ONEX2 Myanmar

ONEX2 Myanmar ဘောလုံးနှင့်သက်ဆိုင်သော သုတ ရသ သတင်း များကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင့်

ယူနိုက်တက်တိုက်စစ်မှူးရက်ဖို့ဒ်ကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း အက်စတွန်ဗီလာအသင်းက တရားဝင...
03/02/2025

ယူနိုက်တက်တိုက်စစ်မှူးရက်ဖို့ဒ်ကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း အက်စတွန်ဗီလာအသင်းက တရားဝင်ကြောငြာလိုက်ပြီဖြစ်ပါတယ်။

01/02/2025

Santos NeymarJr 🇧🇷

"ဗာဂျယ် ဗန်ဒိုက်က အရမ်းကံကောင်းသွားပါတယ်။ ဒရော့ဘာ၊ လမ်းပတ်၊ အလန်ရှီးယား၊ ဟင်နရီ၊ ရွန်းနီ၊ ဗန်ပါစီ၊ တီဗက်ဇ်၊ အဒီဘာယောနဲ့ ...
01/02/2025

"ဗာဂျယ် ဗန်ဒိုက်က အရမ်းကံကောင်းသွားပါတယ်။ ဒရော့ဘာ၊ လမ်းပတ်၊ အလန်ရှီးယား၊ ဟင်နရီ၊ ရွန်းနီ၊ ဗန်ပါစီ၊ တီဗက်ဇ်၊ အဒီဘာယောနဲ့ ဒီယေဂိုကော်စတာတို့မရှိတဲ့အချိန် ပရီးမီးယားလိဂ်မှာ ကစားရတာပါ။"
"သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူဆိုပြီး စိတ်ကူးယဉ်မနေပါနဲ့။"
- မိုက်ကယ် ဘောလက်

ကိုယ့်အဆင့်ကို သိပါ
31/01/2025

ကိုယ့်အဆင့်ကို သိပါ

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဥ် ကစားပြီးတဲ့နောက် ရှုံးထွက်ကို တိုက်ရိုက်တက်ခွင့်ရတဲ့ ၈သင်းလည်း ပေါ်ထွက်လာပါတယ် ။ထူးခ...
30/01/2025

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဥ် ကစားပြီးတဲ့နောက် ရှုံးထွက်ကို တိုက်ရိုက်တက်ခွင့်ရတဲ့ ၈သင်းလည်း ပေါ်ထွက်လာပါတယ် ။

ထူးခြားတာက အဆိုပါ ၈သင်းထဲမှာ ၄သင်းသာ ချန်ပီယံလိဂ် ရဖူးပြီး ကျန် အာဆင်နယ် ၊ အက်သလက်တီကို ၊ လိုင်လီ ၊ လေဗာကူဆင် တို့ဟာ ချန်ပီယံ မဖြစ်ဖူးသေးပါဘူး ။

ယူနိုက်တက် တိုက်စစ်မှူး တွေဖြစ်ကြတဲ့ ဟွိုက်လန်း နဲ့ ဇက်ခ်ဇီး တို့ ၂ ယောက်ဟာ ဒီဇင်ဘာလ စကတည်းက အသင်းအတွက် ၂ ယောက်ပေါင်းမှ ...
29/01/2025

ယူနိုက်တက် တိုက်စစ်မှူး တွေဖြစ်ကြတဲ့ ဟွိုက်လန်း နဲ့ ဇက်ခ်ဇီး တို့ ၂ ယောက်ဟာ ဒီဇင်ဘာလ စကတည်းက အသင်းအတွက် ၂ ယောက်ပေါင်းမှ ၁ ဂိုးတည်းသာ သွင်းယူထားနိုင်ကြတာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ သူတို့ ၂ ယောက်အတွက် စုစုပေါင်း ယူရိုသန်း ၁၀၀ ကျော်အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

နည်းပြကြီး အိုနားနား 🔥• ချယ်လ်ဆီးက ကီပါ နောက်ပိုင်း ဂိုးသမားနေရာရော နည်းပြတာဝန်ပါ ၂ ခုစလုံးတာဝန်ယူတဲ့ ဒုတိယမြောက်ကစားသမာ...
28/01/2025

နည်းပြကြီး အိုနားနား 🔥

• ချယ်လ်ဆီးက ကီပါ နောက်ပိုင်း ဂိုးသမားနေရာရော နည်းပြတာဝန်ပါ ၂ ခုစလုံးတာဝန်ယူတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါပြီ။ 🫡

ပထမအကျော့ စပါးစ်ကို ဂိုးသွင်းအပြီးမှာ မိမိမှာ ပရီးမီးယားလိဂ် ဖလား ၁ လုံး ရှိကြောင်း ပြသခဲ့သလို ယနေ့ပွဲမှာလည်း ထပ်မံပြီး ...
27/01/2025

ပထမအကျော့ စပါးစ်ကို ဂိုးသွင်းအပြီးမှာ မိမိမှာ ပရီးမီးယားလိဂ် ဖလား ၁ လုံး ရှိကြောင်း ပြသခဲ့သလို ယနေ့ပွဲမှာလည်း ထပ်မံပြီး စပါးစ် ပရိတ်သတ် ကို စိန်ခေါ်လိုက်ပြန်တဲ့ ဗာဒီ

ဒီဘဲ မလွယ်ဘူးဟေ့..

