24/12/2024
၂၀၂၄ ခုနှစ်တွင်မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ အင်တာနေရှင်နယ် အားကစားအဖွဲ့ချုပ်ထံမှ National Federation Of The Year ဒုတိယနေရာ အသိအမှတ်ပြုရရှိ။
၂၀၂၄ ခုနှစ်၊ တစ်နှစ်တာအတွက် IESF - International Esports Federation မှ သတ်မှတ်ချီးမြှင့်သော National Federation Of The Year တွင် အဖွဲ့ဝင် Federations ပေါင်း ၁၄၆ နိုင်ငံရှိသည့်အနက်မှ ပထမရရှိသော Indonesia နိုင်ငံနှင့် ၃၉ မှတ်သာကွာဟခဲ့ပြီး Myanmar Electronic Sports Federation (MESF) အနေဖြင့် ဒုတိယနေရာရရှိခဲ့ပါသည်။
ယခု အသိအမှတ်ပြုပေးအပ်သော National Federation Of The Year ၏ အကဲဖြတ်မှုစနစ်သည် နိုင်ငံတကာ အားကစားအဖွဲ့ချုပ် မှ အဖွဲ့ဝင် ၁၄၆ နိုင်ငံမှ အဖွဲ့ချုပ်များ၏ လုပ်ဆောင်မှုများကို အောက်ပါအဓိကဌာနလေးခု၏ အဆုံးအဖြတ်များဖြင့် ပြန်လည်သုံးသပ်ကာ ခွဲဝေအကဲဖြတ်သည့်ပုံစံဖြင့် ပေးအပ်ခြင်းဖြစ်သည်။
• လုပ်ငန်းစဉ်ဌာန (Operations Department)
စုစုပေါင်းအမှတ်၏ ၃၀% ပါဝင်မည်ဖြစ်ပြီး အဖွဲ့ချုပ်၏ စွမ်းဆောင်ရည်ထိရောက်မှုနှင့် စီမံခန့်ခွဲမှုကို အဓိကကျမှုအဖြစ် အကဲဖြတ်သည်။
• ပြိုင်ပွဲဌာန (Competitions Department)
စုစုပေါင်းအမှတ်၏ ၃၀% ပါဝင်မည်ဖြစ်ပြီး အားကစားပြိုင်ပွဲ (Tournament) ၏ရလာဒ်၊ နှင့် အဖွဲ့ချုပ်၏ ပြိုင်ပွဲ စီမံခန့်ခွဲမှု၊ ပြိုင်ပွဲများဖော်ဆောင်နိုင်မှုတို့ကို အကဲဖြတ်သည်။
• ဈေးကွက်မြှင့်တင်ရေးဌာန (Marketing Department)
စုစုပေါင်းအမှတ်၏ ၃၀% ပါဝင်မည်ဖြစ်ပြီး IESF ၏ ပြိုင်ပွဲများကိုအဖွဲ့ချုပ်မှ နိုင်ငံအတွင်း လူအများသိရှိ၍ ပရိသတ်နှစ်သက်မှု ဆိုင်ရာ လုပ်ဆောင်ချက်များကို အဓိကပြု၍ အကဲဖြတ်သည်။
• အားကစားသမားကော်မတီဌာန (Athletes Committee Department)
စုစုပေါင်းအမှတ်၏ ၁၀% ပါဝင်မည်ဖြစ်ပြီး အဖွဲ့ချုပ်မှ အားကစားသမားများ အဆင်ပြေချောမွှေ့စွာ သွားရောက်ယှဉ်ပြိုင်နိုင်ရေး နှင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးခြင်းဆိုင်ရာ လှုပ်ရှားမှုများကို အကဲဖြတ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများကြားမှ MESF မှယခုအောင်မြင်မှုရရှိခြင်းသည် မြန်မာနိုင်ငံ Esports ရပ်ဝန်း အနေဖြင့် အထူးပင်ဂုဏ်ယူစရာဖြစ်ပြီး၊ အောင်မြင်မှုများရရှိရန် စွမ်းဆောင်ပေးခဲ့သောအဖွဲ့အစည်းများအားလုံး၏ ရလာဒ်ပင်ဖြစ်ပါသည်။
ယခုကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများကြားမှ Myanmar Electronic Sports Federation (MESF) အနေဖြင့် ဒုတိယနေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူမိသလို IESF - International Esports Federation သို့လည်း မြန်မာ Esports ၏ စွမ်းဆောင်မှုများကို အသိအမှတ်ပြုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
In 2024, the Myanmar Electronic Sports Federation (MESF) was recognized as the runner-up for the "National Federation of the Year" award by the International Sports Federation.
In 2024, the International Esports Federation (IESF) honored the Myanmar Electronic Sports Federation (MESF) with the prestigious National Federation of the Year second-place award. Among 146 member federations worldwide, MESF stood out, trailing the first-place winner, Indonesia, by just 39 points.
This recognition is based on a structured evaluation system that reviews the annual activities of all member federations across the following four key departments:
Evaluation Criteria
☑️ Operations Department
Assesses organizational efficiency and governance.
Contributes 30% of the total score.
☑️Competitions Department
Evaluates tournament performance, management, and ex*****on.
Contributes 30% of the total score.
☑️Marketing Department
Focuses on branding, promotion, and audience engagement.
Contributes 30% of the total score.
☑️Athletes Committee Department
Recognizes efforts in athlete welfare and national team representation.
Contributes 10% of the total score.
The activities of each federation were meticulously recorded and analyzed throughout the year to ensure accuracy and fairness in the evaluation process.
Achieving this recognition amidst competition from highly developed nations is a remarkable accomplishment for Myanmar’s esports community. It reflects the collective effort of all stakeholders who contributed to this success.
MESF also sincerely thanks the International Esports Federation (IESF) for recognizing Myanmar's achievements on the global stage.
Together, let’s strive even higher and reach new milestones in esports! 🌟