ပြည်သူ့အရေး ဂျာနယ်

  • Home
  • ပြည်သူ့အရေး ဂျာနယ်

ပြည်သူ့အရေး ဂျာနယ် People's Affair
(7)

27/02/2021
ကုလသမဂၢ အေထြေထြညီလာခံတြင္ တင္ျပသည့္ ျမန္မာနိုင္ငံကိုယ္စားျပဳ ကုလသမဂၢအျမဲတမ္းအတြင္းဝန္ ဦးေက်ာ္မိုးထြန္း၏ မိန႔္ခြန္းအျပည့္...
26/02/2021

ကုလသမဂၢ အေထြေထြညီလာခံတြင္ တင္ျပသည့္ ျမန္မာနိုင္ငံကိုယ္စားျပဳ ကုလသမဂၢအျမဲတမ္းအတြင္းဝန္ ဦးေက်ာ္မိုးထြန္း၏ မိန႔္ခြန္းအျပည့္အစုံ
(နယူးေယာက္၊ ၂၆ ေဖေဖာ္ဝါရီ ၂၀၂၁)

သဘာပတိႀကီးခင္ဗ်ား

အထူးကိုယ္စားလွယ္ Christine Schraner Burgener ရဲ့ ျပည့္စုံတဲ့ ရွင္းလင္းတင္ျပခ်က္နဲ႔ ျမန္မာနိုင္ငံနဲ႔ ပတ္သက္လို့ ဆက္လက္ေထာက္ခံ ေျပာဆိုသြားတာေတြအေပၚ ေက်းဇူးတင္ပါတယ္။

က်ေနာ့္အေနနဲ႔ ျမန္မာလူထုကေရြးခ်ယ္ထားတဲ့ NLD ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ကိုယ္စားျပဳသြားမယ္ဆိုတာကို ကနဦးအားျဖင့္ တင္ျပလိုပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္းမွာပဲ ေဖေဖာ္ဝါရီလ ၅ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကို ဖြဲ႕စည္းခဲ့ပါတယ္။ မၾကာေသးခင္က က်င္းပခဲ့တဲ့ လြတ္လပ္ၿပီးမၽွတဲ့ ေရြးေကာက္ပြဲကေန ျမန္မာလူထုက ဒီမိုကေရစီနည္းက်ေရြးခ်ယ္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းခဲ့တဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။

သဘာပတိႀကီးခင္ဗ်ား၊

ဒီ CRPH က ေပးပို့လိုက္တဲ့ စာကို အခု ဒီအစည္အးေဝးႀကီးမွာ ဖတ္ၾကားလိုပါတယ္။

- - - - (CPRH ေၾကညာခ်က္) - - - -

သဘာပတိႀကီးခင္ဗ်ား

" ဒီမိုကေရစီဖြံ့ၿဖိဳးစ ျမန္မာနိုင္ငံမွာ လြတ္လပ္ၿပီးမၽွတတဲ့ အေထြေထြေရြးေကာက္ပြဲကို ၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့ၿပီး၊ ဒါဟာ သမိုင္းမွာ အထင္ကရလည္းရွိခဲ့ပါတယ္။ ျမန္မာလူထုဟာ ေရြးေကာက္ပြဲမွာ သူတို့မဲျပားေတြကတဆင့္ ဒီမိုကေရစီလိုလား ထက္သန္မွုေတြကို ျပသခဲ့ၿပီးပါၿပီ။ ဒီမိုကေရစီ စံႏွုန္း စံထားေတြ ျပည့္ဝတဲ့နိုင္ငံ၊ ၿငိမ္းခ်မ္းေရးကို ျမတ္နိုးသူတိုင္း တိုင္းျပည္ထူေထာင္ေရးမွာ ပါဝင္နိုင္တဲ့ နိုင္ငံ အျဖစ္ တည္ေဆာက္လိုတယ္ဆိုတဲ့ ဆႏၵကို သူတို့ျပသခဲ့ပါၿပီ။ အေထြေထြေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အျပတ္အသတ္အနိုင္ရခဲ့ပါတယ္။ ဒီမိုကေရစီစံႏွုန္းေတြအရ ၿငိမ္းခ်မ္းၿပီး အလားအလာေကာင္းမြန္တဲ့ တိုင္းျပည္ျဖစ္လာေစေရး ခရီးလမ္းေၾကာင္းမွာ အတားအဆီးေတြကို ေက်ာ္ျဖတ္နိုင္ဖို့၊ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေနာက္မွာ တညီတညြတ္တည္းရပ္တည္ေနတယ္ဆိုတာကို ျပလိုက္တာပါပဲ။"

သဘာပတိႀကီးခင္ဗ်ား ။

ျပည္သူလူထုရဲ့ ဒီလို ဆႏၵသေဘာထားေတြကို မ်က္ကြယ္ျပဳၿပီး၊ တပ္မေတာ္ဟာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ နိုင္ငံေတာ္အာဏာသိမ္းယူလိုက္ပါတယ္။ အဲဒီေန႔ဟာ လြတ္ေတာ္သစ္ကို စတင္ေခၚယူရမယ့္ေန႔လည္းျဖစ္ပါတယ္။ စစ္တပ္ဟာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ နိုင္ငံေရးေခါင္းေဆာင္ေတြ အရပ္ဖက္တတ္ႂကြလွုပ္ရွားသူေတြကို ဖမ္းဆီးခဲ့ပါတယ္။ အဲဒီအခ်ိန္ကစလို့ အလႊာေပါင္းစုံျပည္သူလူထုဟာ လမ္းမေတြေပၚထြက္ၿပီး စစ္အာဏာသိမ္းမွုအေပၚ မေက်နပ္ဘူးဆိုတာ ျပသခဲ့ပါတယ္။ ဖမ္းဆီးထားသူအားလုံးကို ျပန္လႊတ္ဖို့နဲ႔ ေရြးခ်ယ္ခံအစိုးရကတဆင့္ နိုင္ငံေတာ္အာဏာကို လူထုကို ျပန္အပ္ဖို့ ေတာင္းဆိုခဲ့ၾကပါတယ္။ ျမန္မာလူထုဟာ ဒီေတာင္းဆိုခ်က္ေတြ ေအာင္ျမင္လာရမယ္လို့ စိတ္ပိုင္းျဖတ္ထားၾကပါတယ္။ စစ္တပ္ကအာဏာသိမ္းတယ္ဆိုတာဟာ ဒီေန႔ေခတ္ကမၻာမွာ ဘယ္လိုမွ လက္ခံလို့မရဘူးဆိုတဲ့ အတြင္းေရးမွုးခ်ဳပ္ေျပာဆိုတာကို က်ေနာ္သေဘာတူပါတယ္၊ အာဏာသိမ္းမွု က်ရွုံးရမွာပါ။

စစ္အာဏာသိမ္းမွု က်ရွုံးဖို့ ဥပေဒနဲ႔မညီဖမ္းဆီးခံရသူေတြ ခ်က္ခ်င္းလြတ္လာဖို့ နိုင္ငံေတာ္အာဏာကို ျပည္သူကို ျပန္အပ္ဖို့ ျမန္မာနိုင္ငံမွာ ဒီမိုကေရစီျပန္လည္တည္ေဆာက္ဖို့ေတြအတြက္ ျမန္မာလူထုဟာ တညီတညြတ္တည္း ဆက္လက္႐ုန္းကန္ရပ္တည္သြားၾကမွာျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးကတည္းက နိုင္ငံတဝွမ္း တေလၽွာက္လုံးျဖစ္လာေနတဲ့ ဆႏၵျပမွုေတြက သက္ေသခံေနပါတယ္။ ဟိုးအရင္တုန္းၾကဳံခဲ့ရတဲ့ စနစ္မ်ိဳး က်ေနာ္တို့ ျပန္မသြားလိုၾကဘူးဆိုတာ အေတာ့္ကို ရွင္းလင္းျပတ္သားေနပါတယ္။ ဒီေနရာမွာ Freedom from Fear ေၾကာက္ရြံ့မွုက လြတ္ကင္းေရးဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္ စာအုပ္ထဲက စကားကို ျပန္လည္ကိုးကားလိုပါတယ္။

အေျခခံအက်ဆုံးလူ႔အခြင့္အေရးေတြ ျငင္းပယ္ခံရတဲ့ စနစ္ႀကီးထဲမွာ အေၾကာက္တရားဆိုတာဟာ ေန႔စဥ္ၾကဳံရမယ့္အရာ ဆိုတာပါပဲ။

ဒီလို အေရးႀကီးတဲ့ အခိုက္အတန႔္မွာ စစ္အစိုးရကို ဆန႔္က်င္ကန႔္ကြက္ေနၾကတဲ့ ျမန္မာျပည္သူေတြကို နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဆက္လက္ အခိုင္အမာ ေထာက္ခံဖို့က အေရးႀကီးလွပါတယ္။ ျမန္မာျပည္သူေတြကို ေထာက္ခံေၾကာင္း အေလးအနက္ အားေပးၾကတဲ့ နိုင္ငံအားလုံးကို ေက်းဇူးတင္ရွိပါတယ္။ အတြင္းေရးမွူးခ်ဳပ္၊ အထူးကိုယ္စားလွယ္နဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္တို့ကိုလည္း ေက်းဇူးတင္ပါတယ္။

ဒါေပမဲ့ ျမန္မာျပည္သူေတြကေတာ့ ကူမယ့္သူ ကင္းမဲ့ေနဆဲပါဘဲ။ သဘာပတိႀကီးနဲ႔ သံအမတ္ႀကီးမ်ားခင္ဗ်ား၊ လက္ရွိေထာက္ခံမွုေတြအျပင္၊ နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ စစ္အာဏာသိမ္းမွုခ်က္ခ်င္း အဆုံးသတ္ေရး၊ အျပစ္မဲ့ျပည္သူေတြကို ႏွိပ္ကြပ္တာေတြ ရပ္တန႔္ေရး၊ နိုင္ငံေတာ္အာဏာျပည္သူေတြထံ ျပန္လည္အပ္ႏွင္းေရးနဲ႔ ဒီမိုကေရစီ ျပန္လည္ရွင္သန္ေရးအတြက္ အျပင္းထန္ဆုံးအေရးယူမွုေတြ က်ေနာ္တို့ လိုအပ္ေနဆဲျဖစ္ပါတယ္။ဒါ့ေၾကာင့္ အဖြဲ႕ဝင္နိုင္ငံအားလုံးနဲ႔ ကုလသမဂၢအဖြဲ႕ႀကီးကို ေအာက္ ေဖၚျပပါအခ်က္ေတြ ေဆာင္က်ဥ္းေပးဖို့ ပန္ၾကားပါရေစ။

၁။ စစ္အာဏာသိမ္းမွုကို ျပင္းထန္စြာ အျပစ္တင္ရွုတ္ခ်ေၾကာင္း လူသိရွင္ၾကားထုတ္ျပန္ေပးရန္။

၂။ အုပ္ခ်ဳပ္မွုေကာင္စီနဲ႔ စစ္အစိုးရကို ဘယ္လိုနည္းနဲ႔မွ အသိအမွတ္ မျပဳရန္။

၃။ လြတ္လပ္ၿပီး တရားမၽွတတဲ့ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ ရလဒ္ကို စစ္အစိုးရ ေလးစားလိုက္နာဖို့ တိုက္တြန္းေပးပါရန္။

၄။ နိုင္ငံေတာ္ရဲ့ အာဏာကို ေရြးေကာက္ခံအစိုးရကတဆင့္ ျပည္သူ႔ထံ ျပန္လည္ မအပ္ႏွင္း မခ်င္း၊ စစ္တပ္နဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းမျပဳပါရန္။

၅။ လုံျခဳံေရးတပ္ဖြဲ႕ေတြက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြကို အၾကမ္းဖက္၊ အင္အားသုံးႏွိပ္ကြပ္တဲ့ လုပ္ရပ္ေတြ ရပ္တန႔္သြားေအာင္ အျပင္းထန္ဆုံးနဲ႔ အျဖစ္နိုင္ဆုံး အေရးယူမွုေတြနဲ႔ စစ္အာဏာသိမ္းမွု ခ်က္ခ်င္းရပ္တန႔္ေအာင္ ဟန႔္တားေပးပါရန္။

၆။ CRPH ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကို တရားဝင္အစိုးရအျဖစ္ ေထာက္ခံေပးပါရန္။

