To Be A Good Mom

To Be A Good Mom ဘေဘီလေးတွေနဲ့ မေမေတို့ကြား စိတ်ဝင်စားစရာ ဗဟုသုတတွေအကြောင်း အဓိကထားရေးသားသွားမယ့် page လေးပါရှင့်

I wanna wish your Merry Christmas 🎄🎁🎊🎈 ပျော်ရွှင်စရာ ခရစ်စမတ်ကာလ လေးဖြစ်ပါစေ 💗
25/12/2024

I wanna wish your Merry Christmas 🎄🎁🎊🎈

ပျော်ရွှင်စရာ ခရစ်စမတ်ကာလ လေးဖြစ်ပါစေ 💗

၆ လ အောက် ကလေးငယ်တွေကို အစာကျွေးမိရင် ဒီလိုဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်..ကလေးတွေရဲ့ အစာအိမ်ဟာ အသက် (၄ လ) မတိုင်ခင်ထိ မိ...
23/12/2024

၆ လ အောက် ကလေးငယ်တွေကို အစာကျွေးမိရင် ဒီလိုဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်..

ကလေးတွေရဲ့ အစာအိမ်ဟာ အသက် (၄ လ) မတိုင်ခင်ထိ မိခင်နို့တစ်မျိုးတည်းကိုသာ လက်ခံနိုင်သေးတာပါ။ ဒီအချိန်မှာ ကလေးကို ထမင်းတိုက်ကျွေးတာ၊ တခြားအသီးအနှံတွေ ကြိတ်ချေကျွေးတာတွေဟာ မိခင်နို့စို့တာကို နည်းသွားစေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးရဲ့ ကြီးထွားမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အစာကို မြိုချဖို့ သေချာမလုပ်နိုင်သေးတာကြောင့် အစာနင်တာ၊ သီးတာတွေဖြစ်နိုင်ပြီး အချိန်မီ မဖြေရှင်းနိုင်ဘူးဆို ကလေးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် (၄ လ) မတိုင်ခင် ကလေးတွေကို သူတို့လေးတွေရဲ့ အစာအိမ်အခြေအနေအလိုက် ဖြည့်စွက်စာ ကျွေးသင့်မကျွေးသင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ် မေမေတို့ရေ။

အသက် ၆ လ အောက် ကလေးတွေအတွက် အပြင်အစားအစာတွေဟာ မိခင်နို့လောက် အာဟာရ မဖြစ်စေနိုင်ပါဘူး။ မေမေတို့က ခွန်အားဖြစ်အောင် ကျွေးတယ်လို့ ထင်တတ်ကြပေမယ့် ကလေးရဲ့ အစာအိမ်က သေချာမဖွံ့ဖြိုးသေးဘဲ အစာကျွေးတာက အစာခြေစနစ်ကိုထိခိုက်စေနိုင်သလို အခန့်မသင့်ရင် ဓါတ်မတည့်တာ၊ အရေပြားပြဿနာခံစားရတာ၊ အဝလွန်တာနဲ့ ဆီးချိုလိုမျိုး နာတာရှည်ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဂလူတန်နဲ့ ဓါတ်မတည့်မှုကြောင့် အူရောင်တာတွေလည်း ခံစားရနိုင်ပါတယ်။

ဒါတွေအပြင် ကလေးက အဆင်သင့်မဖြစ်သေးဘဲ အစာစားရတဲ့အခါ ညဘက်ကောင်းကောင်း အိပ်မပျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အရွယ်ရောက်ရင်လည်း သေချာပေါက် အစာစားရမှာဖြစ်လို့ ငယ်ရွယ်ချိန်မှာ စိတ်လောပြီး အစာမကျွေးမိပါစေနဲ့နော်။ အစာကိုလက်သင့်ခံနိုင်တဲ့ အရွယ်လေးရောက်လာရင် မေမေတို့စိတ်ကြိုက် အာဟာရဖြစ်စေမယ့် အစားအသောက်တွေ အားပါးတရ ကျွေးလို့ရပါပြီ။ ၆ လ အောက် အရွယ်မှာတော့ မိခင်နို့ (သို့) အာဟာရပြည့် နို့မှုန့်တွေကိုပဲ ကျွေးဖို့ တိုက်တွန်းပါရစေရှင်။

ကိုးကား - Hellosayarwon

"ဖြောင့်ချက်"နို့စို့အရွယ် မှာအမေဆိုတာ အသာယာဆုံး ကမ္ဘာ။မူလတန်း အရွယ် မှာအမေဆိုတာ လိုတရ ပဒေသာပင်။ဆယ်ကျော်သက် အရွယ်ရောက်တေ...
20/12/2024

"ဖြောင့်ချက်"

နို့စို့အရွယ် မှာ
အမေဆိုတာ အသာယာဆုံး ကမ္ဘာ။

မူလတန်း အရွယ် မှာ
အမေဆိုတာ လိုတရ ပဒေသာပင်။

ဆယ်ကျော်သက် အရွယ်ရောက်တော့
အမေဆိုတာ ငြီးငွေ့စရာ ဓာတ်ပြားဟောင်းကြီး။

18+ လည်းရောက်ရော
အမေဆိုတာ အတိုက်အခံ ပါတီ။

ဝင်ငွေလေး ရ
အိမ်ထောင်ကျပြီ ဆိုတော့
အမေဆိုတာ လုပ်ခ အနည်းဆုံး အိမ်ဖော်။

သားသမီးတွေ ရတော့
အမေဆိုတာ ယုံကြည်စိတ်ချရဆုံး ကလေးထိန်း။

အမေသေ မှ မျက်ရည် ကျ
ခိုင်း မဝလို့ပါ အမေရယ်။
တင်မောင်သန်း(မြန်မာစာ)

Edit
အမေအရင်းက မရှိတော့ ဘေဘီသွန်းကို မချီရတော့ဘူး
ဘေဘီသွန်းလေးကို ချီထားတာ ယောက္ခမပါ

ကလေး ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာများကို အုပ်စုပိုင်းခြား စုပေးထားပါတယ်။Child Health Myanmar Page မှ ရေးပြီးသော posts များ...
19/12/2024

ကလေး ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာများကို အုပ်စုပိုင်းခြား စုပေးထားပါတယ်။

Child Health Myanmar Page မှ ရေးပြီးသော posts များကို စုစည်းပေးထားခြင်းပါ။ အဖြစ်များတာ အမေးများတာတွေ အဓိက ပါပါတယ်။

ဤ post ကို save လုပ်ထားခြင်းဖြင့် မိဘများ ဖတ်လိုချိန် ဖတ်လို့ရပါတယ်။ သင့်ကလေး ခေါင်းအစ ခြေ အဆုံး ဖြစ်သမျှ ပြဿနာများနဲ့ ပတ်သက်လို့ ထပ်ရေးမယ့် အကြောင်းများကို ဤ post မှာ ထပ်မံ ဖြည့်ပေးပါမယ်။

ဖတ်မရသော မိဘများက ဖတ်ခွင့်ရသော မိဘများကို အကူအညီတောင်းပါ။ ဖတ်ခွင့်ကြုံတဲ့ မိဘများက အခြားမိဘများကို ကူညီပြီး အသိပညာဖြန့်ဝေပေးကြပါ။

#နေနေမိုးဆွေ (Child Health Myanmar)

(၁) ဦးခေါင်း နှင့် ဦးနှောက်

မွေးကင်းစကလေး ခေါင်းမှာ ဂျွတ်တတ်ခြင်း

https://www.facebook.com/childhealthmyanmar/posts/1312189218839509:0

မကုလျှင် သေနိုင်သောပိုး
(ဦးနှောက်အမြှေးရောင်ခြင်း)

https://www.facebook.com/childhealthmyanmar/posts/1311479718910459:0

ငယ်ထိပ်အကြောင်း သိကောင်းစရာ

https://www.facebook.com/childhealthmyanmar/posts/1312790365446061:0

မွေးစကလေး ခေါင်းရိတ်မလား

https://www.facebook.com/childhealthmyanmar/posts/1313770132014751:0

ခေါင်းချွေး နှင့် ခေါင်းပူကျောပူ

https://www.facebook.com/childhealthmyanmar/posts/1330490017009429:0

မိဘဒေါသတစ်ချက် ကလေးဦးနှောက်ပျက်

https://www.facebook.com/childhealthmyanmar/posts/1276896629035435:0

အဖျားကြောင့် တက်ခြင်း
(Febrile Convulsions)

