Stand By Myanmar

Stand By Myanmar News, Entertainment & Knowledge

ပြင်သစ်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ချားလ်ဒီဂေါနှင့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုသည် စနေနေ့မှ ...
04/01/2025

ပြင်သစ်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ချားလ်ဒီဂေါနှင့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုသည် စနေနေ့မှ စတင်ကာအိ န္ဒိယသို့ ရောက်ရှိခဲ့သည်။
ဂိုအာနှင့် ကိုချီမြို့များသို သွားရောက်လည်ပတ်မည်ဖြစ်ပြီး အိန္ဒိယ-ပြင်သစ် မဟာဗျူဟာမြောက် ဆက်ဆံရေး ကြီးထွားလာမှုအား အားကောင်းသည့် သရုပ်ပြမှုအဖြစ် ရှုမြင်လျက်ရှိသည်။

လက်ရှိတွင် ပြင်သစ် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု CSG သည် အိန္ဒိယ အပါအဝင် ၎င်း၏ ဒေသတွင်း မိတ်ဖက်များနှင့် မဟာမိတ်များနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေသည့် အိန္ဒိယ သမုဒ္ဒရာတွင် တပ်စွဲထားသည်။

အိန္ဒိယသည် ၁၉၉၈ ခုနှစ်ကတည်းက ပြင်သစ်၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်ခဲ့သည်။

 #တရုတ်_မျိုးဆက်သစ်ကုန်းရေနှစ်သွယ်ချေမှုန်းရေးသင်္ဘော_ရေချ-------------တရုတ်နိုင်ငံသည် ၎င်း၏ မျိုးဆက်သစ် ကုန်းရေနှစ်သွယ်...
28/12/2024

#တရုတ်_မျိုးဆက်သစ်ကုန်းရေနှစ်သွယ်ချေမှုန်းရေးသင်္ဘော_ရေချ

-------------

တရုတ်နိုင်ငံသည် ၎င်း၏ မျိုးဆက်သစ် ကုန်းရေနှစ်သွယ်ချေမှုန်းရေးသင်္ဘောကို စတင်ရေချခဲ့ပြီး အမေရိကန်၏ စစ်အင်အားကို ပြိုင်ဆိုင်ရန် နိုင်ငံ၏ အရှိန်အဟုန်ဖြင့် တိုးချဲ့နေသော ရေတပ်တွင် အစွမ်းထက်နောက်ဆုံးပေါ် စစ်သင်္ဘောတစ်စင်းကို ထည့်သွင်းခဲ့သည်။

Type 076 ကုန်းနေရေနှစ်သွယ်ချေမှုန်းရေးသင်္ဘောသည် ရှန်ဟိုင်းမြို့ရှိ သင်္ဘောကျင်းတစ်ခု အခမ်းအနားဖြင့် သောကြာနေ့က ရေချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ် (PLAN) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။

တရုတ်အနောက်တောင်ပိုင်းပြည်နယ်တစ်ခု၏အနောက်ဘက်တွင် စီချွမ်အမည်ရှိ အမှီအခိုကင်းစွာ တီထွင်ထားသည့် သင်္ဘောသည် ရေတပ်၏အသွင်ပြောင်းမှုနှင့် တာဝေးစစ်ဆင်ရေးစွမ်းရည်များမြှင့်တင်ရန်အတွက် အဓိကပိုင်ဆိုင်မှုအဖြစ် ချီးကျူးခံရသည်ဟု ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ရေတပ်အင်အားကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်း၏ ကမ်းလွန်ပင်လယ်ပြင်ကို ကျော်လွန်၍ အင်အားပြပြီး အမေရိကန်၏ စစ်ရေးစွမ်းပကားကို လိုက်မီရန် ကြိုးပမ်းနေချိန်တွင် လေယာဉ်တင်သင်္ဘောများနှင့် စစ်သင်္ဘောကြီးများ အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိသည်။

တန်ချိန် ၄၀၀၀၀ ကျော် ဝန်အား ရွှေ့ပြောင်းနိုင်မှုနှင့်အတူ Type 076 သည် ကမ္ဘာ့အကြီးဆုံး ကုန်းနေရေနှစ်သွယ် ချေမှုန်းရေး သင်္ဘောများထဲတွင် ပါဝင်ပြီး ကျွန်းနှစ်ကျွန်းသဏ္ဍာန် အထူးတည်ဆောက်ပုံနှင့် အလျားပြည့်ပျံတက်နိုင်သည့် ကုန်းပတ်များ ပါ၀င်သည်ဟု သိရသည်။

အသိသာဆုံးမှာ ကုန်းရေနှစ်သွယ်သုံးပစ္စည်းများနှင့်အတူ တောင်ပံသေတပ်လေယာဉ်များ၊ ရဟတ်ယာဉ်များ တင်ဆောင်နိုင်သည့် လျှပ်စစ်သံလိုက်လောက်လွှဲစနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ ယင်းစနစ်က Type 076 ကို ပိုမိုကြီးမားပြီး လေးလံသည့် လေယာဉ်ကို လွှတ်တင်နိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ လေယာဉ်သည် လောင်စာဆီပိုမိုသယ်ဆောင်နိုင်၍ ပျံသန်းနိုင်သည့် အကွာအဝေးကိုချဲ့ထွင်ကာ သင်္ဘော၏တိုက်ခိုက်ရေးပလက်ဖောင်းတစ်ခုအဖြစ် ဗုံးများ ဒုံးကျည်များ ပိုမိုသယ်ဆောင်နိုင်သည်။

လျှပ်စစ်သံလိုက်လောက်လွှဲစနစ်ကို အသုံးပြုထားသည့် ကမ္ဘာတစ်ဝှမ်းတွင် တာဝန်ထမ်းဆောင်နေသော အခြားစစ်သင်္ဘောဟူ၍ အမေရိကန်ရေတပ်၏ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘော USS Gerald R Ford သာ ရှိသေးသည်။

ပင်လယ်ပြင်တွင် စမ်းသပ်မှုများ လုပ်ဆောင်နေပြီး တာဝန်မထမ်းဆောင်ရသေးသည့် တရုတ်နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘော Fujian တွင်လည်း လျှပ်စစ်သံလိုက်လောက်လွှဲစနစ် ပါရှိသည်။

အမေရိကန် ရေတပ်၏ ကုန်းရေနှစ်သွယ် ချေမှုန်းရေး သင်္ဘောများတွင် ရေတပ်၊ မရိန်းတပ်ဖွဲ့ နှင့် လေတပ်တို့ အသုံးပြုသည့် ကိုယ်ပျောက်တိုက်လေယာဉ်များ၏ တာတိုပျံသန်း၍ ဒေါင်လိုက် ဆင်းသက်သည့် မျိုးကွဲ F-35B များ ပါရှိသည်။

တရုတ်ရေတပ်တွင် F-35B နှင့် တူညီ၍ လူလိုက်ပါခြင်း မရှိသည့် တောင်ပံအသေတပ်လူမဲ့လေယာဉ်များ Fujian သင်္ဘောတွင် ဖြန့်ကျက်ချထားနိုင်ပါသည်။

သို့သော် CSIS မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ ယခုနှစ်အစောပိုင်း အစီရင်ခံစာတွင် Type 076 ကို ကြီးမားသော ဒရုန်းပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် GJ-11 ကိုယ်ပျောက်တိုက်ခိုက်ရေးဒရုန်း၊ WZ-7 ကင်းထောက်ဒရုန်းနှင့် CASC Rainbow Strike တိုက်ခိုက်ရေးဒရုန်း စသည်များ ပိုင်ဆိုင်ထားသည်။

Type 076 ၏အခြားစွမ်းရည်များနှင့်ပတ်သက်၍ ရဟတ်ယာဉ်များနှင့် ကုန်းရေနှစ်သွယ် ကမ်းတက်ရေယာဉ်များ ပါ၀င်ပြီး ရေတပ်သား ၁၀၀၀ ကျော်ကို တပ်ဖြန့်နိုင်မည်ဟု မျှော်လင့်ထားကြောင်း CSIS အစီရင်ခံစာတွင် ဖော်ပြထားသည်။

သင်္ဘောကြီး၏ အရွယ်အစားကြောင့် တရုတ်နိုင်ငံ၏ အသေးစား Type 075 ကုန်းနေရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောများ၊ အမေရိကန်ရေတပ်၏ ကုန်းရေနှစ်သွယ် ချေမှုန်းရေး သင်္ဘောများနှင့် ဂျပန်၏ F-35B သယ်ဆောင်ရန် ပြောင်းလဲထားသည့် Izumo-အတန်းအစား ရဟတ်ယာဉ်တင်သင်္ဘောများထက် အရာအားလုံးကို ပိုမိုသယ်ဆောင်နိုင်မည် ဖြစ်သည်။

 #မဟာမိတ်နှလုံးသား စာမြည်း(၁)------------------------------၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ...
28/12/2024

#မဟာမိတ်နှလုံးသား စာမြည်း(၁)
------------------------------
၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၁၁ ရက်ဖြစ်ရပ် နှစ် ၂၀ ပြည့်ချိန်မှာ အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့ဝင်တွေအားလုံး နိုင်ငံတွင်းက ထွက်ခွာမယ်လို့ ကြေညာလိုက်တာက စတယ်။...
အဲဒါကြားတာနဲ့ ချက်ချင်းပဲ ကျွန်တော့်မှာ ပေါ်လာတာ အတွေးနှစ်ခု…။
ဒါက ဘေးဥပါဒ်တစ်ခု ဖြစ်လာတော့မယ်- အာဇစ်ရဲ့ ဘဝဟာ အန္တရာယ်ရှိလာပြီ ဆိုတာတွေပါပဲ။
ကျွန်တော့်ညီအစ်ကိုကို ကျွန်တော် ကယ်ထုတ်ဖို့ လိုပါတယ်။ ကျွန်တော်သွားမှ ဖြစ်မယ်၊ ကုန်ကျစရိတ်တော့ သက်သာမှာ မဟုတ်ဘူးပေါ့။

