ONEX2-Sports

ONEX2-Sports ဘောလုံးသတင်းတွေကို အမြဲတင်ဆက်ပေးသွားပါမယ်ရှင့်

တကယ်ကောင်းနေတဲ့ အန်တိုနီ ✨• ဘက်တစ်အတွက် ၄ ပွဲကစား၊ ၃ ဂိုးသွင်း၊ MOTM ၃ ကြိမ် 🔥စပိန််မှာ ၃၆၀ ဒီဂရီ ထောက်ချွန်လေးသက်သက်မဟု...
18/02/2025

တကယ်ကောင်းနေတဲ့ အန်တိုနီ ✨

• ဘက်တစ်အတွက် ၄ ပွဲကစား၊ ၃ ဂိုးသွင်း၊ MOTM ၃ ကြိမ် 🔥

စပိန််မှာ ၃၆၀ ဒီဂရီ ထောက်ချွန်လေးသက်သက်မဟုတ်တော့ပါဘူး။

အဆင့် ၁၃ မှသည် ၁၅ သို့ 🔻• အမိုရင် ယူချင်တဲ့ အမှတ်ပေးလိဂ်ဖလားက ပရီးမီးယားလိဂ်ထက် ချန်ပီယံရှစ်ဖလားဖြစ်ဖို့ ပိုနီးစပ်လာပါပြ...
17/02/2025

အဆင့် ၁၃ မှသည် ၁၅ သို့ 🔻

• အမိုရင် ယူချင်တဲ့ အမှတ်ပေးလိဂ်ဖလားက ပရီးမီးယားလိဂ်ထက် ချန်ပီယံရှစ်ဖလားဖြစ်ဖို့ ပိုနီးစပ်လာပါပြီ။

မန်စီးတီးအသင်းတိုက်စစ်မှူးသစ် အိုမာမာမော့ရှ်ဟာ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်ရဲ့ပွဲချိန် ၃၂ မိနစ်မှာတင် မန်စီးတီးအသင်းကစားသမား...
16/02/2025

မန်စီးတီးအသင်းတိုက်စစ်မှူးသစ် အိုမာမာမော့ရှ်ဟာ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်ရဲ့ပွဲချိန် ၃၂ မိနစ်မှာတင် မန်စီးတီးအသင်းကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ မနေ့က ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ဘရိုက်တန်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက...
15/02/2025

ချဲလ်ဆီးကတော့ မနေ့က ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ဘရိုက်တန်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေကမှ အက်ဖ်အေဖလားမှာ ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ ရှုံးထားတဲ့ ချဲလ်ဆီးတို့ နောက်တစ်ကြိမ် ထပ်ရှုံးခဲ့တာပါ။

ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်းက အားရစရာ တစ်စက်မှမရှိခဲ့ဘဲ ဘရိုက်တန်ကသာ သက်သောင့်သက်သာနဲ့ နိုင်သွားတယ်လို့ ပြောနိုင်ပါတယ်။ မီတိုမာ၊ မင်တာ့ချ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဘရိုက်တန်တို့ သုံးဂိုးပြတ်နဲ့ နိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက်လည်း ထိပ်သီး (၄) သင်းနေရာက စိုးရိမ်စရာ ဖြစ်လာပါတယ်။

လက်ရှိအချိန်မှာ အဆင့် (၄) နေရာကို ရယူထားဆဲဆိုပေမယ့် မန်စီးတီး၊ နယူးကာဆယ်၊ ဘုန်းမောက်တို့သာ လက်ကျန်တစ်ပွဲမှာ နိုင်ခဲ့ရင် ချဲလ်ဆီးတို့ အဆင့် (၇) လောက်အထိ ရောက်သွားနိုင်ခြေရှိပါတယ်။

လေ့လာမှတ်သား မြန်မာစကားပုံများ 😁
14/02/2025

လေ့လာမှတ်သား မြန်မာစကားပုံများ 😁

🇧🇷⚽️ အန်တိုနီတစ်ယောက် ယူနိုက်တက်မှ ရီးရဲလ် ဘက်တစ်အသင်းသို့အငှားပြောင်းရွေ့ပြီး ပထမဆုံး(၃)ပွဲ စွမ်းဆောင်ရည်-ပထမဆုံးပွဲထွက...
14/02/2025

