Corazon Computer Services

Corazon Computer Services Computer, Networking, CCTV and ELV Systems Installation and Solution

28/02/2024

မင်္ဂလာပါ ကျွန်တော်တို့ CORAZON Team မှ IT Services များကို ခေတ္တခဏရပ်ဆိုင်းထားပါတယ်ခင်ဗျာ၊ ပြန်လည်စတင်မယ့်ရက်ကိုလည်း ဒီ Page လေးမှာပဲကြေငြာပေးမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

CORAZON Team ကိုယ်စား
Moe Myint Maung (IT Services Team Lead)

မင်္ဂလာပါခင်ဗျာ CORAZON (ကော်ရာဇွန်) မှလူကြီးမင်းတို့၏ ICT နှင့်သက်ဆိုင်သမျှပြဿနာများကို ဖုန်းတစ်‌ချက်ခေါ်လိုက်ရုံဖြင့် ...
24/02/2024

မင်္ဂလာပါခင်ဗျာ CORAZON (ကော်ရာဇွန်) မှ
လူကြီးမင်းတို့၏ ICT နှင့်သက်ဆိုင်သမျှပြဿနာများကို ဖုန်းတစ်‌ချက်ခေါ်လိုက်ရုံဖြင့် အိမ်/ရုံး/ဌာန အရောက်၀န်ဆောင်မှုပေးနေပါပြီ။🤗🤗

💻🖥️ Laptops, Desktop သာမက MacBook and iMac (Apple Computer) များအတွက်

✅ OS (Windows, Mac OS, Linux) အမျိုးမျိုးတင်ပေးခြင်း။

✅ Software, Games အမျိုးမျိုးကိုစိတ်တိုင်းကျ ထည့်သွင်းပေးခြင်း။

✅ Computer Hardware Driver များErrorတက်ခြင်း၊Printer Driverများထည့်သွင်းအသုံးပြုရန်လိုခြင်းများအတွက်ထည့်သွင်းပေးခြင်း။

✅ Virus ရှင်းပေးခြင်း။

✅ ရုံးတွင်း/ပြင် အိမ်တွင်း/ပြင် Network ချိတ်ဆက်ပေးခြင်း။

✅ Network Configuration လုပ်ပေးခြင်း။

✅ File Server, Email Server, Web Server, ISA Server အစရှိသဖြင့် Server အမျိုးမျိုးထိုင်ပေးခြင်းများ။

✅ Network Printer/ Print Server Configuration

🏣🏢 ရုံးခန်းများ၊ Company များ၊ Organization များနှင့်ဆိုင်များအတွက် အထူး IT Support Service/ Regular Maintenance Service Contract များလဲရနိုင်ပါသည်။ (IT ၀န်ထမ်းမရှိသောရုံးများအတွက် မိမိတို့၏ ရုံးတွင်း၀န်ထမ်းခန့်ထားသကဲ့သို့စိတ်တိုင်းကျခိုင်းနိုင်ပါသည်)🤗🤗

အိမ် /ရုံး /ကျောင်း /စက်ရုံ / သင်တန်း များသို့ အရောက် လိုက်လံပြုပြင်ပေးပါသည်။

☎️ 09972005941 (Viber, Line or Cb ) or call 😉
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.









#အိမ်အရောက်
#ရုံးအရောက်
#ကွန်ပျုတာ
#ဝန်ဆောင်မှု
#ဝင်းဒိုးတင်
#နက်ဝက်ချိတ်

20/02/2024

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာအကြောင်းဘယ်လိုကြည့်ရမလဲ
၁။ ပထမဆုံးနည်းလမ်းကတော့ Taskbar ကို Right Click တစ်ချတ်နှိပ်ပါ၊ Task Manager ကိုဝင်ပါ၊ Performance ကိုဝင်ပြီး မိမိကွန်ပျူတာရဲ့ CPU, RAM, HDD/SSD တို့ကိုကြည့်နိုင်ပါတယ်၊ (ဤနေရာတွင် မိမိကွန်ပျူတာက HDD လား SSD လား ဆိုတာကိုပါတခါတည်းကြည့်နိုင်ပါတယ်)
၂။ ဒုတိယနည်းလမ်းကတော့ This PC ကို Right Click နှိပ်ပါ၊ Properties ကိုဝင်ပြီးလည်း မိမိကွန်ပျူတာ အကြောင်းကို ကြည့်နိုင်ပါတယ်။
၃။ နောက်နည်းလမ်းတစ်ခုကတော့ Window + R ကိုနှိပ်ပါ၊ dxdiag ကိုရိုက်ထည့်ပြီးတော့လည်း မိမိကွန်ပျူတာအကြောင်းကို ကြည့်နိုင်ပါတယ်။
အခုကျွန်တော် ပြောပြပေးသွားတဲ့နည်းလမ်းတွေကတော့ ကွန်ပျူတာကိုအခုမှစသုံးတဲ့ Beginer တွေအတွက်ပါ။

I T Value မှ ရေးသားတင်ပြသည်

Group Link
https://www.facebook.com/groups/1078549253189486/?ref=share_group_link

Hello, We are CORAZON Team, All your ICT-related problems are just a phone call away, and Corazon provides services at y...
13/02/2024

Hello, We are CORAZON Team,
All your ICT-related problems are just a phone call away, and Corazon provides services at your home/office/department.🤗🤗

💻🖥️ Not only for Laptops, Desktop but also for MacBook and iMac (Apple Computer).

✅ Installation various OS (Windows, Mac OS, Linux).

✅ Installing all kinds of software and games at will.

✅ Computer Hardware Driver Errors, Printer Drivers installation and installation addon for the need to use.

✅ Virus cleaning.

✅ Network connection inside/outside home/outside office.

✅ Network Configuration.

✅ Various servers such as File Server, Email Server, Web Server, ISA Server, etc.

✅ Network Printer/Print Server Configuration

🏣🏢 Offices, Companies, Special IT Support Service / Regular Maintenance Service Contracts are available for organizations and shops. (For offices that do not have IT staff, they can be asked to do so as if they have appointed staff in their own office)🤗🤗

☎️ 09972005941 (Viber also)
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.

13/02/2024

🏢 For home, offices, companies, special IT support service / regular maintenance service contracts can be signed for organizations and shops.
(For offices that do not have IT staff, they can be asked to do so as if they have appointed staff in their own office)🤗🤗

(home/office service)
https://www.facebook.com/profile.php?id=100092493319082&mibextid=ZbWKwL

CORAZON COMPUTER SERVICES
☎️ 09972005941
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.

Computer, Networking, CCTV and ELV Systems Installation and Solution

🏢 ရုံးခန်းများ၊ Company များ၊ Organization များနှင့်ဆိုင်များအတွက် အထူး IT Support Service/ Regular Maintenance Service ...
13/02/2024

🏢 ရုံးခန်းများ၊ Company များ၊ Organization များနှင့်ဆိုင်များအတွက် အထူး IT Support Service/ Regular Maintenance Service Contract များချုပ်ဆိုနိုင်ပါသည်။
(IT ၀န်ထမ်းမရှိသောရုံးများအတွက် မိမိတို့၏ ရုံးတွင်း၀န်ထမ်းခန့်ထားသကဲ့သို့စိတ်တိုင်းကျခိုင်းနိုင်ပါသည်)🤗🤗
(အိမ်/ရုံး အရောက်ဝန်ဆောင်မှု)
https://www.facebook.com/profile.php?id=100092493319082&mibextid=ZbWKwL

CORAZON COMPUTER SERVICES
☎️ 09972005941
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.

