လက်ပံအိမ် Vital Care Burma

လက်ပံအိမ် Vital Care Burma Health and Education သင်ထောက်ကူအပြည့်အစုံ၊ ကျယ်၀န်းသန့်ရှင်းသောစာသင်ခန်း။

26/05/2022
26/05/2022
24/05/2022

Sustainable Me

❓❓❓ Feel free to share your knowledge in the comment section below.
22/05/2022

❓❓❓ Feel free to share your knowledge in the comment section below.

22/05/2022
''နီ နွေး ကွေး စို့ အော်''APGAR👩  ဆရာမ … ကျွန်မက ခုမှ သားဦးမွေးထားတာဆိုတော့ ကလေးပေါက်စလေးကို ဂရုစိုက်ရတာ စိတ်ထဲ စိုးရိမ်...
22/05/2022

''နီ နွေး ကွေး စို့ အော်''
APGAR

👩 ဆရာမ … ကျွန်မက ခုမှ သားဦးမွေးထားတာဆိုတော့ ကလေးပေါက်စလေးကို ဂရုစိုက်ရတာ စိတ်ထဲ စိုးရိမ်စိတ်များနေပါတယ်။ တခုခုဖြစ်ရင် မသိလိုက်ဘဲ အချိန်လွန်မှ သိရတာမျိုး ဖြစ်မှာ စိုးရိမ်နေရပါတယ်။ ဘယ်လို လက္ခဏာတွေက အရေးကြီးသလဲ ဆိုတာလေး ပြောပြပေးပါဆရာမ။

👩‍⚕️ ဟုတ်ပြီ။ အမေက ခုလိုမေးတာ သိပ်ကောင်းတယ်။ ကလေးငယ်လေးတွေကို ပြုစုရတာ မလွယ်ကူဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သိပ်ခက်ခဲနေတာတော့လည်း မဟုတ်ပါဘူးနော်။

👩‍⚕️ ဆရာမအနေနဲ့ အလွယ်မှတ်နည်း ကြည့်နည်းလေးသင်ပေးလိုက်မယ်နော်။ ဒီနည်းက ဆရာမတို့ရဲ့ ဆရာကြီးသင်ပေးထားတဲ့နည်းလေးပါ။ မှတ်ရလွယ်သလို အလွန်လဲအသုံးဝင်တာမို့ သေချာမှတ်ထားနော်။

''နီ နွေး ကွေး စို့ အော်'' တဲ့။

✅ နီ - နီဆိုတာက မွေးကင်းစကလေးငယ်လေးတွေကို ကြည့်လိုက်ရင် အသားလေးတွေ ပန်းသွေးထနေတတ်တယ်။ နီနီထွေးထွေး ချစ်စရာလေးပေါ့။ အဲဒါ ကျန်းမာတဲ့ လက္ခဏာတစ်ခုပဲ။ အဲလိုမဟုတ်ဘဲ ကလေးက ဖြူဖျော့လာမယ်, ကလေးလေးရဲ့ ပါးစပ် ပါးစောင်လေးတွေ မနီတော့ဘဲ ပြာတာတာဖြစ်မယ်, လက်ဖျားခြေဖျားလေးတွေ ပြာတာတာဖြစ်မယ် ဆိုရင် ဒါအရေးကြီးတဲ့ လက္ခဏာတစ်ခုပဲ။ (လက်ဖျားဖြေဖျားလေးတွေက မွေးစ နာရီပိုင်းအတွင်းမှာ ပြာတာကတော့ ပုံမှန်ပါပဲ။)

✅ နွေး - ကျန်းမာတဲ့ ကလေးငယ်လေးဟာ နွေးနွေးထွေးထွေး ရှိနေရမယ်။ နွေးထွေးအောင်ထားရမယ်။ ခြေဖျားလက်ဖျားလေးတွေ အေးလာရင် အမြန်ဆုံးနွေးအောင် လုပ်ပေးရမယ်။ အဲဒါကိုမှ မနွေးလာဘဲ အေးနေမယ်ဆိုရင် စိုးရိမ်ရတယ်။ ဒါကြောင့် မွေးစရက်တွေမှာ ဦးထုပ် ခြေအိတ် လက်အိတ်လေးတွေစွပ်ပေးရတယ်။ အနှီးလေးနဲ့ထွေးထားလို့ရတယ်။ ဆံပင်လေးတွေက ခေါင်းကလေးမအေးအောင် ကာကွယ်ပေးတာမို့ သုံးလအထိ ကတုံးမတုံးဘဲ ထားရမယ်။

✅ ကွေး - အမေ့ဝမ်းထဲမှာ ကွေးကွေးလေးနေခဲ့တာမို့ မွေးကင်းစကလေးတွေရဲ့ ကိုယ်နေဟန်ထားလေးကို ကြည့်လိုက်ရင် ခြေလက်လေးတွေ ကွေးနေတတ်တာ ကျန်းမာတဲ့လက္ခဏာဖြစ်တယ်။ ဆန့်ကြည့်ပြီး ပြန်လွှတ်လိုက်ရင်လည်း ကွေးကွေးလေး ပြန်ဖြစ်သွားရမယ်။ အဲလိုမဟုတ်ဘဲ ခြေလက်ကလေးတွေက ပျော့ဖတ်ဖတ်နဲ့ ဘေးမှာပုံကျနေခဲ့ရင် ပုံမှန်လှုပ်ရှားမှုလေးတွေ လျော့နည်းသွားရင် ငြိမ်သွားရင် ဒါ အရေးကြီးတဲ့လက္ခဏာပါပဲ။

