Evan's Reviews

Evan's Reviews Video Creator From Myanmar. Content Creator. Massive Love For All Things Tech! Evan နဲ့အတူ Review ကြည့်မယ်

AION CHRISTMAS EVE PARTY 🌲❄💚
25/12/2024

AION CHRISTMAS EVE PARTY 🌲❄💚






International Brand တစ်ခုဖြစ်တဲ့ KIA ရဲ့ Brand Ambassador အဖြစ် ပေးအပ်ခဲ့တဲ့ KIA Myanmar KIA ရဲ့ Mission ဖြစ်တဲ့ “Moveme...
23/12/2024

International Brand တစ်ခုဖြစ်တဲ့ KIA ရဲ့ Brand Ambassador အဖြစ် ပေးအပ်ခဲ့တဲ့ KIA Myanmar

KIA ရဲ့ Mission ဖြစ်တဲ့ “Movement that inspires“ အတိုင်း အကောင်းဆုံး Represent တွေနဲ့ ရှေ့ဆက်ပြီး KIA x BNLK moments လေးတွေရှိတဲ့အတွက် စောင့်ကြည့်အားပေးကြပါဦးခင်ဗျာ...✨

𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎 ၊ 𝟐𝟏 ၊ 𝟐𝟐 သုံးရက်တိုင်တိုင် 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐒𝐪𝐮𝐚𝐫𝐞 မှာ (𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 & 𝐂𝐚𝐫 𝐄𝐱𝐩𝐨 )  ပြပွဲကြီးတွင်𝐋𝐮𝐱𝐮𝐱𝐲 ဆန်ဆန် 𝐊𝐈𝐀 ကားတွ...
22/12/2024

𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎 ၊ 𝟐𝟏 ၊ 𝟐𝟐 သုံးရက်တိုင်တိုင် 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐒𝐪𝐮𝐚𝐫𝐞 မှာ (𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 & 𝐂𝐚𝐫 𝐄𝐱𝐩𝐨 ) ပြပွဲကြီးတွင်
𝐋𝐮𝐱𝐮𝐱𝐲 ဆန်ဆန် 𝐊𝐈𝐀 ကားတွေကို လာရောက်အားပေးလေ့လာကြသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 လူကြီးမင်းများ၏ ပြပွဲ ပုံရိပ်များကို မျှဝေလိုက်ပါတယ်။

Viber Communities များအတွင်း အဖွဲ့ဝင်များ ဆက်သွယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန် Comment လုပ်ဆောင်ချက်အား Rakuten Vi...
20/12/2024

Viber Communities များအတွင်း အဖွဲ့ဝင်များ ဆက်သွယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန် Comment လုပ်ဆောင်ချက်အား Rakuten Viber မှ စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Viber ၏ အသုံးပြုသူများအနေနှင့် အသစ်မိတ်ဆက်လိုက်သည့် Comment လုပ်ဆောင်ချက် နှင့်အတူ Communities များအတွင်း ပိုမိုအဆင်ပြေလွယ်ကူစွာ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည်

ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများအား စဉ်ဆက်မပြတ် ပေးအပ်သွားရန်ဟူသော ရည်ရွယ်ချက်နှင့်အညီ Rakuten Viber သည် ၎င်း၏ Communities များအတွင်း အဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအဆင်ပြေကောင်းမွန်လာစေရန် Comment ပေးနိုင်သည့် လုပ်ဆောင်ချက်အား စတင်မိတ်ဆက်ခဲ့သည်။ သို့ဖြစ်၍ Viber ၏ များပြားလှသော သက်ဆိုင်ရာ Community အဖွဲ့ဝင်များ အနေနှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးပြောဆိုမှုများအား ပိုမိုရှင်းလင်းစွာနှင့် ပိုမိုစနစ်တကျရှိစွာ လုပ်ဆောင် သွားနိုင်တော့မည် ဖြစ်သည်။

အသုံးပြုသူများအနေနှင့် ယခု Comment လုပ်ဆောင်ချက် အသစ်နှင့်အတူ ဆွေးနွေးပြောဆိုမှု Post တစ်ခုချင်းစီတိုင်းတွင် ပြန်လည်ဖြေကြားမှု (Replies) များအား ပိုမိုရိုးရှင်းလွယ်ကူစွာ ရေးသားဖတ်ရှုသွားနိုင်တော့မည် ဖြစ်သည်။ Community အဖွဲ့ဝင်များအနေနှင့် မိမိကြိုက်နှစ်သက်ရာ စာတိုပေးပို့မှုတစ်ခုချင်းစီတိုင်းတွင် Comment များ ရေးသားထားနိုင်မည် ဖြစ်ပြီး ထိုသို့ရေးသားထားမှုများသည်လည်း အခြားစာတိုပေးပို့မှုများနှင့် ရောနှောခြင်း ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် Community တိုင်းတွင် အဖွဲ့ဝင်များအား စာရေးသားခွင့်ပြုသည့် အချက်အပါအဝင် Admin Controls (Admin ၏ ထိန်းချုပ်လုပ်ဆောင်နိုင်မှုများ) များလည်း ပါရှိမည် ဖြစ်သည်။ သို့ဖြစ်၍ Community တစ်ခုစီတိုင်း၏ Superadmins နှင့် Admins များသည် ၎င်းတို့၏ Community Info Tab မှတဆင့် စာတိုပေးပို့မှုအကုန်လုံးတွင် Comment ရေးသားနိုင်စေရန် သွားရောက်လုပ်ဆောင်နိုင်မည်ဖြစ်သလို အချို့သော အရေးကြီးသည် စာတိုပေးပို့မှုများတွင် Comment မရေးသားနိုင် စေရန်လည်း စိတ်ကြိုက် ရွေးချယ်ထား နိုင်မည် ဖြစ်သည်။

Comment လုပ်ဆောင်ချက်အသစ်အား အသုံးပြု၍ အကြောင်းအရာများစွာအား စဥ်ဆက်မပြတ် ပြောဆိုနေကြသည့် Viber Communities များအတွင်းတွင် ဆွေးနွေးမှုများအား ပုံစံအသစ်ဖြင့် ပိုမိုရှင်းလင်းစွာ ပြုလုပ်သွားနိုင်မည် ဖြစ်သည်။ မိမိတို့ ဝါသနာများမှ စ၍ ထုတ်ကုန်သစ်မိတ်ဆက်မှုများအထိ Community အဖွဲ့ဝင်များအနေနှင့် မိမိတို့ စိတ်ဝင်တစား ဆွေးနွေးလိုသည့် အကြောင်းအရာ တစ်ခုချင်းစီတိုင်းတွင် Comment များ ရေးသားမျှဝေသွားနိုင်တော့မည် ဖြစ်သည်။ Community အဖွဲ့ဝင်များအနေနှင့် ၎င်းတို့၏ ဖုန်းနံပါတ်များအား အခြားသူများနှင့် မျှဝေစရာမလိုပဲ Comment များအား ရေးသားသွားနိုင်မည် ဖြစ်သည့်အပြင် Community အတွင်း ယခင်စကားပြောဆို ထားသည့် အကြောင်းအရာများ၊ မျှဝေထားသော မီဒီယာများနှင့် ဖိုင်များအားလုံးကို တွေ့ရှိနိုင်မည်ဖြစ်သည်။

Rakuten Viber သည် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝန်းများ အကြား အလွယ်ကူဆုံး ဆက်သွယ်ချိတ်ဆက်သွား နိုင်စေရန် စဉ်ဆက်မပြတ် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ ယခု အသစ်မိတ်ဆက်ခဲ့သည့် Comment လုပ်ဆောင်ချက် သည်လည်း စိတ်ဝင်စားသည့်အကြောင်းအရာချင်း တူညီသူများ ဖွဲ့စည်းထားသည့် Communities များအတွင်း တစ်ဦးနှင့် တစ်ဦး လွယ်ကူမြန်ဆန်မှုနှင့် ရိုးရှင်းလွယ်ကူမှု အရှိဆုံး ဆက်သွယ်ဆွေးနွေးသွားနိုင်စေရန် ပိုမိုအားဖြည့်ကူညီသွားနိုင်မည် ဖြစ်သည်။

