်းက PDFတွေ သတ်မှာကြောက်ပြီး အုပ်ကြီး ဦးသိန်းအောင်နဲ့ ကိုဦးတို့ တိမ်းရှောင်နေကြတာ။ သူတို့တွေ တိမ်းရှောင်နေတော့ ရွာမှာ အုပ်ကြီးမရှိ ဖြစ်နေတဲ့အတွက် ဦးသိန်းအောင်ကို ရွာမှာနေပြီး အုပ်ချုပ်ဖို့ စစ်တပ်ကပြောတယ်။ ဦးသိန်းအောင်က PDFတွေသတ်မှာကြောက်လို့ ရွာပြန်မလာရဲဘူးပြောတော့ သူ့ညီ ဦးသန်းအောင်ကို စစ်သားတွေ ဖမ်းခေါ်သွားတယ်။ အရင်ရက်ကတော့ သိန်း၂၀ပေးရင် ဦးသန်းအောင်ကို ပြန်လွှတ်ပေးမယ်ဆိုလို့ ပေးလိုက်တာလည်း ဦးသိန်းအောင် ရွာမှာ အုပ်ကြီးပြန်လုပ်မှ လွှတ်ပေးမယ်ပြောပြီး ငွေသာယူထားတာ ခုထိပြန်မလွှတ်ပေးဘူး"ဟု ဒေသခံတစ်ဦး မှ Tharyarwaddy 8 City ကို ​ရှင်းပြသည်။

ဇီးကုန်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်ရှင်းလင်းခံရမှာကြောက်ပြီး အုပ်ချုပ်ရေးမှူးများ ဆယ်နဲ့ချီ နှုတ်ထွက်စာ တင်ထားကြသော်လည်း စစ်ကောင်စီမှ နှုတ်ထွက်ခွင့်မပြုတာကြောင့် အုပ်ချုပ်ရေးမှူးများ တိမ်းရှောင် ထွက်ပြေးနေကြကြောင်း သိရှိရပါသည်။

ဓာတ်ပုံ - စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ဦးသန်းအောင်

သတင်း - ဇွန်ပန်း
စာတည်း - ရာမန်

#ဇီးကုန်းမြို့နယ်

26/01/2025
“အုပ်ကြီးဇော်ကြီးက စစ်မှုထမ်းဖို့ နံမည်ပါတယ်ဆိုပြီး စစ်သားတွေနဲ့ လာဖမ်းခေါ်တာကို ကောင်လေးက မလိုက်ဘူးငြင်းတယ်။ သူ့အမေကလည်...
21/01/2025

“အုပ်ကြီးဇော်ကြီးက စစ်မှုထမ်းဖို့ နံမည်ပါတယ်ဆိုပြီး စစ်သားတွေနဲ့ လာဖမ်းခေါ်တာကို ကောင်လေးက မလိုက်ဘူးငြင်းတယ်။ သူ့အမေကလည်း သူ့သားက လူကောင်သာကြီးတာ စိတ်ကျန်းမာရေးမကောင်းတဲ့ အော်တစ်ဇင်ရောဂါသည်လေးမို့ မခေါ်ဖို့ပြောတယ်။ အဲ့မှာစစ်သားတွေ အတင်းခေါ်ဖို့လုပ်တော့ ကောင်လေးက သူ့အမေခြေထောက် ဆွဲထားတာပေါ့။ ဒီလိုခေါ်မရဖြစ်နေတော့ ကောင်လေးအမေရဲ့ခေါင်းကို သေနတ်နဲ့ထောက်ပြီး လက်လွှတ်ရင်လွှတ် မလွှတ်ရင် မင်းအမေကိုပစ်သတ်မယ်လို့ စစ်ဗိုလ်က ခြိမ်းခြောက်တယ်။ သူ့အမေအသတ်ခံရမှာစိုးလို့ ကောင်လေးက လက်လွှတ်ပေးရော စစ်သားတွေက အတင်းဖမ်းခေါ်သွားတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ဇီးကုန်းမှာ မိခင်ဖြစ်သူအား သေနတ်နဲ့ ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ စိတ်ဝေဒနာ ခံစားနေရသည့် လူငယ်၁ဦးကို စစ်ကောင်စီတပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထဲထည့်