08/02/2024

လူတိုင်းအမေးများသော ကွန်ပျူတာပြဿနာ (၁၀) မျိုးနှင့်အဖြေများ။
========================
Online မှ လူတိုင်းအမေးများကြသော ပြဿနာ ၁၀ မျိုးနှင့် အဖြေများအား ပုံနှင့်တကွ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဆရာကိုရန်နိုင်
-
(၁) Dsktop Sereen ဇောက်ထိုး/ဘေးစောင်းဖြစ်သွားလို့ ဘယ်လိုလုပ်ရမလဲ။
Keyboard က Ctrl+Alt+ Arrow Key တွေ ကို နှိပ်ပြီး Screen ကို လိုသလို ပြန်ပြောင်းပါ။ ဇောက်ထိုးဖြစ်ရင် Ctrll+Alt နဲ့ အပေါ်မျှား ကိုနှိပ်ပါ။
မနှိပ်တတ်ရင် Windows Display Setting ထဲက Display Orientation ကို ပြန်ပြောင်းပါ။
-
(၂) Wifi ချိတ်မရတာ ဘာ့ကြောင့်လဲ။
Desktop ဆိုရင် Wifi Chip/Card မပါလာတာကြောင့် Wifi မရတာများပါတယ်။ Laptop ဆိုရင်တော့ Wifi Adapter Driver File ကို Install လုပ်ထားခြင်းကိုပြန်စစ်ပါ။ Driver Update လုပ်ပါ။
(Driver File များသည် ထုတ်လုပ်သော Laptop ၏ ကုမ္ပဏီမှဖြန့်ချီသော File များဖြစ်၍ Laptop အမျိုးအစား Model ကို သိရှိနားလည်မှသာ ပြုလုပ်သင့်သည်။)
တချို့ Laptop များ၏ ကီးဘုတ်မှ Function Key (F- Key) များတွင် Wifi Key တစ်ခုပါတတ်သည်။ ဥပမာအားဖြင့် F4-F5-F12 Key များဖြစ်တတ်သည်။ ထိုကီးများကို Fn နှင့်တွဲနှိပ်မိရင်ဖြစ်စေ ဒီအတိုင်း မှားနှိပ်မိရင်ဖြစ်စေ Wifi ပျောက်တတ်ပါတယ်။
-
(၃) ကွန်ပျုတာမှာ Google Playstore ထည့်ပြီး App တွေဘယ်လိုသွင်းရသလဲ။
Windows စနစ် အသုံးပြုသောကွန်ပျူတာသည် Android စနစ်မဟုတ်သဖြင့် Google Playstore သို့မဟုတ် App တွေကို တိုက်ရိုက် ထည့်သွင်းအသုံးပြု၍မရပါ။ အသုံးပြု၍ ရအောင် ကြားခံ Emulator သို့မဟုတ် Virtualization နည်းပညာတစ်ခုခု သုံးရပါသည်။ ဥပမာ Bluesteak/MEMU Play ကို အရင်ထည့်သွင်းရပါသည်။ ထိုသို့ထည့်သွင်းရာတွင် ကွန်ပျူတာ၏ စွမ်းဆောင်ရည်နှင့် RAM ပမာဏများစွာလိုအပ်သဖြင့် တော်ရုံ RAM/CPU ရှိသော ကွန်ပျူတာများ မထည့်သွင်းနိုင်ပါ။
Wikdows 11 တွင် Android Subsystem အသုံးပြု၍ရသော်လည်း Google Play Service များအလုပ်မလုပ်ပါ။ Amazon Store သာ အလုပ်လုပ်ပါသည်။
-
(၄) Windows အတက်တွင် BSOD အပြာရောင် Screen တက်လာပြီး Error ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
အပြာရောင် Screen ဖြစ်ပေါ်လာသည့် ပြဿနာရင်းမြစ်များစွာရှိပါသည်။ တချို့မှာ Hardware ကြောင့်ဖြစ်သလို တချို့မှာ Software ကြောင့်ဖြစ်ပါသည်။ တချို့မှာ System Repair/Restore လုပ်ခြင်း တင်ထားသော Update များကိုဖြုတ်ချခြင်းဖြင့်ကောင်းသွားတတ်သလို တချို့မှာ Windows Repair လုပ်ရုံဖြင့် ပြန်မကောင်းတတ်ကြပါ။ အဲဒါကြောင့် ဖျက်မရသော Data များရှိလျှင် နားလည်သည့် Services Technician နှင့် ‌ဆွေးနွေးသင့်ပါတယ်။
Boot Option များ/System File Error များ/RAM/GPU Error များအစရှိသဖြင့် Hardware နှင့် Software များကြောင့်ဖြစ်ပေါ်လာသော Computer Memory Dump ကွန်ပျူတာမှတ်ဉာဏ်ပြုတ်ကျခြင်းဖြစ်စဉ်ကြောင့် BSOD ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ BSOD နှင့်ပတ်သက်ပြီး တပွဲတိုး ဖြေရှင်းနည်းမရှိတာကို အသုံးပြုသူတွေသတိထားသင့်သည်။
-
(၅) Laptop တွင် Touch Pad ဘာ့ကြောင့်‌ ရွှေ့မရတာလဲ။
Touchpad များရွှေ့မရခြင်းမှာ Driver File Error ကြောင့်ဖြစ်သလို Laptop ကီးဘုတ်မှ Fn + Touchpad key မှားနှိပ်မိတာကြောင့်လည်းဖြစ်တတ်ပါသည်။ တချို့ Laptop များတွင် Fn ခလုတ်ကို အမြဲ On ထားတတ်သဖြင့် Touchpad ခလုတ်ဖြစ်သော (ဥပမာ F7) ကို မှားနှိပ်မိလျှင်ဖြစ်တတ်သည်။ Touchpad Key သည် Laptop မော်ဒယ်နှင့်အမျိုးအစားအလိုက် F5-F6/F7/F9 အစရှိသဖြင့် သတ်မှတ်ထားကြသည်။ Fn Key မှားနှိပ်ခြင်းမဟုတ်လျှင် Hardware Error ဖြစ်တတ်သည်။
-
(၆) Laptop သုံးနေရင်း Screen ဘာကြောင့်ပိတ်ပိတ်သွာသလဲ။
တချို့မှာ ကီးဘုတ်တွင်ပါဝင်သော Screen Sharing ခလုတ်ဖြစ်သော F6 ကဲ့သောသို့ ခလုတ်များကို မှားနှိပ်ခြင်းကြောင့်ဖြစ်သည်။ Touchpad နှင့် Wifi များကဲ့သို့ပင် Screen Sharing အတွက် Key တစ်ခုကို Laptop ၏ F Key များထဲတွင်ပါဝင်သည်။ ဥပမာ(F6-F8) ဖြစ်သည်။
-
(၇) Welcome Screen ပေါ်ပြီး ဘာ့ကြောင့် Windows ထဲဝင်မရဖြစ်တာလဲ။