အဲဒီနောက် သမ္မတရဲ့ နောက်ဆုံးရက်ကို သြဂုတ်လကုန်အထိ ရွှေ့လိုက်သတဲ့။ ကျွန်တော်စုစည်းထားတဲ့ ကယ်ဆယ်ရေးအဖွဲ့ အလုပ်တွေ စပါပြီ၊ ထောင်နဲ့ချီတဲ့ အမေရိကန် နိုင်ငံသားတွေ၊ အာဖဂန်တွေ၊ မဟာမိတ်တွေ၊ ထိခိုက်လွယ်သူတွေကို မကယ်တင်နိုင်ရင် သူတို့ဟာ ကျွန်တော်တို့တပ်တွေ ထွက်ခွာသွားချိန်မှာ တိုင်းပြည်ကို သိမ်းပိုက်နိုင်လောက်အောင် အားကောင်းကောင်းနဲ့ စစ်ရှိန်တက်နေတဲ့ တာလီဘန်တွေရဲ့ စီရင်တာကို ရင်ဆိုင်ရနိုင်တယ်၊ သေဒဏ်အပေးခံရနိုင်ခြေ ရှိတယ်။

အာဇစ်ကို ကယ်တင်ဖို့ ကျွန်တော့်ဆုံးဖြတ်ချက်ဟာ Save Our Allies ဆိုတဲ့ နာမည်အောက်က အကျိုးအမြတ်မယူတဲ့ အဖွဲ့ရဲ့ ကြိုးပမ်းမှုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကြိုးပမ်းမှုမှာ အလှူရှင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေအပြင် အာဖဂန်နစ္စတန်မှာ တပ်ဖြန့်လှုပ်ရှားနေရပြီး အိမ်ပြန်ဖို့ အမိန့်ပေးခံထားရလို့ ဝေခွဲမရဖြစ်နေတဲ့ လက်ရှိ စစ်သည်တချို့လည်း အပါအဝင်..။ အားလုံးအတွက် စေ့ဆော်မှုကတော့ အတူတူပါ- ကိုယ့်အပေါင်းအသင်း ရောင်းရင်းတွေအတွက် မှန်ကန်တဲ့အရာကို လုပ်ဖို့ တွန်းအားပေးခံရတယ်လို့ ခံစားခဲ့ရတာမျိုးပါ။

ကနဦးလုပ်ဆောင်မှုတွေအတွက် ရှုပ်ထွေးမှုတွေကို ကျွန်တော် စတင် ပေါင်းစပ်ညှိနှိုင်းရပါပြီ၊ ကြိုးပမ်းအားထုတ်မှုတွေအတွက် နေ့ရောညပါ မြှပ်နှံထားခဲ့ရပါတယ်။ အဘူဒါဘီမှာ ကွပ်ကဲမှုစင်တာတစ်ခု ထူထောင်ဖို့ အိမ်ကထွက်ဖို့ ပြင်နေတုန်း အာဇစ်နဲ့ ဆက်သွယ်မိပြီး ကဘူးလ်လေဆိပ်အတွင်းနဲ့ အပြင်မှာ လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ လူလေးယောက်အဖွဲ့နဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။

အာဇစ်နဲ့ ကျွန်တော် ဖုန်းပြောနိုင်ချိန်မှာ သူ့အသံက တလျှောက်လုံး ကျွန်တော်ကြားဖူးတာနဲ့ ခြားနားနေပါပြီ။ ကျွန်တော်တို့ဟာ ပစ်ခတ်မှုတွေ၊ ဒုံးကျည်ပေါက်ကွဲမှုတွေကြား အတူတူ ဖြတ်သန်းခဲ့ဖူးပါတယ်။ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာကို လွတ်မြောက်အောင် ရှောင်ရှားနိုင်ခဲ့ပါတယ်။ အာဇစ်ဟာ သူလာခဲ့တဲ့ ဘဝအနေအထားအရ လူရည်လည်ပြီး ခေါင်းအေးအေးထားတတ်သူပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ဇနီးနဲ့ ကလေးတွေရဲ့ အသက်တွေနဲ့ ပတ်သက်ပြီး သူကြောက်လန့်နေပြီလို့ ကျွန်တော်ပြောနိုင်ပါတယ်။

တာလီဘန်တွေက ကဘူးလ်တခွင်မှာ စစ်ဆေးရေးဂိတ်တွေကို ထပ်ချထားတဲ့အတွက် လေဆိပ်ရဲ့ ပတ်ဝန်းကျင်ကိုရောက်ဖို့ တဖြည်းဖြည်း ပိုပိုပြီး ခက်ခဲလာပါတယ်။ အာဇစ်ရဲ့မိသားစု လေဆိပ်ဆီ ချဉ်းကပ်သွားဖို့ ကြိုးစားတဲ့အခါ အာဖဂန်တော်လှန်ရေးသမားတွေ၊ ကျပန်း အကြမ်းဖက်မှုတွေနဲ့ ထောင်ချီတဲ့ လွတ်မြောက်ရာလမ်း ရှာဖွေသူတွေ အဲဒီနေရာတွေမှာ စုရုံးရောက်ရှိနေကြတာမို့ ဂိတ်ပေါက်တွေဆီသွားဖို့ အတားအဆီးတွေ ဖြစ်နေပါပြီ။

တစ်ကြိမ်မှာတော့ အာဇစ်ရဲ့မိသားစုကို လေဆိပ်ဆီ ခေါ်သွားနိုင်ဖို့ ကျွန်တော်တို့လူတွေနဲ့ အတော်ကြီး နီးကပ်သွားတယ်။ ကျွန်တော်တို့ထဲက တစ်ယောက်က ဂိတ်ပေါက်တစ်ခုမှာ စောင့်နေပါတယ်။ ဒါပေမယ့် အာဇစ်တို့ပတ်ဝန်းကျင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေက ခေါ်မကြားအော်မကြားအဆင့်ကို ရောက်တာနဲ့အမျှ လမ်းကြောင်းက ပိုလို့တောင် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ နီးလာချိန်မှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် မက်ရှ်ခိုရာလာက စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးလိုက်တော့ အာဇစ်ဟာ မိသားစုကိုခေါ်ပြီး အိမ်ပြန်လှည့်သွားရပါတယ်။ ဒါဟာ သူတို့ရဲ့ သတ္တမမြောက် ကြိုးစားမှုပါ။

အဲဒီမှာ အာဇစ်က လေဆိပ်ကို သွားဖို့ ကြိုးစားတာတောင် အန္တရာယ်များလွန်းလို့ သူ့မိသားစုအတွက် ကြောက်တယ်လို့ ကျွန်တော့်ကို ပြောပြပါတယ်။ သူတို့ လုပ်နိုင်မယ်လို့ မထင်ထားဘူးလို့ ဆိုပါတယ်၊ ဒါပေမယ့် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့တော့ သဘောတူခဲ့ပါတယ်။
အာဇစ်ရဲ့ အသံက မျှော်လင့်ချက်မဲ့ပုံ ပေါက်နေတော့ ကျွန်တော့်ညီအစ်ကိုကို ကျွန်တော် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ စပြီးထင်လာတာ ဝန်ခံရမှာပါ။

နောက်တစ်နေ့မနက်၊ ဩဂုတ်လ ၂၀ ရက် သောကြာနေ့မှာ အာဇစ်က သူ့မိသားစုကို ဂိတ်ပေါက်တစ်ခုနဲ့ ကိုက်တစ်ရာအတွင်းမှာ ရှိနေအောင် လုပ်ထားတယ်လို့ ပြောလာတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဂိတ်ဘက် မဟုတ်..။ ကျွန်တော်တို့အုပ်စုထဲက ရှောင်က လေဆိပ်ရဲ့ တစ်ဖက်ခြမ်းမှာ သူတို့ကို စောင့်နေတာ..။

ကျွန်တော် ရှောင့်ကို အကြောင်းကြားပြီး ထပ်တိုးပြောလိုက်တာက "သူတို့ အဲဒီမှာ နေနိုင်မှာ မဟုတ်ဘူး၊ အခု သူတို့ကို ရအောင် ခေါ်ထုတ်ရမယ်” ဆိုတာပါပဲ။.. .....
မင်းမြတ်စံ (မြန်မာပြန်)

 #အဇာဘိုင်ဂျန်လေယာဉ်ပျက်ကျခြင်းဇာတ်ကြောင်း--------------အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးစဉ် JS-8432 လေယာဉ်ဟာ ခရစ္စမတ်နေ့...
27/12/2024

#အဇာဘိုင်ဂျန်လေယာဉ်ပျက်ကျခြင်းဇာတ်ကြောင်း
--------------
အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးစဉ် JS-8432 လေယာဉ်ဟာ ခရစ္စမတ်နေ့က ရုရှား Pantsir S1 တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးလက်နက်နဲ့ ပစ်ခတ်ခံရပြီးနောက် ကာဇက်စတန်မှာ ပျက်ကျခဲ့တာလို့ ယူကရိန်းစစ်ထောက်လှမ်းရေး GRU အကြီးအကဲ Kyrylo Budanov က The War Zone ကို ပြောခဲ့ပါတယ်။

ဒီပြောဆိုချက် မှန်မမှန် The War Zone က အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ရုရှား၊ အဇာဘိုင်ဂျန်နဲ့ ကာဇက်စတန် အာဏာပိုင်တွေက လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ကောက်ချက်ချမစောဖို့ တိုက်တွန်းထားပါတယ်။

ပျက်ကျမှုမတိုင်ခင် ခရီးသည်တစ်ဦး ရိုက်ကူးထားတဲ့ဗီဒီယိုမှာ ရုရှားမြေပြင်မှဝေဟင်ပစ်ဒုံးကျည်ကြောင့် ပျက်စီးပုံနဲ့ ကိုက်ညီတဲ့ လေယာဉ်ကိုယ်ထည်အတွင်း အပေါက်တွေ မြင်ရတယ်လို့ Azeri Times တွစ်တာအကောင့်က ဖော်ပြခဲ့ပါတယ်- ဗီဒီယိုဖိုင်မှာ အစအနထိမှန်တဲ့ အမျိုးသမီးတစ်ဦး ခြေထောက်ကနေ သွေးထွက်နေတာကိုလည်း တွေ့ရတယ် ဆိုပါတယ်။
ပျက်ကျပြီးနောက် ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမှာလည်း အမြီးပိုင်းဟာ အစအနတွေ ထိမှန်ထားပုံရပါတယ်။

