20/01/2023
အကယ်ဒမီးယားမြန်မာ Academia Myanmar Youtube Channel ကို Like နဲ့ Subscribe လုပ်ပေးပါ
အကယ်ဒမီးယားဆိုတဲ့ စကားလုံးက အကယ်ဒမီဆိုတဲ့ စကားလုံးကလာပါတယ်။ အကယ်ဒမီဆိုတာက လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ဂရိတွေးခေါ်ပညာရှင်ကြီး ပလေးတိုးက သူ့ရဲ့နောက်လိုက်နောက်ပါတွေကို ဟောပြော သင်ကြားပေးတဲ့ ပန်းခြံနေရာလေးဖြစ်ပါတယ်။
အခုခေတ်မှာတော့ အကယ်ဒမီဆိုတာ ရုပ်ရှင်ထူးချွန်ဆုကိုလည်းခေါ်ပါတယ်။ သီးခြားဘာသာရပ်တွေကို သင်ကြားတဲ့ကျောင်းတွေ တက္ကသိုလ်တွေကိုလည်းခေါ်ပါတယ်။ မြန်မာတွေကတော့ အကယ်ဒမီတို့ အကယ်ဒမစ်အစရှိတဲ့ စကားလုံးတွေနဲ့ ရင်းနှီးပြီးသားပါ။
အကယ်ဒမီးယားဆိုတာကတော့ လေ့လာနေသူတွေ၊ သင်ယူနေတွေ၊ သုတေသနလုပ်နေသူတွေကို ဆိုလိုပါတယ်။ ဒီလူတွေဟာ စူးစမ်းလေ့လာမှုမရှိတဲ့ရှင်သန်မှုဟာ တန်ဖိုးမဲ့တဲ့ဘဝလို့ ယုံကြည်သူတွေပါ။
ဒီ Youtube Channel ဖြစ်တဲ့ အကယ်ဒမီးယားမြန်မာချန်နယ်ကတော့ စာပေဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်များ၊ တေးဂီတဖျော်ဖြေမှုများ၊ ခရီးသွားမှတ်တမ်းဗီဒီယိုများ၊ အစားအသောက်များ၊ ကျွမ်းကျင်မှုများ၊ ပါရမီရှင်များ၊ အမှတ်တရအင်တာဗျူးများကို စုစည်းပေးထားတာဖြစ်ပါတယ်။
အချိန်တိုင်းကြည့်ချင်ရင် Youtube Channel တစ်ခုဖြစ်တဲ့ အကယ်ဒမီးယားမြန်မာ ကို Like နဲ့ Subscribe လုပ်ထားပေးဖို့ လေးစားစွာ အကြောင်းကြားအပ်ပါတယ်။
ခင်မောင်လွင် Khin Maung Lwin
20-1-2023
စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်များထုတ်လွှင့်မည့် ချယ်နယ်ဖြစ်ပါသည်။