Seaman knowledge

Seaman knowledge Study Nothing

ပင်လယ်နီတွင် ဒုံးကျည်ထိမှန်မှုကြောင့် Bulk Carrier  သင်္ဘောတစ်စီးဆိုးဆိုးဝါးဝါးထိမှန်ခဲ့ပြီး သင်္ဘောသားတွေစွန့်ခွာခဲ့ရပါ...
26/02/2024

ပင်လယ်နီတွင် ဒုံးကျည်ထိမှန်မှုကြောင့် Bulk Carrier သင်္ဘောတစ်စီးဆိုးဆိုးဝါးဝါးထိမှန်ခဲ့ပြီး သင်္ဘောသားတွေစွန့်ခွာခဲ့ရပါတယ်

US Central Command က ''တနင်္ဂနွေနေ့က Houthi သူပုန်တွေရဲ့ Anti-ship ballistic ဒုံးကျည် နဲ့ပစ်ခတ်လို့ MV Rubymar သင်္ဘောကိုထိမှန်ခဲ့ပြီး 18 မိုင်ခန့်အကွာထိဆီတွေယိုဖိတ်ခဲ့တယ်'' လို့ဆိုပါတယ်။

''သင်္ဘောအခုအချိန်မှာ မနစ်မြုပ်သေးပေမဲ့ ဆိုးဆိုးဝါးဝါးထိခိုက်ထားတဲ့အတွက်ကြောင့် နစ်မြုပ်နိုင်တဲ့အ​ခြေအနေနဲ့ရင်ဆိုင်နေရတယ်'' လို့ပြောပါတယ်။

တိုက်ခိုက်မှုက ဖေဖော်ဝါရီလ ၁၈ရက်နေ့ တနင်္ဂနွေနေ့ည 9:30 နဲ့ 10:40 ကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သင်္ဘောသားတွေကသင်္ဘောကို စွန့်ခွာခဲ့ရပါတယ်။

ဘရာဇီးအလံတင် ဗြိတိန်ပိုင် Bulk Carrier သင်္ဘော
MV Rubymar ဟာ ဓာတ်မြေသြဇာ တန်ချိန် 41000 သယ်ဆောင်လာစဥ်ဒုံးကျည်ထိမှန်ခဲ့တာဖြစ်ပြီး ထိမှန်ပျက်စီးမှုကြောင့် Cargo ပင်လယ်နီထဲကို ကျရောက်ခဲ့ကာ ပင်လယ်ရေနေသတ္တဝါတွေနဲ့ ရေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေခဲ့တယ်'' လို့ US Central Command ကပြောဆိုခဲ့ပါတယ်။

26/02/2024

Houthi သူပုန်တွေတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ Red Sea ကိုဖြတ်သန်းသွားလာရမဲ့ သင်္ဘောသားတွေအနေနဲ့ မသွားလိုပါက ငြင်းဆိုနိုင်တယ်လို့ ITF ထုတ်ပြန်။

အလုပ်သမားသမဂ္ဂနဲ့ စက်မှုလုပ်ငန်းအဖွဲ့များမှ ''ယီမင်မဟာမိတ် ၊ ဟွတ်သီသူပုန်တွေက Commerical Ship တွေကိုတိုက်ခိုက်နေတဲ့ ပင်လယ်နီကိုဖြတ်သန်းသွားလာရာမှာ မိမိိတို့ရဲ့သဘောဆန္ဒအရမသွားလိုပါက ငြင်းဆိုနိုင်တယ်'' လို့ သောကြာနေ့မှာပြောဆိုခဲ့ပါတယ်။

ဂါဇာမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သတ်ပြီး အစ္စရေးကိုဆန့်ကျင်ကာ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွှတ်မှုဆိုင်ရာလုပ်ငန်းများအဖြစ် ယမန်နှစ် November လလည်တည်းက ပင်လယ်နီအတွင်းဖြတ်သန်းသွားလာနေတဲ့ Commerical Ship တွေကို ဒုံးကျည်တွေ ၊ Drone တွေနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။

