𝗛𝘂𝗻𝗴𝗽𝗶

𝗛𝘂𝗻𝗴𝗽𝗶 https://youtube.com/
(Youtube Vlog Channel by Hung Pi)

25/11/2024

သင့်အတွက်လက်ဆောင်( Myanmar Christmas song )
တေးရေး/တေးဆို - Hungpi

အပြစ်ရွံရှာဖွယ်ကောင်းလွန်းတဲ့လူသား
ကယ်တင်ရန်မည်သူမှမရှိ
သို့ပေမယ့်လည်းကိုယ်တော်ရဲ့ကြီးမားလွန်းတဲ့
မေတ္တာနဲ့ကယ်တင်ရန်ဆင်းကြွလာခဲ့

အဲဒီလောက်တောင်ချစ်ရလား
တစ်ပါးတည်းသောသားတော်အားပေးခဲ့တယ်...အဖ
လူ့ဇာတိခံသောဘုရား ကျွန်ုပ်တို့အတွက်နှိမ့်ချစွာမွေးဖွားခဲ့ပြီ......ယေရှု
ဒါဟာ ခရစ္စမတ်လက်ဆောင်

ဒီထပ်ကြီးမားလွန်းတဲ့
လက်ဆောင်မျိုးအခြားမရှိတော့ပြီ
ကိုယ်တော်ရယ်ကျေးဇူးတင်တယ်
ကျေးဇူးတင်တယ် ကျေးဇူးတင်တယ်


#သင့်အတွက်လက်ဆောင်

20/08/2024

ကျွန်မရဲ့မြို့လေး - Hungpi

တောင်ကုန်းတောင်တန်းများ ဝန်းရံကာထားတဲ့မြို့လေး
မြစ်ချောင်းစိမ့်စမ်းရေနဲ့ ကုလားတန်မြစ်ရယ်
အဖိုးမဖြတ်နိုင်တဲ့ သဘာ၀ရှုခင်းအလှအပတွေရယ်
ဒါဟာ ငါ့ရဲ့လက်ရာတော်တွေချည်းပါကွယ်

ဟို......... မငိုပါနဲ့ ကျွန်မမြို့လေး မင်းရှိရာဆီလာပြီကွယ်

အားတင်းထားပါဦး ခဏတော့ အားတင်းထားပါဦး
မင်းရဲ့ဘက်မှာငါအစဉ်မြဲရှိမယ်
ကောင်းကင်နှင့်မြေကြီးမတည်လည်း
ငါ့စကားအမြဲတည်မယ် မင်းရှိရာဆီလာပြီနော်(ကွယ်)
ခဏတော့အားတင်းထားပါနော်


#ကျွန်မရဲ့မြို့လေး

02/05/2024

အိုး... ကျွန်ုပ်၏ယာဝေး (ဘုရားသခင်)

တေးရေး / တေးဆို - Hungpi

Lyrics

မနက်ဖြန်ရက်များ မိုက်မှောင်နေခဲ့
အခြေအနေတွေက တားဆီးနေလည်း
ဒါပေမယ့်လဲ သူလေရှိတယ်
ဘယ်တော့မှ မစွန့်ခဲ့တဲ့ ဘုရားကို ကျွန်ုပ်ကိုးကွယ်

ဝိညာဉ်တော် ဖိတ်ခေါ်သည်
ကိယ်တော်ရဲ့ အနက်ရှိုင်းဆုံးနေရာ
ကိုယ်တော်ကို ဖူးတွေ့ချင်
အထံတော်နား ဆွဲခေါပြီး
ကျွန်ုပ်ကို ထွေးပွေ့ပေးပါ
ကိုယ်တော်ရဲ့ရင်ခွင်တော်ထဲ နေချင်

