DAN: Your Personal Content Creator

DAN: Your Personal Content Creator This is Dan, your Personal Digital Content Creator

08/03/2024

According to a LinkedIn Study, an average of 6.8 people are involved in each B2B/B2C purchase decision.
This means that targeting multiple members of the buying committee is key.

6 Key Questions Before Launching Your Lead Gen CampaignLaunching a lead gen campaign?  Don't blast off without asking th...
06/03/2024

6 Key Questions Before Launching Your Lead Gen Campaign
Launching a lead gen campaign? Don't blast off without asking these 6 crucial questions first:

1️⃣ Conversion goals: What defines success for your sales team? Is it demos, downloads, or something else?
2️⃣ Marketing automation: Do you have tools to automate tasks and nurture leads? ⚙️
3️⃣ Sales cycle length: How long does it typically take to close a deal? ⏳
4️⃣ Lead response time: How fast can your sales team respond to inquiries? ⏰
5️⃣ Quality leads: What defines a good lead for your sales team?
6️⃣ Lead nurturing plan: How will you nurture leads until they're ready to buy?

Answer these first, and your lead gen campaign will to success!

01/03/2024

Including real images of faces or people in your imagery will help humanize your brand.

11/02/2024

ဘုရားသခင်က ငါ့ ဆံပင်တွေကို လိုအပ်နေချိန် နတ်ဆိုးက ဖြတ်တောက်ပေးနေတယ်

အမေ့ဗိုက်ထဲက ထွက်လာချိန် ငါ့ ဆံပင်တွေဟာ အခြားမွေးကင်းစတွေလို မဟုတ်ဘဲ ပို ပြီးရှည်နေတယ်။
ဆံပင်တွေ အရမ်းကောင်းနေတော့ မွေးချင်းတွေတောင် မနာလိုဖြစ်ကြသေးတယ်။
လသားအရွယ်ရောက်တော့ ဆံပင်တွေ ရိတ်ပေးရတယ်လို့ သိထားတဲ့ ဒီအမေအိုဟာ ငါ့ဆံပင်တွေ ကို ရိတ်ပြစ်ခဲ့တယ်။
ငယ်စဥ်ကာလ တစ်လျောက်လုံး ဆံသ ဆရာက ငါ့အမေပဲ။ ဆံပင်တွေ နားထောက်နေချိန် အမေဟာ ကပ်ကြေး တပြင်ပြင်နဲ့ အနားရောက်ရောက်လာတယ်။
ဆံပင်တွေညှပ်တိုင်းလည်း ငါဟာ အော်ငိုခဲ့ရတယ်။
ဘာ့ကြောင့်မှန်းမသိ ဒီ ဆံပင်တွေကို ငါ အရမ်းနှမျောခဲ့တယ်။
မောင်ရှင်လောင်းဘဝ ကို ခံယူရမယ်ဆိုတဲ့ အချိန်မှာ ငါ ကိုယ်တိုင်ပဲ​ ဒီ ဆံပင်တွေကို ရိတ်ပေးဖို့ အရင်ဆုံးတောင်းဆိုခဲ့တယ်။
ကိုရင် ဘဝကို အရမ်းနှစ်သက်ခဲ့တယ်။ ဒီဘဝ တော့ ငါ ဘုန်းကြီးလုပ်ပြီး ဖြစ်တည်မှုကို ရှာဖွေတော့မယ်လို့ဆုံးဖြတ်ချက်ချခဲ့တယ်။

ကျောင်းစာတော်တဲ့ ငါ့ကို အမေက ကိုရင်ထွက်ဖို့ အတင်းလာခေါ်ယူအမိန့်ပေးခဲ့တယ်။

ဒီလိုနဲ့ ကျောင်းပညာရေးကိုပဲ ငါ လိုက်စားခဲ့တယ်။
ငါ့ဆံပင်တွေဟာလည်း ပြန်ရှည်လာတယ်။
ငါ ကိုယ်တိုင်ပဲ ဆံပင်ညှပ်ဆိုင်သွားပြီး ကတုံးဆံပင်ပေါက်ပုံစံ ညှပ်ဖို့ လုပ်ခဲ့တယ်။ ဆံပင်တွေရှင်းတွေနေပြီး မျက်နာလေး ပေါ်နေတိုင်း အမေ့အပြုံးတွေက ပိုလှခဲ့တယ်။

