Lotoshinn - Mom & Baby

Lotoshinn - Mom & Baby နေ့စဉ်မှီဝဲစားသုံးနေသည့် အစားအစာများ၏ အသုံးဝင်ပုံများကို တင်ဆက်ပေးသွားမည်ဖြစ်ပါသည်

Lotoshinn - Mom & Baby ကနေပြီး မိခင်နဲ့ ရင်သွေးငယ်လေးတိုင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွှင်စေဖို့ အထောက်အကူဖြစ်စေမယ့် ဗဟုသတတွေကို နေ့စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်

🩷🩷🩷လက်တွဲဖော်ကောင်းလေးတွေက ဒီရာသီခွင်ဖွားလေးတွေပါနော်🩷🩷🩷🩷🩷🩷ချစ်သူတွေ ရှာကြပြီဆိုရင် လူတိုင်းမှာ မျှော်လင့်နေနိုင်တဲ့ အချ...
12/12/2024

🩷🩷🩷လက်တွဲဖော်ကောင်းလေးတွေက ဒီရာသီခွင်ဖွားလေးတွေပါနော်🩷🩷🩷

🩷🩷🩷ချစ်သူတွေ ရှာကြပြီဆိုရင် လူတိုင်းမှာ မျှော်လင့်နေနိုင်တဲ့ အချက်တစ်ခု ရှိကြပါတယ်။ ဒါကတော့ ကိုယ်ရွေးချယ်လိုက်တဲ့ လက်တွဲဖော်က တစ်သက်တာ လက်တွဲဖော်ဖြစ်ဖို့ပါ။ ဒီစိတ်ကူးဆန္ဒလေးကို အထမြောက်စေဖို့ဆိုရင် ဒီရာသီခွင်လေးတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပါတယ်တဲ့နော်။

🩷🩷🩷ဘယ်ရာသီခွင်လေးတွေ ဖြစ်မလဲဆိုတာကိုတော့ အတူတူကြည့်လိုက်စို့နော်။ 🩷🩷🩷

🩷🩷🩷♉ပြိဿရာသီ ♉

ဒီရာသီဖွားလေးတွေက ကတိတည်ကြသလို သစ္စာရှိကြပါတယ်။ တည်တည်ငြိမ်ငြိမ် အချစ်ရေးလေး ဖန်တီးချင်သူတွေအတွက်တော့ ဒီရာသီခွင်လေးတွေက အသင့်တော်ဆုံးပါ။ သူတို့လေးတွေက လက်တွဲဖော်ကို အကောင်းဆုံး support ပေးတတ်ကြသူလေးတွေပေါ့။

🩷🩷🩷♋ ကရကဋ် ♋ -

ဒီရာသီဖွားလေးတွေက လကကြီးစိုးထားတဲ့ ရာသီခွင်လေးပါ။ နွေးထွေးပြီး ချစ်ခြင်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးကို ဖန်တီးပေးနိုင်သူလေးတွေပေါ့။ အပြင်ပန်းက မာကျောတယ်ထင်ရပေမယ့် အချစ်တတ်ဆုံးနဲ့ တစ်ဖက်သားပေါ် အစာနာတတ်ဆုံး အနစ်နာခံတတ်ဆုံးတွေကတော့ ကရကဋ် ရာသီဖွားလေးတွေပါ။ တစ်သက်တာလုံး ဂရုစိုက်ခံ အချစ်ခံချင်သူတွေ ချန်မထားဘဲ ထိပ်ဆုံးမှာ ထားလို့ တွေးသင့်တဲ့ ရာသီခွင်လေးတွေ ပါ။

🩷🩷🩷♍ ကန်ရာသီဖွား ♍

ကန်ရာသီဖွားလေးတွေကတော့ အသေးစိတ်ကို ဂရုစိုက်တတ်ကြသလို စေ့စပ်ကြတဲ့သူလေးတွေပေါ့။ ပြဿနာတွေ အခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းတတ်ကြသလို အောင်မြင်တည်ငြိမ်တဲ့ Rs လေး ပိုင်ဆိုင်ချင်ရင် ကန်ရာသီဖွားလေးတွေနဲ့ လက်တွဲဖန်တီးလိုက်ပါ။

🩷🩷🩷♎ တူရာသီဖွား ♎

တူရာသီဖွားလေးက ချစ်ခင်နှစ်လိုဖွယ်ကောင်းကြသလို သံတမန် ကိုယ်ရည်ကိုယ်သွေး ပိုင်ဆိုင်ထားကြသူတွေပေါ့ ။ ဟန်ချက်ညီပြီး လိုက်ဖက်ညီမှုတွေ ပြည့်နှက်နေတဲ့ ဆက်ဆံရေးကို ဖန်တီးတတ်ကြသူလေးတွေပေါ့။ ဘဝကို ပျော်ရွှင်ပြီး အခက်အခဲ မရှိဖြတ်သန်းချင်ရင် တူရာသီဖွားလေးတွေကို ရွေးချယ်ဖို့ မမေ့ပါနဲ့။

🩷🩷🩷♏ဗြိစ္ဆာ​ရာသီဖွား ♏

ဗြိစ္ဆာ​ရာသီဖွား လေးတွေက စိတ်အားထက်သန်ပြီး မဆုတ်မနစ် ကြိုးပမ်းတတ်ကြသူတွေပါ။ နက်နက်ရှိုင်းရှိုင်း ခံစားတတ်ကြသလို သစ္စာရှိကြသူတွေပေါ့။ လက်တွဲတွေ မြဲချင်ရင်တော့ ဒီရာသီဖွားလေးတွေက အသင့်တော်ဆုံးပါပဲ။

🩷🩷🩷♑ မကာရရာသီဖွား ♑

မကာရ ရာသီဖွားလေးတွေက ရည်မှန်းချက် ကြီးကြပြီး စိတ်ကူးတွေကို ပြည့်မီအောင် လုပ်ဆောင်တတ်ကြသူ တွေပေါ့။ နှစ်ဦးစလုံး ရည်မှန်းချက်တွေကို မြည့်မီစေဖို့ အစွမ်းကုန်ကြိုးစားတတ်တဲ့ မကာရ ရာသီဖွားလေးတွေကို လက်တွဲဖော်အဖြစ် ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ခိုင်မြဲသော ချစ်ခြင်းတွေကို ဖန်တီးနိုင်မယ်ဆိုတာ အသေအချာပါ။

🩷🩷🩷♓️ မိန်ရာသီဖွား ♓️

ရိုမန်တစ်ဆန်ဆန် စိတ်အားထက်သန်မှုကောင်းကောင်း ချစ်သူကို လိုချင်ရင်တော့ မိန်ရာသီဖွားလေးတွေက အသင့်တော်ဆုံးပါပဲ။ စိတ်ခံစားချက်တိုင်း အမူအရာလေး ပြောင်းသွားတိုင်း လိုက်နားလည်ပေးနိုင်စွမ်းမှာ အမှတ်ပြည့်ရထားတဲ့ မိန်ရာသီဖွားလေးတွေက လှပတဲ့ အချစ်ရေးလေးတွေကို ဖန်တီးနိုင်ကြပါတယ်တဲ့နော်။

🩷🩷🩷လက်တွဲဖော်ကောင်းလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီရာသီခွင်လေးတွေက အသင့်တော်ဆုံးပါတဲ့။ ဒါကြောင့် တစ်သက်တာမှာ အချစ်ရေးကြောင့် စိတ်ညစ်မခံချင်ဘူးဆိုရင် အတွေးမမှားနဲ့နော်။ 🩷🩷🩷

🩷🩷🩷အဖြူဆင်းရခြင်း ပြဿနာ အရင်းခံများ🩷🩷🩷🩷🩷🩷အဖြူဆင်းတယ်ဆိုတာက လေဒီလေး တော်တော်များများ ကြုံဖူးကြတဲ့ မီးယပ်ပြဿနာ တစ်ခုပေါ့။ ...
11/12/2024

🩷🩷🩷အဖြူဆင်းရခြင်း ပြဿနာ အရင်းခံများ🩷🩷🩷

🩷🩷🩷အဖြူဆင်းတယ်ဆိုတာက လေဒီလေး တော်တော်များများ ကြုံဖူးကြတဲ့ မီးယပ်ပြဿနာ တစ်ခုပေါ့။ ဒီလို အဖြူဆင်းတယ်ဆိုတာက မိန်းမကိုယ်ကနေ ရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို ခေါ်တာပါ။