"အပျော်တမ်းအပြေးကလပ်တစ်ခုမှာ Member ဝင်ထားတာပဲ ဖြစ်ဖြစ်၊ အားပေးတဲ့ ပရိသတ်တွေ စုဖွဲ့ထားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျောင်းနဲ့ အလုပ်က လူတွေ စုပြီးဖွဲ့စည်းထားတာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ လူချင်းတွေ့ ပြီးပဲ ဖြစ်စေ၊ အွန်လိုင်းကနေပဲဖြစ်စေ လွယ်ကူလျင်မြန်စွာ ဆက်သွယ်ချိတ်ဆက်နိုင်နေပါပြီ။ ဒီလို စိတ်ဝင်စားမှုတူညီတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဆွေးနွေးပြောဆိုမှုတွေကို လုံခြုံစိတ်ချရမှုအပြည့်နဲ့ မျှဝေလိုတယ်ဆိုတာကိုလည်း ကျွန်တော်တို့ အပြည့်အဝ နားလည်ထားတာနဲ့အညီ အခုလို ကျွန်တော်တို့ရဲ့ Communities တွေအတွက် ထိရောက်တဲ့ အဆင့် မြှင့်တင်မှုတွေကို လုပ်ဆောင်ပေးခဲ့တာပါ။ သင့်အနေနဲ့ Viber App ကနေတဆင့် Communities တွေကို အလွယ်တကူ ဝင်ရောက်ပြီး စိတ်ဝင်စားမှုချင်း (သို့) ဝါသနာချင်း တူညီတဲ့ အသုံးပြုသူတွေနဲ့ အဆင်ပြေလွယ်ကူမှုအရှိဆုံး ဆက်သွယ် ချိတ်ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။

Rakuten Viber ၏ မြန်မာနိုင်ငံအတွက် မိတ်ဆက်ခဲ့သည့် ယခု လုပ်ဆောင်ချက်အသစ်သည် မည်သည့် Communities အဖွဲ့ဝင်တိုင်း အတွက်မဆို ပိုမိုအဆင်ပြေလွယ်ကူမှု ရှိသွားစေမည်ဖြစ်ကာ စကားပြောဆိုမှုတိုင်းအား ပိုမိုရှင်းလင်းစေရန် နှင့် အဖွဲ့ဝင်များအကြား ပိုမိုစိတ်ဝင်စားမှု ရရှိစေရန် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

ပုံစံအသစ်ဖြင့် Communities အား ဤနေရာ မှတဆင့် အလွယ်တကူ ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။

19/12/2024
မြန်မာနိုင်ငံရှိ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုကူညီထောက်ပံ့နိုင်ရန်အတွက် Rakuten Viber နှင့် မြန်မာစီးပွ...
17/12/2024

မြန်မာနိုင်ငံရှိ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုကူညီထောက်ပံ့နိုင်ရန်အတွက် Rakuten Viber နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) တို့ ပူးပေါင်းဆောင်ရွက်သွားမည်

ဤပူးပေါင်းဆောင်ရွက်မှုအရ Rakuten Viber သည် MYANWEN ကွန်ယက်အတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား စီးပွားရေးတိုးချဲ့မှုပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန် ကူညီပေးသွားမည်ဖြစ်

Rakuten Viber သည် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုတိုးချဲ့နိုင်ရန် ကူညီထောက်ပံ့သွားမည် ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲအခမ်းအနားအား MYANWEN ၏ ဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် MYANWEN ကွန်ယက်အတွင်းရှိ ကဏ္ဍအသီးသီးမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ကျော်တက်ရောက် ခဲ့ကြပြီး Rakuten Viber ၏ Business Development Manager ကိုရဲထွန်းနိုင်နှင့် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေးမာတို့မှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
“Rakuten Viber အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးစွန့်ဦးတီထွင်သူတွေနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ဆန်းသစ်တဲ့ ဆက်သွယ်ချိတ်ဆက်မှု ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးအပ်သွားဖို့ ရည်သန်လုပ်ဆောင်နေပြီး လုပ်ငန်းရှင်တွေ အနေနဲ့ ဒီလုပ်ဆောင်ချက်တွေကို အသုံးပြုပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ လူမှုအသိုင်းအဝန်းတွေနဲ့ ပိုမို ချိတ်ဆက်သွားနိုင်ဖို့နဲ့ ဝယ်ယူအားပေးသူ ပမာဏ ပိုမို များပြားလာစေဖို့ ထိထိ ရောက်ရောက် လုပ်ဆောင်သွားနိုင်မှာပါ။ အခုလို MYANWEN နဲ့ မဟာဗျူဟာကျကျ လက်တွဲလုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုအထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဆက်လက် ဖန်တီး ယူဆောင် လာပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ Mr. David Tse က ပြောကြားခဲ့သည်။
MYANWEN သည် မြန်မာ့အမျိုးသမီး စွန့်ဦးတီထွင်သူများအား ကူညီထောက်ပံ့ပေးသွားရန်နှင့် ခိုင်မာသော စီးပွားရေး အသိုင်းအဝန်းတစ်ခု တည်ဆောက်သွားနိုင်ရန် ရည်သန်လုပ်ဆောင်နေသည့် နည်းတူ Rakuten Viber သည်လည်း ၎င်း၏ Viber ပလက်ဖောင်းပေါ်တွင် အကျိုးရှိသော ချိတ်ဆက်မှုများအား ဖန်တီးသွားနိုင်ရန် အစဉ်တစ်စိုက် ဆောင်ရွက်လျက် ရှိသည်။ ယခု Rakuten Viber နှင့် MYANWEN တို့ ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုချဲ့ထွင်နိုင်စေရန် ဒစ်ဂျစ်တယ်နည်းပညာပိုင်း ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်သည်။
"မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) အနေနဲ့ အမျိုးသမီး စွန့်ဦးတီထွင်သူတွေနဲ့ လုပ်ငန်းရှင်တွေအတွက် စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီထောက်ပံ့ပေးဖို့ တစ်စိုက်မတ်မတ် ရည်မှန်းချက်ထား လုပ်ဆောင်နေတာပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ Rakuten Viber လို ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့တဲ့အတွက် ကူညီထောက်ပံ့မှု တွေ အများကြီးရရှိသွားမှာ အသေအချာပါပဲ။ ကျွန်မတို့ အတူတကွ ပူးပေါင်းပြီး MYANWEN ကွန်ယက်အတွင်းက စီးပွားရေး လုပ်ငန်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုချဲ့ထွင်သွားနိုင်ဖို့၊ နိုင်ငံခြားဈေးကွက်တွေနဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့နဲ့ ပိုပြီး ခိုင်မာအားကောင်းတဲ့ စွန့်ဦးတီထွင်ဂေဟစနစ် တစ်ခုကို မြန်မာနိုင်ငံတစ်ဝန်းမှာ တည်ဆောက်သွားနိုင်ဖို့ ရည်မှန်းချက် ထား လုပ်ဆောင်သွားမှာပါ။” ဟု MYANWEN ၏ ဥက္ကဌ ဖြစ်သူ ဒေါက်တာ စုလှဟန်က ပြောကြားခဲ့သည်။
Rakuten Viber သည် မကြာသေးမီကလည်း အသေးစားစီးပွားရေးလုပ်ငန်းရှင်များအတွက် အထောက်အကူများစွာ ဖြစ်စေမည့် Business Accounts လုပ်ဆောင်ချက် အသစ်အား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ Viber ၏ အချက်အချာ အကျဆုံး ဈေးကွက်များတွင် မိတ်ဆက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ Viber အသုံးပြုသူများ အခမဲ့ အသုံးပြုသွား နိုင်မည့် အဆိုပါ လုပ်ဆောင်ချက် အသစ်နှင့်အတူ မြန်မာနိုင်ငံရှိ အသေးစား စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့်
Viber တွင် Business Accounts များ အခမဲ့ ဖွင့်လှစ်သွားနိုင်ခြင်း
လုပ်ငန်းပရိုဖိုင်၊ QR ကုဒ်နှင့် Link များ ဖန်တီးထားနိုင်ခြင်း
ရရှိနိုင်မည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှု အခု ၅၀ ၏ အချက်အလက်များအား ပြသထားနိုင်ခြင်း
ဈေးကွက်မြှင့်တင်ရေးလုပ်ဆောင်ချက်များနှင့် အဆင့်မြှင့်တင်ထားသော Chat လုပ်ဆောင်ချက်များအား အသုံး ပြုနိုင်မည့် အပြင် လုပ်ငန်းပိုင်း ဆိုင်ရာ Business Analytics နှင့် Insights များအား သိရှိနိုင်ခြင်း
စသည့် လုပ်ဆောင်ချက်များအား အသုံးပြုသွားနိုင်မည် ဖြစ်သည်။