🇧🇷⚽️ အန်တိုနီတစ်ယောက် ယူနိုက်တက်မှ ရီးရဲလ် ဘက်တစ်အသင်းသို့အငှားပြောင်းရွေ့ပြီး ပထမဆုံး(၃)ပွဲ စွမ်းဆောင်ရည်-

ပထမဆုံးပွဲထွက်ကစား - ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမား🥇

ဒုတိယမြောက်ပွဲထွက်ကစား- ဂိုးသွင်း⚽️ + ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမား🥇

တတိယမြောက်ပွဲထွက်ကစား- ဂိုးသွင်း⚽️

ယူနိုက်တက်ဟာ တကယ်ပဲ ဘောသင်္ချိုင်းဖြစ်နေခဲ့ပြီလား…?👀

အကယ်ဒမီအသင်းရဲ့ တတိယဦးစားပေး CB ပါတဲ့။ ဘာကြောင့် အသင်းကြီးအတွက်ပါလာလဲဆိုရင် ရှေ့က ၂ ယောက်က ဒဏ်ရာရသွားလို့ သူပဲရှိလို့ခေါ...
13/02/2025

အကယ်ဒမီအသင်းရဲ့ တတိယဦးစားပေး CB ပါတဲ့။

ဘာကြောင့် အသင်းကြီးအတွက်ပါလာလဲဆိုရင် ရှေ့က ၂ ယောက်က ဒဏ်ရာရသွားလို့ သူပဲရှိလို့ခေါ်လာခဲ့တာ။ ဖြစ်ချင်တော့ အရန်ခုံထိုင်နေရတဲ့အချိန်မှာ ကွင်းထဲက မီလီတာအိုပါ ACL ထိသွားတော့ ပွဲဦးထွက်ခွင့်ရပြီး ဒီလိုအခြေအနေအနေတွေအထိရောက်လာခဲ့တာပါ။

အဆန်စီယိုက အခုဆို ဂရက်မန်း၊အဲဗာရက်၊လီဗန်ဒေါစကီး၊ဒါဝင်နူးညက်၊ဟာလန်း တို့လိုဥရောပရဲ့ အဓိက တိုက်စစ်မှုးတွေနဲ့ တွေ့ဆုံပြီးပါပြီ။ ဒီပွဲတွေမှာ ကျေနပ်လောက်စရာ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။

အရပ် 6 ပေ 1 လက်မ နဲ့အတူ ဆာဂျီယိုရာမို့စ်နဲ့ လုံးဝတူညီတဲ့အရပ်အမောင်းကိုပိုင်ဆိုင်ထားတဲ့ စပိန်သားဟာ ဒီရာသီရဲ့ CB တွေအားလုံးထဲမှာ အမြင့်ဘောယှဉ်လုနှုန်းအကောင်းဆုံးအဖြစ် 77.27% နဲ့ ရှိနေပါတယ်။ Last Defender ဆိုတဲ့ အနေအထား၊ Box တွေထဲမှ ရှင်းထုတ်မှု၊ ဘောလုံးနှင့်အတူ သက်သောင့်သက်သာဖြစ်မှု၊ ဖိအားတွေကိုအာရုံမစိုက်တတ်တဲ့သူ့ရဲ့ ပုံစံကို ပရိတ်သတ်တွေက သဘောတွေ့ကြပါတယ်။ ဗဟိုနောက်ခံလူဆိုတာ အချိန်နဲ့ နေရာကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကိုပြုလုပ်ရတာဖြစ်တဲ့အလျောက် အဆန်စီိယိုက ဒီလိုနေရာတွေမှာ ဂုဏ်ထူးထွက်ထားပါတယ်။

ဆာဂျီယိုရာမို့စ် Profile ဆိုတဲ့ ပုံရိပ်ဟာ မက်ဒရစ်ပရိတ်သတ်တွေရင်ထဲမှာ စွဲမြဲနေတဲ့ပန်းချီကားတွေဖြစ်တာကြောင့် လက်ရှိနောက်ခံလူတွေနဲ့အတူ အာသာမပြေမှုကို အနီးစပ်ဆဆုံးတူနေတဲ့ ဒီလူငယ်လေးနဲ့ပဲကုစားရမှာပါ။