တက္ကသိုလ်တက်ချိန်မှာ ငါ ဆံပင်တွေ ကို ပိုပိုပြီး တန်ဖိုး ထားလာတယ်။
လုံးဝ မညှပ်လိုဘူး။ ဆရာမတွေက ဆံပင်ညှပ်ဖို့ ပြောတိုင်း မျက်နာချင်း မဆိုင်ရအောင်အမြဲရှောင်ပြေးခဲ့တယ်။

ဒီလိုနဲ့ ငါ လုပ်ငန်းခွင်တွေထဲရောက်တော့ မျက်နာပန်းသာအောင် ငါ့ ဆံပင်တွေပြန်ညှပ်ရပြန်တယ်။
ငါ နေရာ တစ်ခု ရဖို့ ငါ့ဖြစ်တည်မှု တစ်ခု ရဖို့ အတွက် ဒီဆံပင်တွေကို ငါ သတိမမူနိုင်တော့ဘူး။
ငါ မန်နေဂျာ ဖြစ်ခဲ့တယ်။
ဒီအချိန်မှာ ငါဟာ ဆံပင်တွေကို အရှည်ပြန်ထားခဲ့တယ်။

ငါ့ဖြစ်တည်မှုတစ်ခုကို ငါ သေချာ မသိနိုင်သေးပေမယ့် မှန်ကြည့်တိုင်း ငါ့ ဆံပင်တွေက ငါ့ကို အမြဲ ငါဘယ်သူလဲဆိုပြီး ပြောပြနေတယ်။

ဒီဆံပင်တွေကြောင့် ငါပြေးလို့ မလွတ်နိုင်ဘူး လို့ သိရတဲ့ အခါ ငါညှပ်ပစ်ခဲ့တယ်။
Greater Good ကြောင့်ပဲကွာ။ ဒီဆံပင်တွေက ပြန်ရှည်လာပါလိမ့်မယ်ဆိုပြီး ငါ အသားတွေ တုန်တုန်ရီရီနဲ့ပဲ ငါ့ဆံပင်တွေကို ညှပ်ဖို့ လက်ခံခဲ့ရတယ်။

ငါဘယ်သူလဲဆိုတာ မသိတော့ဘူး။
ငါဘာလုပ်နေလဲဆိုတာ ငါ မသိတော့ဘူး။
ငါ့ ဖြစ်တည်မှု တစ်ခု ကို ငါ မရတော့ဘူး။

ဆံပင်တွေပြန်ရှည်လာတဲ့ အခါ ငါ ဘယ်သူလဲ ငါ သိလာတယ်။
ငါ ဘာလုပ်ချင်နေတာလဲ ငါ သိလာတယ်။
ငါ့ ဖြစ်တည်မှု တစ်ခုလုံး ကို ငါ သိလာတယ်။

ခုနောက်ဆုံးတစ်ကြိမ် ငါ့ဆံပင်တွေကို ညှပ်ပစ်ရဖို့အတွက် နတ်ဆိုးတွေ ပြင်နေကြပြီ။

ဒါနောက်ဆုံးဖြစ်မှာပါ။
ငါ့ ဖြစ်တည်မှုကို ကိုယ်စားပြုနေတဲ့ ဒီဆံပင်တွေကို ငါဖြတ်ပစ်ရရင် ဒီ တစ်ခါတော့ ငါ ဖြစ်တည်မှု တစ်ခုလုံး ရပ်ပစ်ရတော့မယ်။

09/02/2024

တူ မလိုလို နဲ့ လုံးဝ မတူတဲ့ ဝတ္ထုနဲ့ ဇာတ်ညွှန်း

ဝတ္ထုနဲ့ ဇာတ်ညွှန်းတွေက တကယ်တော့ အခြေခံထားတဲ့ သဘောတရားတွေတူညီနေပါတယ်။
ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကောင်တွေ နဲ့ ပြောပြချင်တဲ့ အကြောင်းအရာတွေမှာ ဆင်တူနေကြတယ်။
ဒါပေမယ့် လုံးဝ မတူတာကတော့ နောက်ဆုံး ရလဒ်ဖြစ်ပါတယ်။ နောက်ဆုံးရလဒ်က ဖတ်ဖို့ နဲ့ ကြည့်ဖို့ ဆိုပြီး ပြောင်းသွားလို့ပါပဲ။

