Seint's Magazine

Seint's Magazine Your Body , Your Brand

❗️❗️Royal Express / Ninja တို့ထက် ပိုစုတ်ပြတ်တယ့် Arlupost Courier ❗️❗️ကို​ေ၀း​ေ၀းကရှောင်ကြနော် (စာရှည်ပါမယ် )အခုခေတ် နွ...
19/04/2024

❗️❗️Royal Express / Ninja တို့ထက် ပိုစုတ်ပြတ်တယ့် Arlupost Courier ❗️❗️
ကို​ေ၀း​ေ၀းကရှောင်ကြနော် (စာရှည်ပါမယ် )

အခုခေတ် နွေရာသီနဲ့ Deli ပို့တယ့်လူတွေကို ကိုယ်ချင်းစာပါတယ် အမြဲတမ်းလည်း ကိုယ့်ဘက်ကမရောက်သေးဘူးလား ဘာညာဆိုပြီး မာမာထန်ထန် မပြောဖူးဘူး မရောက်သေးရင်တောင် ​အခြေနေကိုမေးကြည့်ပြီး စောင့်ပေးတယ်

အခုဟာက Biker လေသံက ကျွန်မကပဲ သူ့ထမင်းစားနေရတယ့်လေသံနဲ့

ပထမ တစ်ခါ ၁၁ ရက်နေ့က ကျွန်မကို ၁၀ နာရီ၀န်းကျင်မှာ ဖုန်းခေါ်ပါတယ် ဖုန်းမကိုင်မိလို့ ၁၁ နာရီ၀န်းကျင်မှာ သူတို့ကိုပြန်ခေါ်တော့ အမက ဖုန်းမကိုင်လို့ ပစ္စည်းကိုရုံးမှာထားခဲ့လိုက်ပါပြီတယ့်အချိန်လည်း သိပ်မကွာတာကို အဲ့ထိ အဲ့ Biker လေသံ အဆင်မပြေပေမယ့် Okhay သည်းခံပေးတယ် နွေရာသီ သူတို့လည်း ကြိုးစားပို့နေရပါတယ်ဆိုပြီး အဲ့တာဆို မနက်ဖြန်ပို့ပေးပါလို့သေချာပြောလိုက်ပါတယ် ဖုန်းမကိုင်လည်းအိမ်လိပ်စာ အတိအကျ ပေးထားတယ့်အပြင် လုံးချင်း အိမ်မို့ သေချာလေးပို့ပေးပါနော်လို့ ကိုယ့်ဘက်က အေးအေးဆေးဆေး ပြန်ပြောလိုက်ပါတယ်

၁၂ ရက်နေ့ကျတော့ သူတို့ဖုန်းမခေါ်လာလို့ ကျွန်မဘက်က ဖုန်းဆက်မေးပါတယ် ဖုန်းအခါခါ ခေါ်ပါတယ် ဖုန်း၀င်ပေမယ့် လုံး၀ မကိုင်ပါဘူး အဲ့ထိ နားလည်ပေးပါတယ် သကြန်လည်းရောက်တော့မှာဆိုတော့ သကြန်ပြီးတယ့်အချိန် ၁၈ ရက်နေ့ပို့ပေးဖို့ကို os ကိုလည်းသွားပြောထားလိုက်ပါတယ်
ဒီနေရာမှာ os ကိုလည်း အခါခါ deli ကိုလည်း အခါခါပြောပါတယ် ဖုန်းမကိုင်လည်း အိမ်ထိလာပို့ပေးပါဆိုပြီး ခနခန ကိုပြောတာပါ os ကလည်းသူတို့ကိုပြောထားပါတယ် အဲ့တာကိုမနေ့ကလည်းဖုန်းမကိုင်လို့ဆိုပြီး လာမပို့ပါဘူး ညီမအဲ့တုန်းကလည်းပြန်ဆက်ပြီး မနက်ဖြန်သေချာပို့ပေးဖို့ ဖုန်းမကိုင်လည်း လာပို့လို့ရကြောင်း ၃ခါထပ်မနည်းပြောခဲ့ပါတယ် ( ပုံမှန် ninja/royal နဲ့ တခြား Deli တွေဆိုလည်းအခုလိုပြောပြီးပို့ပေးနေကျ အကုန် အဆင်ပြေပါတယ် )

