Kyaw Gyi UM-2

Kyaw Gyi UM-2 Sharing makes you professional.

Content Writing Training Batch 02 လာပါပြီခင်ဗျာ 🤗(အရင်တစ်ခေါက်ကအတိုင်း Scholarship (၂) ယောက်စီစဉ်ပေးထားပါတယ်။)သင်တန်းအကြ...
17/11/2024

Content Writing Training Batch 02 လာပါပြီခင်ဗျာ 🤗

(အရင်တစ်ခေါက်ကအတိုင်း Scholarship (၂) ယောက်စီစဉ်ပေးထားပါတယ်။)

သင်တန်းအကြောင်းကိုအကျဉ်းချုံးပြောပြရရင်

✌🏻သင်တန်းပုံစံက Training ပုံစံဖြစ်ပါမယ်။

✌🏻သင်တန်းရဲ့နာမည်အတိုင်း ဒီနေ့သင်တာကို ဒီနေ့လက်တွေ့တွေး ‌ဒီနေ့လက်‌တွေ့ရေးရပါမယ်။

✌🏻အပြင်မှာလူချင်းတွေ့ပြီးသင်ပေးမဲ့ In Person Class ပါ။ Online အတန်းမရှိပါဘူးခင်ဗျာ။

ဒါကြောင့် In Person မှတက်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။

Scholarships အကြောင်းမပြောခင် တကယ်တက်မဲ့သူမှပဲလျှောက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ 🙏🏻

Batch 01 တုန်းက Scholarships Form (၁၆) ခုရပါတယ်။ ကျွန်တော်သေသေချာချာလေးရွေးချယ်ပြီး (၂) ယောက်ကို 100% Scholarship ပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ယောက်က ပထမဆုံးနေ့မှာ ရက်မှားလို့မလာတာပါဆိုပြီး လုံးဝလာမတက်ခဲ့ပါဘူး။

Scholarships ကိုကျွန်တော်စီစဉ်ပေးတာ ကျွန်တော့သင်တန်းရဲ့ Marketing အတွက်လုံးဝမဟုတ်ပါဘူး။ Like & Share လုပ်ပါ။ သူငယ်ချင်းတွေကို Tag တွဲပါဘာညာ ဘာကိုမှ Criteria ထဲထည့်မထားပါဘူး 🙅🏻‍♂️

လူငယ်အချင်းချင်းမျှဝေပေးတဲ့သဘောရိုးနဲ့ပဲ စီစဉ်ပေးတာပါ။ ဒါကြောင့် တကယ်‌တက်ဖြစ်မယ်ဆိုမှလျှောက်ပေးပါ။ မဟုတ်ရင် အခြားလျှောက်ထားမဲ့သူတွေနစ်နာရလို့ပါ။

Scholarships လျှောက်ဖို့ Criteria တွေက Batch 01 အတိုင်းပါပဲခင်ဗျာ 👇🏻

✅ Content Writing နဲ့ပတ်သက်ပြီး တကယ် Passion ရှိတဲ့သူဖြစ်ရပါမယ်။

✅ သင်တန်းကြေးအမှန်တကယ်အခက်အခဲရှိသူဖြစ်ရပါမယ်။

✅ အတန်းချိန်တိုင်းကို အစကနေအဆုံး မပျက်မကွက်တက်ရောက်နိုင်ရပါမယ်။

✅ အတန်းကပေးတဲ့ Assignment တိုင်းကို Deadline အမီအမြဲပြီးရပါမယ်။

နိုဝင်ဘာ ၃၀ ရက်နေ့မတိုင်ခင်မှာအပ်နှံမယ်ဆိုရင် Early Bird Promotion 10 % OFF ရရှိမှာပါ 🤩

သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပုံတစ်ပုံချင်းစီမှာရေးထားပေးပါတယ်။ ထပ်သိချင်တာရှိရင်လည်း Chatbox or Comment မှာမေးလို့ရပါတယ်။

သင်တန်းအပ်နှံမယ်ဆိုရင် Chatbox မှာ "CWT02" ပို့ထားပေးပါခင်ဗျာ 💁🏻‍♂️

Scholarship Program လျှောက်မယ်ဆိုရင်တော့ Chatbox မှာ "Scholarship" လို့ပို့ထားပေးပါခင်ဗျာ 💁‍♂️

