𝑹𝒆𝒑𝒍𝒚༒︎

  • Home
  • 𝑹𝒆𝒑𝒍𝒚༒︎

𝑹𝒆𝒑𝒍𝒚༒︎ သတင်းမှန်

ိနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်
11/04/2024

ိနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
09/04/2024

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်

NUG အမေရိကန်ရုံးဖွင့်ပွဲကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တတ်ရောက် —-Replyအမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမ...
14/02/2023

NUG အမေရိကန်ရုံးဖွင့်ပွဲကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တတ်ရောက်

—-Reply

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံးခန်း တရားဝင်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya အပါအဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးရအနေနဲ့ Burma Act ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်အားပေးထောက်ခံနေတယ်" လို့ ဖွင့်ပွဲမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်ကရော တခြားဒေသတွင်းနိုင်ငံတွေကပါ လက်မခံကြဖို့ အရေးကြီးကြောင်းလည်း သူက တိုက်တွန်းခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းဟာ အမေရိကန်သမ္မတအိမ်ဖြူတော် White house ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုဝင်ဘာလကစလို့ ဒီရုံးခန်းကို ဖွင့်ထားတာဖြစ်ပေမယ့် အခု အမေရိကန်အစိုးရဝန်ကြီးတွေဖိတ်ပြီး အခမ်းအနားနဲ့ ထပ်မံဖွင့်လှစ်တာပါ။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ NUG ကိုယ်စားလှယ် ရုံးခန်းဖွင့်တဲ့ နိုင်ငံတွေကို ကန့်ကွက်ထားပါတယ်။ ဒီကနေ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားမသိရသေးပါဘူး။

အခုဆိုရင် အမေရိကန် ပြည်ထောင်စု အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာ စစ်ကောင်စီလက်အောက်ခံသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဆိုပြီး အပြိုင် ရုံးနှစ်ရုံး ရှိသွားပြီဖြစ်ပါတယိ။

Ref; RFA

Photo: RFA

ကျောက်ပန်းတောင်းမှာသူ့နာမည်ပေါက်လေးနဲ့မြေကွက်လေးရတော့ ပျော်တာတဲ့..။သူ့မကောင်းကြောင်းပြောတဲ့သူကသီတင်းကျွတ်လက်ဆောင်ဆိုပြီး...
15/12/2021

ကျောက်ပန်းတောင်းမှာ
သူ့နာမည်ပေါက်လေးနဲ့
မြေကွက်လေးရတော့ ပျော်တာတဲ့..။

သူ့မကောင်းကြောင်းပြောတဲ့သူက
သီတင်းကျွတ်လက်ဆောင်ဆိုပြီး
ပိတ်စလေးပေးတော့...
ကိုယ်မှာကပ်ကြည့်ရင်း ပျော်တာတဲ့..။

ဧည့်သည်တွေကို
အညာဒေသပုဂံဖုရားဖူးလိုက်ပို့တော့
အမှတ်တရလက်ဆောင်ပစ္စည်းပေးချင်တာ
ဝယ်ဖို့ကို ပိုက်ဆံမပါတော့
နောက်နားက ဒေါက်ဇော် ဆီလှမ်းတောင်းရတယ်
အခွင့်အရေးဆိုတာ
စျေးသည်ဆီကတောင်မယူရှာပါဘူး
သူ့လခတွေ သူ့ဆုကြေးတွေကိုတော့
ကလေးတွေပညာရေးအတွက် လှူသတဲ့..။

အများသူငှါ ကိုယ့်အိမ် ကိုယ့်ယာမှာ
မိသားစုတွေနဲ့ပျော်ပါးနေတဲ့အချိန်
သူ့အနားမှာ မိမရှိ ဖမရှိ သားသမီးမရှိ
ချစ်တဲ့စိတ်နဲ့ ပစ်ပစ်နှစ်နှစ်သုံးလိုက်ရရင်
"တစ်ကောင်ကြွက်"
နိုင်ငံ့တစ်မျက်နှာသာသူ့မှာရှိတယ်..။