🩷🩷🩷အဖြူဆင်းတယ်ဆိုတာက စိတ်ရှုပ်စရာ ကောင်းတယ်ဆိုပေမယ့် အဖြူဆင်းတယ်ဆိုတိုင်း မကောင်းတာတော့မဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေ ထုတ်ပေးလိုက်တဲ့အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလိုဆင်းမှ မိန်းမကိုယ်သန့်စင်စေပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာပါ။

🩷🩷🩷တကယ်တော့အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာပါ။ ဆင်းတဲ့ပမာဏ၊ အရောင်၊ အနံ့တို့က ရာသီစက်ဝန်းကိုမူတည်ပြီး ကွာခြားတာမျိုးတော့ရှိတာပေါ့။ အဖြူဆင်းတာ ရောဂါတစ်ခုမဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းဖြစ်လာရင်တော့ ဂရုစိုက်ဖို့လိုပါမယ်။

🩷🩷🩷အဖြူဆင်းတာက အဓိကကတော့ အပေါ်က အချက်တွေအပြင် Candida မှိုပိုး ကူးစက်တာကြောင့်ပါ။

❗❗ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာ

❗❗သားအိမ်ခေါင်း တစ်ရှူးရောင်ရမ်းတာ

❗❗နာတာရှည် တင်ပဆုံ ရောင်ရမ်းခြင်း

❗❗ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ကူးစက်ခံရတာ

❗❗သန္ဓေတားသောက်ဆေးတွေ သောက်နေတာ

❗❗ကိုယ်ဝန်ရှိနေတာ

❗❗မိန်းမကိုယ်ရောင်ရမ်းခြင်း

❗❗မှိုပိုးကူးစက်တာ

❗❗ကာလသားရောဂါ

❗❗ဆီးပူညောင်းကျရောဂါ

❗❗သားအိမ်ခေါင်းကင်ဆာ

❗❗မိန်းမကိုယ်ကင်ဆာ စတာတွေကြောင့်လည်း အဖြူဆင်းနိုင်ပါတယ်။

🩷🩷🩷မှိုပိုးဝင်တာက ဆေးကုသဖို့ လိုပါတယ်။ တကယ်လို့ မိန်းမကိုယ်ယားယံပြီး အဖြူဆင်းနေခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ကိုလည်း အကြံပြုချင်ပါတယ်။

🩷🩷🩷 ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း သောက်လို့ရ၊ မရ 🩷🩷🩷 🩷🩷🩷 စံပယ်ပန်း ရေနွေးကြမ်းလို့ ပြောလိုက်ရင် တော်တော်မျာ...
06/12/2024

🩷🩷🩷 ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း သောက်လို့ရ၊ မရ 🩷🩷🩷

🩷🩷🩷 စံပယ်ပန်း ရေနွေးကြမ်းလို့ ပြောလိုက်ရင် တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မနက်ခင်းမှ စံပယ်ပန်း ရေနွေးကြမ်း ခပ်နွေးနွေးလေးသောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး စိတ်ခံစားချက်ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

🩷🩷🩷 ဒီလို သောက်လို့ကောင်းတဲ့ ရေနွေးကြမ်းလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ ရမလား! ထိခိုက်တာမျိုးတွေ ရှိနိုင်လား! ဆိုတာကို ပြောပြပေးချင်ပါတယ်။

🩷🩷🩷 ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း သောက်လို့ရ၊ မရ🩷🩷🩷

🩷🩷🩷 ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း သောက်လို့ရ၊ မရ ဆိုတဲ့ မေးခွန်းလေးအတွက် အဖြေပေးရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်းကို အသင့်အတင့် သောက်တာက မေမေကိုရော ဘေဘီလေးကိုပါ ထိခိုက်စေတာမျိုး မရှိပါဘူး။

🩷🩷🩷 ဒါပေမယ့် သတိထားရမှာလေးတွေတော့ ရှိပါတယ်။ ဒါကတော့ စံပယ်ပန်းလက်ဖက်ခြောက်မှာ ပါဝင်နေတဲ့ ကဖင်းပမာဏပါ။ စံပယ်ပန်းလက်ဖက်ခြောက်မှာ အသုံးပြုထားတဲ့ လက်ဖက်ခြောက်အမျိုးအစားကို လိုက်ပြီး ကဖင်းပါဝင်မှုကလည်း ကွာခြားနိုင်ပါတယ်။

🩷🩷🩷 ကဖင်း ပါဝင်မှုများမယ်ဆိုရင်တော့ တစ်နေ့ကို တစ်ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။ တကယ်လို့ ကဖင်းပါဝင်မှု နည်းမယ်ဆိုရင်တော့ တစ်နေ့ကို ရေနွေးကြမ်းခွက်နဲ့ ၂ ခွက်စာလောက် သောက်ပေးလို့ ရပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းကို အများကြီး သောက်သုံးမိတာက ပေါင်မပြည့်တဲ့ ကလေးလေး မွေးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ မွေးဖွားတာမျိုးတွေဖြစ်စေနိုင်လို့ပါ။

🩷🩷🩷 American College of Obstetricians and Gynecologists (ACOG) ကတော့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ တစ်နေ့ကို ကဖင်းပမာဏ ၂၀၀ မီလီဂရမ်ထက် ပိုပြီး မစာသုံးသင့်ဘူးလို့ ဆိုထားပါတယ်။

🩷🩷🩷 အတိုချုပ်ပြောရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်း ရေနွေးကြမ်းကို သောက်လို့ ရပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၂ ခွက်စာထက်တော့ ပိုမသောက်သင့်ဘူးပေါ့။ 🩷🩷🩷

🩷🩷🩷လက်ဦးဆရာပီသမှုက ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်🩷🩷🩷🩷🩷🩷ကလေးလေးတွေကို ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ကြဖို့ ပ...
04/12/2024

🩷🩷🩷လက်ဦးဆရာပီသမှုက ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်🩷🩷🩷

🩷🩷🩷ကလေးလေးတွေကို ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ကြဖို့ ပြောနေကြပေမယ့် တကယ်ကို ကောင်းမွန်စွာ ပျိုးထောင်မိတဲ့ မိဘတွေက အရေအတွက်အားဖြင့်တော်တော်လေး နည်းနေကြပါသေးတယ်။ အချို့သူတွေ အလုပ်ခွင်တွေမှာ ဖြစ်ဖြစ် ကိုယ်ပိုင်ဘဝရဲ့ လက်တွဲဖော်တွေနဲ့ဖြစ်ဖြစ် မိတ်တွေသူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အဆင်မပြေကြတဲ့အခါ အကြောင်းအရင်းကို သေချာပြန်စစ်ကြည့်ရင် ရလာတဲ့ အဖြေ တော်တော် များများက ငယ်စဉ်ဘဝမှာ ကောင်းမွန်မှန်ကန်တဲ့ ပျိုးထောင်မှု မရခဲ့လို့ဆိုတဲ့ အဖြေပဲ ထွက်လာတာ များပါတယ်။

🩷🩷🩷ငယ်စဉ်မှာ ကောင်းစွာ ပျိုးထောင်မခံရတဲ့သူတွေဟာ အရွယ်ရောက်လာချိန်မှာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြသလို အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာလည်း အောင်မြင်မှု ရနိုင်ခြေ အတော်လေး နည်းကြပါတယ်။ ငယ်စဉ်မှာ ကောင်းမွန်စွာ ပျိုးထောင်မခံရသူတွေက ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားမယ်နော်။

🩷🩷🩷လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြဘူး

ကလေးတွေက ငယ်စဉ်မှာ ကောင်းမွန်မှန်ကန်တဲ့နည်းလမ်းနဲ့ ပျိုးထောင်မခံရဘူးဆိုရင် အရွယ်ရောက်လာချိန်မှာ အခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်စွမ်းနည်းသွားကြသလို လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြပါဘူး။ ဒီအခြေအနေက ပြင်းထန်လာမယ်ဆိုရင် မူးယစ်ဆေးသုံးတာ၊ စိတ်ကျန်းမာရေး ပြဿနာ ခံစားရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ ကျန်းမာရေးချို့တဲ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေခအနေတွေက ကလေးဟာငယ်စဉ်မှာ ပြင်းထန်တဲ့ ချုပ်ချယ်မှုကို ခံရတာ၊ အနိုင်အထက်ပြုခံရတာ၊ အပျက်သဘောဆောင်တဲ့ အုပ်ထိန်းမှုပုံစံနဲ့ အုပ်ထိန်းခံရတာကြောင့် ဖြစ်ပါတယ်။