ဒီနေ့ 19 ရက်နေ့ ကျတော့လည်းလာမပို့သေးလို့ deli ဖုန်းနံပါတ်ကိုဆက်ပြီး ကောင်းကောင်းမွန်မွန်ပြောပါတယ် ညီမ ပစ္စည်းပို့နေပြီလားမေးတော့ ဘယ်ကလဲတယ့် ကြည့်မြင်တိုင်ကပါလို့ပြောတော့
သူတို့ချင်းချင်းပြောနေကြတာ အဲ့အထုပ်ကြည့်မြင်တိုင် လာပြန်ပြီလားတယ့် ၃ ခါလောက် ကိုပြောနေကြတာပါ Service ပေးနေတယ့် လုပ်ငန်းတစ်ခုက Customer ကို အဲ့လိုပဲပြောလို့ရလားရှင့် ညီမဘက်ကရိုင်းတာတစ်ခုမှမပြောရသေးဘူး ကောင်းကောင်းမွန်မွန်မေးတာကို သူတို့ဘက်က လေသံ က သူတို့ထမင်းစားနေရတယ့်အတိုင်းပဲ
ညီမ record ဖမ်းတော့မှ သိသွားပြီးတော့လေသံကို
ပြင်လာတာပါ အဲ့မှာဖုန်းနံပါတ်တွေ နာမည်တွေတောင်းပြီး အထုပ်က သူတို့ဆီမရောက်သေးသလို လိမ်ပြောပါတယ်
ညီမလည်းသေချာကြည့်ပြီး အကြောင်းပြန်ပေးပါပြောတော့ ခနနေတော့ဖုန်းဆက်လာပါတယ် အထုပ်ကသူတို့ဆီရှိတယ် နက်ဖြန်အရောက်ပို့ပေးပါမယ်တယ့် ညီမသေချာအောင် အကိုတို့ဆီ အထုပ်က ဘယ်ချိန်ထဲက ရောက်နေတာလည်းမေးတော့ ၁၈ ရက်နေ့ကမှ ရောက်တယ်​ဆိုပြီးလိမ်ပြောပါတယ် ညီမသိတယ် အကိုတို့ဆီ ၁၁ ရက်နေ့တည်းကရောက်တာမလားလို့ပြောတော့မှ ဟုတ်တယ် မနက်ဖြန်အရောက်ပို့ပေးမယ်ဆိုပြီးပြောတာပါ

တော်တော်လေးစိတ်အနှောင့်ယှက်ဖြစ်ရပါတယ် ရန်ကုန် မန်းလေး ပုံမှန်ဆို ၃ရက်လောက်နဲ့ရောက်နေတယ့် ခရီးကို ကြားထဲ ပိတ်ရက်ခံရင်တောင် ၁၈ ရက်နေ့ဆိုရောက်သင့်နေပါပြီ

အဲ့တာကြောင့် os တွေဆို သတိထားသင့်ပါတယ် အဲ့လိုစုတ်ပြတ်ပြီး customer care သေချာမလုပ်နိုင်တယ့် deli ကို​ေ၀း​ေ၀းကသာရှောင်ကြပါ

ပန်းဆိုင်
06/02/2024

ပန်းဆိုင်

26/01/2024

Sticker hopping
📍 Myanmar Fun Toys




25/01/2024

Date In Downtown🏢




Krystal Glow ကတော့ ထုတ်ချလိုက်ပြန်ပါပြီရှင်Krystal Glow လို့ပြောလိုက်တာနဲ့ အမျိုးသမီးတော်တော်များများကတော့ ရင်းနှီးနေကြမ...
25/01/2024

Krystal Glow ကတော့ ထုတ်ချလိုက်ပြန်ပါပြီရှင်

Krystal Glow လို့ပြောလိုက်တာနဲ့ အမျိုးသမီးတော်တော်များများကတော့ ရင်းနှီးနေကြမယ်လို့ ထင်ပါတယ် အခုတစ်ခါ အနေနဲ့ကတော့ အမျိူးသမီးတွေပါမက အမျိူးသားတွေအတွက်ပါအကြိုက်တွေ့စေနိုင်တယ့် Product လေးတစ်ခုကို Krystal Glow က ထုတ်လုပ်ပေးလိုက်ပါပြီ ( ❗️ post အောက်မှာ Giveaway လေးထည့်ပေးထားပါတယ်နော်❗️)

