Htet Myat Aung Myin Co.,Ltd

Htet Myat Aung Myin Co.,Ltd Knowledge and Career Service
(3)

စစ်မှန်တဲ့ အောင်မြင်သူဆိုတာ ကိုယ့်ဘဝကိုယ်အောင်မြင်အောင် တည်ဆောက်တာ တစ်ခုတည်းမဟုတ်ဘူး။သူများရဲ့ ဘဝတွေကို အောင်မြင်အောင် တ...
03/05/2024

စစ်မှန်တဲ့ အောင်မြင်သူဆိုတာ ကိုယ့်ဘဝကိုယ်အောင်မြင်အောင် တည်ဆောက်တာ တစ်ခုတည်းမဟုတ်ဘူး။
သူများရဲ့ ဘဝတွေကို အောင်မြင်အောင် တည်ဆောက်နိုင်တဲ့ လမ်းကိုပြပေးနိုင်တဲ့သူကမှ တကယ့်အောင်မြင်သူဖြစ်တယ်။

#မြတ်မွန်ခိုင်

02/05/2024

Breaking News

အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်ပင်
-------

အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ယနေ့နေ့လည်ပိုင်းတွင် အတည်ပြုခဲ့သည်။

မည်သည့်အကြောင်းပြချက်ဖြင့် ကန့်သတ်ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူက ကပြောဆိုခြင်းမရှိသော်လည်း စစ်တပ်ကအလုံးအရင်းဖြင့် လူသစ်ခေါ်ရန်ပြင်ဆင်နေသည့် စစ်မှုထမ်းဥပဒေကြောင့် ယင်းကဲ့သို့ကန့်သတ်ခြင်းဟု Myanmar Now က နားလည်းထားသည်။

"ဘယ်နိုင်ငံမဆိုပါပဲ။ဒီ (မေ ၁) ရက်နေ့ကစပြီး Demand(အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများအကြုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲမူတည်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်" ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် ထိုကဲ့သို့ကန့်သတ်ခြင်းဟုတ်မဟုတ် Myanmar Now က မေးမြန်းသော်လည်း အခြေအနေလိုအပ်ချက်အရဆောင်ရွက်ခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဆိုသည်။

ကန့်သတ်ချက်သည် PJ အမျိုးအစား Passport ကိုင်ဆောင်သူများအပေါ် သက်ရောက်မည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကဆိုသည်။

ထိုကန့်သတ်ချက်ကို စစ်ကောင်စီက တရားဝင်စာဖြင့် ညွှန်ကြားစာထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က စစ်ကောင်စီ အလုပ်သမား ဝန်ကြီး ဦးမြင့်နောင်နှင့် အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီအသင်းတို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အသိပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

"ရန်ကုန်လာတော့ ခေါ်တွေ့ပြီးတော့ အဲ့ဒီလိုပြောလိုက်တယ်။ ယောက်ကျားလေးတွေကို လောလောဆယ် Temporary(ယာယီ) ပိတ်မယ်ပေါ့်နော်။ အမှန်တော့ သူပိတ်တာမဟုတ်ဘူး။ အပေါ်က ပိတ်ခိုင်းတယ်ပေါ့။ တခြားအကြောင်းတွေလည်းပါတာပေါ့။ စစ်မှုထမ်းဥပဒေကြောင့် ကလေးတွေအရမ်းထွက်တယ်ပေါ့" ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးပြောဆိုချက်ကို ၎င်းက ပြန်လည်ပြောပြသည်။

စစ်မှုထမ်းဥပဒေကြောင့် တရားဝင်နှင့် တရားမဝင်လမ်းကြောင်းနှစ်ခုစလုံးမှ ပြည်ပနိုင်ငံများသို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လူငယ်များထွက်ခွာနေသဖြင့် ထိုကဲ့သို့ပိတ်ပင်ကြောင်း၊ ထိုပိတ်ပင်မှုကြောင့် တရားမဝင်ထွက်ခွာမှုပိုတိုးလာနိုင်ကြောင်း သူက ဆိုသည်။
"နောက်ပိုင်း တရားမဝင်တွေက ပိုများသွားလိမ့်မယ်။ ကလေးတွေကတော့ ထွက်မှာပဲလေ" ဟု ၎င်းက ဆိုသည်။