Mobile AI ၏ အနာဂတ်ဖြစ်လာမည့် One UI 7 Beta Version အား Samsung မှ စတင်မိတ်ဆက်မိမိနှင့် တစ်သားတည်းကျစေမည့် AI နည်းပညာသုံး...
14/12/2024

Mobile AI ၏ အနာဂတ်ဖြစ်လာမည့် One UI 7 Beta Version အား Samsung မှ စတင်မိတ်ဆက်

မိမိနှင့် တစ်သားတည်းကျစေမည့် AI နည်းပညာသုံး မိုဘိုင်းဖုန်း အသုံးပြုမှုအတွေ့အကြုံများနှင့် အလိုအလျောက် ထိန်းချုပ်နိုင်မှု အရှိဆုံး လုပ်ဆောင်ချက်များကို ရရှိခံစားသွားနိုင်မည့် AI-first ပလက်ဖောင်းတစ်ခုကို One UI 7 မှ ပေးအပ်သွားနိုင်ရန် ရည်ရွယ်ထား
ရန်ကုန်၊ မြန်မာ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၂ ရက်။ Samsung Electronics Co., Ltd. သည် AI လုပ်ဆောင်ချက်များအား အရှိန်အဟုန်မြှင့်တင်ရန်၊ မိမိ၏မိုဘိုင်းဖုန်းအား ပိုမိုရိုးရှင်းလွယ်ကူစွာ ထိန်းချုပ်စီမံနိုင်စေရန် နှင့် အနာဂတ်၏ AI ဂေဟစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် One UI 7 Beta Program ကို မိတ်ဆက်ပေးသွားတော့မည်ဖြစ်သည်။ သာလွန်သည့် AI လုပ်ဆောင်ချက်များအတွက် ထိပ်တန်း AI Agent များနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ဖန်တီးပေးထားသည့် One UI 7 သည် သိသာထင်ရှားသည့် အပြောင်းအလဲကောင်းများအား ယူဆောင်လာတော့မည်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် ယခင်ထက်ပိုမိုသာလွန်သည့် အဆင့်အတန်းမြင့် မိုဘိုင်းဖုန်း အတွေ့အကြုံများကို ရယူခံစား နိုင်တော့မည်ဖြစ်သည်။

အသုံးပြုသူများ၏ နေ့စဉ်ဘဝကိုပိုမိုအဆင်ပြေလွယ်ကူစေမည့် အဆင့်မြှင့် AI လုပ်ဆောင်ချက်

One UI 7 သည် Writing Assist Tools ကဲ့သို့သော စွမ်းဆောင်ရည်မြင့် စာအရေးအသားပိုင်းဆိုင်ရာ AI လုပ်ဆောင်ချက်များကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။ Galaxy အသုံးပြုသူများအနေဖြင့် application တစ်ခုနှင့်တစ်ခု ကူးပြောင်းရန်မလိုပဲ စာသားများကို ရွေးချယ်မှတ်သားနိုင်ခြင်း၊ အကျဥ်းချုပ်ခြင်း၊ စာလုံးပေါင်းများနှင့် Grammar များအား အလိုအလျောက် ပြုပြင်ပေးခြင်း၊ စာသား အချက်အလက်များအား Bullet Point များအဖြစ်သို့ အလိုက်သင့် ပြောင်းလဲပေးခြင်းတို့ကို AI အကူအညီဖြင့် လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် မိမိတို့၏ နေ့စဥ် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူမြန်ဆန်စေမည်ဖြစ်သည်။

ထို့အပြင် အဆင့်မြှင့်တင်ထားသော One UI 7 သည်တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရာ၌ ပိုမိုလွယ်ကူ သွားနိုင်စေရန်အတွက်လည်း Call Transcript လုပ်ဆောင်ချက်အား ဘာသာစကား ၂၀ အထိ အထောက်အပံ့ ပေးနိုင်စေရန် တိုးမြှင့်ပေးထားသည်။ Call Recording ဖွင့်ထားချိန်၌ ဖုန်းပြောဆိုမှု အကြောင်းအရာများကိုလည်း မှတ်သားဖော်ပြပေးသွားမည် ဖြစ်သည့်အတွက် ဖုန်းပြောနေစဉ် အရေးကြီးသည့် အချက်အလက်များအား အထူးတလည် မှတ်သားထားရန် လိုအပ်တော့မည် မဟုတ်ပေ။

စိတ်ကြိုက် ပိုမိုပြင်ဆင် ထိန်းချုပ်နိုင်မည့် ဒီဇိုင်းသစ်

One UI 7 ၏ စွမ်းဆောင်ရည်မြင့် AI လုပ်ဆောင်ချက်များအား ဒီဇိုင်းအသစ်ဖြင့် ဖန်တီးပေးထားပြီး အသိပေးစနစ် (Notification System) အသစ်ကြောင့် မိမိ device ၏ လော့ခ်မျက်နှာပြင် (Lock Screen) မှတစ်ဆင့် သက်ဆိုင်ရာ Application များသို့ အလွယ်တကူ ဝင်ရောက်နိုင်စေမည်ဖြစ်သည်။ ထို့အပြင် အထူးလုပ်ဆောင်ချက် အသစ်တစ်ခုအဖြစ် One UI 7 တွင် ပါဝင်လာသည့် Now Bar မှတဆင့် Interpreter, Music, Recording, Stopwatch စသည့် အသုံးများသော လုပ်ဆောင်ချက်များအား သင့်လျော်သလို ပြသပေးသွားမည်ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏ စမတ်ဖုန်းအား Unlock ခဏခဏ လုပ်နေစရာမလိုတော့ပဲ Now Bar မှတဆင့် မိမိအသုံးပြုလိုသည့် လုပ်ဆောင်ချက်များအား ပိုမိုလွယ်ကူစွာ အသုံးပြုသွားနိုင်မည် ဖြစ်သည်။ မကြာမီ ထွက်ရှိလာတော့မည့် နောက်ဆုံးပေါ် Galaxy S Series စမတ်ဖုန်းများတွင် စတင်ပါဝင်လာမည့် အဆိုပါ Now Bar လုပ်ဆောင်ချက်သည် Lock Screen အသုံးပြုမှု အတွေ့အကြုံအား အနာဂတ်တွင် ပိုမိုသိသာမြင့်မားစွာ ပြောင်းလဲပေးသွားနိုင်မည် ဖြစ်သည်။

အဆိုပါလုပ်ဆောင်ချက်အားလုံးအား အသုံးပြုရလွယ်ကူပြီး ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မည့် စွဲမက်ဖွယ် ဒီဇိုင်းဖြင့် ထည့်သွင်းပေးထားသည့် Galaxy အသုံးပြုသူများ၏ အတွေ့အကြုံများကို တမူထူးခြား ကောင်းမွန်သွားစေမည် ဖြစ်သည်။ ထူးခြားသည့် ဒီဇိုင်းနှင့် ထွက်ရှိလာသော One UI 7 သည် အမြင် ရှုပ်ထွေးမှုကို လျှော့ချပေးကာ လိုသလို ပြုပြင်ပြောင်းလဲနိုင်မှုများကြောင့် အသုံးပြုသူများနှင့် တစ်သား တည်း ဖြစ်သော ထူးခြားကောင်းမွန်သည့် မိုဘိုင်း AI အတွေ့အကြုံများကို ပေးအပ်နိုင်မည်ဖြစ်သည်။