Tharyarwaddy 8 City / ဇန်နဝါရီ၂၁၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်မှာ မိခင်ဖြစ်သူအား သေနတ်နဲ့ ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ စိတ်ဝေဒနာ ခံစားနေရသည့် လူငယ်၁ဦးကို စစ်ကောင်စီတပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထဲထည့်လိုက်ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းအုပ်စု၊ မြောက်လွတ်ကုန်းကျေးရွာမှ ညဏ်ရည်မဖွံ့ဖြိုးသော အော်တစ်ဇင် စိတ်ဝေဒနာခံစားနေရသည့် လူငယ်တစ်ဦးအား အုပ်ချုပ်ရေးမှူး ဇော်ကြီး(ခ)သန်းဇော်ထွန်းနှင့် စစ်ကောင်စီတပ်သားများက စစ်မှုထမ်းဖို့ မဲပေါက်သည်ဟုဆိုကာ နေအိမ်မှာ လာရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးစဥ် စိတ်ဝေဒနာခံစားနေရသည့် လူငယ်မှာ မိခင်ဖြစ်သူ၏ ခြေထောက်အားဆွဲထားကာ လိုက်ဖို့ငြင်းဆန်​သဖြင့် မိခင်ဖြစ်သူ၏ ဦးခေါင်းတည့်တည့်အား စစ်ကောင်စီတပ်ဗိုလ်မှ သေနတ်နဲ့ချိန်၍ ပစ်သတ်မည်ဟု​ခြိမ်းခြောက်ကြောင်း၊ မိခင်အသတ်မခံရရေးအတွက် စိတ်ဝေဒနာခံစားနေရသည့် လူငယ်မှာ မိခင်၏လက်အား လွှတ်ပေးသဖြင့် စစ်ကောင်စီတပ်သားများမှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အုပ်ကြီးဇော်ကြီးက စစ်မှုထမ်းဖို့ နံမည်ပါတယ်ဆိုပြီး စစ်သားတွေနဲ့ လာဖမ်းခေါ်တာကို ကောင်လေးက မလိုက်ဘူးငြင်းတယ်။ သူ့အမေကလည်း သူ့သားက လူကောင်သာကြီးတာ စိတ်ကျန်းမာရေးမကောင်းတဲ့ အော်တစ်ဇင်ရောဂါသည်လေးမို့ မခေါ်ဖို့ပြောတယ်။ အဲ့မှာစစ်သားတွေ အတင်းခေါ်ဖို့လုပ်တော့ ကောင်လေးက သူ့အမေခြေထောက် ဆွဲထားတာပေါ့။ ဒီလိုခေါ်မရဖြစ်နေတော့ ကောင်လေးအမေရဲ့ခေါင်းကို သေနတ်နဲ့ထောက်ပြီး လက်လွှတ်ရင်လွှတ် မလွှတ်ရင် မင်းအမေကိုပစ်သတ်မယ်လို့ စစ်ဗိုလ်က ခြိမ်းခြောက်တယ်။ သူ့အမေအသတ်ခံရမှာစိုးလို့ ကောင်လေးက လက်လွှတ်ပေးရော စစ်သားတွေက အတင်းဖမ်းခေါ်သွားတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ထိုကဲ့သို့ ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စိတ်ဝေဒနာခံစားနေရသည့် လူငယ်အား မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ် အခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၄)ကို ပို့ဆောင်လိုက်ကြောင်း၊ ဇန်နဝါရီလ ၁၈ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ဇော်ကြီး(ခ)သန်းဇော်ထွန်းမှ စစ်မှုထမ်းထောက်ပံ့ကြေးငွေ ကျပ်သိန်း၂၀ကို မိခင်ဖြစ်သူအား မယူရင် ဖမ်းဆီးမည်ပြောကာ လာပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇွန်ပန်း
စာတည်း - ကိုမိုက်

#ဇီးကုန်းမြို့နယ်

21/01/2025

ဇီးကုန်းမြို့နယ်က အော်တစ်ဇင်(ညဏ်ရည်မဖွံ့ဖြိုးသည့်ရောဂါ)ဖြစ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲပြီး စစ်တပ်ထဲ အတင်းအကြပ် ထည့်ခံရ

"အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက စစ်မှုထမ်းကြေးဆိုပြီး လက်လုပ်လက်စားတွေဆို နှစ်သောင်း၊ အဆင်ပြေတဲ့သူဆို သုံးသောင်း လစဥ်တောင်းန...
19/01/2025

"အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက စစ်မှုထမ်းကြေးဆိုပြီး လက်လုပ်လက်စားတွေဆို နှစ်သောင်း၊ အဆင်ပြေတဲ့သူဆို သုံးသောင်း လစဥ်တောင်းနေတယ်။ သူတို့တောင်းတာ မပေးတဲ့သူတွေကို စစ်တပ်ခေါ် ပေါ်တာဆွဲခိုင်းနေလို့ မရှိရှိတာ ရောင်းချပေးနေရတယ်။ ခုဆိုစားဖို့ထက် စစ်မှုထမ်းကြေးပေးဖို့ မရရတဲ့အလုပ်လုပ်ပြီး ပေးနေရလို့ အခက်ကြုံနေပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ​ပြောပြပါသည်။

သာယာဝတီနဲ့ ဇီးကုန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးများက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဥ်တောင်းနေလို့ ပြည်သူတွေ အခက်ကြုံနေ

Tharyarwaddy 8 City / ဇန်နဝါရီ၁၉၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်နဲ့ ဇီးကုန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးများက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဥ်တောင်းနေလို့ ပြည်သူတွေ အခက်ကြုံနေကြောင်း သတင်းရရှိပါသည်။

သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာ အုပ်ချုပ်ရေးမှူး မင်းသူ ဆိုသူမှ ဒေသခံများအား စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်လျှင် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း အသီးသီး သတ်မှတ်၍ လစဥ်ကောက်ခံနေကြောင်း၊ ၄င်းကောက်ခံသည့် ငွေမပေးသည့် နေအိမ်များအား စစ်တပ်ခေါ်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

"အုပ်ချုပ်ရေးမှူး မင်းသူက ချမ်းသာတဲ့အိမ် ၃သောင်း အလယ်အလတ်အိမ် ၂သောင်း ဆင်းရဲတဲ့အိမ် ၁သောင်း သတ်မှတ်ပြီး စစ်မှုထမ်းကြေးငွေ လစဉ်ကောက်ခံနေပါတယ်။ ခုချိန်မှာ အလုပ်အကိုင်တွေ အဆင်မပြေတော့ ဆင်းရဲတဲ့မိသားစုတွေက လစဉ် ၁သောင်းပေးဖို့ အရမ်းခက်ခဲနေပါတယ်။ မပေးရင်လဲ ပုံစံအမျိုးမျိုးနဲ့​ ခြိမ်းခြောက်တောင်းနေလို့ ​မဖြစ်မနေ ရှာကြံပေးနေရပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

အလားတူ ဇီးကုန်းမြို့နယ်၊ ရွာဝိုင်းကြီးကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံများအား စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများမှ တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ် လစဥ်ကောက်ခံနေကြောင်း၊ ၄င်းတို့ ကောက်ခံသည့် ငွေမပေးသည့် နေအိမ်များအား စစ်တပ်ခေါ်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

"အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက စစ်မှုထမ်းကြေးဆိုပြီး လက်လုပ်လက်စားတွေဆို နှစ်သောင်း၊ အဆင်ပြေတဲ့သူဆို သုံးသောင်း လစဥ်တောင်းနေတယ်။ သူတို့တောင်းတာ မပေးတဲ့သူတွေကို စစ်တပ်ခေါ် ပေါ်တာဆွဲခိုင်းနေလို့ မရှိရှိတာ ရောင်းချပေးနေရတယ်။ ခုဆိုစားဖို့ထက် စစ်မှုထမ်းကြေးပေးဖို့ မရရတဲ့အလုပ်လုပ်ပြီး ပေးနေရလို့ အခက်ကြုံနေပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ​ပြောပြပါသည်။

သတင်း - ဝတီမောင်၊ ဇွန်ပန်း
စာတည်း - ဂန္တဝင်နွေဦး

#သာယာဝတီမြို့နယ်
#ဇီးကုန်းမြို့နယ်

"မနေ့က ဒိုးနွယ်ရွာကို စခနဲ့ပျူတွေ ပေါ်တာဝင်ဆွဲတော့ သာမန်ပြည်သူတွေအပြင် စစ်တပ်ထောက်ခံတဲ့ ကြံ့ဖွတ်တွေပါ ထွက်ပြေးကြတယ်။ သူတ...
16/01/2025

"မနေ့က ဒိုးနွယ်ရွာကို စခနဲ့ပျူတွေ ပေါ်တာဝင်ဆွဲတော့ သာမန်ပြည်သူတွေအပြင် စစ်တပ်ထောက်ခံတဲ့ ကြံ့ဖွတ်တွေပါ ထွက်ပြေးကြတယ်။ သူတို့တွေက စစ်တပ်သာ ထောက်ခံတာ အသက်တော့ အလကား အသေမခံနိုင်ဘူးဆိုပြီး ရှေ့ဆုံးကပြေးတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ဇီးကုန်းမှာ စစ်ကောင်စီတပ် ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် စစ်တပ်ထောက်ခံသူတွေပါ အိမ်မနေရဲတော့လို့ တိမ်းရှောင် ထွက်ပြေးနေကြရ

Tharyarwaddy 8 City / ဇန်နဝါရီ၁၆၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ရွာအား ဇန်နဝါရီလ ၁၅ရက် ယမန်နေ့ နံနက် အချိန်တွင် စစ်ကောင်စီတပ် ဝင်ရောက် ပေါ်တာဆွဲတာကြောင့် သာမန်ပြည်သူများအပြင် စစ်တပ်ထောက်ခံသူများပါ တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း သတင်းရရှိပါသည်။

အဆိုပါ ထွက်ပြေးကြသူများအား စစ်ကောင်စီတပ်မှ သေနတ်နဲ့ လိုက်လံပစ်ခတ်တာကြောင့် လူငယ်၁ဦး ဖမ်းဆီးခံရ​ကာ စစ်တပ်ထောက်ခံသူ ကြံ့ခိုင်ရေးပါတီဝင်များ ဖြစ်ကြသည့် ကိုသန်းလွင်၏ နေအိမ်မှ မိုလ်ဘိုင်းဖုန်း ၃လုံးနှင့် ငွေကျပ် သိန်း၃၀၊ ကိုကျော်စိုး၏ နေအိမ်မှ မိုလ်ဘိုင်းဖုန်း ၁လုံးနှင့် ငွေကျပ် ၁၂သိန်းကျော်အပြင် အခြားသောဒေသခံ ပြည်သူများ၏ နေအိမ်များက ငွေသားနှင့် တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွား​ကြောင်း သိရသည်။

"မနေ့က ဒိုးနွယ်ရွာကို စခနဲ့ပျူတွေ ပေါ်တာဝင်ဆွဲတော့ သာမန်ပြည်သူတွေအပြင် စစ်တပ်ထောက်ခံတဲ့ ကြံ့ဖွတ်တွေပါ ထွက်ပြေးကြတယ်။ သူတို့တွေက စစ်တပ်သာ ထောက်ခံတာ အသက်တော့ အလကား အသေမခံနိုင်ဘူးဆိုပြီး ရှေ့ဆုံးကပြေးတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ဇီးကုန်းမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ အားကောင်းကာ စစ်တပ်ထောက်ခံသူ များပြားတဲ့ မြို့နယ်ဖြစ်သော်လည်း စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး တပ်သားသစ် ခေါ်သည့်အခါ မိမိသဘောဆန္ဒဖြင့် စစ်တပ်ထဲဝင်သူ ဆယ်ဂဏန်းပင် မရှိတာကြောင့် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲ ဖမ်းဆီးကာ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ - ဇီးကုန်းမြို့ပေါ်တွင် မဲဆွယ်နေကြသည့် ကြံ့ခိုင်ရေးပါတီထောက်ခံသူများ (ပုံဟောင်း)

သတင်း - ဇွန်ပန်း
စာတည်း - ကိုမိုက်

#ဇီးကုန်းမြို့နယ်

"အမှတ်(၅)ရပ်ကွက်က အဖေဖြစ်သူကို ရေစည်တွန်းပြီး လုပ်ကျွေးနေတဲ့ မျိုးမင်းဆိုတဲ့ကောင်လေး အသက်က ၁၈နှစ်လောက်ပဲရှိမယ်။ လွန်ခဲ့တ...
12/01/2025