လေယာဉ်မပျက်ကျခင် လေယာဉ်မှူးတွေက ဆင်းဖို့ကြိုးပမ်းနေတာတွေ မြင်တွေ့နိုင်ပြီး အထက်ကိုတက်လိုက် မတ်မတ်ပြန်ဆင်းလိုက်နဲ့ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးချဉ်းကပ်မှုမှာတော့ ဘရာဇီးလုပ် Embraer 190 လေယာဉ်ဟာ မတ်စောက်တဲ့ထောင့်ကနေ ထပ်ဆင်းလာပြီး ညာဘက်ကိုစောင်းလို့ ကာဇတ် Aktau မြို့ပြေးလမ်း မရောက်ခင် ၃ ကီလိုမီတာမှာ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ဦးတည်ရာ ရုရှားမြို့ Grozny အထက်မှာ ယူကရိန်းဒရုန်းလှုပ်ရှားမှုတွေ ရှိနေတုန်း Flight 8432 ကို ဒုံးကျည်နဲ့ မှားယွင်း ပစ်ခတ်ခဲ့ပြီး ဒုံးကျည်ဟာ လေယာဉ်ဘေးမှာ ပေါက်ကွဲခဲ့တာကြောင့် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို ထိမှန်ခဲ့တယ်လို့ အဇာဘိုင်ဂျန်အစိုးရသတင်းရင်းမြစ်တွေအရ Euronews က ရေးပါတယ်။
လေယာဉ်မှူးတွေက အရေးပေါ်ဆင်းသက်ခွင့် တောင်းဆိုခဲ့ပေမယ့် ပျက်စီးသွားတဲ့လေယာဉ်ကို ရုရှားလေဆိပ်တွေမှာ ဆင်းခွင့်မပေးဘဲ ကက်စပီယံပင်လယ်ကိုဖြတ်ပြီး ကာဇက်စတန်က Aktau ကို ပျံသန်းဖို့ အမိန့်ပေးခဲ့တယ် ဆိုပါတယ်။

အချက်အလက်တွေအရ လေယာဉ်ရဲ့ GPS လမ်းကြောင်းပြစနစ်တွေဟာ ပင်လယ်ရေပြင်အထက် ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်မှာ ပိတ်ဆို့ခံထားရပါတယ်။

လေယာဉ်ဟာ မူလခရီးစဉ်အရ အဇာဘိုင်ဂျန်မြို့တော် Baku ကနေ ရုရှား Grozny ကို ပျံသန်းခဲ့တာပါ၊ နောက်မှ လမ်းကြောင်းပြောင်း ဦးတည်ပြီး အခု ပျက်ကျတဲ့ ကာဇတ်မြို့ Aktau ဟာ Grozny ရဲ့ အရှေ့ဘက် မိုင် ၃၀၀ နီးပါးမှာ ရှိပါတယ်။

လူ ၆၇ ဦးပါ လေယာဉ်ကို ‌လေယာဉ်မှူးက ချေချင်းဒေသ Grozny မြို့မှာ မြူထူထပ်တဲ့ကြားက ဆင်းသက်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သေးတယ်လို့လည်း အသက်ရှင်ကျန်ရစ်နေတဲ့ ခရီးသည်တစ်ယောက်က ရုရှားတီဗွီကို ပြောခဲ့ပါတယ်။

ကာဇက်စတန်သယ်ယူပို့ဆောင်ရေးဝန်ကြီးက လေယာဉ်ပျက်မကျခင် ၄၅ မိနစ်မှာ ရုရှားကနေ ကာဇက်ထိန်းချုပ်ရေးစင်တာတစ်ခုဆီ အချက်ပြမှုတစ်ခုရခဲ့တယ် ဆိုပါတယ်။ ရုရှားဝန်ထမ်းက အဲဒီလေယာဉ်ဟာ ထိန်းချုပ်စနစ် ချို့ယွင်းနေပြီး ရာသီဥတုဆိုးတဲ့အတွက် လေယာဉ်အမှုထမ်းတွေက Aktau ကို ပျံသန်းဖို့ ဆုံးဖြတ်ခဲ့တာကို လှမ်းသတင်းပေးတာ ဆိုပါတယ်- ချို့ယွင်းမှုဆိုတာ ခရီးသည်တင်ခန်းအတွင်း အောက်ဆီဂျင် တိုင်ကီတစ်ခု ပေါက်ကွဲခဲ့ပြီး ခရီးသည်တချို့ သတိလစ်သွားတယ် ဆိုပါတယ်။

လေယာဉ်ဟာ အဇာဘိုင်ဂျန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီ ၅၅ မိနစ်မှာ ထွက်ခွာခဲ့ပြီး မနက် ၁၀ နာရီ ၂၈ မိနစ်မှာ ပျက်ကျခဲ့တာလို့ Flightradar24 ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

လေယာဉ်အနေနဲ့ ပြင်းထန်တဲ့ GPS ပိတ်ဆို့မှုနဲ့ ကြုံရတယ်ဆိုတာ ယူကရိန်းနဲ့စစ်ပွဲကြောင့် ရုရှားအီလက်ထရွန်နစ် စစ်ဆင်ရေး(EW) စနစ်ကြောင့်လို့လည်း ကျွမ်းကျင်သူတချို့က ပြောပါတယ်။
ဒါကြောင့် လေယာဉ်ဟာ ရုရှားလေပိုင်နက်အတွင်း Flightradar24 ရေဒါကနေ ပျောက်ကွယ်သွားပြီး ကက်စပီယံပင်လယ်ပြင် ရောက်မှသာ ပြန်ပေါ်လာခဲ့တယ် ဆိုပါတယ်။

ရုရှားသတင်းရင်းမြစ်တွေကလည်း ဒီလေယာဉ် ချေချင်းညာကို ပျံသန်းချိန်မှာ ရုရှားလေကြောင်းရန် ကာကွယ်ရေး စနစ်တွေက ယူကရိန်းဒရုန်းတွေကို ပစ်ချဖို့ ကြိုးပမ်းနေချိန်လို့ ဆိုပါတယ်။ ချေချင်းလုံခြုံရေးကောင်စီ အကြီးအကဲက Grozny ကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အသေအပျောက် မရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။

နောက်ဆုံးမှာ ပျက်ကျခဲ့တယ်ဆိုပေမယ့် ရေပြင်ကျယ်ကြီးပေါ်က မိုင် ၁၉၀ နီးပါး အပါအဝင် မိုင် ၃၀၀ နီးပါး မောင်းခဲ့ရတဲ့ လေယာဉ်မှူးတွေ အရည်အချင်းမသေးဘူးလို့လည်း ပြောကြပါတယ်။

လေယာဉ်ပျက်ကျမှုမှာတော့ လေယာဉ်မှူးကြီး Igor Kshnyakin၊ တွဲဖက်လေယာဉ်မှူး Aleksandr Kalyaninov နဲ့ လေယာဉ်ဝန်ထမ်း Hokuma Aliyeva တို့ သေဆုံးခဲ့ပါတယ်။ တခြားလေယာဉ်အမှုထမ်းနှစ်ဦးတော့ အသက်ရှင်ကျန်ရစ်ပြီး ဆေးကုသနေပါတယ်။

လေယာဉ်ပေါ်ပါ လူ ၆၇ ဦးအနက် ၃၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ခရီးသည်တင် ဂျက်လေယာဉ် ပျက်ကျမှုဟာ ရုရှား လေကြောင်းရန်ကာကွယ်ရေးလက်ချက်လို့ အမေရိကန်ကလည်း ပြောလာပါတယ်။ ယူကရိန်းဒရုန်းနဲ့ တိုက်ခိုက်ချိန်မှာ လေ့ကျင့်သင်ကြားမှု ညံ့ဖျင်းတဲ့ ရုရှားလေကာတပ်က မှားယွင်းပစ်ခတ်ခဲ့တာလို့ အမေရိကန်အရာရှိတွေက စွပ်စွဲပါတယ်။

စာရင်းချုပ်လိုက်တော့ လေယာဉ်ပေါ်ပါသူ ၆၇ ဦးအနက် လေယာဉ်မှူး ၂ ဦးနဲ့ လေယာဉ်အမှုထမ်းတစ်ဦး အပါအဝင် ၃၈ ဦးထက်မနည်း သေဆုံးပါတယ်။ ကလေးငယ် ၂ ဦးအပါ အသက်ရှင်ကျန်ရစ်သူ ၂၉ ဦး ရှိပါတယ်။

လိုက်ပါစီးနင်းသူ ၃၇ ဦးက အဇာဘိုင်ဂျန်၊ ၁၆ ဦးက ရုရှား၊ ကာဇက်စတန်က ၆ ဦးနဲ့ ကာဂျစ္စတန်က ၃ ဦးပါ။

ဘာပဲဖြစ်ဖြစ် သေဆုံးသွားတဲ့ လေယာဉ်မှူးတွေဟာ ပြင်းထန်တဲ့အခြေအနေမှာ ပင်လယ်ပြင်ကြီးကို မိုင်ရာဂဏန်း ဖြတ်ပျံပြီး ခရီးသည်တွေ ဘေးကင်းအောင် တတ်နိုင်သမျှ ကြိုးပမ်းခဲ့တာကို အသိအမှတ်ပြုကြပါတယ်။ Aktau ပြေးလမ်းနဲ့ ၃ ကီလိုမီတာအလိုကျမှ အခုလို ပျက်ကျခဲ့တာကတော့ ဘယ်လိုမှ မထိန်းနိုင်လောက်အောင် လေယာဉ်ချို့ယွင်းသွားလို့ ဖြစ်ပုံရပါတယ်။

