BattlePants Streaming single player games cuz i stuck at competitive! Streams for fun....

Dec 12 က လုပ်သွားတဲ့ Game Awards 2024 Event မှာ trailer တွေ ပြသွားတဲ့ Game တစ်ချို့
15/12/2024

Dec 12 က လုပ်သွားတဲ့ Game Awards 2024 Event မှာ trailer တွေ ပြသွားတဲ့ Game တစ်ချို့

Witcher 4 - Trailer(The Game Awards Trailer)
13/12/2024

Witcher 4 - Trailer
(The Game Awards Trailer)

The Witcher series returns with a new protagonist. CD Projekt Red's new RPG saga replaces Geralt with Ciri as the playable character to lead us into a new fa...

Minimum တောင်  ကပ်သီးကပ်သပ်မှီ သွားလို့
06/12/2024

Minimum တောင် ကပ်သီးကပ်သပ်မှီ သွားလို့

What if… Silent Hill 2 မှာ မြူတွေမပါရင်...
11/10/2024

What if…
Silent Hill 2 မှာ မြူတွေမပါရင်...

04/10/2024

Announcing the Launch Trailer for SILENT HILL 2.Investigating a letter from his late wife, James returns to where they made so many memories - Silent Hill. W...

လှေကားမရှိတဲ့ အပေါက်ကတော့ ခုန်ဆင်းခုန်တက်ပဲ 🫠🫠🫠
03/10/2024

လှေကားမရှိတဲ့ အပေါက်ကတော့ ခုန်ဆင်းခုန်တက်ပဲ 🫠🫠🫠

Famitsu ရဲ့ Silent Hill 2 Remake Early Review===========================Japanese Video Game Magazine တစ်ခုဖြစ်တဲ့ Famits...
03/10/2024

Famitsu ရဲ့ Silent Hill 2 Remake Early Review
===========================
Japanese Video Game Magazine တစ်ခုဖြစ်တဲ့ Famitsu က Review 4 ခုကတော့ Silent Hill 2 Remake ကို အမှတ် 8/9/9/9 နဲ့ အတောင် ကောင်းတဲ့ ဂိမ်းတစ်ခုဆိုပြီးတော့ Review ပေးထားပါတယ်။
ခြောက်ခြားဖို့ ကောင်းတဲ့ Atmosphere နဲ့ World Design အပြင် ဆန်းသစ်ထားတဲ့ Graphics တော့ရော အသံသရုပ်ဆောင်ကိုပါ ချီးကျူးထားပါတယ်။ ပထမ Silent Hill 2 တုန်းက တော်တော်များများ သိပ်မကြိုက်ကြတဲ့ Combat Mechanics တွေကိုပါ ပြင်ဆင်ထားတာက ကောင်းတယ်ဆိုတဲ့အပြင် "Dodge" လုပ်လို့ရတဲ့အတွက်လဲ combat က ပို ကောင်းလာတယ်လို့လဲပြောထားပါတယ်။ ဂိမ်း Story ပြီးဖို့ကတော့ 16 - 18 နာရီ ဝန်းကျင်လောက် ကြာပြီး ကာရိုက်တာတွေရဲ့ နောက်ခံ ဇာတ်ကြောင်းတွေကို ထပ်တိုးထားတာရော၊ Puzzle တွေကို အသစ်ပြန် ဆန်းသစ်ထားတာတွေကြောင့် ပိုပြီး စီးမြောလို့ကောင်းတယ်လို့လဲ ဖော်ပြထားပါတယ်။
Silent Hill 2 Remake ကတော့ Oct 08 မှာ စ ဆော့နိုင်မှာဖြစ်ပြီး PC နဲ့ PS5 တွေမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Steam မှာတော့ Standard Edition ကို 69.99 USD / Deluxe Edition ကို တော့ 79.99 USD ဆိုပြီးဈေးသက်မှတ်ထားပါတယ်။

Sony ရဲ့ နောက်ဆုံးထွက် Limited Time Game (သို့) Concordဂိမ်းစ ရောင်းပြီး ၂ ပတ်အတွင်းမှာပဲ သူတို့ရဲ့  ၂၀၀ မီလီယံလောက် အကု...
04/09/2024