တရားရှိလို့သာပေါ့ တရားသာမရှိရင်
ပြဿနာပေါင်းစုံ ရှင်းနေရတာနဲ့
ရူးခါသွားနိုင်တယ်
ကိုယ်ချင်းစာတရားထားပေးကြပါဗျာ
ကိုယ့်မိဘထက်တောင် အသက်ကြီးပါတယ်
နိုင်ငံရေးဘေးထိုးတွေနဲ့ မယုတ်မာကြပါနဲ့လို့
မေတ္တာရပ်ခံလိုက်ပါရစေ...။

ကြွက်တစ်ကောင်က စိန်တစ်ပွင့်ကို မျိုသွားတော့ ပိုင်ရှင်က ကြွက်ကို သတ်ဖို့ လူတစ်ယောက်ကို ခိုင်းတယ်။ ကြွက်သတ်သမားက ကြွက်တွေက...
13/12/2021

ကြွက်တစ်ကောင်က
စိန်တစ်ပွင့်ကို မျိုသွားတော့
ပိုင်ရှင်က ကြွက်ကို သတ်ဖို့
လူတစ်ယောက်ကို ခိုင်းတယ်။

ကြွက်သတ်သမားက
ကြွက်တွေကိုသတ်ဖို့ အစာကြွေးတဲ့ အခါ
ကြွက်တွေအများကြီး ရောက်လာတယ်။

ဒါပေမယ့်
ကြွက်တစ်ကောင်ဟာ
တခြားကြွက်တွေနဲ့ မရောဘဲ
သီးခြားခွဲနေတာကို သတိထားမိတယ်။

ကြွက်သတ်သမားဟာ
အဲ့ဒီကြွက်ကို ရွေးပြီး သတ်လိုက်တယ်။

အဲ့ဒီကြွက်ဟာ စိန်ကိုမျိုသွားတဲ့ ကြွက်
ဖြစ်နေတာကို အံ့သြစွာတွေ့လိုက်ရတယ်။
စိန်ပိုင်ရှင်က အံသြစွာ မေးလိုက်တယ်

ခင်ဗျား ဒီကြွက်မှန်း ဘယ်လိုသိလိုက်တာလဲ

ကြွက်သတ်သမားက ပြန်ပြောတယ်။
လွယ်ပါတယ်ဗျာ....

ကောင်းစားသွားရင်
ဘဝမေ့တက်ကြတာပဲလေ ..။

လိုခြင်တာရရင်
အဖတ်မလုပ်တက်ကြတာလဲ
ထုံးစံပါပဲဗျာတဲ့..........good

A rat swallowed a diamond and the owner of the diamond contracted a man to kill the rat.

When the rat hunter arrived to kill the rat there were more than a thousand rats bunched up and one sitting by itself away from the pack.

He spotted and killed the one sitting by itself and to the owners surprise, it was the exact one that had swallowed the diamond.

The amazed owner of the diamond asked:
How did you know it was that rat?
He responded: Veryeasy When idiots get rich they don’t mix with others!!?
Kindly share to others

နည်းနည်းလောက်ရှိလာတာနဲ့
သွေးနားထင်ရောက်ပြီး ..
များများဘဝင်မြင့်တတ်ကြသူတွေ
သတိထားဖို့နော်

#𝑹𝒆𝒑𝒍𝒚༒︎

ကျနော့်အမျိုးသမီး အလောင်းနားမှာ ကျနော်ရော ဒေါ်စုရော ရှိနေတုန်း ဒေါ်စုပြောလိုက်တဲ့ စကားတခွန်းက ကျနော့်ရင်ကို ထိသွားစေတယ်ဗ...
04/09/2021

