29/11/2023
မိန်းမယု-တ် နဲ့ ယောက်ျားယု-တ်
*******
ဖတ်ကြည့်နော်…
လောကမှာ…
အယု-တ်ညံ့ဆုံး
( မိန်းမ -ယောက်ျား )များကို
ပြပါဆိုရင်…
လင်ငယ် -မယားငယ် နေတဲ့
( မိန်းမ -ယောက်ျား )တွေပဲ
ဖြစ်လိမ့်မယ်။
အဲဒီလို မိန်းမ ယောက်ျားတွေဟာ
အရှက်တရား
လုံးဝကို မရှိကြတော့ပါဘူး။
လူတကာက
လူလို့တောင်
မသတ်မှတ်ချင်ကြတဲ့ အပြင်
လူတွေကလဲ
စကားမပြောချင်ကြဘူး။
ပြောခဲ့ရင်တောင်…
မဖြစ်သာတဲ့
အနေအထား တစ်ခုကြောင့်သာ
ပြောကြမှာပါ။
သူတို့ကို ရှောင်ကြတယ်။
ရွံမုန်းကြတယ်။
မိန်းမကောင်း ယောက်ျားကောင်းတွေက…
အဲဒီလို
ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူတွေနဲ့ဆို
ဘယ်ခရီးလမ်းကိုမှ
အတူ မသွားချင်ကြပါဘူး။
လင်ငယ်နေတဲ့ မိန်းမကို တွေ့ရင်
ယောက်ျားတိုင်းက…
ဒီမိန်းမ ဖန်လို့ ရပါတယ်ကွာ ဆိုပြီး
အထင်သေးကြတဲ့အပြင်
ပြည့်တန်ဆာ လောက်တောင်
တန်ဖိုးမထားတတ်ကြတော့ပါဘူး။
လင်ငယ်- မယားငယ် နေတဲ့
( မိန်းမ-ယောက်ျားတိုင်း )ကို
ပိုက်ဆံ ရှိလည်း
ပတ်ဝန်းကျင်က အထင်မကြီးဘူး။
မကောင်းတတ်လို့
မေးထူး
ခေါ်ပြောလောက်ပဲ ရှိကြပါလိမ့်မယ်။
လင်ငယ် မယားငယ် နေတဲ့
( မိန်းမ-ယောက်ျားတိုင်း )ဟာ
ပြည့်တန်ဆာထက် နိမ့်ကျပါတယ်။
ပြည့်တန်ဆာတွေက
သူတို့ ဝမ်းရေးအတွက်ကြောင့်
အလုပ်လုပ်ကြတာပါ။
လင်ငယ် - မယားငယ်တွေကတော့
တဏှာစိတ် ပြင်းထန်လို့
သူများအိမ်ထောင်ကိုတောင်
မရှောင်နိုင်ဘဲ
သူများသားမယား လင်ယောက်ျားတွေကို
ဖျက်ဆီးကြတယ်။
ခုခေတ်
လင်ငယ်-မယားငယ် တွေက
အရှက်မရှိတဲ့
အောက်တန်းစားတွေ သိပ်များတယ်။
ရှက်ရကောင်းမှန်းလဲ မသိကြဘူး။
သူခိုးက လူဟစ်ကြတယ်။
သူများလင် သူများမယား ခိုးပြီး
လူပါးဝကြတယ်။
အဲဒီလို လူတန်းစားတွေကို
တရားဥပဒေနဲ့အညီ ဖော်ထုတ်ပြီး
သူတစ်ပါး အိမ်ထောင်
ဖျက်ဆီးခြင်းနဲ့ ထိုက်တန်တဲ့အပြစ်ကို
ခံစားရအောင်
ကာယကံရှင်တွေဘက်က
တိုင်ကြား အရေးယူသင့်ပါတယ်။
နောက်ထပ်
သူတစ်ပါး အိမ်ထောင်ရေးကို
ဖျက်ဆီးချင်ကြတဲ့ သူတွေရှိရင်လည်း
ဒီpostလေးကို မြင်ပြီး
ဆင်ခြင်တုံတရားနဲ့
သူတစ်ပါးအိမ်ထောင် ဖျက်ဆီးခြင်းမှ
မိမိကိုယ်ကို
ရှောင်ကြဉ်တတ်ကြပါစေ။
မူရင်း-Credit-ဘဝခရီးသည်
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )