02/08/2022
ပြီးခဲ့တဲ့ MPL Season 9 တုန်းက ဘယ်သူမှထင်မထားတဲ့ Performanceတွေ ပြခဲ့ပြီး တစ်ခြားသော အသင်းကြီးတွေကိုကျော်ကာ Top 3 ထဲ၀င်ခဲ့တဲ့ Aura Fire ဟာ သူတို့ရဲ့ အကောင်းဆုံး Roster အတိုင်းဘဲ Season10 မှာ ပြန်လည်ပွဲထွက်လာခဲ့ပါတယ်။
Aura Fire ဟာ ပုံမှန်အားဖြင့် အရှင်းဆုံးပြောရရင်တော့ ကြမ်းတိုက်နေကျ အသင်းလို့ဆိုလို့ရပြီး Playoff ကိုတောင် အနိုင်နိုင် တက်ဆော့ရတဲ့အသင်းတစ်သင်းဖြစ်ခဲ့တာပါ။ ဒါပေမယ့် အသင်း အရွေ့ကို စတင်ဖြစ်ပေါ်လာစေခဲ့တာကတော့ အကြမ်းဖျင်းအနေနဲ့ Season 8 လောက်ကဖြစ်ပြီး FaceHugger,Kabuki တို့က Vanstrong နဲ့ Vanns နေရာကို စတင်၀င်ရောက်လာခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
God1va,High,Qeira(Fluffy)တို့ကတော့ အသင်းရဲ့ အမာခံကစားသမားတွေဖြစ်ပြီး အသစ်၀င်လာတဲ့ FaceHugger,Kabuki တို့နဲ့ပေါင်းဖက်မိကာ Season 8 မှာ အပေါင်းလက္ခဏာစပြလာတဲ့အနေနဲ့ Playoff ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။Season 9 မှာတော့
Fluffy,High,FaceHugger,Kabuki,God1va တို့ Roster က အသင်းကြီးတွေကို ကျော်လွန်နိုင်ရုံသာမက Coach Pahlevii ကပါ အကောင်းဆုံး Coach ဆု ရခဲ့ပြီး Kabuki ဆိုရင်လည်း အတိုးတက်ဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။Aura Fire ရဲ့ High ဆိုရင် MPL Indo Season 9 ရဲ့ First Team Winner ထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
Season10 မှာကတော့Roster ထူးထူးခြားခြားပြောင်းလဲခဲ့တာမရှိပင်မယ့် Coaching Staff တွေကတော့ အနည်းငယ်ပြောင်းလဲမှုလေးတွေရှိခဲ့ပါတယ်။ ထူးဆန်းတယ်လို့ပြောလို့ရပြီး Coach Pahlevii က Analyst ဖြစ်သွားကာ ပြီးခဲ့တဲ့ Season က Analyst Tezet က Coach ဖြစ်လာခဲ့တာပါ။ဒါပေမယ့် Coaching Team တစ်ခုတည်းအောက်မှာဘဲရှိနေမှာကြောင့် သက်ရောက်မှုတော့အများကြီးရှိမသွားနိုင်ဘူးလို့တော့ ထင်ရပါတယ်။
Aura Fire အသင်းဟာ ပြီးခဲ့တဲ့ Season လိုဘဲ အပြောင်းအလဲမရှိပြန်လည် ယှဥ်ပြိုင်လာမှာဖြစ်ပြီး အားကောင်းနေဆဲဖြစ်တဲ့အပြင် Blacklist Coach Bon Chan ဟာလည်း MPL Indo ရဲ့ Season 10 Power Ranking မှာ #3 ပေးထားတာကြောင့် ဒီ Season မှာလည်းစောင့်ကြည့်သွားရမယ့် အသင်းတစ်သင်းဖြစ်နေပါတယ်။
Credit