Bigg Vibe$

Bigg Vibe$ Bigg Vibes Shine Life

"Foo Foo" သီချင်းနောက်ကွယ်မှာ ဘယ်သူတွေရှိလဲ? Vannex ရဲ့ "Foo Foo" သီချင်းကို တီးခတ်ခဲ့သူမှာ "X-Ze" ဖြစ်ပြီး Mixing ကိုင်...
17/06/2024

"Foo Foo" သီချင်းနောက်ကွယ်မှာ ဘယ်သူတွေရှိလဲ?

Vannex ရဲ့ "Foo Foo" သီချင်းကို တီးခတ်ခဲ့သူမှာ "X-Ze" ဖြစ်ပြီး Mixing ကိုင်ပေးခဲ့သူကတော့ "KHAIPII" ဖြစ်ပါတယ်။

"X-Ze"

Foo Foo သီချင်းမှာ X Ze တီးခတ်လိုက်တဲ့ အယူအဆတွေကို သဘောကျမိပါတယ်။ Melody အနေအထားက မြန်မာဆန်သလို ရိုးရာတေးသွားတစ်ခုကို နားထောင်နေရသလိုမျိုး စာရေးသူအနေနဲ့ ခံစားမိပါတယ်။ Drum Color တွေ အထာကျတယ်၊ မြောက်တယ်၊ ပြီးတော့ သပ်ရပ်မှုလည်းအပြည့်ရှိတယ်။ သူ့ရဲ့ တခြားသီချင်းတွေကို နားထောင်ကြည့်ပြီးတဲ့နောက်မှာတော့ မြန်မာပြည်မှာ Drill Music အပေါ် ရူးသွပ်မှုအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ဒိုးနေတဲ့ Producer တစ်ယောက်ရှိနေပါလားလို့ သိလိုက်ရပါတယ်။

"KHAIPII"

သီချင်းတစ်ပုဒ်လုံးစာ Quality ကောင်းဖို့အတွက် အားထုတ်ရတဲ့ "KHAIPII" ရဲ့ အခန်းကဏ္ဍကိုလည်း ချန်ထားလို့ မရပါဘူး။ Vannex ရဲ့ အားပြင်းတဲ့ အသံပါဝါကို ရှင်းရှင်းလင်းလင်းကြားနေရတာဟာ "KHAIPII" ရဲ့ နည်းပညာကျွမ်းကျင်မှုနဲ့ နားအကြားစွမ်းရည်အားကောင်းမှု၊ ဒီနှစ်ခု ပေါင်းစပ်ပြီးမှသာ ထွက်ပေါ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ မေ့ထားလို့မရတဲ့အချက်ပါပဲ။

"Foo Foo" ကို ဖန်တီးပေးခဲ့တဲ့ Vannex, X-Ze နဲ့ KHAIPII တို့ (၃) ယောက်လုံးကို ကျေးဇူးတင်ပါတယ်။

နောက်ထပ်ခြေလှမ်းတွေကိုလည်း စောင့်မျှော်နေပါမယ်။





MC make another hit 🔥Lil U*i Vert ရဲ့ Just Wanna Rock သီချင်းကို တီးခတ်ခဲ့တဲ့ "MCVertt" ဟာ ၂၀၀၃ ခုနှစ်ဖွားဖြစ်ပြီး လက်ရှ...
16/06/2024

MC make another hit 🔥

Lil U*i Vert ရဲ့ Just Wanna Rock သီချင်းကို တီးခတ်ခဲ့တဲ့ "MCVertt" ဟာ ၂၀၀၃ ခုနှစ်ဖွားဖြစ်ပြီး လက်ရှိအချိန်မှာ အသက် (၂၁) နှစ်အရွယ်သာ ရှိပါသေးတယ်။

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ Newark မြို့မှာမွေးဖွားခဲ့အတွက် သူရဲ့ဇာတိ New Jersey Music Style တွေကို တီးခတ်တဲ့ Producer တစ်ယောက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့အကြောင်းကို ပိုမိုသိချင်ရင်တော့ On The Rader Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လေ့လာကြည့်နိုင်ကြောင်း ညွှန်းပေးလိုက်ပါရစေ။


*iVert


တိမ်တွေပေါ်ခုန်ချခဲ့ ⛅️Song : ချမ်းအေးဝင်း - ကစားကွင်း Edited : ချမ်းအေးဝင်း ကိုယ်တိုင်ပြောပြထားတဲ့ "ကစားကွင်း" သီချင်းအ...
16/06/2024

တိမ်တွေပေါ်ခုန်ချခဲ့ ⛅️

Song : ချမ်းအေးဝင်း - ကစားကွင်း

Edited : ချမ်းအေးဝင်း ကိုယ်တိုင်ပြောပြထားတဲ့ "ကစားကွင်း" သီချင်းအကြောင်းကို သူ့ရဲ့ "Chan A Win" YouTube Channel မှာ တင်ထားပါတယ်။ စိတ်ဝင်စားတဲ့သူတွေ နားထောင်နိုင်ဖို့အတွက် မျှဝေလိုက်ရပါတယ်ခင်ဗျာ။

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် "Bigg Vibe$" ကို Support နိုင်ပါသည်*



#ကစားကွင်း

15/06/2024

England Rapper "Aitch" နဲ့ "Germany Rapper "Luciano" တို့ရဲ့ ပေါင်းစပ်မှု 🏴󠁧󠁢󠁥󠁮󠁧󠁿🇩🇪




"Chance the Rapper" ရဲ့ နံပါတ် (၃) ဂဏန်းပါ ဘေ့စ်ဘောဦးထုပ်ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့တတိယမြောက် Mixtape "Colo...
15/06/2024

"Chance the Rapper" ရဲ့ နံပါတ် (၃) ဂဏန်းပါ ဘေ့စ်ဘောဦးထုပ်ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့တတိယမြောက် Mixtape "Coloring Book" Mixtape Cover မှာ ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ခဲ့ရတဲ့ အကြောင်းကိုတော့ GQ နဲ့ သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုရှင်းပြခဲ့ပါတယ်။

"ငါ့ဦးထုပ်ပေါ်မှာတစ်ခုခုကို ရေးချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ငါ နံပါတ် (၃) ကို ရွေးခဲ့တယ်၊ ငါ့ရဲ့တတိယမြောက် ပရောဂျက်ဖြစ်တဲ့အတွက် ငါ့အတွက် အဓိပ္ပာယ်ပိုရှိမယ်လို့ထင်လို့ပါ။ ငါရယ်၊ ငါ့ကောင်မလေးရယ် ငါ့သမီးတို့ရဲ့ မိသားစုသုံးယောက်ဘဝနဲ့ ငါ့ရဲ့တတိယမြောက်အခွေကို ကိုယ်စားပြုပါတယ်"

Chance the Rapper ဟာ "Coloring Book" Mixtape နဲ့အတူ Grammy ဆုကို ရရှိခဲ့ပါတယ်။

ကိုးကား။ ။ NBC News (Why Does Chance the Rapper Always Wear a "3" Hat?)



🥰
13/06/2024

🥰

"တီးလုံးများ" (Album) - YazarMyoThank
🎧🎧နားဆင်နိုင်ဖို့linkကိုကွန်မန့်တွင်ကြည့်ပါရန်🎧🎧

ဒါကို မင်းသိလား? 🌸💜Song : Close to You Artist : AlattAlatt ၏ Close to You သီချင်းသည် ၁၉၇၀ ခုနှစ်တွင် ထွက်ရှိခဲ့သော Carpe...
13/06/2024