တူညီတဲ့ လမ်းကြောင်းက သွားကြတဲ့ အခါ တွေ့ရတဲ့ အချက်တွေကတော့ ဇာတ်ကောင်တည်ဆောက်ပုံမှာ ဇာတ်ကောင်ကို “Dialogue, စကား၊ ဖြစ်ပျက်ပုံတွေ၊ တခါတလေ သူ့အကြောင်းကို သူပြန်ပြောတဲ့ ပုံစံတွေနဲ့ တည်ဆောက်ပါတယ်။” သူ့အကြောင်းကို သူပြန်ပြောတဲ့ စိတ်အတွင်း စကားတွေကိုတော့ ဝတ္ထုတွေက ပိုပြီး နက်နက်နဲနဲ တည်ဆောက်ပြောနိုင်ကြတယ်။

ဇာတ်အိမ် တည်ဆောက်ပုံမှာ စ ၊ လည် ၊ ဆုံး ဆိုတဲ့ သဘောအတိုင်း အစ၊ အလည်၊ အဆုံး(ဇာတ်သိမ်း) ဆိုပြီး တူညီကြတယ်။ ပြဿနာတွေ တက်ပြီး နောက်ဆုံး ဘယ်လို ရှင်းလဲ ဆိုတဲ့ တူညီတဲ့ ပုံစံ တွေနဲ့ ဇာတ်သိမ်းကြပါတယ်။

လမ်းကြောင်းလွဲသွားတာကတော့ ဝတ္ထုတွေက စကားပြေ အရေးအသားနဲ့ တည်ဆောက်ထားတယ်။
ဇာတ်ညွှန်းကတော့ Scene Headline, Action, Dialogue (ဖြစ်စဥ် ခေါင်းစဥ်၊ အဖြစ်အပျက်၊ စကားပြော) ဆိုတဲ့ ပုံစံနဲ့ တည်ဆောက်ထားပါတယ်။ ဒါကလည်း ပိတ်သားပြင်ပေါ် ရောက်တဲ့ အခါ မြင်သာ ထင်သာ ရှိအောင် ကြည့်သူအမြင်အတွက် ဦးစားပေးထားလို့ ဖြစ်တယ်။

ဝတ္ထုက အတွင်းစိတ်ကို အဓိက ဦးစားပေး ရေးနိုင် ပြောနိုင် တယ်။
ဇာတ်ညွှန်းမှာ အပြင်မှာ မြင်ရနိုင်မယ့် စိတ်ကိုသာ ရေးနိုင်တယ်။

ဝတ္ထုမှာ စာရေးဆရာက စိတ်ကြိုက် လွတ်လွတ်လပ်လပ် စိတ်ထဲ ရှိတဲ့ အတိုင်း အရာအားလုံးကို ပုံဖော်နိုင်တယ်။
ဇာတ်ညွှန်မှာ တော့ နည်းပညာ အရ ဖြစ်နိုင်မလား၊ ရာထောင်ချီ အလုပ်အတူတူ လုပ်ကြရမယ့် လူတွေ အတွက် ဘယ်လို အခက်အခဲတွေ ဖြစ်မလဲ ဆိုတာတွေ နဲ့ ချုပ်နှောင်ခံနေ ရတယ်။

လူတွေရဲ့ အထင် အမြင်နဲ့ သဘောထား
ဝတ္ထုက စာဖတ်သူ ကိုယ်တိုင် စိတ်ကြိုက် အရာရာ ကို ထင် လို့ ရတယ်။ မြင်လို့ရတယ်။ သူစိတ်ကြိုက် ပုံဖော်ပြီး ခံစားနိုင်တယ်။
ဇာတ်ညွှန်းမှာတော့ ဒါရိုက်တာ ရဲ့ အမြင်ကိုသာ ကြည့်ရှု့သူက မြင်တွေ့ရတယ်။ (ဒါပေမယ့် အနုပညာရပ်တစ်ခုဖြစ်တာမို့ ကြည့်ရှု့သူက သူခံစားနိုင်သလို ခံစားနိုင်ပါတယ်)

