03/02/2021
မရှဲပဲ မိမိပရိုဖိုင်းမှာပြန်လည်ကူးယူဖော်ပြပေးပါရန်
လူထုလှုပ်ရှားမှုကို ဦးဆောင်ကြရရင်
-------------------------------
- အစီအစဉ်သေချာရေးဆွဲပါ။
- တိုင်ပင်ပြီး တပြိုင်တည်း ဟန်ချက်ညီညီလုပ်ပါ။
- ချိတ်ဆက်မှု စနစ်တကျရှိကြပါ။
- စုရပ်/ ချီတက်ရာလမ်း/ ဆုတ်လမ်းသေချာရွေးချယ်ချမှတ်ပါ။
- ရဲ/ စစ်သားများတားဆီးနေရာတွေရှောင်ပါ။
- ကြွေးကြော်ချီတက်မှုမှာ အထင်ကရနေရာ
အရေးမကြီးပါ။
- ချက်ခြင်းလုပ် / ချက်ခြင်း ကိုယ်ရောင်ဖျောက်ပါ။
- ပျောက်ကြားဆန္ဒပြနည်းကျင့်သုံးပါ။
- အချင်းချင်း Net working ကို စနစ်တကျ
တည်ဆောက်ပါ။
- ဘုံလုပ်ငန်းစဉ်များချပါ။
- တသံတည်း/ တချိန်တည်း လုပ်ဆောင်နိုင်အောင်
ချမှတ်ပါ။
- တပ်ဦးမကျွံပါစေနဲ့။
- မလိုအပ်ပဲ အရဲမစွန့်ပါနဲ့။
- အဖမ်းမခံရအောင် နေထိုင်သွားလာပါ။
- လူထုကို မှီခို အားကိုးပါ။
- ရန်ပုံငွေ စီးဝင်မှုလမ်းကြောင်း စီစဉ်ထားပါ။
- ခေတ်မှီဆက်သွယ်ရေး ကိရိယာအပြင်
အထူးဆက်သားများ သေချာစုဖွဲ့ပါ။
- ဘာလုပ်လုပ် လျှို့ဝှက်လုပ် / စီစဉ်ပါ။
- အပြင်ထွက်လှုပ်ရှားကြရင် Mask အပြင်/ ဦးထုတ်/
မျက်မှန်တပ်(ရုပ်ဖျက်ထွက်)ပါ။
- ကျောင်းသားခေါင်းဆောင် ဟောင်း/ သစ်များရဲ့
တိုက်ပွဲခေါ်သံ လုပ်ငန်းစဉ်ချမှတ်သံတွေ နားစွင့်ပါ။
- အတက်ကြွ မလွန်ပါနဲ့။ တည်တည်ငြိမ်ငြိမ်လုပ်ပါ။
- ဆူပူအကြမ်းဖက် / ဖျက်စီးမှုများထဲ မပါ ပါနဲ့။
- လူထုကို စည်းရုံးပါ။
- ဆိုရှယ်မီဒီယာများကို မှန်ကန်စွာ အသုံးချပါ၊
မတရားတဲ့ အပြုအမူများတွေ့ပါက ဓါတ်ပုံ/ ဗွီဒီယို
ရိုက်ပြီး ချက်ခြင်း တဦးဦးထံ မက်ဆင်ဂျာကနေပို့ပါ၊
( ပြည်ပက ကိုယ့်မိတ်ဆွေများထံပို့ပြီး ဖြန့်ခိုင်းပါ /
ကိုယ်တိုင် မဖြန့်ပါနဲ့)
- လှုပ်ရှားမှုများမှာ ကိုယ့်အမည်/ ရုပ် မပါအောင်
လျှို့ဝှက်ရေး ဂရုစိုက်ပါ၊ မထင်ပေါ်ပါစေနဲ့။
- ဦးတည်တိုက်ရမယ်ရန်သူသည် အာဏာသိမ်း
စစ်အစိုးရဖြစ်သည်။
- ညီညီညွှတ်ညွှတ်လုပ်ပါ။
- စုဖွဲ့လှုပ်ရှားမှု(Team Work)နဲ့ လုပ်ပါ။
- ကျန်းမာရေး ဂရုစိုက်ပါ။
-