Myat Saw . မြတ်စော

Myat Saw . မြတ်စော Yes

01/07/2023

မင်းမျှော်မှန်းထားသလို

မင်းဖြစ်ချင်တာတွေဟာ

ဖြစ်ချင်မှာဖြစ်မယ်

ဒါပေမဲ့

မင်းလုပ်သင့်တာကို

လုပ်လိုက်ရတဲ့အတွက်

မင်းတသက်လုံးနောင်တရမနေဘူးပေါ့...

~မြတ်စော~

12/02/2023
27/01/2023

စစ်ကတကယ်တိုက်နေလား

မတိုက်နေလားတော့မသိဘူး

ဒါပေမဲ့ကျွန်တော်တို့ခလေးတွေကတော့

တကယ်သေသွားကြရတယ် ...

~မြတ်စော~

07/01/2023

"မန်းသား .. အနေမှန်တယ်၊ ရေလျှံတယ်၊ ဗလတောင့်တယ်၊ ရုပ်ဖြောင့်တယ်၊ ချူချူပေါက်ရင် အဝေးရောက်တယ် .." ဆိုရိုး ရှိသမို့လား။

ျာပေါ၊ ဖုတ်ထူ၊ နေပူ၊ ခြင်ကိုက် တဲ့ ဒေသကနေ ပေါက်ဖွား လာကြပေမဲ့အချဉ် မဟုတ်။

ရှိုးလိုက် .. ရှိုးလိုက် .. ရှိုးလိုက် ..

ရေမီးအစုံ နဲ့ ကြိုးခုန်နိုင်နေကြပြီ။ ဒါ တစ်သုတ်ပဲ ရှိသေးတယ်။

အို .. ခီ ..

မူရင်.crd

27/12/2022

ဒွတ်ခပဲ ကွီးမဲလုံးတင်းပီလေ🥴🥴🥴

အမေရီကန်ကိုများစွာဆိုးရိမ်မိတယ်😂

crd.vd

25/12/2022

လိုချင်နေတာ ဒါမျိုးတွေ.

Crd.vd

13/12/2022

ကိုယ့်အသိုက်အမြုံမပျက်စီးသ၍

မငိုတက်တဲ့ငှက်တွေ ကျွန်တော်မုန်းတယ်

နှင်းဝေတဲ့ ဆောင်းမဟုတ်ဘူးမီးခိုးဝေတဲ့ ဆောင်းရာသီပါcrd.
13/12/2022

နှင်းဝေတဲ့ ဆောင်းမဟုတ်ဘူး

မီးခိုးဝေတဲ့ ဆောင်းရာသီပါ

crd.

11/12/2022

အမှန်တရားတွေကြီးပဲပြောသွားတာ

VD .Crd

11/12/2022

ယောက်ဖရေးတဲ့

ဒီနှစ်ဆောင်းကလည်း

အပြင်မှာပဲအေးတာပါကွာ

ငါတို့ရင်ထည်းကအပူတွေ

သောက/ဒုက္ခတွေကိုတော့

မငြိမ်းနိုင်ခဲ့ပြန်ဘူးကွာ....

~မြတ်စော~

10/12/2022

အဆုံးသတ်မှာ ကျွန်တော်တို့

သတိရနေရမှာက ရန်သူတွေရဲ့

စကားလုံးတွေ အကြောင်းအရာတွေ

မဟုတ်ပါဘူး...

ကျွန်တော်တို့ မိတ်ဆွေသူငယ်ချင်းတွေ

အသံတိတ်ပြီး နေစိမ့်ခဲ့တာတွေက်ိုသာ

သတိရနေရမှာပါ...

~မာတင်လူသာကင်း~

10/12/2022

ယောက်ဖရေးတဲ့...

ဒီတော်လှန်ရေးကြီးပီးဆုံးလို့

ငါမရှိတော့ရင်-မင်းကျန်ခဲ့သေးရင်ပေါ့

ငါမိသားစုကိုပြောပေးပါယောက်ဖ

ငါဟာမိသားစုတာဝန်မကျေခဲ့ပေမဲ့

နိုင်ငံတာဝန်တော့ ကျေခဲ့ပါတယ်လို့....

~မြတ်စော~

08/12/2022

USရောက်ဘောမတယောက်ရဲ့ ရင်တွင်းဖစ်(ကြေကွဲသံ)
😂

07/12/2022

ကိုယ့်အသိုက်မပြိုသေးသ၍

မငိုတက်တဲ့ငှက်တွေကို

ကျွန်တော်မုန်းတယ် ...