ပြည်ပမှ အလုပ်ခေါ်စာအသစ်များတင်ပြခြင်းကို ယနေ့တွင် တင်ပြခွင့်ယာယီပိတ်ပင်ထားကြောင်း အလုပ်အကိုင်အေဂျင်စီများထံ သိရသည်။
ပြည်သူလူထုဆန့်ကျင်နေသည့် အာဏာသိမ်းစစ်တပ်အတွင်း မဝင်ရောက်လိုသဖြင့် လူငယ်အများအပြား ပြည်ပကို အုံလိုက်ကျင်းလိုက်ထွက်ခွာတိမ်းရှောင်နေသလို တော်လှန်ရေးတပ်ဖွဲများထံ ဝင်ရောက်နေချိန် အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့်ကို တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်သည်။

စစ်မှုထမ်းဥပဒေကိုရှောင်ရှားရန် ပြည်ပထွက်ခွာခြင်းနှင့် တော်လှန်ရေးအင်အားစုများထဲသို့ဝင်ခြင်း နည်းလမ်းနှစ်ခုရှိရာ ယခုအခါ ရွေးချယ်စရာတစ်ခုသာရှိတော့ကြောင်း ပြည်ပထွက်ရန်စီစဉ်နေသည့် ဧရာဝတီတိုင်းမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

"တကယ်လို့ သူက အလုပ်သမားအနေနဲ့ ထွက်ခွင့်မရှိဘူးဆိုရင် တခြားနည်းလမ်းနဲ့‌ရောဖြစ်နိုင်မလား။ ဥပမာ Visit နဲ့သွားပြီးကျောင်းတက်တဲ့ပုံစံမျိုးဖြစ်နိုင်မလား။ ပြန်ကြည့်ရမှာပေါ့။ တကယ်လို့သာ အကုန်လုံးလမ်းကြောင်းတွေ Visit လည်းပိတ်မယ်ဆိုရင် ရွေးချယ်စရာက တစ်ခုပဲရှိတယ်။ စိုးရိမ်စရာတော့ တော်တော်ဖြစ်လာပြီ" ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက ခေါ်ယူနေပြီး လက်ရှိတွင် အပတ်စဉ် ၂ ကိုဆက်လက်ခေါ်ယူနေသည်။

သတင်းအပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/51821/

(ပုံစာ- ၂၀၂၃ ခုနှစ်က ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသော မြန်မာလူငယ်များ။ Myanmar Now)

ကောင်းမှုတစ်ခုနေ့စဥ်ပြု 😇
02/05/2024

ကောင်းမှုတစ်ခုနေ့စဥ်ပြု 😇

30/04/2024




29/04/2024

สวัสดีครับทุกคนสบายดีไหม😇
皆さん、こんにちは。優子です。
အားလုံးပဲမင်္ဂလာပါ။
အခုတင်တဲ့ Post Video လေးကတော့ မြန်မာနိုင်ငံမှ ပညာရေးနှင့် ဘဝတိုးတက်ရေးအတွက် ရပ်တည်ချက်တစ်ခုရရန်ကြိုးစားနေကြသော လူငယ်လူရွယ်များအတွက် ပညာရေးနှင့် ပိုမိုမြင့်မားသောလူနေမှုဘဝ ရရှိရေးအတွက် ပံ့ပိုးကူညီပေးရန် ရပ်တည်လျှက်ရှိပါသည်။
လက်ရှိရပ်တည်နေသော နိုင်ငံမှတစ်ဆင့် ပိုမိုကောင်းမွန်သော နိုင်ငံကြီးများဆီသို့ ရည်မှန်းချက်ထားရှိသူများအနေဖြင့် အသိပညာနှင့် ဘာသာစကားများ တိုးပွားရန် နှင့် ဝင်ငွေမြင့်မားသောအလုပ်အကိုင် အခွင့်လမ်းတွေရရှိရန် စဥ်ဆက်မပြတ် လေ့လာသင်ယူ၍ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနေကြရပါမယ်။
HMAM ရဲ့ ဝန်ဆောင်မှုတိုင်းကို ရွေးချယ်ယုံကြည်သော ဧည့်သည်တော်များအား ကျေးဇူးတုံ့ပြန်သောမေတ္တာဖြင့် စိတ်တိုင်းအကျဆုံးဖြစ်စေရန် အစဥ်တစိုက် ကြိုးစားအားထုတ်လျှက် ရှိနေကြပါတယ်။

