Soe Yu Nandar

Soe Yu Nandar Be Yourself, Be Confidence, Be Smart

26/08/2023

I Found My New 'Passion'
Specially Thanks to The Luach .

The Luach Promo Video
Filming And Editing by Move Marketing & Advertising




20/08/2023

Barbie စတိုင် နားကပ်လေးကို စိုးကိုယ်တိုင် လုပ်ပြီးဝတ်မယ် 😍
နားကပ်ကြိုက်တဲ့ သူတွေ စိုးလို လက်တည့်စမ်းကြည့်ကြဦးနော် ။




14/08/2023

နောင်တရစေမယ့် ဘလော့လေးပါ ..............................................................................................................................................................................................................................................................................................ကြည့်မိလို့ 🥲



🤎🤍🤎
04/08/2023

🤎🤍🤎

02/08/2023

Part -3 (မာလာရှမ်းကော)
ဒီနေ့တော့ဘာမှမပြောတော့ဘူး စားပဲစားပြလိုက်တယ်နော်။ 😁




အကြောက်တရားတွေကို ရင်ဆိုင်ပါ 💪ကျွန်မအရင်ကဆို Video ရိုက်တာကိုလည်းကြောက် သရုပ်ဆောင်ရတာလည်း ကြောက်အကြောက်ဆုံးကတော့ Editing...
27/07/2023

အကြောက်တရားတွေကို ရင်ဆိုင်ပါ 💪
ကျွန်မအရင်ကဆို
Video ရိုက်တာကိုလည်းကြောက် သရုပ်ဆောင်ရတာလည်း ကြောက်
အကြောက်ဆုံးကတော့ Editing ပဲ။

မ‌ဖြစ်မနေ အကြောက်တရားတွေကို
လေ့ကျင့်ခြင်းနဲ့ တဖြေးဖြေးအနိုင်ယူ
ကြည့်လိုက်တာ အခုဆို
ကြောက်ပါတယ်ဆိုတာတွေကို
တခုမှမကြောက်တော့ဘူး။

ကိုယ်တိုင်ရိုက် ကိုယ်တိုင် Edit ပဲ
အစ‌ဆိုတော့ ...
လိုအပ်ချက်တွေ ရှိချင်ရှိမယ်
ဒါပေမယ့် အေးဆေးပေါ့ 😊
Practice make Progress ....

အသစ်တခုသိလာတိုင်း
သင်ယူလိုက်ရတိုင်း
ရလာတဲ့ ကြည်နူးမှုကို
ကျွန်မဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။

မိတ်ဆွေတို့ရော ဒီနေ့အတွက်
အကြောက်တရားတွေကို အနိုင်ယူဖို့အသင့်ပဲလား ...?

24/07/2023

လူတွေအပေါ်အစမှာ အရမ်း မကောင်းပါနဲ့ အစမှာ သည်းမခံပါနဲ့ အစမှာ အရမ်းမလိုက်လျောနဲ့ အစမှာ စေတနာအရမ်းမကောင်းနဲ့



24/07/2023

ဘယ်လို အခြေနေမျိုးမှာ မဆို
တောင့်ခံထားနိုင်ဖို့ လိုတယ်။
လဲကျတိုင်း ပြန်ထနိုင်ဖို့ လိုတယ်။

ငွေကြေးဖောင်းပွမှုကိစ္စကို
ဟိုလူဒီလူပြောနေကြပြီ
ရပ်ကွက်ထဲက လူတွေ
တောင်းရမ်းတဲ့လူ
အိမ်ငှားနေတဲ့လူ အိမ်ပိုင်ရှိတဲ့လူ
တိုက်ခန်းမှာနေတဲ့လူ ကွန်ဒိုမှာနေတဲ့လူ
ခြံကျယ်ကြီးနဲ့နေတဲ့လူ
ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့လူ
လက်လုပ်လက်စား လခစား
ဆင်းရဲ ချမ်းသာ မရွေး
လူတိုင်းပြောနေကြတာပဲ။