 #တုန်လှုပ်ချောက်ချားမိသော...ဗီဒီရိုဖိုင် သုံးခု ပေါ်ထွက်လာတယ်။2022 ဇွန်လထဲကအမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုတ် ဒူးထောက်...
05/12/2022

#တုန်လှုပ်ချောက်ချားမိသော...

ဗီဒီရိုဖိုင် သုံးခု ပေါ်ထွက်လာတယ်။

2022 ဇွန်လထဲက
အမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုတ် ဒူးထောက်ခိုင်းထားတယ်။ ခေါင်းက နဲနဲထောင်နေတော့ Darကိုင်ထားတဲ့သူက ငုံ့ထားစမ်း လို့ ပြောတယ်။ အ tetခံရမယ့်ဆဲဆဲ အမျိုးသမီးက ဟုတ် လို့ အေးအေးဆေးဆေးပြန်ပြောလိုက်သေးတယ်။ ပြီးသာနဲ့ ဂုတ်ကနေ ပိုင်းချလိုက်ပါရော။(ပထမ ပုံ)

2022 စက်တင်ဘာလထဲက
အမျိုးသမီးတစ်ဦးကို ဒလန်လို့ စွတ်စွဲထားတဲ့ အမျိုးသားတစ်စုက မျက်နှာကိုအဝတ်စည်း၊ လက်ပြန်ကြိုးတုပ်ပြီး ဆံပင်ဆွဲလှန်ကာ လည်မြိုကို ဇိမ်ပြေနပြေ လှီးပါလေရော။(ဒုတိယ ပုံ)

2022 ဒီဇင်ဘာလမှာ
အမျိုးသမီးတစ်ဦးကိုပဲ အများသူငါသွားလာနေတဲ့ လမ်းမကြီးပေါ်မှာ ထိုးကြိတ်၊ ဒူးထောက်စေပြီး မျက်စိကို အဝတ်နဲ့အုပ်ကာ နောက်ကနေ Tay netနဲ့ ပစ်သတ်တယ်၊ ပြီးသာနဲ့ ခေါင်းကို ကျေထွက်သွားအောင် ထပ်ပစ်ပါလေရော။(တတိယ ပုံ)

ဖြစ်စဉ်သုံးခုစလုံးမှာ တူညီနေတာက ဒလန်လို့ စွတ်စွဲခံရတဲ့အချက်နဲ့ စီရင်ခံရသူတွေဟာ အမျိုးသမီးတွေချည်း ဖြစ်နေတာပဲ။

#ဂျီနီဗာသဘောတူညီချက်များ

ဂျီနီဗာကွန်းဗင့်ရှင်းရဲ့တတိယသဘောတူညီချက်မှာ ''စစ်အကျဉ်းသား၊သုံ့ပန်းများနဲ့ ပတ်သက်ပြီး စစ်အကျဉ်းသားများကို ဖမ်းမိတဲ့အခါ ကောင်းမွန်စွာစောင့်ရှောက်ထားဖို့၊ သူတို့ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ထိန်းသိမ်းပေးဖို့၊ အစောတလျဉ်တရားမစီရင်ဖို့နဲ့ စစ်ပွဲပြီးတဲ့အခါ ပြန်လည်အပ်နှံသွားဖို့''တွေ ပါဝင်ပါတယ်။

စတုတ္ထသဘောတူညီချက် အပိုဒ်32မှာဆိုရင် အရပ်သားပြည်သူများကို ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်း၊ ထိခိုက်နာကျင်အောင်အပြစ်ပေးခြင်းများ၊ ဆေးဘက် သို့မဟုတ်သိပ္ပံဆိုင်ရာစမ်းသပ်မှုများပြုလုပ်ခြင်းများကို တားမြစ်ထားတယ်။

#ပျူစောထီးနဲ့နန်းများအရေး

NUG၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်များဖြစ်တဲ့ ပျူစောထီးများနဲ့ Non CDMများ အပေါ်သဘောထားကို ကြေညာချက်(2/2022)ထုတ်ပြန်ပြီး အများပြည်သူသို့တင်ပြထားတာကို တွေ့ရတယ်။

ယင်းထုတ်ပြန်ချက်ရဲ့ အပိုဒ် (3) မှာဆိုရင် ''အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီကိုသက်ဝင်ယုံကြည်သူမှန်လျှင် နိုင်ငံရေးအမြင်မတူကွဲပြားသူများ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့်မရသူများအား စစ်ရေးဆိုင်ရာပစ်မှတ် သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းဝင်များအဖြစ် သတ်မှတ်အရေးယူ ဆောင်ရွက်သွားမည်မဟုတ်ပါ။