https://www.facebook.com/childhealthmyanmar/posts/1271303626261402:0

CP တိုင်း ဉာဏ်ရည် မနိမ့်ပါ

https://www.facebook.com/childhealthmyanmar/posts/1307802179278213:0

(၂) မျက်စိ

ကလေးမျက်လုံးနှင့် laser pointer

https://www.facebook.com/childhealthmyanmar/posts/1261860907205674

မွေးစကလေး မျက်စိမြင်လား

https://www.facebook.com/childhealthmyanmar/posts/1307887995936298:0

ကျွန်မကလေး မျက်ရည်တစ်ဖက် ကျနေလို

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1314225465302551/?type=3

(၃) နား နှာခေါင်း လည်ချောင်း

ကျွန်မကလေး နားပြည်ယိုတာကြာပြီ

https://www.facebook.com/childhealthmyanmar/posts/1278167542241677:0

ကလေးနှင့် နှာစီးနှာပိတ် အကြောင်းရင်းများ

https://www.facebook.com/childhealthmyanmar/posts/1265534973504934

ကလေးနှာစေးနှာပိတ်လျှင်

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1314554938602937/?type=3

ကလေးငယ်နှင့် ချောင်းဆိုးပျောက်ဆေး

https://www.facebook.com/childhealthmyanmar/posts/1294842157240882:0

ကလေးချွဲပိတ်နေလို့ ဘာလုပ်ရမလဲ

https://www.facebook.com/childhealthmyanmar/posts/1296936717031426:0

(၄) ခံတွင်း- လျှာ နဲ့ သွား

ကလေး သွားရည်ယိုခြင်း

https://www.facebook.com/childhealthmyanmar/posts/1303882939670137:0

ကလေးလျှာဝါးခြင်း

https://www.facebook.com/childhealthmyanmar/posts/1270742699650828

မက်ခရုအကြောင်း မှတ်စု

https://www.facebook.com/childhealthmyanmar/posts/1306683339390097:0

လွတ်လပ်ရေးမရှိသောလျှာကလေး

https://www.facebook.com/childhealthmyanmar/posts/1324687504256347:0

ကလေးငယ်သွားပေါက်ချိန် သွားဖုံးရောင်

https://www.facebook.com/childhealthmyanmar/posts/1264544450270653

ကလေး သွားပေါက်နောက်ကျခြင်း

https://www.facebook.com/childhealthmyanmar/posts/1321963027862128:0

ကျွန်မကလေး သွားအရမ်းကြိတ်လို့

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1315420691849695/?type=3

ချိုလိမ်၏ ကောင်းကျိုးဆိုးကျိုး

https://www.facebook.com/childhealthmyanmar/posts/1290223871036044:0

ကလေး လက်မစုပ်ခြင်း (၁)&(၂)

https://www.facebook.com/childhealthmyanmar/posts/1310453445679753:0

https://www.facebook.com/childhealthmyanmar/posts/1322050867853344

*နို့စို့ ခြင်းနှင့် သွားပိုးစားခြင်း

https://www.facebook.com/childhealthmyanmar/posts/1344340912291006:0

(၅) ရင်ပိုင်း

ပန်းနာရင်ကြပ် အမြစ်ပြတ်သလား

https://www.facebook.com/childhealthmyanmar/posts/1299976966727401:0

ကလေးငယ်နှင့် ချောင်းဆိုးပျောက်ဆေး

https://www.facebook.com/childhealthmyanmar/posts/1294842157240882:0

ကလေးချွဲပိတ်နေလို့ ဘာလုပ်ရမလဲ

https://www.facebook.com/childhealthmyanmar/posts/1296936717031426:0

(၆) ဝမ်းဗိုက်

ကျွန်မ ကလေး ကျို့ထိုးနေလို့

https://www.facebook.com/childhealthmyanmar/posts/1311199385605159:0

ဝမ်းလျှော ဝမ်းပျက်သောကလေး

https://www.facebook.com/childhealthmyanmar/posts/1306754512716313:0

ဝမ်းသွားတဲ့ ပိုး ဘယ်ကလာ

https://www.facebook.com/childhealthmyanmar/posts/1306919162699848:0

အီအီးဘာကြောင့် စိမ်းရတယ်

https://www.facebook.com/childhealthmyanmar/posts/1308487612543003:0

သင့်ကလေး သန်ကောင် ကင်းဝေးစေရန်

https://www.facebook.com/childhealthmyanmar/posts/1266251366766628

ကလေးနှင့် သန်ချခြင်း

https://www.facebook.com/childhealthmyanmar/posts/1265642370160861

ကလေး ဝမ်းချုပ်သော အကြောင်းများ

https://www.facebook.com/childhealthmyanmar/posts/1270679729657125

ကလေးဝမ်းချုပ်တယ် ဘယ်အခါပြောမလဲ

https://www.facebook.com/childhealthmyanmar/posts/1268787319846366:0

ကလေးဝမ်းချုပ်သော ပြဿနာနှင့် အဖြေများ

https://www.facebook.com/childhealthmyanmar/posts/1323602521031512:0

ကလေး အီးအီး ပုံသဏ္ဌန်များ

https://www.facebook.com/childhealthmyanmar/posts/1270672492991182:0

ဝမ်းနှုတ်ဆေးမပေးရသော အခြေအနေ

https://www.facebook.com/childhealthmyanmar/posts/1162622197129546

ကလေး လေထိုးလေအောင့်

https://www.facebook.com/childhealthmyanmar/posts/1319927988065632:0

ကလေး ချက်စူခြင်း

https://www.facebook.com/childhealthmyanmar/posts/1495205730537856

ငုံးဥလေးတွေ စုံစုံလင်လင်ရှိရဲ့လား ?

https://www.facebook.com/childhealthmyanmar/posts/1322223437836087:0

အကြီးတစ်လုံး အသေးတစ်လုံး

https://www.facebook.com/childhealthmyanmar/posts/1326480554077042:0

အစားအသောက်မှ ကူးစက်သော အသည်းရောင်အသားဝါရောဂါ

https://m.facebook.com/story.php?story_fbid=1340480879343676&substory_index=0&id=1147173735341059

(၇) အရေပြား

ကလေးနဲ့ နို့ပွေး

https://www.facebook.com/childhealthmyanmar/posts/1308381852553579:0

အသားဝါတိုင်း ရောဂါမဟုတ်

https://www.facebook.com/childhealthmyanmar/posts/1309499922441772:0

ဝဲယားနာ

https://www.facebook.com/childhealthmyanmar/posts/1152671031457996:0

မွေးရာပါ အမှတ်ကလေးများ မှတ်စုတို (၁)

https://www.facebook.com/childhealthmyanmar/posts/1319913934733704:0

မွေးရာပါ အမှတ်ကလေးများ မှတ်စုတို (၂)

https://www.facebook.com/childhealthmyanmar/posts/1325154844209613:0

ပူလို့ ထွက်တဲ့ မိတ် စိတ်မပူကြနှင့်

https://www.facebook.com/childhealthmyanmar/posts/1333599680031796:0

ကျီးကန်းပါးစပ်

https://www.facebook.com/childhealthmyanmar/posts/1338485219543242:0

(၈) သွေး

G6PD ချို့တဲ့ခြင်း
https://www.facebook.com/childhealthmyanmar/posts/1316411295083968:0

G6PD ချို့တဲ့ခြင်းနှင့် အမေးများသောမေးခွန်းများ
https://www.facebook.com/childhealthmyanmar/posts/1346096015448829:0

PICA
https://www.facebook.com/childhealthmyanmar/posts/1325148090876955:0

ကျမကလေး A*O များနေလို့

https://m.facebook.com/story.php?story_fbid=1337745752950522&substory_index=0&id=1147173735341059

(၉) ကူးစက်ရောဂါများ
ဝက်သက်
https://www.facebook.com/childhealthmyanmar/posts/1304223899636041:0

သွေးလွန်တုပ်ကွေး
https://www.facebook.com/childhealthmyanmar/posts/1336832059708558:0

Post ရေးသူ ဆရာဝန်များရဲ့ အမည်များကို Post အသီးသီးမှာ တွေ့နိုင်ပါတယ်။

ဘေဘီသွန်းကို ပထမဆုံးအရုပ် bunny လေးနဲ့ မိတ်ဆက်ပေးတာ တအား သဘောကျပြီး ဖက်ထားတာ လက်ကကို မချဘူး  😁😍ဘေဘီသွန်းက ကြိုက်ရင်လဲ ကြ...
18/12/2024

ဘေဘီသွန်းကို ပထမဆုံးအရုပ် bunny လေးနဲ့ မိတ်ဆက်ပေးတာ တအား သဘောကျပြီး ဖက်ထားတာ လက်ကကို မချဘူး 😁😍

ဘေဘီသွန်းက ကြိုက်ရင်လဲ ကြိုက်ကြောင်း မိဘတွေကို ပြတက်နေပြီ
မကြိုက်ရင်လဲ အကြောက်အကန်ငြင်းတက်နေပြီ
အသက်ကလေး ပိစိရလာတော့ တောင်းဆိုမှုတွေ ငြင်းဆန်မှုတွေနဲ့ အရင်လို ထားရာနေတဲ့ ကလေးလေးတယောက် မဟုတ်တော့ဘူးကွယ် .....

ဒါ ကလေးငယ် တယောက်ရဲ့စိတ်ဆန္ဒတွေ စိတ်ခံစားချက်တွေ ဖွံ့ဖြိုးလာတယ် ထင်ပါတယ်.....

🍼 မိခင်နို့က ဘာတွေ ကောင်းတာလဲ ?မိခင်နို့က ဘာတွေ ကောင်းသလဲဆိုတဲ့ အချက် ၁၀ ချက်ကို မျှဝေပါရစေ...၁။ အကုန်အကျ သက်သာတယ်။ နို့...
17/12/2024

🍼 မိခင်နို့က ဘာတွေ ကောင်းတာလဲ ?