Budget လည်း save မယ့်အပြင် ဆံပင်မသန်တယ့်သူတွေ/ ချွတ်ဆေးကို မင်တို့လို ရှယ်ပလန်နဲ့ သုံးထားလို့ ဆံပင်တွေကျွတ်ပြီး ပျက်စီးနေသူတွေနဲ့ ဆံသား ပါးတယ့် သူတွေအတွက် 1 ခါသုံးရင်သုံးသလို သိသိသာသာ Result ခံစားရစေမယ့် Krystal Glow ရဲ့ ဆံသားဖြည့် အဆီ Hair Care လေးနဲ့မိတ်ဆက်ပေးပါမယ်

သူ့ရဲ့ ပါ၀င်ပစ္စည်းတွေကတော့ ဆံသားကို အဘက်ဘက်ကကောင်းကျိုးများစွာပေးတယ့် အုန်းဆီစစ်စစ်/ သန်လွင်ဆီ / ဇီးဖြူသီး / Vitamin E/ ရှားစောင်းလက်ပက် ရဲ့ Organic အဆီနှစ်တွေပဲဖြစ်ပါတယ်

သူ့ရဲ့ Benefits တွေကို မင်မင်ကိုယ်တိုင် ရခဲ့တယ့် Experience တွေနဲ့ Share ပေးသွားပါမယ်
မင်ကိုယ်တိုင်က ချွတ်ဆေး တွေ ခနခန သုံးတယ် အဲ့တာရဲ့ Result ကတော့ ပုံမှာပြထားသလို ဦးရေထိပ်မှာ သိသိသာသာ ကို ကွက်သွားတာပါ အခု Product လေးကို သုံးထားပြီးနောက် 3 Weeks အတွင်း Before After ပုံသာကြည့်လိုက်တော့ ဒါတောင် နှဖူး နားလေးတွေမှာ baby Hair လေးတွေ အများကြီးထွက်လာသေးတာပုံမရိုက်လိုက်ရလို့

အပေါ်က ပြောခဲ့တာတွေအပြင်ကိုမှ ဆံပင်ကြမ်းတာ ဦးရေခြောက်တာ တွေလည်း သက်သာခဲ့ပါတယ်

မင်ကတော့ တစ်ပတ်ကို ၂ခါ ခေါင်းမလျှော်ခင် မနက်နိုးတာနဲ့ ဦးရေပြားအနှံ့ လိမ်းထားလိုက်ပါတယ် သူ့ကို စမသုံးခင် ကိုယ်တိုင်ကအုန်းဆီမကြိုက်တယ့်အပြင် အုန်းဆီအရမ်းသုံးရင် နှာပါစေးတတ်လို့ စိုးရိမ်ခဲ့ပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ type က oily type မဟုတ်ပဲ Watery Type ဖြစ်လို့ မင်ကိုယ်တိုင် အတွက် အရမ်းကို အဆင်ပြေခဲ့ပါတယ် Spary လိုဖြစ်လို့ ကိုယ်နဲ့ အဆင်ပြေလောက်မဲ့ ပမာဏ ကို ဦးရေပြားပေါ်သို့ ဖြန်းပြီးလိုသလိူအသုံးပြုနိုင်ပါတယ်

ကိုယ်တိုင် သုံးကြည့်ပြီး Result ကောင်းတယ့်အတွက် Followers တွေအတွက် Giveaway ပြန်ပေးသွားပါမယ် Post ကို Share တာ မ Share တာကတော့ Followers တွေစိတ်ကြိုက်ဖြစ်ပြီး အခု Post လေးအောက်မှာ ကိုယ့်ရဲ့ Hair Problem လေးရေးပေးသွားရပါမယ် အဲ့ထဲကမှ မင်ကအဆင်ပြေတယ့် သူကို အခု product လေးတစ်ဗူး လက်ဆောင်ပေးသွားပါမယ်နော်

