19/12/2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကားမောင်းမယ့်သူတိုင်း မဖြစ်မနေသိထားသင့်တဲ့ လမ်းခွဲနေရာများ
(၁) ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)
(၂) ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)
(၃) ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)
(၄) ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)
(၅) ၁၁၅မိုင် (ဖြူးလမ်းခွဲ)
(၆) ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)
(၇) ၁၄၅မိုင် (ခပေါင်းတံတား)
(၈) ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)
(၉) ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)
(၁၀) ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)
(၁၁) ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)
(၁၂) ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)
(၁၃) ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)
(၁၄)၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)
(၁၅) ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။
#အမြန်လမ်း
#လမ်းခွဲ