
17/01/2025
Vocal အသံ ကောင်းမွန်စေရန် Pop Filter ရဲ့ ဆောင်ရွက်ချက် ...
Pop Filters ဆိုတာကတော့ တစ်ခါတစ်ရံ သီချင်းသီဆိုသူမှ P , T , B အစရှိတဲ့ အသံတွေကို သီဆိုရာမှာ ဖြစ်လာတဲ့ Attack သံများကို ကာကွယ်ရန်အတွက် မိုက်အရှေ့မှာ တပ်ဆင်အသုံးပြုရတဲ့ ပစ္စည်းဖြစ်ပါတယ် ...
သူဟာ သီချင်းသီဆိုရာမှာ ပါဝင်တတ်တဲ့ Pops အသံများကို တားစီးပေးနိုင်သလို Condenser မိုက်များ ရေငွေ့ရိုက် ခြင်းမှလည်း ကာကွယ်ပေးရန် အတွက် ဖြစ်ပါတယ် ...
ဒါကြောင့် Pop Filter များကို အသံသွင်း စတီဒီယိုများမှာ မရှိမဖြစ် မိုက်အရှေ့မှာ တပ်ဆင်အသုံးပြုကြပြီး ၎င်းဟာ သီဆိုသူနှင့် မိုက် Capsule အကြား အလည်မှာ Filter အနေဖြင့် ကြားခံ ကာကွယ်ပေးပါတယ် ...
ဒီလို Pop Filter တွေလိုမျိုး နောက်တစ်မျိုး Filter လုပ်ပေးနိုင်တဲ့ ပစ္စည်းနောက်တစ်မျိုးကတော့ Windscreens ဖြစ်ပါတယ် ... သူဟာ မိုက်ကရိုဖုန်းပေါ်မှာ စွပ်ပြီး တပ်ဆင် အသုံးပြုရတဲ့ Filter အမျိုးအစား ဖြစ်ပါတယ် ...
ဘာလို့ Windscreen လို့လည်း ခေါ်ကြသလဲဆိုရင် တစ်ခါတစ်ရံမှာ Recording Studio အတွင်းမဟုတ်ပဲ ပြင်ပ Outdoor Recording မှာ အသံဖမ်းယူရာမှာ မိုက်အတွင်း ဝင်ရောက်နိုင်တဲ့ လေတိုးသံ Noise များကို လျှော့ချနိုင်လို့ ဖြစ်ပါတယ် ...
Windscreen ဟာ မိုက် ကိုလက်ဖြင့်ကိုင်၍ သီဆိုရာမှာ တပ်ဆင်အသုံးပြုလေ့ရှိပြီး အသံသွင်း Studio များမှာတော့ Filter ပါးလွှာတဲ့ Pop Filter ကိုအသုံးပြုကြပါတယ် ...
နောက်ထပ် Windscreen ရဲ့ လုပ်ဆောင်နိုင်စွမ်းကတော့ Low Frequency အနိမ့်သံနှင့် High Frequency အမြင့်သံ တွေကိုလျှော့ချပေးနိုင်စွမ်းလည်း ရှိပါတယ် ...
ယခုလို Pop Filter နဲ့ Windscreens ရဲ့ အဓိက ကွဲပြားမှု ကိုနားလည်ထားခြင်းအားဖြင့် ကျွန်တော်တို့ အသံဖမ်းယူရာမှာ ဘယ်လိုအခြေအနေမှာ Pop Filter သုံးရမလဲ ... ဘယ်လို အခြေအနေမျိုးမှာ Windscreen အသုံးပြုရမလဲဆိုတာကို နားလည်သွားမှာ ဖြစ်ပါတယ် ...
𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑈𝑝𝑙𝑜𝑎𝑑𝑒𝑟 များအားလေးစားစွာဖြင့် Crd ပေး၍တဆင့်ပြန်လည်ကူးယူဝေမျှခြင်းသာ ...
ကျွန်တော်တို့ Studio PT Page ကနေဂီတနဲ့ပတ်သတ်တဲ့အကြောင်းအရာများ,အသံပိုင်းဆိုင်ရာသင်ယူစရာများကိုလည်းဗဟုသုတအနေနဲ့တင် ပေးသွားမှာဖြစ်တဲ့အတွက်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ ...
Studio PT မှာသံစဉ်တွေသီဖွဲ့ဟစ်ကြွေးပုံဖော်ရင်းဘဝအမောတွေပြေကြပါစေ ...
ဆက်သွယ်ရန် ☎️ 👉 09450550449,09754347221.
လိပ်စာ🏤 👉: အမှတ် -(၁၅၉)၊ခရေပင်လမ်းမကြီး၊၂(က)စံပြရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။