မိခင်နို့က ဘာတွေ ကောင်းသလဲဆိုတဲ့ အချက် ၁၀ ချက်ကို မျှဝေပါရစေ...

၁။ အကုန်အကျ သက်သာတယ်။ နို့ဘူးနဲ့ ပိုးသန့်စင်စက်တွေ နို့သီးခေါင်းတွေ ဝယ်စရာမလိုလို့

၂။ နို့မှုန့်ဝယ်စရာ မလိုတဲ့အတွက် အဲ့ဒီကုန်ကျမယ့်စရိတ်ကို ကလေးအတွက် အခြားနေရာမှာ သုံးလို့ရမယ်။

၃။ နို့တိုက်ခါနီး ဖျော်စရာမလို၊ နွေးစရာမလို၊ ပိုးသတ်စရာ မလိုတော့ ထပ်ပြီး အလုပ်မရှူပ်ဘူးပေါ့။

၄။ ဘာမှ လုပ်စရာ မလိုဘဲ နို့တိုက်ရုံနဲ့ အဆီတွေ ပျော်ကျတယ် အကောင်းဆုံးသောဝိတ်ချနည်းပါ။

၅။ နို့တိုက်ရင် ထွက်တဲ့ Oxytoxin ဆိုတဲ့ ဟော်မုန်းက သားအိမ်ကို ပုံမှန်size ပြန်ရောက်အောင် ကျုံ့စေတဲ့အပြင် အရိုးပျော့ရောဂါ ရင်သားကင်ဆာ နဲ့ သားအိမ်ကင်ဆာတွေကို ကာကွယ်စေပါတယ်။

၆။ နို့တိုက်ရင် ရတဲ့ eye contact က ကလေးနဲ့ အမေကို သံယောဇဉ်တွယ်ဖို့ အကောင်းဆုံး အခွင့်အရေးပါ။

၇။ အမေနို့ထဲမှာပဲ ပါတဲ့ Lauric Acid က ဘယ်နို့ဘူးမှာမှ တုပြီး ထည့်လို့ မရပါ။ အုန်းရည်ထဲမှာပဲပါ ပါတယ်။

၈။ အမေနို့မှာ antibodies တွေပါပါတယ် ဒါကြောင့် တော်ရုံ virus နဲ့ bacteria ကြောင့်ဖြစ်တဲ့ အခြားကလေးတွေလို ဖျားနာတာ တော်ရုံ မဖြစ်တော့ပါဘူး။ အမေနို့နဲ့ မျက်စင်းခတ်လို့ ရသလို တော်ရုံအနာ nappy rash တွေကို အမေနို့နဲ့ လိမ်းပြီး ကုလို့ ရပါတယ် ဆေးဖိုးလဲ သက်သာတာပေါ့...

၉။ အမေနို့က ကလေးရဲ့ IQ ကို ပိုပြီး မြင့်စေပါတယ်။

၁၀။ အရွယ်အလိုက် လိုအပ်တဲ့ nutrition ကိုပြောင်းပြီး ထုတ်ပေးသွားတာ။
ဒါကြောင့် မွေးကာစ ကလေးအတွက် ထွက်တဲ့ နို့ရည် အပြစ်အ ကျဲနဲ့ အရောင်ကအစ ၃ လမှာ ထွက်တဲ့နို့နဲ့ ၁၀ လ ကလေးအတွက် ထွက်တဲ့နို့က အပျစ်အကျဲ ပါတဲ့ nutritionလုံးဝ မတူပါဘူး။
နို့မှုန့်မှာ ဒါမျိုး ကလေးတစ်ယောက်ရဲ့ နေ့တိုင်း လိုအပ်တဲ့ အဟာရကို အတိအကျ ပြောင်းလဲပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီလောက်ဆိုရင် ကလေးတွေကို မိခင်နို့ကို တိုက်ဖို့ အချက်တွေ လုံလောက်ပြီလို့ ထင်ပါတယ်။

Credit to Original Uploader

သမီးလေး အိပ်မှ ဖုန်းသုံးရ ပိုစ့်တင်ရ content ရေးရတဲ့ မေမေပါ 😁🥰ကလေးရှေ့ဆို ဖုန်းမကြည့်ရဲဘူး မျက်လုံးတွေ စွေစောင်းပြီး လို...
17/12/2024

သမီးလေး အိပ်မှ ဖုန်းသုံးရ ပိုစ့်တင်ရ content ရေးရတဲ့ မေမေပါ 😁🥰

ကလေးရှေ့ဆို ဖုန်းမကြည့်ရဲဘူး မျက်လုံးတွေ စွေစောင်းပြီး လိုက်ကြည့်နေလို့ 😅

နို့သီးခေါင်း ကွဲတဲ့ မေမေတွေဟာ နို့တိုက်နည်းပုံစံမှားလို့ပါနို့တိုက်နည်း ပုံစံမှန်အောင် ပုံထဲက ပြထားသလိုလေး ပြုပြင်ပြီး ...
13/12/2024

နို့သီးခေါင်း ကွဲတဲ့ မေမေတွေဟာ နို့တိုက်နည်းပုံစံမှားလို့ပါ
နို့တိုက်နည်း ပုံစံမှန်အောင် ပုံထဲက ပြထားသလိုလေး ပြုပြင်ပြီး ကြိုးစားတိုက်ကြည့်ပါနော် မေမေတို့ နို့သီးခေါင်းကွဲခြင်း သက်သာကြပါစေ 🥰

အဝေးက ကြည့်ပြီး ကလေးဘယ်ပျောက်သွားလဲ လန့်သွားလို့ အနီးသွားကြည့်မှာ ငါ့သမီးက ဆုံလည်လုပ်နေတာ😅😅🤣😍ခင်းထားတဲ့ စောင်နဲ့ ခွလုံးက...
12/12/2024

အဝေးက ကြည့်ပြီး ကလေးဘယ်ပျောက်သွားလဲ လန့်သွားလို့ အနီးသွားကြည့်မှာ ငါ့သမီးက ဆုံလည်လုပ်နေတာ😅😅🤣😍

ခင်းထားတဲ့ စောင်နဲ့ ခွလုံးက နေရာမပျက်ဘူး သူကဘဲ နေရာပျောက်နေရှာတာ သမီးကတော့နော်🤣

သို့/ သမီးရှင်များဖတ်ရန်အကြောင်းရာ တခုကိုပြောချင်ပါတယ်ဒါမဲ့ တချို့သမီးရှင်မိဘတွေကလဲ သဘောမတွေ့မှာစိုးရတယ် မေမေနွယ်ရဲ့ အတွ...
11/12/2024

သို့/ သမီးရှင်များဖတ်ရန်
အကြောင်းရာ တခုကိုပြောချင်ပါတယ်
ဒါမဲ့ တချို့သမီးရှင်မိဘတွေကလဲ သဘောမတွေ့မှာစိုးရတယ် မေမေနွယ်ရဲ့ အတွေးပေါ့နော် အမျိုးသားကို သမီး ၅နှစ်ရောက်ရင် ကိုယ်တွေနဲ့ ခွဲအိပ်ခိုင်းမယ်ပြောထားတယ် သူကလဲ လက်ခံတယ် ၅နှစ်ဆို သမီးလေးက တော်တော်သိတက်နေပြီတဲ့
အနောက်နိုင်ငံတွေကတော့ ရှင်းတယ် ကလေးမွေးကတည်းက ဘေးကနေ baby bed လိုမျိူးလေးနဲ့ မိဘကုတင်ဘေးကနေ တွဲသိပ်တယ် ၂နှစ်၃နှစ်ဆို အခန်းတခန်းပေးပြီး ခွဲသိပ်တယ်
ဒီမြန်မာမှာကျတော့ ကလေးကို ခွဲမသိပ် ခွဲသိပ်ဖို့ အခန်းတခန်းကျလဲ အိမ်အနေထားအရ မပေးနိုင်သေး အဲ့တော့ မိဘနဲ့အတူအိပ်ရင်းနဲ့ နွေးထွေးရင်းနှီးပေမဲ့ တဖက်မှာကျတော့ မမြင်သင့်မကြားသင့်တာတွေ မထိတွေ့သင့်တာတွေ ကြုံရတာဘဲ။တချို့ မိဘတွေ ကလေးရှိလို့ ထိန်းသိမ်းတဲ့မိဘတွေရှိကြပါတယ်။

