25/05/2021
ကျွန်တော့်ဒဏ်ကိုခံနိုင်မှ ကျွန်တော့်ကိုချစ်ပါ ။
ကျွန်တော်က အတ္တကြီးတယ် ။
ကျွန်တော်က အရမ်းသဝန်တိုတတ်တယ် ။
ကျွန်တော်က အရမ်းစိတ်ထိခိုက်လွယ်တတ်တယ် ။
ပြီးတော့ ကျွန်တော် အရမ်းအချစ်ခံချင်တယ် ။
ကျွန်တော်ကချစ်ပြီဆိုရင် အရမ်းအတ္တကြီးတတ်တယ်။ဘာမှမမြင်တော့တဲ့အထိပါပဲ။အစစအရာရာမှနံပတ်တစ်မဖြစ်နိုင်
ရင်တောင်တခြားသူတွေထက်ပိုပြီးဦးစားပေးတာကိုခံချင်
တယ်။အားလပ်ချိန်တွေမှာလဲတစ်ခြားသူတွေထက်ကျွန်
တော့်ကိုပဲ အချိန်ပိုပေးစေချင်တာမျိုးပေါ့ ။
ကျွန်တော်ကချစ်ပြီဆိုရင်အရမ်းသဝန်တိုတတ်တယ်။မလို
အပ်ပဲသူစိမ်းတွေနဲ့အရမ်းရင်းရင်းနှီးနှီးပြောဆိုနေတာမျိုး
တွေကျွန်တော့ထပ်ပိုအရေးကြီးသလိုပုံစံမျိုးတွေဆိုလုံးဝမ
ကြိုက်ဘူး။အဲ့လိုအချိန်တွေဆိုအရမ်းဒေါသထွက်တယ်။
စိတ်ကိုထိန်းလို့မရဘူး။အဲ့အခါကျပြောမိပြောရာတွေ
လျှောက်ပြောမိတော့တာပဲ။စိတ်ထဲမပါတာတွေပေါ့ အေးတိ
အေးစက်လေသံတွေနဲ့လေ။ကျွန်တော်အရမ်းချစ်လို့အဲ့လို
ဖြစ်တာကိုနားလည်ပေးနိုင်မှရမယ်။တစ်ကိုယ်ကောင်းဆန်
တယ်လို့မြင်လဲမတတ်နိုင်ဘူး ။
ကျွန်တော်ကချစ်ပြီဆိုရင် အဲ့လူနဲ့ပတ်သက်ပြီးအရမ်းစိတ်ထိခိုက်လွယ်တတ်တယ်။Conversationထဲစာပို့နေလဲအသံအနေထားနဲ့စာကိုဖတ်ပြီးအတွေးလွန်တတ်တယ်။သူလေသံမာသွားတယ်။ငါ့ကိုစိတ်ဆိုးသွားလား စိတ်ပျက်သွားပြီလားမချစ်ပဲနေတော့မှာလားငါဘာမှားသွားလဲအဲ့လိုမျိုးတွေပေါ့။
ကျွန်တော့်ကိုချစ်ရင်အများကြီးဂရုစိုက်ပေးမှရမှာ ။
ပြီးတော့ ကျွန်တော်အချစ်ခံချင်တယ်။ကျွန်တော့်ဘက်က
ချည်းချစ်ခြင်းတွေကမ်းနေရတာမျိုးတော့တကယ်မလိုလား
တော့ဘူး။ထပ်ပြီးနောက်တစ်ကြိမ်မေတ္တာကြိုးတွေကိုတစ်
ဖက်တည်းချည်နှောင်ရတာမျိုးမဖြစ်ချင်တော့ဘူး။ဒါကြောင့်
ကျွန်တော်ထပ်ချစ်ဖြစ်ခဲ့ရင် . . . .
စိတ်ချမ်းသာအောင်ထားမဲ့သူကိုပဲရွေးချယ်မယ်။
မပျောက်ပျယ်သွားမဲ့နွေးထွေးမှုတွေပေးမဲ့
ရင်ခွင်မှာပဲရှင်သန်တော့မယ်။
ချစ်ခြင်းမေတ္တာဟာဘာလဲလို့မေးလာတိုင်း
တိမ်တွေကိုပဲငေးမောမကြည့်နေချင်တော့ဘူး . . . ။
-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