14/01/2025
ရွေးချယ်ထားသော ရွှေဝတ္ထုစာမူ ပြန်ကြားချက်
ရွှေချစ်သူသို့
ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာ ရွှေဝတ္ထုကဏ္ဍသို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အထိ ရွှေဝတ္ထုစာမူ ၃၄ ပုဒ် ရောက်ရှိလာပါ တယ်။ အယ်ဒီတာအဖွဲ့က ဖတ်ရှုပြီး စာတည်းချုပ် ဦီးဝင်းငြိမ်းထံ ၈ ပုဒ် တင်ပေးလိုက် ပါတယ်။ စာတည်းချုပ် ဦးဝင်းငြိမ်းက ရောက်ရှိလာတဲ့ စာမူများထဲမှ အောက်ဖော်ပြပါ ရွှေဝတ္ထုစာမူများကို ရွေးချယ်ထားပါတယ်။
၁။ ရင်ငြိမ်းပွင့်(စလင်း) (ဆင်ဦးစီးပိုက်စုတ်)
၂။ နိုင်မင်းညို၊ မြစ်ခြေ (အမှောင်ထဲက လက်တစ်ဖက်)
၃။ မိုးကျော်ဇင် (ကမ္ဘာနှစ်ခြမ်း)
၄။ မိုးသစ်ဝေ (ဆဋ္ဌမနေ့အိပ်မက်)
၅။ နေစူး (သာဓုခေါ်ပါ)
၆။ သက်ငြိမ် (ဆာဟာရကဗျာ)
ရွေးချယ်ထားပြီးဖြစ်သော ရွှေဝတ္ထုကဏ္ဍစာမူများကို အပတ်စဉ် ကြာသပတေး နေ့တိုင်းမှာ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာ ရွှေဝတ္ထုကဏ္ဍကနေ ဖော်ပြတင်ဆက် ပေးသွားမှာဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့ လက်ဝယ်ရောက်ရှိပြီး စာမူတွေကိုလည်း ဆက်လက်ဖတ်ရှုလျက်ရှိပြီး ပြန်ကြားချက်ကို အခါအားလျော်စွာ ထုတ်ပြန်ပေးပါမယ်။ ဖော်ပြနိုင်ခြင်းမရှိတဲ့ စာမူတွေကို စာရေးသူထံ အီးမေးလ်ကနေ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
#အယ်ဒီတာ