🩷🩷🩷စိတ်ခံစားမှု မထိန်းချုပ်နိုင်ကြဘူး

ကလေးက မိဘတွေကို မြင်ပြီး သင်ယူရတဲ့အချိန်မှာ မြင်ရသမျှက မိဘတွေ ရန်ဖြစ်တာ၊ စကားများတာ၊ စိတ်လိုက်မာန်ပါပြုမူတာတွေကိုပဲ မြင်ရရင်း ကြီးပြင်းလာမယ်ဆိုရင် သူတို့ကိုယ်တိုင်ကလည်း အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေအတိုင်းပဲ ပြုမူရင်း အခြေအနေ တစ်ခုခု ကြုံလာတိုင်းမှာ အကြမ်းဖက်တဲ့ နည်းလမ်းတဲ့ ဖြေရှင်းကြတာ များပါတယ်။

🩷🩷🩷စိတ်ဓာတ်ကျတတ်ကြတယ်

လေ့လာမှုတွေအရ သိလာရတာက ငယ်စဉ်ကတည်းက ဆိုးဝါးတဲ့ အုပ်ထိန်းမှုပုံစံနဲ့ ပျိုးထောင်ခံလာရတဲ့ ကလေးတွေဟာ အခြေအနေတစ်ခုခုကို ကြုံလာရချိန်မှာ အလွယ်တကူ လက်လျှော့အရှုံးပေးရင်း စိတ်ဓာတ်ကျလွယ်ကြတာပါ။ ငယ်စဉ်ကတည်းက စိတ်ရှည်လက်ရှည် ရင်းပြတာမျိုးကို မရတာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့မရတာ၊ တစ်ခုခုဆို ရိုက်နှက်ဆုံးမ ခံရတာမျိုးတွေ တွေ့ကြုံခဲ့ရတာကလည်း အရွယ်ရလာချိန်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေ များစေပါတယ်။

🩷🩷🩷ရန်လိုကြတယ်

လေ့လာမှုတွေအရ သိရတာငယ်စ၁ည်ကတည်းက မိခင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိသူတွေဟာ ဒေါသကို ထိန်းချုပ်နိုင်စွမ်းနည်းကြပြီး တစ်ခုခုဆိုတာနဲ့ အလွယ်တကူ ရန်လိုတတ်ကြပါတယ်။ အရာရာမှာ ဒေါသဖြစ်လွယ်ပြီး အလွယ်တကူပဲ ဒေါသကို ပေါက်ကွဲတတ်ကြပါတယ်။

🩷🩷🩷သည်းခံနိုင်စွမ်း နည်းကြတယ်

ငယ်ကတည်းက စိတ်ရှည်ဟွာနဲ့ ရှင်းပြတာ၊ ပျိုးထောင်တာမျိုးကို မခံခဲ့ရတဲ့ ကလေးလေးတွေဟာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို တွေ့ကြုံရချိန်မှာ သည်းခံပြီး ဖြေရှင်းဖို့ထက် ဒေါသထွက် ပေါက်ကွဲပြတာကို ဖြေရှင်းနည်းအဖြစ် အသုံးပြုလေ့ ရှိပါတယ်။

🩷🩷🩷ကိုယ်ပိုင်မိသားစုကို တည်ထောင်ဖို့ ခက်မယ်

ငယ်ကတည်းက မိဘဆီကနေ ကောင်းမွန်တဲ့ ပျိုးထောင်မှု ချစ်ခင်မြတ်နိုးတန်ဖိုးထားမှုကို ဖော်ပြမခံရတဲ့ ကလေးတွေဟာ မိတ်ဆွေဖွဲ့တဲ့နေရာမှာတင် အခက်တွေ့တာ မဟုတ်ဘဲ ကိုယ်ပိုင်မိသားစု ထူထောင်ဖို့လည်း အခက်အခဲ ရှိကြပါတယ်။ အခြားသူကို ကြိုးကိုင်ခြယ်လှယ်လိုစိတ် ပြင်းကြပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်စွမ်း နည်းကြပါတယ်။

🩷🩷🩷ကိုယ့်ကိုယ် ယုံကြည်မှု နည်းကြတယ်

ကလေးတစ်ယောက်က ငယ်စဉ်မှာ အချစ်မခံရဘူး။ တန်ဖိုးထား မခံရဘူးဆိုရင် အရွယ်ရောက်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာတတ်ကြပါတယ်။

🩷🩷🩷ကလေးတစ်ယောက်ရဲ့ ငယ်စဉ်မှာ ကောင်းစွာ ပျိုးထောင်မခံရမှုက သူတို့ရဲ့ အသက်ကြီးတဲ့အချိန်ထိ သက်ရောက်မှု ရှိနေတာကြောင့် ကိုယ်ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ကြဖို့ အကြံပြုလိုက်ပါရစေ မေမေဖေဖေတို့ရေ …….🩷🩷🩷

21/11/2024

"လမစေ့မွေး ကလေးများနေ့” ပညာပေး စကားဝိုင်း (အပိုင်း - ၄)

မေမေတို့ရေ ဒီလမစေ့ဘဲ မွေးဖွားတဲ့ကိစ္စက မြန်မာနိုင်ငံ အနေနဲ့တင်မကဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လမစေ့မွေးကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ပညာပေး Talk Show အစီအစဉ်မှာ ကလေးအထူးကုဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ကြူကြူခင်နဲ့ သရုပ်ဆောင်လည်းဖြစ် ဆရာဝန်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတို့ကနေ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးလေးတွေကို စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အမြင်၊ သုံးသပ်ချက်တွေနဲ့အတူ အကြံပြုချက်တွေကိုလည်း ယခု အပိုင်း (၄) မှာလည်း အတူတူကြည့်လိုက်ရအောင်

#မိခင်နှင့်ကလေးကျန်းမာရေး #သားပိုက်ကောင်မိခင်ကလေးစောက်ရှောက်မှုနည်းလမ်း #လမစေ့မွေးကလေးများနေ့ #ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး #ကလေးကျန်းမာရေး #လိုတိုရှင်း

20/11/2024

"လမစေ့မွေး ကလေးများနေ့” ပညာပေး စကားဝိုင်း (အပိုင်း - ၃)

သားပိုက်ကောင်မိခင် ကလေးပြုစုစောင့်ရှောက်ခြင်းနည်းလမ်းကို မေမေတို့ အရင်က ကြားဖူးပါသလား?
အခု အပိုင်း (၃) ဗီဒီယိုထဲမှာတော့ သားပိုက်ကောင်မိခင် ကလေးပြုစုစောင့်ရှောက်ခြင်းနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို သေချာလေး ပြင်ဆင် မျှဝေပေးထားပါတယ်

#မိခင်နှင့်ကလေးကျန်းမာရေး #သားပိုက်ကောင်မိခင်ကလေးစောက်ရှောက်မှုနည်းလမ်း #လမစေ့မွေးကလေးများနေ့ #ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး #ကလေးကျန်းမာရေး #လိုတိုရှင်း

19/11/2024

"လမစေ့မွေး ကလေးများနေ့” ပညာပေး စကားဝိုင်း (အပိုင်း - ၂)

လမစေ့ဘဲ မွေးလာတဲ့ကလေးလေးမှာ ဘယ်လိုမျိုး ထိခိုက်မှုတွေ ခံစားရနိုင်မလဲ၊ အသက်အန္တရာယ်ထိခိုက်နိုင်တာမျိုလည်း၊ သူတို့လေးတွေ ကောင်းမွန်စွာ ရှင်သန်ကြီးထွားခွင့်ရအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ လုပ်ပေးလို့ ရမလဲဆိုတာကို ပြည့်ပြည့်စုံစုံလေး ဝေမျှပေးထားတာမို့ လမစေ့မွေးကလေးများနေ့ ဗီဒီယို အပိုင်း (၂) ကို အဆုံးထိ ကြည့်ရှုပေးပါဦးနော်

#မိခင်နှင့်ကလေးကျန်းမာရေး #သားပိုက်ကောင်မိခင်ကလေးစောက်ရှောက်မှုနည်းလမ်း #လမစေ့မွေးကလေးများနေ့ #ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး #ကလေးကျန်းမာရေး #လိုတိုရှင်း

18/11/2024

"လမစေ့မွေး ကလေးများနေ့” ပညာပေး စကားဝိုင်း (အပိုင်း - ၁)

မေမေတို့ရေ လမစေ့မွေးကလေးများနေ့ကို ဘာကြောင့် နှစ်စဉ် နိုဝင်ဘာ (၁၇)ရက်နေ့မှာ ကျင်းပကြတာလဲ? လမစေ့ဘဲမွေးဖွားခြင်းက ဘာကို ဆိုလိုတာလဲ၊ ဘယ်လိုအကြောင်းရင်းတွေကြောင်း လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေတာ စသည့် စိတ်ဝင်စရားကောင်းပြီး ကျန်းမာရေးဗဟုသုတတွေ တိုးပွားစေဖို့ အောက်က လမစေ့မွေးကလေးများနေ့ ဗီဒီယို အပိုင်း (၁) ကို ကြည့်ရှုပေးပါဦးနော် ...

