beartai แบไต๋

beartai แบไต๋ We do tech news, reviews and regular updates about the industry. Contact us for more details!

02/02/2024

Volkswagen ID.4 CROZZ vs BYD Atto 3 🚗 ဘယ် EV ကားကသင့်အတွက်ဖြစ်မလဲ?

ခုလတ်တလော နာမည်ကြီးနေတဲ့ Volkswagen ID.4 CROZZ နဲ့ ရန်ကုန်မှာခပ်စိပ်စိပ်တွေ့လာရတဲ့ BYD Atto 3 ကို beartai Myanmar ကနေ အသေးစိတ်နှိုင်းယှဥ်ပေးထားပါတယ်။

#ဘဲတိုင်

🌐Google Chromeကိုproductiveဖြစ်အောင်သုံးနည်း✨သင်က chrome ကိုအဓိက browser အနေနဲ့သုံးနေတဲ့သူတစ်ယောက်ဆိုရင်တော့ 👉 ဒီ shortc...
01/02/2024

🌐Google Chromeကိုproductiveဖြစ်အောင်သုံးနည်း✨
သင်က chrome ကိုအဓိက browser အနေနဲ့သုံးနေတဲ့သူတစ်ယောက်ဆိုရင်တော့ 👉 ဒီ shortcuts တွေကိုသိထားဖို့လိုပါတယ်။ တစ်ကယ်တော့ Shortcuts တွေဆိုတာကိုယ့်ရဲ့ productivity ကို boost လုပ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ beartai ကနေအားလုံးအတွက်အသုံးဝင်မယ့် chrome shortcuts တွေကိုမျှဝေပေးလိုက်ပါတယ်။
#ဘဲတိုင်

31/01/2024

Samsung Galaxy S24 series Launch Event Recap📱

ကျွန်တော်တို့ beartai Myanmar team လည်း Galaxy S24 series ဖုန်းတွေနဲ့ Galaxy AI ကိုစမ်းသပ်သုံးစွဲခဲ့ကြသည်ပေါ့ဗျာ။🤖

#ဘဲတိုင်

🔋Wireless Charging technology ရဲ့ standard 2 ခုဖြစ်တဲ့ Apple ရဲ့ MagSafe နဲ့ Qi 2 wireless charging ကဘာတွေတူပြီး? ဘာတွေမ...
30/01/2024

🔋Wireless Charging technology ရဲ့ standard 2 ခုဖြစ်တဲ့ Apple ရဲ့ MagSafe နဲ့ Qi 2 wireless charging ကဘာတွေတူပြီး? ဘာတွေမတူဘူးလဲ?

#ဘဲတိုင်

📱Galaxy S24 Ultra vs iPhone 15 Pro Max vs Galaxy S23 UltraSamsung ရဲ့ ပူပူနွေးနွေးအသစ်ထွက်ထားတဲ့ Galaxy S24 Ultra က သူ့ရ...
28/01/2024

📱Galaxy S24 Ultra vs iPhone 15 Pro Max vs Galaxy S23 Ultra

Samsung ရဲ့ ပူပူနွေးနွေးအသစ်ထွက်ထားတဲ့ Galaxy S24 Ultra က သူ့ရဲ့ predecessor Galaxy S23 Ultra ထက်ဘာတွေတိုးတက်သွားလဲ? iPhone 15 Pro Max နဲ့ယှဥ်ရင်ရောဘာတွေကွာလဲ?

#ဘဲတိုင်

✨သင်သတိမထားမိတဲ့ Google Lens ရဲ့အသုံးဝင်ဆုံး features (၄)ခု🔍No(1). Copy and translate textဓာတ်ပုံ၊ ဒါမှမဟုတ် စာအုပ်တစ်ခု...
27/01/2024