"အမှတ်(၅)ရပ်ကွက်က အဖေဖြစ်သူကို ရေစည်တွန်းပြီး လုပ်ကျွေးနေတဲ့ မျိုးမင်းဆိုတဲ့ကောင်လေး အသက်က ၁၈နှစ်လောက်ပဲရှိမယ်။ လွန်ခဲ့တဲ့၅လလောက်က စစ်မှုထမ်းမဲပေါက်တာ စစ်တပ်ထဲမလိုက်ရင် သူ့အဖေကို ဖမ်းမယ်ဆိုပြီး အုပ်ချုပ်ရေးမှူး ကျော်ကြီး ခြိမ်းခြောက်လို့ မဝင်ချင်ဘဲ ဝင်လိုက်ရတာ။ မနေ့ကမှ ရှေ့တန်းမှာကျတာ ၁လခွဲလောက်ရှိပြီဆိုပြီး စစ်တပ်က သတင်းပို့လာတယ်။ ကျော်ကြီးက ကောင်လေးသေတာကို သူ့မိသားစုကို ခုထိအသိမပေးသေးဘူး သူ့အဖေသာသိရင် ယူကြုံးမရဖြစ်မှာ သေချာတယ်"ဟု ဇီးကုန်းမြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ဇီးကုန်းမှာ စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးမှ အတင်းအကြပ် စစ်တပ်ထဲ ထည့်လိုက်တဲ့ လူငယ်၁ဦး တိုက်ပွဲမှာ သေဆုံး

Tharyarwaddy 8 City / ဇန်နဝါရီ၁၂၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးမှ အတင်းအကြပ် စစ်တပ်ထဲ ထည့်လိုက်တဲ့ လူငယ်၁ဦး တိုက်ပွဲမှာ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

ဇီးကုန်းမြို့၊ အမှတ်(၅)ရပ်ကွက်မှ ရေစည်တွန်းရောင်းနေသည့် ဦးမြင့်အောင်၏ သား မောင်မျိုးမင်းအား အုပ်ချုပ်ရေးမှူး ကျော်ကြီးမှ စစ်မှုထမ်းဖို့ မဲပေါက်သည်ဟုဆိုကာ ခြိမ်းခြောက်ပြီး စစ်တပ်ထဲကို လွန်ခဲ့သည့် ၅လခန့်က အတင်းအကြပ် ထည့်လိုက်ကြောင်း သိရသည်။

ထိုသို့ စစ်တပ်ထဲသို့ အတင်းအကြပ် ထည့်ခံရသည့် မောင်မျိုးမင်းမှာ လွန်ခဲ့သည့် တစ်လခွဲခန့်က တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသွားသည်ကို စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူး ကျော်ကြီးထံ အကြောင်းကြားလာသော်လည်း မိသားစုထံ အသိမပေးသေးကြောင်း သိရသည်။

"အမှတ်(၅)ရပ်ကွက်က အဖေဖြစ်သူကို ရေစည်တွန်းပြီး လုပ်ကျွေးနေတဲ့ မျိုးမင်းဆိုတဲ့ကောင်လေး အသက်က ၁၈နှစ်လောက်ပဲရှိမယ်။ လွန်ခဲ့တဲ့၅လလောက်က စစ်မှုထမ်းမဲပေါက်တာ စစ်တပ်ထဲမလိုက်ရင် သူ့အဖေကို ဖမ်းမယ်ဆိုပြီး အုပ်ချုပ်ရေးမှူး ကျော်ကြီး ခြိမ်းခြောက်လို့ မဝင်ချင်ဘဲ ဝင်လိုက်ရတာ။ မနေ့ကမှ ရှေ့တန်းမှာကျတာ ၁လခွဲလောက်ရှိပြီဆိုပြီး စစ်တပ်က သတင်းပို့လာတယ်။ ကျော်ကြီးက ကောင်လေးသေတာကို သူ့မိသားစုကို ခုထိအသိမပေးသေးဘူး သူ့အဖေသာသိရင် ယူကြုံးမရဖြစ်မှာ သေချာတယ်"ဟု ဇီးကုန်းမြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

သေဆုံးသွားသည့် မောင်မျိုးမင်းအား ခြိမ်းခြောက်၍ စစ်တပ်ထဲထည့်သည့် အုပ်ချုပ်ရေးမှူး ကျော်ကြီးသည် အမှတ်(၅)ရပ်ကွက်၊ ဆေးကျောင်း (၃)လမ်းတွင် နေထိုင်ပြီး ပြည်သူများထံမှ စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်လျှင် နှစ်သောင်းကျပ် လစဥ်ကောက်ခံနေကြောင်း၊ ၄င်းကောက်ခံသည့် ငွေမပေးပါက စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟုဆိုကာ စစ်တပ်မှထုတ်ပေးထားသည့် သေနတ်ပြကာ ခြိမ်းခြောက်နေ​ကြောင်း သိရသည်။

သတင်း - ဇွန်ပန်း
စာတည်း - ကိုမိုက်

#ဇီးကုန်းမြို့နယ်

11/01/2025

သတင်း ထုတ်ပြန်ချက်
BTZM GBK PDF ပဲခူးရိူမအခြေပြုတပ်ခွဲ
ကြို့ပင်ကောက်မြို့

ဇန်နဝါရီလ ၁၁ ရက် ၊ ၂၀၂၄ ခုနှစ်

++++++++++++++++++++++++
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်
မီးကောက်ပင်အုပ်စု မီးကောက်ပင်ရွာ အုပ်ချုပ်ရေးမှူး ကိုဦး ၊
သိန်းအောင် ပျူစေားထီးခေါင်းဆောင် ​အရပ်ဆေးဆရာမြင့်ထွေးတို့သုံးဦးအား
ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဝင်ရောက်ဖမ်းစီးရာ
အုပ်ချုပ်ရေးမှူး သိန်းအောင်နှင့် ပူးတွဲအုပ်ချုပ်ရေးမှူး ကိုဦးတို့
ထွက်ပြေးလွတ်မြောက်သွားပါတယ်