နေ့ရက်တွေများ ပြောင်းလဲနေခဲ့
လောကအရာများ ရှုပ်ထွေးနေလည်း
တကယ်ပါ သူဟာ ကျွန်ုပ်အနားရှိတယ်
ဘယ်တော့မှ မမေ့ခဲ့တဲ့ ဘုရားကို ကျွန်ုပ်ကိုးကွယ်

ယေဟော၀ါရှလုန်
ယေဟော၀ါနီစေး
ယေဟော၀ါယိရဲ
ကျွန်ုပ်၏ဘုရား

04/03/2024

အာလဖနဲ့ဩမေဂ ( Rock version )
တေးရေး - Hungpi
တေးဆို - Moses{Ai Win}
Band - Plus 3 music

05/02/2024

ဘယ်တော့မှနောက်မကျဘူး

23/12/2023

👩‍🎓vlog

🎵 Gratitude - Brandon Lake

✨အောင်မြင်မဲ့လူငယ်တိုင်း ဘ၀မှာ ဘယ်လိုစိတ်မျိုး‌များထားရှိရမလဲ📌Burning desire ( ပြင်းထန်သောဆန္ဒ)တခုခု ကိုအောင်မြင်ချင်တယ်...
07/10/2023

✨အောင်မြင်မဲ့လူငယ်တိုင်း ဘ၀မှာ ဘယ်လိုစိတ်မျိုး‌များထားရှိရမလဲ

📌Burning desire ( ပြင်းထန်သောဆန္ဒ)

တခုခု ကိုအောင်မြင်ချင်တယ် ။ ပါးစပ်ကနေတော့ အောင်မြင်ချင်တယ်လို့ တဖွဖွ ပြောပီး လက်တွေ့မှာမလုပ်တဲ့သူတွေ များစွာ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ပြင်းထန်တဲ့ လိုအင်ဆန္ဒမရှိလို့ပါ ။ ဒါကြောင့် လူအများစုဟာ သာမန် နေရာမှာပဲ ရှိနေကြတာဖြစ်ပါတယ်။ အောင်မြင်မဲ့ လူငယ်တွေက ဒီလိုမဖြစ်သင့်ပါဘူး။ ပြင်းထန်တဲ့ဆန္ဒ ရှိပြီး လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမှာဖြစ်ပါတယ်။

📌Never give up ( အရှုံးမပေးခြင်း )

ပြင်းထန်တဲ့ဆန္ဒ တော့ရှိပါပြီ။ ဒါပေမယ့် လမ်းတ၀က်ရောက်ရော အခက်အခဲတွေနဲ့ တွေ့တဲ့ အခါ လက်လျော့ချင်စိတ် နောက်ပြန်လှည့်ချင်စိတ် တွေ ဖြစ်ပေါ်လာပါတယ်။ စောစောစီးစီး အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်လာတာပေါ့။ ဒါက သဘာ၀ပါပဲ ။ ဒါပေမယ့်ဒီနေရာမှာ လူနှစ်မျိုး ကွဲပြားသွားတာ ဖြစ်ပါတယ် ။ ရှေ့ဆက်မဲ့ လူနဲ့ နောက်ဆုတ်မဲ့လူ ဆိုပီး ကွဲပြားသွားတာပါ။ဒါကြောင့်သင်ဟာ အရှုံးမပေးတတ်တဲ့သူ ဆိုရင်တော့ ရှေ့ဆက်မဲ့လူ ထဲမှာပါနေပါတယ်နော်။

📌Believe in yourself (ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း)

ဒီ mindset က လဲအောင်မြင်ဖို့ရန် အရေးပါတဲ့အရာတခုထဲမှာ ပါ၀င်နေတာဖြစ်ပါတယ်။ သူများကိုပဲအားကျ ၊ သူများတွေအောင်မြင်နေတာ မြင်ပြီး ကိုယ့်ကိုကိုယ် အားငယ်နေလို့မဖြစ်ပါဘူး။ ကိုယ်လဲ သူတို့လို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိရမှာဖြစ်တယ်။ လူအတော်များများက ကိုယ်လုပ်နိုင်တာတွေကို မကြည့်ဘဲနဲ့ သူတပါးလုပ်နိုင်တာတွေပဲကြည့်နေတဲ့အခါ သိမ်ငယ်စိတ်တွေ ၀င်လာတာဖြစ်ပါတယ်။ ဒါကြောင့်အောင်မြင်မဲ့လူငယ်တိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပီး
ဘ၀ကိုဆက်လက်ရှေ့ဆက်ရမှာဖြစ်ပါတယ်။