#မိခင်နှင့်ကလေးကျန်းမာရေး #သားပိုက်ကောင်မိခင်ကလေးစောက်ရှောက်မှုနည်းလမ်း #လမစေ့မွေးကလေးများနေ့ #ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး #ကလေးကျန်းမာရေး #လိုတိုရှင်း

💟💟ကလေးငယ်လေးတွေကို ရေဓာတ်ပြည့်ဝစေဖို့ ဘာတွေ တိုက်ပေးသင့်မယ်ထင်လဲ မေမေတို့ရေ💟💟💟💟 ကလေးငယ်လေးတွေ ကျန်းမာစေဖို့ အရေးကြီးတဲ့ ...
18/11/2024

💟💟ကလေးငယ်လေးတွေကို ရေဓာတ်ပြည့်ဝစေဖို့ ဘာတွေ တိုက်ပေးသင့်မယ်ထင်လဲ မေမေတို့ရေ💟💟

💟💟 ကလေးငယ်လေးတွေ ကျန်းမာစေဖို့ အရေးကြီးတဲ့ အချက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ ရေဓာတ်ပြည့်ဝဖို့ပါ။ ဒီတော့ ကလေးဆိုတာမျိုးက ရေပဲ သောက်နေရမယ်ဆိုရင် မသောက်တဲ့ အမျိုးလေးတွေ ဆိုတော့ ကလေးငယ်လေးတွေကို ရေဓာတ် ပြည့်ဝအောင် ဘာတွေ တိုက်ပေးရမလဲ ဆိုပြီး စိတ်ပူနေပြီလား။ ဒါဆိုရင်တော့ အဖြေလေးကို အတူတူ ကြည့်လိုက်ရအောင်နော်။

💟💟 ကလေးငယ်လေးတွေကို ရေဓာတ်ပြည့်ဝစေဖို့ ဘာတွေ တိုက်ပေးရမလဲ ဆိုရင်တော့ သောက်ရေ တိုက်ပေးတာအပြင် အခုလို သောက်စရာလေးတွေကို တိုက်ပေးလို့ ရပါတယ်။

💟💟 နွားနို့

နွားနို့ကို ပူပူကြီး မသောက်ချင်ဘူးဆိုရင် ကျိုချက်ထားတဲ့ နွားနို့ကို အခန်းအပူချိန်မှာ အအေးခံပြီး သကြားလေး ရေခဲတုံးလေးတွေ ထည့်ပြီး နို့အေးလေးအဖြစ် ပြင်ဆင်ပေးလို့ ရပါတယ်။

💟💟 အုန်းစိမ်းရည်

ကလေးငယ်လေးတွေကို အုန်းစိမ်းရည်ကို ပြင်ဆင်ပေးတာက ရေဓာတ်ရော ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကိုပါ ဖြည့်ပေးနိုင်မှာပါ။

💟💟 ပန်းသီးဖျော်ရည်

ပန်းသီး ဖျော်ရည်လေးက အရသာ ရှိသလို ကလေးအတွက် လိုအပ်တဲ့ ရေဓာတ်နဲ့ အခြားသောအာဟာရဓာတ်တွေကိုလည်း ဖြည့်ပေးနိုင်မှာပါ။

💟💟 လိမ္မော်ရည်

သဘာဝ လိမ္မော်သီးစစ်စစ်ကို ဖျော်ထားတဲ့ လိမ္မော်ရည်က ဗီတာမင် စီ ကြွယ်ဝသလို ရေဓာတ်နဲ့ အခြားသော အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

💟💟 သံပုရာရည်

ကလေးကို သံပုရာရည် အေးအေးလေး တိုက်ပေးတာက ရေဓာတ် ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကလေးငယ်လေးတွေကို ရေဓာတ် ပြည့်ဝစေဖို့ အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

17/11/2024

နိုဝင်ဘာလ (၁၇) ရက်နေ့မှာ ကျရောက် မယ့် လမစေ့မွေး ကလေးများနေ့ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပတဲ့ ယခု ပညာပေး အစီအစဉ်က လမစေ့ဘဲ မွေးဖွားတဲ့ကလေးတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို သိရှိနားလည်ပြီး ကူညီဖေးမပေးနိုင်စေဖို့ ရည်ရွယ်ထားတာပါ။

ယခု Talk Show အစီအစဉ်မှာဆိုရင်လည်း ကလေး အထူးကုဆရာမကြီးတစ်ဦးဖြစ်တဲ့ (အငြိမ်းစား) ပါမောက္ခ ဒေါ်ကြူကြူခင် နဲ့ သရုပ်ဆောင်လည်းဖြစ် ဆရာဝန်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတို့ကနေ အစီအစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းနဲ့အတူ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးလေးတွေကို စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အမြင်တွေ၊ သုံးသပ်ချက်တွေ၊ အကြံပြုချက်တွေကို ဝိုင်းဝန်းဆွေးနွေးထားကြပါတယ်။

စိတ်ဝင်စားစရာလဲကောင်း၊ ကျန်းမာရေး အသိပညာတိုး၊ လမစေ့ဘဲမွေးတဲ့ကလေးတွေ့နဲ့ ပတ်သက်ပြီး ခံစားရသမျှတွေကို မျှဝေပေးနိုင်တဲ့ နေရာလေးတစ်ခုဖြစ်စေဖို့ ရည်ရွယ်ထားတာမို့ လူတိုင်းအဆုံးထိ လိုက်ပါဝင် ကြည့်ရှုပေးဖို့ ဖိတ်ခေါ်ပါတယ်!

#မိခင်နှင့်ကလေးကျန်းမာရေး #သားပိုက်ကောင်မိခင်ကလေးစောက်ရှောက်မှုနည်းလမ်း #လမစေ့မွေးကလေးများနေ့ #ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး #ကလေးကျန်းမာရေး

11/11/2024

သန့်ရှင်းသောလက် ဆေးတစ်ခွက်ဆိုတဲ့ ဆိုစကားအတိုင်း 🙌🙌 လက်ကို ရေနဲ့ ဆပ်ပြာကိုအသုံးပြုပြီး နည်းမှန်လမ်းမှန် ဆေးကြောသန့်စင်ခြင်း 🙌🙌 က ဝမ်းပျက်ဝမ်းလျှောအပါအဝင် လက်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဘယတွေကို ကြိုတင်ကာကွယ်နိုင်စေဖို့ နည်းလမ်းကောင်းတစ်ခုဆိုတာကို တော်တော်များများလည်း သိပြီးဖြစ်မှာပါ။ ဒါကြောင့် လက်ကနေတဆင့် ကူးစက်ပြန့်ပွားနိုင်တဲ့ ကူးစက်ရောဂါပိုးတွေကို ကာကွယ်တားဆီးနိုင်စေဖို့အတွက် နည်းစနစ်မှန်မှန် လက်ဆေးနည်းလေးကိုတော့ သီချင်းလေးထဲမှာ ကြည့်ရင်း အတူတူ လိုက်လို့ လက်ဆေးကြစို့နော် ……….