ပျူခေါင်းဆောင် မြင့်ထွေးအား ကျွန်တော်တို့ BTZM GBK PDF
ပဲခူးရိုမအခြေပြု တပ်ဖွဲ့ အမျိုးသမီးတပ်စု PDF ရဲမေများမှ
ဖမ်းဆီးသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး

အဆိုပါ အုပ်ချုပ်ရေးမှူး သိန်းအောင်နှင့် ကိုဦးသည် စစ်မှူထမ်းကြေး
အဓမ္မ ကောက်ခံခြင်း
စစ်မှူ ထမ်းကြေးမပေးလျှင် ပျူခေါင်းဆောင်အရပ်ဆေးဆရာ မြင့်ထွေးက
ပျူထဲဝင်ရမယ် မဝင်ရင် စစ်ကောင်စီအမှူ့ထမ်းရမယ် ဆိုကာ
သိန်းအောင်/ ကိုဦး/မြင့်ထွေး/သုံးဦးပေါင်းကာ
လုပ်ဆောင်လျှက်ရှိသောကြောင့် သုတ်သင်ရှင်းလင်းခဲ့ရခြင်းဖြစ်ပါသည်။

"ကျွန်တော်တို့အဖွဲ့က ရဲမေတွေနှစ်ဖွဲ့ခွဲပြီး အုပ်ကြီး ကိုဦးနဲ့ သူ့တွဲဖက် မြင့်ထွေးတို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ကိုဦ...
10/01/2025

"ကျွန်တော်တို့အဖွဲ့က ရဲမေတွေနှစ်ဖွဲ့ခွဲပြီး အုပ်ကြီး ကိုဦးနဲ့ သူ့တွဲဖက် မြင့်ထွေးတို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ကိုဦးက ထွက်ပြေးလွတ်မြောက်သွားပေမယ့် မြင့်ထွေးကိုတော့ ဦးခေါင်းကို ၃ချက်ပစ်ခတ်ပြီး ရှင်းလင်းနိုင်ခဲ့ပါတယ်။ အခုရှင်းလိုက်တဲ့ မြင့်ထွေးက PDFတွေထဲမှာ သူ့တူတွေရှိလို့ PDFကို သူပိုင်တယ်ဆိုပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြာပြီ။ ကိုဦးဆိုတဲ့လူကို အုပ်ကြီးနေရာ တင်ထားတာ သူကတော့ နောက်ကနေကြိုးကိုင်ပြီး လူထုအပေါ် အနိုင်ကျင့်နေလို့ ရှင်းရတာပါ"ဟု BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) တာ၀န်ခံ ရဲဘော်တေ‌ဇမင်း မှ Tharyarwaddy 8 City ကို ပြောပြသည်။

ဇီးကုန်းမှာ PDFတွေကို ပိုင်တယ်ဆိုပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပျူစောထီး ၁ဦးအား PDFရဲမေတွေက နေအိမ်ထဲဝင်ကာ သေနတ်နဲ့ ၃ချက်ပစ်ခတ်၍ ရှင်းလင်း

Tharyarwaddy 8 City / ဇန်နဝါရီ၁၀၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်မှာ PDFတွေကို ပိုင်တယ်ဆိုပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပျူစောထီး ၁ဦးအား PDFရဲမေတွေက နေအိမ်ထဲဝင်ကာ သေနတ်နဲ့ ၃ချက်ပစ်ခတ်၍ ရှင်းလင်းလိုက်ကြောင်း သတင်းရရှိပါသည်။

ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုဦးနှင့် ပျူစောထီး မြင့်ထွေး တို့အား ဇန်နဝါရီလ ၁၀ရက် ယနေ့ညနေ ၃နာရီခန့်အချိန်တွင် BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့)မှ နှစ်ဖွဲ့ခွဲ၍ ၄င်းတို့နှစ်ဦး၏ နေအိမ်များသို့ ဝင်ရောက်ကာ တပြိုင်နက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရာတွင် အုပ်ချုပ်ရေးမှူး ကိုဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ပျူစောထီး မြင့်ထွေးအား ဖမ်းဆီးစဥ် ထွက်ပြေးတာကြောင့် ဦးခေါင်းအား သေနတ်ကျည် ၃ချက် ပစ်ခတ်၍ ရှင်းလင်းလိုက်ကြောင်း သိရှိရပါသည်။

"ကျွန်တော်တို့အဖွဲ့က ရဲမေတွေနှစ်ဖွဲ့ခွဲပြီး အုပ်ကြီး ကိုဦးနဲ့ သူ့တွဲဖက် မြင့်ထွေး ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ကိုဦးက ထွက်ပြေးလွတ်မြောက်သွားပေမယ့် မြင့်ထွေးကိုတော့ ဦးခေါင်းကို ၃ချက်ပစ်ခတ်ပြီး ရှင်းလင်းနိုင်ခဲ့ပါတယ်။ အခုရှင်းလိုက်တဲ့ မြင့်ထွေးက PDFတွေထဲမှာ သူ့တူတွေရှိလို့ PDFကို သူပိုင်တယ်ဆိုပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြာပြီ။ ကိုဦးဆိုတဲ့လူကို အုပ်ကြီးနေရာ တင်ထားတာ သူကတော့ နောက်ကနေကြိုးကိုင်ပြီး လူထုအပေါ် အနိုင်ကျင့်နေလို့ ရှင်းရတာပါ"ဟု BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) တာ၀န်ခံ ရဲဘော်တေ‌ဇမင်း မှ Tharyarwaddy 8 City ကို ပြောပြသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး မြင့်ထွေး ဟာ အုပ်ချုပ်ရေးမှူး ကိုဦးအား နောက်ကွယ်မှ ကြိုးကိုင်ပြီး စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ကောက်ခံခြင်း၊ စစ်တပ်နှင့် PDFများအား ပိုင်သည်ဟု ဆိုကာ ပြည်သူများအား အမျိုးမျိုး ဒုက္ခပေးနေတာကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ရဲဘော် တေဇမင်းထံမှ ​သိရှိရပါသည်။