မယုံနိုင်စရာသွင်းဂိုးတွေနဲ့ အမ်ဘာပေပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ သူ့ရဲ့အသက် 26 နှစ်အရွယ်မှာပဲ ကစားသမားဘဝသွင်းဂိုး 350 ပြ...
26/01/2025

မယုံနိုင်စရာသွင်းဂိုးတွေနဲ့ အမ်ဘာပေ
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ သူ့ရဲ့အသက် 26 နှစ်အရွယ်မှာပဲ ကစားသမားဘဝသွင်းဂိုး 350 ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
အမ်ဘာပေဟာ သူ့ရဲ့ကစားသမားဘဝမှာ မိုနာကိုအတွက် 27 ဂိုး၊ ပီအက်စ်ဂျီအတွက် 256 ဂိုး၊ ပြင်သစ်လက်ရွေးစင်အသင်းအတွက် 48 ဂိုးအပြင် အခုလက်ရှိကစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် 19 ဂိုးသွင်းယူပေးထားပါတယ်။
အမ်ဘာပေဟာ မက်ဆီတို့၊ ရော်နယ်ဒိုတို့လိုမျိုး သွင်းဂိုးတွေများစွာ သွင်းယူနိုင်တဲ့ကစားသမားဖြစ်သလို အသက် 26 နှစ်မှာတင် သွင်းဂိုး 350 ပြည့်မြောက်ခဲ့တာမလို့ ကစားသမားဘဝကနေအနားမယူခင်မှာ ဘယ်လောက်ထိဂိုးတွေသွင်းယူနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားချင်စရာပါပဲ။

မန်ယူဖန် မရောင်းပါ 🤣 #မန်ယူ  #အာဆင်နယ်
25/01/2025

မန်ယူဖန် မရောင်းပါ 🤣
#မန်ယူ #အာဆင်နယ်

အညံ့ချင်းပြိုင် ဘယ်သူနိုင်
21/01/2025

အညံ့ချင်းပြိုင် ဘယ်သူနိုင်

ရပ်ကွက်ဂိုးသမားဖမ်းရင်တောင် အဲဒီလိုအလုံးမျိုးကနေ ဂိုးပေးရမှာမဟုတ်ဘူး။ ဒါတော့ သေချာတယ်။ ဒါပေမယ့် အိုနာနာကတော့ ဂိုးပါပေးလိ...
20/01/2025

ရပ်ကွက်ဂိုးသမားဖမ်းရင်တောင် အဲဒီလိုအလုံးမျိုးကနေ ဂိုးပေးရမှာမဟုတ်ဘူး။ ဒါတော့ သေချာတယ်။ ဒါပေမယ့် အိုနာနာကတော့ ဂိုးပါပေးလိုက်ရပါတယ်။ ဖိအားမရှိ၊ လိုက်လုနေတာလည်းမဟုတ်၊ ရှုပ်ယှက်ခတ်နေတာလည်းမဟုတ်တဲ့အချိန်မှာကို သူ့ဟာသူ ဘာတွေဖိအားများနေလဲမသိဘူး။ ဘောလုံးကို ပြန်အံထွက်အောင် ဖမ်းပြီး ဂိုးပါပေးလိုက်ရတယ်။
ဒီလစ်ချ်က လက်ဟန်အမူအယာနဲ့ ဘောလုံးကို အေးဆေးဖမ်းလို့ရတယ်ဆိုပြီး ညွှန်ပြခဲ့တာတောင်မှ သူက ဘာတွေလောနေမှန်းမသိဘူး။ မမှားသင့်တဲ့ အမှားမျိုးကို ကျူးလွန်ခဲ့ပြီး သရေရဖို့အတွက် ရုန်းကန်နေရဲ့ အသင်းကိုပါ ဆွဲချပစ်လိုက်တော့တာပါပဲ။
အိုနာနာက ကြောက်ဖို့ကောင်းတဲ့ ဂိုးသမားပါ။ ပြိုင်ဘက်တွေအတွက်တော့မဟုတ်ဘူး။ ကိုယ့်အသင်းအတွက်ပါ။ ကောင်းရင်လည်း စွတ်ကောင်းပြီး ညံ့ပြီဆိုလည်း နှစ်ယောက်မရှိတော့ဘူး။ ဒီလိုအမှားမျိုးကတော့ သူ လှောင်ပြောင်ခံရတာနဲ့ ထိုက်တန်ပါတယ်။