ကျနော့်အမျိုးသမီး အလောင်းနားမှာ ကျနော်ရော ဒေါ်စုရော ရှိနေတုန်း ဒေါ်စုပြောလိုက်တဲ့ စကားတခွန်းက
ကျနော့်ရင်ကို ထိသွားစေတယ်ဗျာ။

“ဆရာ…ဆရာကော ကျမကောက ခင်ပွန်းကောင်း ဇနီးကောင်းတွေမဟုတ်ခဲ့ကြဘူးနော်” တဲ့

“ဘာလို့ ဆို ဆရာ့အမျိုးသမီး ဆုံးတော့ ဆရာက ထောင်ထဲမှာ။ကျမလဲ မိုက်ကယ် ဆုံးတော့ မသွားခဲ့ရဘူး” တဲ့

ပြီးတော့ ကျမက မိခင်ကောင်း တယောက်လဲ မဟုတ်ခဲ့ဘူး
ကျမသား အငယ်လေးက အခု ဆေးလိပ်သောက်တတ်နေပြီ” တဲ့။

သူက သူ့သားလေးတွေကို စောင့်ရှောက်ခွင့်မှ မရခဲ့ရှာတာ။

#ဆရာမောင်မိုးသူ
(ဆရာ မောင်မိုးသူဟာ ဇနီးသည်ရဲ့ အသုဘကို အင်းစိန်ထောင်ကနေ ခဏတာ လိုက်ပို့ခွင့်ပဲရခဲ့ပါတယ်။ )
#𝑹𝒆𝒑𝒍𝒚༒︎

30/07/2021

1945 မတ်လ
အင်္ဂလိပ်တို့ မန္တလေး နန်းတော်အား ဗုံးကြဲဖျတ်စီးစဉ်က
ရှားပါး ဗီဒီယိုမှတ်တမ်း

#ဗဟုသုတရပါကlike_and_shareလုပ်ခြင်းဖြင့်မျှဝေလိုက်ပါ
Reply༒

26/03/2021

မြစ်ရေအလျဉ်းသည် သစ်ပင်ကို ကြီးသည်ဖြစ်စေ

ငယ်သည် ဖြစ်စေ အမြစ်ရင်းနှင့်တကွ နုတ်ပစ်နိုင်​၏

ထို့အတူ နည်းပရိယာယ် လိမ္မာကျွမ်းကျင်သူသည်

ရန်သူကို ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တွန်းလှန်

ဖြိုဖျက်ပစ်နိုင်သည်.......


#𝑹𝒆𝒑𝒍𝒚༒

24/03/2021

𝚃𝚑𝚎 𝙻𝚊𝚍𝚢 𝑉𝑠. 𝚃𝚑𝚎 𝙶𝚎𝚗𝚎𝚛𝚊𝚕𝚜
(𝟷𝟿𝟾𝟾 - 𝟸𝟶𝟸𝟷)
---------------
༒ Nay Win. Vs Aung San Suu Kyi
༒Saw Mg Vs Aung San Suu Kyi
༒Than Shwe Vs Aung San Suu Kyi
༒Khin Nyunt Vs Aung San Suu Kyi
༒Thein Sein Vs Aung San Suu Kyi
༒Min Aung Hlaing. Vs Aung San Suu Kyi

#𝑅𝑒𝑝𝑙𝑦༒

" မိသားစုကို အချိန်မပေးနိုင်ခဲ့တဲ့အတွက် ကိုယ်ရေးကိုယ်တာအရ နောင်တတွေ ကျွန်မမှာ ရှိပါတယ်။ ကျွန်မလည်း ကျွန်မမိသားစုနဲ့ အတူန...
12/03/2021