စင်ကာပူ၊မကာအို၊ဂျပန်၊ထိုင်းနိုင်ငံတို့တွင် HMAM မှ လူငယ် ကွန်ယက်များ ဖြန့်ကျက်လျှက် ရှိပါနေသည်။

အစစအရာရာအဆင်ပြေကြပါစေ။
ကောင်းမွန်သောမိတ်ဆွေစစ်တွေတိုးပွားကြပါစေ။

အစဥ်လေးစားလျှက်

28/04/2024

Location🏨Ratchathewi Bankok
ဘန်ကောက်၊ရာချာသဝီရဲ့ လမ်းမတန်းပေါ်မှာ တည်ရှိပါတယ်။
အပေါ်ဆုံးထပ်တွင် ရေကူးကန် ပါရှိသည်။
ကားပါကင်ရှိသည်။
24/7 လုံခြုံရေးရှိပါသည်။
နေအလင်းရောင် ကောင်းစွာရရှိသော အခန်းဖြစ်သည်။
အိမ်လခ တစ်လ ဘတ်ရှစ်ထောင်၊ စပေါ် ရှစ်ထောင် အခန်းဖြစ်ပါတယ်။
အခန်းအတွင်းပါဝင်မှု
1. နှစ်ယောက်အိပ်ကုတင်.မွေ့ယာ
2.မှန်တင်ခုံ
3.ဗီရိုအရှည်
4.ဗီဒိုအသေး
5.အဲကွန်း
6.ဘေစင်... ကိုယ်တိုင်ချက်ပြုတ်၍ရသောအခန်းဖြစ်သည်။
7.TM30 ထုတ်ပေးပါသည်။
#အခန်းချက်ချင်းယူနိုင်ပါသည်
လျှောက်သောလမ်းတွေအေးချမ်းပါစေ။
ပိုမိုကောင်းမွန်သော အလုပ်အကိုင်ရရှိပါစေ။

28/04/2024

Hello.....
HMAM Team ရဲ့ မြတ်မွန်ခိုင်ပါ။
International Airline Ticket နဲ့ သွားရောက် လည်ပတ်မယ့် နိုင်ငံအသီးသီးရဲ့ International Hotel Booking အတွက် မြန်ဆန်တိကျတဲ့ Service ရှိနေပါတယ်။
လူကြီးမင်းတို့ရဲ့ Budget နှင့်အညီ စိတ်ချရပြီး သက်သောင့်သက်သာ ဖြစ်စေသော Online Tickets များကို မိတ်ဆွေတို့ စိတ်တိုင်းကျ ရယူလိုက်ပါရှင်။



26/04/2024

ရန်ကုန်ထိုင်းသံရုံးတွင် Non -LA ဗီဇာကို တစ်ရက်လျှင် ၂၀၀ ဦးလျှောက်ထားနိုင်မည် ။

မနေ့က ရန်ကုန်ထိုင်းသံရုံးမှာ MOU အလုပ်သမားများအတွက် ရန်ကုန် ထိုင်းသံရုံး၏ တစ်ရက်လျှင် လူဦးရေ ၂၀၀ လျှောက်ထားနိုင်ကြောင်း ကြေငြာခဲ့ပါသည်။

ဗီဇာလျှောက်ထားမည့် အလုပ်သမားများကိုယ်စား ထိုင်းနှင့် မြန််မာ နှစ်နိုင်ငံရှိ လိုင်စင်ရ ကုမ္ပဏီများက လျှောက်ထားနိုင် ကြောင်း နှင့် ၄င်းကုမ္ပဏီများဟာ မနက်ဖြန် 26 April 2024 မှ စ၍ အောက်ပါလင့်တွင်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။ https://thaiconsularyangon.com/labour-visa/index.php/company-registration