သို့သော်စစ်ကောင်စီနှင့်ပူးပေါင်းလျက် အကြမ်းဖက်မှုကိုကိုယ်တိုင်ကျူးလွန်ခြင်း အားပေးပါဝင်ကူညီခြင်းများ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့်ပြုသွားမည်မဟုတ်ဘဲ တရားဥပဒေအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်'' လို့ ထုတ်ပြန်ထားပါတယ်။(မပြည့်စုံတဲ့ ယေဘုယျဖော်ပြချက်မျှသာ)

ဒီနေရာမှာ မင်းက ဖက်စစ်တပ်ကျူးလွန်နေတာတွေကျ မပြောဘူးလားလို့ မေးရင် လူမို့ လူစကားပြောခြင်းပါ၊ 🐕‍🦺 ကို လူစကားပြောစရာမလိုပါဘူး၊ 🐕‍🦺 ဆိုတာ🐕‍🦺လို မောင်းထုတ်ပစ်ရမယ့်အရာ မို့ပါပဲ။

ဒီကျူးလွန်မှုတွေက ဖက်စစ်တပ်ဖက်ကနေ အမြင်မှားအောင် ပုံမှားရိုက်ကျူးလွန်တာမျိုးဖြစ်တယ် ဆိုတဲ့ စဉ်းစားချက်မျိုးလည်း ရှိတယ်။

#တုန်လှုပ်မိတဲ့အရာ

အထက်ပါ ဗီဒီရိုကလစ် သုံးခုကိုကြည့်မိရင်း အရမ်းတုန်လှုပ်မိတဲ့ကိစ္စက ဒီလိုကျူးလွန်မှုကို နှစ်ထောင်းအားရဖြစ်နေကြတဲ့ လူအုပ်ကြီးကိုပါပဲ။

ကျူးလွန်ခံရတဲ့အမျိုးသမီးများဟာ (သေအံ့ဆဲဆဲအချိန်မှာ သူတို့အကြောက်အကန်ငြင်းဆိုသွားကြတဲ့) ငါ ဒလန်မဟုတ်ဘူး ဆိုတဲ့စကားသာ မှန်နေခဲ့ရင်....

(သို့)

ဖက်စစ်တပ်ဖက်ကနေ ရည်ရွယ်ချက်ဆိုးနဲ့ အပြစ်မဲ့ပြည်သူကို ကျူးလွန်ခဲ့ရင်...

ဘုရား၊ ဘုရား...

လူအုပ်ကြီးကတော့ ဒါကိုစဉ်းစားဟန်မတူ၊ ဒလန်မို့သတ်တယ်လို့ တင်လိုက်ရင် ဘာမှမစဉ်းစား၊ မဆင်ခြင်ဘဲ ဝိုင်းဩဘာပေးလိုက်ကြတယ်။ အဲဒါကိုက ‌ထိတ်လန့်စရာလူ့အဖွဲ့အစည်းကို အစပျိုးလိုက်တာပါပဲ။

ဒုတိယကမ္ဘာစစ်မှာ အမေရိကန်က ဂျပန်ကို နူကလီးယားဗုံးကျဲချတဲ့ ဖြစ်စဉ်မှာတောင် မကျဲခင်ရက်ပိုင်းများမှာ ဂျပန်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်တော့မှာမို့ အရပ်သားပြည်သူများအနေနဲ့ ဘေးလွတ်ရာကို ရှောင်ရှားပေးဖို့ စာတွေအရင် လာကျဲချပေးခဲ့တယ်။

ခံစားမှုရှေ့တန်းမတင်ဘဲ စစ်ကို စစ်လိုတိုက်ကြတဲ့ သာဓကတွေပါ။

NUG၊လူ့အခွင့်အရေးဝန်ကြီးကတော့ ယင်းဖြစ်ရပ်(နောက်ဆုံးဖိုင်)အပေါ် စုံစမ်းစစ်ဆေးမယ်၊ ထိုက်သင့်တဲ့လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်မယ်လို့ ပြောသွားပေမယ့်

မဖြစ်ခင်ကနေ လနကိုင်တွေအပေါ် ကြိုတင်၊တားဆီး၊ ထိန်းချုပ်နိုင်မယ့် ဥပဒေ၊စည်းကမ်းများထုတ်ပြန်ဖို့နဲ့ COCရှိတဲ့ တပ်ဖြစ်အောင်လုပ်ဖို့ကတော့ ယခုချိန်ထိ အားနည်းပျက်ကွက်နေဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ လနကိုင်တွေကို (ထုံးစံအတိုင်း) ပြည်သူတွေကနေပဲ ဝိုင်းဝန်းထိန်းကွပ်ရပါလိမ့်မယ်၊ မဖြစ်သင့်၊ မဖြစ်ထိုက်တာတွေကို ပြည်သူတွေကပဲ ထုတ်ဖော်ရှုံ့ချရပါလိမ့်မယ်။