✨သင်သတိမထားမိတဲ့ Google Lens ရဲ့အသုံးဝင်ဆုံး features (၄)ခု🔍

No(1). Copy and translate text
ဓာတ်ပုံ၊ ဒါမှမဟုတ် စာအုပ်တစ်ခုခုကစာသားတွေကို google lens ကိုသုံးပြီး copyကူးလို့ရပါတယ်။ google lens app ကိုဖွင့် ကိုယ်copy ကူးချင်တဲ့စာသားပါတဲ့ ဓာတ်ပုံကိုရွေး ဒါမှမဟုတ် ကိုယ်copy ကူးချင်တဲ့ စာသားပါတဲ့စာမျက်နှာကို camera နဲ့ချိန်ပြီးရိုက် ပြီးရင်ကိုယ်copyကူးချင်တဲ့စာသားကို ထိပြီးcopy ကူးလိုက်ယုံပါပဲ။ Google lens ကစာသားတွေcopy ကူးယုံတင်မဟုတ်ပဲ ဘာသာပြန်ဖို့အတွက်လည်းသုံးလို့ရပါတယ်။ ကိုယ့်ရဲ့ဖုန်းကင်မရာကို ကိုယ်ဘာသာပြန်ချင်တဲ့ စာသားကိုချိန်လိုက်တာနဲ့ google lens ကဘာသာပြန်ပေးမှာဖြစ်ပါတယ်။ အရမ်းအသုံးဝင်တဲ့ feature တစ်ခုပါပဲ။

No(2). Document Scan
Business card တစ်ခုခုကို google lens နဲ့ scan လိုက်တာနဲ့ card မှာပါတဲ့ contact information တွေအကုန်လုံးကို lens က recognize လုပ်ပြီးတော့ ဖုန်းနံပါတ်ကိုcontact ထဲမှတ်တာ၊ email ကိုရိုက်ထည့်စရာမလိုပဲတစ်ခါတည်း တန်းပို့လို့ရတာ၊ location ကို Google Maps မှာတန်းရှာပေးတာတွေလုပ်လို့ရပါတယ်။

No(3). Visual Search
ကိုယ်က ပစ္စည်းတစ်ခုခုဝယ်ချင်တယ် ဒါမှမဟုတ် အဲ့ဒီပစ္စည်းရဲ့ details ကိုသိချင်တယ်။ ဒါဆို ဒီပစ္စည်းကို Google Lens နဲ့ scan လုပ်လိုက်တာနဲ့ lens ကဒီပစ္စည်းကိုဝယ်လို့ရမယ့် websites တွေ၊ details အချက်အလက်တွေကို ကိုယ့်ကိုပြပေးပါတယ်။

No(4). Barcode & QR Code scan
Barcode တွေ QR Code တွေကို scan ဖတ်ဖို့အတွက် scanner apps တွေကိုသီးသန့်ထပ်ပြီး download လုပ်နေတုန်းပဲလား? အကယ်၍သင့်ဖုန်းထဲမှာ Google Lens ရှိမယ်ဆိုရင် ဒါတွေအားလုံးကို app တစ်ခုတည်းနဲ့ပဲဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ ကိုယ် scan ဖတ်ချင်တဲ့ barcode၊ QR code ကို Google Lens နဲ့ချိန်လိုက်တာနဲ့ lens ကဒီ code တွေကို scan လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒါတွေကတော့ Google Lens ရဲ့အသုံးဝင်ဆုံး features (၄)ခုပဲဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Google Lens ကိုကိုယ့်အတွက်ဘယ်လိုမျိုး အကျိုးရှိရှိသုံးလို့ရလည်းဆိုတာ သိသွားလောက်ပြီထင်ပါတယ်။

#ဘဲတိုင် ’smagic

26/01/2024

CES 2024 ရဲ့ အမိုက်ဆုံး products တွေကဘာတွေဖြစ်မလဲ?
ဒီvideo မှာတော့ beartai ကနေ CES 2024 မှာမိတ်ဆက်ခဲ့တဲ့ products တွေထဲကမှ လူစိတ်ဝင်စားမှုအများဆုံးနဲ့ အမိုက်ဆုံး products တွေကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ beartai ပုရိတ်သတ်ကြီးရော ဘယ် products ကိုအကြိုက်ဆုံးလဲဆိုတာ comment ပေးခဲ့ကြပါဦး.