29 April 2024 ရက်နေ့မှာတော့ အလုပ်သမားများကိုယ်စား ဗီဇာလျှောက်ထားရသည့်ကုမ္ပဏီများထဲမှစီစစ်ပြီး ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
https://thaiconsularyangon.com/labour-visa/

Non LA ဗီဇာကို ရန်ကုန်ကထိုင်းသံရုံးမှာ 30 April 2024 ရက် နေ့မှစတင်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

Ref: Royal Thai Embassy , yangon
#ဘန်ကောက်လမ်းညွန်ကိုစိုင်း

23/04/2024

ကြက်​ကြော်ဆိုင် ဝန်ထမ်းအဖြစ် MOU တင်ထားပြီး စောင့်ဆိုင်းနေသည့် ဘန်ကောက်မြို့တွင်းလုပ်ကိုင်မည့်သူများ ထိုင်းဘာသာစကား ချောမွေ့စွာ ဆက်သွယ်ပြောဆိုနိုင်ရန် ကြိုးစားထားပေးပါရှင်။
ထွက်ခွာခွင့် ငါးလပိုင်းထဲမှာ ဖြစ်ပါတယ်။

23.4.2024

ဂျပန်အလုပ်ခေါ်စာဖြစ်ပါတယ်ရှင်။စက်ချုပ်ကျွမ်းကျင် အမျိုးသမီး (3) နေရာကျန်ရှိပါသည်။ ငါးလပိုင်း အင်တာဗျူးဝင်ရောက်ရပါမည်။ဂျပ...
23/04/2024

ဂျပန်အလုပ်ခေါ်စာဖြစ်ပါတယ်ရှင်။

စက်ချုပ်ကျွမ်းကျင် အမျိုးသမီး (3) နေရာကျန်ရှိပါသည်။ ငါးလပိုင်း အင်တာဗျူးဝင်ရောက်ရပါမည်။
ဂျပန်ပြည်ဝင်ခွင့် ခန့်မှန်းကာလ ဆယ့်တစ်လပိုင်းဖြစ်ပါသည်။
N4 အောင်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
HMAM ရဲ့ Messenger မှာ လာရောက် ဖောင်တင်နိုင်ပါသည်။

16/04/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာ့ရိုးရာနှစ်သစ်ကူးဖြစ်ပါတယ်။ ပညာတော်သင်တန်းသားများ စေလွှတ်ခြင်းလုပ်ငန်းစဥ်များကို ဆောက်ရွက်လျှက်ရှိပြီး နှစ်ကူး
အချိန်အခါမှာ ဂျပန် ပညာတော်သင်နှင့် အလုပ်အကိုင်များ မိတ်ဆက်ခြင်းကို ဆက်လက် ဆောင်ရွက်ပြီး လူငယ်များအတွက် Support Team အဖြစ်ရပ်တည်သွားမှာ ဖြစ်ပါတယ်။
Founder


15/04/2024

International Air Line Ticket တွေမှာယူလို့ရပါတယ်ရှင့်။

😇

13/04/2024

Specific skill nursing care

👩‍⚕️
People currently in Japan

Job seeker

This is a nursing care facility in Kanagawa Prefecture.
2 people

ခါနာဂါဝါမြို့မှာ ကျွမ်းကျင်သူနာပြုနှစ်ယောက်အလုပ်ရနိုင်ပါသည်။
[email protected]

♥
13/04/2024




အကောင်းလောကဓံ အဆိုးလောကဓံ ဘယ်အရာမျိုးလာလာ ကုသိုလ်တရားဖြင့် အရာရာ ကျော်ဖြတ်နိုင်ကြပါစေ။Have a good day.
10/04/2024

အကောင်းလောကဓံ အဆိုးလောကဓံ ဘယ်အရာမျိုးလာလာ ကုသိုလ်တရားဖြင့် အရာရာ ကျော်ဖြတ်နိုင်ကြပါစေ။
Have a good day.