Windows Update သို့မဟုတ် အင်တာနက်တွင် Microsoft Account တစ်ခုခုကို ဝင်မိသည့်အခါ သို့မဟုတ် Windows Office Application တစ်ခုခုသုံးရင် အင်တာနက်ချိတ်ပြီးချိန် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်လျှင် ထိုပြဿနာဖြစ်တတ်သည်။ တခါတရံ သုံးနေရင် ခဏနားထားချိန် Log on Screen ပေါ်လာပြီး Mouse ပဲရွှေ့ရပြီး ဘာမှနှိပ်မရဖြစ်တတ်သည်။ အဲဒီအချိန် Ctrl+Alt+Delete ကို နှိပ်ပြီး Windows User Name ပေါ်အောင်လုပ်ပြီးပြန်ဝင်ခြင်းဖြင့် ပြဿနာအများစုကိုဖြေရှင်းနိုင်ပါသည်။
-
(၈) Zoom Meeting လုပ်နေချိန် Error တက်ခြင်း BSOD ဖြစ်ခြင်း၊ Windows ပြုတ်ကျခြင်းကို ဘယ်လိုဖြေရှင်းမလဲ။
Zoom/YouTube တို့၏ အခမဲ့အသုံးပြုသော Version များတွင် Hardware Performance ကို အသုံးပြုမှုများပြားလျှင် BSOD ဖြစ်တတ်သည့်အတွက် Zoom ကိုဖွင့်ထားချိန် Taskbar တွင်ရှိသော Zoom Icon မှ Setting ထဲတွင် နှိပ်၍ Advanced ထဲတွင် Hardware Performance ကိုဖြုတ်ပြီး Computer ကို Restart လုပ်ပြီး Zoom ကို ပြန်လည်အသုံးပြုခြင်းဖြင့် ထိုပြဿနာအများစုကို ဖြေရှင်းနိုင်ပါသည်။ တချို့ ကွန်ပျူတာများတွင် Model နှင့် Hardware လိုအပ်ချက်/Driver File/ Connection တို့ မကိုက်ညီသဖြင့် Error တက်ခြင်းများကိုတော့ အသေးစိတ်ဖြေရှင်းရပါမည်။
-
(၉) ကွန်ပျူတာများတွင် Microphone မိုက် သုံးလို့မရခြင်း။
Desktop ကွန်ပျုတာများတွင် Microphone မပါဝင်သဖြင့် မိုက်သီးသန့်တပ်ဆင်ရပါမည်။
Laptop များတွင်လည်း Built In Microphone မပါဝင်သော မော်ဒယ်နှင့် ပါဝင်သောမော်ဒယ်ဟူ၍ ရှိသဖြင့် ပါမပါစစ်ဆေးရပါမည်။
မိုက်ကရိုဖုန်းတပ်ဆင်ရာတွင် မိမိအသုံးပြုသော Desktop သို့မဟုတ် Laptop မှ Jack ဂျပ်ပင်ပေါက်သည် မိုက်ကရိုဖုန်းအတွက်သီးသန့်အသုံးပြုသောအပေါက် သို့မဟုတ် နားကြပ်/Audio Out နှင့် ပူးတွဲအသုံးပြု၍ရမရ စစ်ဆေးရပါမည်။ တချို့ကွန်ပျုတာမော်ဒယ်နိမ့်များတွင် Combo Jack အဖြစ် တစ်ပေါက်တည်းတွင်ပူးတွဲအသုံးပြု၍မရပဲ Mic အတွက်သီးသန့်အပေါက်ပါဝင်သဖြင့် သီးသန့်မိုက် သို့မဟုတ် သီးသန့်မိုက်ခေါင်းပါဝင်သော နားကြပ် Headset ကို အသုံးပြုရပါမည်။
Audio Driver File များ Update မဖြစ်လျှင် သို့မဟုတ် Install လိုအပ်ချက်ရှိလျှင်လည်း Mic အသုံးပြုမရပါ။
-
(၁၀) Windows နဲ့ Software များ ကို Download လုပ် Install လုပ်လျှင် ဘာ့ကြောင့် Error များဖြစ်သလဲ။
၎င်းပြဿနာအများစုကိုဖြစ်စေတဲ့အဓိက အချက်မှာ User များကြောင့်သာအဓိကဖြစ်ပါသည်။
-
- Install ပြုလုပ်သူအများကိုယ်တိုင် Windows နှင့် File System ဖိုင်စနစ်များ ဖိုင်အမျိုးအစားများကို လုံးဝနားမလည်ပဲ ဖုန်းကဲ့သို့ အလွယ်တကူ Install ပြုလုပ်ရမည်ဟု ယူဆကြခြင်း။
-
- မိမိတို့ကိုယ်တိုင် အခြေခံနှင့် သီအိုရီများကို စနစ်တကျမလေ့လာပဲ Youtube မှ တပွဲထိုးဖြေရှင်းနည်းများကို အားကိုးလွန်းခြင်း။
(နိုင််ငံတကာမှလွှင့်တင်ထားသော YouTube မှ ဖြေရှင်းနည်းအများစုသည် ကွန်ပျူတာအခြေခံပညာရေးစနစ်သင်ကြားခဲ့သော နိုင်ငံတကာမှ User များအတွက် သို့မဟုတ် အခြေခံပိုင်နိုင်သူများအတွက်သာသင့်လျှော်သည်။ )
-
- Computer နည်းပညာသည် နိုင်ငံတကာတွင် မူလတန်းမှစတင်ပြီး သင်ရိုးထည့်ကာ တက္ကသိုလ်များတည်ထောင် ဘွဲ့များ‌ေပးကာ စနစ်တကျသင်ကြားပေးသော ပညာရပ်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြည်တွင်းပညာရေးစနစ်နှင့် ဖွံဖြိုးမှုကြောင့် တပွဲတိုးနည်းလမ်းများအားကိုးပြီး ပြင်ပသင်တန်းများကိုသာ အရွယ်ရောက်ပြီးမှတက်ရောက်ကြခြင်း။
-
- အလုပ်နှင့် ခေတ်စနစ်လိုအပ်ချက်ကြောင့် ကွန်ပျူတာများကို အလွယ်တကူဝယ်ယူအသုံးပြုခွင့်ရကြသော်လည်း အများစုမှာယခုမှ စတင်ကိုင်တွယ်ဖူးကြခြင်းတို့ကြောင့်ဖြစ်ပါသည်။
-
ကွန်ပျူတာ ဆိုသည်မှာ စာစီစာ
ရိုက်ရုံပဲဟုသောအတွေးအခေါ်ရှိခဲ့သော သူများမှ နိုင်ငံကို နှစ်ပေါင်းများစွာဦးဆောင်ခဲ့ခြင်းကြောင့် ကွန်ပျုတာနှင့်ပတ်သတ်သော နည်းပညာနိုးကြားမှုမှာ နှစ်ပေါင်း များစွာခေတ်နောက်ကျခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကွန်ပျူတာ User များထဲတွင် ‌မျိုးဆက်အလိုက် ထိုပြဿနာများ ဖြစ်‌နေခြင်းဟုသုံးသပ်မိသည်။
မူရင်းရေးသားသူအား CRDပါဗျ
၁။ ကွန်ပျူတာနည်းပညာစာအုပ်များကိုရှာဖွေလေ့လာရန်
Page-www.facebook.com/nlhbcafe
Group–https://www.facebook.com/groups/tunitbookstore/
၂။ နည်းပညာဘာသာရပ်များကို လေ့လာဆည်းပူရန်
Page –https://www.facebook.com/naylinhtetitg/
Group–https://www.facebook.com/groups/itguidenlh
၃။ Software များကိုရှာဖွေလေ့လာလာရန်
Pag–https://www.facebook.com/profile.php?id=100076261510632
Group-https://www.facebook.com/groups/290036186256318/