ဒါကို မင်းသိလား? 🌸💜

Song : Close to You
Artist : Alatt

Alatt ၏ Close to You သီချင်းသည် ၁၉၇၀ ခုနှစ်တွင် ထွက်ရှိခဲ့သော Carpenters ၏ Close to You (They Long to be) သီချင်းကို Sample ယူကာ ဖန်တီးထားခြင်းဖြစ်ပါသည်။

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် Bigg Vibe$ ကို Support နိုင်ပါသည်*




12/06/2024

Prince on the beat ⭐️

Song : Vannex - Foo Foo

(မှတ်ချက်။ ။ Bigg Vibe$ မှ ဘာသာပြန်ဆိုထားခြင်းမဟုတ်ပါ၊ အစအဆုံးဘာသာပြန်ထားတာကို နားထောင်ချင်ပါက "Levi Sap Nei Thang" အမည်ရ YouTube Channel တွင် သွားရောက်ခံစားနိုင်ပါသည်။)




11/06/2024

Wiz's Flow 🍁🔥

Song : Will i am - Feelin' Myself Ft. Miley Cyrus, Wiz Khalifa, French Montana
Produced by DJ Mustard
Album : willpower (2013)




မင်းရောငါရော အကုန်လုံး ရိုက်စားတွေလုပ် လူငယ်အဆိုတော်ချင်း မာနထား ပြိုင်ကြလေဦး 💣Song : Hate Me Later by Bo Htet From : H...
11/06/2024

မင်းရောငါရော အကုန်လုံး ရိုက်စားတွေလုပ်
လူငယ်အဆိုတော်ချင်း မာနထား ပြိုင်ကြလေဦး 💣

Song : Hate Me Later by Bo Htet
From : Hate Me Later Mixtape (2017)

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် Bigg Vibe$ ကို Support နိုင်ပါသည်*




🎤🥁🎹
10/06/2024

🎤🥁🎹

ဒီကနေ့ဟာ အေလယ်ဗယ်
ဂီတအင်အားစုရဲ့ အဖွဲ့ဝင်
၁ယောက်ဖြစ်တဲ့ ဂီတလူသား
မောင်ကောင်းမှုရဲ့ မွေးနေ့ပါ
မွေးနေ့မှာ အမှတ်တရ အနေဖြင့်
မြောက်ကြွ လန်းဆန်း တက်ကြွသော
ရက်ပါ အပေါင်းသူတော်ကောင်းတို့
မြူးကြွ မျောလွင့် လွတ်လပ်စွာ
စီးမျောဖန်တီး သီဆို ဟစ်ကြွေးနိုင်စေရန်အလို့ဌာ သူ​၏ ဘောင်မဝင်သော
ပတ်တမ်များ အင်းစတူမန်တယ်
အီးပီ အခွေထဲမှ နံပါတ်စဉ် ၆
အပုဒ်ကို အကြင်နာလေးပေးပါရစေ
ဒီ ဘိကို ဂေါ့ဖားသားရုပ်ရှင်
ဆောင်းထရပ်တွေထဲက ထရမ့်ပတ်
အသံကိုဆန်ပယ်ဖြတ် ပစ်ရှ်ပြန်ချိန်ပြီး
အရင်ခေတ်ဟိုက်ဟက် ရိုးနဲ့
ယနေ့ခေတ် အိတ်အိုအိတ် ဆပ်ဘေ့
တွေကို တွဲစပ်ပြီးထည့်သွင်းတီးခတ်
ထားပါတယ် ဒီ အင်စတူမန်တယ်အား
မိမိ အကျိုးစီးပွားအတွက် အသုံးမပြု
ကြစေရန်အတွက်လဲ အေလယ်ဗယ်
ဂီတအင်အားစုမှ တိုက်တွန်း
နှိုးဆော်ပါရစေ လတ်ဆတ်သော
ရက်ပါအပေါင်းသူတော်ကောင်းများ
အားလုံးကိုချစ်ခင်လေးစားလျှက် ။
တန်ပိုနှုန်းက - ၈၈ ပါ