#ဘဲတိုင်

Microsoft ခေါင်းဆောင်ပိုင်းတွေရဲ့ emailsတွေhack ခံရ👾Microsoft senior leadership အဖွဲ့ဝင်တွေရဲ့ emails account တွေကို ရုရ...
21/01/2024

Microsoft ခေါင်းဆောင်ပိုင်းတွေရဲ့ emailsတွေhack ခံရ👾
Microsoft senior leadership အဖွဲ့ဝင်တွေရဲ့ emails account တွေကို ရုရှား hackers တွေက hack ပြီး သူတို့ရဲ့ corporate system ကို attack လုပ်ခဲ့တယ်လို့ microsoft ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ Microsoft ကတော့ 2020 ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ SolarWinds attack ကိုကျူးလွန်ခဲ့တဲ့ Nobelium ရုရှား hackers အဖွဲ့ရဲ့ attack ဖြစ်တယ်လို့ ပြောသွားပါတယ်။ စီနီယာခေါင်းဆောင်တွေရဲ့ emails တွေကို သူတို့က 2023 နှစ်ကုန်ခါနီးလောက်ကတည်းက hack လုပ်ခဲ့တာဖြစ်ပြီး January 12 မှပဲ microsoft ကဒီ attack ကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ products တွေ၊ services တွေကို attack လုပ်ခဲ့တဲ့အထောက်အထားမျိုးတော့ လောလောဆယ်မှာမတွေ့ရသေးဘူးလို့တော့ Microsoft ဖက်က ပြောသွားခဲ့ပါတယ်။

#ဘဲတိုင်

19/01/2024

ChatGPT 🤖ကိုဆရာကျကျဘယ်လိုသုံးကြမလဲ?

မိတ်ဆွေ ဒီလောက်အသုံးဝင်တဲ့ chatgpt ကိုကောင်းကောင်းမသုံးတတ်သေးဘူးလား? ဒါဆိုရင်တော့ စိတ်မပူပါနဲ့👌
ဒီ video ထဲမှာ beartai Myanmar ကနေ chatgpt ကိုဘယ်လိုအကျိုးရှိရှိ အသုံးချလို့ရလဲဆိုတာ တစ်ဆင့်ချင်းရှင်းပြပေးထားပါတယ်💥

#ဘဲတိုင်

📱Note series ဖုန်းတွေကိုမိတ်ဆက်တော့မယ့် RealmeRealme ကသူတို့ရဲ့ ဖုန်း line up အသစ်ဖြစ်တဲ့ Note series ဖုန်းတွေကိုမိတ်ဆက်...
15/01/2024

📱Note series ဖုန်းတွေကိုမိတ်ဆက်တော့မယ့် Realme

Realme ကသူတို့ရဲ့ ဖုန်း line up အသစ်ဖြစ်တဲ့ Note series ဖုန်းတွေကိုမိတ်ဆက်တော့မယ့်အကြောင်း ‘X’ (twitter) မှာ tease လုပ်လိုက်ပါတယ်။ Tease လုပ်ပြီးသိပ်မကြာလိုက်ပဲ ဒီဖုန်းရဲ့ specs တွေအကုန် leak ဖြစ်လာပါတယ်။ Realme Note 1 လို့နာမည်ပေးထားပြီးတော့ Jan 24 ရက်မှာမိတ်ဆက်လာနိုင်ခြေရှိပါတယ်။ Specs အရတော့ ဈေးကွက်ထဲမှာရှိပြီးသား Infinix Note 30 နဲ့ Redmi Note 13 တို့ရဲ့ direct competitor အနေနဲ့ထွက်လာမှာပါ။

Screen : 6.67in FHD 120Hz OLED\

Chipset : Dimensity 7050

Rear Cameras : 108MP + 8MP + 2MP

Front Cameras : 16MP

Battery : 5000mAh + 67W

Others : In-display fingerprint / dual speakers

မြန်မာပြည်ကိုဝင်မယ်ဆိုရင်တော့ midrange smartphone market ထဲမှာရွေးချယ်စရာတစ်ခုတိုးလာမှာဖြစ်တဲ့အတွက် သတင်းကောင်းပါပဲ။

#ဘဲတိုင်

Google နဲ့ Samsung ပူးပေါင်းပြီး Nearby Share ကို Quick Share နဲ့အစားထိုးမည် 📱Nearby Share ကို Samsung ရဲ့ file sharing ...
14/01/2024