I T Value မှ ပြန်လည်မျှဝေပါသည်

07/02/2024

Computer ရဲ့ Parts တွေဘယ်လိုခေါ်လဲ?
မသိသေးသူများအတွက်ပါ ။Computer အကြောင်းလေ့လာနေသူများ Share ထားသင့်ပါတယ်ရှင့်❤️

of Computer


HP Elitebook 840 G3 (Enterprise Edition)- Intel Core i5-6th Generation- RAM 4 GB DDR4 - HDD 250 GB (Original)- 14” HD LE...
07/02/2024

HP Elitebook 840 G3 (Enterprise Edition)
- Intel Core i5-6th Generation
- RAM 4 GB DDR4
- HDD 250 GB (Original)
- 14” HD LED Display
- Intel HD Graphics 520
-720p HD Web Camera
- 2x USB Type-A 3.0
- 1x USB Type-C 3.0
- Display Port + VGA Port
- 3.5 mm Audio Jack
- 46Wh (Li-ion) Battery (New)
- New adaptor
- Bang_and_Oulfsen audio system
- Windows 10 Pro (License Version)

(NVMe Slot ပါတဲ့တွက် NVMe SSD ပါထပ်စိုက်လို့ရပါတယ်)

Price: 520,000 Ks

HP Mouse တစ်ခု + laptop အိတ်အသစ်လက်ဆောင်ထည့်ပေးထားပါတယ်ခင်ဗျာ။

ရုံးသုံး၊ အိမ်သုံး နဲ့ game (DotA 2, GTA 5 နိုင်ပါတယ်) ဘာလာလာ‌နိုင်သေးတဲ့ slim type business laptop ပါးပါးလေးပါ။

မှတ်ချက်။။ ဂိမ်းများနှင့် ဆော့ဖ်ဝဲများ အခမဲ့စိတ်ကြိုက်လိုအပ်သလောက်ထည့်သွင်းပေးပါသည်။

မိတ်ဆွေ ညီအကိုများ လိုအပ်ပါက

☎️ 09972005941

# ရန်ကုန် မြို့တွင်း အိမ်အရောက်ငွေချေ၊
# နယ်ဝေးဆို Royal Express (သို့) နီးစပ်ရာကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။
Corazon Computer Sales & Services
📧[email protected]
📌No. 895, 2nd Floor, Natmauk Street 55 Ward, South Dagon Myothit Township, Yangon.








Normal user များအတွက် (သို့) second hand computer ဝယ်မယ့်သူများအတွက် share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။CPU (Processor)ကိုအမျ...
04/02/2024

Normal user များအတွက် (သို့) second hand computer ဝယ်မယ့်သူများအတွက် share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

CPU (Processor)ကို
အမျိုးမျိုး change ကြည့်မယ် 😁
__________________________
CPU Model တွေ change ကြမယ်.....
ကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာသည် computer second စျေးကွက်ထဲမှာ မသိနားမလည်သူတွေ၊ နည်းပညာအကျွမ်းတ၀င်မရှိလှသူတွေ ဂျင်းမမိစေဖို့အတွက်ရည်ရွယ်တာပါ။ ပိုက်ဆံလေးမရှိမဲ့ ရှိမဲ့ စုပြီး
second လေး၀ယ်ကိုင်ပါတယ်ဆိုမှ ၀ယ်တုန်းကကြည့်လိုက်တာကတော့ i5 ပဲ..ပြီးကျမှ Pentium, Celeron ကိုဂျင်းထည့်လွှတ်လိုက်မှန်းသိရတယ်ဖြစ်မှာစိုးလို့ပါ။
BIOS ထဲကိုပဲ၀င်စစ်ဖို့သတိပေးလိုက်ပါတယ်။၀င်စစ်တဲ့နည်းလေးတော့
နည်းနည်းလေ့လာသွားဖို့လိုတာပေါ့နော်။ဒါမှမဟုတ် နာလည်တတ်ကျွမ်းသူခေါ်သွားတာအကောင်းဆုံးပါပဲ။
ကျွန်တော်ပြောပြတယ်ဆိုတာက ဒီလိုလုပ်ရင် ဒီလိုပြောင်းထားလို့ရတယ်ဆိုတာ သိ‌စေချင်ရုံပါပဲ။
အောက်မှာပြထားပါတယ်။လမ်းကြောင်းကိုဒီမှာလည်းပြပေးလိုက်ပါမယ်
အားလုံးအဆင်ပြေကြပါစေ.........
HKEY_LOCAL_MACHINE
HARDWARE ==>> DESCRIPTION
System ==>> CentralProcessor =>> 0
Processor Name နေရာမှာ Click (၂)ချက်နှိပ်ပြီး
ပြောင်းလဲနိုင်သည်။

Credit : original post

LINK Patch Cord Duplex 9/125 (3M)၄ကြိုးLINK Patch Cord Simplex Pigtail 9/125 3.0MM (1M)၈ကြိုးLINK Splice Tray with Plast...
04/02/2024

LINK Patch Cord Duplex 9/125 (3M)
၄ကြိုး
LINK Patch Cord Simplex Pigtail 9/125 3.0MM (1M)
၈ကြိုး
LINK Splice Tray with Plastic Base for 12 Fiber
၂ခု

အကုန်ယူရင် 50,000 Ks
09972005941

ကွန်ပျုတာတစ်လုံးရဲ့  Keyboard ကိုကျွမ်းကျင်စွာဘယ်လိုအသုံပြုရမယ်ဆိုတာလေးပြောပြပေးချင်ပါတယ်ခမျ✌================Ctrl + A = ...
30/01/2024

ကွန်ပျုတာတစ်လုံးရဲ့ Keyboard ကိုကျွမ်းကျင်စွာဘယ်လိုအသုံပြုရမယ်ဆိုတာလေးပြောပြပေးချင်ပါတယ်ခမျ✌
================

Ctrl + A = စာများအားလုံးအား Select မှတ်ခြင်း။

Ctrl + C = မိမိလိုချင်သော စာအား Select မှတ်ပြီး Copy ပွားခြင်း။

Ctrl + V = မိမိလိုချင်သော စာအား Select မှတ်ပြီး မိမိထားလိုသော နေရာတွင် Paste လုပ်ခြင်း။

Ctrl + P = Print ခေါ်ခြင်း။

Ctrl + S = Save ခြင်း။

Ctrl +Z = မူလပြန်ခေါ်ခြင်း စာအား။ Undo
Ctrl + Y = ရောက်ရှိပြီးသော နေရာသို့ သွားရောက်ခြင်း။

(စာစီရာတွင်) Redo
Ctrl + F3 = Define Name
Ctrl + F4 = Close (စာဖိုင်အား ပိတ်ခြင်း)

Ctrl + F5 = XL; Restore and Window Size

Ctrl + F7 = Move Window

Ctrl + F8 = Resize Window

Ctrl + F9 = Miniize Workbook

Ctrl + F10 = Maximize or restore window

Ctrl + F12= File Open

Ctrl +F1 = Insert Chart

Ctrl +n = Create New

Ctrl + O = Open

Ctrl + W = Close

Ctrl +k = General

Ctrl + Q =quite / exit

Ctrl + E = edit / modify

Ctrl + T = Character

Ctrl + M = Setup / odify

Crl + i = tabs / indents

Ctrl + plus or minus = Zoom in/out

Ctrl + 1 = actual Size

Ctrl +2 = 200% View

Ctrl + 4 = 400% View

Ctrl + 5 = 500% View

Ctrl + 7 = 75% View

Ctrl + 0 = Fit in window

Ctrl +3 = Define (Text)

Ctrl + } = Object / text

Ctrl + B = Bold (စာလုံးအမည်းရောင်ပြောင်းခြင်း) ခေါင်းစဉ်

Ctrl + I = Italic စာလုံးအစောင်း

Ctrl + U = Underline (မျဉ်းကြောင်းတားခြင်း)