05/04/2024

လောကဓံ
------

သတ္တဝါဖြစ်နေရမှတော့
လောကဓံကိုကြောက်နေလို့မှမရတာ။
လောကဓံခေါ်လို့
အဆိုးပဲလည်းမဟုတ်ဘူးလေ။
သဘာဝတရားက မျှတပြီးသား။
လောကဓံအဆိုးအကောင်းက
တစ်ဖက်စီမှာလေးပါးစီနဲ့
အသင်းသားညီမျှ
ဘက်မျှတပြီးသားပါ။

လာဘ်ရ,မိတ်ပေါ,ချီးမွမ်း,ချမ်းသာ
ပြည့်စုံရခြင်းကတစ်ဖက်၊
လာဘ်မရ,မိတ်မရှိ,ကဲ့ရဲ့,ဆင်းရဲ
ချို့တဲ့ရခြင်းကတစ်ဖက်၊
ကောင်းခြင်းရော ဆိုးခြင်းရော
အပေါင်းမင်တတ်တဲ့သဘောနဲ့
အသင်းဝင်အချင်းချင်း
အတူတကွလည်း
တက်ညီလက်ညီ
ဝင်လာတတ်ကြသေးတယ်။
ပျော်သရွေ့နေတတ်တာလား၊
ကာလအပိုင်းအခြားလည်း
သိနိုင်တာမှမဟုတ်တာ။
တစ်ဖက်အသင်းဆီက
တစ်ပါးချင်းစီကြားဖောက်ကာ
အကဲလည်းစမ်းတတ်ကြသေးရဲ့။

အကောင်းလောကဓံမို့
သက်သာလှချည့်ရဲ့ဆိုပြီး
ကျေနပ်နေရုံနဲ့ပြီးနေတာလည်းမဟုတ်၊
သူ့အရှိန်မကုန်အောင်
မျက်ချည်မပြတ်စောင့်ကြည့်
ကာကွယ်ပေးနေရသေး။
ကာကွယ်နေရင်းကပဲ
ဆုတ်ပျောက်သွားကြပြန်တော့လည်း
တားရတဲ့အမျိုးတွေမဟုတ်ဆိုပြီး
အနိစ္စ,ဒုက္ခ,အနတ္တသဘောအမြင်ကျန်ဖို့အရေး
အမြတ်အနှစ်သာရလည်းထုတ်တတ်ရသေးရဲ့။

အဆင်မပြေမှုတွေ
စိတ်ဓာတ်ကျစရာတွေ
ကြုံဆုံခံစားရတဲ့အခါတိုင်း
တရားနဲ့ဖြေသိမ့်၊
လွတ်မြောက်လိုမှုကိုပဲ
ဦးတည်တွေးတတ်တဲ့အကျင့်ကို
ဘယ်အရွယ်ကစပြီး
လေ့ကျင့်ထားခဲ့မိသလဲတောင်
မသိတော့ဘူး။

အဆင်မပြေမှုတွေ,
စိတ်ဓာတ်ကျစရာတွေက
တရားကိုသတိပေးဖော်ရတဲ့
မိတ်ဆွေကောင်းတွေ
ဖြစ်နေတာတောင်
ကြာပါပြီကော။

အကောင်းလောကဓံလား၊
အဆိုးလောကဓံလား
ဘယ်အသင်းဝင်ကဘယ်လိုစမ်းစမ်း
လောကဓံဆိုတဲ့အသိနဲ့
ကြံ့ကြံ့ခံရင်ဆိုင်ပြီး
ကိုယ့်ပန်းတိုင်ကိုယ်မမေ့စတမ်း
ဦးတည်လျှောက်လှမ်းနေဖို့က
လူသားပီသမှုရဲ့တာဝန်ပဲလေ။

ဧရာငြိမ်းအေး
၆. ၁၀. ၂၀၁၆

04/04/2024

PJစာအုပ် အသင့်ရှိသူ လျှပ်စစ်ပေါင်းအိုးစက်ရုံ စာချုပ်ချုပ်လို့ရတယ်ရှင်။

လူငယ်တွေ မွေးရပ်မြေကို စွန့်ခွာပြီး မြင့်မားတဲ့ဘဝရည်မှန်းချက်များဖြင့် ဒေသအသစ်များသို့ ပျံသန်းဖို့ ခြေကုပ်ယူမယ့် အချက်ထဲ...
02/04/2024