Giveaway ကံထူးရှင်လေးကို ဒီလ ၃၀ ရက်နေ့ page မှာတင်ပေးသွားပါမယ်ရှင်

Page Link

https://www.facebook.com/KrystalGlowBodycare?mibextid=ZbWKwL

Local Review လေးတွေဒီgroupထဲမှာကြည့်လို့ရပါတယ်နော် https://m.facebook.com/groups/3614299108803949/info/




ဓာတ်ဖမ်းစရာ ig spot တွေနဲ့ အရသာရှိတယ့် အစားအသောက်တွေ အများကြီးရတယ့် ရန်ကင်းက Cafe ဆိုင်သစ်လေး Otto Cafe 🥤ဆိုင်အပြင်ဆင်လေ...
11/01/2024

ဓာတ်ဖမ်းစရာ ig spot တွေနဲ့ အရသာရှိတယ့် အစားအသောက်တွေ အများကြီးရတယ့် ရန်ကင်းက Cafe ဆိုင်သစ်လေး Otto Cafe 🥤

ဆိုင်အပြင်ဆင်လေးက Thai က Cafe ဆိုင်လေးတွေလိုပဲ အဖြူရောင်လေးတွေ အများကြီးသုံးထားတယ် ခြံ ကျယ်ကျယ်လေးဆိုတော့ လေကောင်းလေသန့်ရတယ် ၀ိုင်းတွေလည်းများကြီးရှိတယ် နေပူလေ ပုံရိုက်လို့ကောင်းလေပဲ ( အပူတော့ ခံပေါ့နော်) mirror selfie လည်းရိုက်လို့မိုက်တယ်

အစားသောက်လေးတွေလည်းမဆိုးဘူး လက်ဖက်ထမင်းဆို တစ်ပွဲကိုမှ 3000 ပဲ ရှိတယ်

Catalogue model လေးတွေဆိုလည်း အဲ့ဆိုင်မှာသွားရိုက်ကြည့်နော် Lighting အရမ်းကောင်းပြီး အရမ်းလှမှာ

လိပ်စာလေးက ရန်ကင်း ကျောက်ကုန်းမှတ်တိုင်နားလေးမှာပါနော်




Last Episode of Bagan
20/11/2023

Last Episode of Bagan

19/11/2023

This isn't a VLOG , This is MEMORIES





#ပုဂံ

18/11/2023

ပုဂံမြို့ရဲ့ အထင်ကရ နာမည်ကြီးတယ့် သဲပန်းချီအကြောင်းနဲ့ အိမ်တွေမှာ ချိတ်ဆွဲထားတက်ကြတယ့် လောကနတ်အကြောင်း✨

ပုဂံရောက်ပြီဆိုရင် မြစေတီ ဘုရားမှာရှိတယ့် Maung Pa ဆိုတယ့် ပန်းချီဆိုင်လေးကို ၀င်ခဲ့ကြပါ ဘဘ က အရမ်းသဘောကောင်းပြီး သိချင်တာတွေ အကုန်ရှင်းပြပေးတယ် ပန်းချီကားတွေကလည်း တခြားဆိုင်မှာမရှိနိုင်တာတွေ မြင်ရခဲတာတွေ ရှိတယ် စျေးလည်းလျှော့ပေးတယ် 🪐✨




#ပုဂံ
#ပုဂံသဲပန်းချီ
#သဲပန်းချီ
#လောကနတ်

ပုဂံက ရွှေကွန်ခြာရောက်ပြီဆိုတာနဲ့ ဓာတ်ပုံဆရာ ကိုသက်နိုင်ထူးနဲ့ပဲရိုက်ကြပါ ပုံလှလှလေးတွေရကိုရမယ်တယ့် အာမခံနဲ့ကို ရိုက်ပေး...
15/11/2023

ပုဂံက ရွှေကွန်ခြာရောက်ပြီဆိုတာနဲ့ ဓာတ်ပုံဆရာ ကိုသက်နိုင်ထူးနဲ့ပဲရိုက်ကြပါ ပုံလှလှလေးတွေရကိုရမယ်တယ့် အာမခံနဲ့ကို ရိုက်ပေးတာနော် ဓာတ်ပုံဆရာပုံက နောက်ဆုံးမှာ