🔴ဒီအချက်တွေ က ဟုန်ပီးဖတ်ခဲ့သော စာအုပ်တွေထဲကနဲ့သော်လည်းကောင်း အခြားသော resourcesများကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။


#အောင်မြင်မှု
#လူငယ်
Pi's Diary

ဘယ်လိုစာအုပ်📚တွေ စ ဖတ်ရမှန်းမသိတဲ့လူငယ်များ အတွက် အကောင်းဆုံးသော စာအုပ်ကောင်းငါးအုပ် ----------+------------------ဒီနေ့မ...
23/09/2023

ဘယ်လိုစာအုပ်📚တွေ စ ဖတ်ရမှန်းမသိတဲ့လူငယ်များ အတွက် အကောင်းဆုံးသော စာအုပ်ကောင်းငါးအုပ်
----------+------------------
ဒီနေ့မှာတော့ စာဖတ်ရတာ ကြိုက်နှစ်သက်တဲ့ လူငယ်များ အတွက် စာအုပ် ကောင်း 5 အုပ်ကို ဝေမျှပေးမှာဖြစ်ပါတယ်ရှင့်

ကိုယ်ကိုယ်တိုင် လဲ ဖတ်ရှု ပီး ရလဒ်ကောင်းတွေ ရရှိထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတယောက်ချင်းစီတိုင်းလဲ အကျိုးရှိမှာဖြစ်ပါတယ်။

🔎တပုံချင်းစီထောက်ကြည့်လိုက်နော်

#အောင်မြင်မှု
#လူငယ်
#စာအုပ်
#ဗန်းမော်သိန်းဖေ

📚English စာကို အခြေခံကနေ 🇲🇲 မြန်မာဘာသာစကားနဲ့ သင်ကြားပေးမည့် YouTube channel များ    ဒီတပတ်မှာတော့ YouTube ကနေ 📚Englishစ...
16/09/2023

📚English စာကို အခြေခံကနေ 🇲🇲 မြန်မာဘာသာစကားနဲ့ သင်ကြားပေးမည့် YouTube channel များ

ဒီတပတ်မှာတော့ YouTube ကနေ 📚Englishစာ လေ့လာနိုင်တဲ့ Channel လေးတွေကို မျှဝေ‌ချင်တာဖြစ်ပါတယ်ရှင့်

ဒီတခါ မျှဝေမယ့် channel လေးတွေက English လူမျိုး ဆရာ၊ ‌ဆရာမ များက သင်ပေးမှာ မဟုပဲ Myanmar လူမျိုး ၊ မြန်မာ စကား နဲ့ English စာကို သင်ကြားပေးသွားမယ့် channel လေးတွေပဲ ဖြစ်ပါတယ် ။ ဟုန်ပီးကိုယ်တိုင်လဲ လေ့လာခဲ့တဲ့ channel လေးတွေ ဖြစ်တဲ့ အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။

📚 𝔼𝕕𝕦𝕝𝕚𝕤𝕥𝕚𝕔 𝔼𝕟𝕘𝕝𝕚𝕤𝕙 ℂ𝕙𝕒𝕟𝕟𝕖𝕝

ပထမဆုံး မျှဝေပေးမယ့် channel လေးကတော့ Edulistic English Channel ဖြစ်ပါတယ်။ ဒီ channel လေးမှာ တီချယ် ei ei aung က သင်ကြားပေးမှာဖြစ်ပါတယ် ။ ဟုန်ပီးက ဒီ channel မှာ grammar သင်ရတာ အရမ်း အဆင်ပြေပါတယ် ။ Basic grammar တွေကို ဒီ channel မှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာဖြစ်ပါတယ် ။ Speaking ကိုလဲ စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်။