လေယာဉ်ပျက်ကျချိန်မှာ အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev ဟာ စိန့်ပီတာစဘတ်မြို့မှာလုပ်မယ့် CIS အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလွတ်သဘော ထိပ်သီးအစည်းအဝေးတက်ဖို့ ရုရှားကို လေယာဉ်စီးနေတုန်းပါ။ သတင်းကြားတာနဲ့ သူ့လေယာဉ်ကို မြို့တော် ပြန်လှည့်ဖို့နဲ့ လေယာဉ်ပျက်ကျမှုကို ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ ရုရှားနဲ့ ကာဇတ်လိုပဲ အဇာရီကလည်း အပြည့်အဝ စုံစမ်းစစ်ဆေးပြီးမှ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်း ထုတ်ပြန်မယ်လို့ ဆိုခဲ့ပါတယ်။ သီအိုရီတွေ အမျိုးမျိုးရှိပေမယ့် အဲဒါတွေကို ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ထင်ကြောင်း သမ္မတ Aliyev က ပြောပါတယ်။
(The War Zone ဆောင်းပါး အကျဉ်းချုပ် ပြန်ဆိုချက်သာ)

ပြင်သစ်မှာ Mirage 2000 5F တိုက်လေယာဉ်အတွက် ယူကရိန်းလေယာဉ်မှူးနဲ့ မက္ကင်းနစ်တွေလေ့ကျင့်မှု ပြီးစီးသွားပြီလို့ သိရပါတယ်။Mi...
25/12/2024

ပြင်သစ်မှာ Mirage 2000 5F တိုက်လေယာဉ်အတွက် ယူကရိန်းလေယာဉ်မှူးနဲ့ မက္ကင်းနစ်တွေ
လေ့ကျင့်မှု ပြီးစီးသွားပြီလို့ သိရပါတယ်။
Mirage 2000 5F လေယာဉ်တွေ လွှဲပြောင်းပေးမှုက ၂၀၂၅ ဇန်နဝါရီမှာ စတင်မှာဖြစ်ပြီး
အရေအတွက်တော့ မသဲကွဲသေးပါဘူး။

 #ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး_ဗုံးဖေါက်ခွဲလုပ်ကြံခံရ------------ဓာတုလက်နက်အသုံးပြုမှုဖြင့် ယူကရိန်းစစ်တပ်က အလိုရှိကြောင်း ...
17/12/2024

#ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး_ဗုံးဖေါက်ခွဲလုပ်ကြံခံရ
------------

ဓာတုလက်နက်အသုံးပြုမှုဖြင့် ယူကရိန်းစစ်တပ်က အလိုရှိကြောင်း ထုတ်ပြန်ထားသည့် ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး မော်စကိုတွင် အင်္ဂါနေ့က အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့သည့် ဗုံးကြောင့် သေဆုံးသွားခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

ရုရှား၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုဗေဒ ကာကွယ်ရေးတပ်ဖွဲ့များကို ကွပ်ကဲသည့် ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်သည် ကရင်မလင်နန်းတော်၏ အရှေ့တောင်ဘက် ၇ ကီလိုမီတာ (၄ မိုင်) အကွာရှိ တိုက်ခန်းအပြင်ဘက်တွင် လျှပ်စစ်စကူတာအတွင်း ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများပေါက်ကွဲမှုကြောင့် လက်ထောက်ဖြစ်သူနှင့်အတူ သေဆုံးသွားခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောကြားခဲ့သည်။

ရာဇ၀တ်မှုအခြေအနေအားလုံးကို ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများနှင့် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် ဟု ကော်မတီက ပြောသည်။

အဝေးမှ ဖောက်ခွဲခဲ့သည့် ပေါက်ကွဲစေတတ်သော ကိရိယာ၏ စွမ်းအားမှာ TNT ဂရမ် ၃၀၀ ခန့်ရှိကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် တားမြစ်ဓာတုလက်နက်များ အသုံးပြုမှုနှင့်ပတ်သက်၍ ယူကရိန်းအစိုးရရှေ့နေများက အဆိုပါ ဗိုလ်ချုပ်ကြီးကို မျက်ကွယ်တွင် စွဲချက်တင်ပြီးနောက် တစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ယူကရိန်း ထောက်လှမ်းရေး အဆိုအရ စစ်ပွဲအစကတည်းက ကီရီလော့ဗ်၏အမိန့်အရ ရုရှားဓာတုလက်နက်အသုံးပြုမှု ၄၈၀၀ ကျော်ကို မှတ်တမ်းတင်ထားသည်။

 #ယူကရိန်းအရှေ့ပိုင်းတပ်မှူး_အပြောင်းအလဲလုပ်---------------------ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်းညက်စ်ဒေသတပ်ဖွဲ့များ၏ တပ်မှ...
15/12/2024

#ယူကရိန်းအရှေ့ပိုင်းတပ်မှူး_အပြောင်းအလဲလုပ်
---------------------

ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်းညက်စ်ဒေသတပ်ဖွဲ့များ၏ တပ်မှူးကို အစားထိုးခဲ့ကြောင်း စစ်ဘက်အရာရှိတစ်ဦးက စနေနေ့တွင် ပြောဆိုခဲ့သည်။

ယူကရိန်း ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ တာနာဗာစကီးသည် ဒေသစစ်ဆင်ရေးနှင့် နည်းဗျူဟာအဖွဲ့၏ အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ လွတ်ဆန်ကို နေရာတွင် အစားထိုးတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

လွတ်ဆန်ကိုသည် အဓိကကျသည့် ပေါ့ရိုဗာ့စ်ခ်မြို့တွင် မကြာသေးမီက ရုရှားထိုးစစ်ကို ရပ်တန့်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုကဲ့သို့ အစားထိုးခံလိုက်ရခြင်း ဖြစ်သည်။

ရုရှားတပ်ဖွဲ့များသည် ပေါ့ရိုဗာ့စ်ခ်မြို့မှ ၃ ကီလိုမီတာ (၁.၉ မိုင်) အကွာတွင် ရောက်ရှိနေပြီဖြစ်ပြီး လအတော်ကြာ အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါမြို့သည် ဒွန်းညက်စ်နှင့် ဒနီပရိုပက်ထရိုဗာ့စ်ခ် ဒေသများမှ ၁၁ မိုင်အကွာတွင် တည်ရှိပြီး မော်စကို အတွက် မဟာဗျူဟာမြောက် ပစ်မှတ်ဖြစ်သည် ။

ယင်းဒေသတွင် ရုရှားတပ်ဖွဲ့များ ရှေ့တိုးနိုင်ခြင်းသည် လများစွာအတွင်း ယူကရိန်းအတွက် အကြီးမားဆုံးသော ဆုတ်ယုတ်မှုတစ်ခုဖြစ်သည်။

စစ်ပွဲအတွင်း အခြားနေရာများအနက် ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှ ယူကရိန်းတပ်များကို မောင်းထုတ်ရန် ကြိုးပမ်းမှုတွင် မော်စကိုသည် သိသာထင်ရှားသည့် မြောက်ကိုးရီးယားတပ်ဖွဲ့ဝင် အရေအတွက်ကို စတင်ချထားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက စနေနေ့တွင် ပြောကြားခဲ့သည် ။

ယူကရိန်းသည် သြဂုတ်လတွင် ကာ့စ်ခ်ဒေသသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် အခြေချတပ်စွဲမှုအချို့ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။

ရုရှားတို့သည် မြောက်ကိုရီးယားများကို ပေါင်းစပ်တပ်ဖွဲ့များတွင် ထည့်သွင်းထားပြီး ကာ့စ်ခ်ဒေသ စစ်ဆင်ရေးများတွင် အသုံးပြုလာပြီး အများအပြား ထိခိုက်ဆုံးရှုံးခဲ့သည်ဟုလည်း ဇီလန်းစကီးက ပြောသည်။

 #အရှေ့အလယ်ပိုင်းမျက်နှာစာ_အပြောင်းအလဲ------------------------------------------------------------------ဆီးရီးယားတနိုင်င...
11/12/2024

#အရှေ့အလယ်ပိုင်းမျက်နှာစာ_အပြောင်းအလဲ
------------------------------------------------------------------
ဆီးရီးယားတနိုင်ငံလုံး စစ်ဘက်ပစ်မှတ်တွေက အစ္စရေးက လေကြောင်းတိုက်ခိုက်တွေ လုပ်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် စစ်မဲ့ကြားခံဇုန်မှာ မြေပြင်တပ်တွေ ချထားခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ရက်အတွင်း တိုက်ခိုက်မှုပေါင်း ၄၈၀ လောက် လုပ်ခဲ့ပြီး ဆီးရီးယားရဲ့ ဗျူဟာမြောက် လက်နက်သိုလှောင်ရုံ အများစုကို ဖျက်ဆီးခဲ့တယ်၊ အစ္စရေးရေတပ်ကလည်း ဆီးရီးယားရေတပ်သင်္ဘောတွေကို ညလုံးပေါက် တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

ဆီးရီးယားက အာဆတ်အစိုးရ ပြိုကွဲသွားတာဟာ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနဲ့ အီရန်တို့အပေါ် ပြင်းထန်တဲ့ ထိုးနှက်ချက်တွေရဲ့ တိုက်ရိုက်ရလာဒ် ဆိုပါတယ်။ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေအတွက် ပြန်လည်ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် အသုံးပြုခွင့်ပေးခဲ့တဲ့ အီရန်ရဲ့ ခိုင်မာတဲ့ မဟာမိတ် အာဆတ် ကျဆုံးမှုကို အစ္စရေး အခွင့်ကောင်း အပြည့်ယူနေတာပါ။

ဆီးရီးယား စစ်ဘက်ဂိုဒေါင်တွေထဲက ဓာတုလက်နက်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေကို အစွန်းရောက်တွေလက်ထဲ မရောက်အောင် ဗုံးကြဲပစ်တာလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်မှုဟာ ၁၅ နှစ်အတွင်း ဒမတ်စကတ်မှာ အပြင်းထန်ဆုံးပါ။ လေကြောင်းတိုက်ခိုက်မှု ၄၈၀ အနက် ၃၅၀ လောက်က ဒမတ်စကတ်၊ ဟုမ်းစ်၊ တာတပ်စ်၊ လာတာကီအာနဲ့ ပါလ်မီယာက ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ တင့်ကားတွေနဲ့ ကပစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားပြည်တွင်းရေးမှာ ဝင်မစွက်ပေမယ့် ဆီးရီးယားတောင်ပိုင်းမှာ နည်းဗျူဟာမြောက်လက်နက်တွေနဲ့ အကြမ်းဖက်အခြေခံအဆောက်အအုံတွေ ကင်းစင်တဲ့ လုံခြုံရေးဇုန်တစ်ခုကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။