(Share ပေးတဲ့သူတွေကို 550 တန် ပရီမီယာကော်ဖီတိုက်ပါမယ် 😁)





ကျွန်တော့ရဲ့ပထမဆုံး Content Writing Training Batch 1 ✨(Scholarship ပေးမဲ့အစီအစဉ်လေးအကြောင်းသိချင်ရင် Content ရဲ့အောက်ဆုံ...
15/08/2024

ကျွန်တော့ရဲ့ပထမဆုံး Content Writing Training Batch 1 ✨

(Scholarship ပေးမဲ့အစီအစဉ်လေးအကြောင်းသိချင်ရင် Content ရဲ့အောက်ဆုံးအပိုင်းကို ကျော်ဖတ်နိုင်ပါတယ်။)

ဒီအတန်းလေးရဲ့နာမည်ကို "လက်တွေ့တွေးပြီး လက်တွေ့ရေးနည်း" လို့ပေးထားပါတယ်။

ဒီအတန်းက သင်တန်းဆိုတာထက် တက်ရောက်မဲ့သူတွေကိုယ်တိုင် အင်တိုက်အားတိုက်ပါဝင်ရမဲ့ Training သဘောမျိုးပါ 💪

ကိုယ်တိုင်လက်တွေ့တွေးပြီး လက်တွေ့ရေးနိုင်ဖို့ ကျွန်တော်လုပ်ခဲ့တဲ့နည်းလမ်းတချို့နဲ့ ရှာဖွေလေ့လာထားတဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာပါ။

အပြင်မှာလာတက်ရမဲ့ In Person အတန်းပါ။ အများဆုံးလူ (၁၀) ယောက်အထိပဲလက်ခံမှာပါ။ Scholarship (၂) ယောက်ပေးဖို့စီစဉ်ထားလို့ လူပြည့်ခဲ့ရင် အားလုံးပေါင်း ၁၂ ယောက်ပဲရှိပါမယ်။

ဩဂုတ်လ ၂၈ ရက်နေ့မတိုင်ခင်မှာအပ်နှံမယ်ဆိုရင် Early Bird Promotion 10 % OFF ရရှိမှာပါ 🤩

သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပုံတစ်ပုံချင်းစီမှာရေးထားပေးပါတယ်။ ထပ်သိချင်တာရှိရင်လည်း Chatbox or Comment မှာမေးလို့ရပါတယ်။

သင်တန်းအပ်နှံမယ်ဆိုရင် Chatbox မှာ "CWT" ပို့ထားပေးပါခင်ဗျာ 💁‍♂️

‌ကျွန်တော် Scholarship အနေနဲ့ (၂) ယောက်ကို 100% Free သင်ပေးပါမယ်။

Scholarship လျှောက်ဖို့အတွက် ဒီ Criteria (၄) ခုလိုအပ်ပါတယ် 👇

✅ Content Writing နဲ့ပတ်သက်ပြီး တကယ် Passion ရှိတဲ့သူဖြစ်ရပါမယ်။

✅ သင်တန်းကြေးအမှန်တကယ်အခက်အခဲရှိသူဖြစ်ရပါမယ်။

✅ အတန်းချိန်တိုင်းကို အစကနေအဆုံး မပျက်မကွက်တက်ရောက်နိုင်ရပါမယ်။

✅ အတန်းကပေးတဲ့ Assignment တိုင်းကို Deadline အမီအမြဲပြီးရပါမယ်။

Scholarship Program လျှောက်မယ်ဆိုရင် Chatbox မှာ "Scholarship" လို့ပို့ထားပေးပါခင်ဗျာ 💁‍♂️

ကျွန်တော့ရဲ့ပထမဦးဆုံးအတန်းဖြစ်လို့ အပ်နှံသူမရှိခဲ့ရင်တောင် ရွေးချယ်မဲ့ Scholarship သင်တန်းသား (၂) ယောက်ကိုတော့ အပြောင်းအလဲမရှိသင်ပေးသွားမှာဖြစ်ပါတယ် 🤗

(အဆုံးထိတောင်ဖတ်ပြီးပြီပဲ။ Share သွားပေးရင် ကျေးဇူးအရမ်းတင်မိမှာပါ 🫡)