လူငယ်တွေ မွေးရပ်မြေကို စွန့်ခွာပြီး မြင့်မားတဲ့ဘဝရည်မှန်းချက်များဖြင့် ဒေသအသစ်များသို့ ပျံသန်းဖို့ ခြေကုပ်ယူမယ့် အချက်ထဲမှာ ဘာသာစကားကို ကျင်လည်စွာ အသုံးပြုနိုင်ခြင်းက အဓိကအချက်အနေဖြင့် အရေးပါတယ်ရှင့်။
ထိုင်းဘာသာ. ဂျပန်ဘာသာ. မလေးဘာသာ. အင်္ဂလိပ်ဘာသာများကို ကောင်းမွန်စွာ သင်ကြားတတ်မြောက်ထားသူ သင်တန်းသား များအနေဖြင့် မိမိတို့HMAM Co.,Ltd ဖြင့် လက်တွဲထားသော တရားဝင် လိုင်စင်ရ အေဂျင်စီကြီးများမှ ထိုင်းနိုင်ငံ. ဂျပန်နိုင်ငံ. မလေးရှားနိုင်ငံ. စင်္ကါပူနိုင်ငံများသို့ အလုပ်အကိုင် အခွင့်အလမ်းများ အတွက် အလုပ်မိတ်ဆက် ကမ်းလှမ်းမှုများဖြင့် ပံ့ပိုးကူညီပေးလျှက်ရှိပါသည်။

တိုကျိုနဲ့ စင်ကာပူကိုကျော်ပြီး အာရှရဲ့ အကောင်းဆုံးမြို့ဖြစ်လာတဲ့ ဘန်ကောက် 🇹🇭🌏🏆အရှေ့တောင်အာရှက နိုင်ငံ ၄ နိုင်ငံတိတိ ဒီစာ...
28/03/2024

တိုကျိုနဲ့ စင်ကာပူကိုကျော်ပြီး အာရှရဲ့ အကောင်းဆုံးမြို့ဖြစ်လာတဲ့ ဘန်ကောက် 🇹🇭🌏🏆

အရှေ့တောင်အာရှက နိုင်ငံ ၄ နိုင်ငံတိတိ ဒီစာရင်းမှာ ပါဝင်ခဲ့တာဟာလည်း အာဆီယံအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုလို့ ဆိုရမှာပါ။

🇹🇭 အဆင့် ၁ နေရာမှာ ဘန်ကောက်ကရပ်တည်နေပြီး၊ တိုကျို၊ စင်ကာပူနဲ့ ကွာလာလမ်ပူတို့က အသီးသီး နေရာယူထားပါတယ်။ 🇯🇵🇸🇬🇲🇾

နံပါတ် ၅ နေရာမှာတော့ စီးပွားရေးနဲ့ ဖျော်ဖြေရေး ပေါင်းစပ်ထားတဲ့ ဟောင်ကောင်မြို့ဖြစ်ပြီး သူ့ရဲ့နောက်မှာ ကိုးရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့တော်က ရပ်တည်နေပါတယ်။ 🇭🇰🇰🇷

ဩစတြေးလျနိုင်ငံရဲ့ ဆဒ်ဒနီမြို့နဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တို့က အဆင့် ၇ နဲ့ ၈ နေရာမှာ ရပ်တည်နေကာ တိုင်ပေမြို့ကတော့ အဆင့် ၉ မှာရှိပါတယ်။ 🇦🇺🇨🇳🇹🇼

ပထမဆုံးအနေနဲ့ ဗီယက်နမ်မြို့တော် ဟိုချီမင်းစီးတီးဟာလည်း အဆင့် ၁၀ မှာ ပါဝင်လို့လာခဲ့ပါပြီ။ 🇻🇳