Ctrl + J = Force Justify (စာပိုဒ်အတွက်)

Ctrl + L = Align Left (စာအား ဘယ်သို့ညှိခြင်း

Ctrl + R = Align Right (စာအား ညာသို့ ညှိခြင်း)

Ctrl + E = Align Center (စာအား အလယ်ဗဟိုသို့ ရွေ့ခြင်း)

Credit : Original Post

မင်္ဂလာပါခင်ဗျာ ယခုအပတ််အတွင်း ကျနော်တို့ CORAZON မှ Service Technician မလုံလောက်သောကြောင့် တစ်ချို့သော Service call မျာ...
12/01/2024

မင်္ဂလာပါခင်ဗျာ ယခုအပတ််အတွင်း ကျနော်တို့ CORAZON မှ Service Technician မလုံလောက်သောကြောင့် တစ်ချို့သော Service call များမသွား‌ရောက်နိုင်ခဲ့ခြင်း ရက်ချိန်းများပြန်ချိန်းရခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် အနှုးအညွှတ််တောင်းပန်အပ်ပါသည်။
မကြာခင်အချိန်အတွင်း Service Technician များ ထပ်တိုးအင်းအားဖြည့်ပြီး အိမ်/ရုံးအရောက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင််း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။







#ဝန်ဆောင်မှု

Desktop ကို ကိုယ်တိုင် စိတ်ကြိုက်ဆင်သုံးကြမယ်PC ဆင်လိုသူတွေ ဒါတွေဖတ်ပြီးရင် အကျိုးရှိပါလိမ့်မယ့်++++++++++++++++++++++++...
09/01/2024

Desktop ကို ကိုယ်တိုင် စိတ်ကြိုက်ဆင်သုံးကြမယ်
PC ဆင်လိုသူတွေ ဒါတွေဖတ်ပြီးရင် အကျိုးရှိပါလိမ့်မယ့်
+++++++++++++++++++++++++++++++++++++
Graphic Design လုပ်တဲ့သူလား၊ Video Editing လုပ်တာလား၊ Gamer တစ်ယောက်ပဲလား၊ desktop နဲ့ သုံးရမှ အားရတာလား စသည်ဖြင့် Desktop ကို ကိုယ်တိုင် customize လုပ်ပြီး ဆင်သုံးချင်ရင်တော့ ယခုစာကို ဆုံးအောင်ဖတ်ကြည့်ပေးပါ။
Desktop တစ်လုံးဆင်တော့မယ်ဆို မရှိမဖြစ်ပါဝင်ရမဲ့ အစိတ်အပိုင်းတွေကို ဦးစွာသိရှိထားဖို့ လိုပါတယ်။ ၎င်းတို့ကတော့
1. Monitor
2. Casing
3. Power Supply
4. Motherboard
5. CPU
6. Ram
7. Graphic Card
8. Hard Disk
9. UPS တို့ဖြစ်ပါတယ်။
1. Monitor
=======
မော်နီတာကတော့ System Unit ရဲ့ လုပ်ဆောင်ချက်တွေကို ပုံရိပ်အဖြစ် ဖော်ပြပေးပါတယ်။ မော်နီတာ ဝယ်တဲ့အခါ 23" နဲ့ 1920×1080(Full HD) ထွက်တာ လောက် ဝယ်သင့်ပါတယ်။ မိမိအသုံးပြုချင်ပုံနဲ့ ချိန်ကိုက်ပြီး အတိုးအလျော့လုပ် ဝယ်ယူနိုင်ပါတယ်။
2. Casing
======
Casing ကတော့ ကွန်ပျူတာ အစိတ်အပိုင်းများ တပ်ဆင်သိုလှောင်ရာ ပုံးဖြစ်ပါတယ်။ Casing သည် အရေးမပါဘူး ထင်ရပေမယ့် အရေးပါတဲ့ အရာတစ်ခုပါ။ မိမိဝယ်ယူမဲ့ ကွန်ပျူတာ အစိတ်အပိုင်းများတပ်ဆင်ရာတွင် အဆင်ပြေအံကိုက်ဖြစ်မဲ့ casing မျိုးကို ရွေးချယ်ရပါမယ်။ ပြင်ပ ဖုန်မှုန့်များမဝင်အောင် ကာကွယ်ပေးတဲ့ casing မျိုးလည်း ဖြစ်ရပါမယ်။ များသောအားဖြင့် Gamer တွေဟာ မိမိ casing ကို RGB Fan များနဲ့ အလှဆင်တာ နှစ်သက်ကြပါတယ်။ ထိုအချက်ကို နှစ်သက်ရင် ဘေးဘက်အကြည်ဖြစ်ပြီး အတွင်းထဲထိ မြင်ရနိုင်တဲ့ casing မျိုးကို ရွေးချယ်ပါ။
3. Power Supply
===========
အရမ်းအရေးပါပါတယ်။ Computer System တစ်ခုလုံးရဲ့ Power အသုံးပြုခြင်းများအတွက် ဒိုင်ခံလုပ်ဆောင်ပေးရပါတယ်။ တခြားအစိတ်အပိုင်းများကို စွမ်းဆောင်ရည်မြင့်တာတွေအသုံးပြုမယ်ဆိုရင် Power Supply အတွက် လုံးဝ မနှမျောပါနဲ့။ မဟုတ်ရင် တခြားအစိတ်အပိုင်းတွေပါ ပျက်စီးစေနိုင်တာကြောင့်ပါ။ Thermaltake 650W++ ကို သာ အသုံးပြုဖို့ recommend ပေးပါတယ်။
4. Motherboard
==========
Motherboard ဆိုတာ ကြီးမားတဲ့ ဆားကစ်ဘုတ်ပြားကြီးပါ။ ကွန်ပျူတာ အစိတ်အပိုင်းများဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ Motherboard နဲ့ ဆက်သွယ်ချိတ်ဆက်ကြရပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့ အဓိက ကျောရိုးမကြီးပေါ့။ Motherboard ရွေးချယ်ဝယ်ယူတဲ့အခါ connector များ၊ Slot များက မိမိအသုံးပြုမဲ့ အနေအထားနဲ့ ကိုက်ညီရဲ့လားဆိုတာ အထူးဂရုပြုရပါမယ်။
5. CPU
=====
ကွန်ပျူတာ အသိဥာဏ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ CPU သည် တွက်ချက်ခြင်းနဲ့ အချက်အလက်များကို ညွှန်ကြားချက်များအတိုင်း လက်ခံဆောင်ရွက်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ CPU ဝယ်တဲ့အခါ i3++ ကို Generation မြင့်တာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
6. Ram
=====
Ram ဆိုတာ အချက်အလက်များကို ခဏတာ သိမ်းဆည်းပေးတဲ့ memory ဖြစ်ပါတယ်။ သူဟာ Short-Term Memory ဖြစ်တဲ့အတွက် လုပ်ဆောင်ချက်အသစ်ဖြစ်တိုင်း အချက်အလက်အသစ်များကို မှတ်သားပေးပြီး လုပ်ဆောင်ချက်အဆုံးသတ်လိုက်တာနဲ့ မှတ်သားထားတာတွေ ဖယ်ရှားလိုက်မှာဖြစ်ပါတယ်။ Ram သည် ကွန်ပျူတာ စွမ်းဆောင်ရည်ကို လျင်မြန်စေပါတယ်။ Ram ဝယ်တဲ့အခါ အနည်းဆုံး 4GB ဝယ်သင့်ပြီး Motherboard မှာ Ram Slot နှစ်ခုပါလေ့ရှိတာကြောင့် Ram ထပ်တိုးဖို့ ရည်ရွယ်ချက်ရှိရင် 8GB Ram ကို recommend ပေးပါတယ်။
7. Graphic Card
==========
Graphic Card ဆိုတာ monitor မှာ ဖော်ပြပေးမယ့် ပုံရိပ်တွေကို တွက်ချက်ပေးပါတယ်။ Motherboard မှာ ပါဝင်ပြီးသား Onboard Graphic နဲ့ ထပ်မံ တပ်ဆင်အသုံးပြုရတဲ့ Graphic Card ဆိုပြီး ရှိပါတယ်။ Onboard Graphic သည် main memory ရဲ့ တစ်စိတ်တစ်ပိုင်းကို အသုံးပြုရခြင်းကြောင့် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို အနည်းငယ်ထိခိုက်စေပါတယ်။ Graphic Card ကို Nvidia ရဲ့ Gtx series အသုံးပြုဖို့ recommend ပေးပါတယ်။
8. Hard Disk
========
Hard Disk သည် အချက်အလက်များကို သိမ်းဆည်းပေးပါတယ်။ Hard Disk Drive(HDD) အပြင် Solid State Drive(SSD) ဆိုပြီးလည်း ရှိပါတယ်။ SSD သည် HDD ထက် ပိုမိုမြန်ဆန်ပြီး ပေါ့ပါးသေးငယ်သော်လည်း SSD ရဲ့ အဓိက အားနည်းချက်က စျေးနှုန်းမြင့်မားခြင်းပါ။ ယခုချိန်ထိတော့ SSD အသုံးပြုမှုသည် တွင်ကျယ်မှု အားနည်းနေတုန်းပဲ ဖြစ်ပါတယ်။
9. UPS
=====
UPS သည် လျှပ်စစ်အား မတည်ငြိမ်ခြင်း၊ ပျက်တောက်ခြင်းများဖြစ်တဲ့အခါ လျှပ်စစ်အား သုံးစွဲနေခြင်း မပျက်တောက်သွားစေပဲ တည်ငြိမ်နေစေဖို့ ကြားခံ ထိန်းညှိပေးပါတယ်။ မီးအားအတက်အကျများတဲ့ နေရာဆို အရည်အသွေးကောင်းတဲ့ UPS ကို ဝယ်ယူသင့်ပါတယ်။ ဒါမှသာ လျှပ်စစ်နဲ့ လည်ပတ်နေတဲ့ computer စနစ်ကို ချို့ယွင်းပျက်စီးစေခြင်းမှ ကာကွယ်ပေးမှာပါ။
နိဂုံးချုပ်ပြောရရင် ယခုရေးသားချက်များသည် ယေဘူယျခြုံငြုံပြောခြင်းသာဖြစ်၍ desktop တစ်လုံးကို ကိုယ့်ဘာသာ စိတ်ကြိုက် ဆင်တော့မယ်ဆို ယခုထက် အများကြီး ပိုမို လေ့လာရပါဦးမည်ဟု အကြံပြုပြောကြားလိုပါတယ်။