Seint's Magazine ခရီးသွားနေသည်
14/11/2023

Seint's Magazine ခရီးသွားနေသည်

Classic ဆန်ဆန် bar / City View ရော Sunset View ပါ တစ်ခါတည်းခံစားကြည့်ချင်ရင် Original Bar ကိုသာ သွားထိုင်ကြည့်ကြပါလို့ဒီ...
08/11/2023

Classic ဆန်ဆန် bar / City View ရော Sunset View ပါ တစ်ခါတည်းခံစားကြည့်ချင်ရင် Original Bar ကိုသာ သွားထိုင်ကြည့်ကြပါလို့

ဒီ Bar ကိုမဖြစ်မနေသွားထိုင်သင့်တယ့် အကြောင်းအရာတွေကတော့

- Foodie တွေအတွက် Budget ဖြစ်ပြီး အစားသောက်ကောင်းတယ် portion တော်တော်များတယ် ငါးနီတူသုပ်မှာလိုက်တာ တခြားဆိုင်တွေလို ပိုက်ကွန်နဲ့လိုက်ဖမ်းစရာမလိုဘူး Foodie 3 ယျောက်စားတာတောင်မကုန်

ကြက်အူချောင်းအပ်မှိုလုံးကြော်ကောင်းတယ် Original signature ထမင်းကြော်ကိုတော့သိပ်အားမရဘူး ဒါမယ့် အကုန်လုံးက ယူထားတယ့်စျေးထက် Portion ကတော်တော်များတယ်

- photo spot တွေ အများကြီးပဲ မင်မင်တင်ထားတယ့် ပုံလေးတွေကိုသာသွားကြည့် Catalogue Models တွေဆိုလည်း Sunlight ကောင်းကောင်းရတော့ photo ရိုက်လို့မိုက်တယ် ( ပုံအေးအေးဆေးဆေးရိုက်ချင်ရင် နေ့လည် ၁ နာရီ၀န်းကျင်လောက်သွား လူရှင်းတယ် )

- Caption မှာပြောခဲ့သလိုပ​ဲ City View ရော Sunset View ပါကြည့်လို့ရတယ် Classic ဆန်ဆန်နဲ့ အေးအေးဆေးဆေးရှိတယ် First Date မှာ Beer Date ချင်ရင် ဒီဆိုင်လေးကိုသာသွားကြပါ 👫👬.....

ဆိုင်နာမည် - ORIGINAL Bar






Love at first sight for this top 🤪🧎‍♀️Top by Burma Store Customized ClothingCoat by MZ Fashion Vintage Store
05/11/2023

Love at first sight for this top 🤪🧎‍♀️

Top by Burma Store Customized Clothing
Coat by MZ Fashion Vintage Store

Hi Guys Sundayလိုမျိုး ရုံးပိတ်ရက် မှာ Shopping   ထွက်ချင်ပေမယ့် ဘယ်ကိုသွားရမလဲ မသိ ဘူးဆိုရင် ဒီစာလေးကို ဆုံးအောင် ဖတ်ကြ...
04/11/2023

Hi Guys Sundayလိုမျိုး ရုံးပိတ်ရက် မှာ Shopping ထွက်ချင်ပေမယ့် ဘယ်ကိုသွားရမလဲ မသိ ဘူးဆိုရင် ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ပေးနော်

ဒီတော့ မင်မင် က လူစည်ကားတယ့်လှည်းတန်းလိုမျိုး နေရာမှာ ရှိနေတယ့် Local Pop up Store လေးတစ်ဆိုင်ကို ခေါ်သွားပေးပါမယ် Burma Store X Juli & Bella ဆိုတယ့်ဆိုင်လေးပါ

ဒီ brand လေးတွေက မင်မင်တို့ မြန်မာနိုင်ငံမှာ Local ဆိုတာဘာလဲသေချာမသိခင် 2016 လောက်တည်းက စပြီး Start up လုပ်ထားတယ် 2018 or 2019 ၀န်းကျင်လောက်က packaging လှလှလေးတွေနဲ့ Local Brand မို့ သတိထားမိသေးတယ် အဲ့တုန်းက ကြိမ်ဖာ packaging လေးတွေသုံးတာIdea လေးကတော်တော်မိုက်တယ်