📚 ℤ𝕠𝕖𝕚𝕚 𝔼𝕟𝕘𝕝𝕚𝕤𝕙

ဒီ channel လေးမှာ တီချယ် eii က သင်ကြားပေးမှာဖြစ်ပီး ဒီ channel မှာ English lessons တွေကို အခြေခံကနေ စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်။ တီချယ် ရဲ့ လှပတဲ့ accent လေးနဲ့ အတူ ပျော်ရွှင်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။

📚 𝔼𝕟𝕘𝕝𝕚𝕤𝕙 𝕚𝕟 𝔹𝕦𝕣𝕞𝕖𝕤𝕖

တတိယ channel လေးက English in Burmese ဖြစ်ပါတယ်။ ဒီ channel လေးမှာ တီချယ် ခင်စုလှိုင်က သင်ကြားပေးမှာဖြစ်ပါတယ်။ တီချယ် ရှင်းပြတဲ့ ပုံစံက အင်မတန်မှ ရှင်းလင်းပီးသေချာလေ့လာမယ် ဆိုရင်တော့ သင်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာပဲဖြစ်ပါတယ်။

📚 𝕊𝕙𝕠𝕨 𝕪𝕠𝕦𝕣 𝔼𝕟𝕘𝕝𝕚𝕤𝕙
𝕖𝕟𝕘𝕝𝕚𝕤𝕙 𝕔𝕙𝕒𝕟𝕟𝕖𝕝

နောက်ဆုံး channel လေးကတော့ Show your English english channel ဖြစ်ပါတယ်။ ဒီ channel လေးမှာ စာသင်နေရ‌သလို မခံစားရစေပဲ cartoon ကားများ ၊ သီချင်းများနဲ့အတူ English စာလေ့လာနိုင်တဲ့ နေရာတခုဖြစ်ပါတယ် ။ သွားလေ့လာကြည့်နော် 😉။

အဆုံးထိ ဖတ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်။💕

See you then ☺️

"📖မိန်းကလေးတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်"🛑 𝕀'𝕞 𝕞𝕪 𝕕𝕒𝕞𝕟 𝕡𝕖𝕣𝕤𝕠𝕟 ( ကိုယ်ကမှ ကိုယ့်လူပါ) - ယုနွယ်လင်း📖ဒီနေ့မှာပြောပြပေ...
09/09/2023

"📖မိန်းကလေးတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်"

🛑 𝕀'𝕞 𝕞𝕪 𝕕𝕒𝕞𝕟 𝕡𝕖𝕣𝕤𝕠𝕟 ( ကိုယ်ကမှ ကိုယ့်လူပါ) - ယုနွယ်လင်း

📖ဒီနေ့မှာပြောပြပေးမယ့်စာအုပ်ကောင်းလေးကတော့ စာရေးဆရာမ (ယုနွယ်လင်း) ရေးသားထားတဲ့မိန်းကလေးများအတွက် အဓိက ရည်ရွယ်ထားတဲ့ စာအုပ်ကောင်းတအုပ်ဖြစ်ပါတယ်ရှင့်။ ဟုန်ပီးကိုယ်တိုင် ဖတ်ပီးတဲ့ အခါ မျက်စိပွင့်နားပွင့် အခြေအနေထိဖြစ်အောင် meaningful ဖြစ်တဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။

ဟုန်ပီးအကြိုက်ဆုံးစာသားကတော့
➡️ " မည်သို့ပင်ဆိုစေကာမူ အရည်အသွေးပြည့်၀တဲ့ အမျိုးသမီးဆိုတာ ကိုယ့်အိမ်မက်ကိုယ်သိပြီးကိုယ့် dream ကိုယ် သစ္စာရှိကြတယ်"