Sony ရဲ့ နောက်ဆုံးထွက် Limited Time Game (သို့) Concord
ဂိမ်းစ ရောင်းပြီး ၂ ပတ်အတွင်းမှာပဲ သူတို့ရဲ့ ၂၀၀ မီလီယံလောက် အကုန်ကျခံပြီး ၈ နှစ်လောက်အချိန်ယူပြီး ထုတ်ထားတဲ့ Live Service 5v5 First Person Hero Shooter Game ဖြစ်တဲ့ Concord ဂိမ်းကို ပိတ်သိမ်းပြီး ဝယ်ထားတဲ့သူတွေ အကုန်လုံးကိုလဲ ငွေပြန်အမ်းပေးမယ် ဆိုပြီး မနေ့ညက Sony က ကြေညာချက်ထုတ်လိုက်ပါတယ်။
Firework Studios က develop လုပ်ထားတဲ့ ဒီ Overwatch လိုမျိုး ခက်ဆင်ဆင် က PS5 နဲ့ PC မှာ August 23, 2024 မှာ စ ဖြန့်ချီခဲ့ပါတယ်။ စစ ထွက်ချင်းမှာပဲ ရောင်းအား အတော်ကို နည်းသလို၊ SteamDB က Charts တွေအရ All Time Peak အနေနဲ့ တစ်ချိန်ထဲ ဆော့တဲ့သူ 700 ခန့်သာရှိခဲ့ပါတယ်။ ‌တစ်ချို့ တွေက ဒီ $40 တန် ဂိမ်းကို PS5 နဲ့ PC ၂ ခုပေါင်းကိုမှ တကယ်ဝယ်တဲ့သူ အယောက် 25,000 ခန့် သာရှိမယ်လို့ခန့်မှန်းပေမဲ့လဲ တကယ်ရောင်းရတဲ့ အမောင့်က ဒီ့ထက်ကို အများကြီးနည်းနိုင်တယ်လို့တော့ မြင်မိတယ်။
ဒီလိုအရှုံးတွေ တွေ့နေရတဲ့ Sony ကတော့ Sept 6 ရက်နေ့မှာ Server တွေကို ပိတ်သွားပြီး ဂိမ်မာတွေ စီရောက်နိုင်မဲ့ အခြား နည်းလမ်းတွေ ရှာသွားဖို့ရှိတယ်လို့တော့ ကြေညာထားပေမဲ့လဲ ဒီလောက် အခြေအနေစိုးနေတော့ ဂိမ်းတစ်ခုလုံကို လက်ရာဖျောက်လိုက်မှာမျိုးလဲ ဖြစ်နိုင်ပါတယ်။
IGN က ဆော့ကောင်းတဲ့ ဂိမ်းတစ်ခုဆိုပေမဲ့ အခြား Free To Play ဂိမ်းတွေဖြစ်တြ့ Overwatch နဲ့ Valorant တို့နဲ့ ယှဥ်ရင် ထူးခြားတာမျိုးဘာမှမရှိတဲ့ $40 တန် ဂိမ်းတစ်ခုလို့တော့ မှတ်ချက်ချ ထားတာပါ။ Social Media တစ်ခွင်မှာတော့ ဂိမ်းထဲက ကာရိုက်တာတွေ ရှုပ်ဆိုးတာ၊ Pronoun/DEI ကိစ္စတွေ အပါအဝင် Concord ရဲ့ Lead Character Designer Jon Weisnewski ရဲ့ Woke ဖြစ်တာတွေကိုလဲ အပြင်းအထန် ကဲ့ရဲ့ နေကြပါတယ်။

Silent Hill 1 Remake က ဘယ်ရောက်သွားလဲ?===========================ငယ်ငယ်တုန်းက Resident Evil Games တွေနဲ့ အတူတူ ကြိုက်ခဲ့...
26/08/2024

Silent Hill 1 Remake က ဘယ်ရောက်သွားလဲ?
===========================
ငယ်ငယ်တုန်းက Resident Evil Games တွေနဲ့ အတူတူ ကြိုက်ခဲ့ရတဲ့ Silent Hill Series မှာ နောက်ထပ် Games, ရုပ်ရှင် နဲ့ Remake တွေ လာဖို့ရှိတာတွေ တွေ့ရတော့ ကျွန်တော် အရမ်း ကြိုက်ခဲ့တဲ့ Horror Series လေးတစ်ခုဖြစ်တဲ့ Silent Hill Series အခု ပြန်အခြေအနေ ကောင်းလားမလားဆိုပြီး ဝမ်းသာမိတာတော့ အမှန်ပါ။
Silent Hill Series တစ်ခုလုံးကို Remake လုပ်မယ်ဆိုပြီးတော့ 2022 တုန်းက ကြေညာခဲ့တယ်။ Silent Hill 2 Remake ကို Layers of Fear, Observer နဲ့ Blair Witch စတဲ့ နာမည်ကြီး Horror Games တွေရေးခဲ့တဲ့ Bloober Studio က တာဝန်ယူ လုပ်မယ်ပေါ့...
Silent Hill 2 ကို Remake လုပ်တော့ Silent Hill 1 က ဘယ်ရောက်သွားလဲ?
Aug 19, 2024 မှာ Rock Paper Shotgun နဲ့ Bloober Studio က ဒါရိုက်တာ
Mateusz Lenart နဲ့ အင်တာဗျူးမှာတော့ - Silent Hill 2 ကတော့ ပိုပြီး Emotional ဖြစ်တာတစ်ကြောင်း၊ Silent Hill 1 နဲ့ 3 ထက်စာရင် 2 က အရင် Project ပုံစံ တွေနဲ့ ပိုတူတဲ့ Personal Story ဖြစ်တဲ့အတွက် Silent Hill 2 ကနေ စပြီး လုပ်ဖြစ်တာလို့တော့ ဖြေကြားထားပါတယ်။
Silent Hill 2 က 1 ထက်ကို ပိုပြီး လူကြိုက်များခဲ့တာဆိုတော့ အခုလို့ 1 ကိုကျော်ပြီး 2 ကို အရင်စခဲ့တာက လဲ မှားနေတာလို့လဲ ပြောလို့လဲ မရပါဘူး။ အခု Remake ရဲ့ အခြေအနေပေါ်မူတည်ပြီး အခြား Silent Hill Games တွေကို Remake လုပ်မလား ပြန်ဆုံးဖြတ်မှာလို့တော့ ယူဆရပါတယ်။
Silent Hill 2 Remake (2024) ကိုတော့ Oct 08, 2024 မှာ Steam နဲ့ PS5 မှာ စတင် ဆော့နိုင်မှာဖြစ်ပါတယ်။