သူငယ်ချင်းတို့ရေ Global Hand Washing Day 🙌🙌 အထိမ်းအမှတ် MTV လေးကို ကြည့်ပြီးပြီဆိုရင် TikTok Damce Challenge Campain လေးမှာ ဝင် Join ပြီး ဆုကြေးလက်ဆောင်ရယူဖို့လည်း တိုက်တွန်းပါရစေနော်။ Campaign ရဲ့ Themes Song လေးဖြစ်တဲ့ #လက်ဆေးပါ သီချင်းလေးမှာ တူတူဝင်ကတဲ့သူတွေထဲက Like/View အများဆုံးရတဲ့ Account ပိုင်ရှင် ၅ ဦးကို ဆုကြေးငွေ တစ်ယောက် ၂ သိန်းစီ ချီးမြှင့်သွားမှာမို့ ဒီ Campaign လေးမှာ အားလုံးဝင် Join ပြီး ကပေးကြပါဦး။ လက်ဆေးရင်းနဲ့ ရောဂါကာကွယ် 🙌🙌 … အတူတူကရင်း ဆုကြေးယူကြမယ်လေနော် …. 💃🕺

🎶🎶🎶 TikTok Dance Campaign Link: https://vt.tiktok.com/ZS2KpcurY/ 🎉🎉🎉
📝စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲအကြောင်း အသေးစိတ်အချက်အလက်တွေကို ခုဖော်ပြပေးထားတဲ့ Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော် …
Link: [ https://www.facebook.com/lotoshinn/videos/1063877928747216 ]
DanceChallenge # လက်ဆေးရင်းနဲ့_ရောဂါကာကွယ်_အတူတူကရင်း_ဆုကြေးယူကြမယ် #လက်ဆေးပါ

❓❓❓ရေအေးနဲ့ ခေါင်းလျှော်တာ ကောင်းလား❓❓❓🩷🩷🩷ခေါင်းလျှော်တဲ့အခါ ရေရဲ့ အပူချိန်က အတော်လေး အရေးကြီးပါတယ်။ ဒီလို ပြောရတာက ရေအေ...
10/11/2024

❓❓❓ရေအေးနဲ့ ခေါင်းလျှော်တာ ကောင်းလား❓❓❓

🩷🩷🩷ခေါင်းလျှော်တဲ့အခါ ရေရဲ့ အပူချိန်က အတော်လေး အရေးကြီးပါတယ်။ ဒီလို ပြောရတာက ရေအေးတာက ဆံတွင်းပေါက်တွေကို ကျဉ်းစေပြီး ဆံပင်တွေကို မြဲမြံစေသလို ရေနွေးက အပူချိန် ပြင်းမယ်ဆိုရင် ဆံတွင်းပေါက်တွေကို ကျယ်စေပြီး ဆံပင်ကျွတ်စေနိုင်လို့ပါ။

🩷🩷🩷ခေါင်းလျှော်တဲ့အခါ ရေရဲ့ အပူချိန်က အတော်လေး အရေးကြီးပါတယ်။ ဒီလို ပြောရတာက ရေအေးတာက ဆံတွင်းပေါက်တွေကို ကျဉ်းစေပြီး ဆံပင်တွေကို မြဲမြံစေသလို အခြား ကောင်းကျိုးတွေလည်း ရစေနိုင်ပါတယ်။

🩷🩷🩷ရေအေးနဲ့ ခေါင်းလျှော်တာက ဘာတွေ ကောင်းလဲ🩷🩷🩷

🩷🩷🩷ရေအေးနဲ့ ခေါင်းလျှော်တာက ဦးရေပြားနဲ့ ဆံသားက အဆီတွေကို ထိန်းညှိပေးပြီး ဦးရေပြားကိုရော ဆံသားကိုပါ ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ ဒီအဆီလွှာက ဦးရေပြားနဲ့ ဆံသားကို ပတ်ဝန်းကျင်က အရာတွေ​ကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။

🩷🩷🩷ရေအေးရဲ့ နောက်ထပ် ကောင်းကျိုး တစ်ခုက ဆံသားတွေကို ချောမွတ် တောက်ပစေတာပါ။ ဆံပင်ကို ပရိုတင်း ပြည့်ဝစေသလို အစိုဓာတ်ထိန်းပေးပြီး ချောမွတ်တောက်ပစေဖို့ ထောက်ကူပေးပါတယ်။

🩷🩷🩷ဦးရေပြားကို သန့်စင်စေဖို့လည်း ရေအေးက လုပ်ဆောင်ပေးပါတယ်။ ဦးရေပြားက အညစ်အကြေးတွေ၊ ချွေးတွေ၊ အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး ဦးရေပြား ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။

🩷🩷🩷ဦးရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ရေအေးက လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ရေအေးက ဦးရေပြားက ဆံချည်မျှင် သွေးကြောလေးတွေမှာ သွေးစီးဆင်းမှု ကောင်းစေသလို ဦရေပြားကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဒါတွေက အားသာချက်တွေပါ။

💙💛💙အားနည်းချက်တွေကရော💙💛💙

💙💛💙အားနည်းချက်တွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါကတော့ ရေအေးနဲ့ ခေါင်းလျှော်တာက ခဏခဏ လျှော်မယ်ဆိုရင် ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်သလို ရေရှည်မှာ ဆံပင်ကျဲတာ ပါးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

💙💛💙မအီမသာဖြစ်စေနိုင်တာကလည်း ရေအေးနဲ့ ခေါင်းလျှော်တာရဲ့ အားနည်းချက် တစ်ခုပါ။ ဆောင်းရာသီလိုမျိုး အေးတဲ့ ရာသီမှာ ရေအေးနဲ့ ခေါင်းလျှော်တာက ချမ်းစိမ့်စိမ့် ခံစားရစေသလို မအီမသာဖြစ်တာမျိုးလည်း ခံစားရစေနိုင်ပါတယ်။

❗❗❗ရေအေးနဲ့ပဲ ခေါင်းလျှော်ပါ ❗❗❗🩷🩷🩷ခေါင်းလျှော်တာကလည်း လူတစ်ယောက်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုမှာ တော်တော်လေး အရေးပါတဲ့ အခ...
10/11/2024

❗❗❗ရေအေးနဲ့ပဲ ခေါင်းလျှော်ပါ ❗❗❗

🩷🩷🩷ခေါင်းလျှော်တာကလည်း လူတစ်ယောက်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုမှာ တော်တော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခေါင်းလျှော်တာက မှန်ကန်မှုမရှိဘူးဆိုရင် ဆံသားတွေကိုရော ဦးရေပြားကိုပါ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ ခေါင်းလျှော်တဲ့အခါ ရေအးနဲ့ လျှော်ရင် ဘယ်လိုလေးတွေ ကောင်းမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

🩷🩷🩷ခေါင်းလျှော်တဲ့အခါ ရေရဲ့ အပူချိန်က အတော်လေး အရေးကြီးပါတယ်။ ဒီလို ပြောရတာက ရေအေးတာက ဆံတွင်းပေါက်တွေကို ကျဉ်းစေပြီး ဆံပင်တွေကို မြဲမြံစေသလို ရေနွေးက အပူချိန် ပြင်းမယ်ဆိုရင် ဆံတွင်းပေါက်တွေကို ကျယ်စေပြီး ဆံပင်ကျွတ်စေနိုင်လို့ပါ။

🩷🩷🩷ရေအေးနဲ့ ခေါင်းလျှော်တာက ဘာတွေ ကောင်းလဲ🩷🩷🩷

🩷🩷🩷ရေအေးနဲ့ ခေါင်းလျှော်တာက ဦးရေပြားနဲ့ ဆံသားက အဆီတွေကို ထိန်းညှိပေးပြီး ဦးရေပြားကိုရော ဆံသားကိုပါ ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ ဒီအဆီလွှာက ဦးရေပြားနဲ့ ဆံသားကို ပတ်ဝန်းကျင်က အရာတွေ​ကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။

🩷🩷🩷ရေအေးရဲ့ နောက်ထပ် ကောင်းကျိုး တစ်ခုက ဆံသားတွေကို ချောမွတ် တောက်ပစေတာပါ။ ဆံပင်ကို ပရိုတင်း ပြည့်ဝစေသလို အစိုဓာတ်ထိန်းပေးပြီး ချောမွတ်တောက်ပစေဖို့ ထောက်ကူပေးပါတယ်။

🩷🩷🩷ဦးရေပြားကို သန့်စင်စေဖို့လည်း ရေအေးက လုပ်ဆောင်ပေးပါတယ်။ ဦးရေပြားက အညစ်အကြေးတွေ၊ ချွေးတွေ၊ အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး ဦးရေပြား ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။

🩷🩷🩷ဦးရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ရေအေးက လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ရေအေးက ဦးရေပြားက ဆံချည်မျှင် သွေးကြောလေးတွေမှာ သွေးစီးဆင်းမှု ကောင်းစေသလို ဦရေပြားကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဒါတွေက အားသာချက်တွေပါ။

🩷🩷🩷အားနည်းချက်တွေကရော🩷🩷🩷

🩷🩷🩷အားနည်းချက်တွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါကတော့ ရေအေးနဲ့ ခေါင်းလျှော်တာက ခဏခဏ လျှော်မယ်ဆိုရင် ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်သလို ရေရှည်မှာ ဆံပင်ကျဲတာ ပါးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