ဓာတ်ပုံ - BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့)မှ အမျိုးသမီး ရဲဘော်များ

သတင်း - ဇွန်ပန်း
စာတည်း - ကိုမိုက်

#ဇီးကုန်းမြို့နယ်

09/01/2025

သာယာဝတီခရိုင်ထဲမှာ စိုက်ပျိုးစရိတ် ချေးငွေ ပြန်မဆပ်နိုင်သေးတဲ့ တောင်သူတွေကို စစ်ကောင်စီ စိုက်ဘဏ်က ပြန်ဆပ်ဖို့ ခြိမ်းခြောက်တောင်းနေ

Tharyarwaddy 8 City / ဇန်နဝါရီ၉၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မြို့နယ်များမှာ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သေးတဲ့ တောင်သူတွေကို စစ်ကောင်စီ စိုက်ဘဏ်က ပြန်ဆပ်ဖို့ ခြိမ်းခြောက်တောင်းနေကြောင်း သတင်းရရှိပါသည်။

သာယာ၀တီခရိုင် အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် နတ်တလင်းမြို့နယ်တို့တွင် ပြီးခဲ့တဲ့ မိုးစပါးရာသီတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ အဖျက်ပိုးများ ကျရောက်ခြင်းတို့ကြောင့် တောင်သူများ သီးနှံစိုက်ပျိုးရာတွင် အရှုံးပေါ်နေ၍ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(စိုက်ဘဏ်)ထံမှ ချေးယူထားသည့် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြသေးကြောင်း သိရသည်။

ထိုကဲ့သို့ စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြသည့် တောင်သူများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(စိုက်ဘဏ်) ဝန်ထမ်းများက ခြိမ်းခြောက်တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

"စိုက်ဘဏ်ချေးငွေ မဆပ်နိုင်သေးသူတွေကို အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်သတိပေးပါတယ်။ ပြန်မဆပ်ဘူးဆိုရင် ပုံစံ(၇)သိမ်းပြီး အမှုဖွင့်အရေးယူမယ်လို့ပြောတယ်"ဟု လက်ပံတန်းမြို့နယ်မှ တောင်သူတစ်ဦးက Tharyarwaddy 8 City ကို ပြောပြပါသည်။

ပြီးခဲ့တဲ့၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် စပါးများ ကောင်းခဲ့သော်လည်း ရိတ်သိမ်းမည့် အချိန်တွင် ရာသီဥတု ဖောက်ပြန်ကာ လေပြင်းတိုက်ခတ်ပြီး ရေနစ်သွားတာကြောင့် စပါးပင်များ ပျက်ဆီးသွားလို့ စိုက်ပျိုးစရိတ် ပြန်လည် မပေးဆပ်နိုင်တော့ကြောင်း တောင်သူများထံမှ သိရသည်။

"စပါးတွေ ရိတ်ခါနီးမှ လေတိုက်ပြီး ရေနစ်သွားလို့ တစ်ဧကမှ တင်း၂၀ထွက်တော့ အရှုံးပေါ်သွားတယ်။ စိုက်ဘဏ်ချေးငွေတွေ ပြန်ဆပ်ဖို့ တောင်းနေပေမယ့် မဆပ်နိုင်သေးဘူး။ ပဲပေါ်ရင် ဆပ်ပါမယ်ဆိုပြီး ပြောထားတာပဲ ခုချိန်ပြန်မဆပ်နိုင်လို့ လာဖမ်းမယ်ဆိုလဲ လိုက်သွားရုံပဲရှိတော့တယ်"ဟု အုတ်ဖိုမြို့နယ်မှ တောင်သူတစ်ဦးက Tharyarwaddy 8 City ကို ပြောပါသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ စျေးနှုန်း လေးဆမြင့်တက်ခဲ့ပြီး တောင်သူများ သီးနှံစိုက်ပျိုးရာတွင် အမြတ်အစွန်း ရရှိမှုနည်းကာ အရှုံးများနေ​ကြောင်း သိရသည်။

NLDအစိုးရလက်ထက်တွင် တောင်သူများအား ထုတ်ချေးထားသည့် ချေးငွေများ ပြန်လည်မပေးဆပ်နိုင်ပါက ချေးငွေအသစ် ထပ်မံထုတ်မပေးခြင်းသာရှိခဲ့ပြီး စစ်ကောင်စီလက်ထက်တွင် တောင်သူများအား အားပေးကူညီမှု မရှိရုံသာမက ထုတ်ချေးထားသည့် ချေးငွေးများကိုပါ အတင်းအကြပ် တောင်းခံနေ၍ လယ်ယာမြေများအား ပေါင်နှံရောင်းချကာ စိုက်ပျိုးစရိတ် ချေးငွေများကို ဆပ်နေရကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။

သတင်း/စာတည်း - ရာမန်

#သာယာ၀တီခရိုင်

04/01/2025
"သာယာဝတီခရိုင်ရှစ်မြို့နယ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးနဲ့ အသွင်ယူပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာနေတာ တွေ့ရပါတယ်...
04/01/2025

