27/05/2024
ပင်ပန်းပေမယ့်လည်း မပျံသန်းဘဲ နေလို့မှမရတာ
-
တနေ့မှာ ငှက်တစ်ကောင်ကပြောတယ်။
သူအတောင်ပံတွေကို တဖျပ်ဖျပ်ခပ်ပြီး ကောင်းကင်မှာ ပျံသန်နေရတာ ပင်ပန်းနေပြီ။ မပျံသန်းချင်တော့ဘူးတဲ့။
အဲ့လိုလည်းပြောရော တခြားငှက်တစ်ကောင်က
ပင်ပန်းလည်းဆက်တော့ ပျံသန်းနေရဦးမှာပဲ။ မဟုတ်ရင် ကျုပ်တို့ ပြုတ်ကျသေဆုံးသွားလိမ့်မယ်တဲ့ ဝင်ပြောတယ်။
ကျွန်တော်တို့အားလုံးဟာ ပြုတ်ကျသေဆုံးသွားမှာစိုးလို့ ပင်ပင်ပန်းပန်းနဲ့ ပျံသန်းနေရရှာတဲ့ ငှက်တွေမျှသာ။