🩷🩷🩷မအီမသာဖြစ်စေနိုင်တာကလည်း ရေအေးနဲ့ ခေါင်းလျှော်တာရဲ့ အားနည်းချက် တစ်ခုပါ။ ဆောင်းရာသီလိုမျိုး အေးတဲ့ ရာသီမှာ ရေအေးနဲ့ ခေါင်းလျှော်တာက ချမ်းစိမ့်စိမ့် ခံစားရစေသလို မအီမသာဖြစ်တာမျိုးလည်း ခံစားရစေနိုင်ပါတယ်။

❓❓❓ရာသီလာနေရင် ကော်ဖီ မသောက်ရဘူးလား❓❓❓🩷🩷🩷ကော်ဖီလေး တစ်ခွက်လောက် သောက်မလို့ ရှိသေးတယ်။ ရာသီလာနေတယ်လေ။ ကော်ဖီမ သောက်နဲ့လို...
09/11/2024

❓❓❓ရာသီလာနေရင် ကော်ဖီ မသောက်ရဘူးလား❓❓❓

🩷🩷🩷ကော်ဖီလေး တစ်ခွက်လောက် သောက်မလို့ ရှိသေးတယ်။ ရာသီလာနေတယ်လေ။ ကော်ဖီမ သောက်နဲ့လို့ အဟန့်ခံလိုက်ရပြီလား။ ဒါဆို ပြောချင်တာက ရာသီလာရင် ကော်ဖီ မသောက်ရဘူးပေါ့။ ရာသီလာရင် ကော်ဖီ မသောက်ရဘူးတော့ မဟုတ်ပါဘူး။

🩷🩷🩷ကော်ဖီကို မသောက်ရ မနေနိုင်ဆိုရင်တော့ ရာသီလာချိန်မှာ တစ်နေ့ကို တစ်ခွက်လောက် သောက်လို့တော့ ရပါတယ်။ ဖြစ်နိုင်ရင်တော့ ကော်ဖီ မသောက်တာက အကောင်းဆုံးပါ ဒီလို ပြောရတာက ကော်ဖီမှာ ကဖင်းပါဝင်နေပြီး ရာသီလာချိန်မှာ သောက်မိတဲ့အခါ အခုလို အခြေအနေတွေကို ခံစားရနိုင်တာကြောင့်ပါ။

🩷🩷🩷အိပ်ရေးပျက်စေနိုင်တယ်🩷🩷🩷

ရာသီလာချိန်မှာ အိပ်ရေးပျက်တာကကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ကဖင်းကလည်း စိတ်ကို တက်​ကြွ လန်းဆန်းစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် လိုတာထက် ပိုသောက်မိချိန်မှာ အိပ်ရေး ပျက်စေပြီး ပင်ပန်းနွမ်းနယ်တာ အပြင် သွေးအားနည်းတာကိုပါ ခံစားရနိုင်ပါတယ်။

🩷🩷🩷စိတ်ခံစားမှုကို ထိခိုက်စေနိုင်တယ်🩷🩷🩷

ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်အတက်အကျ မြန်နေချိန်မှာ ​ကော်ဖီသောက်မိမယ်ဆိုရင် စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်သလို အမျိုးမျိုးသော စိတ်ခံစားမှု ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

🩷🩷🩷အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေတာ🩷🩷🩷

ရာသီမလာခင် ရက်တွေမှာလည်း အစာအိမ် အူလမ်းကြောင်း ပြဿနာတွေကို ခံစားရနိုင်သလို ရာသီလာနေချိန်မှာ ကော်ဖီသောက်မယ်ဆိုရင်လည်း ကဖင်းကြောင့် လေအောင့်တာ၊ ဝမ်းချုပ်တာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကဖင်းက ရေဓာတ် ဆုံးရှုံးစေတာကြောင့် ဝမ်းချုပ်တာမျိုးကို ဖြစ်စေနိုင်သလို ရာသီလာချိန် နာကျင်ကိုက်ခဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်ခါတရံမှာတော့ ဝမ်းပျက်တာမျိုးကိုလည်း ခံစားရစေနိုင်ပါတယ်။

🩷🩷🩷ရေဓာတ်ခမ်းခြောက် စေနိုင်တာ🩷🩷🩷

ကဖင်းက အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ရေဓာတ်ဆုံးရှုံးတာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကော်ဖီ မသောက်ဖို့ ပြောရတာပါ။

🩷🩷🩷အာဟာရ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေတာ🩷🩷🩷

ရာသီလာချိန်မှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မဖြစ်စေဖို့ဆိုရင် အာဟာရကို ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ အာဟာရ ပြည့်ဝမှုက ရာသီလာချိန်မှာ သွေးအားနည်းတာ၊ နာကျင်ကိုက်ခတြာတွေကို သက်သာစေမှာပါ။ ကဖင်းကတော့ ခန္ဓာကိုယ်ရဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အာဟာရကို ပြည့်ဝဖို့ ခက်စေပြီး ခြေကုန်လက်ပမ်းကျတာကို ခံစားရစေနိုင်ပါတယ်။

🩷🩷🩷အခုလို အခြေအနေတွေကို ဖြစ်စေပြီး ရာသီလာချိန်မှာ သွေးအားနည်းတာ၊ မအီမသာဖြစ်တာတွေကို မဖြစ်စေဖို့ဆိုရင် ရာသီလာချိန်မှာ ကော်ဖီ အစား ရေကျက်အေး နွေးနွေးလေးကိုပဲ သောက်ပေးပါ။ ကော်ဖီက သံဓာတ် စုပ်ယူမှုကို ထိခိုက်စေနိုင်တာကြောင့် ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို ဖြစ်စေနိုင်ပါတယ်။ အခုလောက်ဆိုရင်တော့ ရာသီလာချိန်မှာ ကော်ဖီသောက်မယ်။ မသောက်ဘူး ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ။

❓❓❓သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက ဘာတွေများ ကာကွယ်ပေးနိုင်မလဲ❓❓❓🩷🩷🩷သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတာတွေကြောင့် တစ်နှစ်...
08/11/2024

❓❓❓သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက ဘာတွေများ ကာကွယ်ပေးနိုင်မလဲ❓❓❓

🩷🩷🩷သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတာတွေကြောင့် တစ်နှစ်တစ်နှစ် အသက်ဆုံးရှုံးနေရတဲ့ အမျိုးသမီးတွေ အများကြီးပါ။ အရင်က ကာကွယ်ဆေး မရှိခဲ့တာကြောင့်လည်း သားအိမ်ခေါင်း ကင်ဆာကြောင့် အသက်ဆုံးရှုံးမှုက အတော်လေး များခဲ့တာပါ။

🩷🩷🩷အခုဆိုရင်တော့ သားအိမ်ခေါင်း ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးလို့ရနေပါပြီ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အသက် ၁၁ နှစ် ကနေ ၁၂ နှစ်အရွယ်မှာ ကာကွယ်ဆေး ထိုးမယ်ဆိုရင် ၆ လ ကနေ ၁၂ အထိ ခြားပြီး ဆေးကို ၂ ကြိမ် ထိုးရမှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို သမီးမိန်းကလေးတွေမှာ အသက် ၉ နှစ်ပြည့်ပြီဆိုတာနဲ့ စထိုးပေးလို့ ရပါပြီ။

🩷🩷🩷တကယ်လို့ ကလေးက အသက် ၁၅ နှစ်ပြည့်ပြီးချိန်မှာ ထိုးမယ်ဆိုရင်တော့ ၆ လစီခြားပြီး ၃ ကြိမ် ထိုးရမျာ ဖြစ်ပါတယ်။ တကယ်လို့ သမီးလေးက ဆယ်ကျော်သက်ဖြစ်နေပြီး အခု ဒီစာကို ဖတ်နေတဲ့အချိန်ထိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မထိုးရသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မြန်နိုင်သမျှ မြန်မြန် ကာကွယ်ဆေးကို ထိုးပေးပါ။

🩷🩷🩷သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက စောစောထိုးထားနိုင်လေ ကောင်းလေပါ။ ဒါမှ ကလေးကို HPV ဗိုင်းရပ်စ်နဲ့ မထိတွေ့မိခင်မှာ ကာကွယ်ပြီးသား ဖြစ်နေမှာပါ။