Content Calendar တစ်ခုတည်ဆောက်ဖို့ ဘာတွေလုပ်ရမလဲ ? ဘယ်လိုလုပ်ရမလဲ 🧐 ဘယ်လိုစဉ်းစားရမလဲ 🤔အဖြေတွေကို လာမဲ့ Monday ည (၈) နာရ...
07/02/2024

Content Calendar တစ်ခုတည်ဆောက်ဖို့ ဘာတွေလုပ်ရမလဲ ? ဘယ်လိုလုပ်ရမလဲ 🧐 ဘယ်လိုစဉ်းစားရမလဲ 🤔

အဖြေတွေကို လာမဲ့ Monday ည (၈) နာရီမှာ Video တင်ပေးပါမယ်ခင်ဗျာ 🫡



01/02/2024

Content ပိုင်း Sharing Videos တွေနဲ့ ဖတ်လို့ကောင်းတဲ့စာအုပ် Reviews ပို့စ်လေးတွေ ပုံမှန်ပြန်တင်ပါတော့မယ်။

Coming Soon ဗျာ 🤟

အတွေးထဲဖြတ်ခနဲပေါ်လာတာတစ်ခုရှိတယ် 💭"သမားဆိုအိုမှ" တဲ့ 🤔ဒီစကားပုံကိုမြင်တာနဲ့ ဆရာဝန်ကိုပဲရည်ညွှန်းတယ်လို့သိခဲ့ဖူးတယ်။ဒီနေ...
29/09/2023

အတွေးထဲဖြတ်ခနဲပေါ်လာတာတစ်ခုရှိတယ် 💭

"သမားဆိုအိုမှ" တဲ့ 🤔

ဒီစကားပုံကိုမြင်တာနဲ့ ဆရာဝန်ကိုပဲရည်ညွှန်းတယ်လို့သိခဲ့ဖူးတယ်။

ဒီနေ့ Content တစ်ပုဒ်အတွက် စေ့စေ့တွေးရင်း ရေးရေးပေါ်လာတာက 💭

ဒီစကားပုံဟာ ဆရာဝန်အပြင် အခြား "သမား" ပေါင်းများစွာကိုပါ ကိုယ်စားပြုတာများဖြစ်နေမလားလို့ပါ 🧐

ဆရာဝန်မှမဟုတ်ဘူး... အင်ဂျင်နီယာ၊ လက်သမား၊ ဆိုက်ကားသမား၊ ကားသမား စတဲ့ 💁‍♂️

"သမား" အားလုံးက အတွေ့အကြုံများပြီးအသက်ကြီးလာလေလေ ပိုပြီးတော်လာ၊ တတ်လာကြလေပဲမဟုတ်လား❓

အဲ့တာကြောင့် သမားဆို အိုမှ ဆိုတဲ့စကားပုံက တကယ်ပဲ ဆရာဝန်တစ်မျိုးတည်းကို ကိုယ်စားပြုတာရော ဟုတ်ပါ့မလားလို့တွေးမိတာပါ။

Googling လုပ်ကြည့်တော့လည်း ဇော်ဂျီဖောင့်နဲ့ရေးထားတဲ့ Blog တွေပဲများနေလို့ဖတ်မရပါဘူး။

ဒီစကားပုံနဲ့ပတ်သက်ပြီး

တကယ်ပဲ ဆရာဝန်သီးသန့်ကိုပဲရည်ညွှန်းခဲ့သလား❓
ကျွန်တော်တွေးမိသလို အခြား Professional "သမား" အားလုံးကိုများရည်ညွှန်းခဲ့သလား❓ဆိုတာ

တိတိကျကျ သိထားတာ‌မျိုးလေးရှိရင်လည်းသိချင်လို့ Cmt မှာပြောပြခဲ့ပါဦးဗျာ 🤗

#စကားပုံ




07/09/2023

ရေးလိုက်တဲ့ Content တိုင်း Creative ဖြစ်စေဖို့ ဒီနည်းလေးသုံးကြည့်ပါ 🤗






ရေးတဲ့အပုဒ်တိုင်း Creative ဖြစ်ဖို့‌ 💡ကျွန်တော်သုံးတဲ့နည်းလမ်းတစ်ခုကို မျှဝေထားတဲ့ Sharing Video လေးကို မနက်ဖြန် ည (၇) န...
06/09/2023