နိဂုံးခ်ဳပ္အေနနဲ႔၊ သဘာပတိႀကီးခင္ဗ်ား။ ျပည္သူကေန၊ ျပည္သူ႔အတြက္ေရြးခ်ယ္ေပးတဲ့ ျပည္သူ႔အစိုးရ အတြက္ က်ေနာ္တို့ ဆက္လက္ တိုက္ပြဲဝင္ၾကမွာျဖစ္ပါတယ္။ ဒီမိုကရက္တစ္ ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ၾကဖို့အတြက္ ျပည္သူေတြနဲ႔အတူ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဦးေဆာင္တဲ့ အစိုးရက ႏွစ္ဆတိုး ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

သဘာပတိႀကီးခင္ဗ်ား။

က်ေနာ္တို့ရဲ့ ျပည္တြင္း ျပည္ပက ျမန္မာျပည္သူေတြ၊ ဒီအစည္းအေဝးကို အထူးစိတ္ဝင္တစား ၾကည့္ေနၾကမယ္လို့ ယုံၾကည္ပါတယ္။ ဒါ့ေၾကာင့္ ျမန္မာလို စကားေျပာခြင့္ျပဳပါ ခင္ဗ်ား။

- - - - - - - - - - - -

မဂၤလာပါ။

ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ေသြးခ်င္း ညီေနာင္ သားခ်င္းမ်ားခင္ဗ်ာ၊ မိမိတို့ ေဆာင္ရြက္ေနတဲ့ စစ္တပ္ အာဏာသိမ္းမွု ခ်က္ခ်င္း အဆုံးသတ္ေရး၊ မိမိတို့ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦးဝင္းျမင့္ နဲ႔ တျခား မတရားထိန္းသိမ္းခံထားရသူမ်ား ခ်က္ခ်င္း လႊတ္ေပးေရး၊ နိုင္ငံေတာ္အာဏာျပည္သူ႔ထံ ျပန္လည္ရရွိေရး၊ ဒီမိုကေရစီျပန္လည္ရရွိေရး နဲ႔ ဒီမိုကရက္တစ္ဖယ္ဒရယ္ ျပည္ေထာင္စု တည္ေထာင္ေရး နဲ႔ ဒီအေရးေတာ္ပုံႀကီးေအာင္ျမင္ေရးကို မိမိတို့အလႊာအသီးသီးမွာ ျပည္သူျပည္သားမ်ားအားလုံး စည္းစည္းလုံးလုံးညီညီညြတ္ညြတ္နဲ႔ အတူတကြလက္တြဲေဆာင္ရြက္ေနတာကို အထူးေက်းဇူးတင္ရွိပါတယ္။ ဆက္လက္ေဆာင္ရြက္သြားၾကဖို့ကိုလည္း ေမတၱာရပ္ခံ တိုက္တြန္းအပ္ပါတယ္ခင္ဗ်ာ။

ဒီအေရးေတာ္ပုံ မုခ်ေအာင္ျမင္ရမည္ျဖစ္ပါတယ္။ ျပည္သူသာအဓိကပါ။

အေရးေတာ္ပုံ .. ေအာင္ရမည္။

ေက်းဇူးတင္ပါတယ္ သဘာပတိႀကီးခင္ဗ်ား။

14/02/2021

ျမန္မာနိုင္ငံဆိုင္ရာသံအမတ္ႀကီးမ်ား၏ေၾကညာခ်က္

၎တို့၏တရားဝင္အစိုးရျဖဳတ္ခ်ခံရျခင္းအတြက္ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနၾကေသာ ဆႏၵျပသူမ်ားႏွင့္အရပ္သားျပည္သူလူထုအား အၾကမ္းဖက္ျခင္းမွ ေရွာင္ၾကဥ္ရန္ လုံျခဳံေရးတပ္ဖြဲ႕မ်ားကို မိမိတို့ေတာင္းဆိုပါသည္။

နိုင္ငံေရးေခါင္းေဆာင္မ်ား၊ အရပ္ဘက္လူမွုအဖြဲ႕အစည္းလွုပ္ရွားတက္ႂကြသူမ်ား၊ သတင္းသမားမ်ားႏွင့္ နိုင္ငံ့ဝန္ထမ္းမ်ားအား ဖမ္းဆီးထိန္းသိမ္းထားျခင္းႏွင့္ဆက္လက္ဖမ္းဆီးေနျခင္းကို မိမိတို့အေနျဖင့္ ျပတ္ျပတ္သားသားအတိအလင္း ကန႔္ကြက္ရွုတ္ခ်ပါသည္။

စစ္တပ္က ဆက္သြယ္ေရးစနစ္ကိုၾကားျဖတ္ေႏွာင့္ယွက္ျခင္းအျပင္ ျမန္မာနိုင္ငံသားမ်ား၏ အေျခခံရပိုင္ခြင့္မ်ားႏွင့္ ဥပေဒအရအကာအကြယ္ေပးထားသည့္အေျခခံအခြင့္အေရးမ်ားကို ခ်ဳပ္ခ်ယ္ကန႔္သတ္ျခင္းအတြက္လည္း မိမိတို့ လူသိရွင္ၾကားကန႔္ကြက္ရွုတ္ခ်ပါသည္။

ဒီမိုကေရစီ၊ လြတ္လပ္မွု၊ ၿငိမ္းခ်မ္းမွုႏွင့္သာယာဝေျပာမွုကို ရွာေဖြေနၾကေသာ ျမန္မာျပည္သူလူထုကို မိမိတို့ေထာက္ခံအားေပးေနပါသည္။ တစ္ကမၻာလုံးကလည္းေစာင့္ၾကည့္ေနပါသည္။

ဤေၾကညာခ်က္ကို ကေနဒါ၊ ျမန္မာနိုင္ငံဆိုင္ရာဥေရာပသမဂၢသံ႐ုံးႏွင့္ ဥေရာပသမဂၢအဖြဲ႕ဝင္နိုင္ငံမ်ား၏ သံ႐ုံးမ်ားျဖစ္ၾကေသာ - ဒိန္းမတ္၊ ခ်က္သမၼတနိုင္ငံ၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္၊ စပိန္ႏွင့္ ဆြီဒင္နိုင္ငံ - ေနာ္ေဝ၊ ဆြစ္ဇာလန္၊ ယူေကႏွင့္ အေမရိကန္နိုင္ငံတို့မွ ျမန္မာနိုင္ငံဆိုင္ရာသံအမတ္ႀကီးမ်ားက ပူးေပါင္းလက္မွတ္ေရးထိုးထုတ္ျပန္ပါသည္။

Statement by Ambassadors to Myanmar

We call on security forces to refrain from violence against demonstrators and civilians, who are protesting the overthrow of their legitimate government.

We unequivocally condemn the detention and ongoing arrests of political leaders, civil society activists, and civil servants, as well as the harassment of journalists.

We also denounce the military's interruption of communications, as well as the restriction of the Myanmar people's fundamental rights and basic legal protections.

We support the people of Myanmar in their quest for democracy, freedom, peace, and prosperity. The world is watching.

Signed by the Ambassadors to Myanmar from Canada; the Delegation of the EU and European Union Member States with presence in Myanmar: Denmark, Czech Republic, Finland, France, Germany, Italy, Netherlands, Spain, and Sweden; Norway; Switzerland; the United Kingdom; and the United States

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ ကြေညာချက်များ
11/02/2021

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ ကြေညာချက်များ

09/02/2021
NSM-Diary (9)-----------------လင်္ကာရည်ကျော်အမှတ် ၅၃၅ စစ်မြေပြင် ဆေးတပ်ရင်းတွင် ပထမအကြိမ်အဖြစ် ကျွန်တော် ၂၁ ရက်သာ နေခဲ့ရ...
03/02/2021

NSM-Diary (9)
-----------------
လင်္ကာရည်ကျော်

အမှတ် ၅၃၅ စစ်မြေပြင် ဆေးတပ်ရင်းတွင် ပထမအကြိမ်အဖြစ် ကျွန်တော် ၂၁ ရက်သာ နေခဲ့ရသည်။ ဘာကြောင့် ၂၁ ရက်ဖြစ်ခဲ့ရသလဲကို နောက်မှာ ဆက်ရေးပါမည်။ လောလောဆယ် ပြောပြချင်တာက ထိုကာလအတွင်း ကျွန်တော့်၏ social life ခေါ် လူမှုဘဝအကြောင်းလေးဖြစ်ပါသည်။

ဘာပြောပြစရာရှိလို့လဲဆိုတော့ ဘာမှပြောပြစရာမရှိတာကို ပြောပြမှာပါ။
ဘာမှ ပြောပြစရာမရှိတာဆိုတာ ဘာထူးဆန်းလို့လဲဆိုတော့ အဲဒါကိုက တော်တော်ထူးဆန်းနေတာပါ။

ကျွန်တော်၊ ကိုသိန်းလွင်နှင့် အောင်စန်းဦး ကျွန်တော်တို့တစ်ခန်းတည်း အတူနေကြသည့် အငယ်ဆုံးသုံးယောက်က ၂၆ နှစ်ပဲ ရှိပါသေးသည်။ လူပျိုဆရာဝန်ကလေးတွေပါ။ ၁၉၈၇ ခုနှစ်ဆိုတာ လူပျိုဆရာဝန်လေးတွေက လူမှုပတ်ဝန်းကျင်တွင် တော်တော်မျက်နှာပွင့်သေးသော အချိန်ပါ။ လူပျိုစစ်ဗိုလ်ကလေးတွေလည်း အတူတူပါပဲ။

လူကြီးသူမတွေကအစ သူတို့သားလို ချစ်ခင်လေးစားအထင်ကြီးပြီး ကြုံလျှင်ကြုံသလို အရေးပေးခံရသည့် ခေတ်ပါ။ ကျွန်တော်တို့ခမျာမှာတော့ လောကကြီးထဲမှာ ကိုယ်ရှိနေတာတောင် ဘယ်သူမှမသိဘဲနှင့် ယိုင်နဲ့နေသော တဲသာသာ ပျဉ်ထောင်အိမ်ကလေးနှင့် ဆေးရုံငယ်ကြားက လမ်းမှာပဲ အချိန်ကုန်ခဲ့ကြတာပါ။

ပထမဦးဆုံး ခရီးစထွက်ရတာက ကိုသိန်းလွင်၊ ရှေ့တန်းတော့ မဟုတ်။ သူကတိုင်းမှူး၏ ဆေးမှူး ဖြစ်သဖြင့် တိုင်းမှူးကျိုက်ထီးရိုးတက်တာ လိုက်ရတာဖြစ်သည်။ ပြန်လာတော့ ခရီးသွားထားတာနှင့် မတူဘဲ သန့်ပြန့်နေသည့်သူ့ကို ကျွန်တော်တို့က အံ့သြကြတော့ သူကရယ်၍ ရှင်းပြသည်။ ကျိုက်ထီးရိုးဆိုတာ တစ်ဖက်အဖွဲ့ အစည်းက တစ်ချက်တစ်ချက် ဝင်တိုက်ခိုက်နေဆဲ အချိန်၊ တောင်တက်ကားလမ်းလည်း မပေါ်သေးဘဲ တောလမ်းက တက်ရတာ ဆိုတော့ တိုင်းမှူးသွားမည်ဆိုတော့ တိုင်းရုံးအဖွဲ့က အရာရှိတွေအပြင် နယ်မြေခံတပ်က လုံခြုံရေးတပ်တွေပါ ပါသွားတာတဲ့။ လုံခြုံရေးယူသည့်သူတွေက တောထဲမှာ ရှေ့တန်းထွက်သလို ကင်းပုန်းဝပ်နေကြတာဖြစ်သော်လည်း တိုင်းမှူးနားက အရာရှိတွေကတော့ သန့်ပြန့်တောက်ပြောင်နေတာပဲတဲ့။ ထိုအချိန်က ကျွန်တော်တို့တောင် သုံးစွဲလေ့မရှိသော ရေမွှေးတွေ၊ ကိုယ်အနံ့ပျောက်ဆေးတွေပါ ပါလာတာတဲ့။ ဖြစ်ချင်တော့ တောင်တက်မည့်မနက်မှာ ဘယ်သူကများ ချွန်တွန်းလုပ်လိုက်သည် မသိ။ တိုင်းမှူးက ယူနီဖောင်း ဝတ်ထားပြီးပြီ။ အပွင့်အမည်းကြီး တပ်ထားသည်ဟု ပြောကြသတဲ့။ အပွင့်အမည်းက ရှေ့တန်းသွားမှတပ်ရသည့် အရာရှိ အမှတ်အသားပါ။ တိုင်းမှူးအဆင့်က အပွင့်အမည်းတပ်တာ ကျွန်တော်တို့ အဲသည်အချိန်က စီစီဝန်၊ တာပန် စစ်မြေပြင်ကို လိုက်သွားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် တပ်တာပဲ တီဗွီမှာ မြင်ဖူးပါသည်။ ကျိုက်ထီးရိုးဆိုတာက ရှေ့တန်းလည်းပြော၍ ရ၊ နောက်တန်းလည်းပြော၍ ရသော အရပ်ဆိုတော့ အားလုံးရွှေရောင်အပွင့်တွေနှင့်ပဲ လာခဲ့ကြတာတဲ့။ တိုင်းမှူးကလည်း အမည်းတပ်ထားသည်ဆိုတော့ ရွှေရောင်မတပ်ရဲကြတော့ဘူး တဲ့။ အဲဒါနှင့်ပဲ ပါလာသည့် ကီဝီဖိနပ်တိုက်ဆေးအမည်းတွေနှင့် ရွှေအပွင့်တွေကို သုတ်သူက သုတ်ကြသတဲ့။ အရင်စလိုမို့ ယူနီဖောင်းမှာ တပ်လျက်သား ပွတ်ကြတော့ ယူနီဖောင်းပုခုံးတွေပါ အမည်းတွေ ပေကုန်သတဲ့။ ကိုသိန်းလွင်ကတော့ ဆူချင်ဆူပါစေ၊ မလဲတော့ဘူးဆိုတာ ရွှေအပွင့်နှင့်ပဲ ထွက်လာသတဲ့။ တိုင်းမှူးရှေ့ရောက်တော့ တိုင်းမှူးက ရွှေအပွင့်ကြီးတပ်ထားတာ တွေ့ရတော့မှ ပုခုံးမည်းမည်းနှင့် အရာရှိတွေ ‘ဘယ်ကောင် ချောက်ချတာလဲကွ’ ဟု ကြိတ်ပြီး ကျိန်ဆဲကြရသတဲ့။
နောက်ထပ် ငိုအားထက် ရယ်အားသန်သည့် ဖြစ်ရပ်တစ်ခုကတော့ တပ်တွင်းရုပ်ရှင်ရုံမှာ ဖြစ်သည်။

