မဒ်ရစဟ် အဲဟ်ယာအုလ်အုလူးမ် ဝ မဒ်ရစဟ် စိုက်ယိဒဟ်ဟဖ်ဆွဟ်

  • Home
  • Myanmar
  • Yangon
  • မဒ်ရစဟ် အဲဟ်ယာအုလ်အုလူးမ် ဝ မဒ်ရစဟ် စိုက်ယိဒဟ်ဟဖ်ဆွဟ်

မဒ်ရစဟ် အဲဟ်ယာအုလ်အုလူးမ် ဝ မဒ်ရစဟ် စိုက်ယိဒဟ်ဟဖ်ဆွဟ် school

အမိုးမရှိ ကျောင်းတစ်ကျောင်းရဲ့ ဒါအ်ဝသ်ထမင်း+အမဲနှပ်+သီးစုံပဲဟင်း အလှူရှင်ဟာဂျီ မုဟမ္မဒ် အမီးန်နှင့်မိသားစုမှ ၁၁.၇.၂၀၂၄ က...
12/07/2024

အမိုးမရှိ ကျောင်းတစ်ကျောင်းရဲ့ ဒါအ်ဝသ်
ထမင်း+အမဲနှပ်+သီးစုံပဲဟင်း အလှူရှင်
ဟာဂျီ မုဟမ္မဒ် အမီးန်နှင့်မိသားစုမှ ၁၁.၇.၂၀၂၄ ကြာသပတေးနေ့တွင်

ကျွန်တော်များ အမျိုးသားကျောင်းတွင် ကျောင်းသားများနှင့် စာသင်ဆရာများအား ညစာနှင့်နေ့လည်စာအပြင် ရပ်မိရပ်အဖများ၊ တာဝန်ရှိလူကြီးမင်းများ၊ ကျောင်းအကျိုးဆောင်သောကရှင်များ၊ စာသင်ဆရာများရဲ့ ဖိတ်ကြားသည့်ဧည့်သည်များနှင့် ကျောင်းသားမိဘအချို့ တို့ကို နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့သလို

ကျွန်တော်များ အမျိုးသမီးကျောင်းတွင်လည်း ကျောင်းသူနှင့်စာသင်ဆရာမများအား ညစာနှင့်နေ့လည်စာအပြင် ကျောင်းအကျိုးဆောင်သောကရှင်အမျိုးသမီးများနှင့် ရပ်မိရပ်အဖများကို နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

ယခုလို ကျွန်တော်များကျောင်းတွင် လာရောက်လှူဒါန်းပေးခဲ့တဲ့ ဟာဂျီမုဟမ္မဒ် အမီးန် နှင့်မိသားစုအား အလ္လာဟ်အရှင်မြတ်သခင် နှစ်ဘဝနှစ်ဌာနလုံးတွင် ကောင်းမြတ်သော အကျိုးအစား အမြောက်အများ ချီးမြှင်းပေးပြီး ကျမ်းမာရေး၊ စီးပွားရေး အရေးကိစ္စတိုင်းတွင် ဗရ်ကသ်မင်္ဂလာများ တိုးပွားချီးမြှင့်ပေးသနားတော်မူပါစေ..။ အာမီးန်

ကုရ်ဗာနီ သားကောင် (နွား) တစ်ကောင်၏ နှုန်းထား.......  ၁၇၅၀၀၀၀ ကျပ် ကုရ်ဗာနီ ဟိစ်စွဟ် ၁ပုံ၏ နှုန်းထား........................
06/06/2024

ကုရ်ဗာနီ သားကောင် (နွား) တစ်ကောင်၏ နှုန်းထား....... ၁၇၅၀၀၀၀ ကျပ်
ကုရ်ဗာနီ ဟိစ်စွဟ် ၁ပုံ၏ နှုန်းထား....................... ၂၅၀၀၀၀ ကျပ်
မှတ်ချက် ။ ။ ဟိစ်စွဟ်တစ်ပုံ ပါဝင်လှူဒါန်သူတစ်ဦးတိုင်းအတွက် ကုရ်ဗာနီအသား ၂ပိဿာခွဲစီ အိမ်တိုင်ရာရောက် ပိုဆောင်ပေးပါမည် ဖြစ်ပါသည်။