"သာယာဝတီခရိုင်ရှစ်မြို့နယ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးနဲ့ အသွင်ယူပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာနေတာ တွေ့ရပါတယ်။ မနေ့ကဆိုရင် တပ်မ၆၆ကနေ ဇီးကုန်းနဲ့ ကြို့ပင်ကောက်ဘက်ကို ပုံစံအမျိုးမျိုး အသွင်ယူထားတဲ့ စစ်သူလျှိုတွေ ကားတွေနဲ့ လာချတယ်။ အဲ့အထဲက သင်္ကန်းဝတ်နဲ့ ဘုန်းကြီးတစ်ပါးကို ဗျူဟာလမ်းမှာတွေ့လို့ မသင်္ကာတာနဲ့ ရှာဖွေကြည့်တဲ့အခါ စစ်ယူနီဖောင်းတွေ တွေ့ရှိရပါတယ်။ သူ့ကိုထပ်မံ စစ်ဆေးမေးမြန်းတဲ့အခါမှာ တပ်မ၆၆ကနေ PDFတွေ တည်နေရာ စုံစမ်းဖို့ ရောက်ရှိလာကြောင်း ထွက်ဆိုပါတယ်"ဟု BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) တာ၀န်ခံ ရဲဘော်တေ‌ဇမင်း မှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ကြို့ပင်ကောက်မှာ ဘုန်းကြီးအယောင်ဆောင် စစ်သား၁ဦး ဖမ်းဆီးရမိစဥ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ကျည်ထိမှန်ပြီး သေဆုံး

Tharyarwaddy 8 City / ဇန်နဝါရီ ၄၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ကြိုပင်ကောက်မြို့နယ်အပိုင်ရှိ ရုံးချောင်းရွာ အေးရွာလေးရွာနှင့် သင်္ခရိုင်ရွာများကို စစ်ကြောင်းထိုးရန် ရှေ့ပြေး လွှတ်လိုက်သော ဘုန်းကြီးအယောင်ဆောင် ၁ဦးအား ဇန်နဝါရီလ ၃ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့် အချိန်တွင် အောင်စိုးမိုး-ဘော်ဘင် ဗျူဟာလမ်း၌ BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) မှ အရှင်ဖမ်းဆီးနိုင်ခဲ့​ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဖမ်းဆီးရမိသူအား တော်လှန်ရေး ရဲဘော်များက စစ်ဆေးမေးမြန်းရာ စစ်ကောင်စီ၏ တပ်မ ၆၆ မှ တော်လှန်ရေးတပ်များ၏ သတင်းများ စုံစမ်းရန် စေလွှတ်ခံရသည့် စစ်သားတစ်ဦးဖြစ်ကြောင်း ထွက်ဆိုပြီး ၎င်းထံမှလည်း စစ်ဝတ်စုံတချို့နှင့် စာရွက်စာတမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

"သာယာဝတီခရိုင်ရှစ်မြို့နယ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးနဲ့ အသွင်ယူပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာနေတာ တွေ့ရပါတယ်။ မနေ့ကဆိုရင် တပ်မ၆၆ကနေ ဇီးကုန်းနဲ့ ကြို့ပင်ကောက်ဘက်ကို ပုံစံအမျိုးမျိုး အသွင်ယူထားတဲ့ စစ်သူလျှိုတွေ ကားတွေနဲ့ လာချတယ်။ အဲ့အထဲက သင်္ကန်းဝတ်နဲ့ ဘုန်းကြီးတစ်ပါးကို ဗျူဟာလမ်းမှာတွေ့လို့ မသင်္ကာတာနဲ့ ရှာဖွေကြည့်တဲ့အခါ စစ်ယူနီဖောင်းတွေ တွေ့ရှိရပါတယ်။ သူ့ကိုထပ်မံ စစ်ဆေးမေးမြန်းတဲ့အခါမှာ တပ်မ၆၆ကနေ PDFတွေ တည်နေရာ စုံစမ်းဖို့ ရောက်ရှိလာကြောင်း ထွက်ဆိုပါတယ်"ဟု BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) တာ၀န်ခံ ရဲဘော်တေ‌ဇမင်း မှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ထိုသို့ စစ်ဆေးပြီးချိန်တွင် တော်လှန်ရေး ရဲဘော်များက ၎င်းကို ချုပ်နှောင်ထားရန် အတွက် နောက်တန်းစခန်းသို့ ခေါ်လာစဥ် လမ်းခုလပ်တွင် ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပုံစံအမျိုးမျိုးဖြင့် အယောင်ဆောင်ထားသော အကြမ်းဖက် စစ်တပ် သတင်းပေးများသည် ပြည်သူများ နေထိုင်ရာ ရပ်ရွာများကို နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာ၍ မဟာမိတ် တပ်ဖွဲ့များနှင့် တော်လှန်ရေး ညီကိုများ၊ တော်လှန် ပြည်သူများ သတိထား သွားလာကြရန် ရဲဘော်တေ‌ဇမင်း မှ အသိပေး ပြောဆိုပါသည်။

ဓာတ်ပုံ - ဘုန်းကြီးအယောင်ဆောင် စစ်သား(မသေဆုံးခင်)နှင့် သိမ်းဆည်းရရှိသည့် စစ်ဝတ်စုံတချို့နှင့် စာရွက်စာတမ်းများ

သတင်း - ဇွန်ပန်း
စာတည်း - ကိုမိုက်

#ကြို့ပင်ကောက်မြို့နယ်

03/01/2025

ဇီးကုန်းမြို့ကို PDFတွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြားပြီး စစ်တပ်မှလုံခြုံရေးတင်းကြပ်ထား

01/01/2025

၂၀၂၄ခုနှစ်အတွင်း ဇီးကုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး၊ စစ်ကောင်စီထောက်တိုင် ၁ဦး သေဆုံးခဲ့ပြီး BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