#ဘိ

🎼🔊🎤🎛️❤️‍🔥💎🫶🏽🥊🙌🏾

https://www.dropbox.com/scl/fo/o99zx9crrwvrmch6weye3/h/Track%206.wav?rlkey=buiazmhw9ipr5kr6s5g8fje3m&dl=0

10/06/2024

The Evolution of Central Cee 🔥 (2015 to 2024)

မဆုတ်မနစ်ကြိုးစားခဲ့ခြင်းကြောင့် စစ်မှန်တဲ့ဖြစ်တည်မှုဟာ အလှပဆုံးပေါ်ထွက်လာခဲ့တယ် ⭐️

Never give up! Never surrender! 🤜🏼🤛🏼



မသောက်ဖူးတဲ့ကောင်မှ တောင်းဆိုလာသောအခါ : (Skrapz ၏ Intro သီချင်းမှ Screenshot ရိုက်ကူးထားသည်)
10/06/2024

မသောက်ဖူးတဲ့ကောင်မှ တောင်းဆိုလာသောအခါ :

(Skrapz ၏ Intro သီချင်းမှ Screenshot ရိုက်ကူးထားသည်)


လူမမာတွေမဟုတ်ဘူး.. နေတတ်တယ် ငါကလည်း 😎Song : 100 Bars Artist : B***y Trap x SGL*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Offi...
10/06/2024

လူမမာတွေမဟုတ်ဘူး..
နေတတ်တယ် ငါကလည်း 😎

Song : 100 Bars
Artist : B***y Trap x SGL

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် Bigg Vibe$ ကို Support နိုင်ပါသည်*


***yTrap

"ဘုရားပေးတဲ့လက်ဆောင်" ကို စာရေးသူ ပထမဆုံးအကြိမ် နားထောင်ဖြစ်ခဲ့တုန်းက "ဂျောက်ဂျက်" ရဲ့ မာန်ပါတဲ့ အသံပါဝါရယ်၊ ပြင်းထန်ကျစ...
09/06/2024

"ဘုရားပေးတဲ့လက်ဆောင်" ကို စာရေးသူ ပထမဆုံးအကြိမ် နားထောင်ဖြစ်ခဲ့တုန်းက "ဂျောက်ဂျက်" ရဲ့ မာန်ပါတဲ့ အသံပါဝါရယ်၊ ပြင်းထန်ကျစ်လစ်ပြီး Personal ဆန်တဲ့ စာသားတွေနဲ့ Flow အပေါ်ကိုပဲ ဂရုတစိုက် နားထောင်ဖြစ်ခဲ့ပါတယ်။

ဒီသီချင်းကို သိပ်မကြာသေးတဲ့အချိန်က ပြန်နားထောင်ဖြစ်တော့ စာသားတွေထက် ဆွေးစရာကောင်းတဲ့ တေးသွားကို အာရုံပိုစိုက်ခဲ့မိပါတယ်။ ဒါကတော့ သိပ်မထူးဆန်းပါဘူး၊ ခဏခဏ နားထောင်ဖြစ်ခဲ့တော့ စာသားတွေ အလွတ်နီးပါးရသွားတဲ့အတွက် ဘိအပေါ်မှာ ပြောင်းလဲပြီး ဈာန်ဝင်စားမိသွားတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ "ဂျောက်ဂျက်" ရဲ့ Official YouTube Channel ထဲ ဝင်ရှာကြည့်တော့ ဒီသီချင်းကို တီးခတ်ခဲ့သူဟာ "လွှမ်းပိုင်" လို့ သိခဲ့ရပါတယ်။

(ငယ်ငယ်တုန်းကလွမ်းပိုင်နော်၊ အခုလွှမ်းပိုင်တော့မဟုတ်ဘူး၊ အဲ့တာကြောင့် လွှမ်းပိုင်ငယ်ငယ်ကပုံကို အသုံးပြုထားတာ ဖြစ်ပါကြောင်း) - စတာပါ