Google နဲ့ Samsung ပူးပေါင်းပြီး Nearby Share ကို Quick Share နဲ့အစားထိုးမည် 📱

Nearby Share ကို Samsung ရဲ့ file sharing system ဖြစ်တဲ့ Quick Share ဆိုပြီး ပြောင်းလဲခေါ်ဆိုသွားတော့မှာဖြစ်ပါတယ်။ Samsung users တွေကတော့ ဒီနာမည်နဲ့ သိပ်စိမ်းမှာမဟုတ်ပါဘူး။ Nearby Share ရော Quick Share ရော file sharing system နှစ်မျိုးလုံးက အခြေခံအားဖြင့်တော့ အနီးအနားက devices တွေကို ရှာဖွေဖို့အတွက် Bluetooth Low Energy နဲ့ Wi-Fi Direct ပေါ်မှာမှီခိုနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ရဲ့ Quick Share က AirDrop လိုပဲ Samsung devices တွေအချင်းချင်းပဲသုံးလို့ရတာဖြစ်ပါတယ်။

သို့ပေမယ့်လည်း Nearby Share ကနေ Quick Share လို့ပြောင်းလဲခေါ်ဆိုပြီးရင်တောင် features တွေကအရင်တိုင်းပဲဖြစ်မလား? Upgrade လုပ်လာမလား? ဆိုတာတော့ မသိရသေးပါဘူး။ ဥပမာအနေနဲ့ Nearby Share ကတစ်ကြိမ်မှာ device တစ်ခုကိုပဲ share လုပ်လို့ရပြီးတော့ တစ်ရက်ကို file အရေအတွက် 500 ပဲ share လုပ်လို့ရပါတယ်။ file ရဲ့ size ကို ကန့်သတ်ထားတာမျိုးတော့မရှိပါဘူး။ Quick Share ကတော့တစ်ကြိမ်မှာ devices 5ခုထိ share လို့ရပြီး file size ကိုတော့အများဆုံး 1GB ထိ share လို့ရပါတယ်။

#ဘဲတိုင်

Laptop တစ်လုံးဝယ်ရင်သူ့ရဲ့ CPU model(ဥပမာ - i3, i5, i7, i9) တစ်ခုကိုပဲကြည့်လို့နေတုန်းပဲလား⁉️CPU ရဲ့ generation အပါအဝင် ...
13/01/2024

Laptop တစ်လုံးဝယ်ရင်သူ့ရဲ့ CPU model(ဥပမာ - i3, i5, i7, i9) တစ်ခုကိုပဲကြည့်လို့နေတုန်းပဲလား⁉️

CPU ရဲ့ generation အပါအဝင် နောက်က code နံပါတ်တွေအကုန်လုံးက သူ့အဓိပ္ပာယ်နဲ့သူရှိကြပါတယ်။ ဒါကြောင့်မို့ ဒီ code တွေကဘာကိုဆိုလိုတာလဲ ဆိုတာကိုသိထားရင် laptop ဝယ်တဲ့အခါမှာ အများကြီးအထောက်အကူဖြစ်စေမှာပါ။

Intel ကသူတို့ရဲ့ mobile processor lineup တစ်ခုကိုမကြာသေးခင်ကပဲမိတ်ဆက်လိုက်ပါတယ်။ Intel Core Ultra လို့ခေါ်ဆိုပြီးတော့ 2024 မှာထွက်မယ့် premium high-end laptops တွေမှာအသုံးပြုလာမှာဖြစ်ပါတယ်။ Desktop CPU အနေနဲ့တော့ မထွက်လာသေးပါဘူး။

✅ CPU မော်ဒယ် : Intel ကပုံမှန်အားဖြင့်တော့ သူတို့ရဲ့ CPU တွေကို models 4 (i3, i5, i7, i9) ခုခွဲထားပါတယ်။ နံပါတ်မြင့်လေ ပိုပြီးစွမ်းဆောင်ရည် ကောင်းလေပါပဲ။ Core Ultra lineup မှာကတော့