🔎 ဘာကြောင့်ဒီစာအုပ်ကိုမိန်းကလေးတွေ မဖြစ်မနေ ဖတ်သင့်တာလဲ

ဒီစာအုပ် ကအဓိက အားဖြင့်

➡️ မိန်းကလေးတယောက်ရဲ့ တန်ဖိုး

➡️ဘ၀မှာဂရုမစိုက်သင့်တဲ့အရာတွေကို ဂရုမစိုက်ဖို့

➡️ငွေကြေး ပညာရပ်အကြောင်း

➡️ဘ၀မှာ ဘယ်လို နေထိုင်သင့်သလဲ

➡️လူတွေနဲ့ ဘယ်လိုနေထိုင်ရမလဲ ဘယ်လိုပြောဆိုရမလဲ

➡️ကိုယ့်ကိုကိုယ်လေးစားဖို့

➡️ဘ၀ရဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့

ဒီအကြောင်းအရာတွေသာမက အခြားသော တန်ဖိုးရှိတဲ့အကြောင်းအရာများစွာကို ရေးသားထားတာဖြစ်ပါတယ်။

🔎 ဒီစာအုပ်က ဘာအကြောင်းလဲ

➡️ အဓိက အားဖြင့် မိန်းကလေးတွေရဲ့ ဘ၀မှာ ကိုယ့်ကိုကိုယ် အထင်သေးအမြင်သေးခြင်းမရှိပဲ ကိုယ်ကသာ ကိုယ့်ရဲ့လူ ၊ ဘယ်သူတွေ ဘာပြောနေပါစေ ကိုယ်လျှောက်ရမယ့်လမ်းကို ရဲ၀င့်စွာလျှောက်နိုင်ဖို့ ၊ ရင်ဆိုင်ရမယ့် စိတ်အခြေအနေတွေ ဘ၀ရဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ဒီအကြောင်းအရာတွေကို လေးနက်စွာ ရေးသားထားသောစာအုပ်ဖြစ်ပါတယ်။

🔎 ဒီစာအုပ်ကို ဖတ်ရင် ဘာအကျိုးကျေးဇူးရမှာလဲ

➡️ကိုယ့်ရဲ့တန်ဖိုးကို နားလည်လာမယ်

➡️မိန်းကလေးတယောက်ဖြစ်ရခြင်းကို ဂုဏ်ယူ လာမယ်

➡️ဂရုမစိုက်သင့်တဲ့အရာတွေကို ဂရုမစိုက်တော့ဘူး

➡️ကိုယ့်အိမ်မက်တွေကိုအကောင်အထည်ဖော်ချင်လာမယ်

➡️ဘ၀ရဲ့ကြုံရမယ့်အခက်အခဲတွေကို ရင်ဆိုင်နိုင်လာမယ်

🔎 ဒီ စာအုပ်ရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ
💰 ဟုန်ပီး၀ယ်တုန်းက 5000 ကျပ်ဖြစ်ပါတယ် အခုတော့ ၆၀၀၀ ဖြစ်သွားပါပီရှင့် ပေးရတဲ့ ဈေးနဲ့တန်အောင် အင်မတန်မှ အဖိုးတန်လှတဲ့စာအုပ်ကောင်းတအုပ်ဖြစ်ပါတယ်

🔎 ဘယ်မှာ ၀ယ်လို့ရမလဲ
🪧 စာအုပ်ဆိုင်တိုင်းမှာ မေး၀ယ်ကြည့်ပါ။ ဟုန်ပီး၀ယ်တုန်းက လှည်းတန်းစာပေလောကမှာ ၀ယ်တာပါရှင့်

☺️ အဆုံးထိဖတ်ပေးကြတဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

💕 See you then.