သင်္ဘောသားတွေအနေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့
High-risk Zones တွေထဲကိုဝင်ရောက်ဖြတ်သန်းသွားလာရတဲ့အခါမှာ လစာရဲ့၂ဆ ရရှိခွင့်ရမယ်လို့သဘောတူညီချက်လတ်မှတ်တွေရေးထိုးရပါတယ်။

အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးဖိုရမ် (IBF) အဖြစ်
စစ်ဖြစ်နေတဲ့​ဒေသတွေနဲ့ High-risk Aeras တွေ
အထဲမှာပင်လယ်နီတောင်ပိုင်းကိုပါ ဒီဇင်ဘာလမှာ ထည့်သွင်းခဲ့ပြီး သင်္ဘောသားတွေနဲ့ သင်္ဘောကုမ္ပဏီတွေအကြား ညှိနှိုင်းဆောင်ရွက်တွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။

IBF ရဲ့အစီအစဥ်တစ်ခုအဖြစ် သင်္ဘောသားတွေအနေနဲ့ အဆိုပါ ဧရိယာတွေကိုမဝင်ရောက်ခင် ၇ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ပြန်ပို့ဖို့အတွက် ကုန်ကျစရိတ်ကို Company ဘ​က်မှကျခံရမှာဖြစ်ပြီး
လျော်ကြေးအဖြစ် အခြေခံလစာ ၂လစာကိုပါပေးရမယ် လို့ International Transport Workers' Fedreation(ITF) (နိုင်ငံတကာသယ်ယူပို့​ဆောင်ရေးအလုပ်သမားများအဖွဲ့ချုပ်) နဲ့ ပူးပေါင်းအဖွဲ့များက ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။

''အဆိုပါထုတ်ပြန်ချက်က အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကို အနုတ်သဘောဆောင်သော်လည်း သင်္ဘောသားတွေရဲ့ဘေးကင်းမှုကအရေးကြီးတယ်''လို့ ထုတ်ပြန်ချက်မှာထပ်မံဖော်ပြထားပါတယ်။

ယမန်နှစ် နိုဝင်ဘာလက ဟွတ်သီသူပုန်တွေ ပြန်ပေးဆွဲခဲ့တဲ့ ကားတင်သင်္ဘော Galaxy Leader မှ သင်္ဘောသား ၂၅ယောက်ကို ပြန်လွှတ်ပေးဖို့အတွက်အစိုးရတွေအနေနဲ့ အာမခံဖြင့်ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ITF က တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရေကြောင်း
ကုန်သွယ်ရေးရဲ့ 12% ခန့်ဟာ ပင်လယ်နီကိုဖြတ်သန်းသွားလာနေရတာဖြစ်ပါတယ်။

30/09/2022
23/06/2022
18/08/2021
21/07/2021
14/07/2021
30/10/2020
13/08/2020
DIMSCOမှာ အလုပ်ခေါ်နေတယ်
15/07/2020

DIMSCOမှာ အလုပ်ခေါ်နေတယ်

30/06/2020
13/03/2020

⛑ သင်္ဘောသားများ ကိုဗစ်၁၉ ဗိုင်းရပ်စ 𝗣𝗮𝗻𝗱𝗲𝗺𝗶𝗰 အတွက် သတိပြုရန်များ…📢

WHO အဖွဲ့ကြီးကနေ ကိုဗစ် ၁၉ ကို epidemic ကနေ pandemic အဆင့်ဖြစ်ကြောင်း ကြေငြာတော့၊ ရွှေ နိုင်ငံတော် အပါအဝင် နိုင်ငံအတော်များများမှာ ဂယက်ရိုက်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။ တစ်ချို့ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သူများကို အကဲပိုသူများလို့ နှာခေါင်းရှုံ့ချင်ပါတယ်။ မှန်မှန်မှားမှား ဂယက်ထတော့ အကျိုးဆက်ကိုတော့ သတိထားရပါတော့မယ်။