Core Ultra 5 = အလုပ်လုပ်ဖို့နဲ့ ဂိမ်းအနည်းအကျဥ်းဆော့ဖို့အတွက်
Core Ultra 7 = အလုပ်လုပ်ဖို့နဲ့ ဂိမ်းကိုresolution ကောင်းကောင်း၊ performance ကောင်းကောင်းနဲ့ဆော့ဖို့အတွက်
Core Ultra 9 = Rendering, 4K video editing လိုအလုပ်တွေကောင်းကောင်းလုပ်ဖို့နဲ့ဂိမ်းကိုအားမနာတမ်းဆော့ဖို့အတွက်

✅ Generation : CPU ရဲ့ generation နံပါတ်။ နှစ်တိုင်းနှစ်တိုင်း CPU အသစ်ထွက်တိုင်း နံပါတ်ကတိုးသွားပါတယ်။ Core Ultra lineup CPU ကတော့ခုမှ ပထမဆုံးgeneration ပဲရှိသေးတဲ့အတွက် နံပါတ် 1 နဲ့စတာကိုတွေ့ရမှာပါ။ နောက်ထပ် generation ထပ်ထွက်ရင်တော့ နံပါတ် 2 နဲ့စမှာဖြစ်ပါတယ်။

✅ Model ID : Generation နံပါတ်ရဲ့နောက်က နံပါတ် 2 ခုကတော့ CPU က model အနိမ့်လား၊ အမြင့်လားဆိုတာကို ဆိုလိုပါတယ်။ အကယ်၍ CPU 2ခုက model တူ၊ generation တူပြီးတော့ model code နံပါတ် ကွာမယ်ဆိုရင် နံပါတ်ပိုမြင့်တဲ့ CPU ကပိုပြီး powerful ဖြစ်တဲ့ CPU လို့သတ်မှတ်လို့ရပါတယ်။

✅ Suffix code: နောက်ဆုံးက အက္ခရာနဲ့ရေးထားတဲ့ code ကတော့ CPU ရဲ့အဆင့်သတ်မှတ်ချက်လို့မှတ်ယူနိုင်ပါတယ်။ intel က H နဲ့ U ဆိုပြီး 2 မျိုးခွဲထားပါတယ်။
H ကတော့ high performance (စွမ်းဆောင်ရည်မြင့်)တာကိုကိုယ်စားပြုပြီးတော့ U ကတော့ energy save (ပါဝါသုံးစွဲမှုနည်း)တာကို ကိုယ်စားပြုတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ intel နဲ့အပြိုင်နေရာရလာတာကတော့ AMD ရဲ့ Ryzen CPU တွေပါပဲ။

✅ CPU မော်ဒယ် : AMD ကလည်း Ryzen CPUs တွေကို models 4 ခုခွဲထားပါတယ်။ နံပါတ်ပိုမြင့်လေ စွမ်းဆောင်ရည်ပိုမြင့်လေပါပဲ။

Ryzen 3 = ရုံးသုံး၊ကျောင်းသုံးနဲ့ ပေါ့ပေါ့ပါးပါးအလုပ်တွေသုံးဖို့အတွက်
Ryzen 5 = အလုပ်လုပ်မယ်၊ ဂိမ်းကိုအနည်းအကျဥ်းဆော့ဖို့အတွက်
Ryzen 7 = အလုပ်လုပ်ဖို့နဲ့ ဂိမ်းကိုresolution ကောင်းကောင်း၊ performance ကောင်းကောင်းနဲ့ဆော့ဖို့အတွက်
Ryzen 9 = Rendering, 4K video editing လိုအလုပ်တွေကောင်းကောင်းလုပ်ဖို့နဲ့ဂိမ်းကိုအားမနာတမ်းဆော့ဖို့အတွက်

✅Generation : CPU ရဲ့ generation နံပါတ်။ နှစ်တိုင်းနှစ်တိုင်း CPU အသစ်ထွက်တိုင်း နံပါတ်ကတိုးသွားပါတယ်။
7### = 2023
8### = 2024
9### = 2025

✅ Generation နံပါတ်ရဲ့နောက်က နံပါတ်ကတော့ CPU ရဲ့ model နံပါတ်အလိုက်ထည့်သွင်းထားတဲ့နံပါတ်ဖြစ်ပါတယ်။ ဥပမာ -
Ryzen 3 မှာဆိုရင် x3xx နဲ့ x4xx
Ryzen 5 မှာဆိုရင် x5xx နဲ့ x6xx
Ryzen 7/ 8 မှာဆိုရင် x7xx နဲ့ x8xx
Ryzen 9 မှာဆိုရင် x9xx