ပိုမိုရိုးရှင်းသော Home Screen၊ ဒီဇိုင်းဆန်းသစ်ပြောင်းလဲထားသည့် One UI Widget များနှင့် Lock Screen များအား အသုံးပြု၍ အသုံးပြုသူများသည် ၎င်းတို့၏ စမတ်ဖုန်းများအား အသေးစိတ်ထိန်းချုပ်သွားနိုင်မည် ဖြစ်ကာ စိတ်ကြိုက်ပြင်ဆင်မှုများကိုလည်း လိုသလိုပြုလုပ်သွားနိုင်မည် ဖြစ်သည်။

ဆန်းသစ်သောဒီဇိုင်းနှင့် အသစ်ပြောင်းလဲထားသည့် ကင်မရာ UX ၌ Camera ခလုတ်များ၊ Mode များနှင့် အခြားသော ထိန်းချုပ်မှုဆိုင်ရာ ခလုတ်များအား သေသပ်စွာ ထည့်သွင်းပေးထားသောကြောင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရာတွင် မြင်ကွင်းကို ပိုမိုရှင်းလင်းစွာ တွေ့မြင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် Zoom ထိန်းချုပ်မှုဆိုင်ရာ လုပ်ဆောင်ချက်အသစ် ပါရှိသည့်အတွက် Pro Video Mode နှင့် ရိုက်ကူးချိန်၌ Zoom အမြန်နှုန်းကို ထိန်းချုပ်နိုင်စေပြီး Transaction များအား ပိုမိုချောမွေ့စေမည်ဖြစ်သည်။

One UI 7 သည် မကြာမီထွက်ရှိလာမည့် Galaxy S Series အသစ်နှင့် အတူပါဝင်လာမည် ဖြစ်ပြီး မူလ AI လုပ်ဆောင်ချက်များအပြင် ထပ်တိုး AI လုပ်ဆောင်ချက်အသစ်များဖြစ်သည့် On - Device AI function များလည်းပါဝင်လာမည် ဖြစ်သည်။ Samsung ၏ OS Upgrade Policy အရ အဆိုပါ One UI 7 အား အခြားသော Galaxy ထုတ်ကုန်များ၌လည်း အသုံးပြုနိုင်စေရန် ဆက်လက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

One UI 7 ကို ဂျာမနီ၊ အိန္ဒိယ၊ ကိုရီးယား၊ ပိုလန်၊ ယူကေနှင့် ယူအက်စ် စရှိသည့် နိုင်ငံများမှ Galaxy S24 Series မိုဘိုင်းဖုန်းများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်အသုံးပြုနိုင်မည် ဖြစ်ကာ Galaxy S24 စီးရီး အသုံးပြုသူများသည် Samsung Members မှတစ်ဆင့် Beta Program ကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဘုရားကြီးကျေးရွာ၊ တွံတေးမြို့နယ်ရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ဘက်စုံအလှူငွေအဖြစ် ကျပ်သိန်း ၂၀ ကို realme က ...
13/12/2024

ဘုရားကြီးကျေးရွာ၊ တွံတေးမြို့နယ်ရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ဘက်စုံအလှူငွေအဖြစ် ကျပ်သိန်း ၂၀ ကို realme က သွားရောက်လှူဒါန်းပေးခဲ့

realme က ပုံမှန်လှူဒါန်းပေးလျက်ရှိတဲ့ REAL HOPE အစီအစဥ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့သွားရောက်ကာ ကျောင်းရှိမိဘမဲ့ကလေးသူငယ်များရဲ့ဘက်စုံကိစ္စရပ်များတွင် အသုံးပြုနိုင်စေဖို့ အလှူငွေကျပ် သိန်း ၂၀ ကို realme ကသွားရောက်ကာလှူဒါန်းပေးခဲ့ပါတယ်။ realme က အခုလို လှူဒါန်းပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတုန်းက သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် ကျောင်းထိုင်ဆရာတော် ဦးပညာက ကလေးငယ်ပေါင်း ၂၅၀ ဝန်းကျင်ခန့်ကို ထိန်းသိမ်းစောင့်ရှောင်းထားပြီး အဆိုပါကလေးငယ်များထဲတွင် အထက်တန်းအဆင့် ကျား/မ စုစုပေါင်း ၆၉ဦး၊ အလယ်တန်းအဆင့် ကျား/မ စုစုပေါင်း ၇၄ဦး၊ မူလတန်းအဆင့် ကျား/မ စုစုပေါင်း ၈၀ဦးတို့နဲ့အတူ လသားအရွယ်နဲ့ အတန်းမတက်ရသေးသော ကျား/မ ကလေးငယ် စုစုပေါင်း ၂၀ ဦးတို့ပါဝင်ကြပါတယ်။ လက်ရှိအခြေအနေအရ ဆရာတော်အနေနဲ့ ကလေးငယ်များရဲ့အနာဂတ်အတွက် တတ်နိုင်သမျှကြိုးစားအားထုတ်ပေးလျက်ရှိပြီး ကလေးသူငယ်များရဲ့ရေရှည်အကျိုးကို ပိုမိုရွက်ဆောင်နိုင်စေဖို့ အလှူရှင်များကို မျှော်လင့်လိုလားလျက်ရှိပါတယ်။ သဒ်ဓါကွညျဖွူအလှူရှငျမြားအနနေဲ့လညျး ကလေးငယ်များရဲ့စားဝတ်နေရေးအတွက် အာဟာရဒါနအလှူပဲဖြစ်ဖြစ်၊ ပညာသင်ကြားရေးထောက်ပံ့စရိတ်အလှူပဲဖြစ်ဖြစ် မိမိတို့တတ်နိုင်သလောက် သွားရောက်လှူဒါန်းနိုင်ဖို့ပါ ထပ်ဆင့်နှိုးဆော်ပေးလိုက်ပါတယ်။

(ဆက်သွယ်လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်များ > 09-450 000 882၊ 09-799 297 884၊ 09-428 615 008 )

နောက်ပိုင်းမှာလည်း realme အနေနဲ့ နောက်ထပ်လိုအပ်လျက်ရှိတဲ့နေရာများကို REAL HOPE အစီအစဥ်ရဲ့လက်ကမ်းဝေမျှပေးလှူခြင်းအဖြစ် ဆက်လက်ကြိုးစားလုပ်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။

Samsung Galaxy A16 ကို မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး အထူးသီးသန့် Ex...
11/12/2024

Samsung Galaxy A16 ကို မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး အထူးသီးသန့် Exclusive လက်ဆောင်ဖြစ်တဲ့ Galaxy A16 x SISBURMA Limited Edition Tee အပြင် အထူးအခွင့်အရေးနဲ့ လက်ဆောင်များရရှိနိုင်ပြီဖြစ်

Samsung Myanmar ရဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy A16 စမတ်ဖုန်းကို အသက်သာဆုံးဈေးနှုန်းနဲ့အတူ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ဝယ်ယူရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းစီးရီးမှာ လိုင်းဆွဲအားကောင်းမွန်တဲ့ Galaxy A16 5G နဲ့ Galaxy A16 ဆိုပြီးထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင်နဲ့ ဒီဇိုင်း၊ စိုပြည်တောက်ပတဲ့ Super AMOLED Display၊ Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အထူးသက်သာတဲ့ဈေးနှုန်းကြောင့် Samsung ချစ်သူများအကြား Sweet 16 ဆိုပြီး ရေပန်းစားလျက်ရှိနေပါတယ်။ ဒါ့အပြင် Galaxy A16 ကို ဝယ်ယူအားပေးသူတိုင်းအတွက် Samsung Myanmar နဲ့ မြန်မာလူငယ်များ အကြိုက် ပြည်တွင်းထုတ်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ SISBURMA တို့ အထူးသီးသန့်ပူးပေါင်းထုတ်လုပ်ထားတဲ့ Galaxy A16 x SISBURMA Limited Edition Tee ကို အထူးသီးသန့်လက်ဆောင်အနေနဲ့ အရေအတွက်လက်ကျန်ရှိတဲ့အထိ ပေးသွားဦးမှာဖြစ်ပါတယ်။