အစ္စရေးတပ်တွေဟာ ဆီးရီးယားတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ၁၉၆၇ ခုနှစ်က ဂိုလန်ကုန်းမြင့်နေရာအများစုကို သိမ်းပိုက်ပြီးနောက် ၁၉၇၄ ခုနှစ်မှာ ကြားခံဇုန်တစ်ခု ထူထောင်ခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ ဂိုလန်ကုန်းမြင့်ကို အစ္စရေးနယ်မြေထဲ ထည့်ခဲ့ပေမယ့် နိုင်ငံတကာဥပဒေအရ ဆီးရီးယားနယ်မြေကို သိမ်းပိုက်တယ်လို့ သတ်မှတ်ဆဲပါ။ အခုအခါ ကြားခံဇုန်မှာပါ အစ္စရေး တပ်စွဲထားလိုက်တာ ဖြစ်ပါတယ်။

အီရန်နဲ့ သူ့ဩဇာခံတွေရဲ့ ဝင်ရိုးက မပျောက်သေးပေမယ့် အရှေ့အလယ်ပိုင်းရဲ့ မျက်နှာစာကို အစ္စရေးက ပြောင်းလဲပစ်နေပါတယ်။

 #၂၄ နှစ်ကြာ_သမ္မတအာဆတ်အုပ်ချုပ်မှု_၁၁ရက်အတွင်း_အဆုံးသတ်ခဲ့ပုံ---------------ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှ...
09/12/2024

#၂၄ နှစ်ကြာ_သမ္မတအာဆတ်အုပ်ချုပ်မှု_၁၁ရက်အတွင်း_အဆုံးသတ်ခဲ့ပုံ

---------------
ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေးသမားတွေက မြို့တော် ဒမတ်စကတ်ကို သိမ်းပိုက်ပြီး သမ္မတ ဘာရှား အဲလ် အာဆတ် နိုင်ငံကနေ ထွက်ပြေးသွားပြီလို့ ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်က စတင်ခဲ့တဲ့ လျှပ်တစ်ပြက်ထိုးစစ်နဲ့ တိုက်ခိုက်ရေးသမားတွေက ဗျူဟာမြောက်မြို့တစ်မြို့ကို စတုတ္ထမြောက် သိမ်းပိုက်ပြီးနောက် နာရီပိုင်းအတွင်း အာဆတ်ထွက်ပြေးတဲ့သတင်း ထွက်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက်မှာတော့ ထွက်ပြေးတဲ့ အာဆတ် မော်စကို ရောက်နေတာ အတည်ပြုနိုင်ပါတယ်။

ထိုးစစ်မစခင် ၂၀၂၀ မတ်လထဲက ဆီးရီးယားမှာ အစိုးရနဲ့ အတိုက်အခံ အပစ်ရပ်ထားပါတယ်။ ရုရှားသမ္မတပူတင်နဲ့ တူရကီသမ္မတ အာဒိုဂမ် ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ခဲ့တာဖြစ်ပြီး ဆီးရီးယား အတိုက်အခံတပ်ဖွဲ့ အများစုမှာ အနောက်မြောက်ပိုင်း အီဒစ်နယ်မြေမှာ ရှိခဲ့ပါတယ်။

အခု နိုဝင်ဘာ ၂၇ ရက်မတိုင်ခင် မြေပြင်မှာ အဓိကအုပ်စုလေးခုဟာ နယ်မြေထိန်းချုပ်ဖို့ အပြိုင်အဆိုင် ဖြစ်ခဲ့ပါတယ်-
(၁) ဆီးရီးယားအစိုးရတပ်- အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ဟဇ်ဘိုလာ၊ အီရန်နဲ့ ရုရှားတို့က ပံ့ပိုးပါတယ်။
(၂) ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့- ကာ့ဒ်တွေကြီးစိုးပြီး အမေရိကန်နောက်ခံပြုအဖွဲ့ဖြစ်ပြီး ဆီးရီးယားအရှေ့ပိုင်းက အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပါတယ်။
(၃) HTS နဲ့ တခြား မဟာမိတ် သူပုန်အဖွဲ့တွေ- ဒီထိုးစစ်မတိုင်ခင် နှစ်ပေါင်းများစွာထဲက အီဒစ်ကို ထိန်းချုပ်ခဲ့တဲ့ အကြီးဆုံး တိုက်ခိုက်ရေး တပ်ဖွဲ့ ။
(၄) တူရကီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆီးရီးယားသူပုန်တပ်ဖွဲ့- ဆီးရီးယားမြောက်ပိုင်းက တူရကီနောက်ခံပြု သူပုန်တပ်ဖွဲ့။

#နေ့_၁ – နိုဝင်ဘာ ၂၇
အစ္စရေး- လက်ဘနွန် အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီး တစ်ရက်အကြာ၊ နိုဝင်ဘာ ၂၇ ရက်မှာ HTS ဦးဆောင် ဆီးရီးယားသူပုန်တပ်ဖွဲ့တွေ နိုင်ငံအနောက်မြောက်ပိုင်း အီဒစ်နယ်မြေက သူတို့စခန်းတွေကနေ ထိုးစစ်ဆင်ခဲ့တယ်။
ဒီမတိုင်ခင် ရက်သတ္တပတ်တွေအတွင်း အရပ်သားအများအပြားသေဆုံးစေခဲ့တဲ့ အရီဟာနဲ့ ဆာမာဒါ အပါအဝင် အီဒစ်မြို့တွေကို အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တာဆိုခဲ့တယ်။
ညနေပိုင်းမှာ ဒီအဖွဲ့ဟာ အလက်ပိုမြို့အနောက်ဘက်ကို ရောက်လာပြီး စစ်ဘက်နေရာတွေအပါအဝင် အစိုးရလိုလားတဲ့တပ်ဖွဲ့တွေဆီက အနည်းဆုံး ရွာ ၁၉ ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်။ ရုရှားလေတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီး သူပုန်ထိန်းချုပ်နေရာတွေကို ဆီးရီးယားအစိုးရက ဒုံးကျည်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

#နေ့_၂ - နိုဝင်ဘာ ၂၈
သူပုန်တွေ နယ်မြေပိုသိမ်းပိုက်နိုင်ခဲ့ပြီး ကီလိုမီတာ ၃၀၀ အကွာ မြို့တော် ဒမတ်စကတ်ကို ဦးတည်တဲ့ မဟာဗျူဟာမြောက် M5 အဝေးပြေးလမ်းမကြီးဆီ စတင်ချီတက်ခဲ့တယ်။

#နေ့_၃ - နိုဝင်ဘာ ၂၉
သူပုန်တပ်ဖွဲ့တွေဟာ အလက်ပိုမြို့အနောက်ဘက်ခြမ်းက အစိုးရတပ်တွေကို ကားဗုံးနှစ်လုံးနဲ့ ဖောက်ခွဲပြီးနောက် မြို့ရဲ့ အစိတ်အပိုင်းတွေအတွင်း ဝင်ရောက်ခဲ့တယ်။ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ရုရှားက ဆီးရီးယားစစ်တပ်ကို လေကြောင်း ထောက်ပံ့မှု ပေးနေတယ်လို့ ပြောခဲ့တယ်။

#နေ့_၄ - နိုဝင်ဘာ ၃၀
သူပုန်တွေ အလက်ပိုမြို့ကို သိမ်းပိုက်ပြီးနောက် တောင်ဘက်၊ ဟာမာမြို့ဆီ ချီတက်ခဲ့ကြတယ်

#နေ့_၅ - ဒီဇင်ဘာ ၁
ဆီးရီးယားနဲ့ ရုရှားဂျက်လေယာဉ်တွေက အစိုးရတပ်တွေနဲ့အတူ သူပုန်တိုက်စစ်အဟုန်ကို နှေးကွေးအောင် ကြိုးပမ်းခဲ့တယ်- အိဒစ်နဲ့ အလက်ပိုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့တယ်.

#နေ့_၅ - ဒီဇင်ဘာ ၂
ဆီးရီးယားရဲ့စတုတ္ထအကြီးဆုံးနဲ့ အချက်အချာ ဟာမာမြို့သို့ ဆီးရီးယား သူပုန်တွေ ချီတက်တိုက်ခိုက်ခဲ့တယ်။

#နေ့_၇ – ဒီဇင်ဘာ ၃
ဟာမာမြို့ကို ချီတက်ဖို့ ကြိုးပမ်းနေတဲ့ သူပုန်တပ်တွေကို ပြန်တွန်းလှန်ခဲ့တယ်လို့ ဆီးရီးယားအစိုးရက ပြောပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အတိုက်အခံတပ်ဖွဲ့တွေကလည်း ပြင်းထန်တဲ့တိုက်ပွဲတွေမှာ အစိုးရတပ်သားတွေနဲ့ အီရန်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေကို ပိုဖမ်းဆီးရမိခဲ့တယ် ပြောပါတယ်။

#နေ့_၈ – ဒီဇင်ဘာ ၄
အတိုက်အခံ သူပုန်တပ်တွေ ဟာမာပြည်နယ်က မြို့တွေကို သိမ်းပိုက်နိုင်လို့ တောင်ဘက်ကို ဆက်လက် ချီတက်ခဲ့ကြတယ်။

#နေ့_၉ - ဒီဇင်ဘာ ၅
သူပုန်တွေက ဟာမာမြို့ကို အပြည့်အဝ ထိန်းချုပ်ထားကြောင်း ကြေညာခဲ့တယ်။ တာတွတ်စ်နဲ့ လာတာကီယာ ကမ်းရိုးတန်းမြို့တွေကို ကျန်ဒေသတွေနဲ့ ခွဲထုတ်ဖို့ ခြေတစ်လှမ်း ပိုနီးကပ်စေခဲ့တယ်။
လာတာကီယာဟာ အာဆတ်နဲ့ ဆီးရီးယား အလာဝိုက် ရှီအာမွတ်စလင် အသိုက်အဝန်းအတွက် အဓိက နိုင်ငံရေး အမာခံနယ်မြေဖြစ်ပြီး ဗျူဟာမြောက် ရုရှားရေတပ်အခြေစိုက်စခန်းလည်း ရှိတယ်။