Song : ဘုရားပေးတဲ့လက်ဆောင်
Artist : Jouk Jack Ft. Hlwan Paing
Produced by : Hlwan Paing
Album : တိုင်းသိပြည်သိ

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် Bigg Vibe$ ကို Support နိုင်ပါသည်*




၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Idiots ရဲ့ "ခေတ်သစ်ကျောက်" Album မှာ သီချင်း (၁၃) ပုဒ် ပါဝင်ခဲ့ပြီး Featuring အနေနဲ့ "အောင်...
07/06/2024

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Idiots ရဲ့ "ခေတ်သစ်ကျောက်" Album မှာ သီချင်း (၁၃) ပုဒ် ပါဝင်ခဲ့ပြီး Featuring အနေနဲ့ "အောင်လ" မှ (၁) ပုဒ် ပါဝင်အားဖြည့်ခဲ့ပါတယ်။

ခေတ်သစ်ကျောက် Tracklist 🪨

၁။ လူအ
၂။ Distortion
၃။ ဒီလိုပဲ
၄။ မလိုတော့ဘူး
၅။ သူရဲကောင်း
၆။ ဘာလိုနေသေးလဲ
၇။ တခန်းရပ်
၈။ အ-က်
၉။ ယုံကြည်မှု
၁၀။ မင်းနဲ့ပက်သက်ရင်
၁၁။ အသင်ဂီတ
၁၂။ ရူးသူဘဝ (ft.အောင်လ)
၁၃။ အိပ်ယာဝင်တေး

ကျွန်တော် အငြိဆုံးသီချင်း (၂) ပုဒ်ကတော့ "ဘာလိုနေသေးလဲ" နဲ့ "မလိုတော့ဘူး" ဖြစ်ပါတယ်။

ကိုယ့်လူတို့ရော?

ကိုယ့်လူတို့က Rapper တွေဆိုပေမယ့် ရေမွန် နဲ့ သူ့ရဲ့ Idiots Band Players တွေ‌အပေါ်ထားတဲ့ အချစ်တွေက ရင်နဲ့မဆံ့အောင်ရှိနေမယ်လို့ ယုံကြည်ပါတယ်။

R.I.P Raymond ✌🏻♥️




မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ 🌧️Song : မငိုနဲ့တော့ by J Me ft. Bigg Y, Raymond "မငိုနဲ့တော့" သီချင်းသွင်းခဲ့တဲ့အချိန်မှာ ရေမ...
07/06/2024

မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ 🌧️

Song : မငိုနဲ့တော့ by J Me ft. Bigg Y, Raymond

"မငိုနဲ့တော့" သီချင်းသွင်းခဲ့တဲ့အချိန်မှာ ရေမွန်ဟာ ၆ တန်း (သို့) ၈ တန်းကျောင်းသားအရွယ်သာ ရှိသေးကြောင်း J Me ရဲ့ Making The Classic အစီအစဉ်မှ သိရပါတယ်။





OGK Baby 🎹🎼
06/06/2024

OGK Baby 🎹🎼




✌🏼 & ❤️Song : Home by Lan Bar
05/06/2024

✌🏼 & ❤️

Song : Home by Lan Bar



04/06/2024

စာခြောက်ရုပ်ဟာ ဆောင်းဦးလှိုင်ရဲ့ "အပိုဆု" Chorus ကို "ဝေးလေငေးသော်" သီချင်းရဲ့ Outro အဖြစ် သီဆိုသွားခဲ့ဖူးပါတယ်။ 🌧

Song : ဝေးလေငေးသော် By စာခြောက်ရုပ် (SCY)



လက်တွေ့နဲ့ အိမ်မက်ကိုစဥ်းစားပြီး Rapping တွေလုပ်နေတာ ⭐️Song : Rap City 2 by MJN (Lil'Z,SCY,HeinHtet)  *ကြိုက်နှစ်သက်ပါက ...
04/06/2024