Galaxy A16 စမတ်ဖုန်းစီးရီးကို ပါးလွှာပြီး သက်တောင့်သက်သာဖြစ်စေနိုင်မယ့် ဘေးဘောင်ဒီဇိုင်း၊ Infinity-U မျက်နှာပြင်၊ ပိုမိုပါးလွှာကျစ်လစ်လာပြီး ပရီမီယန်ဆန်တဲ့ ကင်မရာ ဒီဇိုင်းတို့နဲ့ တည်ဆောက်ထားပါတယ်။ မျက်နှာပြင် အကျယ် ၆.၇ လက်မ ရှိပြီး FHD+ နဲ့ Super AMOLED Display ကို တပ်ဆင်ပေးထားတာဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်မှာ စိတ်တိုင်းကျ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး 90Hz Refresh Rate ကြောင့် ပိုမိုမြန်ဆန်တဲ့ သုံးစွဲမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် IP54 စနစ်လည်းပါဝင်တာကြောင့် ရေမှုန်ရေမွှားနှင့်ဖုန်ဒဏ်တို့ကို စိုးရိမ်စရာမလိုပဲ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

အမိုက်စား Awesome ဖြစ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများရိုက်ကူးနိုင်ရန်အတွက် 50MP Main ကင်မရာ၊ 5MP Ultra-Wide ကင်မရာနဲ့ 2MP Macro ကင်မရာတို့နဲ့အတူ Studio Grade Self Portrait တွေကိုပါ ဖန်တီးပေးနိုင်တဲ့ 13MP Selfie ကင်မရာကို ထည့်သွင်းပေးထားတာကြောင့် ကြည်လင်တဲ့ပုံရိပ်တွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေကိုသာမက အသေးဆုံးအရာများအထိ ဝေဝါးမှုအနည်းဆုံးနဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Edit Suggestion ကနေ တဆင့်လည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုလည်း အကောင်းဆုံး ဓာတ်ပုံများဖြစ်အောင် လွယ်ကူလျင်မြန်စွာ ဖန်တီးပြင်ဆင်နိုင်စေဦးမှာပါ။

Galaxy A16 မှာဆိုရင် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ မြန်နှုန်းမြင့် MediaTek ရဲ့ Helio G99 ကိုသုံးပေးထားတာဖြစ်တဲ့အတွက် လုပ်ဆောင်ချက်တိုင်းမှာ အထစ်အငေါ့မရှိ သွက်လက်မြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအပိုင်းမှာဆိုရင်လည်း စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ 5,000mAh အထိ ထည့်သွင်းပေးထားတာကြောင့် ဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းတို့ကို အချိန်ကြာရှည်စွာ အသုံးပြုနိုင်မယ့်အပြင် 25W Fast Charging ကြောင့် ပြန်လည် အားသွင်းရာမှာလည်း မြန်ဆန်စေဦးမှာပါ။

Galaxy A16 စီးရီးမှာ သုံးစွဲသူတွေ စိတ်ချစွာသုံးစွဲနိုင်ရန်အတွက် စိတ်အချရဆုံး လုံခြုံရေးစနစ် ဖြစ်တဲ့ Samsung Knox Vault ကိုလည်း ထည့်သွင်းပေးလာပြီဖြစ်ပါတယ်။ Samsung Knox Vault က စမတ်ဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။ ရေရှည် ရည်ရွယ်ပြီး အသုံးပြုနိုင်ရန် အတွက်လည်း OS Update ၆ ကြိမ်နဲ့ Security Update ၆ နှစ် အထိ ထောက်ပံ့ပေးထားပါတယ်။

Galaxy A16 စမတ်ဖုန်းစီးရီးအသစ်ကို လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း ဝယ်ယူရရှိနိုင်မှာပါ။
Galaxy A16 (4/128GB) ၈၆၅,၀၀၀ ကျပ်
ရရှိနိုင်မည့်အရောင်များ - Black, Light Green
Galaxy A16 (8/128GB) ၉၄၉,၀၀၀ ကျပ်
ရရှိနိုင်မည့်အရောင်များ - Black, Grey

Galaxy A16 စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

Exclusive Gift ဖြစ်တဲ့ Galaxy A16 x SISBURMA Limited Edition Tee အပြင် Clear Cover ကို ရရှိနိုင်မှာပါ။
Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့် ကိုလည်း ရရှိနိုင်မှာပါ။
ဖုန်းအဟောင်းပေး အသစ်ယူ အစီအစဉ် အနေနဲ့ Samsung Galaxy J Series စမတ်ဖုန်းတွေနဲ့ ၂၀၂၂ ကနေ လက်ရှိအချိန်အထိ ထွက်ရှိထားတဲ့ သတ်မှတ် Galaxy A Series စမတ်ဖုန်းအဟောင်းနဲ့ Trade in လုပ်ပြီး Galaxy A16 ကိုဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုးအပြင် Trade in Discount အဖြစ် ငွေကျပ် ၁၅၀,၀၀၀ ကျပ်ကို ရရှိနိုင်ဦးမှာပါ။
အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့မဟုတ်) Blue Season အစီအစဥ်နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ (၆) လ၊ (၉) လ ၊ (၁၂) လ စနစ်များနဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။
ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 8GB အထိနဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ ၆ လတိတိ အခမဲ့ ရရှိသွားမှာပါ။

Galaxy A16 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့နာမည်ကျော် Smartphone Company Xiaomi က သူတို့ရဲ့ ပထမဆုံး SUV EV ဖြစ်တဲ့ Xiaomi YU7 ကို မိတ်ဆက်ပေးလိုက်ပါပီ။ ...
10/12/2024

တရုတ်ပြည်ရဲ့နာမည်ကျော် Smartphone Company Xiaomi က သူတို့ရဲ့ ပထမဆုံး SUV EV ဖြစ်တဲ့ Xiaomi YU7 ကို မိတ်ဆက်ပေးလိုက်ပါပီ။ Xiaomi YU7 က Xiaomi ရဲ့ ဒုတိဃမြောက်ထုတ်လုပ်တဲ့ EV ဖြစ်သလို Xiaomi က world's top five automakers ထဲမှာ ပါဝင်သွားဖို့ အစွမ်းကုန်ကြိုးစားသွားမယ််လို့ဆိုထားပါတယ်။

Xiaomi YU7 ကားရဲ့ Size ကတော့ Telsa Model X နဲ့အတူတူပဲ ဖြစ်ပြီးတော့ Dual motors ပါဝင်ပါတယ်။ 157 MPH top speed ရမှာဖြစ်ပြီးတော့
စျေးနူန်းကတော့ Telsa Model Y ရဲ့ စျေးနဲ့ သိပ်မကွာဘူးလို့ ဆိုထားတာကြောင့် $44,000 နဲ့ $54,000 ကြားလောက်ရောင်းမယ်လို့ထင်ပါတယ်။

Samsung Myanmar မှ မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းမျ...
07/12/2024

Samsung Myanmar မှ မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား လှုူဒါန်း

Samsung Myanmar Love & Care အစီအစဥ်မှ ကျောင်းသားလူငယ်များ သင်ကြားရေးပိုင်းအထောက်အကူဖြစ်စေရန်အတွက် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များနှင့် နေ့လည်စာ၊ မုန့်နှင့်အအေးတို့အား မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ Samsung Myanmar အဖွဲ့သားများနှင့်အတူ နိုဝင်ဘာလ ၂၈ ရက်နေ့၌ သွားရောက်လှူဒါန်းခဲ့ကြသည်။