🩷🩷🩷ဆယ်ကျော်သက် မိန်းကလေးတိုင်း ကာကွယ်ဆေး ထိုးနှံထားပေးသင့်ပါတယ်။ တကယ်လို့ အသက် ၂၆ နှစ် ကျော်ပြီးချိန်အထိ ကာကွယ်ဆေး မထိုးရသေးဘူးဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မြန်နိုင်သမျှ မြန်မြန် ထိုးနှံဖို့ လိုပါမယ်။

🩷🩷🩷သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက အသက်ကြီးလာလေလေ ထိရောက်စွာ ကာကွယ်ပေးနိုင်စွမ်း နည်းလာလေလေပါ။ အကြောင်းကတော့ အရွယ်ရောက်ပြီးချိန်မှာ HPV ဗိုင်းရပ်စ်နဲ့ ထိတွေ့မှု ရှိနိုင်ခြေက များတာကြောင့်ပါ။

🩷🩷🩷သားအိမ်ခေါင်းကင်ဆာက ကင်ဆာဖြစ်စေနိုင်တဲ့ ကူးစက်မှုတွေကို ကာကွယ်ပေးနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

🩷🩷🩷သားအိမ်ခေါင်းကင်ဆာကို စတင် ထိုးနှံခဲ့တဲ့ ၂၀၀၆ ခုနှစ်ကနေစပြီး အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ခံစားရမှုက တော်တော်လေး လျော့ကျသွားခဲ့ပါတယ်။

🩷🩷🩷သားအိမ်ခေါင်းကင်ဆာ ခံစားရမှု သိသိသာသာ လျော့ကျသွားသလို လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ခြေလည်း လျော့နည်းလာခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေနဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်ပွားမှုနှုန်းက ၈၈% အထိ ကျဆင်းသွားခဲ့ပါတယ်။

🩷🩷🩷လူလတ်ပိုင်းအရွယ် မိန်းကလေးတွေမှာတော့ HPVဗိုင်းရပ်စ်ကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေက ၈၁% ထိ လျော့ကျသွားခဲ့ပါတယ်။

🩷🩷🩷သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရစွာနဲ့ သားအိမ်ခေါင်းကင်ဆာ၊ လိင်အင်္ဂါကြွက်နို့ နဲ့ သားအိမ်မှာ ကင်ဆာဖြစ်တာတွေကို အတိုင်းအတာ တစ်ခုအထိ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

🩷🩷🩷အမျိုးသမီးတွေကို ကင်ဆာကြောင့် အသက်ဆုံးရှုံးနိုင်ခြေကနေ ကာကွယ်ပေးနိုင်တာကြောင့် ကလေးတွေကို အသက် ၉ နှစ်လောက်ကစပြီး ထိုးနှံပေးထားဖို့ တိုက်တွန်းလိုက်ရပါတယ်။

❓❓❓ရာသီလာချိန်မှာ ဘာကြောင့်များ အရမ်းအိပ်ချင်ရတာလဲ❓❓❓🩷🩷🩷ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာ၊ အရင်ရက်တွေထက် ပိုပြီး အိပ်ချင...
07/11/2024

❓❓❓ရာသီလာချိန်မှာ ဘာကြောင့်များ အရမ်းအိပ်ချင်ရတာလဲ❓❓❓

🩷🩷🩷ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာ၊ အရင်ရက်တွေထက် ပိုပြီး အိပ်ချင်နေတာတွေက အမျိုးသမီး တော်တော်များများမှာ ခံစားရနိုင်တဲ့ အခြေအနေ တစ်ခုပါ။ ဒီလိုမျိုး အိပ်ချင်တာက ရာသီမလာခင် ရက် အနည်းငယ် အလို နဲ့ ရာသီလာနေချိန်မှာ ခံစားကြရတတ်ပါတယ်။

🩷🩷🩷ဒီလိုမျိုး ရာသီလာချိန်မှာ အရမ်းအိပ်ချင်နေရတာက ဘာကြောင့်ဖြစ်မလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။

🩷🩷အီစထရိုဂျင် ပမာဏ နည်းနေတာ 🩷🩷

ရာသီလာနေချိန်မှာ ခြေကုန် လက်ပမ်းကျတာ၊ အိပ်ချင်သလိုလို ခံစားရတာက ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းနေတာကြောင့်ပါ။

🩷🩷သွေးဆင်းများတာ🩷🩷

ရာသီလာချိန်မှာ အရမ်းကို အိပ်ချင်နေရတဲ့ နောက်ထပ် အကြောင်းအရာ တစ်ခုကတော့ ရာသီသွေးဆင်း များတာကြောင့်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်းမမျှတတာ၊ သားအိမ်ထဲမှာ အလုံးတည်တာတွေကလည်း သွေးဆင်းများစေပြီး ရာသီလာချိန်မှာ ပင်ပန်းတာကို ခံစားရနိုင်ပါတယ်။

🩷🩷သွေးအားနည်းတာ🩷🩷

သွေးအားနည်းတယ်ဆိုတာက ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေ နည်းပါးတာကြောင့်ပါ။ ဒီလို နည်းပါးခြင်းက ခန္ဓာကိုယ် တစ်ရှူးတွေဆီကို အောင်္ကဆီဂျင် ရောက်ရှိမှု နည်းစေပါတယ်။ ရာသီလာချိန်မှာ သွေးအားနည်းတာ ခြေကုန်လက်ပမ်း ကျစေနိုင်တာကြောင့် သံဓာတ် အားဖြည့်ဆေး သောက်ဖို့ လိုပါမယ်။

🩷🩷ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု ပုံစံ🩷🩷

အာဟာရ ပါဝင်မှုနည်းတဲ့ အစားအစာတွေက ရာသီလာချိန်မှာ အိပ်ချင်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ သံဓာတ်၊ ပရိုတင်း၊ အိုမီဂါ သရီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။

🩷🩷အိပ်ရေးပျက်တာ🩷🩷

ရာသီလာချိန်မှာ ကောင်းကောင်း အိပ်မပျော်ဘဲ အိပ်ရေးပျက်တာကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက ခြေကုန်လက်ပမ်း ကျစေနိုင်သလို၊ ရာသီလာချိန်မှာ အရမ်းအိပ်ချင်တာကိုလည်း ခံစားရနိုင်ပါတယ်။

🩷🩷🩷ရာသီလာချိန်မှာ အခုလို အချက်တွေကြောင့် အိပ်ချင်တာ ပင်ပန်းတာတွေကို ခံစားရနိုင်တယ်ဆိုပေမယ့် အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

❓❓❓ရာသီသွေးဆင်းနည်းတာ သွေးအားနည်းနေလို့လား❓❓❓🩷🩷🩷အမျိုးသမီးတွေက တစ်လကို တစ်ကြိမ် ရာသီသွေးဆင်းကြပါ။ ဒီလို သွေးဆင်းနဲ့အခါ သ...
06/11/2024

❓❓❓ရာသီသွေးဆင်းနည်းတာ သွေးအားနည်းနေလို့လား❓❓❓

🩷🩷🩷အမျိုးသမီးတွေက တစ်လကို တစ်ကြိမ် ရာသီသွေးဆင်းကြပါ။ ဒီလို သွေးဆင်းနဲ့အခါ သွေးဆင်းများတာမျိုး ရှိသလို သွေးဆင်းနည်းတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒီအချိန်မှာ တွေးမိတတ်တာလေးတွေ ရှိပါတယ်။ ဒါကတော့ သွေးဆင်းများရင်ကျတော့ သွေးကုန်အောင် ဆင်းတယ်ပေါ့။ သွေးဆင်းနည်းရင်ကျတော့ သွေးအားနည်းနေလို့ များလားလို့ပေါ့။

🩷🩷🩷ဒါပေမယ့် ပြောပြချင်တာက တစ်ခါတလေ ရာသီသွေးဆင်း နည်းတာက ရာသီစက်ဝန်းရဲ့ သမာရိုးကျ ပြောင်းလဲမှု တစ်ခုပါ။

🩷🩷🩷နောက်ပြီး ရာသီသွေးဆင်းမှု သဘာဝက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်သလို လူတစ်ဦးတည်းမှာလည်း တစ်လ နဲ့ တစ်လ သွေးဆင်းတဲ့ ပုံစံချင်း မတူကြပါဘူး။ ဒီတော့ ရာသီသွေးဆင်းနည်းတာက သွေးအားနည်းလို့လား အခြားရော ဘယ်လို အကြောင်းတွေကြောင့် ဖြစ်နိုင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