ရေးတဲ့အပုဒ်တိုင်း Creative ဖြစ်ဖို့‌ 💡

ကျွန်တော်သုံးတဲ့နည်းလမ်းတစ်ခုကို မျှဝေထားတဲ့ Sharing Video လေးကို မနက်ဖြန် ည (၇) နာရီမှာ တင်ထားပေးပါမယ် 💁‍♂️

Content တွေဖန်တီးနေတယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်ဖို့မမေ့ပါနဲ့ဗျာ 🙆‍♂️

Video လေးကနေ တစ်ခုခုအတွေးသစ်ရသွားမယ်လို့မျှော်လင့်ပါတယ် 🤗

YouTube မှာတော့ မနက်ဖြန်မနက် (၇) နာရီဆိုရင် ကြည့်လို့ရပါပြီခင်ဗျ။






တစ်ရက်ကို ၈ နာရီအိပ်အိပ်၊ ၁၀ နာရီအိပ်အိပ်၊ ၁၂ နာရီအိပ်အိပ် အိပ်ရေးမဝဘူး 💤ဘာလို့လဲ❓🧐အခြားသူတွေဆို မနက် ၅ နာရီထလည်း ခေါင်း...
25/08/2023

တစ်ရက်ကို ၈ နာရီအိပ်အိပ်၊ ၁၀ နာရီအိပ်အိပ်၊ ၁၂ နာရီအိပ်အိပ် အိပ်ရေးမဝဘူး 💤

ဘာလို့လဲ❓🧐

အခြားသူတွေဆို မနက် ၅ နာရီထလည်း ခေါင်းမမူးဘူး။ Ideas ကောင်းတွေထွက်ပြီး ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။

ကိုယ့်မှာကျတော့ မနက် (၉) နာရီမှထတာတောင် ခေါင်းမကြည်ဘူး။ အိပ်ချိန် ၈ နာရီ၊ ၉ နာရီလောက်ရတာတောင်အိပ်ရေးမဝသလိုပဲ 🥴

ဘာကွာနေတာလဲ❓

အိပ်ချိန်များရဲ့သားနဲ့ အိပ်ရေးမဝဖြစ်နေတဲ့အကြောင်းအရင်းတစ်ခုကတော့ Quality Sleep မဖြစ်လို့ပါ။

Sleep Quality အကြောင်းကို အကျယ်တဝင့်မရှင်းပြတော့ပါဘူး။ ဒါကကြားဖူးနေကျဖြစ်နေမှာမို့လို့ပါ

ဒီနေ့ပြောပြချင်တာကတော့ စာဖတ်သူတွေနဲ့နည်းနည်းစိမ်းတဲ့ Sleep Cycle အကြောင်းလေးပါ 💁‍♂️

Sleep Cycle ဆိုတာကို ကိုးတန်းလား၊ ဆယ်တန်းမှာလားမသိဘူး‌၊ ကျောင်းစာမှာသင်ပါတယ်။ English Textbook မှာဖတ်ဖူးကြမှာပါ။

NREM , REM ဘာညာ...

အခုပြောပြမှာကတော့ အဲ့တာကိုလက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းလေးပါ။

ကျွန်တော်တို့ Sleep Cycle ကို Hack ပြီး အိပ်ရေးဝအောင်အိပ်လို့ရပါတယ်။

Sleep Cycle မှာ Generally (၄) ဆင့်ရှိပါတယ်။

NREM သုံးဆင့်နဲ့ REM ပါ။

လိုရင်းကိုတန်းပြောရရင် အိပ်ချိန်များရဲ့သားနဲ့ ကျွန်တော်တို့အိပ်ရေးမဝတာက REM ထဲမှာနိုးလာလို့ပါ။

REM ဆိုတာ Deepest Stage of Sleep ပါ။ အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့အချိန်ကြီးမှာ Alarm ကြီးထမြည်တော့ တစ်နေကုန်ဘူပြီပေါ့ဗျာ 😑

Light Sleep ဖြစ်တဲ့အချိန်မှာနိုးလာရင် လူကကြည်လင်ပြီးလန်းဆန်းနေမှာပါ။

ဒါဆို REM မှာမနိုးအောင် ဘယ်လိုအိပ်ရမလဲ❓🤔

အချိန်ကိုတွက်ပြီး အိပ်လို့ရပါတယ်။

Sleep Cycle တစ်ခုလုံး NREM သုံးဆင့်နဲ့ REM အစအဆုံးရဲ့ကြာချိန်က မိနစ် ၉၀ ကနေ ၁၁၀ အတွင်းရှိပါတယ်။