Crd to original uploader


Laptop ကို မထိခိုက်မပျက်စီးဘဲ အထာကျကျ အသုံးပြုနိုင်မယ့် အချက်(၇) ချက်ထိန်းသိမ်းဖို့ကျတော့ မေ့နေကြတယ်မလား..Laptop မှာရှိန...
16/12/2023

Laptop ကို မထိခိုက်မပျက်စီးဘဲ အထာကျကျ အသုံးပြုနိုင်မယ့် အချက်(၇) ချက်
ထိန်းသိမ်းဖို့ကျတော့ မေ့နေကြတယ်မလား..
Laptop မှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေ အညစ်ကြေးတွေကို တော်ရုံမမြင်ရလို့ သန့်ရှင်းရေးလုပ်ဖို့ မလိုဘူးလို့ တော်တော်များများက ထင်နေတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ Laptopတွေကိုလည်း သေချာ ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကိုယ်တွေ မမြင်ရပေမဲ့ ပိုးမွှားတွေ၊ ဖုန်တွေကတော့ ကျိန်းသေရှိနေမှာပဲလေ.. ဒါကို နေ့တိုင်း ထိတွေ့နေတဲ့အခါမှာ ကိုယ့်ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်.. ဒါဆို ကိုယ့် ကျန်းမာရေးလည်း မထိခိုက်အောင်၊ Laptop လည်း မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းကြမလဲ?
(၁) မတော်တဆမဖြစ်အောင် ကြိုတင်ကာကွယ်ပါ။
မတော်တဆဆိုလို့ အကြီးကြီးတွေ တွေးနေပြီလား? ကိုယ်တွေလုပ်နေကျ စားစရာသောက်စရာတွေကို Laptop ဘေးနားထားပြီးစားတာမျိုး၊ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေက Laptop ပေါ် အိပ်တာမျိုး၊ Laptop နား ကပ်ချွဲနေတာမျိုး စသဖြင့်တွေက မတော်တဆဖြစ်စေနိုင်တဲ့ အကြောင်းရင်း အကြီးကြီးပါပဲ.. အထူးသဖြင့် သောက်စရာ ရေခွက်တွေ၊ အအေးခွက်တွေကို Laptop ဘေးနားထားတဲ့အခါ မတော်တဆ ဖိတ်စင်သွားတာမျိုး ဖြစ်ရင် Laptop ကို အနည်းနဲ့ အများတော့ ထိခိုက်စေနိုင်တယ် မဟုတ်လား… မတော်တဆဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်လိုက်မယ်ဆိုရင် Laptop မပျက်စီးအောင် တကူးတက ထိန်းသိမ်းနေစရာ မလိုတော့ဘူးပေါ့..
(၂) Laptop ကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါ။
Laptop ကို သန့်ရှင်းရေးလုပ်ဆိုလို့ ဆပ်ပြာတွေနဲ့ ဆေးပြီး နေလှမ်းတဲ့ ဗီဒီယိုကြီး ပြေးမြင်မိ အက်ဒ်မင်တို့ တော်တော်များများက Laptop ရဲ့ ဖန်သားပြင်လေး သန့်ရှင်းနေရင် အိုခေပြီလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ် သန့်ရှင်းရေးလုပ်ရမယ့် ကီးဘုတ်တွေ၊ လေဝင်ပေါက်တွေနဲ့ Speaker တွေကိုကျတော့ မေ့နေတတ်ကြပါတယ်။ အဲဒီနေရာတွေမှာမှ ဖုန်တွေ၊ အမှိုက်တွေ၊ ကြေးညှော်တွေက အများဆုံး ရှိနေတတ်တာပါ။ ဒါတွေက ကိုယ့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လေ..
(၃) Laptop ကို ကားထဲမှာမထားခဲ့ပါနဲ့
Laptop ကို ကားထဲလို အလုံပိတ်နေရာတွေမှာထားခဲ့တာက အန္တရာယ် အရမ်းများပါတယ်နော်။ ကိုယ်တွေကတော့ မသိဘူးလေ.. ကားပေါ်က ဆင်းရင် Laptop ကြီးသယ်သွားရမှာ လေးတယ်ဆိုပြီး ပစ်ထည့်ထားခဲ့တာမျိုးက ခဏခဏလုပ်တတ်တာမျိုး၊ တကယ်တော့ နေပူထဲ ရပ်ထားခဲ့တဲ့ကား၊ အလုံပိတ်ကားတွေထဲမှာ Laptop တွေ ထားခဲ့မိရင် ကားထဲက အပူရှိန်တွေ၊ Pressure (ဖိအား) တွေက Laptop ကို ပျက်စီးစေပါတယ်နော်...
(၄) Laptop ကို ပါဝါပိတ်ဖို့ မမေ့ပါနဲ့
Laptop နဲ့ ဇာတ်ကားကြည့်ရင်း အိပ်ပျော်သွားတဲ့ သူတွဗ လက်ထောင်ပါ။ Laptop ကို သုံးပြီးလို့ နေရာက ခဏထသွားရင်းဖြစ်ဖြစ်၊ တစ်ခုခုသွားလုပ်လိုက်ရင် ဖြစ်ဖြစ် Laptop က အလိုလို Sleep Mode on သွားတတ်ပါတယ်။ ကိုယ်ပြန်လာတဲ့အခါမှာ Laptop က ပိတ်နေသလိုလို ဆိုတော့ တော်တော်များများက သြော်ပိတ်ပြီးပြီပဲဆိုပြီး ကျော်သွားတတ်ပါတယ်။ အဲ.. နောက်တစ်ခါ အလုပ်လုပ်မယ်ဆိုတော့မှ ဟာ.. မပိတ်ထားရသေးပါလားဆိုပြီး ဖြစ်ရော.. တကယ်တမ်း Sleep Mode က Laptop ကို လုံးဝ အနားပေးထားတာ မဟုတ်တော့ Laptop ကို ပျက်စီးစေတာ ကျိန်းသေပါပဲ။ အဲ့တော့ Laptop ကို မသုံးတော့ဘူးဆိုရင် လုံးဝ ပိတ်ထားလိုက်ပါ။