ဝူဟန်ဗိုင်းရပ်စ စကတဲ က အလျဉ်းသင့်သလို့ သင်္ဘောသားများ သတိထားရန် အချက်များ ရေးပေးခဲ့ပါတယ်။ ယခု ကိုရိုနာဗိုင်းကနေ ကိုဗစ်၁၉ ဖြစ်ပြီး၊ တစ်ကမ္ဘာလုံး ပြန့်ပြီလို့ ဆိုတဲ့အချိန်မှာ သတိထားရန် အချက်များကို အနည်းငယ်ရေးပေးပါမယ်။ ပြသနာက ရောဂါကပ်ဘေးနဲ့ ဆက်လိုက်လာမယ့် အစားအသောက်ပစ္စည်း ရှားပါးမှုကပ်၊ အလုပ်အကိုင်များ ရှားပါးလာတဲ့ အတွက် ခိုးဆိုးလုယက်မှု တွေဖြစ်မယ့် ကပ်တွေပါဘဲ။

သင်္ဘောပေါ်က သင်္ဘောသားများအတွက် ဘဲ ဦးတည်ရေးပါမယ်။ -

၁) နိုင်ငံအတော်တော်များမှာ ဗိုင်းရပ်စ ဂယက် ပြင်းထန်းလို့ မြို့တွေကို ပိတ်ချ၊ ဗိုင်းရပ်စ ကူးမကူး စောင့်ကြည့်မှု တွေလုပ်ကြတဲ့ အတွက်၊ တစ်ချို့နိုင်ငံတွေ မှာ သင်္ဘော အတွက် လိုအပ်တဲ့ အစားအသောက် ဝယ်ရခက်နိုင်ပါတယ်။ ဝယ်လို့ရပြန်ရင်လည်း အဆမတန် ဈေးကြီးနိုင်ပါတယ်။ သင်္ဘောပေါ်မှာ အစားအသောက်အတွက် တာဝန်ရှိသူများ အနေဖြင့် အဆင်ပြေတဲ့ ဆိပ်ကမ်းများက အနည်းဆုံး ၂ လစာ ကြိုဝယ်ထားနိုင်ရင် ပိုကောင်းပါတယ်။ လက်ရှိပင်လယ်ထဲမှာ ဆိုရင်တော့ အစားအသောက် ကို အလေအလွင့် နည်းနိုင်သမျှ ခြိုးခြံခြွေတာပါ။

၂) တစ်ချို့ဆိပ်ကမ်းတွေမှာ ချက်ခြင်း ကမ်းကပ်ခွင့်မရတာ၊ ဗိုင်းရပ်စ ကူးမကူး ၁၄ ရက် စောင့်ကြည့်တဲ့ လိုအပ်ချက်များကြောင့်၊ သင်္ဘောကို ပင်လယ်ထဲ မျောနေရတာတွေ၊ ကျောက်ချထားရတာတွေ ဖြစ်လာရင်၊ သောက်သုံးရေ လိုအပ်ချက်တွေဖြစ်လာနိုင်ပါတယ်။ သောက်သုံးရေ စနစ်တကျ သုံးစွဲပါစေ… မဖြုန်းတီးပါစေနဲ့။

၃) ကန်ထရိုက်ပြည့်ပေမယ့်၊ ဖြစ်နေတဲ့ အနေအထားကြောင့် သင်္ဘောသားများကို အိမ်ပြန်ရန်နှင့် အိမ်ပြန်မည့် သင်္ဘောသားများကို အစားထိုးရန် လုပ်လို့မရသလောက်ခက်ခဲနေပါတယ်။ လေကြောင်းလိုင်းတွေ မရှိတာက တစ်ကြောင်း၊ သင်္ဘောကပ်တဲ့ ဆိပ်ကမ်းတွေရဲ့ ဗိုင်းရပ်စ ကာကွယ်ရေး လိုအပ်ချက်များကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလို အခက်အခဲနှင့် ကြုံနေသူများ၊ ကိုယ်တစ်ယောက်ထဲ ကြုံနေတာ မဟုတ်ဖူးဆိုတာ သိထားပါ။ ကိုယ့်စိတ်ခံစားချက်ကြောင့် တစ်ခရီးတည်း အတူသွားခဲ့သည့် လုပ်ဖေါ်ကိုင်ဖက်များ အခက်အခဲ ဖြစ်အောင် မလုပ်မိပါစေနဲ့။