သားသမီးရှေ့မှာ မိဘတွေက ကြင်ကြင်နာနာနေပြတာနဲ့ ပလူးပြတာ မတူဘူးနော်
ဘာလို့မတူလဲဆိုရင် အပြင်မှာ ကလေးတယောက်မြင်ဖူးတယ် မိဘတွေက သူရှေ့မှာ ဘယ်လိုတွေနေပြလို့လဲတော့မသိဘူး ကလေးက ၃နှစ်ကျော်လေးရှိသေး မူကြိုတက်တော့ သူနဲ့ဆန့်ကျင်ဖက်လိင်ကွဲ ယောကျာ်းလေးတယောက်ကို တွေ့တော့ သူက စပြီး ကိုကိုနဲ့ဘဲနေမယ် မူကြိုမှာလဲ ကိုကို့ဘေးမှာဘဲအိပ်မယ်ဆိုပြီး ငိုလို့ငို ကိုကို့ကိုချစ်တယ် ကိုကိုနဲ့တွေ့ချင်လို့ ကျောင်းတက်မယ် ဘာညာနဲ့ပြော ဘေးကလူတွေ​ရှေ့ အမေကလဲ သမီးကြီးရင် ဘာလုပ်မှာလဲမေး ကလေးကလဲ ကြီးလာရင် ယောကျာ်းယူမယ်ဖြေ ! ဘေးလူတွေကလဲ အယ်... ကလေးက မလွယ်ဘူးတော့ လည်လိုက်တာ ဒါတွေလဲသိနေပြီး ဘာညာ ရီမောကာ မြှောက်ပြောကြတော့ မိဘတွေကလဲ ရီမောပြီး သူတို့ကလေး ဘယ်လောက်လည်ကြောင်း ဘယ်လိုစကားတက်ကြောင်း ပြောနေပေမဲ့ က်ိုယ်ကတော့ ဒီကလေး ၁၆နှစ်တောင် ခံပါ့မလား တွေးမိလိုက်ပါတယ်😅😂
ဒါတွေဟာ ၃နှစ်ကျော်ကလေးငယ်က အလိုလိုတက်တာမဟုတ်ဘူး မိဘတွေက ရှေ့က လုပ်ထားပြောထားလို့ ကလေးက အတုလိုက်ခိုးပြီး တက်လာတာပါ။
ဒါကြောင့် သမီးရှင် မိဘတွေ ကိုယ့်သမီး အရွယ်မရောက်ခင် ယောကျာ်းစောစောယူရင် ဘယ်သူအပြစ်မှ မဟုတ်ပါဘူး ကိုယ့်အပြစ်လိုသာ မြင်ကြပါနော်။

ဒီနေရာမှာ သမီးမိန်းခလေးကို ထိန်းကြောင်းရတာ မလွယ်ပါဘူး လက်ဦးဆရာ မိနဲ့ဖ ဆိုသလိုပေါ့ မိဘ၂ပါးက ကလေးရှေ့ မပြောသင့်တာ မဆဲသင့်တာ အလေအနက်တော စကားတွေသွားပြောနေရင် ကလေးတွေစိတ်မှာ ဒါကိုအလွယ်တကူသင်ယူသွားမိတက်တာ အပြောအဆို အမူအရာ နုတ်ကြမ်း အာကြမ်းတယ်ဆို အဲ့ကနေ စတာဘဲ။

ရှေ့တလောက ရန်ကင်းကလေးဆေးရုံမှာလဲ ကလေးခိုးတဲ့ပြသာနာတွေနဲ့ အလားတူ အမှောက်တဖက်ခြမ်းမှာဘဲ သူများကလေးတွေကိုခိုးမယ် မွေးစားမယ် ပြီး လိ-င်ကျွန်လုပ်ခိုင်းနေတဲ့ လောဘသားတွေကရန်ကလဲ ပေါ့ဆလို့မရပါဘူး

သမီးမိန်းခလေးတခုခုဖြစ်မှသာ မိဘတွေက ရင်ကျိုးပါပြီးဘာညာပြောကြတာ တကယ် လက်တွေ့မှာကျ လူတွေရှေ့ကလေးကို ဖ-င်ပုတ်ပြခိုင်းတာတို့ ဖ-င်လှုပ်ကခိုင်းတာ တွေ့သမျှလူတွေကို ဖလိုင်းကစ်ပေးခိုင်းတာတို့ တွေ့သမျှသူကို ချစ်လား ကလေးကိုဇွတ်မေး
ကလေးကလဲ မသိလဲချစ် သိလဲချစ်တယ် ဖြေပေးနေရ ကလေးကိုလဲ လိင်-ပိုင်း-ဆိုင်ရာအန္တရာယ်နဲ့ ကစားတက်အောင် သင်ပေးနေသလိုဘဲ
နောက်ပြီး တ-ဏှာကြီးတဲ့လိ-င်မုဆိုးတွေဆိုတာကလဲ ဂျိုပါတာမဟုတ်တော့ ဘေးမှာ ရှိနေလဲ မမြင်ရပါဘူးနော် 😅
ကလေးလဲ ညှာတာ မဟုတ်တဲ့ကောင်တွေကလဲရှိပါသေးတယ်။
ကိုယ့်ကလေးကို အချိန်ပြည့် မကြည့်နိုင်တော့ ကလေးကိုဘဲ သင်ပေးရမယ် အဖေကလွဲရင် ဘယ်ယောကျာ်းကိုမှ တရင်းတနှီးမဆက်ဆံတက်ဖို့ ဘယ်သူခေါ်ခေါ် မလိုက်ဖို့ ဘယ်ယောကျာ်းမှ မိမိအသားကိုလည်းကောင်း private area ကိုလည်းကောင်း လာထိရင် မကြိုက်ကြောင်း ထိခဲ့ရင်လဲ အမေကို ပြန်ပြောပြရမယ် ဖြစ်ကြောင်း နားဝင်အောင် သင်ပေးရမယ်။

ကလေးအဆိုတော်လေးတယောက်ရှိသေးတယ် tiktok ကတာကို ချစ်စရာကောင်းအောင် ကတာ entertainment ဖြစ်အောင်ကတာနဲ့ မတူ လိ-င်အသားပေး ဖ-င်ကော့ပြ ဖ-င်လှုပ်ပြ လိ-င်အသားပေး ကတယ်လို့ဘဲ မြင်မိတယ် ဒီဖက်ခောတ်ကလေးတွေ ခု၂၀၂၄တောင် ခောတ်က တအားတိုးတက်နေသော ဘေဘီသွန်းလေးတို့ခောတ်ဆို ပိုဆိုးလာမလားမသိဘူးနော်😅
ကိုယ်ကတော့ သမီးရှင်ဆိုတော့ ခောတ်ကိုမထိန်းချုပ်နိုင်ဘူး လုပ်သင့်မလုပ်သင့်ကိုဘဲ သင်ပေးရမှာဘဲ သမီးဒီလိုလုပ်လို့ ဘယ်သူအကျိုးရှိလဲ သမီးမှာ အကျိုးရှိတာလား အာသာပြေခံတဲ့ကောင်တွေ အကျိုးရှိတာလား ခွဲခြားတက်အောင် သင်ပေးမယ်။
ဒီလို သင်ပေးလို့ ကလေးကို အရွယ်ရောက်တောင် ရည်းစားမထားဖို့အတွက် သင်တာ မဟုတ်ဘူးနော် အဓိက သူရဲ့အသိစိတ်က ကလေးသာသာဘဲရှိတဲ့အချိန်မှာ ကိုယ်ကလေးအပေါ်ကို လိ-င်ပိုင်းဆိုင်ရာ ထိတွေ့စော်ကားမှုတွေ မကြုံရလေအောင် သက်-ငယ်-မု-ဒိန်း-မှု ဆိုတဲ့ အန္တရာယ်မျိုး မကြုံရလေအောင် ကလေးကို သင်ပေးတာမျိုးဖြစ်ပါတယ်။
ဘေဘီသွန်းအရွယ်ရောက်လို့ အပျိုဖြစ်လို့ ရင်ခုန်တက်ချစ်တက်လာရင် သူ့ဆန္ဒနဲ့သူ သူ့ရွေးချယ်မှု့နဲ့သူ လူကြီးတယောက်လို စဉ်းစားဆုံးဖြတ်နိုင်တဲ့အချ်ိန်ကျရင်တော့ မေမေနဲ့ ဖေဖေတို့က လုပ်ပါ မလုပ်ပါနဲ့ တားမြစ်ခြင်းထက် ကောင်းခြင်း ဆိုးခြင်းလောက်သာ ဝေဖန် ထောက်ပြပြီး သူကိုဘဲ ဆုံးဖြတ်ခိုင်းမယ်လို့ ကိုယ်တွေလင်မယား ၂ယောက်လုံးက သဘောတူထားပါတယ်။

လွတ်လပ်စွာ share နိုင်ပါတယ်
ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ။
ဒါလေးတော့ Respect လေးရှိစေချင်ပါတယ်🙏

နို့လည်တယ် နို့လန့်တယ်ဆိုတာ အရပ်စကားပါမိခင်တွေ နို့တိုက်နေရင်း ရုတ်တရက် နို့ထွက်နည်းလာတယ် နို့မထွက်တော့ဘဲ ကလေးတော်တော်စိ...
07/12/2024

နို့လည်တယ် နို့လန့်တယ်ဆိုတာ အရပ်စကားပါ
မိခင်တွေ နို့တိုက်နေရင်း ရုတ်တရက် နို့ထွက်နည်းလာတယ် နို့မထွက်တော့ဘဲ ကလေးတော်တော်စို့မှ နုဖူးကချွေးတွေထွက်အောင် အားနဲ့စို့မှ နို့ထွက်တာမျိုးကို နို့လည်တယ် ပြောကြတာပေါ့
မိခင်က သတင်းစကားတခုခု ကြားပြီး နို့က ရုတ်တရက် မထွက်တော့ဘဲ ရပ်သွားတာကျ နို့လန့်တယ်ပေါ့

တကယ်ကတော့ မိခင် ဘာကြောင့် နို့ထွက်နည်းသွားလဲဆိုရင် နို့လည်တာရော နို့လန့်တာရောက စိတ်ထိခိုက်စရာ တခုခုကြောင့်ပါ။