အကြမ်းဖျင်းပြောရရင် Cycle တစ်ခုကို တစ်နာရီခွဲကြာပါတယ်။

REM မှာမနိုးချင်ရင် နောက်ဆုံး Sleep Cycle ကိုအပြီးထိအိပ်ပြီး နောက် Sleep Cycle တစ်ခုရဲ့အစမှာနိုးလာဖို့လိုအပ်တယ်လို့ မှတ်ထားလို့ရပါတယ်။

ပုံမှန်လူတစ်ယောက်က တစ်ညကို Sleep Cycle အနည်းဆုံး (၄) ခုကနေ (၆) ထိလိုအပ်ပါတယ်။

ဒီတော့အနည်းဆုံးအိပ်ရမဲ့အချိန်က စုစုပေါင်း (၆) နာရီပေါ့။

Cycle တစ်ခုကို မိနစ် (၉၀) လို့အတိအကျတွက်ထားလို့မရတာရယ်၊ အိပ်ယာထဲဝင်တာနဲ့တန်းပြီး Sleep Cycle စခိုင်းလို့မရတာရယ်ကြောင့် ကိုယ်ထရမဲ့အချိန်၊ Alarm ပေးမဲ့အချိန်ကနေ ၆ နာရီ ၁၅ မိနစ် (သို့) ၆ နာရီ ၃၀ မိနစ်လောက်မှာ စအိပ်ဖို့လိုပါမယ်။

ကိုယ်ကအအိပ်မက်လို့ Sleep Cycle (၅) ခုအိပ်မယ်ဆိုရင် ၇ နာရီ ၄၅ မိနစ် (သို့) ၈ နာရီလောက်အိပ်လိုက်ရင်အဆင်ပြေမယ်ထင်ပါတယ်။

အခုသိကြပြီလား❓တစ်ရက် လေးနာရီခွဲပဲအိပ်ပြီး ဘာလို့နေ့တိုင်းအလုပ်တွေလုပ်၊ Creative တွေအရမ်းဖြစ်နေကြတာလဲဆိုတာ 💁‍♂️ (ကျွန်တော်တော့မဟုတ်ပါဘူး၊ တချို့ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကိုပြောတာပါ။)

Sleep Cycle သုံးခုပဲအိပ်ပေမဲ့ REM မှာမနိုးတော့ အိပ်ရေးဝသလိုခံစားရလို့ပါ။

ကျွန်တော်တို့လည်း တစ်ခါတလေဖြစ်ဖူးပါတယ်။ ညဘက် အလုပ်တွေလုပ်၊ အိပ်တာနောက်ကျပြီး ၄၊ ၅ နာရီလောက်ပဲအိပ်လိုက်ရတဲ့နေ့တွေမှာ ထူးထူးခြားခြား ၈ နာရီ၊ ၉ နာရီအိပ်ပြီးထတာထက်ကို ပိုလန်းဆန်းနေတာမျိုး 😌

Content Writer တွေအိပ်ရေးဝဖို့ ဘယ်လိုအိပ်ရမလဲပြောပြလိုက်ပြီနော် 💁‍♂️

Sharing Video လေး Edit နေတုန်းမို့ ကြားထဲမှာ ဗဟုသုတလေးတစ်ခုဖြစ်အောင် ဒါလေး Share ပေးလိုက်တာပါခင်ဗျာ 🤗

သိပ်မကြာခင်ရက်ပိုင်းအတွင်း Video လေးတင်မှာမို့ စောင့်မျှော်ပေးကြပါဦးဗျာ 🙆‍♂️

(Note - Sleep Cycle ကိုတွက်ပြီးအိပ်သည့်တိုင် Sleep Quality ကအရေးကြီးတုန်းပါပဲခင်ဗျာ။ ပြီးတော့ Sleep Cycle နဲ့ပတ်သက်တဲ့ Facts တွေကအမှန်ဆိုပေမဲ့ အိပ်ချိန်တွက်ပြထားတာကတော့ ကျွန်တော့ဘာသာစဉ်းစားစမ်းသပ်ထားတာပါ။ တစ်ယောက်နဲ့တစ်ယောက်က Cycle Duration ချင်းမတူလို့ ကိုယ့်အတွက်ကိုယ်စမ်းသပ်ပြီး အသုံးချရမှာဖြစ်ပါတယ်။ ကျွန်တော်ရေးထားသလိုအိပ်တိုင်းလည်း အိပ်ရေးဝချင်မှဝမှာပါ။)

