ဘန်ကောက်က အမိုးတို့ဆိုင်
မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘန်ကောက်မှာ အမိုးကြီးထမင်းဆိုင်ရှိပါတယ်။
ဘန်ကောက်မြို့လည်က ပက်တူနမ်ဆိုတဲ့ နေရာမှာ စျေးသက်သာလွန်းတဲ့
ဒီထမင်းဆိုင်ကို ကရင်တိုင်းရင်းသူအမျိုးသမီးကြီးဦးဆောင်ရောင်းချနေတာဖြစ်ပါတယ်။
အမိုးကြီးတို့မိသားစုက ထိုင်းနိုင်ငံမှာ ထမင်းဆိုင်ဖွင့်ပြီးရောင်ချနေတာ ဆယ်နှစ်ကျော်ကာလရှိနေပါပြီ။ ခုတော့ သူတို့ဆိုင်ဟာ မြန်မာနိုင်ငံထဲကထွက်ခွာလာရတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အားထားရတဲ့ဆိုင်ဖြစ်နေပါတယ်။
ရိုက်ကူး - နေလင်း
လမ်းမထက်က ဆံသဆရာများ
ရန်ကုန်မြို့ထဲ ရောက်ခဲ့ရင် ဒီနေရာမှာ ဆံပင်အလကား ညှပ်လို့ရပါတယ်။ ဆင်းရဲချမ်းသာမရွေး လမ်းကြုံဆံပင်ဝင်ညှပ်နိုင်တဲ့နေရာကို ဘယ်သူတွေလုပ်နေပါသလဲ ?
အိုးပုတ် ဂျိုးရုပ်
ရွှံရုပ်တွေလုပ်ပြီး ကစားခဲ့တဲ့အချိန်တွေကို ဒီဖက်ခေတ်မှာ ပုံစံတမျိုးနဲ့ပြန်ရနိုင်ပါပြီ။ မွန်းကျပ်မှုတွေဖြေလျှော့ဖို့၊ စိတ်အပမ်းပြေမှုနဲ့ စိတ်တည်ငြိမ်မှုတွေရဖို့
ရွှံ့ရုပ်တွေလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။
Sanlavati Art Studio က ဒီကာလမှာ ရွှံ့ရုပ်ပွဲတွေ တနည်းအားဖြင့် workshop တွေ ရံဖန်ရံခါပြုလုပ်လေ့ရှိပြီး ဒီ workshop တွေမှာ ကလေးလူကြီးအစုံ ပါဝင်လို့ရပါတယ်။
ဒီလို Event မျိုးတွေကို မိသားစုလိုက်၊ ဒါမှမဟုတ် ရုံးအဖွဲ့စည်းအလိုက် သီးသန့်ကစားချင်တာမျိုးဆိုရင် Sanlavati Art Studio မှာ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
မြွေပွေး မုဆိုး
အဆိပ်ပြင်းတဲ့မြွေပွေးတွေကို တုတ်တစ်ချောင်းတည်းနဲ့လိုက်ဖမ်းတဲ့ဒီအမျိုးသားနာမည်က အပိုးလို့ခေါ်ပါတယ်။ သူ့ရွာတင်မက တခြားရွာတွေမှာပါရှိတဲ့မြွေပွေးတွေကို ဘာကြောင့်လိုက်ဖမ်းနေရပါသလဲ...။
တွံတေးမှာ ရှမ်းတွေရှိသလား
တွံတေးမြို့မှာ ရှမ်းတွေရှိသလား ?