နေ့စဉ်နဲ့အမျှ မိသားစုကြောင့်လည်းကောင်း အိမ်အမျိုုးသားကြောင့်လည်းကောင်း ဘေးပတ်ဝန်းကျင်ကြောင့်လည်းကောင်း စိတ်ဆင်းရဲစရာတွေ တဖြေးဖြေးဝင်ရောက်ကာ ဖိစီးတက်တဲ့မိခင်တွေမှာ နို့လည်ကာ နို့ထွက်နည်းသွားတာပါ။

သတင်းဆိုး သေဆုံးတာမျိုး accident မျိုး စိတ်ကို အကြီးကျယ်ရုတ်တရုတ်ရှော့ရစေတဲ့ကိစ္စမျိူးကြုံလာရင်တော့ နို့လန့်ကာ နို့ထွက်ချက်ချင်းရပ်သွားတာပါ။

လည်တာဖြစ်ဖြစ် လန့်တာဖြစ်ဖြစ် ကိုယ်မှာတခုခုဖြစ်နေပြီဆိုပြီး အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကုသနည်းကတော့ ကိုယ်စိတ်ကို လက်ခံလိုက်ခြင်း၊တချို့ လက်မခံသင့်တာကို လက်မခံခြင်းနဲ့ ဖြေသိမ့်ခြင်း၊ အာရုံပြောင်းခြင်း အဲ့နည်းတွေထဲက တခုခုနဲ့ ကုသလို့ရပါတယ်။

နောက်ထပ်နည်းတခုကတော့ ကိုယ်ကနို့ထွက်နည်းလာပြီခံစားရတယ်ဆိုရင် ကလေးနဲ့ကိုယ်ကြားထိတွေ့မှု ပိုပေးပါ။ကလေးနဲ့ကိုယ်နဲ့ အသားချင်းထိပေးပါ ဒါကိုနိုင်ငံခြားက သုသေတီတွေကတော့ skinship လို့ခေါ်ကြတယ်။ ကလေးနဲ့ကိုယ်ကြား ပျော်စရာလေးတွေတွေးမယ် ကိုယ်နဲ့ကိုယ့်ကလေး ဘယ်လိုရှေ့ဆက်မယ် ကလေးလေးကို ဘယ်လိုစောင့်ရှောက်မယ် ကလေးလေးနဲ့ မုန့်စားထွက်မယ် ခရီးထွက်မယ် အဲ့လို အကောင်းဖက်အတွေးလေးတွေနဲ့ စိတ်ညစ်စရာတွေကနေ အာရုံပြောင်းပေးလို့ရတယ်။
ဒါတွေကတော့ mentally နည်းအရ နို့ပြန်လိုက်လာအောင် လှည့်စားနည်းတွေပေါ့နော်။

Physically အရကိုတော့ အစားသောက် ကောင်းကောင်းစားမယ်။ ရေများများသောက်မယ်။မနက်တိုင်း ကလေးနဲ့အတူ နေရောင်ခြည်နွေးနွေးလေးခံမယ်။
မေမေနွယ်ရဲ့ နို့ထွက်ကောင်းတဲ့နည်းလေးတခုကလဲ အိုဗာတင်းထဲကို cocohealthအုန်းဆီထည့်သောက်ခြင်းပါဘဲ အဲ့နည်းလမ်းလေးလဲ လိုက်သောက်မယ် ဆိုရင် အမြန်ဆုံး နို့ပြန်လိုက်လာမှာပါ။

အဓိက နို့တိုက်မိခင်က အတက်နိုင်ဆုံးစိတ်ပျော်ရွှင်အောင်နေမှ အာဟာရပြည့်ဝတဲ့အစားစာတွေစားမှ ကိုယ်ဆီက ထွက်တဲ့နို့နဲ့ အသက်ဆက်နေတဲ့ကလေးလေးကို ဝဝလင်လင် ကျန်းကျန်းမာမာနဲ့ မြင်တွေ့ရမှာပါ မေမေတို့ရေ ......

ဘေဘီသွန်းလေး ကာကွယ်ဆေးထိုးတိုင်း ဖြစ်တက်တဲ့ ဖျားနာမှုကို ဒီလိုလေး ပြုစုပေးခဲ့ပါတယ် မေမေတို့ရေကလေးက အဖျား ၁၀၁ နီးပါးရှိနေ...
06/12/2024

ဘေဘီသွန်းလေး ကာကွယ်ဆေးထိုးတိုင်း ဖြစ်တက်တဲ့ ဖျားနာမှုကို ဒီလိုလေး ပြုစုပေးခဲ့ပါတယ် မေမေတို့ရေ

ကလေးက အဖျား ၁၀၁ နီးပါးရှိနေတော့
မျက်နှာလေး ခြေထောက်တွေရော ပူချစ်တောက်နေလို့ အပူကျကပ်ခွာလေးကို နဖူးတွေ ပါးတွေ ကပ်ပေးပါတယ်
ကလေးက အဖျားတက်နေတော့ မနေဘူး ကော့ထိုးတယ် ဂျီကျတယ်
မျက်လုံးတွေ ပူတော့ မျက်စိတွေ တအားပွတ်တယ်
ဆေးထိုးထားတော့ ခန္ဓာကိုယ်ကလဲ နာကျင်ကိုက်ခဲနေရှာမှာပေါ့
အဲ့တာနဲ့ babygesic ကို 0.8 ml ၆နာရီခြားတခါတိုက်တယ်
အင်္ကျီကို ချောင်ချောင်ပွပွလေး ဝတ်ပေးတယ်
အပူကျကပ်ခွာလေးကို တညလုံးကပ်ပေးတယ် ကလေးက ဟိုပွတ်ဒီပွတ်လုပ်တော့ ကပ်ခွာ ပြုတ်ပြုတ်ကျလို့ ပြန်ပြန်ကပ်ရတာ အမော 😅
၃နာရီခြား တခါ thermometerလေးနဲ့အပူချိန်တိုင်းတယ်
အမေနို့ကတော့ တညလုံး တပ်ပေးထားတယ်သူ သတိရတိုင်း စို့ရှာတယ် 😅
အမေနို့ကဘဲ နေပြန်ကောင်းဖို့အတွက် အဖိုးတန်ဆေးလေနော်

ကလေးဖျားနေချိန် လက်ရှည်ဘောင်းဘီရှည် ဝတ်မပေးပါဘူးနော် ရန်ကုန်က ဆောင်းတွင်းကာလမရှိတော့ စောင်ခြုံမပေးပါဘူး မနက်မိုးလင်းခါနီး နည်းနည်းအေးလာမှ ခြုံပေးပါတယ်။

ဘေဘီသွန်းလေး ဒီနေ့ အသက်၄လမှာ ထိုးရတဲ့ ကာကွယ်ဆေး သွားထိုးပေးတာ ပါးစပ်ထဲလဲ ဆေးထည့် ပေါင်လဲ ဆေး၃လုံးထိုးခံရတော့ ငိုလိုက်တာမ...
04/12/2024

ဘေဘီသွန်းလေး ဒီနေ့ အသက်၄လမှာ ထိုးရတဲ့ ကာကွယ်ဆေး သွားထိုးပေးတာ ပါးစပ်ထဲလဲ ဆေးထည့် ပေါင်လဲ ဆေး၃လုံးထိုးခံရတော့ ငိုလိုက်တာမှ အာကိုပြဲနေရော 😁
သနားပေမဲ့ သမီးလေးကောင်းဖို့အတွက် ထိုးရမှာဘဲလေနော်
ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းဝေးတဲ့ နယ်ဖက် ရွာဖက်တွေမှာနေတဲ့ မေမေတွေနော် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ ပိုလိုအပ်ပါတယ် အနယ်နယ်အရပ်ရပ်ကမေမေများအကုန်လုံးက ဘေဘီလေးတွေအတွက် အသက်အလိုက်ထိုးရမယ့်ကာကွယ်ဆေးတွေကို မမေ့မပျက်ဘဲထိုးပေးကြနော်
ဒါမှ မေမေတို့ရဲ့ဘေဘီတွေက ကျန်းမာသန်စွမ်းပြီး ကူးစက်တက်တဲ့ရောဂါဘယ တွေကို ကာကွယ်နိုင်မှာပါ
ကာကွယ်ဆေးထိုးတဲ့ အရှိန်ကြောင့် ကိုယ်ပူနေတဲ့ ဘေဘီသွန်းကတော့ ဂျီကျကာ အမေမှ အမေဖြစ်ပါတော့မယ်ကွယ် 🥰🥰🥰
ကာကွယ်ဆေးထိုးရင် ကလေးတွေက ၂ရက်ကနေ ၃ရက်၄ရက်ထိ ကိုယ်ပူနွေးနွေးနဲ့ ဖျားတက်ကြပါတယ်
ဘေဘီသွန်းလေး ကိုယ်ပူကျကာ သက်သာလာမှ ကာကွယ်ဆေးထိုးထားတဲ့ရက်တွေဆို ကလေးတွေကို ဘယ်လိုဂရုစိုက်ပြီး ပြုစုရမယ်ဆိုတာ စာလေးရေးပေးမယ်နော်
ခုတော့ ဘေဘီသွန်းကို အပြည့်အဝဂရုစိုက်လိုက်ပါအုန်းမယ် မေမေတို့ရေ 😍
ကျေးဇူးပါရှင့်