✅ Architecture : CPU မှာဘယ် architecture ကိုအသုံးပြုထားသလဲဆိုတာကို ဖော်ပြတဲ့နံပါတ်ဖြစ်ပါတယ်။
xx1x = Zen 1 | Zen +
xx2x = Zen 2
xx3x = Zen 3 | Zen 3+
xx4x = Zen 4
xx5x = Zen 5

✅ Model ID : CPU က based model လား high-end model လားဆိုတာကိုဖော်ပြထားတဲ့ နံပါတ်ဖြစ်ပါတယ်။ 0 ကနေ 5 ထိ သတ်မှတ်ထားပြီးတော့ နံပါတ်မြင့်လေ စွမ်းဆောင်ရည်ပိုမြင့်လေဖြစ်ပါတယ်။
0 = based model
5 = high-end model

✅ suffix code: နောက်ဆုံးက အက္ခရာနဲ့ရေးထားတဲ့ code ကတော့ CPU ရဲ့အဆင့်သတ်မှတ်ချက်လို့ မှတ်ယူနိုင်ပါတယ်။
HX = စွမ်းဆောင်ရည်အမြင့်ဆုံး
HS = စွမ်းဆောင်ရည်မြင့်
U = ပါဝါသုံးစွဲမှုနည်းပြီး စွမ်းဆောင်ရည်အသင့်အတင့်
C = Chromebooks တွေမှာသီးသန့်သုံး
E = ပါဝါသုံးစွဲမှုအလွန်နည်းပြီး စွမ်းဆောင်ရည်နိမ့်

#ဘဲတိုင်

Nvidia ရဲ့ Superman သုံးကောင် 🦸Nvidia က CES ပွဲမှာ RTX 40 super series graphic cards အသစ်တွေဖြစ်တဲ့  RTX 4070 Super, RTX...
11/01/2024

Nvidia ရဲ့ Superman သုံးကောင် 🦸

Nvidia က CES ပွဲမှာ RTX 40 super series graphic cards အသစ်တွေဖြစ်တဲ့ RTX 4070 Super, RTX 4070 Ti Super, RTX 4080 Super တို့ကိုမိတ်ဆက်ခဲ့ပါတယ်။ Ada Lovelace architecture ကိုပဲ အခြေခံထားတာဖြစ်ပြီးတော့ Ray Tracing, DLSS frame generation နဲ့ AI capabilities ပိုင်းတွေတိုးတက်လာတယ်လို့ ဆိုထားပါတယ်။

RTX 4070 Super က RTX 3090 ထက် core 20% ပိုများသွားပြီးတော့ DLSS 3 နဲ့ဆိုရင် RTX 3090 ထက် 1.5x ပိုမြန်မှာဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ $599 ဖြစ်ပြီးတော့ Jan 17 ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပါတယ်။

RTX 4070 Ti Super ကတော့ RTX 3070 Ti ထက် 1.6x ပိုမြန်မှာဖြစ်ပြီးတော့ DLSS 3 နဲ့ဆိုရင် 2.5x ပိုမြန်မှာပါ။ Jan 24 မှာ $799 နဲ့စတင်ရောင်းချမယ်လို့သိရပါတယ်။

RTX 4070 Super နဲ့ RTX 4070 Ti Super graphic cards တွေက 1440p gamig ကို full ray tracing, high refresh rate နဲ့ ကစားနိုင်မှာဖြစ်ပြီးတော့ စိတ်ပါရင် DLSS 3 အကူအညီနဲ့ AAA games တွေကို 4K ထိပါဆော့လို့ရတယ်လို့ nvidia ကတော့ပြောသွားပါတယ်။