ဟိုနေ့က Coffee Date သွားထိုင်ရင်းနဲ့မှ ဆိုင်လေးက လှလှလေးမို့ ၀င် try ကြည့်တာ တော်တော်လေးကြိုက်သွားတယ်

ပထမဆုံးက Clothing Item တွေ တော်တော်ကိုစုံတယ် Mesh Dress / Top / Midi or Mini Skirt /Office Wear တွေ Blouse တွေ တစ်ဆိုင်ထဲမှာအကုန်ရတယ် Tank Top တွေဆိုလည်း အပြင်က Plain Top တွေလိုမဟုတ်ဘူး Design လေးတွေမိုက်တယ် Office သွားနေရတယ့်လူတွေဖြစ်ဖြစ် ကျောင်းတတ်နေတယ့်သူတွေဖြစ်ဖြစ် တစ်ဆိုင်ထဲမှာ အကုန် ၀ယ်လို့ရတယ်

မင်မင်အကြိုက်ဆုံးကတော့ Burma Store က Customerized Top and T shirt တွေပဲ တစ်ခါပဲ Try ကြည့် နောက်ခါဆို မ၀ယ်ရမနေနိုင်ဖြစ်သွားမယ် သူ့ဆီက Babe tee တွေက အသားအရမ်းကောင်းတယ် Tee ပေါ်က Graphic Design တွေက တခြား ဆီမှာ ရနိုင်တာတွေနဲ့ မတူဘူး လုံး၀ ကိုကွဲထွက်နေတာ ပြီးတော့ Design ရော အသားရော ကောင်းနေလို့ စျေးကြီးမယ်မထင်နဲ့ မင်မင်၀ယ်လာတယ့် Top လေးဆို ၈၅၀၀ or ၈၃၀၀ ပဲရှိတယ် T shirt ဆိုလည်း ၁၃၀၀၀ နဲ့ ၁၅၀၀၀ ၀န်းကျင်ပဲ

ဒါကြောင့် Sunday ဘယ်နေရာမှာ Hang Out လုပ်ရမလဲမသိဘူးဆိုရင် ဇေယျာသီရိလမ်းထဲက Burma Store X Juli & Bella ဆိုတယ့် ဆိုင်လေးကိုသွား try ကြည့်ကြပါလို့ အထည်တွေ Try on လုပ်ပြီး ၀ယ်ရလို့ မောသွားရင် ဘေးနားက Coffee Date မှာ၀င်ကြိတ်ခဲ့လိုက်ရုံပဲ ✨🌸

Something Coming ✨👚
03/11/2023

Something Coming ✨👚




Hidden Place In Hledenလူများတယ့် Hleden တစ်၀ိုက်မှာလည်း စာဂျပိုးလေးတွေအတွက် အေးအေးဆေးဆေး စာလုပ်လို့ရမယ့် ဆိုင်လေးရှိပါတယ...
18/10/2023

Hidden Place In Hleden

လူများတယ့် Hleden တစ်၀ိုက်မှာလည်း စာဂျပိုးလေးတွေအတွက် အေးအေးဆေးဆေး စာလုပ်လို့ရမယ့် ဆိုင်လေးရှိပါတယ်

လှည်းတန်း ခိုင်ရွှေ၀ါလမ်းထဲက Cafe In Love ဆိုတယ့်ဆိုင်လေးပါ

တော်တော်လေးအေးအေးဆေးဆေးရှိတယ် Wifi Free ကိုမှ မီးပြတ်လည်းမီးစက်မောင်းပေးတယ် ဆိုင်လေးက ၂ထပ်ဆိုတော့ ကျယ်ကျယ်၀န်း၀န်းလေးလည်းရှိတယ် အပေါ်ထပ်မှာဆိုလည်း သီးသန့်အခန်းလေးရှိတယ် စာလုပ်လို့အဆင်ပြေတယ် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့