ဆက်လက်ပျံသန်းပေးပါ Asencio 🤍💜

✅ မက်ဆီနဲ့ရော်နယ်ဒိုရဲ့ ကွာခြားချက်အက်သလက်တီကိုနည်းပြ ဆီမြွန်နီ 🗣“မင်း ခရစ်စတီယာနိုကို စ-စ်ပွဲတစ်ပွဲဆီကို ခေါ်သွားလိုက်၊...
12/02/2025

✅ မက်ဆီနဲ့ရော်နယ်ဒိုရဲ့ ကွာခြားချက်
အက်သလက်တီကိုနည်းပြ ဆီမြွန်နီ 🗣
“မင်း ခရစ်စတီယာနိုကို စ-စ်ပွဲတစ်ပွဲဆီကို ခေါ်သွားလိုက်၊ သူတစ်ယောက်တည်းနဲ့ ရန်သူအားလုံးကိုအနိုင်ယူပြလိမ့်မယ်...
မက်ဆီဆိုရင်တော့ သူတစ်ခုခုလုပ်ပြနိုင်ဖို့အတွက် သူ့အသင်းဖော်တွေကိုပါ ခေါ်လာပေးမှရမှာ...”

04/02/2025

Stay Humble Eh 🔥

ဘယ်ဘက်ကတော့ စူပါဂန္ဒ၀င် ဗန်ဒါဆား...ညာဘက်ကတော့ သူမ မချစ်တဲ့ အိုကေနာဆား...
04/02/2025

ဘယ်ဘက်ကတော့ စူပါဂန္ဒ၀င် ဗန်ဒါဆား...
ညာဘက်ကတော့ သူမ မချစ်တဲ့ အိုကေနာဆား...

မန်စီးတီး တိုက်စစ်မှူး ဟာလန်းအတွက် တော်တော်လေး အထိနာခဲ့တဲ့ ပွဲတစ်ပွဲပါ။ အားလုံးက “Stay Humble Eh” ဆိုတာနဲ့ပဲ သူ့ကို လှော...
03/02/2025

မန်စီးတီး တိုက်စစ်မှူး ဟာလန်းအတွက် တော်တော်လေး အထိနာခဲ့တဲ့ ပွဲတစ်ပွဲပါ။ အားလုံးက “Stay Humble Eh” ဆိုတာနဲ့ပဲ သူ့ကို လှောင်ပြောင်နေကြပြီး မန်စီးတီးကလည်း အာဆင်နယ်ကို အဝေးကွင်းမှာ ၅-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒီကြားထဲမှာမှ ပထမအကျော့မှာ သူ အမှန်အကန်ဗျင်းခဲ့တဲ့ စကယ်လီဆိုတဲ့ကောင်လေး၊ ဒီကောင်လေးကို သူက “မင်းက ဘယ်က သောက်တလွဲကောင်လဲ” ဆိုပြီး မေးခဲ့သေးတာ။ အခုတော့ ဒီကောင်လေးက မန်စီးတီးဘက်ကို ဂိုးသွင်းပြီး ဟာလန်းလို စတိုင်မျိုးနဲ့ပါ အမ်းမရိတ်စ်ကွင်းထဲမှာ အောင်ပွဲခံသွားခဲ့ပါတယ်။
အိုဒီဂတ်ရဲ့ အဖွင့်ဂိုးရသွားချိန်မှာလည်း ဂါဘရီရယ်က ဟာလန်းရဲ့ ရှေ့တည့်တည့်မှာ အသည်းအသန် အောင်ပွဲခံပြခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကလည်း ပထမအကျော့တုန်းက ဟာလန်းပြောခဲ့တဲ့ “Stay Humble” ဆိုတဲ့ စကားကို စာတန်းထုတ်လာခဲ့ပြီး အမ်းမရိတ်စ်ကွင်းထဲမှာ တောက်လျှောက် လှောင်ပြောင်ခဲ့ကြပါတယ်။
မန်စီးတီးနဲ့ ဟာလန်းအတွက်တော့ တော်တော်လေးကို အနာတွေ ထပ်ဆင့်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပြီး ဟာလန်းတစ်ယောက် ဂိုးသွင်းနိုင်ခဲ့သည့်တိုင် အာဆင်နယ်က ၅-၁ ဂိုးနဲ့ နိုင်သွားတော့ သူ့ကို လှောင်ပြောင်စရာဖြစ်သွားခဲ့ကာ အာဆင်နယ်ပရိသတ်တွေအတွက် ပထမအကျော့အတွက် ချိုမြိန်တဲ့ လက်စားချေမှုဖြစ်ခဲ့ပါတယ်။