အဲသည်ခေတ်က မော်လမြိုင်မှာ ရုပ်ရှင်ရုံတွေ ရှိသေးသည့်ခေတ် ဖြစ်သည်။ ကျွန်တော်တို့ မြို့ထဲကို အလည် သုံးခေါက်ရောက်ခဲ့ရာ၊ တစ်ခေါက်က ကိုသိန်းလွင် အမျိုးတွေဖြစ်ပြီး သူတို့တောင် ရုပ်ရှင်ရုံတွေ ထောင်ခဲ့ဖူးသည်။ ဆိုရှယ်လစ်အစိုးရက ပြည်သူပိုင်သိမ်းခဲ့ပြီး အစိုးရရုပ်ရှင်ရုံတွေအဖြစ် ဆက်ပြနေတာဟု သိရသည်။ နောက်ပိုင်း နဝတ လက်ထက်၊ နအဖ လက်ထက်မှာ ရုပ်ရှင်ရုံတွေ မျိုးတုန်းသွားတာတော့ အားလုံးသိကြသည့် အတိုင်း။
တပ်ထဲမှာလည်း တပ်ပိုင် ရုပ်ရှင်ရုံရှိသည်။ တော်တော် သက်သက်သာသာနှင့် ကြည့်၍ရသည်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ရုပ်ရှင်ရုံရှေ့ဖြတ်လျှောက်တော့ ထိုစဉ်က ပေါ်ခါစဖြစ်သော ဆေးရောင်စုံ မြန်မာရုပ်ရှင်ကား တစ်ကား ပြနေသည်။ မင်းသမီးကို ကျွန်တော်သိသည်။ မို့မို့မြင့်အောင်။ ငယ်ငယ်ချောချောကလေးပေါ့။ မွန်းတည့်ချိန်တွင် နေဝင်သည်တို့၊ နှလုံးသားမြို့တော်တို့ အဖြူအမည်း ဇာတ်ကားတွေမှာ ကျွန်တော်ကြည့်ဖူးသည်။ မင်းသားက ကိုယ်တစ်ခါမှ မမြင်ဖူးသော ခပ်ချောချော မင်းသား။ သူငယ်ချင်းတွေ ပြောပြတော့ ‘ရန်အောင်’ တဲ့။ အရပ်တော်တော် ရှည်သည်။ ဖိုက်တင်ခန်းတွေမှာ ကန်ချက်တွေ သိပ်လှသတဲ့။ ကိုင်း. . . အလုပ်မရှိတဲ့ အတူတူ ဝင်ကြည့်ကြစို့ဟုဆိုကာ သူငယ်ချင်းသုံးယောက် လက်မှတ်ဝယ်ဖို့ တန်းစီသည်။ ရုံမန်နေဂျာ အရာခံဗိုလ်ကြီးက ထွက်လာ၍တားသည်။ သူက ကိုသိန်းလွင်ကို တိုင်းမှူး၏ဆရာဝန်ဟု မှတ်မိနေသည်။ ‘ဗိုလ်ကြီးတို့ အပေါ်ထပ်က VIP ခန်းကို ကြွပါ’ တဲ့။ ‘လူကြီးတွေလာလို့ ခက်နေပါ့မယ်ဗျာ’ ဟုပြောတော့ ယနေ့ ဘယ်သူမှ မလာပါတဲ့။ ခေါ်သွားသည့် အခန်းက သမ္မတရုံအပေါ် ထပ်လိုမျိုး။ ခုံ ၅၀ လောက်တော့ ရှိမည်။ လူတစ်ယောက်မှ မရှိ။ စိတ်ချရအောင်ဆိုကာ ဆရာဝန်သုံးယောက် နောက်ဆုံးတန်းကို သွားထိုင်ကြသည်။ ကံဆိုးချင်တော့ စပြပြီးမှ လူကြီးမိသားစု တစ်စု ဝင်လာသည်။ ရှေ့ဆုံးတန်းမှာ ထိုင်သည်။ ကျွန်တော်တို့သုံးယောက်ကို လှည့်ကြည့်နေသည်။ ‘လစ်ကြမလား’ ဟု အချင်းချင်း မျက်ရိပ်ပြတော့ ကိုသိန်းလွင်က လက်ကာပြ၍ ရှေ့သို့ဆင်းသွားပြီး နုတ်ဆက်သည်။ ဘယ်သူဘယ်ဝါဆိုတာ သူက သိနေသည်။ ပြန်လာထိုင်ပြီး သိပ်မကြာခင်မှာ အရာခံဗိုလ်ကြီးကို ခေါ် စကားပြောတာ တွေ့ရသည်။ အရာခံဗိုလ်ကြီး မျက်စိမျက်နှာပျက်စွာနှင့် ကျွန်တော်တို့ဆီလာသည်။ ကျွန်တော်တို့လည်း လက်ကာပြ၍ ထွက်လာခဲ့လိုက်သည်။ ရန်အောင်ကို မြင်ဖူးသွားသော်လည်း ဘာကားမှန်း မသိလိုက်။

ပုံမှန်သွားဖြစ်သော နေရာကတော့ တပ်ဈေးက စာအုပ်အငှားဆိုင်ဖြစ်သည်။ ဘာစာအုပ် ငှားမလဲမေးတော့ ကျွန်တော်က ‘အခု နာမည်ကြီးနေတဲ့ အသစ်ထွက်တဲ့ စာရေးဆရာမ ‘ဂျူး’ ရဲ့ ‘အမှတ်တရ’ ရှိလား’ ဟု မေးသည်။ ‘အမှတ်တရ’ ကို မဂ္ဂဇင်းမှာ အခန်းဆက်ပါစဉ်က ဖတ်ဖူးခဲ့သော်လည်း လုံးချင်းထွက်တော့ အကြီးအကျယ် ‘Hot’ နေသဖြင့် ထပ်ဖတ်ချင်တာ ဖြစ်သည်။ စာအုပ်ငှားသည့် မိန်းကလေးက စာအုပ်ထဲက ဇယားကို လှန်ကြည့်၍ ‘စာရင်းပေးခဲ့မလား၊ တန်းစီထားတာ ၁၄ ရက်တော့ စောင့်ရမယ်’ ဟု ဆိုသည်။ ၁၄ ရက်ဆိုလျှင် ကိုယ်လည်း ရှေ့တန်းရောက်လောက်ပြီဆိုတော့ စိတ်လျှော့၍ ပြန်လာခဲ့သည်။
အဆောင်ပြန်ရောက်တော့ အောင်စန်းဦးက သူ့ ဣစ္ဆာသယ သံသေတ္တာကြီးကိုဖွင့်၍ ထုံးစံအတိုင်း စီပြန်သည်။ အောင်စန်းဦးက သေတ္တာစီတာ အတော် တော်သောသူ ဖြစ်သည်။ သူ့သေတ္တာ သပ်ယပ်လွန်းသဖြင့် သူများချီးကျူးလျှင် သူက အဲသည်လူ သေတ္တာပါလိုက်စီပေးသူ ဖြစ်သည်။ သူ့ သေတ္တာထဲမှာလည်း မပါတာဘာမှမရှိ။ ဘာလိုချင်လိုချင် သူ့ တောင်းလိုက်လျှင် ထွက်လာစမြဲမို့ သူ့ သေတ္တာကို ဣစ္ဆာသယ သံသေတ္တာကြီးဟု ကျွန်တော်က နာမည်ပေးထားသည်။

‘ဟေ့ကောင်၊ စုတ်တော့ မစုတ်စေနဲ့၊ ခေါက်လည်း မခေါက်နဲ့၊ ရိုရို သေသေဖတ်’
သူက ‘အမှတ်တရ’ ကို ထုတ်ပေးတော့ ကျွန်တော် မျက်လုံးပြူး ခဲ့ရသည်။ နောက်ထပ် နှစ်ပေါင်း ၂၀ ကျော်ကြာမှ ကျွန်တော်နှင့် မမဂျူး ရင်းနှီးခဲ့ကြတော့ အဲသည့်အကြောင်းကို ကျွန်တော် ပြန်ပြောပြတော့ မမဂျူး ရယ်မောခဲ့ရသေးသည်။ အောင်စန်းဦး အိမ်ထောင်ကျပြီး နောက်ပိုင်း ပြန်တွေ့ချိန်မှာတော့ ကျွန်တော်က ‘အမှတ်တရ စာအုပ်ရှိသေးလား’ ဟု သွားမေးတော့ အသံမထွက်အောင် ဆဲလေသည်။ စာအုပ်က အဲသည့်အချိန်က ရည်းစားပေးထားတာကိုး။

အဲဒါလောက်ကလွဲလျှင် ကျွန်တော်တို့ ၅၃၅ မှာ နေခဲ့ရစဉ် ဘာမှ လူမှုရေးဖြစ်စဉ် မရှိဘူးဟု ပြော၍ရသည်။ မြို့ထဲ ထွက်ဖြစ်သည့် နောက်နှစ်ခေါက်လည်း ဘာမှ မဝယ်ဖြစ်ပါဘူး။ ပိုက်ဆံမှ မရှိတာ။ ပြီးတော့ မြို့ကဝေးတော့ တပ်ကစုပို့သည့် ကားနှင့်မှ သွားနိုင်တာ။

ဒေသကောလိပ်တုန်းက ချစ်ဆရာမ ဒေါ်မေကြည်ဝင်းကို သွားနှုတ်ဆက်တာ တစ်ခါ။ ဦးလေး သူရစိုးအောင်၏ မိတ်ဆွေတွေ အိမ်ကိုသွားလည်တာ တစ်ခါ။ ထမင်းလည်း တစ်ခါတော့ ဖိတ်အကျွေးခံရသည်။ မော်လမြိုင် စစ်ဗျူဟာမှူးဖြစ်နေသည့် ဗိုလ်မှူးကြီးကက်စိန် လာခေါ်တာပါ။ သူက ဦးလေး၏သူငယ်ချင်း ဖြစ်သည်။ နောက် ဗိုလ်ချုပ်ဘဝနှင့် ကျန်းမာရေးဝန်ကြီး ဖြစ်လာသူပေါ့။ သူလည်း ရှေ့တန်းပြန်ထွက်သွားသဖြင့် နောက်မဆုံဖြစ်တော့။