၄) တရုတ်နိုင်ငံ အပြင်၊ ဖိလစ်ပိုင်ပါ ပိတ်ချ လိုက်တဲ့အတွက်၊ ထိုနိုင်ငံများက သင်္ဘောသားများ သင်္ဘောတက်ရန် မလွယ်ကူသောကြောင့်၊ သင်္ဘောများပေါ်တွင် အရေးပေါ်လူလဲခြင်းများ ရှိလာနိုင်သည့် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုပေါ်နိုင်ပါတယ်။ အခြေအနေပေးရင် ရလာတဲ့ အခွင့်အရေးများကို ယူဖို့ ပြင်ထားသင်ပါတယ်။

နိုင်ငံတကာ သင်္ဘောများပေါ်တွင် တာဝန်ယူလုပ်ကိုင်နေသော သင်္ဘောသားများအနေဖြင့်၊အခက်အခဲ ဖြင့် ကြုံလာလျင် သာမန်အရပ်သား များထက်သာသည့် အချက်များရှိပါတယ်။

အရေးပေါ် အခြေအနေများစွာ အတွက် လေ့ကျင့်ပြင်ဆင် ထားခြင်း၊ အခက်အခဲများစွာကို ကျော်ဖြတ်ဖူးခြင်း၊ စည်းကမ်းလိုက်နာနိုင်ခြင်းများ ဖြစ်ပါတယ်။ ဥပမာတစ်ချို့ပေးပါမယ်…..

* သင်္ဘောပေါ်စတက်ကတဲကလို့ သတိမထားရင် အသက်အန္တာရာယ်မှ စပြီး၊ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ သတိကောင်းကောင်းရှိရန် လိုအပ်ပါတယ်။

* ပြန်ပြောရန်မလွယ်တဲ့ ဆိုးဝါးလှပါတယ် ဆိုတဲ့ မုန်တိုင်းတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ဖြတ်ကျော်ဖို့ အမြဲပြင်ဆင်ထားရပါတယ်။

* အင်မတန် ရက်စက် ကြမ်းကြုတ်ပါတယ် ဆိုတဲ့ ပင်လယ်ဓါးပြရန် ကလည်း မအေးချမ်းသေးပါ။ ထိုရန်များကို
ကာကွယ် ဖို့ နည်းလမ်းတွေ လေ့ကျင့်ထားရပါတယ်။

* စစ်မက်ဖြစ်ပွားနေတဲ့ နေရာများမှာ သင်္ဘောကို ခုတ်မောင်းသွားလာရနိုင်ပါတယ်။ ထိုဒေသတွေမှာ သင်္ဘောတစ်စီးလုံး နှင့် သင်္ဘောသားများကို မထိခိုက်အောင် ရှောင်တိမ်းသွားလာနိုင်ဖို့ ပြင်ဆင်ထားရပါတယ်။

* ကိုဗစ် ၁၉ မတိုင်ခင်ကတဲ၊ သူ့ထက်ဆိုးတဲ့ ရောဂါ ပေါတဲ့ နေရာတွေမှာ သင်္ဘောဖြင့် ကုန်စည်များတင်ချရင်း ခုတ်မောင်းကျင်လည်ရနိုင်ပါတယ်။ ကျန်းမာရေးသတိ ကြီးကြီး ရှိခဲ့ကြပါတယ်။

အချုပ်ပြောရရင် ခက်ခဲကြမ်းတမ်းမှု အပေါင်းကို နည်းမျိုးစုံဖြင့် ဖြတ်ခဲ့ကြပြီးပါပြီ။ ယခုဖြစ်နေသော ကိုဗစ်၁၉ ပြသနာကိုလည်း၊ သတိတရားလက်ဝယ်ထားမှု၊ အမျှော်အမြင်ရှိမှု၊ စည်းကမ်းလိုက်နာမှု၊ သည်းခံစောင့်စည်းမှု၊ စသဖြင့် သင်္ဘောသားတို့၏ ကျွမ်းကျင်မှုများဖြင့် အချိန်အပိုင်းအခြား တစ်ခုအတွင်း ဖြတ်ကျော်သွားနိုင်မှာပါ။

ကိုဗစ်၁၉ ကာကွယ်ရေးကတော့ ယခင်ရေးထားတာများကိုဘဲ မှီငြမ်းပါ။….

Captain Win | 2020-03-13

02/03/2020

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Seaman knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category