(၅) Cleanup ပုံမှန်လုပ်ပါ။
ဘာမှလည်း မသုံးဘဲနဲ့ စက်ကြီးက လေးနေတယ်ဆိုတာမျိုး ဖြစ်ဖူးကြလား ... ဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုရင် windows ထဲက Search bar > Disk Cleanup > Clean up System files > Ok ရွေးပေးလိုက်ရင် လေးနေတဲ့ ယာယီဒေတာဖိုင်တွေပျက်သွားမှာပါနော်။ ပုံမှန် Data တွေ၊ Cache တွေ ရှင်းမယ်ဆိုရင်
Windows+R > Prefetch > Ctrl+A > Shift+Delete ,
Windows+R > Temp > Ctrl+A > Shift +Delete ,
Windows + R > %temp% > Ctrl+A > Shift + Delete,
Windows + R > Recent > Ctrl+A > Shift+Delete ဆိုတဲ့ အဆင့်ဆင့်နဲ့ Cache တွေကို ရှင်းပေးလို့ ရပါတယ်။ ဒီထဲက Prefetch, Temp, %temp% နဲ့ Recent ဆိုတာတွေကိုတော့ Box ထဲ ကိုယ့်ဘာသာ ရိုက်ထည့်ရမှာပေါ့နော်..
(၆) ဘက်ထရီကို တာရှည်ခံအောင် ထိန်းသိမ်းပါ။
Laptop ကို အချိန်အကြာကြီး အားသွင်းပြီး သုံးတာမျိုး၊ ကြိုးတပ်လျက် တန်းလန်းနဲ့ Laptop ကို သုံးနေတာမျိုးဆိုရင် ဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။ အားကုန်ခါနီးထိ သုံး၊ အားသွင်း၊ အားပြည့်ရင် ပြန်ဖြုတ်၊ အဲဒီလိုသုံးတာမျိုးက Laptop ရဲ့ ဘက်ထရီသက်တမ်းကို ပိုပြီး တာရှည်ခံစေပါတယ်။ နောက်တစ်ခုက သုံးရင်း ဘက်ထရီအရမ်းပူလာတာမျိုးကလည်း ဘက်ထရီကို ထိခိုက်စေနိုင်ပါသေးတယ်။ ဒီလို အဖြစ်ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုးက Laptop ဘက်ထရီ အရမ်းပူလာပြီဆိုရင် Laptop သုံးတာ ရပ်လိုက်တာ၊ နောက်တစ်မျိုးကတော့ အောက်ခံ ပန်ကာ တပ်ပြီး သုံးတာပါ။ ဒီနည်းလမ်း ၂ မျိုးနဲ့ဆိုရင်တော့ ဘက်ထရီကို ထိခိုက်နှုန်းနည်းစေပါတယ်...
(၇) Antivirus Software တွေ ထည့်သွင်းထားပါ။
Laptop ရဲ့ အပြင်ဘက်က ပိုးမွှားတွေ ရှင်းပြီးရင် Laptop ရဲ့ Software တွေထဲ ဝင်လာနိုင်တဲ့ Virus တွေကိုလည်း ကာကွယ်ဖို့ လိုအပ်ပါသေးတယ်။ ဒီအတွက် အလွယ်ဆုံးနဲ့ အရှင်းဆုံး နည်းလမ်းကတော့ Antivirus Software တွေကို ထည့်ထားလိုက်တာပါပဲ။ Antivirus Software တွေ ထည့်သွင်းထားပြီးရင်တော့ ပုံမှန် Update လုပ်ပေးဖို့ မမေ့ပါနဲ့လို့…
ဒီအခြေခံ အချက်လေးတွေကို သိသွားပြီး ဒီတိုင်းလေး လိုက်လုပ်မယ်ဆိုရင်တော့ Laptop လေးတွေကို သန့်ရှင်းသပ်ရပ်ပေါ့ပါးစွာ အသုံးပြုနိုင်ပါပြီရှင်… အဲ.. Laptop ကို တစ်ချိန်လုံးသုံးနေတာထက် ၁၅ မိနစ်တစ်ခါလောက် အဝေးတစ်နေရာကိုကြည့်ပေးတာက မျက်လုံးကျန်းမာရေးအတွက် ပိုပြီး သင့်တော်တယ်ဆိုလေးတော့ မမေ့လိုက်နဲ့နော်.
[မှုရင်းရေးသားသူကို Credit ပေးပါတယ်]

Video Surveillance SystemVideo Surveillance System ကိုတော့အများစုက CCTV System(Closed Circuit Television) လို့နားလည်ထားက...
08/12/2023

Video Surveillance System

Video Surveillance System ကိုတော့အများစုက CCTV System(Closed Circuit Television) လို့နားလည်ထားကြပြီး Camera ကိုမြင်ချင်တဲ့နေရာမှာတပ်ပြီး အရုပ်တွေကိုပြန်ဖမ်းပေးတဲ့ Video Recorder တွေနဲ့ချိတ်ဆက်တာလောက်ကိုပဲ သိရှိထားကြပါတယ်။ အခုလက်ရှိမှာတော့ Software နဲ့ Hardware ပိုင်းတွေအလွန်တရာမှတိုးတက်လာခဲ့ပြီး Video Surveillance System နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ စနစ်တွေလဲများစွာထွက်ရှိလာခဲ့ပါတယ်။

Cloud Integration

အထင်ရှားဆုံးတစ်ခုကိုပြောရမယ်ဆိုရင်တော့ မိမိတပ်ဆင်ထားတဲ့ Camera ရုပ်တွေကို Cloud နည်းပညာနဲ့ပေါင်းစပ်ထားပြီး ရောက်ရာအရပ်ကနေ အင်တာနက်ကိုအသုံးပြုပြီး ကြည့်ရှနိုင်ခြင်းပဲဖြစ်ပါတယ်။ Cloud Monitoring ကိုအသုံးပြုရာမှာလဲ Smart Phone, Tablet နဲ့ Computer စတာတွေနဲ့ကြည့်ရှုနိုင်ပါတယ်။