ဒီလိုလူတိုင်း ပြောနေကြတာကို
ကြားရတဲ့အခါ
ကိုဗစ်ဒုတိယလှိုင်းကို
သတိရတယ်။

သတင်းတွေမှာကြည့်လည်း ကိုဗစ်
Fb သုံးလည်း ကိုဗစ်
ဖုန်းလေးဆက်လို့ သတင်းလေးကြား
ဘယ်သူကတော့ ဘယ်မှာ တေလို့
ဘယ်နှရက်မှ မခံဘူး ....

အလုပ်တွေလည်းနားထား
ရှိတာလေးနဲ့စား
မိသားစုဝင်တွေ ချစ်ရသူတွေရဲ့
အသက်လောက်အရေးကြီးတာ
မရှိတော့ဘူးဆိုတဲ့ စိတ်နဲ့
ကျွန်မတို့ အားလုံး
အရာရာကို တင်းခံခဲ့ကြတယ်။

စားဖို့လား..?
ဆန်ရှိရင်ရပါပြီ
အိမ်မှာပဲနေပါမယ်။
ဝတ်ဖို့လား ဘယ်မှမသွားတာ
အိမ်မှာပဲ ရှိတာဝတ်မယ်။
ဟင်းစားရိတ်ခြွေတာပြီး
ပါရာစီတမော မပြတ်
လက်သန့်ဆေးရည် မပြတ်
Mask မပြတ် ဖို့ကို
အလယ်အလတ်လူတန်းစား
တွေက ပိုအလေးထားခဲ့တယ်။

ခုများကြတော့လည်း
ကို‌ဗစ်ကင်းစင်သွားပါပြီလို့
WHO ကကြော်ငြာလိုက်တော့
ကိုဗစ်ကြီးကို တောင့်ခံထားရတာတွေက
ဟာသကြီးလို ....

‌ဘယ်လောက်ဆိုးတဲ့
အဖြစ်အပျက်တွေပဲ ဖြစ်ဖြစ်
တကယ်အချိန်တခုရောက်ရင်
ပြီးသွားတာပါ

မပြီးသေးခင် ရင်ဆိုင်နေချိန်မှာ
‌တောင့်ခံနိုင်တဲ့သူက
ဘာမှမဟုတ်သလိုပြီးသွားတဲ့
အချိန်ကို ဟာတာတာနဲ့
ဪ...! တခွန်းထဲနဲ့ပဲ
ကျန်ခဲ့ရတာပဲ။

ဘယ်လောက်ဆိုးတဲ့
အခြေနေတွေကို
ဖြတ်ကျော်လာခဲ့ ..လာခဲ့
တောင့်ခံနိုင်ရမယ် ဆိုတဲ့
သင်ခန်းစာကို အပိုင်းခွဲ
သင်ကြားပေးနေတယ်လို့ပဲ
တွေးဖြစ်တယ်။

လဲကျတယ် ပြန်ထတယ် ....
ပြန်'လဲ'ကျတယ် ပြန်'ထ'တယ်...
ဘာဖြစ်လဲ ပစ်တိုင်းထောင်ပေါ့ 😊
လူ့ဘဝက ဒီလိုနဲ့ပဲ
သံသရာလည် နေတာပဲ
မဟုတ်လား?

အခုလည်း
‌ရင်မောတာခြင်းအတူတူ
"တောင့်ခံထားပါ...
ပိုကောင်းတဲ့ လမ်းစကိုရှာပါ"လို့

ကိုယ့်ကို ကိုအားပေးဖြစ်တယ်။

24/7/2023



Be Yourself, Be Confidence, Be Smart

ဒီနေ့ရဲ့ တွေးစရာခေါင်းစဉ် !!!တနင်္ဂနွေနေ့ဆိုတော့ နားဒေးပေါ့ ကျွန်မအတွက်တော့ ပုံမှန် နားဒေးမရှိတော့ ဒီနေ့လို ပိတ်ရက်မျိုး...
23/07/2023