ပြည်သူကိုယ်တိုင်က အရာရာကို ဆင်ခြင်တွေးတောပြီး တည့်မတ်ပါမှ လမ်းကြောင်းမှန်တဲ့တော်လှန်ရေး ဖြစ်လာပါလိမ့်မယ်။

အားကိုးပါတယ် ပြည်သူလူထုကြီး ခင်ဗျား။ ။

Crd...

 #မေ့လို့မရတဲ့သမိုင်းတွေ✊အရှင်လတ်လတ် မီးရှို့သတ်ခံရတယ်။ဘာလို့လဲဆိုတော့ ကင်းစောင့်လို့တဲ့။ခေါင်းကို သေနတ်ဒင်နဲ့ လွှဲရိုက်...
05/12/2022

#မေ့လို့မရတဲ့သမိုင်းတွေ✊

အရှင်လတ်လတ် မီးရှို့သတ်ခံရတယ်။ဘာလို့လဲဆိုတော့ ကင်းစောင့်လို့တဲ့။

ခေါင်းကို သေနတ်ဒင်နဲ့ လွှဲရိုက်ခံရတယ်။ဘာလို့လဲဆိုတော့ လူနာတင်ကားမောင်းလို့တဲ့။

ခေါင်းတည့်တည့်ကို ချိန်ပြီး ပစ်သတ်ခံရတယ်။
ဘာလို့လဲဆိုတော့ သူ့နားက ပုံရက်လဲကျသွားတဲ့ လူနာတစ်ယောက်ကို ကယ်ဖို့လုပ်လို့တဲ့။

ကလေးသုံးယောက်အမေ ခေါင်းတည့်တည့်ပဲ အနီးကပ် ပစ်သတ်ခံရတယ်။ ဘာလို့လဲဆိုတော့
ပြေးလာတဲ့လူတွေကို ဖွက်ထားပြီး မလုပ်ကြပါနဲ့ သားတို့ရယ်လို့ သူတို့ကို တောင်းပန်လို့တဲ့။

အပေါ်ကလူတွေက လမ်းပေါ်ထွက်နေတာကိုး ကိုယ့်အိမ်ထဲမှ ကိုယ်မနေတာကိုး ဆိုပြီး ဒုစရိုက်မှုကို လမ်းကြောင်းလွှဲချင်ကြသေးတယ်လား။

ဒါဆိုရင် ကလေးလေးတစ်ယောက်ရဲ့ နှလုံးတည့်တည့်နေရာ အပစ်ခံရတယ်။ ဘာလို့လဲဆိုတော့
သူ့အိမ်သူ တံခါးသော့ခတ်လို့တဲ့။

နောက်တစ်ယောက်က သူ့အမေသောက်ဖို့ ရေသွားခပ်လို့တဲ့။

နောက်တစ်ယောက်က သူ့အဖေရင်ခွင်ထဲမှာ ကြောက်ပြီးငိုနေလို့တဲ့ ။

နောက်ထပ် ၁၄ နှစ်သားလေးကတော့ နိုင်ငံတော်အတွက် အရမ်းအန္တရာယ်ရှိနေလို့ထင်ပါတယ် ။
သေနတ်ဒဏ်ရာနဲ့ တွန့်လိမ်နေတုန်းမှာပဲ ကားပေါ်ဆွဲတင်သွားခံရတယ်။

ဘာလို့ မှန်းလဲ မသိ ဘယ်ရောက်နေမှန်းလဲမသိ သေလားရှင်လား အသုဘက ချရမှာလား မချရဘူလားလဲမသိ

အလောင်းရှိသည် ကိုယ့်သားသမီးကိုယ်ထိန်းပါဆိုတဲ့ စာကို တွေ့ရတော့အက်ကွဲကွဲနဲ့ဟက်ဟက်ပက်ပက် ရယ်ချမိတယ်။

ဟုတ်ပါပြီ ငါတို့ကလေးတွေကို လမ်းပေါ်မထွက်အောင် မင်းတို့ကို မဆန့်ကျင်အောင် အမေသောက်ဖို့ ရေတောင် ထ မခပ်အောင် ၊ကိုယ့်အိမ်ကို သော့ထ မခတ်အောင် ၊ တခုခုဆို အဖေ့ရင်ခွင်ထဲ မပြေးအောင် ထိန်းပါမယ်။