ဘေဘီသွန်းလေးရဲ့ နေ့နဲ့ညမှားကာ ညညဆို ပြူးစိန်လုပ်တက်တဲ့အကျင့်ကို မေမေနွယ် ဒီနည်းလမ်းလေးတွေနဲ့ ပျောက်အောင် လုပ်ပေးခဲ့ပါတယ်...
03/12/2024

ဘေဘီသွန်းလေးရဲ့ နေ့နဲ့ညမှားကာ ညညဆို ပြူးစိန်လုပ်တက်တဲ့အကျင့်ကို မေမေနွယ် ဒီနည်းလမ်းလေးတွေနဲ့ ပျောက်အောင် လုပ်ပေးခဲ့ပါတယ် ဒီနည်းလမ်းတွေကို ကလေး 2လလောက်မှ စလုပ်ခဲ့တာပါ 2လအောက်တော့ ကလေးကို သူ့သဘာဝအတိုင်းဘဲ ထားပါတယ်။

၁/ နေ့ဖက် tummy time များများလုပ်ပေးပါတယ် ကလေးနဲ့ များများ မြူဆော့ပေးပါတယ်
ကလေးကို အိပ်ရာပေါ်မှာ အမြဲထားရင် ကလေးကမှေးခနဲ အိပ်ပျော်လိုက် န်ိုးလာလိုက် လုပ်တဲ့ကလေးက အိပ်ချိန် သေချာမသိတော့ဘဲ သူနိုးချင်တဲ့ချိန် နိုးနေတက်လို့ပါ

၂/ မနက်မိုးလင်း မိဘတွေ ၇နာရီနိုးကတည်းက ကလေးလဲ လိုက်န်ိုးအောင် ပုံမှန်ဆူညံမှု အသံပေးမှုကို လုပ်ပါတယ် ဒါဆို သူနိုးလာရင် ဒိုက်ဘာလဲ နိ့တိုက်ပြီး သူကို မနက် ၁၀ နာရီထိ ကုတင်ပေါ်မှာ မထားတော့ဘဲ အမေချီ ဒါမှမဟုတ် အဖေချီပြီး လမ်းလျှောက်ပေးတယ် အဓိက vitamin D ရအောင် နေရောင်ခြည်နွေးနွေးလေး ခံပါတယ် လမ်းဖက်ခြမ်းက လူတွေသွားလာတာတွေကို ပြပေးပါတယ် စကားတွေ ပြောပေးပါတယ်

၃/ နေ့ဖက်တွေမှာ ပုံမှန်လူကြီးတွေ ပြောသံအော်သံတွေ ပုံမှန်တိုင်း လုပ်ဆောင်ပါတယ် ကလေးနိုးမှစိုးလို့ တိုးတိုးလုပ်တာတွေ တိုးတိုးပြောတာတွေမလုပ်ပါဘူး
အဓိက ကလေးကို နေ့ဖက်ရောက်နေပြီးဆိုတာ သူကို သိအောင်လို့ပါ

၄/ညဖက်ရောက်ပြီးဆိုတာ သိအောင်လ်ို့ကျ ည ၇နာရီဆို အခန်းမီး အကုန်မဖွင့်ပါဘူး အထူးသဖြင့် သူ့အိပ်ရာအထက် ခေါင်းပေါ်က မီးကို ညတိုင်းပိတ်ပါတယ် ညဖက် အကုန် အသံတိုးပြီးလုပ်ပါတယ်
ညဖက် white noise song လေး YouTube ကရှာဖွင့်ပါတယ် တချို့ရက်တွေ သူအဖေက ပါချုပ်ဆရာတော်တရားဖွင့်ထားပါတယ် ပါချုပ်ဆရာတော် အသံကျ ငြိမ်ပြီး သာယာနာပျော်ဖွယ်ရှိပြီး အိပ်စက်မှုမှာ ငြိမ့်ညောင်းပါတယ်

၅/ မနက် ၁၀နာရီထိ ကလေးကို ချော့မြူ ဆော့ပြီးရင် သူကို နို့တိုက်ဖို့နဲ့ အိပ်ချင်ရင် တရေးအိပ်လို့ရအောင် ကုတင်ပေါ်တင်ပေးပါတယ်

၆/ နေ့လည် ၁၂ ဆို အမြဲရေချိုးပေးပါတယ်
ကလေးချက်ကြွေကတည်းက ရေကို မိုးအုံ့တဲ့ရက်ကလွဲရင် နေ့တိုင်းချိုးပါတယ်
ရေချိုးပြီးတိုင်း အိပ်လို့ရအောင် နို့တိုက်ပြီး မှိန်းစေပါတယ် တချို့ရက်တွေ ရေချိုးပြီးအိပ်တယ် တချို့ရက် လန်းပြီး မအိပ်ဘူး
ရေချိုးပြီး လန်းကာ မအိပ်တဲ့ရက်ဆ်ို ဒီမေမေက မှန်းလို့ရပြီ ကလေးက ၆ နာရီဆို အိပ်တော့မယ်ဆိုတာကိုပါ

၇/ ရေချိုးပြီး အိပ်တဲ့ရက်ဆို နေ့လည် ၃ နာရီ ၄နာရီထိ သူဘာသာသူ မနိုးလာဘဲ ဆက်တိုက်အိပ်နေရင် ကိုယ်က ဘေးနားသွားပြီး အသံပေး ဟိုလုပ်ဒီလုပ်လုပ်လိုက်ပါတယ် အဓိက နေ့ဖက်တအားအိပ်ပြီး ညကျ တော်တော့နဲ့ မအိပ်မှာ ဆိုးလို့ပါ
ကလေးတွေက နေ့ဖက် ၂နာရီ ဆက်တိုက် ၃နာရီ ဆက်တိုက်အိပ်ရင် သူတို့ အိပ်ရေးဝတယ်လို့ ယူဆမိလို့ ဒီမေမေကတော့ နှိုးပေးပါတယ်

၈/ ၄နာရီနောက်ပိုင်းကနေ ပြန်မအိပ်မိအောင် tummy time ထပ်လုပ်ပေးပါတယ်
အသက် ၃လ ၄လ ကျော်လာတာတဲ့အမျှ tummy time မှာ မေမေတွေ တအားလုပ်မပေးတောင် ကလေးတွေက ဝမ်းလျှာမှောက်မယ် ဟိုပစည်းလေးစမ်းကိုင် ဒီပစည်းလေးစမ်းကိုင်နဲ့ သူစပ်စုတက်လာပြီမလို့ မေမေတွေ သက်သာလာတဲ့အချိန် စရောက်လာပြီ ပြောလို့ရပါတယ်

၉/ အဲ့ကနေ ၆နာရီနောက်ပိုင်း အပေါ်ကနံပါတ်၄အချက်အတိုင်း မီးမှိန်မှိန်နဲ့ထားကာ နို့အဝတိုက်ပြီး သူအိပ်လို့ရအောင် လုပ်ပေးပါတယ် အဲ့လိုကနေ ည ၈နာရီ နောက်ပိုင်းဆို ကလေးက မျက်လုံးစင်းကာ အိပ်ပျော်သွားပါတယ် ညသန်းခေါင်း နို့ ၂ခါထတောင်းပါတယ်
နေ့ဖက်ကို တနေကုန် အိပ်ခိုင်းထားမျိုးမလုပ်ထားတော့ ညဖက်မှာ တော်တော်အိပ်ပါတယ် ကလေးက ၅/၆ နာရီထိ တောက်လျှောက်အိပ်ပါတယ်

အဓိက အရေးကြီးဆုံးအချက်ကတော့ နေ့ရော ညရော ပေါင်းလို့ ၆လအောက်ကလေးက တနေ့အိပ်ချိန် ၁၅ နာရီဝန်းကျင် ရှိရင် ကလေး အိပ်ချိန်လုံလောက်ပါတယ်နော် ဒါလေးကို မေမေများသတိထားကာ ကလေးအိပ်ချိန်ကို ပြုပြင်ထိန်းသိမ်းပေးမယ်ဆို မေမေများ အများကြီး သက်သာမှာပါရှင့်

ဒါကတော့ ဘေဘီသွန်းရဲ့ နေ့ည လွဲမှုကို တဖြေးဖြေးချင်း ပြင်ယူခဲ့တဲ့နည်းလမ်းလေးပါ
စစချင်း ၂ပတ် ၃ပတ်ထိ ကလေးက ကိုယ်နဲ့ဆော့ရင် မျက်စိတွေပွတ်ပြီအိပ်သွားတက်ပါတယ် တခါတလေ ဝမ်းလျှာမှောက်ရင်လဲ အိပ်ပျော်သွားတက်ပါတယ်
ဒါပေမဲ့ ခုကျ တော်တော် အဆင်ပြေနေပြီ ဒီချိန်ဒီချိန် ကလေးဘာလိုအပ်နေလဲဆိုတာလဲ မှန်းတက်နေတော့ ကိုယ်ကလေးနဲ့ကိုယ်ကတော့ အဆင်ချောနေတာဘဲ မေမေတို့ရေ ...