#လူငယ်
#ယုနွယ်လင်း

#အောင်မြင်မှု
#ကိုယ်ကမှကိုယ့်လူပါ

💸ပိုက်ဆံမကုန်ပဲ English စာကို အခမဲ့လေ့လာနိုင်တဲ့ 🖥️ YouTube channel များ 📚 ʟɪɴɢᴜᴀᴍᴀʀɪɴᴀဒီchannel လေးမှာ basic ကနေ advanc...
02/09/2023

💸ပိုက်ဆံမကုန်ပဲ English စာကို အခမဲ့လေ့လာနိုင်တဲ့ 🖥️ YouTube channel များ

📚 ʟɪɴɢᴜᴀᴍᴀʀɪɴᴀ

ဒီchannel လေးမှာ basic ကနေ advanced ထိ လေ့လာလို့ရတာ ဖြစ်ပါတယ် ကိုယ်ကိုတိုင်လဲ ကြိုက်နှစ်သက်တဲ့ channel လေးတခုဖြစ်ပါတယ် Grammar ရော speaking ပါ လေ့ကျင့်နိုင်တဲ့ channel လေးဖြစ်ပါတယ်

📚ᴍᴍᴍᴇɴɢʟɪꜱʜ

Australian accent နဲ့ ပျော်ရွှင်စွာသင်ရမဲ့ channel လေးတခုဖြစ်ပါတယ် Grammar ရော speaking ပါလေ့ကျင့်နိုင်တဲ့ channel လေးဖြစ်ပါတယ်

📚 ꜱᴘᴇᴀᴋ ᴇɴɢʟɪꜱʜ ᴡɪᴛʜ ᴠᴀɴᴇꜱꜱᴀ

ဒီchannel လေးမှာ American accent နဲ့ speaking ကို တ၀ကြီးလေ့လာလို့ရမှာဖြစ်ပါတယ် Speaking ကို အဓိက လေ့လာနိုင်တဲ့ channel ဖြစ်ပါတယ် Vocabulary နဲ့ Grammar ကိုလဲ လေ့လာနိုင်တဲ့ channel လေးဖြစ်ပါတယ်

📚 ᴇɴɢʟɪꜱʜ ᴡɪᴛʜ ʟᴜᴄʏ

English ရဲ့ လှပတဲ့ accent တခုဖြစ်တဲ့ British accent နဲ့ လေ့လာလို့ရတဲ့ channel လေးတခုဖြစ်ပါတယ် ဒီ channel မှာ ဆရာမချောလည်းချောပီး သင်ကြားပေးတဲ့ အခါမှာလည်း ရှင်းလင်းတဲ့ အတွက် ဒီ channel လေးကို subscribe လုပ်လိုက်ပါနော် ♥️

See you then ☺️

"လူငယ်တွေ စိတ်ဓာတ်ကျနေချိန်တိုင်း အမြန်ဆုံး နားထောင်သင့်တဲ့ သီချင်း ကောင်း (၅) ပုဒ်"Music ဆိုတာ လူသားတိုင်းအတွက် အရေးပါတ...
26/08/2023

"လူငယ်တွေ စိတ်ဓာတ်ကျနေချိန်တိုင်း အမြန်ဆုံး နားထောင်သင့်တဲ့ သီချင်း ကောင်း (၅) ပုဒ်"

Music ဆိုတာ လူသားတိုင်းအတွက် အရေးပါတဲ့ အရာတခုဖြစ်ပါတယ်. ဒီနေ့မှာတော့ ကိုယ်ကိုယ်တိုင် လဲ စိတ်ဓာတ်ကျချိန်တိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေး ၅ ပုဒ်ကို ပြောပြချင်ပါတယ်။