လှူဒါန်းမှုအစီအစဥ်များအနေဖြင့် Samsung Myanmar အဖွဲ့သားများမှ ကျောင်းသားကျောင်းသူများ နှင့်အတူ ရေစက်ချ တရားနာခြင်း၊ ဆရာတော်မှ မိန့်ခွန်းပြောကြားခြင်း၊ လှူဒါန်းမှုအထမြောက်စေရန် ခွင့်ပြုပေးမှုအတွက် Samsung Myanmar မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းသားကျောင်းသူများ အတွက် Samsung Myanmar ဝန်ထမ်းများမှ မုန့်နှင့်အအေးများ ဝေမျှပေးခြင်း၊ နေ့လည်စာလှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

Samsung Myanmar သည် Love & Care အစီအစဉ်မှတဆင့် လှုမှုအသိုင်းအဝိုင်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရင် ပံ့ပိုးကူညီမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်မှာ ၉ နှစ်တိုင်တိုင် ရှိပြီဖြစ်သည်။ ယခုနှစ်တွင်မူ Samsung ထုတ်ကုန်များဖြင့် သင်ကြားရေးအထောက်အကူပြုစေနိုင်မည့် နေရာများသို့ ရွေးချယ်လှူဒါန်းကြခြင်းဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ Samsung ထုတ်ကုန်များကို လှုဒါန်းပေးသွားမည်ဖြစ်ပါသည်။

ှင့်အတူဝေမျှကူ

Samsung ရဲ့  အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဝယ်ယူရင်း  ငွေသားလက်ဆောင် (၃)သိန်းကျပ်အထိ ရယူနိုင်မယ့် ဆောင်းဦးချိန်ခါ Samsung မ...
06/12/2024

Samsung ရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဝယ်ယူရင်း ငွေသားလက်ဆောင် (၃)သိန်းကျပ်အထိ ရယူနိုင်မယ့် ဆောင်းဦးချိန်ခါ Samsung မှာ ငွေသားလက်ဆောင်ရယူပါ ပရိုမိုးရှင်း အစီအစဥ်

ဆောင်းဦးကာလ ဖြစ်တဲ့ နိုဝင်ဘာလ (၂၉) ရက်ကနေ ဒီဇင်ဘာလ (၁၅) ရက်အတွင်းမှာ Samsung ရဲ့ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေကို ဝယ်ယူပြီး အတန်ဆုံး ငွေသားလက်ဆောင်တွေကို ပြန်လည်ရရှိသွားနိုင်မည်

မြန်မာနိုင်ငံတစ်ဝန်းက Samsung အသုံးပြုသူများ အနေနဲ့ ဆောင်းဦး အခါသမယမှာ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေကို ဝယ်ယူအားပေးမှုတိုင်းအတွက် ငွေသားလက်ဆောင် (၃) သိန်းကျပ် အထိ ပြန်လည်ရရှိသွားနိုင်မယ့် ဆောင်းဦးချိန်ခါ Samsung မှာ ငွေသားလက်ဆောင်ရယူပါ ပရိုမိုးရှင်း အစီအစဉ်ကြီးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ Samsung Myanmar ကနေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Samsung ရဲ့ ဆောင်းဦးချိန်ခါ ပရိုမိုးရှင်း အစီအစဉ်ကြီးမှာ ပါဝင်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ ရရှိနိုင်မယ့် ငွေသားလက်ဆောင်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Samsung ရဲ့ Built for Myanmar ရေခဲသေတ္တာများ ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၁) သိန်း (၂) သောင်း မှ (၂) သိန်းခွဲကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်
Samsung ရဲ့ Bottom Mounted Freezer ရေခဲသေတ္တာ ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၃) သိန်းအထိ ပြန်အမ်းငွေ လက်ဆောင်
Samsung ရဲ့ Top Load Fully Auto 7.5 KG အဝတ်လျှော်စက်ကို ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၈) သောင်း အထိ ပြန်အမ်းငွေ လက်ဆောင် နဲ့
Built For Myanmar အဝတ်လျှော်စက်များတွေကို ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၁) သိန်း (၂) သောင်း မှ (၂) သိန်းခွဲ ကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်စသဖြင့် ရရှိသွားနိုင်မှာဖြစ်ပါတယ်။

Samsung ရဲ့ မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီးထုတ်လုပ်ပေးထားတဲ့ Samsung ရဲ့ Built For Myanmar ရေခဲသေတ္တာတွေဟာဆိုရင် မီးအားစားမှာ စိတ်ပူစရာမလိုတဲ့ အပြင် Digital Inverter အမျိုးအစားပါဝင်တာ ဖြစ်တဲ့အတွက် သာမန် ရေခဲသေတ္တာတွေထက် စွမ်းအင်သုံးစွဲမှုကို ၅၀% အထိပိုမိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ Cool Pack လုပ်ဆောင်ချက် ထည့်သွင်းပေးထားတာ ဖြစ်တဲ့အတွက် မီးပြတ်တောက်ပြီး (၁၂) နာရီတိုင်အောင် အအေးဓာတ်ကိုထိန်းထားနိုင်တဲ့အပြင် အအေးဓာတ်ညီမျှစွာထုတ်လွှတ်ပေးနိုင်တဲ့အတွက် သိမ်းထားတဲ့ အစားအစာမှန်သမျှကို လတ်ဆတ်အောင် All Around Cooling စနစ်နဲ့ ထိန်းသိမ်းပေးနိုင်ပါတယ်။ အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် Deodorizing Filter နဲ့ အစားအသောက်တွေကို ရေခဲကိုက်ခြင်းမှ တားဆီးပေးနိုင်စေရန် No Frost စနစ်တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ရေခဲသေတ္တာများကို 203L ၊ 234L ၊ 256L ၊ 305L ၊ 438L စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။

Samsung ရဲ့ Bottom Mounted Freezer မှာဆိုရင် ရေခဲခန်း (Freezer) ကို အောက်ဖက်မှာ ထည့်သွင်းပေးထားတဲ့ အတွက် ရေခဲသေတ္တာအတွင်း အနံ့ရောနှောမှာ စိုးရိမ်စရာမလိုပဲ အစားအသောက်တွေကို လွယ်ကူစွာ သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး Digital Inverter ပါဝင်တာဖြစ်လို့ ပတ်ဝန်းကျင် အတွက်လည်း ထိခိုက်မှု နည်းပါးစေပါတယ်။

မြန်မာနိုင်ငံရဲ့ လူနေမှုဘဝနဲ့ကိုက်ညီအောင်ထုတ်ထားပေးတဲ့ Built For Myanmar အဝတ်လျှော်စက်တွေဟာ နှစ် ၂၀ ထိ အာမခံပေးထားတဲ့ Digital Inverter ပါဝင်လို့ ဆူညံမှုပိုသက်သာစေပြီး စွမ်းအင်သုံးစွဲမှုကိုလည်း ၆၀% အထိလျှော့ချပေးနိုင်ပါတယ်။ Magic Dispenser နည်းပညာ ပါဝင်တာကြောင့် ဆပ်ပြာမှုန့်တွေကို ရေမှာ သေချာပျော်ဝင်သွားအောင် မွှေပေးနိုင်မှာ ဖြစ်ပြီး အဝတ်အစားတွေကို ဆပ်ပြာမြှုပ်များ လွယ်ကူစွာ စိမ့်ဝင်နိုင်စေရန် အတွက် Eco Bubble နည်းပညာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Intensive Wash နည်းပညာကြောင့် အစွန်းအထင်းတွေ ပြောင်စင်သွားအောင် လျှော်ဖွပ်ပေးနိုင်သလို အဝတ်အစားပေါ်မှာကပ်ညှိနေတဲ့ အမွေးအမျှင်နဲ့ အမှုန်အမွှားတွေကို ဖယ်ရှားပေးနိုင်အောင် Magic Filter ထည့်သွင်းပေးထားတာကြောင့် ဆပ်ပြာမှုန့်နည်းနည်းအသုံးပြုရုံဖြင့် အဝတ်အစားတွေကို အသန့်ရှင်းဆုံး အခြေအနေအထိ လျှော်ဖွပ်ပေးနိုင်ပါတယ်။