🕊️ဘရိုက်တန်နဲ့ ⏩7️⃣ပွဲကန်✅1️⃣ပွဲနိုင်❌6️⃣ပွဲရှုံးယူနိုက်တက်တို့ဘယ်‌တော့ကျိန်စာခြေဖျက်နိုင်မလဲ
20/01/2025

🕊️ဘရိုက်တန်နဲ့
⏩7️⃣ပွဲကန်
✅1️⃣ပွဲနိုင်
❌6️⃣ပွဲရှုံး
ယူနိုက်တက်တို့ဘယ်‌တော့ကျိန်စာခြေဖျက်နိုင်မလဲ

ဘာစီလိုနာအသင်းရဲ့ ရီးရဲမက်ဒရစ်နဲ့ အခုရာသီတွေ့ဆုံမှု✅၂ ပွဲကစား✅၂ ပွဲနိုင်✅၉ ဂိုးသွင်း✅ဆုဖလား ၁ လုံး နဲ့အတူ 🔴ဘာစီလိုနာ ကအသ...
18/01/2025

ဘာစီလိုနာအသင်းရဲ့ ရီးရဲမက်ဒရစ်နဲ့ အခုရာသီတွေ့ဆုံမှု
✅၂ ပွဲကစား
✅၂ ပွဲနိုင်
✅၉ ဂိုးသွင်း
✅ဆုဖလား ၁ လုံး နဲ့အတူ
🔴ဘာစီလိုနာ ကအသာစီးရနေပါတယ်

ဒီဘက်မှာ မိုးလင်းထဲက တိုက်နေတာ ညီကိုတို့ဘက်မှာရော အခြေနေကောင်းလား
17/01/2025

ဒီဘက်မှာ မိုးလင်းထဲက တိုက်နေတာ
ညီကိုတို့ဘက်မှာရော အခြေနေကောင်းလား

ဘယ်ဖလားမှမရတောင် ကော်နာဖလားတော့ ပေးသင့်နေပါပြီ။ 🫡• ဂါဘရီရယ်တစ်ယောက်တည်းနဲ့တင် အာဆင်နယ်တို့ ထောင့်ကန်ဘောကရတဲ့ ဂိုးတွေမနည်...
16/01/2025

ဘယ်ဖလားမှမရတောင် ကော်နာဖလားတော့ ပေးသင့်နေပါပြီ။ 🫡
• ဂါဘရီရယ်တစ်ယောက်တည်းနဲ့တင် အာဆင်နယ်တို့ ထောင့်ကန်ဘောကရတဲ့ ဂိုးတွေမနည်းတော့ပါဘူး။

ဒီလိုနဲ့ ဖလားမရခဲ့တာ ရာသီပေါင်းမနည်း😂
15/01/2025

ဒီလိုနဲ့ ဖလားမရခဲ့တာ ရာသီပေါင်းမနည်း😂

နှစ် ၃၀ ကြာ ပေါင်းဖက်လာတဲ့ ဇနီးဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ဂွာဒီယိုလာမနေ့ကညမှာ စပိန် ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ...
14/01/2025

နှစ် ၃၀ ကြာ ပေါင်းဖက်လာတဲ့ ဇနီးဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ဂွာဒီယိုလာ
မနေ့ကညမှာ စပိန် ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ မန်စီးတီး နည်းပြ ဂွာဒီယိုလာ နှင့် သူ့ရဲ့ ဇနီးဖြစ်သူ Christina Serra တို့ဟာ လမ်းခွဲလိုက်ကြပြီ ဖြစ်တယ်လို့ သိရပါတယ် ။
သတင်းတွေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက သူတို့ နှစ်ဦးဟာ လမ်းခွဲဖို့ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပြီး လမ်းခွဲရတဲ့ အကြောင်းအရင်း ကို မီဒီယာတွေထံ အသေးစိတ် မပြောဖို့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းကို ပန်ကြား ထားတယ်လို့ သိရပါတယ်။
ဂွာဒီယိုလာ နှင့် သူ့ရဲ့ ဇနီးဟောင်း ဖြစ်သူ လမ်းခွဲ ခဲ့ကြပြီး ဖြစ်ပေမယ့် နှစ်ယောက်ကြား ချစ်ကြည် ရင်းနှီးတဲ့ မိတ်ဆွေတွေ အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။
ဂွာဒီယိုလာ နှင့် Christina Serra တို့ဟာ ၁၉၉၄ မှာ စတင် တွေ့ဆုံ ချစ်ကြိုက် ခဲ့ကြတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တရားဝင် လက်ထပ် ထိမ်းမြား ခဲ့ကာသားသမီး သုံးယောက် ထွန်းကား ခဲ့ပါတယ်။

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when ONEX2 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share