🎵 𝗙𝗶𝗴𝗵𝘁 𝘀𝗼𝗻𝗴

ပထမဆုံးတပုဒ်ကတော့ fight song ပဲဖြစ်ပါတယ်။ လူတိုင်း နီးပါး ရင်းနှီးကြတဲ့ သီချင်းကောင်းလေးတပုဒ် ဖြစ်ပါတယ်။ စိတ်ဓာတ်ကျချိန်တိုင်း နားထောင် ဖြစ်အောင် နားထောင်သင့်တဲ့ သီချင်းဖြစ်ပါတယ်

🎵 𝗗𝗿𝗲𝗮𝗺

Dream ကတော့ babymonster ရဲ့ pre debut song လေးပဲဖြစ်ပါတယ်။ သီချင်းစာသားတွေက အရမ်းမိုက်ပီး ကိုယ်ကိုယ်တိုင်လဲ အားငယ်ချိန်တိုင်း နားထောင် ဖြစ်တဲ့ သီချင်းဖြစ်ပါတယ်။ အကြိုက်ဆုံးစာသားကတော့ "Just who I was born to be
I'm waking up in my dream" ဖြစ်ပါတယ်

🎵 𝗟𝗲𝘁 𝗶𝘁 𝗴𝗼

ဒီသီချင်းလေးကတော့ လူငယ်၊ ကလေးကအစ ကြိုက်နှစ်သက်ခဲ့ ရတဲ့ Frozen 1 ရဲ့ ဇာတ်၀င်တေးဖြစ်ပါတယ်။ ဆယ်နှစ်မျှ ကြာသွားခဲ့ပီ ဖြစ်သော်လည်း ဘယ်အချိန်နားထောင် အမြဲ ဆန်းသစ်နေတဲ့ သီချင်းကောင်းလေးဖြစ်ပါတယ်။ သီချင်း ထဲကလိုပဲ စိတ်ညစ်စရာတွေကို "let it go" ပစ်ရမှာဖြစ်ပါတယ်။

🎵 𝗧𝗵𝗲 𝗻𝗶𝗴𝗵𝘁𝘀

ဒီသီချင်းလေးကတော့ ကြိုးစားနေရင်း စိတ်ဓာတ်ကျစရာတွေ ဖြစ်လာရင် အမြန်ဆုံး နားထောင် သင့်တဲ့ သီချင်းကောင်းလေးဖြစ်ပါတယ် ။ သူ့ရဲ့ Chorus အပိုဒ် က အရမ်းကို မိုက်ပါတယ် ။ နားထောင်ကြည့်လိုက်နော်။

🎵 𝗨𝗻𝘀𝘁𝗼𝗽𝗽𝗮𝗯𝗹𝗲

Sia ရဲ့ သီချင်းကောင်းတွေ တပုဒ် ဖြစ်တဲ့ unstoppable ဆိုရင် လူတိုင်းနီးပါး သိတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့ စာသားတွေက အရမ်းကို အဓိပ္ပာယ်ရှိပြီး ကြိုးစားနေတဲ့လူငယ်တိုင်း နားထောင်သင့်တဲ့ သီချင်းကောင်းလေးပါ။

💕 အဆုံးထိဖတ်‌ခဲ့ကြတဲ့တွက်ကျေးဇူးအများကြီးတင်ပါတယ်။

💕See you then.

19/08/2023

"Barbie: Princess Charm School" ကနေ ရခဲ့တဲ့ ဘ၀သင်ခန်းစာ (၅)ခု 📺

12/08/2023

"အိုးမိုင်ဂေါ့" ပဲ ပြောနေတော့မှာလား?
ဒါလေး ပြောင်းသုံးကြည့်

05/08/2023

I miss u ကို တခြားနည်းတွေနဲ့ ဘယ်လိုပြောမလဲ

29/07/2023

ချစ်တယ်❤️ဆိုတာကို 𝐈 𝐥𝐨𝐯𝐞 𝐲𝐨𝐮 လို့ပဲပြောနေတုန်းပဲလား

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗛𝘂𝗻𝗴𝗽𝗶 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗛𝘂𝗻𝗴𝗽𝗶:

Videos

Share

Category