Steam Gamer တွေအတွက် ဈေးချထားတဲ့ Game 5 ခု===============================Steam က Game ေတွဝယ်ပြီးဆော့ဖြစ်တဲ့သူတွေဆိုရင် D...
18/06/2024

Steam Gamer တွေအတွက် ဈေးချထားတဲ့ Game 5 ခု
===============================
Steam က Game ေတွဝယ်ပြီးဆော့ဖြစ်တဲ့သူတွေဆိုရင် Discount ေလးတွေ အမြဲမျှော်နေကျမှာပဲ...
အခုလောလောဆယ် Discount ချထားပြီး တန်တယ်၊ ဆော့လို့လဲကောင်းတဲ့ Game 5 ခုကို အောက်မှာ ရွေးထားပေးတယ်နော်..
1. Mad Max
--------------
Normal Price: 19.99 USD
Discount Price: 2.99 USD
Batman Arkham City/Knight လိုမျိုး Game ကြိုက်တယ်ဆိုရင် Mad Max ကိုလဲ ဆော့ကြည့်သင့်တယ်။ Batman Game တွေထဲကလို Combat System နဲ့ ကားမောင်းရင် ချ၊ လူနဲ့လဲ ချ၊ ရှယ်ချရမဲ့ Game လေးပါ။
2. Sniper Elite 5
---------------
Normal Price: 49.99 USD
Discount Price: 9.24 USD
WW2 Sniper တစ်ယောက်အနေနဲ့ ဆော့ရမဲ့ Stealth Game လေးပါ။ Gameplay အနေနဲ့ အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေးကြီးမဟုတ်ပေမဲ့ အေးဆေး Chill လုပ်ရင်း ရန်သူတွေ ခြေမှုန်းရမဲ့ Game လေးပါ။
3. Civilization 6
--------------
Normal Price: 59.99 USD | 167.91 USD
Discount Price: 2.99 USD | 14.76 USD
Strategy Game ကြိုက်သူတွေအတွက်ကတော့ Civ 6 ကတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ ဟိုး ကျောက်ခေတ်ကစပြီး Civilization တစ်ခုတည်ထောင်ပြီး တိုက်ရတဲ့ Game လေးပါ။ Mechanics တွေက Grand Strategy Game တွေလောက်မရှုပ်ပဲ အရမ်းကြီးလဲ ရိုးရှင်းတာမျိုးမဟုတ်ပဲ အနေတော်လေး ဆိုတော့ ဆော့ရတာလေး တစ်မျိုးကောင်းပါတယ်။
4. No Man's Sky
--------------
Normal Price: 59.99 USD
Discount Price: 22.99 USD
အာကာသထဲသွား၊ ဂြိုလ်တွေ တစ်ခုပြီးတစ်ခု သွားရင်း ဆော့ရတဲ့ Space Survival Game လေးပါ။ Gameplay လေးတွေ နည်းနည်းလေးတော့ ရှုပ်သလိုလိုရှိပေမဲ့ နားလည် အသားကျသွားရင် ဆော့လို့ တော်တော်ကောင်းပါတယ်။ Minecraft တို့လိုမျိုး Replay-ability ေကာင်းတဲ့ Game တစ်ခုပါ။
5. Kingdom Come: Deliverance
--------------
Normal Price: 29.99 USD | 39.99 USD
Discount Price: 5.99 USD | 7.99 USD
Story ရော Mechanics ရော ဆော့လို့ကောင်း Medieval Game လေးပါ။ Survival Simulation လေးလဲ အနည်းငယ်ရောထားပြီး Mechanics တွေကလဲ Realistic ဖြစ်တော့ ဆော့ရတာ တစ်ချို့ဟာလေးတွေ နည်းနည်းခက်ပေမဲ့ Challenge ကြိုက်တဲ့ Gamer တွေကို ဆွဲထားနိုင်မဲ့ Game လေးပါ။

CS2 is finally out!!!!
28/09/2023

CS2 is finally out!!!!

27/11/2022

More wiffs incoming....

RDR II ကို < 5 USD နဲ့ ရမှာတော့ တော်တော် တန်တာနော်...
26/11/2022

RDR II ကို < 5 USD နဲ့ ရမှာတော့ တော်တော် တန်တာနော်...

"iT iS wHaT iT Is"
19/11/2022

"iT iS wHaT iT Is"

ที่อยู่

Bangkok
110160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BattlePantsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง BattlePants:

วิดีโอทั้งหมด

แชร์