တစ်ရက်တော့ ဗိုလ်မှူးသောင်းထိုက်က ကျွန်တော်နှင့် အောင်စန်းဦးကို ခေါ်သည်။
‘မင်းတို့နှစ်ကောင် ပါးစပ်ပိတ်ပြီး မျက်နှာအပိုးကျိုးကျိုးနေမယ်ဆိုရင် ငါ ပြောပြမယ်’
အဲသလို ပြောကတည်းကတော့ သတင်းကောင်းမှန်း သိပြီ။ ‘ပြောပြပါ ဗိုလ်မှူး’ ဟု ပူဆာရသည်။
‘တောင်ကြီးတပ်က NSM တွေ ဗိုလ်သင်တန်း တက်ရလို့တဲ့၊ တို့တပ်က နှစ်ယောက် လေးလတွဲရမယ်တဲ့၊ အဲဒါ မင်းတို့နှစ်ယောက်နာမည်နဲ့ ထွက်လာတယ်’
ကျွန်တော်တို့ ပျော်သွားသည်။ အဲသည်အချိန်က တောင်ကြီးတပ်မှာ စစ်ဆင်ရေးတွေက သည်ဘက်လောက် မဆိုး။ ပြီးတော့အနေအစား သည်ထက်နည်းနည်းကောင်းသည်ဆိုတာ လူတိုင်းသိကြသည်။ လေးလလည်း လေးလပေါ့။ ကံကောင်းလျှင် အပြီးလည်း ဖြစ်သွားနိုင်တာပဲ။ အဲသလို တွေးမိသည်။

‘ငါ ပါးစပ်စေ့ပါဆို မင်းတို့ ပါးစပ်က အခုကတည်းက နားရွက်ချိတ်နေပြီ၊ မသိချင်ယောင်ဆောင်နေ၊ တပ်မှူး တအားစိတ်ဆိုးနေတယ်၊ မပေးဘူးလို့ ပြန်ငြင်းနေတယ်၊ ငြင်း လို့မရရင်တော့ မင်းတို့နှစ်ယောက်ကိုတော့ မပေးဘူး၊ လူလဲမယ်တဲ့’
မသွားရမှာ စိတ်ပူသော်လည်း လူကြီးကကိုယ့်ကို အချိန်တိုတိုအတွင်းမှာပင် ယုံကြည်အားကိုးနေကြောင်း သိရတော့ အားနာမိပြန်သည်။

‘ဖျက်နိုင်လား ဗိုလ်မှူး’
‘ဘယ်ပျက်နိုင်မှာလဲ၊ တပ်မှာ စာထွက်ပြီးရင် ငြင်းလို့မှ မရတာ၊ ဒါပေမယ့် သူက ငြင်းနေတော့ နောက်ဆုံး မနိုင်တော့ဘူးဆိုမှ မင်းတို့ကိုပြောမှာ၊ မင်းတို့ ကသီမှာစိုးလို့ ငါ ကြိုပြောပြထားတာ၊ ပစ္စည်းလေးဘာလေး သိမ်းပြီး ဟန်မပျက်နေကြ’
‘ဟုတ်ကဲ့ပါ ဗိုလ်မှူး၊ ကျေးဇူးတင်ပါတယ်’
သူငယ်ချင်းနှစ်ယောက်သား ခုန်ပေါက်ပြန်လာပြီး ကိုသိန်းလွင် ရှေ့ရောက်မှ မျက်နှာပိုးသတ်ရသည်။

(ဆက်လက်ဖော်ပြပါမည်။)

မေတ္တာဖြင့်
လင်္ကာရည်ကျော်

-------------------

NSM-Diary (9)

လကၤာရည္ေက်ာ္

အမွတ္ ၅၃၅ စစ္ေျမျပင္ ေဆးတပ္ရင္းတြင္ ပထမအႀကိမ္အျဖစ္ ကြၽန္ေတာ္ ၂၁ ရက္သာ ေနခဲ့ရသည္။ ဘာေၾကာင့္ ၂၁ ရက္ျဖစ္ခဲ့ရသလဲကို ေနာက္မွာ ဆက္ေရးပါမည္။ ေလာေလာဆယ္ ေျပာျပခ်င္တာက ထိုကာလအတြင္း ကြၽန္ေတာ့္၏ social life ေခၚ လူမႈဘဝအေၾကာင္းေလးျဖစ္ပါသည္။

ဘာေျပာျပစရာရွိလို႔လဲဆိုေတာ့ ဘာမွေျပာျပစရာမရွိတာကို ေျပာျပမွာပါ။
ဘာမွ ေျပာျပစရာမရွိတာဆိုတာ ဘာထူးဆန္းလို႔လဲဆိုေတာ့ အဲဒါကိုက ေတာ္ေတာ္ထူးဆန္းေနတာပါ။

ကြၽန္ေတာ္၊ ကိုသိန္းလြင္ႏွင့္ ေအာင္စန္းဦး ကြၽန္ေတာ္တို႔တစ္ခန္းတည္း အတူေနၾကသည့္ အငယ္ဆုံးသုံးေယာက္က ၂၆ ႏွစ္ပဲ ရွိပါေသးသည္။ လူပ်ိဳဆရာဝန္ကေလးေတြပါ။ ၁၉၈၇ ခုႏွစ္ဆိုတာ လူပ်ိဳဆရာဝန္ေလးေတြက လူမႈပတ္ဝန္းက်င္တြင္ ေတာ္ေတာ္မ်က္ႏွာပြင့္ေသးေသာ အခ်ိန္ပါ။ လူပ်ိဳစစ္ဗိုလ္ကေလးေတြလည္း အတူတူပါပဲ။

လူႀကီးသူမေတြကအစ သူတို႔သားလို ခ်စ္ခင္ေလးစားအထင္ႀကီးၿပီး ႀကဳံလွ်င္ႀကဳံသလို အေရးေပးခံရသည့္ ေခတ္ပါ။ ကြၽန္ေတာ္တို႔ခမ်ာမွာေတာ့ ေလာကႀကီးထဲမွာ ကိုယ္ရွိေနတာေတာင္ ဘယ္သူမွမသိဘဲႏွင့္ ယိုင္နဲ႔ေနေသာ တဲသာသာ ပ်ဥ္ေထာင္အိမ္ကေလးႏွင့္ ေဆး႐ုံငယ္ၾကားက လမ္းမွာပဲ အခ်ိန္ကုန္ခဲ့ၾကတာပါ။

ပထမဦးဆုံး ခရီးစထြက္ရတာက ကိုသိန္းလြင္၊ ေရွ႕တန္းေတာ့ မဟုတ္။ သူကတိုင္းမႉး၏ ေဆးမႉး ျဖစ္သျဖင့္ တိုင္းမႉးက်ိဳက္ထီး႐ိုးတက္တာ လိုက္ရတာျဖစ္သည္။ ျပန္လာေတာ့ ခရီးသြားထားတာႏွင့္ မတူဘဲ သန႔္ျပန႔္ေနသည့္သူ႔ကို ကြၽန္ေတာ္တို႔က အံ့ၾသၾကေတာ့ သူကရယ္၍ ရွင္းျပသည္။ က်ိဳက္ထီး႐ိုးဆိုတာ တစ္ဖက္အဖြဲ႕ အစည္းက တစ္ခ်က္တစ္ခ်က္ ဝင္တိုက္ခိုက္ေနဆဲ အခ်ိန္၊ ေတာင္တက္ကားလမ္းလည္း မေပၚေသးဘဲ ေတာလမ္းက တက္ရတာ ဆိုေတာ့ တိုင္းမႉးသြားမည္ဆိုေတာ့ တိုင္း႐ုံးအဖြဲ႕က အရာရွိေတြအျပင္ နယ္ေျမခံတပ္က လုံၿခဳံေရးတပ္ေတြပါ ပါသြားတာတဲ့။ လုံၿခဳံေရးယူသည့္သူေတြက ေတာထဲမွာ ေရွ႕တန္းထြက္သလို ကင္းပုန္းဝပ္ေနၾကတာျဖစ္ေသာ္လည္း တိုင္းမႉးနားက အရာရွိေတြကေတာ့ သန႔္ျပန႔္ေတာက္ေျပာင္ေနတာပဲတဲ့။ ထိုအခ်ိန္က ကြၽန္ေတာ္တို႔ေတာင္ သုံးစြဲေလ့မရွိေသာ ေရေမႊးေတြ၊ ကိုယ္အနံ႔ေပ်ာက္ေဆးေတြပါ ပါလာတာတဲ့။ ျဖစ္ခ်င္ေတာ့ ေတာင္တက္မည့္မနက္မွာ ဘယ္သူကမ်ား ခြၽန္တြန္းလုပ္လိုက္သည္ မသိ။ တိုင္းမႉးက ယူနီေဖာင္း ဝတ္ထားၿပီးၿပီ။ အပြင့္အမည္းႀကီး တပ္ထားသည္ဟု ေျပာၾကသတဲ့။ အပြင့္အမည္းက ေရွ႕တန္းသြားမွတပ္ရသည့္ အရာရွိ အမွတ္အသားပါ။ တိုင္းမႉးအဆင့္က အပြင့္အမည္းတပ္တာ ကြၽန္ေတာ္တို႔ အဲသည္အခ်ိန္က စီစီဝန္၊ တာပန္ စစ္ေျမျပင္ကို လိုက္သြားေသာ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ တပ္တာပဲ တီဗြီမွာ ျမင္ဖူးပါသည္။ က်ိဳက္ထီး႐ိုးဆိုတာက ေရွ႕တန္းလည္းေျပာ၍ ရ၊ ေနာက္တန္းလည္းေျပာ၍ ရေသာ အရပ္ဆိုေတာ့ အားလုံးေ႐ႊေရာင္အပြင့္ေတြႏွင့္ပဲ လာခဲ့ၾကတာတဲ့။ တိုင္းမႉးကလည္း အမည္းတပ္ထားသည္ဆိုေတာ့ ေ႐ႊေရာင္မတပ္ရဲၾကေတာ့ဘူး တဲ့။ အဲဒါႏွင့္ပဲ ပါလာသည့္ ကီဝီဖိနပ္တိုက္ေဆးအမည္းေတြႏွင့္ ေ႐ႊအပြင့္ေတြကို သုတ္သူက သုတ္ၾကသတဲ့။ အရင္စလိုမို႔ ယူနီေဖာင္းမွာ တပ္လ်က္သား ပြတ္ၾကေတာ့ ယူနီေဖာင္းပုခုံးေတြပါ အမည္းေတြ ေပကုန္သတဲ့။ ကိုသိန္းလြင္ကေတာ့ ဆူခ်င္ဆူပါေစ၊ မလဲေတာ့ဘူးဆိုတာ ေ႐ႊအပြင့္ႏွင့္ပဲ ထြက္လာသတဲ့။ တိုင္းမႉးေရွ႕ေရာက္ေတာ့ တိုင္းမႉးက ေ႐ႊအပြင့္ႀကီးတပ္ထားတာ ေတြ႕ရေတာ့မွ ပုခုံးမည္းမည္းႏွင့္ အရာရွိေတြ ‘ဘယ္ေကာင္ ေခ်ာက္ခ်တာလဲကြ’ ဟု ႀကိတ္ၿပီး က်ိန္ဆဲၾကရသတဲ့။
ေနာက္ထပ္ ငိုအားထက္ ရယ္အားသန္သည့္ ျဖစ္ရပ္တစ္ခုကေတာ့ တပ္တြင္း႐ုပ္ရွင္႐ုံမွာ ျဖစ္သည္။