သူ့ဖာသာသူ စားဝတ်နေရေးအတွက် ဈေးရောင်းနေသူတွေကို ဖမ်းတယ် ရိုက်တယ်။ သူ့လမ်းသူ သွားနေသူတွေကို လှမ်းပစ်တယ်။

ရှင်းရှင်းပြောရရင် လူသတ်တယ် ။ တရွားလုံးမီးရိူ့တယ်ပစ္စည်းခိုး ဓားပြတိုက် ဖျက်စီး နှိပ်စက် ဆဲဆို ရမ်းကား ကလေးသတ် အလောင်းခိုးနေတဲ့ လူတွေကိုရော
ဘယ်မိဘက ထိန်းမှာလဲ။

အဲဒီလို မတရား လုပ်နေသူတွေမှာရော ထိန်းစရာ
မိဘ ရော ရှိကြလား။

ပုံမှန် လူအမေနဲ့အဖေက မွေးလာတာရော ဟုတ်ကြရဲ့လား။

ဒီလိုလူတွေက လူသတ်တာ ၊ခိုးတာ၊ လုတာ‌တွေ
သက်သေအခိုင်အမာ ရှိနေရဲ့နဲ့ ငါတို့ဖက်ကနေ တရားရော စွဲလို့ရလား။

မင်းတို့ ဖက်က အဓမ္မ လုပ်နေတာတွေကိုရော မင်းတို့ အရေးယူလို့လား။

လက်နက်ကိုင်ပြီးမှ အကြမ်းဖက် လုယက်သတ်ဖြတ်နေတဲ့ မင်းတို့ကြောင့် နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်မှန်တွေကို မြင်အောင်ကြည့်ပါ။

အေး ပြောချင်တာကတော့ ငါတို့ လုပ်ဆောင်မှု့တွေဟာ အဓမ္မ အနိုင်ကျင့်တာ ကို အလိုမရှိလို့
အမှန်တရားအတွက် ရပ်တည် လုပ်ကိုင်နေတာပဲ။

အဓမ္မကို ဆန့်ကျင်ရင်း လွတ်လပ်မျှတမှုအတွက် တိုက်ပွဲဝင်နေကြတယ် ဆိုတာတော့ မင်းတို့ သိပါစေ။



04/11/2022

ကိုယ်ချင်းစာတရား မေတ္တာတရား
ဆိတ်သုဉ်းသောဤနိုင်ငံမှာ
ခဗျတို့ ကျွန်တော်တို့ မွေးဖွားခဲ့ပါသည်။

ကိုယ့်အသိုက်အမြုံကိုမထိသေးသ၍
မငိုတက်တဲ့ငှက်တွေကို ကျွန်တော်မုန်းတယ်...

ဝန်ခံပါတယ်ဒီရက်တွေမှာရှင်သန်ရတာ တကယ်ကိုအစဉ်ပြေမနေပါဘူး🥺...
29/09/2022

ဝန်ခံပါတယ်

ဒီရက်တွေမှာရှင်သန်ရတာ

တကယ်ကိုအစဉ်ပြေမနေပါဘူး🥺...

မသေမချင်း ငွေတွေကပြန်ရှာလို့ရတယ် ~    ဒါပေမဲ့ အသက်တွေကတော့~  သေပီးရင် ပြန်ရှင်ချင်လို့မရဘူး ~အတိတ်တွေမေ့ချင်မေ့မယ် ~    ...
26/09/2022

မသေမချင်း ငွေတွေကပြန်ရှာလို့ရတယ် ~

ဒါပေမဲ့ အသက်တွေကတော့~

သေပီးရင် ပြန်ရှင်ချင်လို့မရဘူး ~

အတိတ်တွေမေ့ချင်မေ့မယ် ~

သမိုင်းကြောင်းတွေတော့မေ့လို့မရဘူး ~

မင်းကြေကွဲလို့ရတယ် /မင်းငိုကြွေးလို့ရတယ်~

ဒါပေမဲ့မင်းပြိုလဲလို့မရဘူး~

ခံယူချက်တွေတူချင်မှတူမယ် ~

ဒါပေမဲ့လုပ်ဆောင်ချက်တွေမှန်ဖို့လိုတယ် ~

ဘဝတွေဟာ ရုန်းကန်ကောင်းရုန်းကန်ရလိမ့်မယ် ~

ဒါပေမဲ့ လိပ်ပြာလုံတယ်...

~မြတ်စော~

13/09/2022

လခွမ်း😂

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myat Saw . မြတ်စော posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Saw . မြတ်စော:

Videos

Share