✅ စို့ - ဒါကတော့ ရှင်းပါတယ်။ ကျန်းမာတဲ့ ကလေးငယ်လေးဟာ မိခင်နို့ကို ကောင်းကောင်းစို့နိုင်ရမယ်။ နို့စို့နည်းလာရင်, မစို့နိုင်ရင် သိပ်ကိုအရေးကြီးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ နို့တိုက်ပုံတိုက်နည်း, ကလေးအနေအထား, နို့ငုံတဲ့ပုံစံ ဒါတွေ မှန်ကန်ဖို့တော့လိုတယ်နော်။

✅ အော် - ကလေးငယ်လေးတွေက အော်တယ် ငိုတယ် ဆိုတာ ပုံမှန်ပါပဲ။ တနေ့ကိုနှစ်နာရီလောက် ငိုလေ့ရှိပါတယ်။ တလခွဲနှစ်လအရွယ်မှာဆိုရင် အငိုဆုံးအချိန်လို့ပြောလို့ရတယ်။ သုံးလသားလောက်ကစလို့ ငိုတာတဖြည်းဖြည်းလျော့လာပါလိမ့်မယ်။ နို့ဆာလို့လား … လေထိုးလို့လား … ရှူးရှူး အီးအီးစိုနေလို့လား … ပူလွန်းအေးလွန်းလို့လား … အိပ်ချင်လို့လား … ဆိုပြီး အမေတွေခေါင်းခြောက်အောင် စဉ်းစားကြရတာလည်း သဘာဝပါပဲ။ ငိုတာအော်တာ သဘာဝဆိုတော့ မအော်နိုင်တာ မငိုနိုင်တာက အရေးကြီးတဲ့လက္ခဏာတစ်ရပ်လို့ မှတ်ထားရမယ် သတိထားရမယ်နော်။

🆗 ကဲ … ကလေးငယ်လေးအတွက် အရေးကြီးတဲ့လက္ခဏာလေးတွေ သိသွားပြီနော်။ ကိုယ့်ကိုယ်ကို အထိုက်အလျောက်တော့ ယုံကြည်မှုရှိသွားပြီ မဟုတ်လား။ ဒီလက္ခဏာတွေ တစ်ခုခုတွေ့ရင် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဌာနတစ်ခုခုဆီ အမြန်ဆုံးသာသွားပေတော့ မေမေရေ။

မေမေတို့ ချစ်စရာရင်သွေးကလေးတွေကို စောင့်ရှောက်နိုင်ပါစေ။ ။

ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်
---------------------------------------------
မေမေတို့အတွက် အလွန်အသုံးဝင်သော "နီ နွေး ကွေး စို့ အော်'' သင်ကြားပေးခဲ့တဲ့ ''ဆရာကြီးဦးစောဝင်း'' အား ကျေးဇူးတင်စွာ ကန်တော့လျက် ~ 🙏🙏🙏

Child Health and Parenting pageမှကူးယူ​ဖော်ပြပါသည်။

21/05/2022

🧑‍⚕️ Percussion 🧑‍⚕️
🧑‍⚕️ကျောအားပုတ်ပေးခြင်း🧑‍⚕️
🧑‍⚕️အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကိုပြုစုရာတွင်အရေးပါသည့် percussion techniques များဖြစ်ပါတယ်။
🧑‍⚕️ Vital Care Burma ရဲ့ကျောင်းသားကျောင်းသူများနဲ့ မိဘပြည်သူများအတွက်ဗဟုသုတအဖြစ်ဘာသာပြန်တင်ဆက်လိုက်ပါတယ်။
🙏🙏🙏အားလုံးကျန်းမာကံကောင်းပြီးပြည်သူ့အများဆန္ဒပြည့်၀ကြပါစေ။

🧑‍⚕️ Raise our Community by Caring 🧑‍⚕️
⭐ Vital Care Burma ⭐
⭐ Health Caregiver Training and Service Com.Ltd
🏢ရုံးလိပ်စာအသစ်🏢
အမှတ်၅၊ စံပြဈေးရုံကြီး‌ေဘး၊ လေးထောင့်ကန်လမ်းမကြီးပေါ်၊ သက္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

💉အင်ဆူလင်ထိုးနည်းအကြောင်းသိကောင်းစရာ။Photo Credit to the Original uploader.
19/05/2022

💉အင်ဆူလင်ထိုးနည်းအကြောင်းသိကောင်းစရာ။

Photo Credit to the Original uploader.

19/05/2022

Address

Number 5, Near Sanpya Market, Laydaungkan Road
Yangon
11072

Telephone

+959256040091

Website

Alerts

Be the first to know and let us send you an email when လက်ပံအိမ် Vital Care Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လက်ပံအိမ် Vital Care Burma:

Videos

Share