Samsung ရဲ့ အဝတ်အစား 7.5 KG အလေးချိန်ထိ ဝင်ဆံ့နိုင်တဲ့ Top Load Fully Auto အဝတ်လျှော်စက်ဟာ ဆိုရင် Wobble နည်းပညာကို ထည့်သွင်း ပေးထားတာဖြစ်ပြီး အဝတ်အစားတွေကို ပိုမို ပြောင်လက်နေစေနိုင်အောင် Diamond Drum လုပ်ဆောင်ချက်ကိုလည်း အသုံးပြုပေးထားတာကြောင့် အဝတ်အစား ပျက်ဆီးမှုနည်းအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်တွေကို အမြန်ခြောက်သွေ့စေနိုင်အောင် လေနဲ့အခြောက်ခံပေးတဲ့ Air Turbo Drying စနစ် ထည့်သွင်း ပါဝင်လာတာကြောင့် အချိန်အနည်းငယ်နဲ့ အလွယ်တကူခြောက်သွေ့စေနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပရိုမိုးရှင်းကာလအတွင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အစီအစဥ်အသေးစိတ်ကိုတော့ Samsung Myanmar page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber...
29/11/2024

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်

အသေးစားစီးပွားရေး လုပ်ငန်းရှင်များအနေနှင့် အွန်လိုင်းပေါ်တွင် ၎င်းတို့၏လုပ်ငန်းများ ချဲ့ထွင်ရန်နှင့် ဝယ်ယူအားပေးသူများနှင့် ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် အခမဲ့ဝန်ဆောင်မှုအပြင် အပိုထပ်ဆောင်း ဝန်ဆောင်မှုများလည်း ရရှိသွားမည်ဖြစ်

မြန်မာ - လူသုံးအများဆုံး ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်း တစ်ခု ဖြစ်သည့်
Rakuten
Viber သည် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူများစွာ ဖြစ်စေမည့်
Business
Account လုပ်ဆောင်ချက် အသစ်များအား ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်အား ဂရိနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် ဦးစွာ ပထမ မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့မှ စတင်၍ မြန်မာနိုင်ငံအပါအဝင် Viber ၏ အချက်အချာအကျဆုံး
ဈေးကွက်များတွင် ထပ်မံမိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် Viber ပေါ်တွင် ၎င်းတို့၏ လုပ်ငန်းများအတွက် Business Accounts များအား အခမဲ့ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ပြီး ဝယ်ယူအားပေးသူများနှင့် ဆက်သွယ်ချိတ်ဆက်မှုများကိုလည်း
ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင် သွားနိုင်တော့မည် ဖြစ်သည်။



ယခုလက်ရှိ အသေးစားစီးပွားရေးလုပ်ငန်းများ အသုံးပြုသွားနိုင်မည့် Business Account လုပ်ဆောင်ချက်များမှာ -

သူမတူ‌‌‌သောနည်းလမ်းများဖြင့် ဝယ်ယူအားပေးသူများ၏ စိတ်ဝင်စားမှုအား ရရှိစေနိုင်မှု

လုပ်ငန်းပရိုဖိုင် - လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်းအမည်၊ လိုဂို၊ လုပ်ငန်းအမျိုးအစား၊ အသေးစိတ် ဖော်ပြချက်၊ လုပ်ငန်းချိန်၊
Website နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် အစရှိသည့် အသေးစိတ် အချက်အလက်များပါဝင်သည့် လုပ်ငန်း ပရိုဖိုင်အား ဖန်တီးနိုင်မည်ဖြစ်ကာ အဆိုပါ ပရိုဖိုင်များအား အခြားသူများနှင့် အလွယ်တကူမျှဝေသွားနိုင်မည် ဖြစ်သည်။

ရရှိနိုင်မည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှု စာရင်းများ - လုပ်ငန်းရှင်များအနေနှင့် ရရှိနိုင်မည့် ထုတ်ကုန် (သို့)
ဝန်ဆောင်မှု အခု ၅၀ ၏ နာမည်၊ ဈေးနှုန်း၊ ရုပ်ပုံ၊ အသေးစိတ်ဖော်ပြချက်များနှင့်အတူ ၎င်းတို့၏ Viber Business Account များတွင် ပြသထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့အနေနှင့် အဆိုပါ ထုတ်ကုန် (သို့) ဝန်ဆောင်မှုများအား ဝယ်ယူအားပေးသူများထံသို့ Viber Chat မှတဆင့်
ပေးပို့ပြသနိုင်မည်ဖြစ်ပြီး Discounts များကိုလည်း ပေးအပ်သွားနိုင်မည် ဖြစ်သည်။ အလားတူပင် ဝယ်ယူအားပေးသူများအနေနှင့်လည်း စိတ်ဝင်စားသည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှုများနှင့် ပတ်သက်၍ Chat မှတဆင့် အလွယ်တကူ မေးမြန်းသွားနိုင်မည် ဖြစ်သည်။



စီးပွားရေးလုပ်ငန်းများအား အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည့်အပြင် ပရိုမိုးရှင်း အစီအစဉ်များဖြင့် အရောင်း တိုးတက်စေရန် လုပ်ဆောင်နိုင်မှု



အလွယ်တကူရှာဖွေတွေ့ရှိနိုင်မှု - လုပ်ငန်းများအား ၎င်းတို့၏ အမည်၊ အသေးစိတ် ဖော်ပြချက်၊ တည်နေရာနှင့် လုပ်ငန်း အမျိုးအစားအပေါ်မူတည်၍
Viber ၏ Search လုပ်ဆောင်ချက်မှတဆင့် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။
Business Account ဖွင့်လှစ်ထားသည့် Viber အသုံးပြုသူတိုင်း၏ တစ်ဦးချင်း စကားပြောဆိုမှု
Chat တိုင်းတွင် ၎င်းတို့၏ Business Account Label အား ဖော်ပြပေးနေမည် ဖြစ်သည့်အတွက် မိမိ၏ လုပ်ငန်းအကြောင်း အလွယ်တကူ ချိတ်ဆက် ကြော်ငြာသွားနိုင်မည် ဖြစ်သည်။

လုပ်ငန်းပရိုဖိုင်၊ QR ကုဒ် နှင့် Link များ ရရှိနိုင်မှု - Business Account
အား အသုံးပြုသည့် လုပ်ငန်းတိုင်းအနေနှင့် လုပ်ငန်းပရိုဖိုင်အား ရရှိမည် ဖြစ်သည့်အပြင် အဆိုပါ လုပ်ငန်းပရိုဖိုင်အား
Viber ပြင်ပမှ အွန်လိုင်း အသုံးပြုသူများနှင့် မျှဝေနိုင်မည့် Link နှင့် QR ကုဒ်များကိုလည်း ရရှိသွားနိုင်မည် ဖြစ်သည့်အတွက် ဆိုရှယ် ပလက်ဖောင်းများ၊ မီဒီယာ စာမျက်နှာများနှင့် အရောင်းဆိုင်များတွင်လည်း အလွယ်တကူ မျှဝေထားနိုင်မည် ဖြစ်သည်။

ဈေးကွက်မြှင့်တင်ရေးလုပ်ဆောင်ချက်များ - လုပ်ငန်းများအနေနှင့် ပရိုမိုးရှင်းများ၊ အထူးအစီအစဉ်များနှင့် ထုတ်ကုန်သစ် မိတ်ဆက်ခြင်းများ အစရှိသည့် နောက်ဆုံးရ သတင်းများကိုလည်း ၎င်းတို့၏
Business Account အား Subscribe လုပ်ထားသူများနှင့် မျှဝေသွားနိုင်မည် ဖြစ်သည်။

အလိုအလျောက်ပြန်လည်ဖြေကြားမှုများ၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ ရရှိနိုင်မှုနှင့် အတူ ဝယ်ယူသူများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်မှုများ