မေမေများ နေ့ဖက်မှာ ကလေးနေရင်ပြီးရော အိပ်နေငြိမ်နေရင် ထားလိုက်မယ်ဆိုရင် မေမေတွေ ညဖက်မှာ ပိုပင်ပန်းပါတယ်။
နေ့ဖက် ကလေးထိန်းရတာ ပင်ပန်းမှုထက် ညဖက် အိပ်ရေးပျက်တဲ့ ပင်ပန်းနုံးချိ မှုက ပိုဆိုးတယ် မေမေတို့ရေ။.....

ကလေးအမေပါဆိုနေ လူတွေ့ရင် ဝလာတယ် ပြောကြတော့နို့တိုက်မိခင်က အစားလျော့ပြီး ဝိတ်ချနေရမှာလားဗိုက်ခွဲထားတာကို gym ဆော့နေရမှာလာ...
02/12/2024

ကလေးအမေပါဆိုနေ လူတွေ့ရင် ဝလာတယ် ပြောကြတော့
နို့တိုက်မိခင်က အစားလျော့ပြီး ဝိတ်ချနေရမှာလား
ဗိုက်ခွဲထားတာကို gym ဆော့နေရမှာလား
ကလေးနို့ပြက်ရင်ဖြစ်ဖြစ် ကလေး ၁နှစ်ကျော်ရင်ဖြစ်ဖြစ် ဝိတ်လျော့မှာပေါ့
Workoutsလေး လုပ်လို့ရတဲ့ချိန်ကျ လုပ်မှာပေါ့
ခုမှ ကလေး ၄လသားလေးရှိသေးတာကို နင်တို့ ဘလိန်းနေတာ ဝေဖန်နေတာ မစောလွန်းဘူးလား
ဒီမေမေကတော့ ကလေးတွက်ရော ကိုယ်အတွက်ရော၂ယောက်စာ မက ၃ယောက်စာလောက်ထိစားတယ် ဝလဲ ကိုယ့်ကို လက်ခံတယ် ကိုယ့်ယောကျာ်းကလဲ လက်ခံတယ် ကိုယ့်ကလေးလေး နို့ကောင်းဖို့ နို့ထဲအာဟာရပြည့်ဝဖို့ အဓိကဘဲ ဒါကြောင့် အကုန်စားပါတယ် 😌
ဒါနဲ့လေ ကလေးအမေက ကလေးအမေဘဲ
အပျိုက အပျိုဘဲ ဘယ်လိုမှ လိမ်လို့မရဘူး ယှဉ်လို့မရဘူး
ဘယ်နှယ်အပျိုတုန်းက ခန္ဓာကိုယ်နဲ့ ယှဉ်ပြီး မနွယ် ဝလာလိုက်တာဆိုတော့
ဘယ်လိုဦးနှောက်နဲ့ လာယှဉ်နေကြတာလဲ မသိဘူး 🤔
ဝတယ်ပြောတာကို မကြိုက်တာ မဟုတ်ဘူး
အချိန်နေအချိန်ခါ ကြည့်ပြောလေ
မပြောခင် စဉ်းစားအုန်းလေ
ကလေး ၄/၅ နှစ်ရှိတာတောင် ဝိတ်မလျော့ ဝတုတ်နေရင်တော့ ရှေ့တည့်တည့်လာပြောစမ်းပါ လာဝေဖန်စမ်းပါ ဒါမျိုးကျ လက်ခံပါတယ်
ခုဟာကကွယ် ..............

စောစောစီးစီး အာရုံနောက်စရာတခါလေး ပြောပြအုန်းမယ်။ တချို့က pocket money (မုန့်ဖိုး) ကို ရပိုင်ခွင့်လိုမျိုး တောင်းဆိုလာကြတ...
29/11/2024

စောစောစီးစီး အာရုံနောက်စရာတခါလေး ပြောပြအုန်းမယ်။
တချို့က pocket money (မုန့်ဖိုး) ကို ရပိုင်ခွင့်လိုမျိုး တောင်းဆိုလာကြတာ ခုနောက်ပိုင်း တချို့လူတွေကို ပြောပါတယ် ...
ကိုယ်တွေ့ ဖြစ်ရပ်လေး တခုပါ။
ရန်ကုန်မှာက အလွှာမြင့်တော့ အောက်ဆင်းမပေးနိုင်လူတွေကျ အမှိုက်ပြစ်သမားတွေကို တိုက်ပေါ်ခေါ်ပြီး အမှိုက်လာယူပေးပါပေါ့ လာယူခ မုန့်ဖိူး or စားစရာမုန့် တခုခုပြန်ပေးကြတာ ထုံးစံဓလေ့တခု ဖြစ်နေပါပြီ ။
သူတို့ကို စည်ပင်ကလဲ လစာပေးလား မပေးလား သေချာတော့မသိပါဘူး အဓီကကတော့အမှိုက်တွန်းလှည်းသမားလေးနဲ့ ကိုယ်နဲ့ကြား ဖြစ်ရပ်လေးပါ ။
ရှေ့ရက်က အမှိုက်ပြစ်တာ တိုက်အပေါ်လာယူပေးပါ့လားဆိုတော့ အမှိုက်တွန်းလှည်သမားက လာယူရှာပါတယ် ကိုယ်ကလဲ လာယူခအနေနဲ့ မုန့်ဖိုး ၅၀၀ ပေးလိုက်ပါတယ်။
အဲ့ဒီမှာ ဒီက မေမေနွယ်ကလဲ တတိုက်လုံးကတခြားအခန်းက ၂၀၀ ဘဲပေးကြတာကို ကိုယ်မျက်စိရှေ့မြင်ထားတော့ ကိုယ်က ၅၀၀ ပေးတော့ ငါပေးတာ မနည်းပါဘူးစိတ်နဲ့ရယ် pizza ဘူးခွံတွေ သူတို့ရောင်းစားလို့ရအောင် သေချာ ရေမစိုအောင် အမှိုက်မပေအောင် ထားပြီး ဘူးခွံတွေ ပေးချင်တာရယ် ခေါ်လိုက်မိတာ ... အမလေး pizza ဘူးခွံ ၆/၇ ဘူးရယ် ကိုလာဘူးကြီးခွံ တွေရယ် အမှိုက်အစိုတထုပ်ရယ် ကို ၅၀၀ နည်းလို့ ၁၀၀၀ တောင်းတယ်။
ပေးလိုက်ပါတယ် ၁၀၀၀ / ၁၀၀၀ ပေးရလို့ နမျောတာ မဟုတ်ဘူးနော် / တောင်းရဲတဲ့စိတ်ကို အံ့ဩတာ pizza ဘူးခွံနဲ့ကိုလာဘူးခွံရောင်းစားရင်လဲ ပိုက်ဆံထပ်ရအုန်းမှာကိုနော်
အောက်ခြေလူတန်းစားတွေရဲ့ စိတ်က တခါတလေကျ အရမ်းကြောက်ဖို့ကောင်းတယ်
ခုခောတ် ၁၀၀၀ က ဘာမှမဟုတ်ပါဘူး တောင်းပုံတောင်းနည်းကို စိတ်ထဲ သဘောမကျတာပါ
အမရေ ညီမ ဆေးဖိုးကြောင့် ကလေးနို့မှုန့် မိဘဆေးဖိုး ဘာညာ ဟုတ်ဟုတ် မဟုတ်ဟုတ်ပြောပြရင် ၁၀၀၀လဲ ပေးမှာ ၅၀၀၀ ၁၀၀၀၀ လဲ ပေးချင် ပေးမိမှာပါ ခုဟာက ၅၀၀ နည်းလို့ပါဆိုတာကြီးက စားတယ် နည်းလို့ပါဆိုတဲ့စကားကို သူဘာနဲ့တိုင်းတာပြီး တောင်းလဲ ကိုယ်တော့ သေချာနားမလည်ပေမဲ့ ပေးတာထပ် ပိုလိုချင်တဲ့စိတ် ထပ်တောင်းရဲတဲ့စိတ်က တခါတလေကျ ပေးရတဲ့သူဖက်က စေတနာကို မဲ့စေတယ်နော် 😞

ကိုယ်ဝန်ဆောင်မိခင်တို့တွက် ဆောင်ရန်/ရှောင်ရန်(က) ကိုယ်ဝန်ဆောင်၏ပြောင်းလဲမှုများ******************************ပထမ ၁၃ ပတ်*...
27/11/2024

ကိုယ်ဝန်ဆောင်မိခင်တို့တွက် ဆောင်ရန်/ရှောင်ရန်

(က) ကိုယ်ဝန်ဆောင်၏ပြောင်းလဲမှုများ
******************************

ပထမ ၁၃ ပတ်
************
-ပင်ပန်းလွယ်၊ နုံးလွယ်ခြင်း
-၂ ပေါင် ၃ ပေါင်တက်ခြင်း
-ရင်တုန်ခြင်း
-အသက်ရှူနှုန်း အနည်းငယ်ပိုမြန်ခြင်း
-ရင်သားကြီးပြီး ထိရင်ပိုနာခြင်း
-အန်ချင်ပြီး အစားပျက်ခြင်း
-သားအိမ်က ဆီးအိတ်ကို ဖိမိ၍ ဆီး အကြိမ်ရည် ပိုသွားခြင်း
-ဝမ်းချုပ်ခြင်း
-ပျော်လွယ်၊ ဝမ်းနည်းလွယ်ခြင်း