အဲသည္ေခတ္က ေမာ္လၿမိဳင္မွာ ႐ုပ္ရွင္႐ုံေတြ ရွိေသးသည့္ေခတ္ ျဖစ္သည္။ ကြၽန္ေတာ္တို႔ ၿမိဳ႕ထဲကို အလည္ သုံးေခါက္ေရာက္ခဲ့ရာ၊ တစ္ေခါက္က ကိုသိန္းလြင္ အမ်ိဳးေတြျဖစ္ၿပီး သူတို႔ေတာင္ ႐ုပ္ရွင္႐ုံေတြ ေထာင္ခဲ့ဖူးသည္။ ဆိုရွယ္လစ္အစိုးရက ျပည္သူပိုင္သိမ္းခဲ့ၿပီး အစိုးရ႐ုပ္ရွင္႐ုံေတြအျဖစ္ ဆက္ျပေနတာဟု သိရသည္။ ေနာက္ပိုင္း နဝတ လက္ထက္၊ နအဖ လက္ထက္မွာ ႐ုပ္ရွင္႐ုံေတြ မ်ိဳးတုန္းသြားတာေတာ့ အားလုံးသိၾကသည့္ အတိုင္း။
တပ္ထဲမွာလည္း တပ္ပိုင္ ႐ုပ္ရွင္႐ုံရွိသည္။ ေတာ္ေတာ္ သက္သက္သာသာႏွင့္ ၾကည့္၍ရသည္။ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းသုံးေယာက္ ႐ုပ္ရွင္႐ုံေရွ႕ျဖတ္ေလွ်ာက္ေတာ့ ထိုစဥ္က ေပၚခါစျဖစ္ေသာ ေဆးေရာင္စုံ ျမန္မာ႐ုပ္ရွင္ကား တစ္ကား ျပေနသည္။ မင္းသမီးကို ကြၽန္ေတာ္သိသည္။ မို႔မို႔ျမင့္ေအာင္။ ငယ္ငယ္ေခ်ာေခ်ာကေလးေပါ့။ မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္တို႔၊ ႏွလုံးသားၿမိဳ႕ေတာ္တို႔ အျဖဴအမည္း ဇာတ္ကားေတြမွာ ကြၽန္ေတာ္ၾကည့္ဖူးသည္။ မင္းသားက ကိုယ္တစ္ခါမွ မျမင္ဖူးေသာ ခပ္ေခ်ာေခ်ာ မင္းသား။ သူငယ္ခ်င္းေတြ ေျပာျပေတာ့ ‘ရန္ေအာင္’ တဲ့။ အရပ္ေတာ္ေတာ္ ရွည္သည္။ ဖိုက္တင္ခန္းေတြမွာ ကန္ခ်က္ေတြ သိပ္လွသတဲ့။ ကိုင္း. . . အလုပ္မရွိတဲ့ အတူတူ ဝင္ၾကည့္ၾကစို႔ဟုဆိုကာ သူငယ္ခ်င္းသုံးေယာက္ လက္မွတ္ဝယ္ဖို႔ တန္းစီသည္။ ႐ုံမန္ေနဂ်ာ အရာခံဗိုလ္ႀကီးက ထြက္လာ၍တားသည္။ သူက ကိုသိန္းလြင္ကို တိုင္းမႉး၏ဆရာဝန္ဟု မွတ္မိေနသည္။ ‘ဗိုလ္ႀကီးတို႔ အေပၚထပ္က VIP ခန္းကို ႂကြပါ’ တဲ့။ ‘လူႀကီးေတြလာလို႔ ခက္ေနပါ့မယ္ဗ်ာ’ ဟုေျပာေတာ့ ယေန႔ ဘယ္သူမွ မလာပါတဲ့။ ေခၚသြားသည့္ အခန္းက သမၼတ႐ုံအေပၚ ထပ္လိုမ်ိဳး။ ခုံ ၅၀ ေလာက္ေတာ့ ရွိမည္။ လူတစ္ေယာက္မွ မရွိ။ စိတ္ခ်ရေအာင္ဆိုကာ ဆရာဝန္သုံးေယာက္ ေနာက္ဆုံးတန္းကို သြားထိုင္ၾကသည္။ ကံဆိုးခ်င္ေတာ့ စျပၿပီးမွ လူႀကီးမိသားစု တစ္စု ဝင္လာသည္။ ေရွ႕ဆုံးတန္းမွာ ထိုင္သည္။ ကြၽန္ေတာ္တို႔သုံးေယာက္ကို လွည့္ၾကည့္ေနသည္။ ‘လစ္ၾကမလား’ ဟု အခ်င္းခ်င္း မ်က္ရိပ္ျပေတာ့ ကိုသိန္းလြင္က လက္ကာျပ၍ ေရွ႕သို႔ဆင္းသြားၿပီး ႏုတ္ဆက္သည္။ ဘယ္သူဘယ္ဝါဆိုတာ သူက သိေနသည္။ ျပန္လာထိုင္ၿပီး သိပ္မၾကာခင္မွာ အရာခံဗိုလ္ႀကီးကို ေခၚ စကားေျပာတာ ေတြ႕ရသည္။ အရာခံဗိုလ္ႀကီး မ်က္စိမ်က္ႏွာပ်က္စြာႏွင့္ ကြၽန္ေတာ္တို႔ဆီလာသည္။ ကြၽန္ေတာ္တို႔လည္း လက္ကာျပ၍ ထြက္လာခဲ့လိုက္သည္။ ရန္ေအာင္ကို ျမင္ဖူးသြားေသာ္လည္း ဘာကားမွန္း မသိလိုက္။

ပုံမွန္သြားျဖစ္ေသာ ေနရာကေတာ့ တပ္ေဈးက စာအုပ္အငွားဆိုင္ျဖစ္သည္။ ဘာစာအုပ္ ငွားမလဲေမးေတာ့ ကြၽန္ေတာ္က ‘အခု နာမည္ႀကီးေနတဲ့ အသစ္ထြက္တဲ့ စာေရးဆရာမ ‘ဂ်ဴး’ ရဲ႕ ‘အမွတ္တရ’ ရွိလား’ ဟု ေမးသည္။ ‘အမွတ္တရ’ ကို မဂၢဇင္းမွာ အခန္းဆက္ပါစဥ္က ဖတ္ဖူးခဲ့ေသာ္လည္း လုံးခ်င္းထြက္ေတာ့ အႀကီးအက်ယ္ ‘Hot’ ေနသျဖင့္ ထပ္ဖတ္ခ်င္တာ ျဖစ္သည္။ စာအုပ္ငွားသည့္ မိန္းကေလးက စာအုပ္ထဲက ဇယားကို လွန္ၾကည့္၍ ‘စာရင္းေပးခဲ့မလား၊ တန္းစီထားတာ ၁၄ ရက္ေတာ့ ေစာင့္ရမယ္’ ဟု ဆိုသည္။ ၁၄ ရက္ဆိုလွ်င္ ကိုယ္လည္း ေရွ႕တန္းေရာက္ေလာက္ၿပီဆိုေတာ့ စိတ္ေလွ်ာ့၍ ျပန္လာခဲ့သည္။
အေဆာင္ျပန္ေရာက္ေတာ့ ေအာင္စန္းဦးက သူ႔ ဣစာၦသယ သံေသတၱာႀကီးကိုဖြင့္၍ ထုံးစံအတိုင္း စီျပန္သည္။ ေအာင္စန္းဦးက ေသတၱာစီတာ အေတာ္ ေတာ္ေသာသူ ျဖစ္သည္။ သူ႔ေသတၱာ သပ္ယပ္လြန္းသျဖင့္ သူမ်ားခ်ီးက်ဴးလွ်င္ သူက အဲသည္လူ ေသတၱာပါလိုက္စီေပးသူ ျဖစ္သည္။ သူ႔ ေသတၱာထဲမွာလည္း မပါတာဘာမွမရွိ။ ဘာလိုခ်င္လိုခ်င္ သူ႔ ေတာင္းလိုက္လွ်င္ ထြက္လာစၿမဲမို႔ သူ႔ ေသတၱာကို ဣစာၦသယ သံေသတၱာႀကီးဟု ကြၽန္ေတာ္က နာမည္ေပးထားသည္။

‘ေဟ့ေကာင္၊ စုတ္ေတာ့ မစုတ္ေစနဲ႔၊ ေခါက္လည္း မေခါက္နဲ႔၊ ႐ို႐ို ေသေသဖတ္’
သူက ‘အမွတ္တရ’ ကို ထုတ္ေပးေတာ့ ကြၽန္ေတာ္ မ်က္လုံးျပဴး ခဲ့ရသည္။ ေနာက္ထပ္ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာမွ ကြၽန္ေတာ္ႏွင့္ မမဂ်ဴး ရင္းႏွီးခဲ့ၾကေတာ့ အဲသည့္အေၾကာင္းကို ကြၽန္ေတာ္ ျပန္ေျပာျပေတာ့ မမဂ်ဴး ရယ္ေမာခဲ့ရေသးသည္။ ေအာင္စန္းဦး အိမ္ေထာင္က်ၿပီး ေနာက္ပိုင္း ျပန္ေတြ႕ခ်ိန္မွာေတာ့ ကြၽန္ေတာ္က ‘အမွတ္တရ စာအုပ္ရွိေသးလား’ ဟု သြားေမးေတာ့ အသံမထြက္ေအာင္ ဆဲေလသည္။ စာအုပ္က အဲသည့္အခ်ိန္က ရည္းစားေပးထားတာကိုး။

အဲဒါေလာက္ကလြဲလွ်င္ ကြၽန္ေတာ္တို႔ ၅၃၅ မွာ ေနခဲ့ရစဥ္ ဘာမွ လူမႈေရးျဖစ္စဥ္ မရွိဘူးဟု ေျပာ၍ရသည္။ ၿမိဳ႕ထဲ ထြက္ျဖစ္သည့္ ေနာက္ႏွစ္ေခါက္လည္း ဘာမွ မဝယ္ျဖစ္ပါဘူး။ ပိုက္ဆံမွ မရွိတာ။ ၿပီးေတာ့ ၿမိဳ႕ကေဝးေတာ့ တပ္ကစုပို႔သည့္ ကားႏွင့္မွ သြားႏိုင္တာ။

ေဒသေကာလိပ္တုန္းက ခ်စ္ဆရာမ ေဒၚေမၾကည္ဝင္းကို သြားႏႈတ္ဆက္တာ တစ္ခါ။ ဦးေလး သူရစိုးေအာင္၏ မိတ္ေဆြေတြ အိမ္ကိုသြားလည္တာ တစ္ခါ။ ထမင္းလည္း တစ္ခါေတာ့ ဖိတ္အေကြၽးခံရသည္။ ေမာ္လၿမိဳင္ စစ္ဗ်ဴဟာမႉးျဖစ္ေနသည့္ ဗိုလ္မႉးႀကီးကက္စိန္ လာေခၚတာပါ။ သူက ဦးေလး၏သူငယ္ခ်င္း ျဖစ္သည္။ ေနာက္ ဗိုလ္ခ်ဳပ္ဘဝႏွင့္ က်န္းမာေရးဝန္ႀကီး ျဖစ္လာသူေပါ့။ သူလည္း ေရွ႕တန္းျပန္ထြက္သြားသျဖင့္ ေနာက္မဆုံျဖစ္ေတာ့။

တစ္ရက္ေတာ့ ဗိုလ္မႉးေသာင္းထိုက္က ကြၽန္ေတာ္ႏွင့္ ေအာင္စန္းဦးကို ေခၚသည္။
‘မင္းတို႔ႏွစ္ေကာင္ ပါးစပ္ပိတ္ၿပီး မ်က္ႏွာအပိုးက်ိဳးက်ိဳးေနမယ္ဆိုရင္ ငါ ေျပာျပမယ္’
အဲသလို ေျပာကတည္းကေတာ့ သတင္းေကာင္းမွန္း သိၿပီ။ ‘ေျပာျပပါ ဗိုလ္မႉး’ ဟု ပူဆာရသည္။
‘ေတာင္ႀကီးတပ္က NSM ေတြ ဗိုလ္သင္တန္း တက္ရလို႔တဲ့၊ တို႔တပ္က ႏွစ္ေယာက္ ေလးလတြဲရမယ္တဲ့၊ အဲဒါ မင္းတို႔ႏွစ္ေယာက္နာမည္နဲ႔ ထြက္လာတယ္’
ကြၽန္ေတာ္တို႔ ေပ်ာ္သြားသည္။ အဲသည္အခ်ိန္က ေတာင္ႀကီးတပ္မွာ စစ္ဆင္ေရးေတြက သည္ဘက္ေလာက္ မဆိုး။ ၿပီးေတာ့အေနအစား သည္ထက္နည္းနည္းေကာင္းသည္ဆိုတာ လူတိုင္းသိၾကသည္။ ေလးလလည္း ေလးလေပါ့။ ကံေကာင္းလွ်င္ အၿပီးလည္း ျဖစ္သြားႏိုင္တာပဲ။ အဲသလို ေတြးမိသည္။

‘ငါ ပါးစပ္ေစ့ပါဆို မင္းတို႔ ပါးစပ္က အခုကတည္းက နား႐ြက္ခ်ိတ္ေနၿပီ၊ မသိခ်င္ေယာင္ေဆာင္ေန၊ တပ္မႉး တအားစိတ္ဆိုးေနတယ္၊ မေပးဘူးလို႔ ျပန္ျငင္းေနတယ္၊ ျငင္း လို႔မရရင္ေတာ့ မင္းတို႔ႏွစ္ေယာက္ကိုေတာ့ မေပးဘူး၊ လူလဲမယ္တဲ့’
မသြားရမွာ စိတ္ပူေသာ္လည္း လူႀကီးကကိုယ့္ကို အခ်ိန္တိုတိုအတြင္းမွာပင္ ယုံၾကည္အားကိုးေနေၾကာင္း သိရေတာ့ အားနာမိျပန္သည္။

