10/02/2024
တချိန်ကအမြင့်ဆုံးပြန်သန်းခဲ့သောအသင်း (သို့) Player ကောင်းတေပေါ်ထွန်းခဲ့သောအသင်း⚡
ဟုတ်ပါတယ်အဲ့တာကတော့ Claw Esport ပဲဖြစ်ပါတယ်။
Claw Esports ဟာဆိုရင်
Mpl Myanmar Season 3 (3rd Place)🥉
Mpl Myanmar Season 4 (Second Place)🥈
Mpl Myanmar Season 5 (5-6 Place)🏅
Mesl- Road to Sea Games 2019 (Second Place) achievement များဖြင့်တချိန်ကအမြင့်ဆုံးထိပြန်သန်းခဲ့ဖူးပါတယ်။
Mpl Myanmar Season 3 မှာတော့
Justin,Naomi,Peka,Batman,Shinshinkick တို့ဖြင့်အကောင်းဆုံး Performance တို့ကိုပြသခဲ့ပါတယ်။
Narcos Esports , Team Illusion , Mega Myanmar တို့ကိုအနိုင်ကစားနိုင်ခဲ့ပြီးတော့
Team Cyanide , Yangon Galacticos တို့ကိုပါအကောင်းမွန်ဆုံးပုံစံဖြင့် ထက်မံအနိုင်ရရှိခဲ့ပါတယ်။
Semi Final မှာTeam Cyanide ကို 2-0 ဆိုတဲ့ result နဲ့အရေးနိမ့်ခဲ့ပီးတော့ Third 🥉 Placeနေရာဖြင့်သာကျေနပ်ခဲ့ရပါတယ်
MESL- Road to Sea Games 2019
Naomi, Justin,Paka,Shinshinkick,Kid တို့လိုကောင်းမွန်သော Player များဖြင့် ဝင်ယောက်ယှဉ်ပြိုင်ခဲ့ပြီး Group D တွင်ရမှတ် 6 မှတ်ဖြင့်ထိပ်ဆုံးကရပ်တည်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးအသင်းတစ်သင်းဖြစ်နေတယ်လို့ဆိုလို့ရတဲ့ Ardam,Dee,LH,Yato,Blank တို့ရဲ့ Team Cyanide ကိုမကျော်ဖြတ်နိုင်ခဲ့ပြန်တာကြောင့် ဒုတိယနေရာဖြင့်သာကျေနပ်ခဲ့ရပါတယ်။
Mpl Myanmar Season 4
Justin, Naomi,Peka,Batman, Shinshinkick တို့ဖြင့်ဘဲဆက်လက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
Team Reselection , Outworld , Yangon Galacticos , Burmese Ghouls တို့ကိုပါအနိုင်ဆော့ခဲ့ပြီးအမြင့်ဆုံးရောက်ရှိခဲ့ပါသေးတယ်။
Final မှာတော့ Burmese Ghouls ကို 3-0 ဆိုတဲ့ရလဒ်ဖြင့် အရှုံးပေးခဲ့ရပြီးတော့ Mpl ကိုလက်လွှတ်ခဲ့ရပါတယ်။
Mpl Myanmar Season 5
Dj,Echo,Jina,kidX,Kso စသောလက်သစ် Player များဖြင့် Claw Esports ရဲ့ခြေလှမ်းတေကိုပြန်လည်စတင်ခဲ့ပါသေးတယ်။
Devine Era Esports , Lord , Yangon Galacticos တို့ကိုအနိုင်ရတယ် Pyramid Warlord , Burmese Ghouls , Ronin Esports , Resurgence MM တို့ကိုအရေးနိမ့်ခဲ့ရပြီး အဆိုးဆုံးအခြေအနေဖြင့်ကြုံတွေ့ခဲ့ရမူ့တေကြောင့် 5-6 Place ဖြင့်သာကျေနပ်ခဲ့ရပါတယ်။
Claw သာပြန်လာမယ်ဆို ဘယ်လိုပုံစံတေ ဘယ်လို Lineup တေနဲ့ပြန်လာမလဲဆိုတော့ စိတ်ဝင်စားမိတယ် အခုကာလက Player ပြောင်းလဲမူ့အရမ်းများနေတာတေ ဖြစ်သောကြောင့် ဘယ်လိုလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ဗျာ။