Recording

အရုပ်တွေကို Video Recorder ထဲမှာရှိတဲ့ Harddisk ထဲမှာပဲမှတ်မှတ် ဒါမှမဟုတ် အလုံးရေများစွာတပ်ဆင်ထားတဲ့ အဖွဲ့အစည်းတွေမှာတော့ Storage Server တွေနဲ့ချိတ်ဆက်ပြီး Video Records တွေကိုသိမ်းဆည်းကြရပါတယ်။ အင်တာနက်အရမ်းကောင်းတဲ့နိုင်ငံတွေမှာတော့ Local Storage နဲ့ Cloud Storage တွေမှာပါ တစ်ပြုင်နက်သိမ်းဆည်းကြပါတယ်။ Video Recording ပြုလုပ်ရာမှာလဲ အမြဲတမ်းမှတ်နေတာနဲ့ မြင်ကွင်းငြိမ်နေတဲ့အခါမမှတ်ပဲ လှုပ်ရှားမှုရှိမှသာ မှတ်သားတာမျိုးတွေပါ ခွဲခြားထားနိုင်ပါတယ်။

Email Alarm System

ဒါ့အပြင် လုံးခြုံရေးမှာတစ်စုံတစ်ရာ ဖြစ်ရင် Email နဲ့ SMS စနစ်တွေနဲ့ အချိန်နဲ့တစ်ပြေးညီ Alarm တွေပေးပို့နိုင်တဲ့ စနစ်ကလဲ အလွန်တရာမှအသုံးဝင်လှပါတယ်။

Gate System

လက်ရှိအဆောက်အဦးတွေ၊ အစိုးရဌာနတွေနဲ့ လုံခြုံရေးဌာနတွေ မှာအသုံးပြုနေတာကတော့ Camera စနစ်တွေမှာပာဝင်တဲ့ Face Detection နဲ့အတူ Access Control နဲ့ Gate System တွေမှာတွဲဖက်အသုံးပြုနေကြတာပဲဖြစ်ပါတယ်။ မျက်နှာနဲ့ Card ID တွဲဖက်စစ်ဆေးတဲ့ စနစ်လို့ပြောလို့လဲရပါတယ်။

Software Integration

Retail, Shopping Center နဲ့ Restaurent တွေမှာအသုံးပြုနေကြတဲ့ အရောင်းစနစ်ဖြစ်တဲ့ PoS(Point of Sale) System တွေနဲ့လဲ Camera တွေနဲ့ပေါင်းဖက်ပြီးအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ အရောင်းစရင်းတွေဟာ အချိန်နဲ့တစ်ပြေးညီ Camera တွေရဲ့ Vedio recording တွေထဲမှာတွဲဖက်မှတ်သားနေမှာပဲဖြစ်ပါတယ်။ အားသာချက်တစ်ခုအနေနဲ့ကတော့ PoS Software အတွင်းမှာမှတ်သားထားတဲ့ အရောင်းစားရင်း(Database) တွေနဲ့အတူ Video Recording တွေထဲမှာပါတိုက်စစ်နိုင်မှာပဲဖြစ်ပါတယ်။

E-Map

E-Map ဆိုတာကတော့တပ်ဆင်ထားတဲ့ Camera တွေကို မြေပုံ ဒါမှမဟုတ် အဆောက်အဦး Diagram တွေနဲ့တွဲဖက်အသုံးပြုခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် Traffic Police တွေအသုံးများကြပါတယ်။ အဆောက်အဦးအကြီးကြီးတွေမှာလဲ အသုံးပြုကြပါတယ်။

Network Monitoring

Security Camera တွေရဲ့အရုပ်တွေကိုလဲ Computer Network တွေ Wireless Network တွေကနေလဲ Monitoring လုပ်နိုင်တဲ့အတွက် ကြည့်ရှုချင်တဲ့သူများစွာကို တစ်ပြိုင်ထဲ ကြည့်ရှုစေနိုင်မှာပဲဖြစ်ပါတယ်။ Monitoring အပြင် Recording ပါဖမ်းယူထားနိုင်ပါတယ်။

DDNS

Dynamic Domain Name System ဆိုတာကတော့ Cloud အခြေပြုနည်းပညာတစ်ခုပဲဖြစ်ပြီး Internet ကိုအသုံးပြုပြီး မည်သည့်နေရာမှမဆို System တစ်ခုကိုဝင်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ Camera Product တွေကိုထုတ်လုပ်နေတဲ့ Vendor တွေကပဲ အသုံးပြုမယ့်သူတွေကို ဝယ်ယူထားတဲ့ Devices တွေကို မည်သည့်နေရာမှမဆို Video အရုပ်တွေကို ကြည့်ရှနိုင်ဖို့နဲ့ Device တွေကို Management လုပ်နိုင်ဖို့ Service ပေးနေတာပဲဖြစ်ပါတယ်။ အခြား Cloud Products တွေမှာလဲ အသုံးပြုကြပါသေးတယ်။
Video Surveillance System တွေကို ATM နဲ့ Auto Mobile(Car) တွေမှာပါ GPS စနစ်တွေနဲ့အသုံးပြုနေကြပါပြီ။ ထုတ်လုပ်တဲ့ Vendor တွေများစွာထွက်ပေါ်လာပြီး စျေးနှုန်းအနိမ့်အမြင့်တွေကလဲ စျေးကွက်မှာအမျိုးမျိုးတွေ့နေရပါတယ်။ အဓိကအနေနဲ့ကတော့ မိမိရဲ့လိုအပ်ချက်ပေါ်သာအခြေပြုပြီးစဉ်းစားရမှာဖြစ်ပြီး မတပ်ဆင်ခင်မှာ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်သင့်ပါတယ်။ ရေရှည်ကိုစဉ်းစားပြီး Upgrade ပြုလုပ်တဲ့အခါလွယ်ကူမဲ့ Infrastructure မျိုးတွေပါထည့်သွင်းစဉ်းစားပြီး တပ်ဆင်ကြဖို့ အကြံပြုချင်ပါတယ်။
အားလုံးကိုကျေးဇူးတင်စွာဖြင့်...
Credit to original post...

အသုံးဝင်သော windows commands များWindows Commands keys တွေကတော့ဖြင့် အများကြီးရှိပါတယ်။ အသုံးအဝင်ဆုံးနှင့် အသုံးအများဆုံ...
29/11/2023

အသုံးဝင်သော windows commands များ
Windows Commands keys တွေကတော့ဖြင့် အများကြီးရှိပါတယ်။
အသုံးအဝင်ဆုံးနှင့် အသုံးအများဆုံးဖြစ်သော
Windows Commands key များကိုဖော်ပြပေးလိုက်ပါတယ်။
-Window key နှင့် R ကိုတွဲနှိပ်၍ ပေါ်လာသော Run box ထဲတွင်
command key များကို အသုံးပြု၍ Computer ကို
လွယ်ကူလျှင်မြန်ကျွမ်းကျင်စွာ အသုံးပြုနိင်ရန် ဖော်ပြလိုက်ပါသည်။

Credit…. Myanmar Skill Technologies မှ ကူးယူဖော်ပြလိုက်ပါသည်။
မူရင်း Page သို့သွားရောက်လေ့လာကြည့်နိုင်ပါတယ်။
https://www.facebook.com/MyanmarSkillofTechnologies/







Address

895, 2nd Floor, Room 8, Natmauk Street, 55 Ward, South Dagon Myothit
Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959972005941

Website

Alerts

Be the first to know and let us send you an email when Corazon Computer Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Corazon Computer Services:

Videos

Share