🩷🩷အသက်အရွယ် ကြီးရင့်လာတာ🩷🩷

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝသက်တမ်းတလျှောက်မှာ ရာသီသွေးဆင်းမှုက ပြောင်းလဲတာမျိုး ရှိနိုင်ပါတယ်။ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်မှာ ရာသီသွေးဆင်းတာက ပုံမှန်ပဲ ဖြစ်လေ့ရှိပြီး အသက် ၃၀ နောက်ပိုင်း ရောက်လာပြီဆိုရင်တော့ သွေးဆင်း များတာ၊ သွေးဆင်းရက် တိုတာ၊ သွေးဆင်းနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ သွေးဆုံးခါနီးမှာ ဆိုရင်တော့ သွေးဆင်းနည်းလာတာ၊ သွေးဆင်းမမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

🩷🩷သားဥမကြွေတာ 🩷🩷

ရာသီသွေးမမှန်တာက ရာသီသွေးမပေါ်တာကို ဖြစ်စေနိုင်သလို ရာသီသွေးဆင်းနည်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

🩷🩷ကိုယ်အလေးချိန် အပြောင်းအလဲ ဖြစ်တာ🩷🩷

ကိုယ်အလေးချိန် အရမ်းကို ကျဆင်းသွားတာမျိုးက ကိုယ်တွင်းအဆီပမာဏကို ကျဆင်းစေပြီး သားဥကြွေတာကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ် အလေးချိန် အရမ်းကျဆင်းသွားတာကလည်း ရာသီသွေးဆင်း နည်းတာကို ဖြစ်စေနိုင်ပါတယ်။

🩷🩷ကိုယ်ဝန်ရှိနေတာ🩷🩷

ကိုယ်ဝန်ရှိနေတာကလည်း ရာသီသွေး ဆင်းတာကို ရပ်သွားစေနိုင်သလို သန္ဓေအောင်ထားတဲ့ သားဥလေး သားအိမ်နံရံကို တွယ်ကပ်ချိန်မှာ သွေးနည်းနည်း ဆင်းတာမျိုး ရှိစေနိုင်ပါတယ်။

🩷🩷ကျန်းမာရေး အခြေအနေ🩷🩷

သိုင်းရွိုက် ပြဿနာ၊ သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု၊ စိတ်ဖိစီးတာ၊ သွေးဆုံးအကြို လက္ခဏာတွေ ခံစားရချိန်မှာလည်း ရာသီသွေးဆင်း နည်းတာကို ခံစားရနိုင်ပါတယ်။

🩷🩷မိခင်နို့ တိုက်ကျွေးနေရတာ🩷🩷

မိခင်နို့ တိုက်ကျွေးနေရတာကလည်း ရာသီသွေးဆင်း နည်းတာကို ခံစားရနိုင်ပါတယ်။

🩷🩷သားဆက်ခြားနည်း အသုံးပြုတာ🩷🩷

သားဆက်ခြားနည်း အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း အသုံးပြုတာကလည်း ရာသီသွေးဆင်း နည်းတာကို ဖြစ်စေနိုင်ပါတယ်။

🩷🩷🩷တကယ်လို့ ရာသီသွေးဆင်း နည်းတာက ပုံမှန်အားဖြင့်ကတော့ စိတ်ပူစရာ မလိုပါဘူး။ တကယ်လို့ ရာသီသွေးကလည်း နည်းမယ်။ ရာသီသွေးမပေါ်တာမျိုးလည်း ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။ ဒီလက္ခဏာတွေအပြင် တင်ပဆုံကပါ နာကျင်နေမယ်ဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

🩷🩷🩷အဖြူဆင်းရင် သက်သာစေဖို့ ဘာလေးတွေ စားရမလဲ🩷🩷🩷🩷🩷🩷အမျိုးသမီးတော်တော်များများဟာ အဖြူဆင်းတာကို ခံစားဖူးကြပါတယ်။ ရာသီစက်ဝန်း...
05/11/2024

🩷🩷🩷အဖြူဆင်းရင် သက်သာစေဖို့ ဘာလေးတွေ စားရမလဲ🩷🩷🩷

🩷🩷🩷အမျိုးသမီးတော်တော်များများဟာ အဖြူဆင်းတာကို ခံစားဖူးကြပါတယ်။ ရာသီစက်ဝန်း မတိုင်ခင်မှာ အဖြူဆင်းတာမျိုး ရှိသလို တစ်ခါတလေမှာ မိန်းမကိုယ် မှိုပိုးဝင်တာလိုမျိုး ပြဿနာကြောင့်လည်း အဖြူဆင်းနိုင်ပါတယ်။ အဖြူဆင်းတာက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသလို တစ်ခါတလေမှာလည်း စိုးရိမ်စရာ ကောင်းလှပါတယ်။

🩷🩷🩷ဒါပေမယ့် ဒီလို အဖြူဆင်းတာကို လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဘယ်လို နည်းလမ်းတွေလဲ ဆိုတာကိုတော့ ကိုယ်တိုင် လေ့လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🩷🩷🩷အဖြူဆင်းတာကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ လုပ်ဆောင်ပေးလို့ ရပါတယ်။

🩷🩷ပဲနံ့သာစေ့ ပြုတ်ရည် 🩷🩷

ရေစင်အောင် ဆေးထားတဲ့ ပဲနံ့သာစေ့ကို ရေနွေးဆူဆူထဲမှာ နာရီဝက်ကြာအောင် ထည့်ပြုတ်ပြီး အအေးခံလို့ သုံးဆောင်ပေးတာက အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရုံနဲ့ အဖြူဆင်းတာကို သက်သာစေမှာပါ။

🩷🩷ရုံးပတီသီး 🩷🩷

ရုံးပတီသီးကို ပြုတ်စားတာဖြစ်ဖြစ် ကြော်စားတာဖြစ်ဖြစ် လုပ်ပေးတာကလည်း အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

🩷🩷ဒိန်ချဉ် 🩷🩷

ဒိန်ချဉ်သောက်တာကလည်း မိန်းမကိုယ်မှာ မှိုပိုးဝင်တာကို သက်သာစေသလို မှိုပိုးကြောင့် အဖြူဆင်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ မိန်းမကိုယ်တဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

🩷🩷ဒန့်သလွန်စေ့🩷🩷

အခြောက်ခံထားတဲ့ ဒန့်သလွန်စေ့ ရင့်ရင့်လေးတွေကို လက်ဖက်စားဇွန်း တစ်ဇွန်းစာလောက် ရေထဲမှာ တစ်ည စိမ်ထားပြီး ရလာတဲ့ စိမ်ရည်ကို သောက်ပေးတာကလည်း အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

🩷🩷ဇီးဖြူသီး 🩷🩷

ဇီးဖြူသီးကို အစိမ်းစားတာ၊ ထောင်းစားတာ၊ ဖျော်သောက်တာတွေကလည်း အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

🩷🩷ထမင်းရည် 🩷🩷

အဖြူဆင်းတာကို သက်သာချင်တယ်ဆိုရင် ထမင်းရည် သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။ ထမင်းရည် နွေးနွေးလေးကို ဆားထည့်ပြီး သောက်ပေးတာက အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

🩷🩷သလဲသီး 🩷🩷

သလဲသီး စားပေးတာကလည်း အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ သလဲသီးစားတဲ့အခါ အစေ့ပါ စားပေးပါ။

🩷🩷ပင်စိမ်း 🩷🩷

ပင်စိမ်းရွက်ကို စားပေးတာကလည်း အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းသတ္တုရည်ကို ပျားရည်နဲ့ သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။

🩷🩷မာလကာရွက် ပြုတ်ရည် 🩷🩷

မာလကာရွက်ကို ပြုတ်ပြီး ရလာတဲ့အရည်ကို သောက်ပေးတာကလည်း အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

🩷🩷ဂျင်း 🩷🩷

ဂျင်းကို အစိမ်းတိုင်း ဝါးစားတာ ဒါမှမဟုတ် ဂျင်းချဉ်ကို သုပ်စားတာ၊ ဂျင်းရေနွေးကြမ်း သောက်တာတွေက အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

🩷🩷🩷အဖြူဆင်းတာကို သက်သာစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့ အဆင်ပြေတာလေးကို လုပ်ဆောင်ပေးလို့ ရပါတယ်။🩷🩷🩷

Address

No. 538 (C/D), Myin Taw Thar Road, Thaketa Tsp
Yangon
11111

Alerts

Be the first to know and let us send you an email when Lotoshinn - Mom & Baby posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lotoshinn - Mom & Baby:

Videos

Share