ဒီစာရင်းတွေကိုတော့ အရှေ့တောင်အာရှ စာရင်းပြုစုရေး seasia stats မှ

28/03/2024
27/03/2024

ထိုင်းနိုင်ငံ ခေါင်းအုံး.မွေ့ယာစက်ရုံ အလုပ်ပေးဖို့ရှိတယ်.
MOU စာချုပ်မှာဖြစ်ပြီး. ပက်စပို့အသင့်ရှိသူများ လျှောက်ထားနိုင်သည်။

😇
24/03/2024

😇

ဝဋ်ကြွေးကို ခန္ဓာနဲ့ဆပ်ရင် ပြန်ရက်မရှိလို့ ဉာဏ်နဲ့ဆပ်ကြပါ

တစ်နေ့တစ်နေ့ဖြစ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘဝပေါင်းမရေမတွက်နိုင်ဘူး၊ စိတ်ကလေးတစ်လုံး၊ စေတနာလေးတစ်ခု၊ အပါယ်တစ်ခုရောက်လိုက်ဆိုတော့ စိတ်ပေါင်းက မရေတွက်နိုင်တော့ အပါယ်ကတက်စရာမမြင်ဘူး။
တစ်ခါတစ်လေမှာ လုပ်တဲ့ကုသိုလ်လေးနဲ့ ဒီကံတွေနဲ့မျှရဲ့လား၊ ဒါတွေချေမှုန်ူကန့်ကွက်ပြီး အဟောသိကံဖြစ်အောင်၊ လုပ်နိုင်တာကတော့ မဂ်ပဲရှိတယ်၊ ဘဝများစွာက စုထားတဲ့အကုသိုလ်ကံတွေလည်း သောတာပတ္တိမဂ်တစ်ကြိမ်ပေါ်လိုက်လို့ရှိရင် အကုန်အဟောသိကံ ဖြစ်ပါတယ်။
ဒီဘဝ လူသတ်မှုတွေကသာမက ဘဝများစွာ လူသတ်သမားကြီးဖြစ်လာတဲ့ အင်္ဂုလိမာလကလည်း မဂ်တစ်ချက်ပေါ်လိုက်တော့ အကြွေးအကုန်ကြေသွားတာပဲ၊ ကိုယ်သွားရမယ့်ငရဲ ကိုယ်တိုင်မြင်ပြီးသားတောင်မှ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကတားနိုင်တယ်၊ မဂ်တည်းဟူသော သိမှုလေးတစ်ခုနဲ့ ကြွေးဟောင်းရော ကြွေးသစ်ပါ အကုန်ကြေစေတယ်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

မိဘရိုးရာက အကန်းလို့မှတ်ပါ၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာမသိသောကြောင့် အဝိဇ္ဇာသည် အကန်းပဲ၊ ဒီတစ်ခါ ဘုန်းကြီးနဲ့တွေ့လို့မှ မျက်စိနှစ်ကွင်း အလင်းရအောင် မယူလို့ရှိရင် သေရင် အကန်းမသာပို့ ကြွတော်မူပါလို့သာ ဖိတ်ပေတော့၊ ဒီအဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်မပေးနိုင်ခဲ့ရင် ဘုန်းကြီးကိုလည်း မကိုးကွယ်ကြနဲ့တော့၊ ကျေးဇူးရှင်လို့လည်း ဆိုလို့မရဘူး။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

ဘုန်းကြီးက ဒကာ ဒကာမတွေကို အပါယ်လေးပါး တံခါးပိတ်ပြီး သုဂတိဒုက္ခတွေတောင် မတွေ့စေလိုဘူး၊ဒုက္ခသစ္စာငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်စေချင်တော့တယ်၊ ဒီတစ်ခါ သေပြီး ဘယ်ဝမ်းခေါင်းမှ မအောင်းရတဲ့ နိဗ္ဗာန်သွားဖို့ ဆုံးဖြတ်ချက်ချရမယ်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

🙏🙏🙏

ที่อยู่

Bankok
6102

เวลาทำการ

อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htet Myat Aung Myin Co.,Ltdผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Htet Myat Aung Myin Co.,Ltd:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