‘ဖ်က္ႏိုင္လား ဗိုလ္မႉး’
‘ဘယ္ပ်က္ႏိုင္မွာလဲ၊ တပ္မွာ စာထြက္ၿပီးရင္ ျငင္းလို႔မွ မရတာ၊ ဒါေပမယ့္ သူက ျငင္းေနေတာ့ ေနာက္ဆုံး မႏိုင္ေတာ့ဘူးဆိုမွ မင္းတို႔ကိုေျပာမွာ၊ မင္းတို႔ ကသီမွာစိုးလို႔ ငါ ႀကိဳေျပာျပထားတာ၊ ပစၥည္းေလးဘာေလး သိမ္းၿပီး ဟန္မပ်က္ေနၾက’
‘ဟုတ္ကဲ့ပါ ဗိုလ္မႉး၊ ေက်းဇူးတင္ပါတယ္’
သူငယ္ခ်င္းႏွစ္ေယာက္သား ခုန္ေပါက္ျပန္လာၿပီး ကိုသိန္းလြင္ ေရွ႕ေရာက္မွ မ်က္ႏွာပိုးသတ္ရသည္။

(ဆက္လက္ေဖာ္ျပပါမည္။)

ေမတၱာျဖင့္
လကၤာရည္ေက်ာ္

"မိမိနှင့်ကမ္ဘာကြီးကို ကုစားခြင်း (၃)"------------------------အောက်စဖိုဒ့်ဆရာတော်ဆွီဒင်နိုင်ငံ၊ သူက ဘုရင်နိုင်ငံပဲရှိသေး...
02/02/2021

"မိမိနှင့်ကမ္ဘာကြီးကို ကုစားခြင်း (၃)"
------------------------
အောက်စဖိုဒ့်ဆရာတော်

ဆွီဒင်နိုင်ငံ၊ သူက ဘုရင်နိုင်ငံပဲရှိသေးတာကိုး။ ဘုရင်ရော အစိုးရခေါင်းဆောင်ဝန်ကြီးချုပ်ရော သူတို့ရဲ့ new year message နှစ်သစ်ကူးသဝဏ်လွှာကို ဒီနှစ် ဘုန်းဘုန်း ဖတ်မိတယ်။ တခြားနိုင်ငံတွေ အများကြီး မဖတ်မိဘူး။ သူတို့နိုင်ငံကိုတော့ ဘယ်နည်းနဲ့လဲ မသိဘူး သွားပြီးတော့ ဖတ်မိတယ်၊ ဘာဖြစ်လို့တုံးဆိုတော့ သူတို့က ကိုဗစ်ကိုကိုင်တွယ်တဲ့နေရာမှာ သူများနဲ့ မတူလို့။ စောစောပိုင်းက lockdown တွေ ဘာတွေ မရှိဘူး။ ဒီ second wave ဒုတိယလှိုင်း ရောက်လာတဲ့အခါကျမှ lockdown မလုပ်မိတဲ့အတွက်ကြောင့်မို့လို့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေးတို့ ဒိန်းမတ်တို့ အဲဒီနိုင်ငံတွေနဲ့ လူဦးရေချင်း သိပ် မကွာပေမယ့် ဆွီဒင်နိုင်ငံရဲ့ သေဆုံးမှုနှုန်းက သူများထက်အများကြီး ပိုများတယ်။

အဲဒါဘုရင်ကြီးက ပထမလှိုင်းမှာ ကျွန်တော်တို့အမှားတွေ လုပ်ခဲ့မိတယ်၊ အဲဒီအတွက် ပေးဆပ်နေရတယ်။ အဲဒီလို ဝန်ခံသွားတယ်။ ဒါက ၂၀၂၀ ကို healing ဖြစ်အောင် ဒဏ်ရာဒဏ်ချက်တွေကို အသိအမှတ်ပြုလိုက်တာ acknowledge လုပ်လိုက်တာ။
“မမှားသော ရှေ့နေ မသေသော ဆေးသမားဆိုတာက ဒီအမြင်က လူမှုရေးရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာရော၊ ကုစားမှုဖြစ်အောင်၊ healing ဖြစ်အောင်၊ အင်မတန်မှ အထောက်အကူဖြစ်တဲ့ အတွေးအခေါ်ပါ။ လူတိုင်းလူတိုင်းမှာ shortcoming တွေ ရှိတယ်။ အဲဒီ အားနည်းချက် အဲဒီချို့ယွင်းချက်ကို အခွင့်ကောင်း သွားယူရင်တော့ ကိုယ်က တကယ့်လူမိုက်ပဲပေါ့။ Healing ဖြစ်အောင် မလုပ်ပေးရုံတင် မကြိုးစားရုံတင် မကဘူး၊ နှစ်ဟောင်းကဒဏ်ရာကို နှစ်သစ်မှာ ကိုယ်ကထပ်ပြီးတော့ ကျယ်ပြန့်အောင် နက်ရှိုင်းအောင် ပိုပြီးတော့ နာကျင်အောင် လုပ်ရာရောက်တယ်။ We become part of the problem. ပြဿနာ အစိတ်အပိုင်းမှာ ကိုယ်ကဆက်ပြီးတော့ ရှိနေတယ်။ အဖြေမှန်ရဲ့အစိတ်အပိုင်းထဲ ကိုယ်မပါသေးဘူး။

ဒါကြောင့် ပြီးခဲ့တဲ့ ငါးပတ်၊ ခြောက်ပတ်လောက်က စပြီးတော့ ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်ကနေပြီး ဘုန်းဘုန်း စပြောခဲ့တဲ့ အတွေးအခေါ် တစ်ခုပေါ့နော် Growth mindset ဆိုတာပါပဲ။ Growth mindset ဆိုတာက ဒီဟာကို specialized လုပ်တဲ့ စတန်းဖို့ဒ် တက္ကသိုလ်က Psychology professor Carol Dweck ဆိုတာ သူရှင်းပြတဲ့ဟာတွေ အကုန်လုံးက ဗုဒ္ဓတရားတော်မှာ ရှိပြီးသားတွေပါ။ ကိုယ့်အားနည်းချက်ကို လက်ခံတာ။ တခြားလူတွေရဲ့ အားနည်းချက်ကိုလည်းပဲ ကိုယ်ချင်းစာပြီးတော့ လက်ခံတာ။ ဒီလိုလက်ခံတဲ့ အကျင့်ရှိတဲ့ ပုဂ္ဂိုလ်ကတဲ့ အားမငယ်ရုံတင် မကဘူး၊ သိမ်ငယ်တဲ့စိတ် မဖြစ်ရုံတင် မကဘူး၊ ဘာဖြစ်သလဲဆိုတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်တယ်။

အဲဒါတွေ ငါ တစ်ယောက်တည်း ဘယ်လိုမှ အကုန်မသိနိုင်ဘူး။ ငါ ပုထုဇဉ်ပဲဖြစ်သေးတဲ့အခါကျတော့ အမှားမပါတဲ့စကား ငါက ဘယ်လိုမှ မပြောနိုင်သေးဘူး။ စေတနာမပါဘဲနဲ့ မှားပြီးတော့ပြောမိတဲ့ဟာတွေရှိမှာပဲ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒီလို ယူဆထားတယ်။ ကိုယ့်ရဲ့မိသားစုဝင်တွေ ကိုယ့်ရဲ့မိဘပဲဖြစ်ဖြစ်၊ သားသမီးတွေပဲ ဖြစ်ဖြစ်၊ သူတို့တွေလည်း ဒီအတိုင်းပဲ emotion နဲ့ ဒီသွေးနဲ့ ဒီသားနဲ့နောက်ပြီးတော့ ပုထုဇဉ်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုတော့ ပြောသော်ရှိ မပြောသော်ရှိ စိတ်ထဲမှာ မကျေနပ်တာတွေ ရှိနိုင်တယ်။ အဲဒီဟာလေးကိုလည်း ကိုယ်ကတွေးလိုက်ရင် ကိုယ်ချင်းစာစိတ် ပါသွားတယ်။

အဲဒီတော့ စာပေစကားဆန်ဆန် ပြောရရင်တော့ သူ့ဒုက္ခနဲ့ ကိုယ့်ဒုက္ခ အဲဒီဟာကို အသိအမှတ် ပြုလိုက်တာပါ။ ကိုယ့်ဒုက္ခကိုတော့ အသိအမှတ်ပြုပြီး သူ့ဒုက္ခကိုကျ အသိအမှတ်မပြုဘူးဆိုရင်တော့ အဲဒီဟာကို attention seeking တခြားလူတွေရဲ့ ဂရုစိုက်မှု အာရုံစိုက်မှုကို လိုလားလို့ဖြစ်တာ အဲဒါ သိမ်ငယ်တဲ့စိတ်နော်။ ဒုက္ခကို ပြဿနာကိုကွက်ပြီးတော့ကြည့်ရင် အဲဒီလို ဖြစ်တယ်။ ကိုယ့်ပြဿနာကိုကြည့်ပြီး တခြားလူတွေ ပြဿနာတော့ နားမလည်ဘူး၊ စိတ်မဝင်စားဘူးဆိုရင် အဲဒီလို ဖြစ်တတ်တယ်။ တခြားလူတွေ ပြဿနာကို မမြင်တဲ့အခါကျတော့ မကြည့်တဲ့အခါကျတော့လည်း ကြီးကျယ်တဲ့စိတ်တွေ၊ မေ့မြောတဲ့စိတ်တွေ၊ arrogance အဲဒီစိတ်တွေဝင်တယ်။ အဲဒီစိတ်ဝင်ရင် ကြီးကျယ်တဲ့စိတ်၊ မာန arrogance ဝင်ရင် ကိုယ့်ပြဿနာ ရှောင်လွှဲလို့မရတဲ့အချိန် ထိပ်တိုက်ရင်ဆိုင်ရမယ့်အချိန်မှာ ကိုယ်ရော စိတ်ပိုင်းဆိုင်ရာရော အဆင်သင့်ဖြစ်မနေဘူး။ ပေါက်ကွဲမှာပဲ။ A big picture ဆိုတာ လူ့လောကကြီးရဲ့ မြင်ကွင်းကျယ်ကို မမြင်တဲ့အခါကျတော့ ကွက်ပြီးတော့ပဲ မြင်တဲ့အခါကျတော့ အဲဒီလို ဖြစ်တယ်။ မြင်ကွင်းကျယ်ကို ပါဠိလို အနတ္တလို့ ခေါ်ပါတယ်။

ဒုက္ခကိုကြည့်တဲ့နေရာမှာ ဘယ်လောက်ထိ ကြည့်တုံးဆိုတော့ “သူရဲ့ ဒုက္ခတွေ နာမည်တပ်ဖို့ မဖြစ်တော့ဘူး၊ ငါ့ဒုက္ခလည်း တပ်ဖို့ မဖြစ်တော့ဘူး” ဘာဖြစ်လို့တုံးဆိုတော့ သူ့လည်းရှိ ကိုယ့်လည်းရှိ အဲဒီလို ဖြစ်နေတယ်။ နှစ်ဟောင်းမှာ ဒေါသထွက်တဲ့အချိန်ရှိမှာပဲ သူနားမလည်တဲ့ အချိန်ရှိမှာပဲ၊ သူ့ဒေါသနဲ့သူ နားမလည်ဘဲနဲ့ ပြောမိတဲ့စကားတွေ စူးရှမှာပဲ၊ စူးရှတဲ့အချိန်လည်း ရှိမယ်။ ထိုနည်းအတူပဲ ငါကလည်းပဲ သူတို့ကိုနားမလည်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်တိုတဲ့အချိန်၊ ငါပြောတဲ့စကားတွေ သူတို့ကို စူးရှမိမှာပဲ။ အဲဒီလိုတွေးတာကို Empathy ကိုယ်ချင်းစာစိတ်လို့ခေါ်တယ် မေတ္တာပါပဲ။