အဆုံးထိဖတ်ပေးလို့ ‌ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။



ဘာလို့ Creative ဖြစ်ဖို့လိုတာလဲ🤔ကျွန်တော်တို့မိဘတွေခေတ်က ပညာခေတ်ပါ။ ပညာတစ်ခုခုတတ်ထားရင် အေးအေးဆေးဆေးနေနိုင်ပါတယ် 🤗ကျွန်တ...
16/08/2023

ဘာလို့ Creative ဖြစ်ဖို့လိုတာလဲ🤔

ကျွန်တော်တို့မိဘတွေခေတ်က ပညာခေတ်ပါ။ ပညာတစ်ခုခုတတ်ထားရင် အေးအေးဆေးဆေးနေနိုင်ပါတယ် 🤗

ကျွန်တော်တို့ခေတ်က Creative ခေတ်ပါ 💡

Digital ခေတ်ရဲ့လူတိုင်းမှာ ကိုယ်ကျွမ်းကျင်တဲ့ ပညာတစ်ခုခုတော့ရှိနေကြပြီးသားပါ 💁‍♂️

ရှင်းရှင်းပြောရရင်တော့ လူတိုင်းမှာ Skill တစ်ခုခုရှိနေပြီးသားခေတ်ပေါ့ဗျာ။

ဒီတော့ ကျွန်တော်တို့ခေတ်မှာ ပညာတတ်ရုံနဲ့မရတော့ပါဘူး။ Creative ဖြစ်ဖို့၊ Innovative ဖြစ်ဖို့ပါလိုအပ်လာပါတယ် ✅

Digital ခေတ်ရဲ့ Career တွေဖြစ်တဲ့ Digital Marketer, Content Writer, Graphic Designer စတဲ့အလုပ်တွေကို လုပ်နိုင်တဲ့သူတွေ အများကြီးမှအများကြီးပါ။

အဲဒီအထဲကမှ Creative ဖြစ်တဲ့သူတွေကပဲ ပိုကောင်းတဲ့အခွင့်အလမ်းတွေရကြပါတယ် 🌟

လုပ်တတ်ပြီး အလုပ်မရတဲ့သူတွေ အများကြီးမှအများကြီးပါပဲ။

အဲ့ဒီလိုလူတွေအတွက် Creativity က အဖြေဖြစ်နေနိုင်ပါတယ် 💁‍♂️

Creative Content, Graphic တွေဖန်တီးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့သူတွေက Creative ဖြစ်ဖို့အတွက် ဘာတွေလုပ်ကြလဲဆိုတာလေးကို Cmt မှာမျှဝေပေးသွားကြပါဦးခင်ဗျာ 🤗





08/08/2023

စိတ်သွားတိုင်း ကိုယ်ပါပြီး Content ရေးချင်တဲ့အချိန်ရေးနိုင်ဖို့ဆို 💁‍♂️

Content Ideas တွေ အများကြီးရှိနေမှအဆင်ပြေမှာပါ။

ဒါကြောင့် Content Ideas တွေ ဘယ်ကရှာလို့ရနိုင်မလဲဆိုတာလေးကို ကျွန်တော်သိသလောက်လေး ပြောပြပေးထားပါတယ်ခင်ဗျာ 🤗

သူငယ်ချင်းတို့သုံးနေကျ Content Ideas ရှာနည်းလေးတွေရှိရင်လည်း Cmt မှာရေးသွားပေးပါဦး 💬

Sharing is caring 🙆‍♂️





Content တွေတစ်ခါတစ်ခါတင်ဖို့ ခေါင်းကိုက်လောက်အောင်စဉ်းစားနေရရင် Social Media Marketing လုပ်ဖို့အဆင်မပြေတော့ပါဘူး 🙅‍♂️ဒါက...
06/08/2023

Content တွေတစ်ခါတစ်ခါတင်ဖို့ ခေါင်းကိုက်လောက်အောင်စဉ်းစားနေရရင် Social Media Marketing လုပ်ဖို့အဆင်မပြေတော့ပါဘူး 🙅‍♂️

ဒါကြောင့် Content တွေဖန်တီးဖို့ Content Idea ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းလေးတချို့ကို ပြောပြပေးထားပါတယ် 💁‍♂️