#နေ့_၁၀ - ဒီဇင်ဘာ ၆
ဟားမားကို သိမ်းပိုက်လိုက်ခြင်းက ဆီးရီးယား တတိယအကြီးဆုံးမြို့ ဟုမ်းစ်ကို လမ်းခင်းပေးခဲ့တယ်။ ဟုမ်းစ်ဟာ ဆီးရီးယားကမ်းရိုးတန်းဒေသတွေနဲ့ ဒမတ်စကတ်ကို ဆက်သွယ်ထားသော အဓိကလမ်းဆုံမြို့- ဟာမာမြို့တောင်ဘက် ၄၆ ကီလိုမီတာ (၂၉ မိုင်)အကွာမှာ တည်ရှိတယ်။
ဆီးရီးယား အစိုးရတပ်တွေက သူပုန်ထိုးစစ်ရပ်တန့်အောင် လမ်းမကြီးပေါ် လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့တယ်။

#နေ့_၁၁ – ဒီဇင်ဘာ ၇
တောင်ပိုင်းသူပုန်တပ်ဖွဲ့တွေ စတင်လှုပ်ရှားခဲ့ပြီး ဒီရားအခြေစိုက် အတိုက်အခံ တိုက်ခိုက်ရေးသမားတွေက ဒေသမြို့တော်ကို သိမ်းပိုက်ခဲ့တယ်။ တစ်ပတ်အတွင်း သမ္မတ အာဆတ်တပ်ဖွဲ့တွေအတွက် စတုတ္ထမြောက် ဗျူဟာမြောက် ဆုံးရှုံးမှုဖြစ်တယ်။

အဲဒီနေ့မှာပဲ သူပုန်တိုက်ခိုက်ရေးသမားတွေ မြို့တော် ဒမတ်စကတ်ကနေ ကီလိုမီတာ အနည်းငယ် အကွာအဝေးအတွင်း ရောက်လာတယ်။ ညနေပိုင်းမှာ ဆင်ခြေဖုံးကို ရောက်လာပြီး ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။

#နေ့_၁၂ - ဒီဇင်ဘာ ၈
ဆီးရီးယားသမ္မတ အာဆတ် ရာထူးကဆင်းပြီး နိုင်ငံက ထွက်ခွာသွားပြီလို့ ရုရှားက အတည်ပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်မှာတော့ သမ္မတအာဆတ် မော်စကိုမှာ ရောက်ရှိနေပြီး နိုင်ငံရေးခိုလှုံခွင့် ပေးထားတယ်လို့ ရုရှားက ကြေညာခဲ့ပါတယ်။ ဆီးရီးယားမှာ အာဆတ်ကို ကူညီဖို့ လာအခြေစိုက်ထားတဲ့ ရုရှားရေတပ်နဲ့ လေတပ်စခန်းက လက်နက်ကိရိယာတွေ စတင်ရွှေ့ပြောင်းနေပြီ ဖြစ်ပါတယ်။

 #တရုတ်J_35တိုက်ယောဉ်_ပါကစ္စတန်ဝယ်ယူမည်----------------------ပါကစ္စတန်အစိုးရဟာ တရုတ် J-35 ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဝ...
07/12/2024

#တရုတ်J_35တိုက်ယောဉ်_ပါကစ္စတန်ဝယ်ယူမည်
----------------------
ပါကစ္စတန်အစိုးရဟာ တရုတ် J-35 ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အတည်ပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီလေယာဉ်တွေကို ၂၄ လအတွင်း သုံးစွဲဖို့ စီစဉ်ထားပါတယ်။

လက်ရှိ ပါကစ္စတန်ရေတပ်မှာ စွမ်းရည်အရှိဆုံးလို့ ယူဆရတဲ့ တရုတ်လုပ် J-10C တိုက်လေယာဉ်တွေ လက်ခံရရှိပြီးနောက် ၂၂ လအကြာမှာ အခုသတင်းထွက်ပေါ်လာတာပါ။ ဒီ့အရင်တစ်နှစ်က ပိုမိုပေါ့ပါးတဲ့ JF-17 Block III တိုက်လေယာဉ်တွေ ရရှိခဲ့ပြီးပါပြီ။

J-35 ဟာ FC-31 ဒီဇိုင်းကို အခြေခံ တီထွင်ထားတဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး တရုတ်ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော အခြေစိုက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်ပါ။
J-35 ကို တရုတ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရားဝင် ထုတ်ဖော်ပြသခဲ့ပါတယ်။

လက်ရှိ ပါကစ္စတန်ရေတပ်ရဲ့ကျောရိုးဖြစ်တဲ့ JF-17 နဲ့ Mirage III တို့ရဲ့ သုံးစွဲ လည်ပတ်မှုကုန်ကျစရိတ်ထက် အဆများစွာ မြင့်မားဖွယ်ရှိပြီး ပိုမိုကြီးမားတဲ့ လေယာဉ်ပါ။
ပါကစ္စတန်ရဲ့J-35 ဝယ်ယူမှုဟာ အိမ်နီးချင်းအိန္ဒိယကို ကာလကြာရှည်စဉ်းစားနေတဲ့ ရုရှား Su-57 ပဉ္စမမျိုးဆက် တိုက်လေယာဉ် ဝယ်ယူဖို့ အစီအစဉ်ကို အရှိန်မြှင့်ဖို့ လှုံ့ဆော်နိုင်ပါတယ်။

ဝယ်ယူမှုမပြုခင် Su-57 ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ စောင့်ဆိုင်းနေတယ်လို့ အိန္ဒိယတာဝန်ရှိသူ‌တွေက ပြောဆိုထားပြီး၊ ယူကရိန်းစစ်ပွဲမှာ အခန်းကဏ္ဍအမျိုးမျိုးနဲ့ တိုက်ခိုက်ခဲ့လို့ ပိုမိုယုံကြည်မှုရှိလာတာာ်လို့ ယူဆကြပါတယ် ။

Pakistan ရဲ့ J-35 သုံးစွဲမှု အတွေ့အကြုံက နိုင်ငံခြားစိတ်ဝင်စားမှု ပိုများလာစေနိုင်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ထိုင်းနဲ့ အယ်လ်ဂျီးရီးယားတို့ဟာ လေယာဉ်အတွက် အလားအလာရှိတဲ့ ဖောက်သည်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

တောင်ကိုရီးယားရေတပ်ဟာ ဖျက်သင်္ဘော ROKS Jeongjo the Great (DDG-995) ကို ဘူဆန်ရေတပ်အခြေစိုက်စခန်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ...
05/12/2024

တောင်ကိုရီးယားရေတပ်ဟာ ဖျက်သင်္ဘော ROKS Jeongjo the Great (DDG-995) ကို ဘူဆန်ရေတပ်အခြေစိုက်စခန်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ တာဝန်ပေးအပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ ရေချခဲ့ပြီး နှစ်နှစ်ကြာ ပင်လယ်ရေကြောင်းစမ်းသပ်မှုခံယူပြီးနောက် ပြီးခဲ့သည့်အပတ်က ROKS Jeongjo the Great ကို ပို့ဆောင်ပေးခဲ့တာပါ။
သင်္ဘောသားတွေ သင်္ဘောနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်မှုပြီးရင် အပြည့်အဝ လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရေတပ်ဟာ အခုအခါ AEGIS စနစ်သုံး ဖျက်သင်္ဘော လေးစင်းကို လည်ပတ်နေပြီဖြစ်ပြီး ၂၀၃၀ မတိုင်ခင် စုစုပေါင်း ခြောက်စင်းကို သုံးနိုင်ဖို့ စီစဉ်ထားပါတယ်။

KDX-III Batch-II ပရိုဂရမ်အောက်မှာ တည်ဆောက်ထားတဲ့ ROKS Jeongjo the Great ဟာ ပိုမိုအားကောင်းတဲ့ BMD၊ မြေပြင်ကို တိုက်ခိုက်မှုနဲ့ ASW စွမ်းရည်တွေဟာ Sejong the Great အတန်းအစား ဖျက်သင်္ဘောတွေထက် သာလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။

 #စမ်းသပ်ဆဲတာလတ်ပစ်ဒုံးကျည်ဖြင့်_ရုရှားကယူကရိန်းကိုတိုက်ခိုက်-------------------------------------ကြာသပတေးနေ့ နံနက်ပိုင်...
22/11/2024