“အတတုပမာယ သဗေဗသံ” ဆိုတာလေ အတတုပမာဆိုတာ ကိုယ်ချင်းစာစိတ်ပဲ၊ “အတ္တာနံ ဥပမံကတွာ” အဲဒီလိုပေါ့နော်၊ ပါဠိတွေတော့ အများကြီးပေါ့ မရွတ်တော့ပါဘူး။ ကိုယ်ချင်းစာစိတ် - empathy လို့ ခေါ် တယ်။ Empathy ဆိုတာက သူများရဲ့ဒုက္ခ၊ ကိုယ့်ရဲ့ဒုက္ခ၊ တခြားလူတွေရဲ့ ချို့ယွင်းချက်၊ ကိုယ့်ရဲ့ချို့ယွင်းချက် အဲဒီဟာကို မျှပြီးတော့ ကြည့်တာ။ အဲဒီလိုမျှပြီးတော့ ကြည့်တဲ့ပုဂ္ဂိုလ် နှစ်ဖက်စလုံးမြင်တဲ့ပုဂ္ဂိုလ်က စိတ်ဓာတ်မကျရုံတင်မကဘူး ကိုယ်ချင်းစာတဲ့စိတ် ဖြစ်တယ်။ ကိုယ်ချင်းစာတဲ့စိတ်က ကုသိုလ်စိတ်ပဲ။ ဒီကုသိုလ်တွေက ခက်ခက်ခဲခဲ အကုန်အကျများစွာနဲ့ လိုက်ပြီးတော့ရှာနေဖို့ မလိုဘူး၊ ဒီမှာတင် ရှိနေတာ။ ကိုယ်ဗိုက်ဆာတဲ့အချိန် စားသောက်ဖို့ ချက်ပြုတ်ခါနီးမှာ “သြော်ဒီလိုပဲ ငါ့ ခန္ဓာကိုယ် ဆာတယ်၊ တို့အိမ်သားတွေလည်း ဒီလိုပဲဆာတယ်၊ ဟိုးဘက်အိမ်နီးနားချင်းတွေလည်း ဒီလိုပဲ ဆာမှာပဲ၊ လမ်းပေါ်မှာ ကားမောင်းနေတဲ့ဒရိုင်ဘာတွေ လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်တွေ ကြည့်ရင်လည်း ဒီလိုပဲ ဆာမှာပဲ။

အဲဒီလို စိတ်လေးဝင်တာ၊ သူက တစ်မိနစ်လောက်ပဲကြာမှာပေါ့ လုပ်နေကျဆိုရင်။ ကိုယ်ချင်းစာစိတ် ဝင်သွားတာ။ အဲဒီကိုယ်ချင်း စာစိတ်နဲ့ သွားပြီးတော့ ချက်ပြုတ်တဲ့အခါမှာ ကိုယ်က ကုသိုလ်စိတ်နဲ့ ချက်ပြုတ်နေတာလေ။ ဒါ ကျောင်းမှာ အလှူသွားလုပ်တာမဟုတ်ဘူး၊ ဘုရားမှာသွားပြီးတော့ ပုတီးစိပ်တာ မဟုတ်သေးဘူး၊ ရိပ်သာဝင်တာ မဟုတ်သေးဘူးနော်၊ အလှူကြီးအတန်းကြီး ဒီလိုကျောင်းတွေ၊ ဘာတွေ ဆောက်လှူတာ၊ ကထိန်တွေလှူတာ ဒါမျိုးတွေ မဟုတ်သေးဘူး။ ကျောင်းအမကြီး ကျောင်းဒကာကြီးအဖြစ်ခံယူမှာ အဲဒီလို မဟုတ်သေးဘူး။ အိမ်မှာ အဲဒီလို ကိုယ်ချင်းစာစိတ်နဲ့ နေဖို့ပဲ။
ပင်ပန်းတဲ့လူက စိတ်တိုတတ်တယ်၊ စိတ်တိုတဲ့လူက အပြောမှားတတ်တယ်။ ဒီအချက်လေး တွေးမိရင် ကိုယ်စိတ်တိုတဲ့အချိန် ကိုယ်စိတ်ညစ်တဲ့အချိန်မှာ ဘယ်သူနဲ့မှ သိပ်စကားမပြောချင်ဘူး။ ပြောသင့်လည်း ကိုယ်က မပြောချင်ဘူး။ လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် မပြောချင်ဘူး။ အဲဒီလို ကိုယ်ဟာ့ကိုယ် မှိုင်တိုင်တိုင်နဲ့ စူပုပ်ပြီးတော့နေတဲ့အချိန် ခပ်တည်တည်ကြီးနဲ့ နေတဲ့အချိန် အဲဒီအချိန်မျိုးတွေ ရှိခဲ့တယ်။ အဲဒီအချိန်မျိုးတွေဆို ဘေးကလူလည်း နေရခက်တာပဲ။ တခြားလူတွေ အဲဒီလိုလုပ်ရင်လည်း ကိုယ်က အရိပ်အခြည် အကဲခတ်ပြီးတော့ “သြော် ဒီလူ ငါ့လိုပဲ ငါ စိတ်ညစ်တဲ့အချိန်တုန်းက ဖြစ်တာမျိုး ဖြစ်တာထင်တယ်” ဆိုပြီး သူ့ကိုကိုယ်ချင်းစာပေးလိုက်ရင် အဲဒီမှာ နားလည်မှုက ချက်ချင်း ထွက်လာတယ်။ သူ့ကိုနားလည်တာနဲ့ သူ့ရဲ့ အပြုအမူကို ကိုယ်က အပြစ်မယူတော့ဘူး။ သူ့အပြုအမူက ကိုယ့်ကို စိတ်ဒဏ်ရာအသစ်တွေ မဖြစ်စေတော့ဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုး ဒီနိုင်ငံမှာ များများလိုအပ်တယ်။ ဒီနိုင်ငံတင်မကပါဘူး ကမ္ဘာပေါ်မှာ အများကြီးလိုအပ်တယ်။ ခက်ခဲတဲ့ ဒီလို ကိုဗစ်ကာလတို့ နောက်အရင်တုန်းက နာဂစ်ကာလတို့ ဒီလိုအချိန်မျိုးတွေပေါ့နော်၊ ပိုပြီးတော့ လိုအပ်တယ်။

အောက်စဖိုဒ့်ဆရာတော်

(ဆက်ပါဦးမည်)

-------------------------

"မိမိႏွင့္ကမာၻႀကီးကို ကုစားျခင္း (၃)"

ေအာက္စဖိုဒ့္ဆရာေတာ္

ဆြီဒင္ႏိုင္ငံ၊ သူက ဘုရင္ႏိုင္ငံပဲရွိေသးတာကိုး။ ဘုရင္ေရာ အစိုးရေခါင္းေဆာင္ဝန္ႀကီးခ်ဳပ္ေရာ သူတို႔ရဲ႕ new year message ႏွစ္သစ္ကူးသဝဏ္လႊာကို ဒီႏွစ္ ဘုန္းဘုန္း ဖတ္မိတယ္။ တျခားႏိုင္ငံေတြ အမ်ားႀကီး မဖတ္မိဘူး။ သူတို႔ႏိုင္ငံကိုေတာ့ ဘယ္နည္းနဲ႔လဲ မသိဘူး သြားၿပီးေတာ့ ဖတ္မိတယ္၊ ဘာျဖစ္လို႔တုံးဆိုေတာ့ သူတို႔က ကိုဗစ္ကိုကိုင္တြယ္တဲ့ေနရာမွာ သူမ်ားနဲ႔ မတူလို႔။ ေစာေစာပိုင္းက lockdown ေတြ ဘာေတြ မရွိဘူး။ ဒီ second wave ဒုတိယလႈိင္း ေရာက္လာတဲ့အခါက်မွ lockdown မလုပ္မိတဲ့အတြက္ေၾကာင့္မို႔လို႔ အိမ္နီးနားခ်င္းႏိုင္ငံေတြျဖစ္တဲ့ ေနာ္ေဝးတို႔ ဒိန္းမတ္တို႔ အဲဒီႏိုင္ငံေတြနဲ႔ လူဦးေရခ်င္း သိပ္ မကြာေပမယ့္ ဆြီဒင္ႏိုင္ငံရဲ႕ ေသဆုံးမႈႏႈန္းက သူမ်ားထက္အမ်ားႀကီး ပိုမ်ားတယ္။

အဲဒါဘုရင္ႀကီးက ပထမလႈိင္းမွာ ကြၽန္ေတာ္တို႔အမွားေတြ လုပ္ခဲ့မိတယ္၊ အဲဒီအတြက္ ေပးဆပ္ေနရတယ္။ အဲဒီလို ဝန္ခံသြားတယ္။ ဒါက ၂၀၂၀ ကို healing ျဖစ္ေအာင္ ဒဏ္ရာဒဏ္ခ်က္ေတြကို အသိအမွတ္ျပဳလိုက္တာ acknowledge လုပ္လိုက္တာ။
“မမွားေသာ ေရွ႕ေန မေသေသာ ေဆးသမားဆိုတာက ဒီအျမင္က လူမႈေရးရာမွာေရာ၊ စိတ္ပိုင္းဆိုင္ရာမွာေရာ၊ ကုစားမႈျဖစ္ေအာင္၊ healing ျဖစ္ေအာင္၊ အင္မတန္မွ အေထာက္အကူျဖစ္တဲ့ အေတြးအေခၚပါ။ လူတိုင္းလူတိုင္းမွာ shortcoming ေတြ ရွိတယ္။ အဲဒီ အားနည္းခ်က္ အဲဒီခ်ိဳ႕ယြင္းခ်က္ကို အခြင့္ေကာင္း သြားယူရင္ေတာ့ ကိုယ္က တကယ့္လူမိုက္ပဲေပါ့။ Healing ျဖစ္ေအာင္ မလုပ္ေပး႐ုံတင္ မႀကိဳးစား႐ုံတင္ မကဘူး၊ ႏွစ္ေဟာင္းကဒဏ္ရာကို ႏွစ္သစ္မွာ ကိုယ္ကထပ္ၿပီးေတာ့ က်ယ္ျပန႔္ေအာင္ နက္ရႈိင္းေအာင္ ပိုၿပီးေတာ့ နာက်င္ေအာင္ လုပ္ရာေရာက္တယ္။ We become part of the problem. ျပႆနာ အစိတ္အပိုင္းမွာ ကိုယ္ကဆက္ၿပီးေတာ့ ရွိေနတယ္။ အေျဖမွန္ရဲ႕အစိတ္အပိုင္းထဲ ကိုယ္မပါေသးဘူး။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ငါးပတ္၊ ေျခာက္ပတ္ေလာက္က စၿပီးေတာ့ ရန္ကုန္တကၠသိုလ္ရာျပည့္ အထိမ္းအမွတ္ကေနၿပီး ဘုန္းဘုန္း စေျပာခဲ့တဲ့ အေတြးအေခၚ တစ္ခုေပါ့ေနာ္ Growth mindset ဆိုတာပါပဲ။ Growth mindset ဆိုတာက ဒီဟာကို specialized လုပ္တဲ့ စတန္းဖို႔ဒ္ တကၠသိုလ္က Psychology professor Carol Dweck ဆိုတာ သူရွင္းျပတဲ့ဟာေတြ အကုန္လုံးက ဗုဒၶတရားေတာ္မွာ ရွိၿပီးသားေတြပါ။ ကိုယ့္အားနည္းခ်က္ကို လက္ခံတာ။ တျခားလူေတြရဲ႕ အားနည္းခ်က္ကိုလည္းပဲ ကိုယ္ခ်င္းစာၿပီးေတာ့ လက္ခံတာ။ ဒီလိုလက္ခံတဲ့ အက်င့္ရွိတဲ့ ပုဂၢိဳလ္ကတဲ့ အားမငယ္႐ုံတင္ မကဘူး၊ သိမ္ငယ္တဲ့စိတ္ မျဖစ္႐ုံတင္ မကဘူး၊ ဘာျဖစ္သလဲဆိုေတာ့ ႀကိဳးစားခ်င္တဲ့စိတ္ ျဖစ္တယ္။

