26/06/2022
ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့
မှတ်သားဖွယ်ရာများ ...🙏
(ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ )
🙏
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား
(နောင်ပွင့်တော်မူမည်)
🙏🙏🙏
(သာသနာတော်သုံးရပ်)
၁။ ပရိယတ်တိ သာသနာ =
ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ်တိ သာသနာ =
တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ =
ထိုးထွင်းသိမြင်ခြင်း
🙏🙏🙏
(ရတနာသုံးပါး)
၁။ ဘုရား
၂။ တရား
၃။ သံဃာ
🙏
(ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ)
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည်=မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတေ= ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊
ညီနော်အာနန္ဒာ၊
ယသော်ဓရာ၊
ဗောဓိညောင်ပင်
🙏
(သံဝေဇနိယ လေးဌာန)
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုမ္ဗိနီဥယျာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
🙏
(သတ္တဌာန ခုနှစ်ပါး)
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြ ံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်၀ယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
🙏
(ဘုရားဂုဏ်တော်ကိုးပါး)
၁။ အရဟံ =
ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ဝိဇၨာစရဏသမၸႏၷော =
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့် ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂေတာ =
ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောကဝိဒူ=
လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ=
မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ=
နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ =
သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ =
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။
တရားဂုဏ်တော် ခြောက်ပါး
၁။ သွာက္ခာတော=
တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဋ္ဌိကာ=
ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သောဂုဏ်။
၃။ အကာလိကော=
အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၄။ ဧဟိပဿိကော =
လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော=
စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ=
ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
🙏
(သံဃာ့ဂုဏ်တော် ကိုးပါး)
၁။ သုပၸဋိပႏၷော =
သိက္ခာကျင့်၀တ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပၸဋိပႏၷော =
သိက္ခာကျင့်၀တ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော =
နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၄။ သာမိစိပၸဋိပႏၷော =
အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော =
အဝေးမှဆောင်၍ သီလဝန္တတို့အား လှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော =
ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော =
တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော =
ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်။
၉။ အနုတ်တရံပုညခတ်ေတံ =
ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
🙏
(အနှစ်သုံးပါး)
၁။ ဒါန
၂။ သီလ
၃။ ဘာ၀နာ
🙏
(ပစ္စည်းလေးပါး)
၁။ ဆွမ်း
၂။ ဆေး
၃။ သင်္ကန်း
၄။ ကျောင်း
🙏
(ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး)
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း
🙏
(ဆွမ်းအကျိုး ငါးပါး)
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း
🙏
(ပန်းလှူရသည့် အကျိုးသုံးပါး)
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
🙏
(သီလရှိသူ ရနိုင်သောအကျိုး ငါးပါး)
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။
🙏
(တရားနာခြင်း၏ အကျိုး ငါးပါး)
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
🙏
(မေတ္တာအကျိုး ၁၁ ပါး)
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
🙏
(သည်းခံခြင်းအကျိုး ငါးမျိုး)
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။
🙏
(အပါယ်လေးပါး)
၁။ ငရဲ
၂။ တိရိစ်ဆာန်
၃။ ပြိတ္တာ
၄။ အသူရကာယ်
🙏
(ကပ်သုံးပါး)
၁။ ဒုဗိ်္ဘက္ခန္တရကပ်
ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။သတ်ထန်တရကပျ
လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန ္တရကပ် =
ရောဂါဘေးကြောင့် ပျက်စီးသောကပ်
🙏
(ရပ်ပြစ်ရှစ်ပါး)
၁။ ငရဲ =
ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ်ဆာန် =
နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ =
ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော =
ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန ္တရော =
ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစဆှာဒိဌိ =
မှားသောအယူရှိသော လူမျိုးစု
၇။ ဝိကလျိန္ဒိယ =
သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော =
အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
🙏
( ရန်သူမျိုး ငါးပါး)
၁။ ရေ
၂။ မီး
၃။ မင်းဆိုး
၄။ သူခိုး
၅။ မချစ်မနှစ်သက်သောသူ
🙏
(ဝိပတ္တိတရား လေးပါး)
၁။ သီလဝိပတ်တိ=
သီလပျက်ခြင်း
၂။ ဒိဌိဝိပတ်တိ=
အယူပျက်ခြင်း
၃။ အာစာရဝိပတ်တိ =
အကျင့်ပျက်ခြင်း
၄။ အာဇီ၀၀ိပတ်တိ =
အသက်မွေးမှုပျက်ခြင်း
ဗျသနတရား ငါးပါး
၁။ ဥာတိဗျသန =
ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန =
ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန =
အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၄။ သီလဗ္သန =
အကျင့်သီလပျက်စီးခြင်း
၅။ ဒိဋ္ဌိဗျသန=
အယူဝါဒ လွဲမှားပျက်စီးခြင်း
🙏
(ကိလေသာ သုံးပါး)
၁။ လဘေ
၂။ ဒေါသ
၃။ မောဟ
🙏
(ကာလ သုံးပါး)
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
🙏
(အဂတိတရား လေးပါး)
၁။ ဆန္ဒ
၂။ ဒေါသ
၃။ ဘယာ
၄။ မောဟ
🙏
(မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး)
၁။ ဣတ္ထိဓုတ္တ= မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ= သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ= လောင်းကစားခြင်း
🙏
(သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး)
၁။ မိစ်ဆာဒိဋ္ဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း
🙏
(ကံသုံးပါး)
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
🙏
(အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ)
၁။ ရူပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
🙏
(ပိဋကတ် သုံးပုံ)
၁။ သုတ္တန်
၂။ ဝိနည်း
၃။ အဘိဓမ်မာ
🙏
(စေတနာ သုံးတန်)
၁။ ပုဗ္ဗ =ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ
🙏
(လောကပါလတရား သုံးပါး)
၁။ လွတ်လပ်ခြင်း
၂။ ညီမျှခြင်း
၃။ တရားမျှတခြင်း
🙏
(လောက သုံးပါး)
၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက =
ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက
🙏
(ဗြဟ္မစိုရ်တရား လေးပါး)
၁။ မတျတောတရား
၂။ ကရုဏာတရား
၃။ မုဒိတာတရား
၄။ ဥပေက္ခာတရား
🙏
(သမ္ပတ္တိတရား လေးပါး)
၁။ ကာလသမ်ပတ်တိ =
ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ်ပတ =
လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ =
ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၄။ ပယောဂသမ္ပတ =
ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
🙏
(သမ္ပဒါတရား လေးပါး )(မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
🙏
(ခန်ဓာ ငါးပါး)
၁။ ရူပက္ခန္ဓာ
၂။ ဝဒေနက်ခန်ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက်ခန်ဓာ
၅။ ဝိဉာဏက္ခန္ဓာ
🙏
(သစ္စာ လေးပါး)
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ်စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ
🙏
(စေတီ လေးမျိုး)
၁။ ဓမ္မစေတီ
၂။ ဓါတုစတေီ
၃။ ဥဒ္ဒိဿစေတီ
၄။ ပရိဘောဂစေတီ
🙏
(ဥပါယ်တံမျဉ် လေးမျိုး)
၁။ ဘေဒဥပါယ် =
သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် =
ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် =
ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
_____________________________
သတ်ပုံသတ်ညွှန်းစစ်ဆေးလျက်
လေးစားစွာ ပြန်မျှဝေပါသည်။
#ရက္ခိတမဟာနွယ်
20,9,2021
;