" မိသားစုကို အချိန်မပေးနိုင်ခဲ့တဲ့အတွက် ကိုယ်ရေးကိုယ်တာအရ နောင်တတွေ ကျွန်မမှာ ရှိပါတယ်။ ကျွန်မလည်း ကျွန်မမိသားစုနဲ့ အတူနေချင်တာပေ့ါ။ ကျမ သားတွေ ကြီးပြင်းလာတာကို မြင်ချင်တာပေါ့။
ဒါပေမယ့် တကယ်တော့ ဒီမှာ ရှိနေတဲ့ ကျွန်မရဲ့ပြည်သူတွေနဲ့ အတူရှိနေဖို့ကို ရွေးချယ်ခဲ့ရပါတယ်"

ဒေါ်အောင်ဆန်းစုကြည်
(BBCသတင်းဌာန အင်တာဗျူး ၂၀၁၂)

#𝑹𝒆𝒑𝒍𝒚༒︎

🖤🖤🖤❤️❤️❤️
03/02/2021

🖤🖤🖤❤️❤️❤️

02/02/2021

1221

နိုင်ငံတော်အား ခွေးစွဲခံရခြင်း


မြန်မာနိုင်ငံသို့‌ေရာက်ရှိလာတဲ့ အိန္ဒိယထုတ် ကိုဗစ်ရှီး ကာကွယ်ဆေး အကြောင်း---------------🇲🇲🤝🇮🇳--------------နိုင်ငံတော်အတ...
23/01/2021

မြန်မာနိုင်ငံသို့‌ေရာက်ရှိလာတဲ့ အိန္ဒိယထုတ် ကိုဗစ်ရှီး ကာကွယ်ဆေး အကြောင်း
---------------🇲🇲🤝🇮🇳--------------

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌
‌ေဒါ်‌ေအာင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ ကြိုးပမ်းမှုကြောင့်ရော အိန္ဒိယအစိုးရရဲ့ အိမ်နီးချင်းဦးစားပေး မူဝါဒကြောင့်ပါ
မနေ့က ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်လောက်မှာ ကိုဗစ်ကာကွယ်ဆေး၁သန်းခွဲ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်

အဲ့ဒီကိုဗစ်ကာကွယ်ဆေးအကြောင်းကိုသိရှိစေရန်
ဖော်ြပလိုက်ပါတယ်

ကိုဗစ်ရှီး (Covishield) ဆိုတာ ဗြိတိန်မှာထုတ်လုပ်တဲ့ အောက်စဖို့ -အက်စထရာဇန်နကာ ကာကွယ်ဆေးနဲ့ အတူတူပါပဲ။ အဲဒီဆေးထုတ်တဲ့ နည်းအတိုင်း ကာကွယ်ဆေးထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ရှီး ဆိုတဲ့ ဒေသနာမည်အဖြစ်ပြောင်းလဲပြီး ထုတ်လုပ်တာပါ။

⍟ မြန်မာနိုင်ငံကုိ‌ေပးပုိ့တဲ့
ကိုဗစ်ရှီးကာကွယ်ဆေးက ဘာလဲ
-----------------------------
ကာကွယ်ဆေးထုတ်လုပ်တဲ့အထဲမှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India က အောက်စဖို့ အက်စထရာဇန်နကာ ကာကွယ်ဆေးကို ထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ရှီး ဆိုတဲ့ အမည်ကိုပေးထားတာပါ။ အချိန် တစ်လအတွင်းမှာ ကာကွယ်ဆေးအလုံးပေါင်း သန်း ၅၀ ထုတ်လုပ်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ချင်ပန်ဇီ မျောက်ဝံတွေကနေ အားပျော့နေတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုး (adenovirus) ယူပြီး အဲဒီက တဆင့် ကိုဗစ်ရှီး ကာကွယ်ဆေးကို ထုတ်လုပ်တာပါ။ အဲဒီဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုတူအောင် မွမ်းမံပြုပြင်ထားပါတယ်၊ ဒါပေမဲ့ အဲဒီပိုးတွေက လူကို အန္တရာယ်မပေးပါဘူး။