ဇာတ်လမ်းတစ်ပုဒ်ရဲ့ မျက်နာပြင် နှစ်ခု
မီ ဝတ္ထုတို ကို ရုပ်ရှင်အဖြစ် ပြန် ပြောင်းတဲ့ အခါ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ (ဒီမှာတော့ ဏကြီး တစ်ယောက်ထည်း ဖန်တီးထားပါတယ်) က မူလ ဇာတ်ကောင်ရဲ့ စိတ်ခံစားချက်၊ ဇာတ်လမ်း ဇာတ်သွား၊ ပြောချင်တဲ့ အကြောင်းအရာတွေကို မဖြစ်မနေ ပြန်တည်ဆောက်ရပါတယ်။
ဒါပေမယ့် မီ တစ်ယောက် ငုတ်တုတ်လေးထိုင်နေတာကို ဝတ္ထု ဖတ်သူက စိတ်ထဲမှာ ပုံတွေ ပေါ်နေပြီး လိုက်ခံစားနိုင်တယ်။
ရုပ်ရှင်ထဲမှာတော့ သီချင်းထည့်ပြီး ပုံဖော်ပြနေရတယ်။ (ဒီနေရာ မီဝတ္ထု ဖတ်ဖူးသူတိုင်းက ဟာကနဲ့ ဖြစ်ကုန်ကြပါတယ်)

ဝတ္ထုမှာ စာကြောင်းတစ်ကြောင်းထဲမှာတင် ဒီဇာတ်ကောင်ရဲ့ အတိတ် ပစ္စုပ္ပန် ကို ပုံဖော် ပြောနိုင်ပေမယ့် ဇာတ်ညွှန်းမှာတော့ Scene တစ်ခုထဲ ထည့်လို့ မရနိုင်တော့ဘူး။ ထည့်လိုက်မယ်ဆိုရင် ကြည့်သူက အရမ်းရှုပ်ထွေးသွားပြီး ပြောချင် ပြချင်တာကိုလုံးဝ နားမလည်နိုင်တော့ဘူး။

ဝတ္ထုနဲ့ ဇာတ်ညွှန်း ဘာကွာသလဲဆိုရင် စကားပြေအရေးအသားနဲ့ စိတ်ပုံရိပ်တွေကို စာဖတ်သူတွေ ပုံဖော်နေအောင် လုပ်တာနဲ့ စိတ်ပုံရိပ်တွေကို ပုံဖော်နေတာ မဟုတ်ဘဲ တကယ့် ပိတ်သားပြင်ပေါ်မှာ မြင်ရအောင်သာ ပုံဖော်နေတာ ကွာခြားပါတယ်။

17/01/2024

Inner Demon တွေကို လက်ခံနိုင်ဖို့ လိုတယ်။
“ရုတ်တရက် ထောင်ကျသွားတော့ ဘဝကြီးသေပြီလို့ မှတ်ထားခဲ့တယ်။
တကယ့်ကြီး ဘာကိုမှ ဖက်တွယ်လို့ မရတော့ မှန်းမသိတော့တဲ့ အခါ ဖတ်ထားသမျှ စာတွေ သိထားသမျှ အရာတွေ အားလုံးက ကိုယ့်ကို လာပြီး အဖော်ပြုပေးတယ်လေ”

အရာရာဟာ ကျနော် တို့ အတွက် denial အဆင့်မှာပဲရှိနေတယ်။ Acceptence အဆင့်ကိုရောက်နိုင်ဖို့ အရမ်းခက်ခဲတယ်။

ကျနော်တို့ အားလုံးရဲ့ မူလ ပန်းတိုင်က ဆက်လက်ရှင်သန် နေထိုင်နိုင်ဖို့ပဲဖြစ်တယ်။
Acceptance ဟာ ရှင်သန်နေထိုင်လိုခြင်းကို ငြင်းဆန်နေတာ မဟုတ်ကြောင်း ကျနော်တို့ အတွင်းစိတ်ကို သိဖို့ များများ လှုံ့ဆော်နိုင်ဖို့ လိုတယ်။