#စမ်းသပ်ဆဲတာလတ်ပစ်ဒုံးကျည်ဖြင့်_ရုရှားကယူကရိန်းကိုတိုက်ခိုက်
-------------------------------------
ကြာသပတေးနေ့ နံနက်ပိုင်းက ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Dnipro မြို့ကို ၎င်း၏ တပ်ဖွဲ့ဝင်များက သမားရိုးကျ တာလတ်ပစ် ဒုံးကျည်အသစ်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
Oreshnik ဟု အမည်ပေးထားသည့် အဆိုပါ ဒုံးကျည်သည် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်နှင့် ဗြိတိန်တို့၏ တာဝေးပစ်လက်နက်များကို ယူကရိန်းတို့က အသုံးပြုနေခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသည် ယင်းရည်ရွယ်ချက်အတွက် ၎င်းတို့၏လက်နက်များကို အသုံးပြုခွင့်ပေးထားသည့် နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်နိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဗြိတိန်တို့သည် အမေရိကန်လုပ် ATACMS နှင့် ဗြိတိန်မှ ထောက်ပံ့ပေးသော Storm Shadow ဒုံးကျည်များကို ယခုသီတင်းပတ်တွင် အသုံးပြုရန် မူဝါဒကို ကြီးကြီးမားမား အပြောင်းအလဲတစ်ခုအဖြစ် ခွင့်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှား၏ ဒုံးကျည်အသစ်ကို အသုံးပြုခြင်းသည် ဤစစ်ပွဲ၏ အတိုင်းအတာနှင့် ရက်စက်ကြမ်းကြုတ်မှု ပြင်းထန်မှု တိုးမြင့်လာသည်ကို ရှင်းလင်းပြနေသည်ဟု ပြောဆိုခဲ့သည်။
“ဒါက ရုရှားဟာ ငြိမ်းချမ်းရေးကို စိတ်ဝင်စားမှုမရှိဘူးဆိုတာကို ပိုသက်သေပြနေပါတယ်” ဟု X မီဒီယာတွင် ရေးသားခဲ့သည်။ ဒုံးကျည်သည် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ၏ လက္ခဏာများရှိကြောင်း အစောပိုင်းတွင် ဇီလန်းစကီးက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက ယူကရိန်းအား တိုက်ခိုက်ရန် ရုရှားသည် "စမ်းသပ်ဆဲ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်" ကို အသုံးပြုခဲ့ကြောင်း၊ အဆိုပါလက်နက် လက်တစ်ဆုပ်စာသာ ပိုင်ဆိုင်ထားနိုင်ဖွယ်ရှိပြီး စစ်ပွဲတွင် ဂိမ်းအပြောင်းအလဲ ဖန်တီးသည့်လက်နက် မဟုတ်ကြောင်း ပြောသည်။
ပင်တဂွန်၏ လက်ထောက်ပြန်ကြားရေးအတွင်းဝန် ဆာဘရီနာ ဆင်းန်က ဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ အသိပေးချက်များအပါအဝင် ပြဿနာများကို ဖလှယ်ရန် အသုံးပြုသည့် နျူကလီးယားအန္တရာယ်လျှော့ချရေးလမ်းကြောင်းများမှတစ်ဆင့် ဒုံးကျည်ပစ်လွှတ်ခြင်းမပြုမီ ရုရှားက အမေရိကန်ကို ကြိုတင်အသိပေးထားကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားမဟုတ်သော အသံထက်မြန်သော ဒုံးကျည်အမျိုးအစား "စမ်းသပ်မှု" ကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ပစ်မှတ်သို့ ရောက်ရှိခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
"အမေရိကန်နဲ့ ဗြိတိန် တာဝေးပစ် လက်နက်တွေ အသုံးပြုတာကို တုံ့ပြန်တဲ့အနေနဲ့ ဒီနှစ် နိုဝင်ဘာ ၂၁ ရက်မှာ ရုရှား လက်နက်ကိုင်တပ်ဖွဲ့တွေက ယူကရိန်းရဲ့ စစ်ရေး-စက်မှုဇုန်တွေထဲက တစ်ခုကို ပေါင်းစပ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ပစ်မှတ်များကို 10 Mach အမြန်နှုန်း သို့မဟုတ် 2.5-3km/s ဖြင့် တိုက်ခိုက်သည့် ဤဒုံးကျည်ကို တန်ပြန်ရန် နည်းလမ်းမရှိကြောင်း ၎င်းကဆိုသည်။
ရုရှားသည် "မည်သည့်တိုးတက်မှုအတွက်မဆို အဆင်သင့်ဖြစ်နေပြီဟု အနောက်အုပ်စုအား သတိပေးခဲ့သည်၊ မည်သူမဆို သံသယရှိနေပါက မဖြစ်သင့်ဘဲ တုံ့ပြန်မှုအမြဲရှိလိမ့်မည်" ဟု သူက သတိပေးခဲ့သည်။

ပူတင်က ဖော်ညွှန်းသည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) သည် ယေဘုယျအားဖြင့် အကွာအဝေး ကီလိုမီတာ ၃၀၀၀ နှင့် ၅၅၀၀ ကြား ရောက်ရှိနိုင်သည်။
ရုရှား၏ပြန်လည်ပြင်ဆင်ထားသော နျူကလီးယားအယူဝါဒ၏ နောက်ကွယ်တွင် ယင်းလက်နက်အသုံးပြုမှုသည် ကြီးမားသောအဓိပ္ပာယ်ရှိနိုင်သည်။ ရုရှားတွင် ကွဲပြားခြားနားပြီး ပိုမိုကြီးမားသည့် ဒုံးကျည်အမျိုးအစားများ ရှိနေပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အဆင်သင့်ဖြစ်နေကြောင်း သိမ်မွေ့စွာ သတိပေးခြင်းဖြစ်နိုင်သည်။
အင်္ဂါနေ့တွင် ရက် ၁၀၀၀ ပြည့်မြောက်သည့် ယူကရိန်းစစ်ပွဲသည် အန္တရာယ်ရှိသော အဆင့်သစ်သို့ ရောက်ရှိနေပုံရချိန်တွင် ပူတင်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 #တရုတ်လေကြောင်းပြပွဲမှ_အဓိကထုတ်ဖေါ်ပြသမှုများ------------------------ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံ၏ အကြီးဆုံး လေကြောင်...
20/11/2024

#တရုတ်လေကြောင်းပြပွဲမှ_အဓိကထုတ်ဖေါ်ပြသမှုများ
------------------------
ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံ၏ အကြီးဆုံး လေကြောင်းပြပွဲတွင် တရုတ်သည် ၎င်း၏ လျင်မြန်စွာ တိုးတက်နေသော စစ်ရေးနည်းပညာကို ပြသခဲ့သည်။
တောင်ပိုင်းမြို့ Zhuhai တွင် နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် အခမ်းအနားသည် မြင့်တက်လာသော ကွန်မြူနစ်ထိန်းချုပ် စူပါပါဝါနိုင်ငံ၏ စစ်တပ်နှင့် စက်မှုစွမ်းအားအတွက် အများသိ ပြတင်းပေါက်တစ်ခု ဖြစ်လာပြီး နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ အကဲဖြတ်ရန် အခွင့်အရေးများ ပေးအပ်လျက်ရှိသည်။
စစ်တပ်ခေတ်မီရေး တွန်းအားပေးရာတွင် တရုတ်သည် လက်နက်သစ် အများအပြားကို အမေရိကန်နှင့် ယှဉ်ပြိုင်နိုင်အောင် တီထွင်ထားသည်ဟု ကျွမ်းကျင်သူများက ရှုမြင်ကြပြီး အာရှတွင် ၎င်း၏ စစ်ဘက်ဆိုင်ရာ တိုးပွားလာမှုကို အခိုင်အမာ လုပ်ဆောင်နေသည်။
ယခုနှစ် အခမ်းအနားတွင် တိုက်လေယာဉ်များနှင့် ဒုံးကျည်များ အပါအဝင် လက်နက်စနစ်သစ်များ ပါဝင်ခဲ့သည်။ ယူကရိန်းစစ်ပွဲ အပါအဝင် စစ်မြေပြင်များတွင် ဒရုန်းတို့၏ အရေးပါသည့်အခန်းကဏ္ဍနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအရေး ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် ပဋိပက္ခများ အပါအဝင် စစ်မြေပြင်များတွင် မောင်းသူမဲ့ လေယာဉ်များအတွက် သီးသန့်နေရာ တစ်ခုကို ပထမဆုံးအကြိမ် ပြသထားသည်။
ခြောက်ရက်ကြာ ပြပွဲတွင် လာရောက်ကြည့်ရှုသူ ၆၀၀၀၀၀ နီးပါးနှင့် ကမ္ဘာလုံးဆိုင်ရာ အမှာစာအတွက် ယွမ်ငွေ ဘီလီယံ ၂၈၀(အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံ) ကျော်ရှိခဲ့သည််။
ပြပွဲတွင် အများကြား ခင်းကျင်းပြသထားသည့် အထင်ရှားဆုံးသော လက်နက်စနစ်သစ်အချို့မှာ-

-A ကိုယ်ပျောက်တိုက်လေယာဉ်
ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြုလုပ်ခဲ့ရပြီး တရုတ်နိုင်ငံ၏ အလွန်မျှော်လင့်ထားသည့် ကိုယ်ပျောက်တိုက်လေယာဉ်သစ် J-35A ကို အမေရိကန်၏ ကိုယ်ပျောက်တိုက်လေယာဉ်စွမ်းရည်နှင့် ကိုက်ညီစေရန် ဘေဂျင်း၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကျယ်ပြန့်စွာ ရှုမြင်ကြသည်။
J-35A သည် ၂၀၁၇ ခုနှစ် J-20 များ စတင်တာဝန်ထမ်းဆောင်ပြီးနောက် တရုတ်၏ ဒုတိယမြောက် ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်သည်။ အမေရိကန်ပြီးလျှင် တရုတ်သည် ဒုတိယမြောက် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် အမျိုးအစားများ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်လာသည်။
J-35A နှင့် US F-35 အကြား အသွင်အပြင် ဆင်တူကြောင်း လေ့လာသူအချို့က သတိပြုမိကြသည်။ တာဘိုဖန် အင်ဂျင်တစ်လုံးပါရှိသည့် F-35 နှင့်မတူသည်က J-35A တွင် အင်ဂျင်နှစ်လုံးတပ်ဆင်ထားခြင်းပင်။
ပျံသန်းရန် အများဆုံး အလေးချိန်သည် တန်ချိန် ၃၀ အနီးသို့ ရောက်ရှိလာဖွယ်ရှိ၍ တရုတ်နိုင်ငံ၏ အလတ်စား ကိုယ်ပျောက် တိုက်လေယာဉ်များအတွက် မျိုးဆက်သစ် အောင်မြင်မှုတစ်ခုဟု တရုတ်သုတေသီများက ချီးမွမ်းသည်။ J-35A သည် လေတပ်သုံး ပုံစံမျိုးကွဲဖြစ်၍ ရေတပ်သုံးမျိုးကွဲကိုလည်း ထုတ်ဖော်ပြသရန် မျှော်လင့်နေကြသည်။
J-35A ၏ အဓိကအင်္ဂါရပ်မှာ ဘက်စုံသုံးနိုင်မှုဖြစ်သည်။ လေကြောင်းတိုက်ခိုက်ရေးတာဝန်များ စွမ်းဆောင်နိုင်ရုံသာမက ဝေဟင်ပစ် ခရုဇ်ဒုံးကျည်များဖြင့် မြေပြင်နှင့် ရေကြောင်းပစ်မှတ်များကိုပါ တိကျစွာတိုက်ခိုက်နိုင်သည်။