အစားအသောက်လေးတွေလည်းကောင်းတယ် အာလူးချောင်းကြော် တုန်ယမ်း အရသာလေးဆိုလည်း ထိမိဂွိပဲ ချဥ်ချဥ်စပ်စပ်လေးကိုမှ တုန်ယမ်းနံ့မွှေးမွှေးလေးနဲ့ Drinks လေးတွေလည်းကောင်းတယ် စာလုပ်ရင်းသောက် ရှယ်ပဲ စိမ့်ကတော့ အခုလောလောဆယ် လှည်းတန်းမှာသင်တန်းတတ်နေတာဆိုတော့ ဒီဆိုင်လေးက ခနခနရောက်ဖြစ်မယ့်ဆိုလေးထဲပါသွားပြီဟိ




Hello ဒီရက်ပိုင်း မိုးလေးကလည်းပြန်အေးနေပြီဆိုတော့ Cafe Hunter တွေအတွက် စမ်းချောင်းမှာရှိတယ့် လူသိနည်းတယ့် Cafe ဆိုင်လေးတ...
02/09/2023

Hello ဒီရက်ပိုင်း မိုးလေးကလည်းပြန်အေးနေပြီဆိုတော့ Cafe Hunter တွေအတွက် စမ်းချောင်းမှာရှိတယ့် လူသိနည်းတယ့် Cafe ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်လို့ပါ

My House Cafe Yangon ဒီဆိုင်ကိုသိတာက လွန်ခဲ့တယ့်တစ်နှစ် မိုးရာသီလောက်ကဖြစ်မယ်ထင်တယ် စမ်းချောင်း မင်းလမ်းမှာရှိတယ့် FYC မှာ Class Join တုန်းက ထိုင်ဖြစ်ခဲ့တာ အဲ့တည်းက အဲ့ Cafe Vibe လေးကိုကြိုက်တာ လုံး၀ အေးအေးဆေးဆေးနဲ့ လူလည်းရှင်းတယ် အဲ့ဆိုင်ကဖွင့်တယ့်သီချင်းလေးတွေဆိုလည်း တခြားဆိုင်တွေမှာဖွင့်နေကျမျိုးတွေနဲ့မတူဘူး ထူးထူးခြားခြား Taste လေးတစ်ခုရတယ် အဲ့တုန်းကတော့ menu တွေသိပ်မစုံဘူးထင်တယ်

ဒီနေ့စမ်းချောင်းကိုရောက်ဖြစ်ရင်းမိုးရွာနေတော့ အဲ့ဆိုင်လေးကိုထပ်ထိုင်ဖြစ်တယ် menu တွေကတော်တော်စုံလာတယ် Healthy Juice လေးတွေတောင်ရတယ် ပြီးတော့ စိမ့်တို့က ထမင်းကြော် Enjoyer တွေဆိုတော့ Cafe ဆိုင်တွေသွား Try ပြီဆိုတာနဲ့ တုံယမ်းထမင်းကြော် က မမှာမဖြစ် ဒီဆိုင်က တုံယမ်းထမင်းကြော်က တော်တော်ကိုကောင်းတာ တုံယမ်းနဲ့သင်းသင်လေးနဲ့ ပုဇွန်ဆိုလည်းကြော်ထားတာကိုမှ နူးအိနေတာ Plating ကအစ Luxury Vibe ရတယ် အချဥ်ကလည်းရှယ်ပဲ ကုန်သွားမှာတောင်နှမြောတယ် ( စိမ့် personal အရ တုံယမ်းထမင်းကြော်ဆိုရင် Alinkar Cafe ဆိုင်ကလက်ရာအကြိုက်ဆုံးပေမယ့်ခုတော့ ပြောင်းသွားပြီ😁 )

Mango Yogurt Smoothie ဆိုရင်လည်း သရက်သီးနဲ့မွှေးနေတာပ​ဲ အရသာကလည်းရှယ် အအီပြေတယ် အစားသောက်တွေတော်တော်ကိုကောင်းလာတယ်

First Date နဲ့ မိုးရွာတယ့်နေ့လေးတွေဆိုရင် ဒီဆိုင်ကိုမဖြစ်မနေ Try ကြည့်ပါ ဆိုင် page Link လေးထည့်ပေးထားပါမယ်နော်

https://www.facebook.com/MyHouseCafeYangon?mibextid=ZbWKwL






်းကြော်

Address

KYIMYINDINE , Yangon.
Yangon
BURMAPRETTY

Telephone

+959955329212

Website

Alerts

Be the first to know and let us send you an email when Seint's Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seint's Magazine:

Videos

Share