အင်္ဂါနေ့ည (၈) နာရီမှာ Video လေးတင်မှာမို့ Content တွေဖန်တီးနေတဲ့သူဆိုရင် စောင့်ကြည့်ပေးကြပါဦးခင်ဗျာ 🤗





Content တွေဖန်တီးတဲ့အခါ Blackhole ထဲကမနှိုက်ပါနဲ့ 🕳️ဒီစကားလေးကို Filmmaking Workshop တစ်ခုကဆရာတစ်ယောက်ရဲ့အတန်းမှာ ကြားဖူ...
03/08/2023

Content တွေဖန်တီးတဲ့အခါ Blackhole ထဲကမနှိုက်ပါနဲ့ 🕳️

ဒီစကားလေးကို Filmmaking Workshop တစ်ခုကဆရာတစ်ယောက်ရဲ့အတန်းမှာ ကြားဖူးတာပါ။ ဆရာကတော့ ဇာတ်ညွှန်းနဲ့ပတ်သက်တဲ့ ဖန်တီးတည်ဆောက်ပုံတွေကိုရှင်းပြတာပါ။

ဒီအတိုင်းပဲ Content တွေဖန်တီးတဲ့အခါမှာ၊ Content Ideas တွေထုတ်တိုင်းမှာလည်း Blackhole ထဲကနှိုက်ထုတ်နေလို့မရပါဘူး 🙅‍♂️

ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်အောင် ဥပမာပြရရင် ကိုယ့် Page မှာ Content တွေတင်ဖို့ Ideas တွေစဉ်းစားတဲ့အခါ 🤔💡

ပင်လယ်ကမ်းစပ်ကိုသွားပြီး ရေထဲလက်နှိုက်၊ ပါလာတဲ့ Random ကျောက်ခဲတစ်လုံးကို ယူလိုက်တာမျိုးဖြစ်နေလို့မရပါဘူး။

အဲ့လို ရေးခါနီးမှ Random ကောက်စဉ်းစားပြီး ကောင်းနိုးရာရာရွေးရေးလိုက်တာကို Blackhole ထဲကနှိုက်တယ်လို့ တင်စားတာပါ 💁‍♂️

Content တွေကို လက်ရှိဘယ်လိုဖန်တီးဖြစ်နေလဲ❓
Blackhole ထဲက နှိုက်နေမိလား❓ဆိုတာ Cmt မှာ ဝင်ရေးသွားကြပါဦးခင်ဗျာ 🤗

လာမဲ့ Sunday ကျရင် Content နဲ့ပတ်သက်တဲ့ Sharing Video ‌လေးတစ်ခုတင်ဖို့ရှိလို့ စောင့်ကြည့်ပေးကြပါဦးဗျာ✌️





23/07/2023

Content Writer တစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာရမလဲ?

Content Writer Career ကိုစိတ်ဝင်စားတဲ့သူတွေအတွက် Learning Roadmap လေးပါ 🧭

ဘယ်ကစပြီး ဘာတွေကိုလေ့လာရမယ်ဆိုတာကို အတိုချုံ့ပြီး ပြောပြပေးထားတာပါ။

ပြည့်စုံတဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပေမဲ့ အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ် 🤗

ထပ်သိချင်တာတွေရှိရင် Cmt or Messenger မှာ မေးထားခဲ့လို့ရပါတယ်ခင်ဗျာ 💁‍♂️

ကျွန်တော်သိသလောက်ပြန်ပြောပြပေးပါမယ်။





ကျွန်တော့ Page ရဲ့ ပထမဆုံး Sharing Topic လေးပါ 💡Sharing Video တွေလုပ်မယ်ဆိုတော့ Content Idea တွေစစဉ်းစားပါတယ်။ Selection...
21/07/2023

ကျွန်တော့ Page ရဲ့ ပထမဆုံး Sharing Topic လေးပါ 💡

Sharing Video တွေလုပ်မယ်ဆိုတော့ Content Idea တွေစစဉ်းစားပါတယ်။ Selection (၈) ခုလောက်ရတဲ့အခါမှာ ဘယ် Topic ကိုအရင်တင်ရင်ကောင်းမလဲ ပြန်စဉ်းစားတော့ ဒီ Topic ကိုပဲပြေးမြင်ပါတယ် 🤔