-19 ဒုံးခွင်းဒုံးစနစ်
ကျွမ်းကျင်သူများက တရုတ်နိုင်ငံ၏ မျိုးဆက်သစ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် HQ-19 ကို အမေရိကန်၏ THAAD ဒုံးခွင်းဒုံးစနစ်နှင့် နှိုင်းယှဉ်ခဲ့သည်။ ၈ ဘီးတပ် မြင့်မား၍ ရွေ့လျားနိုင်သည့် ယာဉ်ပေါ်တွင်တပ်ဆင်ထားသော HQ-19 သည် ကြားဖြတ်ဒုံးကျည်ခြောက်စင်းကိုသယ်ဆောင်ပြီး လျင်မြန်စွာပစ်ခတ်၍ ပြန်လည်အသုံးချနိုင်စေသည်ဟု နိုင်ငံပိုင်မီဒီယာကဖော်ပြသည်။
တရုတ်သည် အဆိုပါစနစ်၏ နည်းပညာ အသေးစိတ်အချက်အလက်များ ထုတ်ဖော်မှုမရှိ၍ THAAD ၏ စစ်ဆင်ရေး အကွာအဝေးနှင့် ကိုက်ညီမှုရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ HQ-19 ကြားဖြတ်ဒုံးကျည်သည် ကီလိုမီတာ ၃၀၀၀ အကွာအဝေးရှိ ပဲ့ထိန်းဒုံးကျည်များကို ခုခံနိုင်စွမ်းကို စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ထားကြောင်း အမေရိကန်တို့က ပြောထားသည်။
HQ-9 ကဲ့သို့သော ယခင်မော်ဒယ်များ၏ ကြားဖြတ်နိုင်သည့် အကွာအဝေးကို သိသိသာသာ တိုးချဲ့ကာ လေထုအပြင်ဘက်ရှိ ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် တာဝန်ပေးထားကြောင်း တရုတ်စစ်တပ်ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အထူးသဖြင့် HQ-19 သည် လေထုအတွင်း အသံထက်မြန်သော လျှောပျံဗုံးကို ကြားဖြတ်နိုင်သည်ဟု ဆိုသည်။

#ဒရုန်းမိခင်ယာဉ် 'Jetank '
အလေးချိန် ခြောက်တန်အထိ သယ်ဆောင်နိုင်သည့် ကြီးမားသော ဒရုန်းမိခင်ယာဉ် Jetank သည် တောင်ပံ ၂၅ မီတာ ကျယ်ပြီး အမြင့်ဆုံး အလေးချိန် ၁၆ တန်ရှိသည်။
ဂျက်စွမ်းအားသုံး တိုက်ခိုက်နိုင်သည့် ကင်းထောက် မောင်းသူမဲ့ လေယာဉ် (UAV) ဖြစ်၍ ဒုံးကျည်များနှင့် ဗုံးများကို သယ်ဆောင်ရန် ကိုယ်ထည်ပြင်ပအမာခံချိတ်ရှစ်ခုပါပြီး သေးငယ်သည့် ဒရုန်းအမျိုးအစားများကိုလည်း သယ်ဆောင်နိုင်သည်။
လေယာဉ်တင်သင်္ဘောတစ်စင်းကို ပင်လယ်ပြင်မှ ဝေဟင်သို့ ဖြန့်ကျက်သည့် အယူအဆအခြေခံ၍ ဒရုန်းများစွာကို ဝေဟင်တွင် ပစ်လွှတ်မည့် “ထူးခြားသော ဆန်းသစ်တီထွင်မှု” ဟု တရုတ်တို့က ဆိုသည်။

#ကိုယ်ပျောက်ဒရုန်းသင်္ဘော 'Orca'
Orca ဟု လူသိများသော JARI-USV-A သည် မြန်နှုန်းမြင့် ကိုယ်ပျောက် မောင်းသူမဲ့ ရေပြင်သွားတိုက်ခိုက်ရေးသင်္ဘော ဖြစ်သည်။
တန် ၅၀၀ အလေးချိန်ရှိ သင်္ဘောသည် ရေဒါလှိုင်းဖျောက်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး ကြမ်းတမ်းသောပင်လယ်ပြင်များတွင် တည်ငြိမ်မှုပေးသည့် ထူးခြားသော လှေသုံးစင်းတွဲပုံစံ ဖြစ်သည်။
အလျား ပေ ၁၉၀ ရှိ Orca သည် ရေမိုင် ၄၀၀၀ အကွာအဝေးကို ရေမိုင် ၄၀ အမြန်နှုန်းဖြင့် သွားလာနိုင်သည်။ မောင်းသူမဲ့တိုက်ခိုက်ရေးရေယာဉ်အနေဖြင့် မြင်သာသည့် အကွာအဝေးတွင်း ပစ်ခတ်တိုက်ခိုက်မှု၊ ဝေဟင်နှင့်ဒုံးကျည်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောရှာဖွေရေးနှင့် တိုက်ခိုက်မှုစသည့် တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိသည်။
ပြင်းထန်မှုနည်းပါးသည့် စစ်ဘက်-အရပ်ဘက် စစ်ဆင်ရေးများကို ပုံမှန်လုပ်ဆောင်နိုင်ပြီး ဗျူဟာကျနေရာများ၊ အခြေစိုက်စခန်းများ၊ ကျွန်းများနှင့် ကျောက်တန်းများနှင့် အဓိကရေလမ်းများတွင် ကင်းလှည့်ခြင်းနှင့် အစောင့်အရှောက် တာဝန်များ ထမ်းနိုင်သည်။
အတန်းလိုက်ရေဒါလေးခုနှင့် ဒေါင်လိုက်ပစ်လွှတ်မှုစနစ်တို့ တပ်ဆင်ထားပြီး အဆိုပါရေယာဉ်သည် ဒုံးပျံများ၊ သင်္ဘောဖျက်ဒုံးကျည်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် အဝေးထိန်းလက်နက်စခန်းများကို သယ်ဆောင်သွားနိုင်သည်။ အနောက်ဘက်တွင် မောင်းသူမဲ့ ရဟတ်ယာဉ်များအတွက် အတက်အဆင်းပြုရာ ပလပ်ဖောင်းတစ်ခု ရှိသည်။ ပဲ့ပိုင်းတွင် ရေငုပ်သင်္ဘောကို ထောက်လှမ်းရန် အာရုံခံကိရိယာငယ်များ တပ်ဆင်ရန် သို့မဟုတ် အာရုံခံကိရိယာများကို လွှင့်တင်ရန် အသုံးပြုနိုင်သည့် အထိုင်တစ်ခုပါသည်။

-15E ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်
တာဝေးပစ် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည် ဗားရှင်းအသစ်ဖြစ်ပြီး ခေါက်ထားသည့်အမြီးများပါရှိပြီး ကိုယ်ပျောက်တိုက်လေယာဉ်များနှင့် အံဝင်ခွင်ကျဖြစ်အောင် ပိုမိုကျစ်လစ်သိပ်သည်းသည့် ဒီဇိုင်းတစ်ခုဖြစ်သည်။
အကွာအဝေး ကီလိုမီတာ ၂၀၀ ဝန်းကျင်ပစ်နိုင်ပြီး အသံမြန်နှုန်းထက် ငါးဆကျော် ပျံသန်းနိုင်၍ အမေရိကန်လုပ် AIM-120 တာလတ်ပစ်ဝေဟင်ခွင်း ဒုံးကျည်နှင့် မကြာခဏ နှိုင်းယှဉ်လေ့ရှိသည်။

-57 ကိုယ်ပျောက်တိုက်လေယာဉ်
ရုရှား၏ အဆင့်မြင့်ဆုံး တိုက်လေယာဉ် Su-57 သည် ပထမဆုံး အိမ်နှင့်ဝေးရာသို ထွက်ပေါ်လာမှုအဖြစ် Zhuhai ပြပွဲတွင် ပါဝင်ပြသခဲ့သည်။
နေတိုးအခေါ် Felon ဖြစ်၍ Sukhoi မှ ထုတ်လုပ်သည့် Su-57 သည် ကိုယ်ပျောက် ဘက်စုံသုံး အင်ဂျင်နှစ်လုံး တပ် တိုက်လေယာဉ် ဖြစ်သည် ။ ရုရှားစစ်တပ်၏ ပထမဆုံး ကိုယ်ပျောက်နည်းပညာသုံး ဘက်စုံသုံး အခြေခံတိုက်လေယာဉ်ဖြစ်သည်။ MiG-29 နှင့် Su-27 တို့ကို ဆက်ခံရန် မျှော်လင့်ထားပြီး ပြည်ပသို့ တင်ပို့ရန်အတွက်လည်း ဈေးကွက်တင်ထားသည်။ ပထမဆုံး ရှေ့ပြေးပုံစံ လေယာဉ်သည် ၂၀၁၀ ခုနှစ်တွင် ပျံသန်းခဲ့သော်လည်း အမျိုးမျိုးသော တည်ဆောက်ပုံနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် ပျက်ကျမှုနှင့်အတူ အကြိမ်ကြိမ်နှောင့်နှေးခဲ့သည်။
ပထမဆုံး Su-57 သည် ရုရှားလေကြောင်းအာကာသတပ်ဖွဲ့ သို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့သည်။ နမူနာ ၁၀ စင်း အပါအဝင် ၃၂ စင်း တည်ဆောက်ထားပြီး ဖြစ်သည်။
တရုတ်လေကြောင်းပြပွဲတွင် Su-57 ကို ပြည်ပသို့ တင်ပို့ရန် ပထမဆုံး စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ Tass က ဖော်ပြခဲ့သော်လည်း မည်သူဝယ်ယူကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

Address

1st Street
Yangon
SOUTHOKKALAPATOWNSHIP

Telephone

+959785046560

Website

Alerts

Be the first to know and let us send you an email when Stand By Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Stand By Myanmar:

Videos

Share