ဒုတိယ ၁၃ ပတ်
*************
-ညောင်းတာ နုံးတာသက်သာမည်။
-၉-၁၀ ပေါင်ထိ တက်နိုင်သည်။
-ကလေးအတွက် စိတ်ပူပြီး အာရုံစူးစိုက်မှု အားနည်းသည်။
-ဆံပင်ထူကောင်းထူလာမည်။
-ချို ချဉ် စပ် နှင့် အဆီများသော အစာများကို ချဉ်ခြင်းတက်နိုင်သည်။
-အချို့အစာများကို အရသာမတွေ့ခြင်း အနံ့မခံနိုင်ခြင်းများဖြစ်နိုင်သည်။

တတိယ ၁၃ ပတ်
**************
-ပင်ပန်းခြင်း, နုံးခြင်း
-မီးဖွားဖို့ အတွက် စိတ်ပူပန်ခြင်း
-၁၁ ပေါင်လောက်ထိတက်နိုင်ခြင်း
-ခါးနာခြင်း
-လဲလျောင်းရာတွင် သက်တောင့်သက်သာ မရှိ၍ အိပ်မပျော်ခြင်း
-သားအိမ်က အပေါ်ကို ကြီးလာပြီး အဆုတ်ကို ဖိ၍ အသက်ရှူရခက်ခဲခြင်း
-ဝမ်းပိုချုပ်လာခြင်း

(ခ) ဆောင်ရန် ရှောင်ရန်
*******************
(၁) အစား

၂ ယောက်စာ အာဟာရပြည့်အောင်စားဖို့ အလွန်အရေးကြီးသည်။ စားသမျှတွင် ကျက်အောင်ချက်စားခြင်းနှင့် သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးပါ။ အာဟာရပြည့်အောင်စားမှ ကျဉ်ခြင်း ထုံခြင်း ဝေဒနာများကင်းဝေးပြီး ကျန်းမာသော ကလေး မွေးနိုင်မည်။ ပင်ပန်းနွမ်းနယ်ခြင်း သက်သာမည်။ အားဆေးသောက်လျှင် ဖောလစ်, သံဓာတ်, အိုင်အိုဒင်း, ဗိုက်တာမင် ဘီ 1, ဗိုက်တာမင်ဒီတို့ပါသော အားဆေး သောက်ပါ။

(၂) အသောက်

နေ့စဉ် ရေအနည်းဆုံး စုစုပေါင်း ၂ လီတာ သောက်ပါ။ ကော်ဖီလွန်ကဲစွာ သောက်ခြင်းကို ရှောင်ပါ။ ဝမ်းချုပ်ခြင်းသက်သာမည်။ ကေဖင်းပါသော အချိုရည်များရှောင်ရှားပါ။ မိခင်နှင့် ကလေးကျန်းမာရေး နှစ်မျိုးလုံးအတွက် ကောင်းသည်။

(၃) အအိပ်

အိပ်ရေးဝအောင်အိပ်ပါ။ မွေ့ရာနှင့်အိပ်လျှင် တင်းမာသော မွေ့ရာက ခါးနာခြင်းအတွက် ပိုသင့်လျော်ပါသည်။ အိပ်လျှင် ဗယ်ဘက် တစောင်းအိပ်ပါ။ ခြေထောက် ဖောခြင်း သက်သာမည်။ ပက်လက်အိပ်လျှင် ကြီးထွားနေသော သားအိမ်က သွေးပြန်ကြောမကြီးကို ဖိမိနိုင်၍ ခြေထောက်ပိုဖောနိ်ုင်သည်။

(၄) ကိုယ်နှင့် စိတ်လေ့ကျင့်ခန်း

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း ရေကူးခြင်းများကို ကိုယ်ဝန် ၆-၇ လအထိ လုပ်နိုင်လျှင် လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများတွင် လမ်းလျှောက်ခြင်းက ကိုယ်ဝန်ဆောင် အတွက် အကောင်းဆုံးဖြစ်သည်။ ခါးနာ သက်သာပါမည်။

တရားထိုင်ခြင်း၊ Yoga ဆော့ခြင်း၊ သီချင်းနားထောင်ခြင်းက အာရုံစူးစိုက်မှု အားကောင်းစေပြီး စိုးရိမ်မှု စိတ်ဖိစီးမှု နည်းကာ စိတ်အေးချမ်းစေသည်။

*အလေးမခြင်း ရှောင်ရှားပါ။

(၅) မတ်တပ်ရပ်ခြင်း

ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ အလုပ်တွင်၊ ဘတ်စ်ကားထဲတွင် ကြာရှည်စွာ မတ်တပ်ရပ်ခြင်း ရှောင်ရှားပါ။ ခါးနာခြင်းနှင့် ခြေထောက်ဖောခြင်း သက်သာမည်။ ခြေထောက်ဖောလျှင် တစ်နေ့ကို အနည်းဆုံး နာရီဝက်မှ တစ်နာရီကြာအောင် ခြေထောက်ကို ခုံပေါ် မြှောက်တင်၍ ထိုင်ပါ။
(ဘတ်စ်ကားစီးသူများ ကိုယ်ဝန်ဆောင်ကို နေရာပေးပါ)

(၆) ရေချိုးခြင်း

မနက်, ည အဆင်ပြေသလို ရေပုံမှန်ချိုးပါ။ ညနေ ရေချိုးခြင်းကြောင့် ကိုယ်ဝန်ထိခိုက်နိုင်သည်ဟု ဆိုကြသည်က မမှန်ပါ။

(၇) ခရီးထွက်ခြင်း

ကိုယ်ဝန် ၃၂ ပတ်ကျော်လျှင် ခရီးရှည်/ခရီးကြမ်း/ ခရီးဝေးမသွားတာ စိတ်ချရသည်။ လေယာဉ်ပျံနှင့် ကားအကြာကြီး စီးလျှင် ခြေထောက် သွေးခဲတတ်သည်။ အရင်က လမစေ့ဘဲမွေးဖူးလျှင်၊ သွေးပေါင်တက်ဖူးလျှင်၊ သွေးဆင်းဖူးလျှင်၊ ခက်ခဲစွာ မီးဖွားခဲ့ရလျှင် လက်ရှိကိုယ်ဝန်မှာ အရေးပေါ်မီးဖွားဖို့လိုလျှင် အခက်အခဲရှိနိုင်၍ ခရီးရှည်မသွားတာ ကောင်းသည်။ ၃၄ ပတ်ကျော်လျှင် လေကြောင်းလိုင်းအများစုက ဗိုက်ကြီးသည်မတင်ပါ။

(၈) ဆေးသောက်ခြင်း

မလိုအပ်ဘဲ ဆေးမသောက်ပါနှင့်။ ဖျားလျှင် ခေါင်းကိုက်လျှင် ဗိုက်အောင့်လျှင် ဝမ်းလျှောလျှင် သွေးဆင်းလျှင် နေမကောင်းဘူးထင်လျှင် ဆရာဝန်ပြပါ။ သွားကိုက်လျှင် သွားဆရာဝန်ဆီ အမြန်သွားသင့်ပါသည်။ ကိုယ့်ဘာသာဆေးမသောက်ပါနှင့်။ ဆေးသောက်ဖို့ ဆရာဝန်၏ အကြံပြုခံရတိုင်း ကိုယ်ဝန်ရှိစဉ် သောက်လို့ရလား သတိပေးပါ။ ဆေးလိပ်နှင့် အရက်ရှောင်ရှားပါ။ ဆေးလိပ်သောက်သူနှင့် ဝေးဝေးနေပါ။

(၉) အမျိုးသားနှင့် အတူနေခြင်း

ပြဿနာမရှိသော ကိုယ်ဝန်တွင် အမျိုးသားနှင့် အတူနေခြင်းကို ဆေးပညာအရ တားမြစ်ထားခြင်းမရှိပါ။ ကိုယ်ဝန်တွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိလျှင် မိမိပြနေသော ဆရာဝန်ကို သီးသန့်မေးပါ။

(၁၀) အိမ်မွေးတိရစ္ဆာန်

ခွေး ကြောင် စသော အိမ်မွေး တိရစ္ဆာန်များနှင့် လက်ပွန်းတတီး မနေပါနှင့်။ ကြောင်၏ မစင်မှ ရောဂါပိုးအချို့က လက်မှတဆင့် ပါးစပ်ထဲရောက်လျှင် ကိုယ်ဝန်ပျက်ကျခြင်း, ကလေး ကိုယ်အဂါင်္ထိခိုက်ခြင်း မစုံမလင်မွေးဖွားခြင်းတို့ ဖြစ်နိုင်ပါသည်။



ပုံက ဘေဘီသွန်းကို မွေးခါနီး ကိုယ်ဝန်ဆောင်အမှတ်တရပုံလေးပါ 🥰

Address

Yangon
05013

Telephone

+959750714979

Website

Alerts

Be the first to know and let us send you an email when To Be A Good Mom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to To Be A Good Mom:

Share