01/01/2025

သာယာဝတီခရိုင်အတွင်း၌ ၂၀၂၄ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအနှစ်ချုပ်

Tharyarwaddy 8 City /ဇန်နဝါရီ၁၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် နတ်တလင်းမြို့နယ်တို့တွင် ၂၀၂၄ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်များ သေဆုံးခဲ့မှုများကို Tharyarwaddy 8 City သတင်းဌာနမှ စုစည်းကောက်နုတ် တင်ပြပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဆိုသည်မှာ ရဲနှင့်စစ်သားများကို ရည်ရွယ်ပြီး စစ်ကောင်စီထောက်တိုင်များ ဆိုသည်မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ သတင်းပေးဒလန်များ၊ ပျူစောထီးများ ပါဝင်ပါတယ်။

၁။သာယာဝတီမြို့နယ်
၂၀၂၄ခုနှစ်အတွင်း သာယာဝတီမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဦး သေဆုံးခဲ့သလို စစ်ကောင်စီထောက်တိုင် ၁ဦး သေဆုံးခဲ့ပြီး သာယာဝတီဂဠုန်တပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

၂။လက်ပံတန်းမြို့နယ်
၂၀၂၄ ခုနှစ်အတွင်း လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦး၊ စစ်ကောင်စီထောက်တိုင် ၁၂ဦး သေဆုံးခဲ့ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ သာယာတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၃။မင်းလှမြို့နယ်
၂၀၂၄ခုနှစ်အတွင်း မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၅၂ဦး၊ စစ်ကောင်စီထောက်တိုင် ၁၂ဦး သေဆုံးခဲ့ပြီး သာယာတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၅၊ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ Yoma Phoenix Drone Force၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃၊ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၄။မိုးညိုမြို့နယ်
၂၀၂၄ခုနှစ်အတွင်း မိုးညိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် စစ်ကောင်စီထောက်တိုင်များ တိုက်ခိုက်ခံရခြင်းမရှိ၍ သေဆုံးခြင်းမရှိခဲ့သလို စစ်ရေးလှုပ်ရှားမှု တစုံတရာ မတွေ့ရှိရသေးပဲ သာယာဝတီခရိုင်ရှစ်မြို့နယ်တွင် အငြိမ်သက်ဆုံးမြို့နယ် ဖြစ်ပါတယ်။

၅။အုတ်ဖိုမြို့နယ်
၂၀၂၄ခုနှစ်အတွင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ဦး၊ စစ်ကောင်စီထောက်တိုင် ၂၂ဦး သေဆုံးခဲ့ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ၅၊ တပ်ခွဲ​၁ Dragon Brothers GBK-PDF၊ တပ်ခွဲ၆ Black Dragon GBK-PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ​၁ YoMa GBK-PDF၊ တပ်ခွဲ၅ ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၆။ကြို့ပင်ကောက်မြို့နယ်
၂၀၂၄ခုနှစ်အတွင်း ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ဦး၊ စစ်ကောင်စီထောက်တိုင် ၂၈ဦး သေဆုံးခဲ့ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ​၁ Dragon Brothers GBK-PDF၊ တပ်ခွဲ၆ Black Dragon GBK-PDF၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ​၁ YoMa GBK-PDF၊ တပ်ခွဲ၅ ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့၊ BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၇။ဇီးကုန်းမြို့နယ်
၂၀၂၄ခုနှစ်အတွင်း ဇီးကုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး၊ စစ်ကောင်စီထောက်တိုင် ၁ဦး သေဆုံးခဲ့ပြီး BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၈။နတ်တလင်းမြို့နယ်
၂၀၂၄ခုနှစ်အတွင်း နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦး၊ စစ်ကောင်စီထောက်တိုင် ၁၀ဦး သေဆုံးခဲ့ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ၂ Phoenix D F၊ တပ်ခွဲ၃ နတ်စစ်သည်၊ တပ်ခွဲ၄ BRA၊ တပ်ခွဲ၆ ဧရာညီနောင်စစ်ကြောင်း နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၄ခုနှစ်အတွင်း သာယာဝတီခရိုင်ရှစ်မြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီထောက်တိုင် ၈၆ဦး သေဆုံးခဲ့ပြီး ယခုလာမည့် ၂၀၂၅ခုနှစ်အတွင်း စခန်းသိမ်း မြို့သိမ်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပါတယ်။

ယခုဖော်ပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
စစ်ကောင်စီထောက်တိုင်များ၏ သေဆုံးစာရင်းမှာ သာယာဝတီခရိုင်ရှစ်မြို့နယ်အတွင်းမှ အရေအတွက်သာ ပါဝင်၍ မြေပြင်တွင် ယခုထက် သေဆုံးဦးရေ များပြားနိုင်ပြီး မိမိတို့ Tharyarwaddy 8 City သတင်းဌာနအနေနဲ့ လက်လှမ်းမီသလောက် ပြုစုထားခြင်းဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကိုးကားဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။

သတင်း - Tharyarwaddy 8 City အဖွဲ့သားများ
စာတည်း - ရာမန်

#သာယာ၀တီခရိုင် #သာယာဝတီမြို့နယ်
#လက်ပံတန်းမြို့နယ် #မင်းလှမြို့နယ်
#မိုးညိုမြို့နယ် #အုတ်ဖိုမြို့နယ်
#ကြို့ပင်ကောက်မြို့နယ် #ဇီးကုန်းမြို့နယ်
#နတ်တလင်းမြို့နယ်
#စစ်ရေးသတင်းအနှစ်ချုပ်

Address

Zigon

Alerts

Be the first to know and let us send you an email when Zigon ThaDin ဇီးကုန်းသတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share