နှစ်စဉ်ကျင်းပနေကျ တွံတေးမြို့က သဲပုံစေတီပွဲဟာ အထင်ကရဘုရားပွဲတစ်ခုဖြစ်ပါတယ်။ ဒီပွဲကို အဓိက ကျင်းပကြတာက တွံတေးအနီးတဝိုက်က ရှမ်းရွာတွေက စီစဉ်ကျင်းပကြတာဖြစ်ပါတယ်။
ရိုက်ကူး - သီဟ
ဒိုဘီကန်
ယနေ့ခတ်ထိလည်ပတ်နေသေးတဲ့ မန္တလေးမြို့က ဒိုဘီချောင်ဟာ မြို့ပေါ်က ဟိုတယ်လုပ်ငန်းတွေအတွက်အရေးပါပါတယ်။
ခေတ်မီလျှော်ဖွတ်လုပ်ငန်းတွေကြားထဲမှာ လူအားနဲ့လည်ပတ်နေဆဲရိုးရာ လျှော်ဖွတ်လုပ်ငန်းအကြောင်းကို Yangonpedia
ပရိသတ်တွေအတွက်တင်ဆက်လိုက်ပါတယ်။
ကာတွန်းကိုနော်
"တိတ်စမ်း" စကားလုံးနဲ့ လူသိများတဲ့ ကာတွန်းဆရာ
ပန်းချီဆရာတဖြစ်လဲ ချစ်စရာကောင်းတဲ့ ကာတွန်းတွေနဲ့ ခေတ်ကို သရုပ်ဖေါ်နေတဲ့ ကာတွန်းကိုနော်ရဲ့လက်ရာတွေက ပရိသတ်အခိုင်အမာရရှိနေပါတယ်။
သူရေးဆွဲတဲ့ အမယ်အိုနဲ့ အရက်ကြိုက်တဲ့ သားတစ်ယောက်ရဲ့ ဇာတ်ကောင်တွေက ချစ်စရာကောင်းသလိုလူကြိုက်လည်းများနေပါတယ်။
ကာတွန်းကိုနော်လို့ခေါ်တဲ့ "နော်အိမ်ခန့်" ဆိုတဲ့ အနုပညာရှင်တစ်ယောက်အကြောင်း အနည်းအကျဉ်းကို Yangonpedia ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
•ရိုက်ကူး - သီဟ•
ကာတွန်း ဦးဖေသိန်း ရာပြည့်
"ပုံပမာ" ကာတွန်းတွေကိုမှတ်မိပါသေးလား
မြန်မာ သတင်းစာသမိုင်းမှာ ကာတွန်းရေးလို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ သတင်းစာဆရာဟာ ဦးဖေသိန်းဖြစ်ပါတယ်။ ဦးဖေသိန်းဟာ ဒီနေ့ထိသက်ရှိထင်ရှားရှိနေရင် အသက် ၁၀၀ ပြည့်မှာဖြစ်ပါတယ်။
မျက်မမြင် စာရေးဆရာမ
• မျက်မမြင်စာရေးဆရာမ •
အမြင်အာရုံမသန်စွမ်းပေမယ့် သူမ ရေးတဲ့စာတွေကို အွန်လိုင်းကနေစောင့်ဖတ်နေသူ အမြောက်အများရှိပါတယ်။
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေအပါအဝင်လူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် စိတ်ခွန်အားဖြစ်စရာ အခန်းဆက်ဇာတ်လမ်းတွေ ရေးသားနေတဲ့ စာရေးဆရာမတစ်ဦးအကြောင်းကို ဒီဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။
ဘေဘီလေးတို့မီတင်
ရန်ကုန်မှာ ခွေးလေး၊ ကြောင်လေးတွေကိုခေါ်သွားလို့ရတဲ့ဆိုင်အရေအတွက်တော်တော်နည်းပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ရန်ကုန်က မှော်ရုံစားသောက်ဆိုင်မှာ တိရိစ္ဆာန် လေးတွေကို သူတို့သခင်တွေနဲ့အတူတူ အချိန်ကုန်လို့ရမယ့် Pet Special Day ဆိုပြီး ပြုလုပ်ခဲ့ပါတယ်။
•ရိုက်ကူး - သီဟ•
အရက်နဲ့ ရေချိုးပေးတဲ့ နတ်ပွဲ
အရက်မျိုးစုံနဲ့ ချိုးရေတော်သုံးပေးတဲ့ တလိုင်းမင်းရဲကျော်စွာ နတ်ပွဲကိုတစ်နှစ်နှစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ ဒီလိုယမကာတွေနဲ့ ချိုးရေတော်သုံးပေးတဲ့နတ်ဟာ အထက်မြန်မာပြည်မှာဆိုရင် ပခန်းကိုကြီးကျော်နဲ့ အောက်မြန်မာပြည်မှာတော့ တလိုင်းမင်းရဲကျော်စွာ နတ်ပွဲတွေမှာပဲရှိနေပါတယ်။
တွံတေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ အနယ်နယ်အရပ်ရပ်က ယုံကြည်သူတွေလာရောက်ပြီး ချိုးရေတော်သုံးပေးကြတဲ့ မြင်ကွင်းတွေကို Yangonpedia ပရိသတ်တွေအတွက် ရိုက်ကူးတင်ဆက်လိုက်ပါတယ်
မြို့လည်က အုန်းမောင်းသံ
"မြို့လည်က အုန်းမောင်းသံ"
နံနက်စောစောကြားရတဲ့ အုန်းမောင်ခေါက်သံတွေမှာ အဓိပ္ပါယ်အသီးသီးရှိပါတယ်။ အုန်းမောင်းခေါက်သံအချက်ရေအသီးသီးနဲ့ အချိန်နာရီအလိုက်၊ နေ့ရက်အလိုက်မတူခြားနားတဲ့ အသံတွေက ဘာတွေကိုရည်ညွှန်းနေပါသလဲ....။