18/04/2024
ကျောင်းဖွင့်ရက်/ ကျောင်းအပ်လက်ခံမည့်ရက် အသိပေးကြေညာခြင်း။မှတ်ချက်။ ။ ။ မက်သက်ဗ် ကျောင်းသား/သူ များ                      ...
15/04/2024

ကျောင်းဖွင့်ရက်/ ကျောင်းအပ်လက်ခံမည့်ရက် အသိပေးကြေညာခြင်း။

မှတ်ချက်။ ။ ။ မက်သက်ဗ် ကျောင်းသား/သူ များ
လက်ခံရက်တွင် (2) လပိုင်း အစား
(4) လပိုင်းဟု ပြင်ဖတ်ပေးပါရန်။

22/02/2024

ကျွန်တော်များ မဒ်ရစဟ် အဲ့ဟ်ယာအုလ်အုလူးမ် ဝ မဒ်ရစဟ် စိုက်ယိဒဟ်ဟဖ်ဆွဟ် (ရသွေ့)
ကျောင်းနှစ်ကျောင်းလုံးရဲ့ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဥက္ကဌ ဖြစ်သူ
မောင်လာနာ မုဖ်သီ ကာရီ မုဟမ္မဒ် ယူစွဖ် ဆွာဟိဗ် (ကျိုက္ကော်) ရှာအိက်ဟာရှီမီ ရဲ့
ကဆွီဒါရွတ်ဆိုထားခြင်းကို တင်ဆက်ပေးလိုက်ပါတယ်။

#မဒ်ရစဟ်

ကျွန်တော်များ မဒ်ရစဟ် အဲ့ဟ်ယာအုလ်အုလူးမ် (အမျိုးသားကျောင်း)နှင့် မဒ်ရစဟ် စိုက်ယိဒဟ် ဟဖ်ဆွဟ် (အမျိုးသမီးကျောင်း)မှ ✔အမျို...
08/02/2024

ကျွန်တော်များ မဒ်ရစဟ် အဲ့ဟ်ယာအုလ်အုလူးမ် (အမျိုးသားကျောင်း)နှင့်
မဒ်ရစဟ် စိုက်ယိဒဟ် ဟဖ်ဆွဟ် (အမျိုးသမီးကျောင်း)မှ

✔အမျိုးသား မော်လဝီသင်တန်း
✔အမျိုးသား ဟာဖိဇ်သင်တန်း
✔အခြေခံဘာသာရေးစာ သင်တန်း (မက်သဗ်)
✔အမျိုးသမီး အာလေမဟ်သင်တန်း
✔အမျိုးသမီး ဟာဖေဇွဟ်သင်တန်း
✔အမျိုးသမီး ဆရာမအတက်သင် သင်တန်း တို့ရဲ့
နှစ်ပတ်လည် ဆုပေးပွဲ အခမ်းအနားကို

၁၁.၂.၂၀၂၄ တနင်္ဂနွေနေ့ တွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍
ထိုမွန်မြတ်လှသောအခမ်းအနားသို့

ရပ်ဝေးရပ်နီးမှ ​သောကရှင် အလှူရှင်များ၊
အာလင်မ်သာသနာ့ပညာရှင်များ၊
ကျောင်းသား/ ကျောင်းသူဟောင်းများ၊ မိဘများ
ကျောင်းဆရာဟောင်းများ၊
ကျောင်းနှစ်​ကျာင်းစလုံး၏ ရပ်မိ ရပ်ဖများ
ကြွရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာဖြင့်
လှိုက်လဲပြူငှာစွာ ဖိတ်ကြားအပ်ပါသည်။

ကျောင်းအုပ်ဆရာကြီးနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့

၂၈.၁.၂၀၂၄ (တနင်္ဂနွေနေ့) နှစ်ပတ်လည် မိဘ/ ဆရာ /အုပ်ချုပ်ရေးကော်မတီ စုံညီ အစည်းအဝေး နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် အစီရင်ခံ တ...
28/01/2024

၂၈.၁.၂၀၂၄ (တနင်္ဂနွေနေ့) နှစ်ပတ်လည် မိဘ/ ဆရာ /အုပ်ချုပ်ရေးကော်မတီ
စုံညီ အစည်းအဝေး နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် အစီရင်ခံ တင်ပြခြင်း
---------------
အစ္စလာမုအာလိုင်းကွန်မ် ( ဝရဟ်မသုလ္လာဟိ ဝဘာရာကာသုဟ်)