အရာရာကို Defense Mechanism သဘောနဲ့ ငြင်းဆန် နေကြတဲ့ ကျနော်တို့ ဟာ Acceptence အဆင့်ကိုရောက်ဖို့ ဆိုတာ တကယ်ကို မလွယ်ရိုးပါ။

ကိုယ်ပူနေတာ ချောင်းဆိုးနေတာ တွေက ရောဂါ အစစ်မဟုတ်ဘဲ တကယ်ရောဂါ က ဖြစ်လာတဲ့ ဆိုးကျိုးရလဒ် လက္ခဏာတွေပဲဖြစ်ပါတယ်။

ဆရာဝန်တွေက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆေးမကုရတဲ့ အကြောင်းပြချက်က ရောဂါမှားတံဆိပ်ကပ်မိမှာ စိုးလို့ ဖြစ်ပါတယ်။

ကိုယ်တိုင်က ရောဂါဝေဒနာ ခံစားနေရချိန်မှာ အဲဒီ ရောဂါရဲ့ လွှမ်းမိုးမှုကြောင့် တကယ့် ရောဂါအစစ်ကို ပြန်ရှာတွေ့နိုင်ဖို့ ဆိုတာ မှားနိုင်ချိန် ရာခိုင်နှုန်းတွေများလို့ပါ။

ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြဖို့ လိုကို လိုအပ်ပါတယ်။
မမှားသော ရှေ့နေ မသေသော ဆေးသမား မရှိငြှား ဆိုသလို ဆရာဝန်တိုင်းကလည်း မှန်မနေပါဘူး။ ဒါပေမယ့် ကျနော်တို့ ကိုယ်တိုင်က Denial အဆင့်မှာ Defence Mechanism ကို ကောင်းကောင်းကြီးလုပ်နေတော့ ကျနော်တို့ရဲ့ မှားနိုင်ခြေက ပိုများပါတယ်။
ဒါပေမယ့်လည်း ကျနော်တို့ ဟာ ကျနော်တို့ အကြောင်းကို အခြားလူထက် ပိုပြီး ကောင်းကောင်းသိကြတယ်။

မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသလို ကိုယ့်ကိုယ်ကို နားလည်မှုက ပိုပြီး ကြီးမားပါတယ်။

အကိုတစ်ယောက် ထောင်ကျတော့ ဘဝကြီးသေပြီလို့ မှတ်ထားခဲ့ရကြောင်းပြောဖူးတာ မှတ်မိတယ်။

“ရုတ်တရက် ထောင်ကျသွားတော့ ဘဝကြီးသေပြီလို့ မှတ်ထားခဲ့တယ်။
တကယ့်ကြီး ဘာကိုမှ ဖက်တွယ်လို့ မရတော့ မှန်းမသိတော့တဲ့ အခါ ဖတ်ထားသမျှ စာတွေ သိထားသမျှ အရာတွေ အားလုံးက ကိုယ့်ကို လာပြီး အဖော်ပြုပေးတယ်လေ”

ကျနော်ကိုယ်တိုင်လည်း အကြောင်းတစ်ခုကြောင့် Panic attack တွေ၊ Anxiety တွေပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးတယ်။
အစတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက်ကြီး ထ ပြီး နှလုံးခုန်သံမြန်လာတာ၊ အသက်ရှုမဝလာတာ၊ ကြောက်လန့်လာတွေ ဖြစ်လာတယ်။

အိပ်ရာပေါ်မှာ အိပ်မယ်ဆိုပြီး လှဲ နေလည်း မျက်လုံးကြီးက ပွင့်နေတယ်။ လူက အရမ်းအိပ်ချင်နေပြီ။ ဒါပေမယ့် ဘယ်လိုမှ အိပ်မရနိုင်ဘူး ဖြစ်တယ်။
မီးတဖြတ်ဖြတ် လင်းနေတာကို ကြောက်နေတယ်ဆိုတာ ဘယ်လိုကြောင့်လဲ ဘာ့ကြောင့်လဲ ဆိုပြီး အဖြေရှာရတော့တယ်။
ဒါကလည်း တကယ်တော့ အရမ်းကြိုးစားပြီး လုပ်ယူစရာမလိုဘဲ အလိုလို အဖြေတွေဖြစ်လာတယ်။