ဒီနေ့ရဲ့ တွေးစရာခေါင်းစဉ် !!!
တနင်္ဂနွေနေ့ဆိုတော့ နားဒေးပေါ့
ကျွန်မအတွက်တော့
ပုံမှန် နားဒေးမရှိတော့
ဒီနေ့လို ပိတ်ရက်မျိုးဆို
အလုပ်ပိုလုပ်ဖြစ်ပါတယ်။

မနက်စာစားပြီး အိမ်ပြန်‌အရောက်
News feed မှာ
တက်လာတဲ့သတင်းကြောင့်
'အမလေးးးး' လို့ အရင်တမိတယ်။ 😁

'ငွေစက္ကူနှစ်သောင်းတန် ထွက်ရှိ'
ဆိုတဲ့ ခေါင်းစဉ်တိုလေးနဲ့
ပုံလေးနဲ့တင် အတွေးတွေက
အနာဂတ် ၁၀နှစ်ကို ရောက်သွားတယ်။

အယ့် အဲ့မှာ $ဈေးကလည်း
တက်ပြန်တော့ အရောင်းအဝယ်သမားတွေအတွက် Boost လုပ်ဖို့က
စဉ်းစားစရာ အရင်က 20$ ဖိုး
Boost ရင်တောင်
Boost ဖိုးအရင်းကျေသေးတယ်။

ခုက မလွယ့်မလွယ့် မလွယ်....
ဆိုတော့ ကျွန်မတို့
ပိုကြိုးစားရမလား ???
ကျွန်မတို့ဘယ်လိုဆို
မရုန်းကန်ရတော့မလဲ ???

23/7/2023
SYND



23/07/2023

Part-2 (မာလာမောက်ချိုက်)
ရန်ကုန်ရဲ့ အကောင်းဆုံး မာလာမောက်ချိုက်စားရင်း ၁၉လမ်းသို့ မျက်စိလည် လမ်းမှား



17/07/2023

Part-1 (ရွှေဘဲကင်)
၅သောင်းတန်ဘဲကင် စားမယ် 😋🤤အရမ်းစားကောင်းလွန်းလို့ နောက်တခါ ထပ်စားချင် 😁



10/05/2023

ဘာလို့ Social Media Marketing အတွက် ငွေသုံးသင့်လဲ ?

အေဂျင်စီအပ်တယ်ဆိုတာကရော ဘာလဲ ?

Media Buying(ဘုစ်) မလုပ်ရင်ရော ဘာတွေဖြစ်လာနိုင်သလဲ ?

2023 မှာ ခေတ်စားလာတဲ့ Video Content တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ Move Marketing & Advertising မှာ ဘယ်လို ဝန်ဆောင်မှုပေးမလဲ ???

အစရှိတဲ့ မေးခွန်းတွေအတွက် အဖြေကို Video မှာ ကြည့်လိုက်ရအောင်လားရှင် ✨

Move Marketing & Advertising Agency ရဲ့ ဝန်ဆောင်မှုတွေအကြောင်းကို အသေးစိတ်သိရှိလိုပါက...
📨 Page Chatbox ~ https://m.me/movemmk2022 မှ ဖြစ်စေ
📲 Viber or Ph no. 09 770 964 401 (သို့မဟုတ်)
📩 [email protected] သို့ ဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်။ ☺️
🏢 တိုက်(၁၅)၊ အခန်း(၄)(မြေညီထပ်)၊ မာတလိလမ်း နှင့် တာဝတိံသာလမ်းထောင့်၊ လှိုင်မြင်းမိုရ်အိမ်ယာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သို့လာရောက်ပြီး Business Consultant Session ရယူနိုင်ပါတယ်ခင်ဗျာ။ ✨



Address

Martali Street
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Soe Yu Nandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Yu Nandar:

Videos

Share

Category