အကြမ်းဆုံးနဲ့ ဈေးအကြီးဆုံး RTX 4080 Super ကတော့ RTX 3080 Ti ထက် 1.4x ပိုမြန်ပြီးတော့ DLSS 3 နဲ့ဆိုရင် 2x လောက်ကိုပိုမြန်တယ်လို့ ဆိုပါတယ်။ Stable Video Diffusion မှာဆိုရင် RTX 4080 Super က RTX 3080 Ti ထက် video generating speed က 1.5x ပိုမြန်ပြီးတော့ Stable Diffusion XL မှာဆိုရင် image generating speed က 1.7x ပိုမြန်မှာဖြစ်ပါတယ်။ Jan 31 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီးတော့ ဈေးနှုန်းကတော့ $999 ကျသင့်မှာဖြစ်ပါတယ်။

#ဘဲတိုင်

Activity Monitor ကဘာတွေပြပေးနေသလဲ❓macOS ရဲ့ Windows Task Manager လိုမျိုး ကိုယ့်computer ရဲ့ operation ကိုကြည့်လို့ရတဲ့ ...
09/01/2024

Activity Monitor ကဘာတွေပြပေးနေသလဲ❓

macOS ရဲ့ Windows Task Manager လိုမျိုး ကိုယ့်computer ရဲ့ operation ကိုကြည့်လို့ရတဲ့ Activity Monitor ကိုဘယ်လိုကြည့်ကြမလဲ?
Process name
လက်ရှိ foreground ရော background မှာပါအလုပ်လုပ်နေသော program တွေရဲ့အမည်ကိုပြပေးပါတယ်။
%CPU
ဘယ် program က CPU ကိုဘယ်လောက်သုံးနေလဲဆိုတာကိုပြပေးပါတယ်။
CPU Time
Program တစ်ခုအတွက် CPU ကဘယ်လောက်ကြာကြာ process လုပ်သလဲဆိုတာကိုပြပေးပါတယ်။
Threads
File တစ်ခုကို download လုပ်နေတုန်း youtube မှာ video ကြည့်တာလိုမျိုး၊ email ပို့တာလိုမျိုး တစ်ချိန်တည်းမှာ အလုပ်အများကြီးကိုလုပ်နေတာကို ပြပေးတဲ့ ပမာဏဖြစ်ပါတယ်။
Idle Wake Ups
အကယ်၍ သင်က ပရိုဂရမ်တစ်ခုကို အချိန်အကြာကြီးဖွင့်ထားပြီး အဲ့program ကို မသုံးပဲထားမယ်ဆိုရင် CPU အသုံးပြုမှုကို လျှော့ချရန်အတွက် program ခဏရပ်သွားအောင်(Idle) အခြေအနေမှာ ရှိနေအောင် system ကလုပ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ Idle Wake Up ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက program ကပြန်အလုပ်လုပ်ဖို့အတွက် CPU ကို ခဏခဏ လှုံဆော်နေတဲ့သဘောမျိုးပါ။ Battery Life ကိုထိခိုက်စေပါတယ်။
%GPU
ဘယ် program က graphic card ကိုဘယ်လောက်သုံးနေလဲဆိုတာကိုပြပေးပါတယ်။
GPU Time
Computer ကိုစဖွင့်ကတည်းက ဘယ် program အတွက် GPU ကဘယ်လောက်ကြာကြာ process လုပ်နေသလဲဆိုတာကိုပြပေးပါတယ်။
PID
Process ID ရဲ့အတိုကောက်ဖြစ်ပြီး အလုပ်လုပ်နေတဲ့ program တစ်ခုချင်းစီအတွက် သီးသန့်နံပါတ်တစ်ခုစီသတ်မှတ်ပေးပါတယ်။

#ဘဲတိုင်

မျက်လုံးတစ်ဖက်ချင်းစီအတွက် 4.3K resolution ကို support လုပ်ပေးနိုင်တဲ့ Qualcomm ရဲ့ Snapdragon XR2+ Gen2Extended Reality...
08/01/2024

မျက်လုံးတစ်ဖက်ချင်းစီအတွက် 4.3K resolution ကို support လုပ်ပေးနိုင်တဲ့ Qualcomm ရဲ့ Snapdragon XR2+ Gen2