01/02/2025

Amorim's ManUtd Counter attack 🔥

နေမာဟာ ဆန်းတို့စ်အသင်းမှာ လစာအနေနဲ့ တစ်လကို ဒေါ်လာတစ်သိန်းခြောက်သောင်းခန့် ရရှိသွားမယ်လို့သိရပါတယ်။
01/02/2025

နေမာဟာ ဆန်းတို့စ်အသင်းမှာ လစာအနေနဲ့ တစ်လကို ဒေါ်လာတစ်သိန်းခြောက်သောင်းခန့် ရရှိသွားမယ်လို့သိရပါတယ်။

🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 🚨Paul Pogba က Instagram မှာ “ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရအောင်…”ဆိုပြီး  Amad ပုံနဲ့အစတူတူတွဲတင်လိုက်တာဖြစ်ပ...
31/01/2025

🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 🚨
Paul Pogba က Instagram မှာ “ဘာတွေဆက်ဖြစ်
လာမလဲဆိုတာ ကြည့်ရအောင်…”ဆိုပြီး Amad ပုံနဲ့အစတူတူတွဲတင်လိုက်တာဖြစ်ပါတယ်💣💣
ယူနိုက်တက် အတွက် Pagba ပြန်ရောက်လာတော့မယ်လို့သတင်းတွေလဲထွက်ပေါ်လာခဲ့တာပါ
Paul Pogba on Instagram:
“Let’s see what’s coming…”.

30/01/2025

Arsenal vs Girona Highlights

Breaking New !! ဆော်ဒီဘက်ကတော့ Vinicius ကိုခေါ်ယူဖို့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ယူရို သန်း 300 ဖြင့်ကမ်းလှမ်းဖို့ပ...
30/01/2025

Breaking New !!
ဆော်ဒီဘက်ကတော့ Vinicius ကိုခေါ်ယူဖို့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ယူရို သန်း 300 ဖြင့်ကမ်းလှမ်းဖို့ပြင်ဆင်နေကြောင်းသိရသည်။ Viní Jr. ကို တစ်ရာသီလျှင် လစာ ယူရို သန်း ၂၀၀ ဖြင့်ကမ်းလှမ်းမည်ဖြစ်သည်။

*အကယ်၍ ဗီနီးစီးယပ်စ်သာ ဆော်ဒီရဲ့ကမ်းလှမ်းမှုကို နားထောင်ပေးဖို့ ရီးရဲလ်ထံတောင်းဆိုပါက ၊ ဆော်ဒီဘက်က ဖြစ်နိုင်ချေရှိသော သဘောတူညီချက် ရရှိရန် ကြိုးစားမည်ဖြစ်သည်။

29/01/2025

Happy Chinese New Year 🧧

အသက်(18)နှစ်အရွယ် လူငယ်နောက်ခံလူ Heavenဟာ အာဆင်နယ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ယူနိုက်တက်အသင်းကိုပြောင...
29/01/2025

အသက်(18)နှစ်အရွယ် လူငယ်နောက်ခံလူ Heavenဟာ အာဆင်နယ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ယူနိုက်တက်အသင်းကိုပြောင်းရွေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
Heavenအနေနဲ့ ယူနိုက်တက်ဘက်က ပထမအသင်းကြီးမှာ ကစားခွင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကြောင့် အာဆင်နယ်အသင်းကို စွန့်ခွာဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ Heavenကို ပထမအသင်းကြီးရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when ONEX2-Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share