ဒီကာကွယ်ဆေးကို လူနာကို ထိုးပေးလိုက်ရင် ကိုယ်ခံအားစနစ်ကနေ ပဋိပစ္စည်းတွေ ထွက်လာပြီး ကိုရိုနာဗိုင်းရပ်စ် မှန်သမျှကို တိုက်ခိုက်ပါလိမ့်မယ်။

ကာကွယ်ဆေးကို ၂ လုံးထိုးရမှာဖြစ်ပြီး ၄ ပတ်ကနေ ၁၂ ပတ်ကြားခွာပြီး ထိုးရမှာပါ။ ဆေးတွေကို ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ်လောက် အေးတဲ့နေရာမှာ ထားရတာမို့ အိမ်တွေမှာ သုံးကြတဲ့ ရေခဲသေတ္တာလောက် အေးအောင်ထားရင် ရပြီး၊ ကျန်းမာရေးဌာနတွေဆီကို ပို့ဆောင်ရတာလွယ်ကူပါတယ်။

ကိုဗစ်ကာကွယ်ဆေး - ၂ ကြိမ်သတ်မှတ်ရက်အတွင်းမထိုးရင် ထိရောက်မှုအာမ မခံ
ကိုဗစ်ကာကွယ်ဆေးကို ဆင်းရဲတဲ့နိုင်ငံတွေက နောက်ဆုံးမှရမယ့် ပြဿနာရှိနေလား
နိုင်ငံများစွာမှာ ထိုးနေကြပြီဖြစ်တဲ့ ဖိုင်ဇာ ဘိုင်အွန်တက်ခ် ကာကွယ်ဆေးက အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ်ခန့် အေးတဲ့နေရာမှာ ထားရတာဖြစ်တဲ့အတွက် ပို့ဆောင်ရာတာ အကန့်အသတ်များစွာရှိသလို အပူချိန်များတဲ့ နိုင်ငံမျိုးတွေ မှာ ပို့ဆောင်ဖို့ စိန်ခေါ်မှု ပိုကြီးပါတယ်။

⍟ ကိုဗစ်ရှီး Covishieldက ဘယ်လောက်အစွမ်းထက်လဲ
-----------------------------
အောက်စဖို့ - အက်စထရာဇန်နကာ ကာကွယ်ဆေးကို ပထမအကြိမ်မှာ ဆေးတစ်ဝက်၊ ဒုတိယအကြိမ်မှာ ဆေး တစ်လုံး အပြည့် ထိုးပေးရင် ၉၀% အစွမ်းထက်မှုရှိတယ်လို့ နိုင်ငံတကာမှာ လူတွေနဲ့ စမ်းသပ်ချက်တွေအရ ပြသနေပါတယ်။

#𝑹𝒆𝒑𝒍𝒚༒︎
(ကြိုက်န‌ှစ်သက်လျင် မျှဝေပါ)

သူတို့ပြောစကား-------------------------𝑹𝒆𝒑𝒍𝒚༒︎
22/01/2021

သူတို့ပြောစကား
-------------------------
𝑹𝒆𝒑𝒍𝒚༒︎

10 တန်းအင်္ဂလိပ်ဖတ်စာမှာပါတဲ့ ကမ္ဘာကျော် မျက်မမြင် Helen Keller မြန်မာပြည်ရောက်စဉ်ကပုံရိပ်များ1955(Like and share လုပ်ပြ...
02/01/2021

10 တန်းအင်္ဂလိပ်ဖတ်စာမှာပါတဲ့ ကမ္ဘာကျော် မျက်မမြင် Helen Keller မြန်မာပြည်ရောက်စဉ်က
ပုံရိပ်များ
1955

(Like and share လုပ်ပြီး လွှတ်လပ်စွာမျှဝေနိုင်သည်)
𝑹𝒆𝒑𝒍𝒚༒︎

31/12/2020

Myanmar 🇲🇲 🤝 Cambodia 🇰🇭
--------------------------------------------

Address


Website

Alerts

Be the first to know and let us send you an email when 𝑹𝒆𝒑𝒍𝒚༒︎ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share