ပထမ လက္ခဏာတွေကို သေချာ သဘောပေါက်အောင်နားလည်အောင် ကြည့်တယ်။
ပြီးတော့ ဒါက Panic Attack ပဲ ဒါကတော့ Anxiety ပဲဆိုပြီး ဖတ်ဖူးခဲ့သမျှ စာတွေကြောင့် လက်ခံလိုက်တယ်။
ပြီးတော့ Streessor ကို ရအောင်ရှာတယ်။

Trauma Event တစ်ခုကို သွားတွေ့တယ်။ ဒါ့ကြောင့်ဖြစ်တာပဲဆိုပြီး လက်ခံတယ်။
ပြီးတော့ ငါ ဘာလုပ်လို့ရလဲဆိုပြီး သုံးသပ်တယ်။
အဖြေ အစစ်မဟုတ်တော့ ကောင်းကောင်းကုသလို့ မရနိုင်ဘူးဖြစ်နေတယ်။
အဲဒီ Trauma event ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ inner demon လေးကို ရှာတွေ့အောင် ထပ်ရှာတယ်။
နောက်ဆုံးတွေ့ရှိခဲ့ချိန် ကိုယ့်ကိုယ်ကို တကယ့်ကို ရွံ့မုန်းသွားတယ်။
ငါက ဒီလိုလူသားတစ်ဦးပဲ အရမ်း ရွံ့စရာကောင်းတဲ့ လူပဲဆိုပြီး အပြစ်တင်တယ်။
ကိုယ့်ကိုယ်ကို အပြစ်တင်လေ ရောဂါလက္ခဏာတွေက ပိုဆိုးလာလေဖြစ်လာတယ်။
နောက်ဆုံးမှာ သြော် ငါက ဒီလို လုပ်ရပ်ကို လုပ်လာတဲ့ ဒီလို လူတစ်ယောက်ပါပဲ ဆိုပြီး INNER DEMON ကြီးကို လက်ခံလိုက်ရတယ်။
နောင်ဘယ်တော့မှာ ဒီလို လုပ်ရပ် ငါ မလုပ်တော့ဘူး။ ငါသေမှာ အရမ်းကြောက်တတ်တာပဲ။ သေတော့ ဘာဖြစ်လဲကွာ ဆိုပြီး အဆိုးဆုံးကို လက်ခံလိုက်တော့တယ်။

ဒီအချိန်မှာ သိသိသာသာ Anxiety တွေ ရှင်းလာတာ တွေ့လိုက်ရတယ်။ အရှင်းတော့ မပြောက်နိုင်ဘူးပေါ့လေ။ ဒါပေမယ့် Denialအဆင့်ကို ကျော်လွန်ပြီး Acceptence ကို ရောက်သွားချိန် ရှင်သန်နေထိုင်ရတာ ပိုပြီး ကောင်းမွန်သွားတာတော့ အမှန်ပါပဲ။
ကိုယ့်ရဲ့ Inner Demon ကြီးကိုရအောင် ရှာတွေ့နိုင်ကြပါစေ။

နောက်စိတ် က ဘာလဲ ကြိုသိနိုင်တဲ့အခါ စိတ် နဲ့ ရုပ် ရဲ့ ကွားခြားမှု ရုပ်အလွန်က စိတ်ဆိုတာကို လက်ခံမယ်။  ခုတော့ စိတ်ဆိုတာ လှု...
09/01/2024