Content Writer ဖြစ်လာဖို့ ဘယ်ကစလေ့လာပြီး ဘယ်လိုလုပ်ရမလဲဆိုတဲ့ မြန်မာ့နည်းမြန်မာ့ဟန် Article မျိုးကို ကျွန်တော်မမြင်မိသေးလို့ပါ။

ကျွန်တော် Content Writer တစ်ယောက်ဖြစ်ဖို့ စလေ့လာတုန်းကလည်း စမ်းတဝါးဝါးနဲ့လိုက်လေ့လာခဲ့ရတာဆိုတော့ နောက်လူတွေကို ပိုပြီးမြန်မြန်လေးလေ့လာနိုင်အောင် ကူညီပေးချင်ပါတယ်။

ဒါကြောင့် ဒီ Topic ကိုတော့ အရင်ဆုံးဖန်တီးသင့်တယ်လို့စဉ်းစားမိတာပါ 💁‍♂️

𝐒𝐮𝐧𝐝𝐚𝐲 ည (၈) နာရီမှာ Video လေးတင်ပါမယ်။

အခုကြည့်ချင်တာဆိုရင်တော့ 𝐘𝐨𝐮𝐓𝐮𝐛𝐞 မှာရနေပါပြီ ✅

Video နဲ့ပတ်သက်ပြီး ရိုးရိုးသားသားသိစေချင်တာတစ်ခုက Google ကနေ Translate ပြီး ပြောပြထားတာမဟုတ်လို့ ဒါကအမှန်တော့မဟုတ်ပါဘူး။

ကျွန်တော့အတွေ့အကြုံအရ လုပ်ပေးထားတဲ့ 𝐑𝐨𝐚𝐝𝐦𝐚𝐩 လေးဖြစ်လို့ လိုအပ်ချက်တွေရှိနိုင်ပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။





Hello everyone မင်္ဂလာပါခင်ဗျာ 🙏ကျွန်တော်ကောင်းထက်ကျော်ပါ။ Content တွေ ၄ နှစ်ဆက်တိုက်လောက်ရေးပြီးတဲ့နောက်မှာ ကျွန်တော့ရဲ...
13/07/2023

Hello everyone မင်္ဂလာပါခင်ဗျာ 🙏

ကျွန်တော်ကောင်းထက်ကျော်ပါ။ Content တွေ ၄ နှစ်ဆက်တိုက်လောက်ရေးပြီးတဲ့နောက်မှာ ကျွန်တော့ရဲ့ Professional Page လေးကို စလုပ်ဖြစ်ခဲ့ပါပြီ ✊

ကျွန်တော့ရဲ့အကျင့်အတိုင်း Sharing Content တွေအများကြီးတင်ပေးသွားမဲ့ Page လေးပါပဲ 💁‍♂️

ရည်ရွယ်ချက်ကတစ်ခုတည်းပါ။ Junior တွေ၊ Junior ဖြစ်လာမဲ့သူတွေအတွက် ဖယောင်းတိုင်တစ်ချောင်းဖြစ်ချင်တာပါ။ ဖြစ်ဖို့အရည်အချင်းရှိရဲ့လားဆိုတာကိုတော့ ကိုယ်တိုင်ကြိုးစားပြီး Sharing လုပ်ရင်းနဲ့ပဲ စမ်းသပ်သွားပါမယ် 🧐

Video Content တွေတော့ ပိုများပါလိမ့်မယ်။ ဒါပေမဲ့ Text Content တွေလည်းတင်ပေးသွားမှာပါ။ Data နဲ့သုံးပြီး လေ့လာနေကြတဲ့သူတွေအတွက်ဆို Video Content က အဆင်မပြေမှာစိုးလို့ပါ။

ပုံမှန်လေးလုပ်ဖြစ်အောင် တွန်းအားဝိုင်းပေးကြဖို့လည်းမျှော်လင့်ပါတယ်ခင်ဗျာ 🤜🤛

သိချင်တာလေးတွေရှိရင် Messenger မှာလည်း မေးထားလို့ရပါတယ်။

ပထမဆုံး Sharing Video လေးမှာပြန်တွေ့ကြရအောင် 🤗



Address

Yangon

Telephone

+959974689377

Website

Alerts

Be the first to know and let us send you an email when Kyaw Gyi UM-2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Gyi UM-2:

Videos

Share