လေးစားအပ်ပါသော သာသနာ့သောကရှင် သူတော်စင်များခင်ဗျာ -----
အလ်ဟမ်ဒူလိလ္လာဟ် ကျွန်တော်များ မဒ်ရစဟ် အဲဟ်ယာအုလ်အူလူမ် (အမျိုးသားကျောင်း) နှင့် မဒ်ရစဟ် စိုက်ယိဒဟ် ဟဖ်စွဟ်(ရသွေ့)( အမျိုးသမီးကျောင်း)နှင့် မက်သဗ်အခြေခံဘာသာရေးစာသင်ကျောင်းတွင် ပညာသင်ယူဆည်းပူးနေကြသော ကျောင်းသား၊ကျောင်းသူများရဲ့ မိဘများနှင့် ကျောင်းဆရာများ၊ ကျောင်းကော်မတီတို့ ​၏ စုံညီ အစည်းအဝေးကို စနစ်တကျ ထည်ထည်ဝါဝါ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

ဖေါ်ပြပါ အစည်းအဝေးတွင်
--------------------------
(၁) ၂၀၂၃ - ခုနှစ် ရဲ့ နှစ်ချုပ် အစီရင် ခံစာ တင်ပြခြင်း

(၂) ၂၀၂၃ ခုနှစ် ရ/ သုံး ငွေ နှစ်ချုပ် စာရင်းရှင်းတမ်း တင်ပြခြင်း

(၃) ကျောင်းနှစ်ကျောင်းရဲ့အုပ်ချုပ်ပုံ စည်းမျဉ်း အဆင့်ဆင့် ရေးစွဲ အတည်ပြု ခဲ့ပုံ အား ဥပဒေ ပညာရှင်များမှ ရှင်းလင်း တင်ပြခြင်း

(၄) အုပ်ချုပ်ပုံ စည်းမျဉ်းများနှင့် အညီ ၂၀၂၄ ခုနှစ် မှ ၂၀၂၆ အထိ (သုံးနှစ်သက်တမ်း) ရှိသော အုပ်ချုပ်ရေး ကော်မတီ အသစ် အား ရွေးချယ် ခန့်အပ်အတည် ပြုခြင်း

(၅) ဖိတ်ကြားခံရသော သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်း နှင့် နာယက ကြီးများ မှ မိတ်ခွန်းဆက် အမှာစကား ပြောကြားခြင်း ----------

စသော အစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
----------------------------------

သူတော်စင်များခင်ဗျာ

အလ်ဟမ်ဒုလိလ္လာဟ် မက်သဗ်ကျောင်းရဲ့ စာမေးပွဲအား စစ်ဆေးပြီးစီးခဲ့ပြီးနောက်
အင်န်ရှာအလ္လာဟ် မော်လဝီတန်းနှင့် ဟာဖိဇ် အတန်းများစာမေးပွဲကို ၂၉.၁.၂၀၂၄ (တနင်္လာနေ့)မှ ၃.၂.၂၀၂၄ (စနေနေ့) ထိ စစ်ဆေးကျင်းပ သွားမည်ဖြစ်ပါသည်။

ဆက်လက်ပြီး ကျောင်း​၏ လုပ်ငန်းစဉ်များ အဆင်ပြေချော့မွေ့စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် သူတော်စင်များ အနေဖြင့် တက်အားသဖြင့် ဝန်းရံ ကူညီ ပေးကြပါရန် လေးစားစွာဖြင့် အစီရင်ခံ တင်ပြအပ်ပါသည်။

(ဥက္ကဋ္ဌ နှင့် အုပ်ချုပ်ရေး ကော်မတီဝင်များ)

23/01/2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့
ပဥ္စမမြောက်နှင့် ဆဌမမြောက် ဟာဖိဇ်ပြီးမြောက်သည့် ကျောင်းသားနှစ်ဦး

ကျောင်းသား ဟာဖွဇ် မုဟမ္မဒ် အိုဝိုင်းစ်
ဒါဒါ=မော်လနာဒိလ်ဒါရ်းအဟ်မဒ်
ဒါဒီ=ရအီစာဘီဘီ