နောက်စိတ် က ဘာလဲ ကြိုသိနိုင်တဲ့အခါ စိတ် နဲ့ ရုပ် ရဲ့ ကွားခြားမှု ရုပ်အလွန်က စိတ်ဆိုတာကို လက်ခံမယ်။ ခုတော့ စိတ်ဆိုတာ လှုံ့ဆော်မှု များစွာကို တုံ့ပြန်မှုများစွာ ပြန်လုပ်နေရတဲ့ ဖြစ်စဉ်တွေပဲဖြစ်တယ်။ အပိုင်း အစ လေးတွေကိုတော့ သိတယ်။ အနက်ရှိုင်းဆုံးထိတော့ မသိနိုင်။ မသိစိတ်နဲ့ သိစိတ်ရဲ့ ကွာခြားမှုက ဒါပါပဲ။ စိတ်ဆိုတာ နျှူရွန်တွေရဲ့ လှုပ်ရှားမှုကနေဖြစ်ပေါ်လာတဲ့ emergent property တစ်ခု ထွန်းထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်တယ်။ နျှူရွန်တွေက ဘီလီယံပေါင်းများစွာရှိနေပြီး အချင်းချင်းချိတ်ဆက်အလုပ်လုပ်နေကြတယ်။ သူတို့ အချင်းချင်းချိတ်ဆက်အလုပ်လုပ်ပုံကနေ လမ်းကြောင်းတွေ ဖြစ်နေတယ်။ “ဆေးထိုးအပ်” လို့ ပြောလိုက်ရင် “ဆရာဝန်” ဆိုပြီး တန်းမြင်နေရတာက ဘာသာစကားနဲ့အတူတူ အဓိပ္ပါယ်တွေအောက်မှာ သေချာနားလည်နေတဲ့ နျှူရွန်လမ်းကြောင်းရှိထားပြီးမလို့ပဲ။ “ဆရာဝန်” လို့ ပြောလိုက်ရင် ဂျူတီကုတ် အဖြူရောင်နဲ့ နားကျပ် လည်ပင်းဆွဲထားတာကို တန်းမြင်နေရတာကလည်း အားလုံးက ပုံဖော်ပြီးသား (ဥပမာ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုပုံစံမျိုး) ကြောင့်ပဲဖြစ်တယ်။ …... https://mentaltranscripts.wordpress.com/2024/01/09/beyond-the-predictable-a-glimpse-into-mind-and-form/?fbclid=IwAR2ZJfMppeKoaW2pLPY4ZzVxFPi4bntGtEtmP6b6p6OTkVi8VGKJeYqRrZc

(in English, check below) နောက်စိတ် က ဘာလဲ ကြိုသိနိုင်တဲ့အခါ စိတ် နဲ့ ရုပ် ရဲ့ ကွားခြားမှု ရုပ်အလွန်က စိတ်ဆိုတာကို လက်ခံမယ်။ ....

01/01/2024

ငြိမ်းချမ်းရေး တိုက်ပွဲ
တေးရေး- ကိုနေဝင်း
တေးဆို-မွန်းအောင်
🎵🎶🎵🎶🎵🎶🎵🎶🎵🎶
အေးအေးငြိမ့် စိမ်းရေစီးတဲ့ မြကန်
တိုးတိုးလေးဖွဲ့ ဆို တေးချင်း တစ်ပုဒ်ကို
မှေးစက်မဲ့ စိတ်ငြိမ် ညတို့ရှိစေ
နီတဲ့သွေး ရဲရင့်လို့
ခြေကိုလှမ်း ရှေ့ကို ချီတက်ခဲ့ပြီ
🎵🎶🎵🎶🎵🎶🎵🎶🎵🎶
ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
ကိုယ့်ဖက်က အလှည့်ကို ရောက်မှမနွဲ့တာ
စိုက်ခဲ့သမျှ ဒို့ရိတ်သိမ်း ရတော့မယ်
အခါတိုင်ပြီ လက်မလွတ်နဲ့
မကျေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ
🎵🎶🎵🎶🎵🎶🎵🎶🎵🎶

မိုးမခပင်တွေ ဒို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ
🎵🎶🎵🎶🎵🎶🎵🎶🎵🎶

စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ်
ခင်းထားတဲ့ လမ်းဟာ ဒို့ရဲ့သစ္စာ
ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်
နီတဲ့သွေး ရဲရင့်လို့
ရန်သူမင်း ရှေ့ကို ချီတက်ခဲ့ပြီ
🎵🎶🎵🎶🎵🎶🎵🎶🎵🎶

မိုးမခပင်တွေ ဒို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ

ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ

ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ

ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ

ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ

ရိုးမတောင်ခြေ
နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ

Address

19 Street , Latha
Yangon
11131

Website

Alerts

Be the first to know and let us send you an email when DAN: Your Personal Content Creator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DAN: Your Personal Content Creator:

Videos

Share

D & J Freelancing

This page is to share knowledge about Facebook marketing and to help people who are in need of Facebook marketing.


Other Social Media Agencies in Yangon

Show All