လက်တွေ့နဲ့ အိမ်မက်ကိုစဥ်းစားပြီး Rapping တွေလုပ်နေတာ ⭐️

Song : Rap City 2 by MJN (Lil'Z,SCY,HeinHtet)

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် "Bigg Vibe$" ကို Support နိုင်ပါသည်*




Black Flag Band နဲ့ Rollins Band တို့မှာ Lead Vocalist ဖြစ်ခဲ့တဲ့ Henry Rollins ဟာ Def Jam Fight For NY မှာတော့ Rapper တ...
03/06/2024

Black Flag Band နဲ့ Rollins Band တို့မှာ Lead Vocalist ဖြစ်ခဲ့တဲ့ Henry Rollins ဟာ Def Jam Fight For NY မှာတော့ Rapper တွေကို သိုင်းသင်ပေးခဲ့သူပါ 😬



ပေါ့ပေါ့ပါးပါးလေးပဲ ☀️ Song : Pop Pop Par Par... Lay by Cap T Ft. T9 Produced by : Rubbish Muxic *ကြိုက်နှစ်သက်ပါက မူရင်...
02/06/2024

ပေါ့ပေါ့ပါးပါးလေးပဲ ☀️

Song : Pop Pop Par Par... Lay by Cap T Ft. T9
Produced by : Rubbish Muxic

*ကြိုက်နှစ်သက်ပါက မူရင်း Artist များ၏ Official Channel များတွင် နားထောင်အားပေးခြင်းဖြင့် "Bigg Vibe$" ကို Support နိုင်ပါသည်*




၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Akon ရဲ့ Konvicted Album (A Side) မှာ သီချင်း (၁၂) ပုဒ် ပါဝင်ခဲ့ပါတယ်။ (B Side ထဲက သီချင်းမ...
02/06/2024

၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Akon ရဲ့ Konvicted Album (A Side) မှာ သီချင်း (၁၂) ပုဒ် ပါဝင်ခဲ့ပါတယ်။ (B Side ထဲက သီချင်းများကို ထည့်မတွက်ထား)

ထူးခြားချက်အနေနဲ့ အဆိုပါ Album ထဲက သီချင်း (၁၁) ပုဒ်ကို Akon ကိုယ်တိုင်ဦးဆောင်ပြီး အစအလယ်အဆုံး တီးခတ်ဖန်တီးထားပေမယ့် ကျန်ရှိနေတဲ့ သီချင်းတစ်ပုဒ်ကတော့ သူ့လက်ရာ မဟုတ်ခဲ့ပါဘူး။

အဆိုပါသီချင်းကတော့ "Smack That" ဖြစ်ပြီး "Eminem" ကိုယ်တိုင် တီးခတ်၊ Note ထုတ် ဖန်တီးထားတဲ့ သီချင်းဖြစ်နေလို့ပါပဲ။ 🔥

Eminem ရဲ့ ရွတ်ဖတ်မှုစွမ်းရည်ကိုမပြောနဲ့၊ သူ့ရဲ့ တီး‌ခတ်နိုင်စွမ်းကိုတောင် သွားရှုပ်လို့မရဘူး 💯




31/05/2024

❤️

သီချင်းတစ်ပုဒ်လုံးကို စောက်ထာကျကျ သီဆိုနိုင်တဲ့သူတွေ ဘယ်လိုခံစားချက်ဖြစ်လဲ မမေးနဲ့၊ ဆိုဒ်ကိုပဲ ရှိုး 🤣 SHINE ၏ "မင်းအတွက...
29/05/2024

သီချင်းတစ်ပုဒ်လုံးကို စောက်ထာကျကျ သီဆိုနိုင်တဲ့သူတွေ ဘယ်လိုခံစားချက်ဖြစ်လဲ မမေးနဲ့၊ ဆိုဒ်ကိုပဲ ရှိုး 🤣