Extended Reality headsets( AR+VR+MR) တွေအတွက် Qualcomm က Snapdragon XR2+ Gen2 chip အသစ်ကိုမိတ်ဆက်လိုက်ပါတယ်။
Meta Quest 3 VR headset မှာသုံးခဲ့တဲ့ Snapdragon XR2 Gen2 ထက် CPU မှာ 20% ပိုမြန်လာပြီး၊ GPU မှာတော့ 15% ပိုပြီးစွမ်းဆောင်ရည်မြင့်လာပါတယ်။
Camera 12 လုံးထိ support နိုင်ပြီးတော့ AI စွမ်းဆောင်ရည်တွေလည်း ပိုမိုတိုးတက်လာပါတယ်။
XR2 Gen2 မှာ 3.15K ထိပဲ support လုပ်ပြီးတော့ ဒီ XR2+ Gen2 မှာတော့ မျက်လုံးတစ်ဖက်ချင်းစီအတွက် display ကို 4.3K ထိ support လုပ်နိုင်ပါတယ်။
ဒီ chip အသစ်ကိုတော့ Google နဲ့ Samsung ရဲ့ နောက်လာမယ့် Extended Reality headsets တွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

+gen2

💥Leak ဖြစ်လာတဲ့ Google Bard Advanced🤖Google Bard ထက်ပိုအဆင့်မြင့်တဲ့ Bard Advanced ရဲဲ့ screen shot တစ်ခု leak ဖြစ်လာပါတ...
07/01/2024

💥Leak ဖြစ်လာတဲ့ Google Bard Advanced🤖

Google Bard ထက်ပိုအဆင့်မြင့်တဲ့ Bard Advanced ရဲဲ့ screen shot တစ်ခု leak ဖြစ်လာပါတယ်။

“X” (twitter) user တစ်ယောက်ဖြစ်တဲ့ ကသူ့ရဲ့ “X” account မှာ leak လိုက်တာပဲဖြစ်ပါတယ်။

Gemini Ultra ကိုသုံးထားပြီးတော့ bard လို free မဟုတ်ပဲ ဝယ်သုံးရမှာဖြစ်ပါတယ်။ ပြီးတော့ chatgpt ရဲ့ GPTs လိုမျိုး custom chatbots တွေကိုဖန်တီးနိုင်မယ့် feature ပါပါလာနိုင်ခြေရှိပါတယ်။

Windows 11 computers တွေမှာ Copilot key ပါလာမည် 🤖💻နှစ်(၃၀)နီးပါးလောက်သုံးလာတဲ့ Windows computers တွေရဲ့ keyboard design ...
05/01/2024

Windows 11 computers တွေမှာ Copilot key ပါလာမည် 🤖💻

နှစ်(၃၀)နီးပါးလောက်သုံးလာတဲ့ Windows computers တွေရဲ့ keyboard design ကို 2024 မှာတော့ Microsoft က အပြောင်းအလဲတစ်ခုလုပ်လိုက်ပါပြီ။ Keyboard အပြောင်းအလဲတစ်ခုဆိုတာထက် ဒါဟာ လူတွေအတွက် computer အသုံးပြုတဲ့ experience ကို game changer ဖြစ်စေတဲ့အပြင် AI powered PCs တွေရဲ့ အစပျိုးခြင်းလည်းပဲဖြစ်ပါတယ်။

အသစ်ထွက်မယ့် Windows 11 computers တွေနဲ့ Surface computers တွေရဲ့ right Control key နေရာမှာ Copilot key ကိုပြောင်းလဲတပ်ဆင်လာမှာဖြစ်ပါတယ်။ ဘယ် computer manufacturers တွေကတော့ Copilot key ကိုသုံးလာမယ်ဆိုတာတော့ပြောမသွားပဲ အသစ်ထွက်လာမယ့် Windows 11 PCs တွေမှာ ထည့်သွားမယ်လို့ပဲပြောထားပါတယ်။ Copilot key ပါလာမယ့် Windows 11 computer keyboard အသစ်ကိုတော့ လာမယ့် CES 2024 မှာမိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သည့် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။   #လွတ်လ...
04/01/2024

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သည့် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#လွတ်လပ်ရေးနေ့

Address

MICT Park
Yangon

Telephone

+959686380767

Website

Alerts

Be the first to know and let us send you an email when beartai แบไต๋ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to beartai แบไต๋:

Videos

Share