အဆင့်မြှင့်တင်ထားသော Chat လုပ်ဆောင်ချက်များ - လုပ်ငန်းများအနေနှင့် ဝယ်ယူအသုံးပြုသူများနှင့် ဆက်သွယ်ရာတွင် အလိုအလျောက် ဖြေကြားမှုများအား ကြိုတင်စီစဉ်ထားနိုင်မည့်
Tools များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ Tools များအား မိမိကြိုက်နှစ်သက်သည့်အချိန်တွင် ဖွင့်ထားနိုင်ပြီး ထိုသို့ ပြုလုပ်ထားပါက လုပ်ငန်းရှင်များ၏
Contacts များမှဖြစ်စေ၊ ဝယ်ယူအားပေးသူများမှ ဖြစ်စေ ပေးပို့လာသည့် ဆက်သွယ်ပြောဆိုမှုများအား
Auto Reply ဖြင့် အလိုအလျောက် ဖြေကြားပေးမည် ဖြစ်သည့်အပြင် ဝယ်ယူအသုံးပြုသူ အသစ်များကိုလည်း ကြိုဆိုမိတ်ဆက်စကားများနှင့် နှုတ်ဆက်သွားနိုင် မည် ဖြစ်သည်။

လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ - ဤလုပ်ဆောင်ချက်မှ တဆင့် Reach, Subscriber Growth (အသုံးပြုသူ ပမာဏ တိုးတက်လာမှု) နှင့်
Average Response Time (မေးမြန်းမှုများအတွက် ပြန်လည်ဖြေကြားရန် ပျှမ်းမျှကြာချိန်) စသည့် အသေးစိတ်အချက်အလက်များအား ပြသပေးနိုင်မည် ဖြစ်သည့်အတွက် လုပ်ငန်းများ အနေနှင့် အဆိုပါ အချက်အလက်များအပေါ် မူတည်၍ အသုံးပြုသူများ ပိုမိုစိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရောင်း
ပမာဏ ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်သွား နိုင်မည် ဖြစ်သည်။



“အသေးစား စီးပွားရေးလုပ်ငန်းတွေဆိုတာ နိုင်ငံတိုင်းရဲ့ ပြည်တွင်းစီးပွားရေးအတွက် အဓိကကျောရိုးနောက်ခံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခုမိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုပြီး လုပ်ငန်းတွေအနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့
ယနေ့ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်အတွင်းမှာ အကောင်းဆုံးသော ဆက်သွယ်ချိတ်ဆက်မှု နည်းဗျူဟာတွေ ကို နေရာမရွေး အကောင်အထည်ဖော်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဘက်စုံသုံး Super App တစ်ခုဖြစ်တဲ့ Rakuten Viber အနေနဲ့ လုပ်ငန်းရှင်တိုင်းရဲ့ မတူညီသော လိုအပ်ချက်တွေကို ဈေးနှုန်းသက်သာမှုအရှိဆုံး
ဒစ်ဂျစ်တယ် နည်းလမ်းတွေနဲ့ ကူညီထောက်ပံ့ပေးသွားနိုင်ဖို့ ဆိုတဲ့ ရည်သန်ချက်နဲ့အညီ အခုလို အသုံးပြုရလွယ်ကူပြီး ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်တဲ့ Business Account လုပ်ဆောင်ချက်တွေကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု
Rakuten Viber ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။



၉၀% သော ဝယ်ယူအားပေးသူများအနေနှင့် ၎င်းတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ကြိုက်နှစ်သက်မှုများအပေါ်လိုက်၍ စိတ်တိုင်းကျ ဝယ်ယူမှုအတွေ့အကြုံများအား ဖန်တီးပေးနိုင်သော ကုန်အမှတ်တံဆိပ်များအား ပိုမို ဝယ်ယူအားပေးလိုစိတ် ရှိကြသည်ဟု တွေ့ရှိရသည်
(Source)။
ထို့အပြင် ၈၈% သော ဝယ်ယူအားပေးသူများသည် ကောင်းမွန်သော Customer Service ရရှိသည့် ကုန်အမှတ်တံဆိပ်များထံမှ နောက်ပိုင်းတွင်လည်း ထပ်မံဝယ်ယူလိုကြသည်ဟု တွေ့ရှိရသည် (Source)။
ပုံမှန်ဝယ်ယူအားပေးနေကြ သူများသည် အထူးသဖြင့် အ‌သေးစား လုပ်ငန်းများအတွက် အမှန်တကယ် အရေးပါသည့်အတွက် လုပ်ငန်းအများစုသည် ဝယ်ယူအားပေးသူတစ်ဦးစီအတွက် စိတ်တိုင်းကျ ဝယ်ယူမှု အတွေ့အကြုံများနှင့် အကောင်းမွန်ဆုံး Customer Service များအား ဈေးနှုန်းသက်သာစွာနှင့် ပေးအပ်နိုင်မည့်
နည်းလမ်းများအား စဥ်ဆက်မပြတ် ရှာဖွေလာနေကြပြီ ဖြစ်သည်။

ထို့အပြင် ယခုနှစ်အစမှစတင်၍ ဂရိနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် Business Accounts များ ဖွင့်လှစ်မှု ပမာဏ ၆၅% အထိ တိုးတက်လာသည်ကိုလည်း တွေ့ရှိရသည်။ ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုအဖြစ်သာမက ဘက်စုံသုံး Super App တစ်ခုအဖြစ် စဉ်ဆက်မပြတ် တည်ဆောက်သွားရန် ရည်ရွယ်ချက်နှင့်အညီ
Rakuten Viber သည် လက်ရှိတွင် အသေးစားစီးပွားရေး လုပ်ငန်းများ အတွက် Business Account လုပ်ဆောင်ချက်များအား ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ Viber အနေနှင့် ယခင်ရှိနေပြီးသား Business Solutions များအပြင် ယခုထပ်မံအသစ် မိတ်ဆက်ခဲ့သည့် Business Account လုပ်ဆောင်ချက်များနှင့်အတူ
များစွာသော စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ ဝယ်ယူအားပေးသူများနှင့် ထိရောက်သော ဆက်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်နိုင်စေရန် များစွာ အထောက်အကူ ပြုသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအနေနှင့် Business Accounts အား ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) မှစတင်
အသုံးပြု သွားနိုင်မည် ဖြစ်ပြီး Business Accounts နှင့် ဆက်စပ် ထပ်တိုးလုပ်ဆောင်ချက်များအတွက် သီးသန့် အခပေးအစီအစဉ်များ အား မကြာမီ
ဆက်လက်မိတ်ဆက်သွားမည် ဖြစ်သည်။ Viber ၏ Business Accounts လုပ်ဆောင်ချက်နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက
https://lp.viber.com/smblp
တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

VIBER အကြောင်း

Rakuten Viber သည် ကမ္ဘာပေါ်တွင် ယုံကြည်စိတ်ချရမှုအရှိဆုံးနှင့် Download ပြုလုပ်အသုံးပြုမှုအများဆုံး အက်ပ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ Viber သည် ၎င်းတို့၏ အသုံးပြုသူများအတွက် လုံခြုံစိတ်ချရမှုအပြည့်ဖြင့် မိသားစုများ၊ သူငယ်ချင်းများနှင့် တန်ဖိုးဖြတ်မရသော အချိန်အခိုက်အတန့်များအား
ဆက်သွယ်ဖန်တီးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများအား ပိုမို ကျယ်ပြန့်စွာ ချိတ်ဆက်နိုင်စေရန်၊ ဝါသနာနှင့် စိတ်ဝင်စားမှုများအား ရယူနိုင်စေရန် တစ်နေရာတည်းတွင် ဖန်တီးပေးအပ် လျက် ရှိသည်။ ဘက်စုံသုံး Super App တစ်ခုဖြစ်သည်နှင့်အညီ Viber သည် အသုံးပြုသူတိုင်းအတွက် နေ့စဉ်လူနေမှုဘဝအား
ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားနိုင်စေမည့် ဝန်ဆောင်မှုများစွာကို ပေးအပ်လျက်ရှိသည်။

Rakuten Viber သည် e-commerce, fintech, ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ချိတ်ဆက်ရေး ဝန်ဆောင်မှုများအား ပေးအပ်နေသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Rakuten Group, Inc., ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

Address

Yangon
0951

Telephone

+959798174909

Website

Alerts

Be the first to know and let us send you an email when Evan's Reviews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Evan's Reviews:

Videos

Share

Category