အဲဒါေတြ ငါ တစ္ေယာက္တည္း ဘယ္လိုမွ အကုန္မသိႏိုင္ဘူး။ ငါ ပုထုဇဥ္ပဲျဖစ္ေသးတဲ့အခါက်ေတာ့ အမွားမပါတဲ့စကား ငါက ဘယ္လိုမွ မေျပာႏိုင္ေသးဘူး။ ေစတနာမပါဘဲနဲ႔ မွားၿပီးေတာ့ေျပာမိတဲ့ဟာေတြရွိမွာပဲ ဆိုၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ဒီလို ယူဆထားတယ္။ ကိုယ့္ရဲ႕မိသားစုဝင္ေတြ ကိုယ့္ရဲ႕မိဘပဲျဖစ္ျဖစ္၊ သားသမီးေတြပဲ ျဖစ္ျဖစ္၊ သူတို႔ေတြလည္း ဒီအတိုင္းပဲ emotion နဲ႔ ဒီေသြးနဲ႔ ဒီသားနဲ႔ေနာက္ၿပီးေတာ့ ပုထုဇဥ္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ဆိုေတာ့ ေျပာေသာ္ရွိ မေျပာေသာ္ရွိ စိတ္ထဲမွာ မေက်နပ္တာေတြ ရွိႏိုင္တယ္။ အဲဒီဟာေလးကိုလည္း ကိုယ္ကေတြးလိုက္ရင္ ကိုယ္ခ်င္းစာစိတ္ ပါသြားတယ္။

အဲဒီေတာ့ စာေပစကားဆန္ဆန္ ေျပာရရင္ေတာ့ သူ႔ဒုကၡနဲ႔ ကိုယ့္ဒုကၡ အဲဒီဟာကို အသိအမွတ္ ျပဳလိုက္တာပါ။ ကိုယ့္ဒုကၡကိုေတာ့ အသိအမွတ္ျပဳၿပီး သူ႔ဒုကၡကိုက် အသိအမွတ္မျပဳဘူးဆိုရင္ေတာ့ အဲဒီဟာကို attention seeking တျခားလူေတြရဲ႕ ဂ႐ုစိုက္မႈ အာ႐ုံစိုက္မႈကို လိုလားလို႔ျဖစ္တာ အဲဒါ သိမ္ငယ္တဲ့စိတ္ေနာ္။ ဒုကၡကို ျပႆနာကိုကြက္ၿပီးေတာ့ၾကည့္ရင္ အဲဒီလို ျဖစ္တယ္။ ကိုယ့္ျပႆနာကိုၾကည့္ၿပီး တျခားလူေတြ ျပႆနာေတာ့ နားမလည္ဘူး၊ စိတ္မဝင္စားဘူးဆိုရင္ အဲဒီလို ျဖစ္တတ္တယ္။ တျခားလူေတြ ျပႆနာကို မျမင္တဲ့အခါက်ေတာ့ မၾကည့္တဲ့အခါက်ေတာ့လည္း ႀကီးက်ယ္တဲ့စိတ္ေတြ၊ ေမ့ေျမာတဲ့စိတ္ေတြ၊ arrogance အဲဒီစိတ္ေတြဝင္တယ္။ အဲဒီစိတ္ဝင္ရင္ ႀကီးက်ယ္တဲ့စိတ္၊ မာန arrogance ဝင္ရင္ ကိုယ့္ျပႆနာ ေရွာင္လႊဲလို႔မရတဲ့အခ်ိန္ ထိပ္တိုက္ရင္ဆိုင္ရမယ့္အခ်ိန္မွာ ကိုယ္ေရာ စိတ္ပိုင္းဆိုင္ရာေရာ အဆင္သင့္ျဖစ္မေနဘူး။ ေပါက္ကြဲမွာပဲ။ A big picture ဆိုတာ လူ႔ေလာကႀကီးရဲ႕ ျမင္ကြင္းက်ယ္ကို မျမင္တဲ့အခါက်ေတာ့ ကြက္ၿပီးေတာ့ပဲ ျမင္တဲ့အခါက်ေတာ့ အဲဒီလို ျဖစ္တယ္။ ျမင္ကြင္းက်ယ္ကို ပါဠိလို အနတၱလို႔ ေခၚပါတယ္။

ဒုကၡကိုၾကည့္တဲ့ေနရာမွာ ဘယ္ေလာက္ထိ ၾကည့္တုံးဆိုေတာ့ “သူရဲ႕ ဒုကၡေတြ နာမည္တပ္ဖို႔ မျဖစ္ေတာ့ဘူး၊ ငါ့ဒုကၡလည္း တပ္ဖို႔ မျဖစ္ေတာ့ဘူး” ဘာျဖစ္လို႔တုံးဆိုေတာ့ သူ႔လည္းရွိ ကိုယ့္လည္းရွိ အဲဒီလို ျဖစ္ေနတယ္။ ႏွစ္ေဟာင္းမွာ ေဒါသထြက္တဲ့အခ်ိန္ရွိမွာပဲ သူနားမလည္တဲ့ အခ်ိန္ရွိမွာပဲ၊ သူ႔ေဒါသနဲ႔သူ နားမလည္ဘဲနဲ႔ ေျပာမိတဲ့စကားေတြ စူးရွမွာပဲ၊ စူးရွတဲ့အခ်ိန္လည္း ရွိမယ္။ ထိုနည္းအတူပဲ ငါကလည္းပဲ သူတို႔ကိုနားမလည္တဲ့အခ်ိန္၊ စိတ္ညစ္တဲ့အခ်ိန္၊ စိတ္တိုတဲ့အခ်ိန္၊ ငါေျပာတဲ့စကားေတြ သူတို႔ကို စူးရွမိမွာပဲ။ အဲဒီလိုေတြးတာကို Empathy ကိုယ္ခ်င္းစာစိတ္လို႔ေခၚတယ္ ေမတၱာပါပဲ။

“အတတုပမာယ သေဗဗသံ” ဆိုတာေလ အတတုပမာဆိုတာ ကိုယ္ခ်င္းစာစိတ္ပဲ၊ “အတၱာနံ ဥပမံကတြာ” အဲဒီလိုေပါ့ေနာ္၊ ပါဠိေတြေတာ့ အမ်ားႀကီးေပါ့ မ႐ြတ္ေတာ့ပါဘူး။ ကိုယ္ခ်င္းစာစိတ္ - empathy လို႔ ေခၚ တယ္။ Empathy ဆိုတာက သူမ်ားရဲ႕ဒုကၡ၊ ကိုယ့္ရဲ႕ဒုကၡ၊ တျခားလူေတြရဲ႕ ခ်ိဳ႕ယြင္းခ်က္၊ ကိုယ့္ရဲ႕ခ်ိဳ႕ယြင္းခ်က္ အဲဒီဟာကို မွ်ၿပီးေတာ့ ၾကည့္တာ။ အဲဒီလိုမွ်ၿပီးေတာ့ ၾကည့္တဲ့ပုဂၢိဳလ္ ႏွစ္ဖက္စလုံးျမင္တဲ့ပုဂၢိဳလ္က စိတ္ဓာတ္မက်႐ုံတင္မကဘူး ကိုယ္ခ်င္းစာတဲ့စိတ္ ျဖစ္တယ္။ ကိုယ္ခ်င္းစာတဲ့စိတ္က ကုသိုလ္စိတ္ပဲ။ ဒီကုသိုလ္ေတြက ခက္ခက္ခဲခဲ အကုန္အက်မ်ားစြာနဲ႔ လိုက္ၿပီးေတာ့ရွာေနဖို႔ မလိုဘူး၊ ဒီမွာတင္ ရွိေနတာ။ ကိုယ္ဗိုက္ဆာတဲ့အခ်ိန္ စားေသာက္ဖို႔ ခ်က္ျပဳတ္ခါနီးမွာ “ေၾသာ္ဒီလိုပဲ ငါ့ ခႏၶာကိုယ္ ဆာတယ္၊ တို႔အိမ္သားေတြလည္း ဒီလိုပဲဆာတယ္၊ ဟိုးဘက္အိမ္နီးနားခ်င္းေတြလည္း ဒီလိုပဲ ဆာမွာပဲ၊ လမ္းေပၚမွာ ကားေမာင္းေနတဲ့ဒ႐ိုင္ဘာေတြ လႈပ္ရွားေနတဲ့ပုဂၢိဳလ္ေတြ ၾကည့္ရင္လည္း ဒီလိုပဲ ဆာမွာပဲ။

အဲဒီလို စိတ္ေလးဝင္တာ၊ သူက တစ္မိနစ္ေလာက္ပဲၾကာမွာေပါ့ လုပ္ေနက်ဆိုရင္။ ကိုယ္ခ်င္းစာစိတ္ ဝင္သြားတာ။ အဲဒီကိုယ္ခ်င္း စာစိတ္နဲ႔ သြားၿပီးေတာ့ ခ်က္ျပဳတ္တဲ့အခါမွာ ကိုယ္က ကုသိုလ္စိတ္နဲ႔ ခ်က္ျပဳတ္ေနတာေလ။ ဒါ ေက်ာင္းမွာ အလႉသြားလုပ္တာမဟုတ္ဘူး၊ ဘုရားမွာသြားၿပီးေတာ့ ပုတီးစိပ္တာ မဟုတ္ေသးဘူး၊ ရိပ္သာဝင္တာ မဟုတ္ေသးဘူးေနာ္၊ အလႉႀကီးအတန္းႀကီး ဒီလိုေက်ာင္းေတြ၊ ဘာေတြ ေဆာက္လႉတာ၊ ကထိန္ေတြလႉတာ ဒါမ်ိဳးေတြ မဟုတ္ေသးဘူး။ ေက်ာင္းအမႀကီး ေက်ာင္းဒကာႀကီးအျဖစ္ခံယူမွာ အဲဒီလို မဟုတ္ေသးဘူး။ အိမ္မွာ အဲဒီလို ကိုယ္ခ်င္းစာစိတ္နဲ႔ ေနဖို႔ပဲ။
ပင္ပန္းတဲ့လူက စိတ္တိုတတ္တယ္၊ စိတ္တိုတဲ့လူက အေျပာမွားတတ္တယ္။ ဒီအခ်က္ေလး ေတြးမိရင္ ကိုယ္စိတ္တိုတဲ့အခ်ိန္ ကိုယ္စိတ္ညစ္တဲ့အခ်ိန္မွာ ဘယ္သူနဲ႔မွ သိပ္စကားမေျပာခ်င္ဘူး။ ေျပာသင့္လည္း ကိုယ္က မေျပာခ်င္ဘူး။ လုပ္ငန္းမွာပဲျဖစ္ျဖစ္၊ အိမ္မွာပဲျဖစ္ျဖစ္ မေျပာခ်င္ဘူး။ အဲဒီလို ကိုယ္ဟာ့ကိုယ္ မႈိင္တိုင္တိုင္နဲ႔ စူပုပ္ၿပီးေတာ့ေနတဲ့အခ်ိန္ ခပ္တည္တည္ႀကီးနဲ႔ ေနတဲ့အခ်ိန္ အဲဒီအခ်ိန္မ်ိဳးေတြ ရွိခဲ့တယ္။ အဲဒီအခ်ိန္မ်ိဳးေတြဆို ေဘးကလူလည္း ေနရခက္တာပဲ။ တျခားလူေတြ အဲဒီလိုလုပ္ရင္လည္း ကိုယ္က အရိပ္အျခည္ အကဲခတ္ၿပီးေတာ့ “ေၾသာ္ ဒီလူ ငါ့လိုပဲ ငါ စိတ္ညစ္တဲ့အခ်ိန္တုန္းက ျဖစ္တာမ်ိဳး ျဖစ္တာထင္တယ္” ဆိုၿပီး သူ႔ကိုကိုယ္ခ်င္းစာေပးလိုက္ရင္ အဲဒီမွာ နားလည္မႈက ခ်က္ခ်င္း ထြက္လာတယ္။ သူ႔ကိုနားလည္တာနဲ႔ သူ႔ရဲ႕ အျပဳအမူကို ကိုယ္က အျပစ္မယူေတာ့ဘူး။ သူ႔အျပဳအမူက ကိုယ့္ကို စိတ္ဒဏ္ရာအသစ္ေတြ မျဖစ္ေစေတာ့ဘူး။ အဲဒီလို ပုဂၢိဳလ္မ်ိဳး ဒီႏိုင္ငံမွာ မ်ားမ်ားလိုအပ္တယ္။ ဒီႏိုင္ငံတင္မကပါဘူး ကမာၻေပၚမွာ အမ်ားႀကီးလိုအပ္တယ္။ ခက္ခဲတဲ့ ဒီလို ကိုဗစ္ကာလတို႔ ေနာက္အရင္တုန္းက နာဂစ္ကာလတို႔ ဒီလိုအခ်ိန္မ်ိဳးေတြေပါ့ေနာ္၊ ပိုၿပီးေတာ့ လိုအပ္တယ္။

ေအာက္စဖိုဒ့္ဆရာေတာ္

(ဆက္ပါဦးမည္)

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ပြည်သူ့အရေး ဂျာနယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည်သူ့အရေး ဂျာနယ်:

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share