နာနာ=မုဟမ္မသ်မဟ်ဒီ
နာနီ=အလ်မားစ်ဘီဘီ

အဖေ=မုဟမ္မသ်စလင်း
အမေ=ဂျမီလာဘီဘီ

တစ်အုပ်လုံးကို=11လ25ရက်
ထူးခြားမှုနောက်ဆုံး10ပါရဟ်ကို3လအတွင်း

ကျောင်းသား=ဟာဖွဇ်မုဟမ္မဒ်စိုလိုင်မားန်
ဒါဒါ=အဗ်ဒွလ်ဂနီ
ဒါဒီ =အာမမေနဟ်ဘီ

နာနာ=ရှဖီးအ်အဟ်မဒ်
နာနီ=ဖွာသွေမဟ်ဘီ

အဖေ=မုဟမ္မဒ်အလီ
အမေ=နူးရ်ဘီ

ထူးခြားချက်
စာဖတ်ရက်စုစုပေါင်း=1နှစ်2လ

16/01/2024

၁၅/၁/၂၀၂၄ (တနင်္လာနေ့)
မွေးရာပါ မျက်မမြင် ဟာဖိဇ်ကျောင်းသားလေးရဲ့ အဖွင့်ကေရာအသ်ဖြင့်
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရဲ့
စတုတ္ထမြောက်
ကျမ်းမြက်ကုရ်အာန် အာဂုံဆောင်ပြီးမြောက်အောင်မြင်ပြီး နောက်ဆုံး သင်ခန်းစာ ရွတ်ဖတ်ခြင်း အစီအစဥ်....

ကျောင်းသားအမည် ဟာဖိဇ်မုဟမ္မဒ် အတ်စ်ဂျဒ်

စုစုပေါင်း အာဂုံဆောင်ကျက်မှတ်ရက် ၁နှစ် ၂လ

အဖ အမည် မုဟမ္မဒ် ဖိုင်ဆွလ်
မိခင်အမည် ရမဿွန်ဘီ

ဒါဒါအမည် အီဆာ
ဒါဒီအမည် မရ်ယမ်

နာနာအမည် ရှဖီးအ်
နာနီအမည် ခဒီဂျဟ်ဘီ

နေရပ် သင်္ဃန်းကျွန်းမြို့

29/12/2023

29/12/2023 အမှတ်တရ

21/12/2023
19/12/2023
အတ်စ္စလာမုအလိုင်ကွမ်ကျွန်တော်များ မဒ်ရစဟ်အဲဟ်ယာအုလ်အုလူးမ်ဝမဒ်ရစဟ်စိုက်ယိဒဟ်ဟဖ်ဆွဟ်ရသွေ့ အမျိုးသားကျောင်း၊ အမျိုးသမီးကျေ...
20/11/2023

အတ်စ္စလာမုအလိုင်ကွမ်
ကျွန်တော်များ မဒ်ရစဟ်အဲဟ်ယာအုလ်အုလူးမ်ဝမဒ်ရစဟ်စိုက်ယိဒဟ်ဟဖ်ဆွဟ်ရသွေ့ အမျိုးသားကျောင်း၊ အမျိုးသမီးကျောင်း နှင့် မက်သက်ဗ်ဘာသာရေး အခြေခံစာသင်ကျောင်း၏ ၆ လပတ်စာမေးပွဲတွင် ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူများ၏ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတစ်ရပ်ကို (၁၃.၁၁.၂၀၂၃) တနင်္လာနေ့တွင် အကျဥ်းချုံ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါကြောင်း သဒ္ဓါဖြူစင်အလှူရှင်များ၊ သောကရှင်မုစ်လင်မ်သူတော်စင်များကို တင်ပြလိုက်ရပါသည်။
ကျွန်တော်များကျောင်း၏ ပညာရေးလုပ်ငန်းစဥ်များ၊ စားဝတ်နေထိုင်ရေးနှင့် ကျောင်းတည်တံ့ခိုင်မြဲအဓွန့်ရှည်ရေး လုပ်ငန်းစဥ်များတွင် သဒ္ဓါဖြူစင်အလှူရှင်များနှင့် သောကရှင်မုစ်လင်မ်သူတော်စင်များအနေဖြင့် ဝိုင်းဝန်းကူညီပါဝင်ပေးနိုင်ပါကြောင်း ကျွန်တော်များမှ အသိပေးနှိုးဆော်လိုက်ရပါသည်။

Address

Yangon
11071

Website

Alerts

Be the first to know and let us send you an email when မဒ်ရစဟ် အဲဟ်ယာအုလ်အုလူးမ် ဝ မဒ်ရစဟ် စိုက်ယိဒဟ်ဟဖ်ဆွဟ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share