SHINE ၏ "မင်းအတွက် ငါ" (Pulseworks at Governor's Live Performance) ကို သူ၏ကိုယ်ပိုင် Official YouTube Channel တွင် ကြည့်ရှုခံစားနိုင်ပါသည်။

* Bigg Vibe$ မှ ညွှန်းပေးသော သီချင်းများကို မူရင်း Artist များ၏ ကိုယ်ပိုင် Channel များတွင် နားထောင်အားပေးခြင်းဖြင့် "Bigg Vibe$" ကို Support နိုင်ပါသည်။


သူ့မိန်းမ Rihanna နဲ့အပြိုင် ဘယ်သူပိုလှလဲ ယှဉ်နေတဲ့ Travis Scott 🤪
22/02/2024

သူ့မိန်းမ Rihanna နဲ့အပြိုင် ဘယ်သူပိုလှလဲ ယှဉ်နေတဲ့ Travis Scott 🤪


လွန်ခဲ့တဲ့၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Pop Smoke ရဲ့ Meet The Woo 2 Mixtape 🐘ဖေဖော်ဝါရီ (၁၉) ရက်နေ...
08/02/2024

လွန်ခဲ့တဲ့၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Pop Smoke ရဲ့ Meet The Woo 2 Mixtape 🐘

ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာတော့ Pop Smoke ဟာ သူ့အိမ်ကို ဓါးပြဝင်တိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

သူသေဆုံးချိန်မှာ အသက် (၂၀) အရွယ်သာ ရှိပါသေးတယ်။


အမြဲဒေါသထွက်နေတဲ့ Rap God ကြီး အေးမင်းနိုင်ဟာ သူသမီးလေး ဟေလီ အတွက်တော့ စမ်းရေပမာ အေးချမ်းပြီး ဖခင်ကောင်းပီသသူတစ်ယောက်ပါ။...
08/02/2024

အမြဲဒေါသထွက်နေတဲ့ Rap God ကြီး အေးမင်းနိုင်ဟာ သူသမီးလေး ဟေလီ အတွက်တော့ စမ်းရေပမာ အေးချမ်းပြီး ဖခင်ကောင်းပီသသူတစ်ယောက်ပါ။

တစ်ခါတုန်းက အေးမင်းနိုင်ဟာ စနု နဲ့ ဒေါက်တာဒွေး တို့နဲ့ $100 million ရမယ့် World Tour ကို သူ့သမီးလေး အရွယ်ငယ်သေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျော်ဖြေဖို့ ငြင်းပယ်ခဲ့ပါသတဲ့။

ဖခင်နဲ့ ပတ်သတ်ပြီး Trauma တွေ အများကြီးရှိတဲ့ အေးမင်းနိုင်ဟာ သူ့သမီးလေးကိုတော့ ဒီလို မဖြစ်စေချင်ပုံရပါတယ်


ဂရမ်မီဆုပေးပွဲမှာရရှိခဲ့တဲ့ Dr. Dre Global Impact Award ဆုကို D’usse Cognac ထည့်သောက်ခဲ့တဲ့ Jay Z ဒါ့အပြင် Jay Z ဟာ D’us...
06/02/2024

ဂရမ်မီဆုပေးပွဲမှာရရှိခဲ့တဲ့ Dr. Dre Global Impact Award ဆုကို D’usse Cognac ထည့်သောက်ခဲ့တဲ့ Jay Z

ဒါ့အပြင် Jay Z ဟာ D’usse ကို ပိုင်ဆိုင်တဲ့ ရှယ်ယာရှင်တွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။

$

Address

1099
Yangon

Website

Alerts

Be the first to know and let us send you an email when Bigg Vibe$ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bigg Vibe$:

Videos

Share

Category


Other Radio Stations in Yangon

Show All