
05/02/2025
အကြောင်းအရာ ။ ။ သင်တန်းသားသစ် ခေါ်ယူခြင်း။
အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်၍ ကျွန်ုပ်တို့ P29909 SOUTHERN EAGLE PDF တပ်ရင်းသည် MOD လက်အောက်ခံ တပ်ရင်းဖြစ်သည်နှင့် အညီ အာဏာရှင် ယန္တယားကို အမြစ်ပြုတ် ချေမှုန်းရန် ဆန္ဒထက်သန်သည့် တပ်သားသစ်များအား အလိုရှိသည်။
လိုအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ဖြည့်တင်းသွားမည်ဖြစ်၍ တော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်မည့်သူများကို P29909 Southern Eagle PDF တပ်ရင်း မှ နွေးထွေးစွာ ကြိုဆိုပါမည်။ သင်တန်းသား ဦးရေ (၁၀၀) ယောက် တိတိ ခေါ်ယူသွားမည် ဖြစ်သည်။
အောက်ပါ အချက်အလက်များနှင့် ကိုက်ညီသူများကို စီစစ်ခေါ်ယူမည်။
၁။ ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်ရမည်။
၂။ အခြေခံစစ်ပညာသင်တန်း တက်ရောက်နိုင် ရမည်။
၃။ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရမည် ။
၄။ မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင် ရမည်။
၅။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရမည်။
၆။ အာဏာရှင်စံနစ်ကို အမြစ်ပြတ်ရိုက်ချိုးနိုင်သည်အထိ စစ်မှုထမ်းနိုင် ရမည်။
၇။ အဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်နိုင် ရမည်။
၈။ အထက်/အောက် ပေးအပ်သောတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်နိုင် ရမည်။
၉။ အရက်သေစာ ၊မူးယစ်ဆေးဝါး မသုံးစွဲသူဖြစ်ရမည်။
၁၀။ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ မထားပဲ တိုင်းပြည်နှင့်ပြည်သူ၏အကျိုးကို ဦးစားပေး၍ တော်လှန်ရေး
အောင်မြင်ပြီးမြောက်ရန်အတွက် မိမိကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုသူ ဖြစ်
ရမည်။
၁၁။ P29909 Southern Eagle PDF တပ်ရင်းသို့ လာရောက်မည့် ရဲဘော် / ရဲမေ များသည်
သတ်မှတ်ထားသော တာဝန်ထမ်းဆောင်ချိန်ပြည့်မှီအောင်ထမ်းဆောင်ရမည်။
၁၂။ သင်တန်းဆင်းပြီး အချိန်မှစ၍ အနည်းဆုံး (၂)နှစ် တာဝန်ထမ်းဆောင်နိုင် ရမည်။
၁၃။ စည်းကမ်းဖောက်ဖျက်မှု့များရှိခဲ့လျှင် တပ်ဖွဲ့မှ ချမှတ်ထားသည့် ပြစ်ဒဏ်များကို ကျေနပ်စွာ
ခံယူရပါမည်။
အထက်ပါ အချက်အလက်များနှင့် ကိုက်ညီပြီး လိုက်နာလိုသည့် မည်သူမဆို ကျွန်ုပ်တို့ P29909 SOUTHERN EAGLE PDF တပ်ရင်း၏ Offical Page သို့ဆက်သွယ်ပြီး စာရင်း
သွင်း နိုင်ပါသည်။
အီးတီ
(တပ်ရင်းမှူး)
P29909 SOUTHERN EAGLE PDF
#ပြန်ကြားရေးဌာန